Pages

Pages - Menu

Monday, September 9, 2013

တရားမဝင် လမ်းကြောင်းဖြင့် ထိုင်းနိုင်ငံနယ်စပ်ကို ထွက်ပြေးသည့် မြန်မာ ၆၅ ဦး မလေးရှားရဲ ဖမ်း

RangonNewsDaily:: September 9, 2013

တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနေသည့် အော်ပရာစီ စစ်ဆင်ရေးကြောင့် တရားမဝင် လမ်းကြောင်းဖြင့် ထိုင်းနိုင်ငံနယ်စပ်ကို ထွက်ပြေးသည့် မြန်မာ ၆၅ ဦးကို မလေးရှားရဲတပ်ဖွဲ့က စက်တင်ဘာလ ၈ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း မလေးရှားနိုင်ငံပိုင် သတင်းဌာနဖြစ်သည့် Bernama သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အမေရိကန်အမျိုးသမီးတစ်ဦး ၂၄နာ၇ီအတွင်း အမျိုးသား ၉၁၉ ယောက်နဲ့ အိပ်ပြီး စံချိန်သစ်တင်

Photo: Monday, September 9, 2013

အမေရိကန်အမျိုးသမီး Lisa Sparks ဟာ အမျိုးသား ၉၁၉ ယောက်နဲ့ တရက်အတွင်းမှာအိပ်ပြီး စံချိန်သစ်တင်လိုက်ပါတယ်။
(နာမည်က မြန်မာစကားလုံးနဲ့ဆိုရင်တော့ နာမည်နဲ့လူနဲ့လိုက်ပါတယ်နော်။ လီဆာစပတ်ခ်) ဒီပြိုင်ပွဲမှာ သူနဲ့တခြားအမျိုးသမီးနှစ်ဦး ယှဉ်ပြိုင်ကြတာပါ။ အဲဒီနှစ်ယောက်ထဲက တယောက်က ယခင်က အမျိုးသား ၇၅၉ ယောက်နဲ့ အိပ်ပြီး စံချိန်တင်ထားသူ အမျိုးသမီးပါ။

ဒိုင်လူကြီးတွေအပြင် ကင်မရာမန်းခြောက်ယောက်ကလည်း ဒီပြိုင်ပွဲကိုသေသေချာချာ မှတ်တမ်းတင်ခဲ့ကြပါတယ်။

အောက်က ဒီအံ့သြအမျိုးသမီးရဲ့ ဓာတ်ပုံကို ကြည့်ရင်း သြဘာပေးလိုက်ကြပါဦး။

Lisa Sparks is a stage name of an American pornographic film actress. Sparks is a world record holder for having had sex with the most partners in one day.

Born: October 6, 1977 (age 35), Bowling Green, Kentucky, United States
Nationality: American
Height: 5' 8" (1.73 m)
Spouse: Jeff Sparxxx (m. 1995)
Education: University of Kentucky

မြဝတီ

RangonNewsDaily:: September 9, 2013

အမေရိကန်အမျိုးသမီး Lisa Sparks ဟာ အမျိုးသား ၉၁၉ ယောက်နဲ့ တရက်အတွင်းမှာအိပ်ပြီး စံချိန်သစ်တင်လိုက်ပါတယ်။

ဒါရိုက်တာလူမင်းဖန်တီးရိုက်ကူးမည့် Anubis ရုပ်ရှင်ကန်တော့ပွဲပေး

Photo

RangonNewsDaily:: September 9, 2013
ယနေ့ စက်တင်ဘာ၉ရက်နေ့ မှာ ရွှေတိဂုံစေတီတော်၌ ဇာတ်လမ်းနှင့်ဒါရိုက်တာလူမင်း ဖန်တီးရိုက်ကူးမည့်
Anubis အနုးဘစ် ရုပ်ရှင်ဇာတ်ကားအတွက်ဒါရိုက်တာ လူမင်းနဲ့ အဖွဲ့ ကကန်တော့ပွဲပေးခဲ့ကြကြောင်းသိရ
သည်။

နိုင်ငံတော်သမ္မတရုံးမှ ကြေညာချက်များထုတ်ပြန်

RangonNewsDaily:: September 9, 2013

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးမှယနေ့စက်တင်ဘာလ၉ ရက် နေ့စွဲဖြင့်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၄၊ပုဒ်မခွဲ(က) နှင့် ပုဒ်မ
ခွဲ(ဃ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ပုဒ်မခွဲငယ်(၉) တို့ပါ ပြဌာန်းချက်များ
အရ***

ကုန်တင်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက် တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာပြင်းထန်

Photo: ကုန်တင်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက် တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာပြင်းထန်
Monday, September 9, 2013

ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) တောင်ငူခရိုင် တောင်ငူမြို့နယ် ကံရိုးကျေးရွာအုပ်စု၊ ကြံတောကျေးရွာအနီး ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်ခန့်က ကုန်တင်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိရာ လူတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက The Voice သို့ ပြောကြားသည်။

အသက် ၂၁ နှစ်ရှိ ယာဉ်မောင်း ကိုဝဏ္ဏထွန်းနှင့် အသက် ၁၇ နှစ်အရွယ် ယာဉ်နောက်လိုက် မောင်နေလင်းဦးတို့ လိုက်ပါလာသော ကြက်သွန်တင် ဆယ်ဘီး ကုန်တင်ယာဉ်နှင့် အသက် ၄၁ နှစ်ရှိ ယာဉ်မောင်း ဦးမင်းဇော်ဦး မောင်းနှင်ကာ ကိုအေးမင်းစိုး လိုက်ပါလာသော ဆန်တင် ကန်တာ ခြောက်ဘီးယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း တောင်ငူမြို့ မြို့မရဲစခန်း၏ ကနဦး စစ်ဆေးချက်များအရ စုံစမ်းသိရှိရသည်။

“တောင်ဘက်ကလာတဲ့ ကန်တာယာဉ်က မြောက်ဘက်ကလာတဲ့ ဆယ်ဘီးယာဉ်ကို ဝင်တိုက်တာ။ ကန်တာပေါ်က လူတစ်ယောက်သေတယ်။ ဒဏ်ရာရတဲ့ ဒရိုင်ဘာနှစ်ယောက်နဲ့ ယာဉ်အကူ တစ်ယောက်ကို ဆေးရုံကို ပို့ထားပြီးပါပြီ” ဟု အဆိုပါ ယာဉ်တိုက်မှုကို စစ်ဆေးသည့် မြို့နယ် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် မျိုးထွေးက ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ကန်တာယာဉ်ပေါ် လိုက်ပါလာသူ အေးမင်းစိုး (စိစစ်ဆဲ) သည် ပေါက်ပြဲဒဏ်ရာ၊ ခြေထောက်ကျိုး၊ နှာခေါင်းနှင့် ပါးစပ်သွေးထွက်ကာ နေရာတွင် သေဆုံးခဲ့ပြီး ဆယ်ဘီးကုန်တင်ယာဉ်မောင်း ဝဏ္ဏထွန်း၊ အဆိုပါ ယာဉ်မှယာဉ်နောက်လိုက် နေလင်းဦးနှင့် ခြောက်ဘီးယာဉ် ယာဉ်မောင်း မင်းဇော်ဦးတို့ကို တောင်ငူပြည်သူ့ဆေးရုံ တွင် အတွင်းလူနာအဖြစ် ကုသလျက်ရှိပြီး ဦးဝဏ္ဏထွန်းမှအပ ကျန်လူနာနှစ်ဦးမှာ စိုးရိမ်ရကြောင်း မြို့နယ် မြို့မရဲစခန်းထံမှ သိရှိရသည်။ 

“ကန်တာကားပေါ်က ကောင်လေးက ကားခေါင်းနဲ့ ကူရှင်ခုံကြားမှာညပ်ပြီး သေနေပြီ။ ကရိန်းကားတွေလာမှ ဒဏ်ရာရတဲ့ လူသုံးယောက်ကို မနည်းဆွဲထုတ်ရတယ်။ သွေးတွေက မြင်လို့မကောင်းဘူး” ဟု ဒဏ်ရာရရှိသူများကို ကူညီပေးခဲ့သူ ဦးသက်ဇော်နိုင်က The Voice သို့ ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆန်အိတ်တင်လာသည့် ကုန်တင်ယာဉ်မောင်း ဦးမင်းဇော်ဦးနှင့် ဆယ်ဘီးကုန်တင် ယာဉ်မောင်း ဦးဝဏ္ဏထွန်းတို့ကို ယာဉ် (ပ) ၃၉/၂၀၁၃၊ ပြစ်မူဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈/၃၀၄ (က) အရ အမှုဖွင့်ထားကြောင်း တောင်ငူမြို့ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

The Voice Weekly
ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသူတစ်ဦးကိုတွေ့ရစဉ်
RangonNewsDaily:: September 9, 2013

ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) တောင်ငူခရိုင် တောင်ငူမြို့နယ် ကံရိုးကျေးရွာအုပ်စု၊ ကြံတောကျေးရွာအနီး ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်ခန့်က ကုန်တင်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိရာ လူတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက The Voice သို့ ပြောကြားသည်။

မန္တလေးမြို့ယာဉ်ကြောရှုပ်ထွေးသည့် အဓိကနေရာများတွင် အဆင့်မြင့်ဒီဂျစ်တယ်မီးပွိုင့်များ ထပ်မံတပ်ဆင်မည်

Photo: မန္တလေးမြို့ယာဉ်ကြောရှုပ်ထွေးသည့် အဓိကနေရာများတွင်
အဆင့်မြင့်ဒီဂျစ်တယ်မီးပွိုင့်များ ထပ်မံတပ်ဆင်မည် 
Monday, September 9, 2013

မန္တလေးမြို့ရှိ ယာဉ်ကျောရှုပ်ထွေးသော အဓိကနေရာများအား လမ်းကြောသုံးခုရှင်း(3Phase System) 
အဆင့်မြင့်ဒီဂျစ်တယ်မီးပွိုင့်များထပ်မံတပ်ဆင်သွားမည်ဖြစ်ကြောင်း မန်းစည်ပင်မှ သတင်းရရှိသည်။ 
၂၀၁၂ခုနှစ် နိုဝင်ဘာလအတွင်းတွင် ရန်ကုန်-မန္တလေးလမ်းနှင်၊ စစ်ကိုင်း-မန္တလေးလမ်းဆုံရာနေရာနှင့် ၆၆လမ်း-၂၆လမ်းဆုံရာနှစ်နေရာတွင် ကျပ်သိန်း ၆၃၀ကျော်အကုန်ကျခံကာတပ်ဆင်ခဲ့ပြီး ယခုအခါ ထပ်မံတပ် ဆင်ခြင်းဖြစ်သည်။ 

ဖိုးလပြည့်
Popular Myanmar News Journal

RangonNewsDaily:: September 9, 2013

မန္တလေးမြို့ရှိ ယာဉ်ကျောရှုပ်ထွေးသော အဓိကနေရာများအား လမ်းကြောသုံးခုရှင်း(3Phase System)
အဆင့်မြင့်ဒီဂျစ်တယ်မီးပွိုင့်များထပ်မံတပ်ဆင်သွားမည်ဖြစ်ကြောင်း မန်းစည်ပင်မှ သတင်းရရှိသည်။

ပုသိမ်ဓာတ်မြေသြဇာစက်ရုံ သဘာဝဓာတ်ငွေ့ မလုံလောက်၍ နှစ်လ ပိတ်မည်

Photo: ပုသိမ်ဓာတ်မြေသြဇာစက်ရုံ သဘာဝဓာတ်ငွေ့ မလုံလောက်၍ နှစ်လ ပိတ်မည်
Monday, September 9, 2013

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ရွှေမြင်တင်ကျေးရွာတွင် တည်ဆောက်ထားသည့် အမှတ် (၅) ဓာတ်မြေသြဇာစက်ရုံ (ကန်ကြီးထောင့်) လည်ပတ်ရန် သဘာဝဓာတ်ငွေ့ မလုံလောက်မှုကြောင့် ယခုလမှ စတင်ကာ နှစ်လကြာပိတ်ထားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစောမြသိန်းက ပြောကြားသည်။

သာပေါင်းမြို့ရှိ ပျော့ဖတ်စက်ရုံ ရပ်နားထားရာမှ ယခုအခါ ဝါးကုန်ကြမ်း များပြားနေခြင်းကြောင့် စက်ရုံပြန်လည်ပတ်ရန် သဘာဝဓာတ်ငွေ့ ပေးပို့ ရမည် ဖြစ်ခြင်းကြောင့် ဓာတ်မြေသြဇာစက်ရုံကို စက်တင်ဘာလမှ အောက် တိုဘာလအထိ နှစ်လကြာ ခေတ္တပိတ်ထားမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

အဆိုပါ ဓာတ်မြေသြဇာစက်ရုံကို ၂၀၁၀ ပြည့်နှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် လုပ်ငန်းစတင် လည်ပတ်ခဲ့ကြောင်း၊ တစ်နေ့လျှင် ဓာတ်မြေသြဇာ တန်ချိန် ၅၀၀ ခန့် ထုတ်လုပ် ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း စက်ရုံအချက်အလက်များအရ သိရသည်။

မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်းတွင် ယူရီးယား ဓာတ်မြေသြဇာစက်ရုံ ငါးရုံရှိရာ သဘာဝဓာတ်ငွေ့ ရရှိမှုအရ စလေ၊ မြောင်းတကာနှင့် ကန်ကြီးထောင့်စက်ရုံ စုစုပေါင်းသုံးရုံ လည်ပတ် ထုတ်လုပ်လျက်ရှိပြီး စုစုပေါင်း တစ်ရက်လျှင် ယူရီးယား ၉၀၀ တန်ခန့် ထုတ်လုပ်လျက် ရှိကြောင်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ယူရီးယား ဓာတ်မြေသြဇာ ၁၆၅၈၀၉ ဒသမ ၁၀ မက်ထရစ်တန် ထုတ်လုပ်ပေးနိုင်ခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly

RangonNewsDaily:: September 9, 2013

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ရွှေမြင်တင်ကျေးရွာတွင် တည်ဆောက်ထားသည့် အမှတ် (၅) ဓာတ်မြေသြဇာစက်ရုံ (ကန်ကြီးထောင့်) လည်ပတ်ရန် သဘာဝဓာတ်ငွေ့ မလုံလောက်မှုကြောင့် ယခုလမှ စတင်ကာ နှစ်လကြာပိတ်ထားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစောမြသိန်းက ပြောကြားသည်။

နိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေး

RangonNewsDaily:: September 9, 2013

ပြည်ထောင်စုအစိုးရအဖွဲ့၏ ၁၉-၄-၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၁) နှင့် ၇-၈-၂၀၁၃ ရက်စွဲပါ
အမိန့်ကြော်ငြာစာအမှတ် (၅၃/၂၀၁၃) တို့ဖြင့် ဖွဲ့စည်းခန့်အပ် တာဝန်ပေးထားသော နိုင်ငံတော်သမ္မတ၏
အကြံပေး အဖွဲ့များတွင်

ဆီးရီးယားကို အမေရိကန် တိုက်ခိုက်မှု ၃ ရက်ဖြင့် အပြီးသတ်ဖွယ်ရှိ

Photo: ဆီးရီးယားကို အမေရိကန် တိုက်ခိုက်မှု ၃ ရက်ဖြင့် အပြီးသတ်ဖွယ်ရှိ 
Monday, September 9, 2013

ရုရှားနှင့် တရုတ်တို့၏ ဆန့်ကျင်မှုကြောင့် ဆီးရီးယား အရေးကို ကုလသမဂ္ဂက ဝင်ရောက် စွက်ဖက်ရန် ခက်ခဲနေသလို အမေရိကန် ပြည်သူ အချို့ကလည်း စစ်ပွဲအတွက် လိုလားမှု မရှိကြောင်း ဆန့်ကျင်နေသည့်တိုင် သမ္မတ ဘာရတ် အိုဘားမား၏ အစိုးရသည် နာမည်ဆိုးဖြင့် ကျော်ကြားသော သမ္မတ ဘာရှာအာဆက်ဒ်ကို အရေးယူရန် စိုင်းပြင်းလျှက် ရှိသည်။ 

အမေရိကန် ပြည်ထောင်စု အနေဖြင့် ဆီးရီးယားကို စစ်ရေးအရ အရေးယူမှုကို ရက်တိုတိုဖြင့် ပြီးပြတ်အောင် လုပ်ဆောင်ဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ရုရှားနှင့် တရုတ်တို့၏ ဆန့်ကျင်မှုကြောင့် ဆီးရီးယား အရေးကို ကုလသမဂ္ဂက ဝင်ရောက် စွက်ဖက်ရန် ခက်ခဲနေသလို အမေရိကန် ပြည်သူ အချို့ကလည်း စစ်ပွဲအတွက် လိုလားမှု မရှိကြောင်း ဆန့်ကျင်နေသည့်တိုင် သမ္မတ ဘာရတ် အိုဘားမား၏ အစိုးရသည် နာမည်ဆိုးဖြင့် ကျော်ကြားသော သမ္မတ ဘာရှာအာဆက်ဒ်ကို အရေးယူရန် စိုင်းပြင်းလျှက် ရှိသည်။ အမေရိကန် မီဒီယာများက ဆီးရီးယား တွင် ပြည်သူများကို ဓာတုလက်နက် အသုံးပြု တိုက်ခိုက်ခဲ့သည့် အာဆက်ဒ် အစိုးရကို အမေရိကန်က (၃)ရက်သာကြာမည့် စစ်ဆင်ရေး တစ်ရပ်ဖြင့် ဒဏ်ခတ်လာဖွယ် ရှိနေကြောင်း သုံးသပ် ရေးသားခဲ့ကြသည်။

အာဆက်ဒ် ကိုယ်တိုင်ကမူ မိမိ၏ စစ်တပ်သည် ဓာတုလက်နက်များ အသုံးပြုခဲ့ခြင်း မရှိဟု တွင်တွင် ငြင်းဆန်နေသလို အမေရိကန် အနေဖြင့် ဓာတုလက်နက် တိုက်ခိုက်မှု အမှန်တကယ် ဖြစ်ပေါ်ခဲ့ကြောင်း ခိုင်မာသည့် အထောက်အထား မပြသနိုင်ဟု တုံ့ပြန် စွပ်စွဲခဲ့သည်။ "ကျွန်တော့် ပြည်သူတွေကို ကျွန်တော်က ဓာတုလက်နက် အသုံးပြုပြီး တိုက်ခိုက်ခဲ့ပါတယ်ဆိုတဲ့ ခိုင်ခိုင်မာမာ ဘာသက်သေခံမှ မရှိပါဘူး"ဟု ၎င်းက PBS Networkနှင့် အင်တာဗျူးတွင် ပြောကြားသွားသည်။ အာဆက်ဒ်က ၎င်းတို့ အစိုးရ အနေဖြင့် ဓာတုလက်နက်များ ပိုင်ဆိုင်ခြင်း ရှိမရှိ မေးခွန်းကိုမူ အတည်ပြု မဖြေဆိုခဲ့ဘဲ အကယ်၍ ရှိနေခဲ့သည် ဆိုပါကလည်း ဗဟိုက ထိန်းချုပ် ကိုင်တွယ်ထားလိမ့်မည်ဟုသာ မှတ်ချက်ပြုသွားသည်။

ထိုအချိန်တွင် အမေရိကန် အစိုးရ ထိပ်တန်းအရာရှိ နှစ်ဦးက ဆီးရီးယားကို တိုက်ခိုက်မည် ဆိုပါက အမေရိကန် အနေဖြင့် မူလရည်ရွယ်ထားသည်ထက် ပိုမိုပြင်းထန်ပြီး အချိန်တိုတောင်းသော အစီအစဉ်မျိုးကို ရွေးချယ်ဖြစ် လိမ့်မည်ဟု New York Timesသို့ ပြောကြားခဲ့သည်။ အိမ်ဖြူတော်သည် မူလက ဆီးရီးယားကို တိုက်ခိုက်ပါက စစ်ရေးပစ်မှတ်နေရာ (၅၀)ကို ရွေး ချယ်ထားသော်လည်း ယခုအခါ စစ်ဆင်ရေး ကာလကို လျှော့ချပြီး ပစ်မှတ် အရေအတွက်ကို တိုးမြှင့်ရန် ကြံစည်နေကြောင်းလည်း ၎င်းတို့က ပြော ဆိုခဲ့သည်။ အမေရိကန် လွှတ်တော် အမတ်များသည် စစ်ပွဲတွင် မြေပြင်ထိုး စစ် တပ်ဖွဲ့များ အသုံးမပြုဘဲ ရက်ပေါင်း(၉၀)ထက် မကြာမြင့်သည့် သတ်မှတ်ချက်ဖြင့် အိုဘားမားကို ထောက်ခံရန် သဘောတူညီထားသည်။

ပင်တဂွန် စစ်ဌာနချုပ်သည် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ကြီးများ ကို ဖြန့်ကျက် အသုံးပြုရန် စဉ်းစားနေသလို လက်ရှိ မြေထဲပင်လယ်ထဲတွင် အသင့်အနေအထား စစ်ပြင်ထားသော တိုက်သင်္ဘော (၅)စင်း၏ အခန်းကဏ္ဍကိုပါ ထည့်သွင်း တွက်ချက်နေကြောင်း New York Timesက ဖော်ပြခဲ့သည်။ ထိုတိုက်သင်္ဘောများသည် ဆီးရီးယားသို့ ခရုစ်ဒုံးကျည်များ ပစ်ခတ်နိုင်သလို ရေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များဖြင့် လေတပ်လွှမ်းမိုးမှုကို အသာစီး ရယူနိုင်စွမ်း ရှိနေသည်။ USS Nimitz လေယာဉ်တင် သင်္ဘောသည်လည်း ခရုစ်သင်္ဘော(၁)စင်း၊ ဖျက်သင်္ဘော(၃)စင်း ခြံရံလျှက် ပင်လယ်နီတွင် ရှိနေရာ အချိန်မရွေး ဆီးရီးယားကို တိုက်ခိုက်နိုင်စွမ်း ရှိနေသည်။

"တိုက်ခိုက်မှုအတွက် ရွေးချယ်စရာတွေ တော်တော်များများ ရှိပါတယ်။ ဖြစ်နိုင်တာက တိုက်ခိုက်မှု တစ်ကြိမ်ပြီးတာနဲ့ နောက်ထပ် တိုက်ခိုက်မှုတစ်ခု တရစပ် ရှိနေမယ့် စစ်ဆင်ရေးမျိုးပါ"ဟု ပင်တဂွန်၏ လက်ရှိ ဆီးရီးယား စစ်ဆင်ရေး သုံးသပ်မှုနှင့် နီးစပ်သော အရာရှိ တစ်ဦးက New York Timesသို့ ပြောကြားခဲ့သည်။ အိုဘားမားသည် တနင်္လာနေ့တွင် အထင်ကရ အသံလွှင့် ဌာနကြီး (၃)ခုဖြစ်သည့် PBS၊ CNN၊ Fox Newsတို့နှင့် အင်တာဗျူး အစီအစဉ်အတွက် လက်ခံထားပြီး ယင်းသည် ဆီးရီးယား အရေးအပေါ် ၎င်း၏ အတွေးအမြင်အား အမေရိကန် ပြည်သူများထံ ဦးတည် အသိပေးမှုလည်း ဖြစ်လာနိုင်ကြောင်း သိရှိရသည်။

Planet Myanmar Network

RangonNewsDaily:: September 9, 2013

ရုရှားနှင့် တရုတ်တို့၏ ဆန့်ကျင်မှုကြောင့် ဆီးရီးယား အရေးကို ကုလသမဂ္ဂက ဝင်ရောက် စွက်ဖက်ရန် ခက်ခဲနေသလို အမေရိကန် ပြည်သူ အချို့ကလည်း စစ်ပွဲအတွက် လိုလားမှု မရှိကြောင်း ဆန့်ကျင်နေသည့်တိုင် သမ္မတ ဘာရတ် အိုဘားမား၏ အစိုးရသည် နာမည်ဆိုးဖြင့် ကျော်ကြားသော သမ္မတ ဘာရှာအာဆက်ဒ်ကို အရေးယူရန် စိုင်းပြင်းလျှက် ရှိသည်။

ဩစတြေးလျတွင် ကလေးတစ်သိုက်နှင့် အလုပ်ရှုပ်နေသည့် ဂျိုလီ

Photo: ဩစတြေးလျတွင် ကလေးတစ်သိုက်နှင့် အလုပ်ရှုပ်နေသည့် ဂျိုလီ 
Monday, September 9, 2013

Saltစတား မင်းသမီးသည် ဩစတြေးလျတွင် ရှိနေပြီး တနင်္ဂနွေနေ့က ကလေးများကို ဆစ်ဒနီ ငါးပြတိုက်သို့ လိုက်ပါပို့ဆောင်ခဲ့သည်။ 
ဘရတ်ပစ်တ်တစ်ယောက် ရုပ်ရှင်ကိစ္စများအတွက် အလုပ်များနေချိန်တွင် အန်ဂျလီနာ ဂျိုလီသည်လည်း သားသမီးများကို ထိန်းကျောင်းရင်း လုံးလည်ချာလည် လိုက်နေသည်ကို တွေ့ရသည်။ 

Saltစတား မင်းသမီးသည် ဩစတြေးလျတွင် ရှိနေပြီး တနင်္ဂနွေနေ့က ကလေးများကို ဆစ်ဒနီ ငါးပြတိုက်သို့ လိုက်ပါပို့ဆောင်ခဲ့သည်။ ပစ်တ်သည် လတ်တလောတွင် 12 Years A Slave ဇာတ်ကားအတွက် Promotion ပြုလုပ်ရန် တိုရန်တိုသို့ ရောက်ရှိနေပြီး ထိုအတောအတွင်း ဂျိုလီက ဩစတြေးလျတွင် ကလေးတစ်အုပ်နှင့် ဗျာများနေခြင်း ဖြစ်သည်။ ဂျိုလီသည် သားသမီးများကို လေ့လာရေး ခရီးစဉ် သဘောမျိုး အနေဖြင့် ငါးပြတိုက် လိုက်ပို့ခဲ့ပြီး ကလေးများသည် Nemo ငါးရုပ်လေးများ လက်တွင်ကိုင်ကာ ပျော်ရွှင်နေခဲ့ကြောင်း မျက်မြင်များက ဆိုသည်။

ဂျိုလီသည် သားသမီး (၆)ဦးအနက် (၁)ဦးကို ခေါ်ဆောင်မလာခဲ့ချေ။ အသက်(၁၂)နှစ်အရွယ် သမီးကြီး မက်ဒေါ့စ် လိုက်မလာဖြစ်သော်လည်း ပက်စ်၊ ဇာဟာရာ၊ ရှီလိုနှင့် အမြွှာနှစ်ဦးဖြစ်သော နော့စ်နှင့် ဗီဗီယန်တို့သည် မိခင်နှင့်အတူ ညီညီညာညာ ပျော်ရွှင်စွာ ချီတက်လာခြင်း ဖြစ်သည်။ ကလေးများပီပီ အမှတ်တရ အရောင်းဆိုင်တွင် မြင်သမျှ တွေ့သမျှ ဝယ်ယူချင်သော်လည်း စည်းကမ်းကောင်းကောင်း ပျိုးထောင်ခံထားရမှန်း သိသာစွာပင် နာမည်ကျော်ကြယ်ပွင့် မိခင်၏ အေးအေးသက်သာ ပြော စကားအတိုင်း အငြင်းမပွားဘဲ လက်ခံခဲ့ကြကြောင်း အနီးကပ် တွေ့ရှိသူများ က ချီးကျူးခဲ့ကြသည်။

ဂျိုလီသည် သူမ၏ ဇာတ်ကားသစ်တစ်ခု ရိုက်ကူးရန်အတွက် ဩစတြေးလျသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ အစောပိုင်းက သူမသည် Unbroken ဇာတ်ကားကို ဒါရိုက်တာအဖြစ် တာဝန်ယူကာ ဟာဝိုင်ယီတွင် ရိုက်ကူးမည်ဟု သတင်းကြီးခဲ့သော်လည်း နောက်ပိုင်းတွင် အစီအစဉ် ပြောင်းလဲသွားကာ ဩစတြေးလျ နိုင်ငံအား ရိုက်ကွင်းရွေးဖြစ်ခဲ့ခြင်း ဖြစ်သည်။ Unbroken ဇာတ်ကားသည် (၂၀၁၁)ခုနှစ်က ရုံတင်သည့် In the Land of Blood and Honey နောက်ပိုင်း ဂျိုလီ ဒါရိုက်တာအဖြစ် လက်စွမ်းပြမည့် ဒုတိယမြောက် ဖန်တီးမှုလည်း ဖြစ်သည်။

Planet Myanmar Network

RangonNewsDaily:: September 9, 2013

Saltစတား မင်းသမီးသည် ဩစတြေးလျတွင် ရှိနေပြီး တနင်္ဂနွေနေ့က ကလေးများကို ဆစ်ဒနီ ငါးပြတိုက်သို့ လိုက်ပါပို့ဆောင်ခဲ့သည်။

မာဒေးကားဖလား ဒုတိယပွဲစဉ် မြန်မာအသင်း အိမ်ရှင်အသင်းကို ရှုံးနိမ့်

RangonNewsDaily:: September 9, 2013

မာဒေးကားဖလား ဒုတိယပွဲစဉ်အဖြစ် မလေးရှား ယူ၂၃ အသင်းနှင့်
မြန်မာ ယူ ၂၃ အသင်း တို့ ယှဉ်ပြိုင်ကစားခဲ့ရာ မလေးရှားအသင်းက နှစ်ဂိုး မြန်မာ တစ်ဂိုးဖြင့် ပြီးဆုံးသွားခဲ့သည်။

အစ္စလာမ်ဘာသာဝင်များ စုပေါင်း၍ သံဃာတော် ၇၅ ပါးအား ဆွမ်းကပ်

RangonNewsDaily:: September 9, 2013

မြစ်ကြီးနားမြို့ပေါ်ရှိ ဗလီခုနစ်လုံးမှ အစ္စလာမ် ဘာသာဝင်များ စုပေါင်းကာ ဓမ္မရက္ခိတ ဝန်းသိုကျောင်း ဆရာတော် အပါအဝင် သံဃာတော် (၇၅) ပါးအား ဓမ္မရက္ခိတ ဝန်းသိုကျောင်း၌ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီတွင် ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပြီး ဘာသာပေါင်းစုံ ချစ်ကြည်ရေး မိတ်ဆုံစားပွဲကိုလည်း ပြုလုပ်ခဲ့ကြောင်း မြစ်ကြီးနား ဗဟိုဗလီကြီးဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဟာဂျီဦးမင်းလွင်က The Voice သို့ ပြောကြားသည်။

ရွှေတိဂုံဓာတ်လှေကားသစ် တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းပြီးစီး

Photo: ရွှေတိဂုံဓာတ်လှေကားသစ် တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းပြီးစီး
Monday, September 9, 2013

ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်တွင် အသစ်တည်ဆောက်နေသော ဓာတ်လှေကားသစ် နှစ်စင်း တည်ဆောက်မှု ၈၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း ယင်းစေတီ ဂေါပကအဖွဲ့က သတင်းထုတ်ပြန်သည်။

ယင်းဓာတ်လှေကားနှစ်စင်း တည်ဆောက်မှုအတွက် ဘုရားဖူး ပြည်သူများ လှူဒါန်းသော အလှူငွေသည် ငွေကျပ်သိန်းပေါင်း ၁၁၀၀ ခန့်နှင့် အမေရိကန်ဒေါ်လာ ငါးသောင်းအထိ ရရှိထားပြီး ဓာတ်လှေကားနှစ်စင်း တည်ဆောက်မှုအပြင် ဓာတ်လှေကား အဆောင်တိုးချဲ့ခြင်း လုပ်ငန်းများကိုလည်း လုပ်ဆောင်မည်ဖြစ်ရာ ယင်းအတွက် ကုန်ကျငွေသည် ကျပ် ၂၄၂၃ သိန်းခန့်နှင့် အမေရိကန်ဒေါ်လာ တစ်သိန်းခန့် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ရွှေတိဂုံစေတီသည် တစ်နှစ်ထက်တစ်နှစ် ဘုရားဖူး ရဟန်းရှင်လူများ အပြင် နိုင်ငံခြားသား ခရီးသွားများပါ များပြားလာခြင်းကြောင့် လက်ရှိအသုံးပြုနေသည့် တောင်ဘက်မုခ် ဓာတ်လှေကားဖြင့် မလုံလောက်တော့သည့်အတွက် ယင်းသို့ ဓာတ်လှေကားများကို တိုးချဲ့ဆောက်လုပ်ရခြင်း ဖြစ်ကြောင်း ယင်းစေတီတော် ဂေါပကအဖွဲ့သည် The Voice ၏ အွန်လိုင်းမှတစ်ဆင့် မေးမြန်းချက်ကို ဖြေကြားသည်။

ယင်းဓာတ်လှေကား တစ်စင်းလျှင် လူ၂၀ ဦး လိုက်ပါ စီးနင်းနိုင်မည်ဖြစ်ပြီး တစ်စီးလျှင် အလေးချိန် ၁၃၅၀ ကီလိုဂရမ် ခံနိုင်ဝန် ရှိကြောင်း ရွှေတိဂုံစေတီ ဝက်ဘ်ဆိုက်တွင် ကြေညာထားသည်။

အဆိုပါ ဓာတ်လှေကား နှစ်စင်းကို ၂၀၁၂ ခုနှစ်ဇူလိုင်လ ၂၇ ရက်နေ့မှ စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် အောက်တိုဘာလ ဒုတိယပတ်အတွင်း ပြီးစီးမည် ဖြစ်ကြောင်း ယင်းစေတီဂေါပက အဖွဲ့က ကြေညာထားသည်။ 

(ဟိန်းမြတ်စိုး)
The Voice Weekly

RangonNewsDaily:: September 9, 2013

ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်တွင် အသစ်တည်ဆောက်နေသော ဓာတ်လှေကားသစ် နှစ်စင်း တည်ဆောက်မှု ၈၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း ယင်းစေတီ ဂေါပကအဖွဲ့က သတင်းထုတ်ပြန်သည်။

ဘာလင် IFA မှာပြိုင်ဘက်တွေနည်းတူပြသခဲ့တဲ့ LG G Pad 8.3

Photo: ဘာလင် IFA မှာပြိုင်ဘက်တွေနည်းတူပြသခဲ့တဲ့ LG G Pad 8.3
Monday, September 9, 2013

ဘာလင်နည်းပညာကုန်စည်ပြပွဲကြီးမှာ တောင်ကိုးရီးယားနည်းပညာ 
ကုမ္ပဏီဟာ သူရဲ့ ထုတ်ကုန်သစ်ဖြစ်တဲ့ LG G Pad 8.3 ကိုထုတ်ဖော်မိတ်
ဆက်ခဲ့ပါတယ်။

ဒါကြောင့် Apple ကထုတ်တဲ့ mini iPad နဲ့ google ကထုတ်တဲ့ Nexus 7 တို့
ရဲ့ ပြိုင်ဘက်သစ်ဖြစ်လာနိုင်ပါတယ်။မျက်နှာပြင်အကျယ် ၈.၃ လက်မက
မျက်နှာပြင်ကျယ်ကျယ်ဝန်းဝန်းအသုံးပြု ချင်သူတွေအတွက် စိတ်ကျေနပ်စရာဖြစ်လာဦးမှာပါ။

ရုပ်ထွက် Resolution 1920x1200 အထိပေးစွမ်းနိုင်မှာဖြစ်ပါတယ်။အလူမီနီ
ယံကိုယ်ထည်ကာဗာနဲ့တည်ဆောက်ထားပြီး အလေးချိန်ကတော့ ၃၃၈ဂရမ်
ရှိမှာပါ။အထူအပါး ၈.၂ မီလီမီတာအထိ အပါးလွှာဆုံးထုတ်လုပ်ထားပါတယ်။


1.7GHz quad-core Snapdragon processor နဲ့တည်ဆောက်ထားပြီး
RAM 2GB ရှိမယ်လို့ဖော်ပြထားပါတယ်။ထို့ပြင် Operating System
အနေနဲ့ Android Version 4.2.2 Jelly Bean ရှိပါမယ်။5MP ကင်မရာပါဝင်
မှာဖြစ်ပြီး ဘက်ထရီသိုလှောင်ထားနိုင်မူ 4,600mAh battery ပမာဏရှိပါ
မယ်။

ဈေးကွက်အတွင်းကို မကြာမီဖြန့်ချိပေးသွားမှာဖြစ်ပြီး ကျသင့်မယ့်ဈေးနှုန်း
ဗြိတိန် £200-£250 ဝန်းကျင်နဲ့သာရောင်းချပေးမယ်လို့ဖော်ပြထားပါတယ်။

Ref:Stuff UK
Khun Nay(August Myanmar Media Group)

RangonNewsDaily:: September 9, 2013

ဘာလင်နည်းပညာကုန်စည်ပြပွဲကြီးမှာ တောင်ကိုးရီးယားနည်းပညာ
ကုမ္ပဏီဟာ သူရဲ့ ထုတ်ကုန်သစ်ဖြစ်တဲ့ LG G Pad 8.3 ကိုထုတ်ဖော်မိတ်
ဆက်ခဲ့ပါတယ်။

ဒလမြေဈေး သိန်းရာဂဏန်းပြန်ကျ

RangonNewsDaily:: September 9, 2013

ယခုအစိုးရလက်ထက်အတွင်း ဒလတံတားစီမံကိန်း ပြုလုပ်မည် မဟုတ်ဟု ဆိုခြင်းကြောင့် ယင်းမြို့နယ် အိမ်၊ ခြံ၊ ဈေးများသည် ကျပ်သိန်းရာချီ ထိုးကျသွားကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ သိရသည်။သြဂုတ်လ ဒုတိယပတ်မှ စတင်ဈေးကျခြင်းဖြစ်ပြီးယခင်က ပေ၂၀x၆၀ အကျယ် မြေတစ်ကွက်လျှင် ကျပ်သိန်း

Android ဖုန်းပေါ်ကနေ ဘောလုံးပွဲတွေတိုက်ရိုက်ကြည့်ရှုနိုင်မယ့် APK များ

Cover art
android ဖုန်းတွေပေါ်မှာ  EPL live  Italian serie A live Spanish la liga champions league french Ligue1 Scottish premier league FIFA World Cup 2014 စတဲ့ ဘောလုံးပွဲစဉ်တွေကိုတိုက်ရိုက်ကြည့် ရှူ့ လို့ ရမဲ့  apk များစုစည်းဖော်ပြပေးလိုက်ပါတယ်။

Miss Supranational 2013ပြိုင်ပွဲပြန်မြန်မာအလှမယ်နဲ့ ရန်ကုန်လေဆိပ်မှမြန်မာပိရိသတ်


 
RangonNewsDaily:: September 8, 2013
Miss Supranational 2013ပြိုင်ပွဲမှမြန်မာ့ဂုဏ်ဆောင်ကာပြန်လာ ခဲ့သူMiss Internet,Most Beautiful Girl in the World, People Choice Award နှင့်Face of Miss Supranational ဆုတို့  ဆုလေး ဆုရှင်ခင်ဝင့်ဝါကိုသောင်း
သောင်းဖြဖြကြိုဆိုခဲ့ကြကြောင်းသတင်းရ၇ှိပါသည်။

ဂြိုဟ်သားသတင်း အချိန်မီသိရှိနိုင်ရန် ပန်းကန်ပြားပျံ စောင့်ကြည့်ရေးသမား တစ်ဦးကို ရီဟားနား ငှားရမ်း

Photo: ဂြိုဟ်သားသတင်း အချိန်မီသိရှိနိုင်ရန် ပန်းကန်ပြားပျံ စောင့်ကြည့်ရေးသမား တစ်ဦးကို ရီဟားနား ငှားရမ်း
Sunday, September 8, 2013

ကမ္ဘာကျော် ပေါ့ပ်အဆိုတော် ရီဟားနားဟာ ဂြိုဟ်သားတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံးရသတင်းတွေကို သိရှိနိုင်ဖို့အတွက် ပန်းကန်ပြားပျံ စောင့်ကြည့်ရေးသမားတစ်ဦးကို ငွေပေးပြီး ငှားရမ်းခဲ့တယ်လို့ Dailystar သတင်းစာမှာ ဖော်ပြထားပါတယ်။

အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ရီဟားနားဟာ ဂြိုဟ်သားတွေ အမှန်တကယ် ရှိတယ်လို့ ယုံကြည်သူ တစ်ဦးဖြစ်ပြီး ဂြိုဟ်သားတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို အချိန်မီ မသိရမှာစိုးတဲ့အတွက် ကယ်လီ ဖိုးနီးယားပြည်နယ် မိုဟာဗီ သဲကန္တာရထဲမှာ စခန်းချပြီး ပန်းကန်ပြားပျံတွေ ကို စောင့်ကြည့်လေ့လာ နေသူတစ်ဦးကို အခုလိုငှားရမ်းခဲ့တာ ဖြစ်ပါတယ်။

“ရီဟားနားက သူမရဲ့သက်တမ်းအတွင်းမှာပဲ ဂြိုဟ်သားတွေ ကမ္ဘာပေါ်ကို ဆင်းလာလိမ့်မယ်လို့ အမြဲတမ်း ယုံကြည်နေခဲ့တာပါ” ဟု ရီဟားနာနဲ့ ရင်းနှီးသူတစ်ဦးက Dailystar သတင်းစာကို ပြောကြားခဲ့ပါတယ်။

ရီဟားနားဟာ အဆိုပါ ပန်းကန်ပြားပျံ စောင့်ကြည့်ရေးသမားနဲ့ Little A'Le'Inn လို့ အမည်ရတဲ့ စားသောက်ဆိုင်တစ်မှာ တွေ့ဆုံပြီး ဂြိုဟ်သားနဲ့ ပတ်သက်တဲ့ သတင်းတွေကို ရယူမှာ ဖြစ်ပါတယ်။

Little A'Le'Inn စားသောက်ဆိုင်ဟာ ပန်းကန်ပြားပျံ ရှာဖွေသူတွေ လာရောက် တွေ့ဆုံလေ့ရှိတဲ့ စားသောက်ဆိုင်ဖြစ်ပြီး စိတ်ကူးယဉ် ရုပ်ရှင်တွေထဲမှာ မကြာခဏ ပါလေ့ရှိတဲ့ Area 51 နဲ့လည်း နီးကပ်စွာ တည်ရှိနေတာကြောင့် ရီဟားနားက အဲဒီဆိုင်ကို ရွေးချယ်ခဲ့တာ ဖြစ်တယ် လို့လည်း Dailystar သတင်းစာမှာ ဖော်ပြထားချက်အရ သိရပါတယ်။

ဂြိုဟ်သားတွေ ကျူးကျော်လာရင် သိနိုင်အောင်လို့ ကလေးဘဝတုန်းကိုဆိုရင် ကောင်းကင်ကို မော့ကြည့်ပြီး အချိန်ဖြုန်းလေ့ ရှိတယ်လို့လည်း ရီဟားနားက ပြောဖူးပါတယ်။ 

“ကျွန်မအဖေက ကျွန်မကို ပန်းကန်ပြားပျံတွေ ဖြတ်ပျံသွားရင် မြင်လိုက် ရအောင်လို့ အိမ်အပြင်မှာ တစ်ညလုံးထိုင်ပြီး စောင့်ကြည့်ခိုင်းလေ့ ရှိပါတယ်။ ကျွန်မ အဲဒီအလုပ်ကို နှစ်တော်တော်ကြာတဲ့အထိ လုပ်ဖြစ်ခဲ့ပါတယ်” လို့ ရီဟားနားက ပြောခဲ့တာ ဖြစ်ပါတယ်။

The Voice Weekly

RangonNewsDaily:: September 8, 2013

ကမ္ဘာကျော် ပေါ့ပ်အဆိုတော် ရီဟားနားဟာ ဂြိုဟ်သားတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံးရသတင်းတွေကို သိရှိနိုင်ဖို့အတွက် ပန်းကန်ပြားပျံ စောင့်ကြည့်ရေးသမားတစ်ဦးကို ငွေပေးပြီး ငှားရမ်းခဲ့တယ်လို့ Dailystar သတင်းစာမှာ ဖော်ပြထားပါတယ်။

မဟာဗန္ဓုလတံတားအဆင်းတွင် နစ်ဆန်းယာဉ်ဘရိတ်ပေါက်ကာ တံတားလက်ရန်းဝင်တိုက်

Photo: မဟာဗန္ဓုလတံတားအဆင်းတွင် နစ်ဆန်းယာဉ်ဘရိတ်ပေါက်ကာ
တံတားလက်ရန်းဝင်တိုက်
Sunday, September 8, 2013

ယနေ့ နေ့လည်၁၂၃၀ အချိန်က ဗိုလ်တထောင်မြို့နယ်ဘက်မှ
ဒေါပုံမြို့နယ်ဘက်သို့ မဟာဗန္ဓုလလမ်းအတိုင်း ယာဉ်မောင်း
ဦး--၊ လှိုင်သာယာမြို့နယ်နေသူ
မောင်းနှင်လာသော ၄ခ/---- နစ်ဆန်း၊ဒီဇယ်ယာဉ်သည် ဒေါပုံမြို့နယ်၊ 
မဟာဗန္ဓုလတံတား အဆင်းအရောက်တွင် ဘရိတ်ပေါက်၍
တံတား၏ယာဘက်ခြမ်း လူသွားစင်္ကြန်အားကျော်တက်ကာ 
တံတားတိုင်အမှတ် D2 နှင့်D3ကြားရှိ လက်ရန်းအားတိုက်မိခဲ့သဖြင့် 
တံတားလက်ရန်း (၂၅) ပေခန့်၊ တံတားအားမီးပေးသည့် ဓါတ်တိုင် (၁)တိုင်၊
အချက်ပြမီးတပ်ဆင်ထားသည့် ဓါတ်တိုင်(၁)တိုင်တို့ ကျိုးပဲ့ပျက်ဆီးသွားခဲ့သည်။

အဆိုပါယာဉ်တိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့်
ယာဉ်မောင်း ဦး---အား ဒေါပုံမြို့မရဲစခန်းယာဉ်(ပ)၁၉/၂၀၁၃၊ 
ပုဒ်မ၂၇၉ဖြင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း Yangon Policeသတင်းရသည်။

Popular Myanmar News Journal

RangonNewsDaily:: September 8, 2013

ယနေ့ နေ့လည်၁၂၃၀ အချိန်က ဗိုလ်တထောင်မြို့နယ်ဘက်မှ ဒေါပုံမြို့နယ်ဘက်သို့ မဟာဗန္ဓုလလမ်းအ
တိုင်း ယာဉ်မောင်း ဦး--၊ လှိုင်သာယာမြို့နယ်နေသူမောင်းနှင်လာသော ၄ခ/---- နစ်ဆန်း၊ဒီဇယ်ယာဉ်သည်
 ဒေါပုံမြို့နယ်၊ မဟာဗန္ဓုလတံတား အဆင်းအရောက်တွင် ဘရိတ်ပေါက်၍

လတ်တလော အိန္ဒိယ-မြန်မာ ဆက်ဆံရေး

Photo: လတ်တလော အိန္ဒိယ-မြန်မာ ဆက်ဆံရေး
Sunday, September 8, 2013

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးပွဲကဏ္ဍမှာ မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းနယ်စပ် တမူးမြို့ အနီး မဏိပူရနယ်ထဲက ကျေးရွာတရွာကို သြဂုတ်လ (၂၂) ရက်နေ့ကတည်းက မြန်မာစစ်တပ်က ဝင်ရောက်ပြီး စခန်းချနေတယ်ဆိုတဲ့ သတင်းတွေအရ အိန္ဒိယ မဏိပူရပြည် နယ်၊ ပြည်နယ်အစိုးရနဲ့ ဗဟိုအစိုးရပိုင်းက စုံစမ်းစစ်ဆေး မှုတွေ ပြုလုပ်နေပါတယ်။ အိန္ဒိယ-မြန်မာ ဆက်ဆံရေးအခြေအနေ ပတ်သက်ပြီး ဒေလီမြို့  မြန်မာစင်တာ (Myanmar Center) က ဥက္ကဋ္ဌ ဦးတင့်ဆွေ ကို ဗွီအိုအေ က ဆက်သွယ်မေးမြန်းထားပါတယ်။
 
ဦးတင့်ဆွေ ။ ။ နယ်စပ်ပြဿနာက တချို့ နေရာတွေက (၂) နိုင်ငံ သဘောတူပြီး၊ တချို့ နေရာတွေ မတူဘူး။ ဥပမာဆိုရင် border နယ်ခြားမှတ်တိုင် (၉) ခုက အခုထိ နှစ်နိုင်ငံသဘောတူညီချက် မရသေးတဲ့ဟာပေါ့။ အခုလောလောဆယ် ဖြစ်တာကလည်း နယ်စပ်မှတ်တိုင် (၇၆) ပတ်ဝန်းကျင်မှာ ဒီလိုဖြစ်သွားတယ်။ ဒါကြောင့်လဲပဲ ပြည်နယ်အစိုးရက နယ်ကလူထုနဲ့ နိုင်ငံရေးပါတီတွေကပြောတော့ ဗဟိုအစိုးရဘက် က နိုင်ငံခြားရေးဝန်ကြီးဌာနက လျှော့လျှော့ပေါ့ပေါ့နဲ့ ထိန်းထိန်းသိမ်းသိမ်းနဲ့ တုံ့ပြန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက နှစ်နိုင်ငံနယ်ခြားမှာ နှစ်နိုင်ငံ သဘောတူညီခြင်း မရှိသေးတဲ့နိုင်ငံမှာ ဖြစ်တဲ့အတွက် ကျူးကျော်တယ်၊ ဝင်ရောက်တယ်လို့ မပြောနိုင်ဘူးဆိုပြီးတော့ ခပ်ဖေါ့ဖေါ့ပဲပြောတယ်။ 

သို့သော်လဲ ဒီဟာက ရပ်မသွားဘူး။ အခုန ဦးသန်းလွင်ထွန်း ပြော သလို နှစ်နိုင်ငံနယ်ခြား ခြံစည်းရိုးကို ၂၀၀၃ ခုနှစ်ကတည်းက စပြီးတော့ သဘောတူပြီးတော့ လုပ်ခဲ့ကြတယ်။ လုပ်ခဲ့ပေမယ့် တကယ်တမ်း လုပ်လာတဲ့အခါမှာတော့ တချို့ ကျေးရွာတွေ၊ အထူးသဖြင့် အိန္ဒိယဘက်က မကျေနပ်တာတွေ ပေါ်လာတယ်။ ဥပမာဆိုရင် ရွာတရွာမှာ အိမ်ခြေ (၂၅) ရှိတဲ့ ရွာတရွာကို ခြံစည်းရိုးခတ်လိုက်ရင် (၇) အိမ်က ဗမာပြည်ထဲပါသွားမယ်။ အဲဒီ့အထဲမှာ church တခုတည်းပါသွားမယ် ဆိုတော့ ဒီဒေသခံတွေက မကျေနပ်လို့ ဗဟိုကို တိုင်တန်းတဲ့အခါ ခြံစည်းရိုးကလည်း အဆုံးမသတ်သေးရ၊ တပိုင်းတစပြီးပြီ၊ ကျန်တာတွေလည်း မပြီးဘူးဆိုတော့ ပြဿနာတွေက ဆက်ရှိနေတယ့်နေရာလို့ပဲ ပြောရမှာပေါ့။
 
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီပြဿနာကို ရှင်းနေဆဲကာလမှာ မြန်မာစစ်တပ်ဖက်က ဒီလိုဝင်လာပြီးတော့ စခန်းဆောက်နေတယ်။ ဒါမှမဟုတ်လို့ရှိရင်လည်း အဲဒီမှာ စခန်းချဖို့ ကြိုးစားနေတယ်ဆိုတော့ ဒါက နားလည်းမှုလွှဲမှားတာပဲလား။ ဒါမှမဟုတ် တမင်ရည်ရွယ်ချက် တခုခုရှိနေတယ်လို့ ယူဆသလား။
 
ဦးတင့်ဆွေ ။ ။ အဲဒါကတော့ ကျနော်တို့ မှန်းကြည့်ရမှာပေါ့။ ပြီးခဲ့တဲ့ နှစ်ပေါင်း (၂၀) လောက်၊ အိန္ဒိယ-ဗမာ နယ်စပ် ပြဿနာ ဆက်ဆံရေးသမိုင်းကြောင်းကို ကြည့်ရင်တော့က ကံသေကံမ ပြော လို့မရဘူး။ ဗမာဖက်ကဖြစ်ဖြစ်၊ အိန္ဒိယဖက်ကဖြစ်ဖြစ် အထူးသဖြင့်တော့ ဗမာပေါ့။ ဗမာနိုင်ငံမှာ စစ်တပ်အုပ်ချုပ်ခဲ့တဲ့ ကာလတလျှောက်လုံးမှာ အိန္ဒိယကို ဆန့်ကျင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့။ အခုဆိုရင် အတိအကျဆိုရင် (၈) ဖွဲ့တိတိဟာ ဗမာမြေပေါ်မှာ ရှိနေသေးတယ်။ 

အဲဒီရှိနေတဲ့ကိစ္စကို နှစ်ပေါင်း (၂၀) (၁၅) နှစ်အတွင်းမှာ အိန္ဒိယဖက်က နှစ်နိုင်ငံ အစည်းအဝေးတွေရှိတိုင်း ဒီဟာတွေကို ဖယ်ရှားပေးဖို့၊ တိုက်ထုတ်ပေးဖို့ပြောတယ်။ ပြောတဲ့အခါတိုင်းလည်း ဗမာတပ်မတော် ကိုယ်စားလှယ်တွေကလည်း သူတို့မြေပေါ်မှာ ဒီတပ်တွေ မရှိစေရဘူးဆိုပြီးတော့ ကတိပေးတယ်။ သို့သော်လည်း (၁၅) နှစ်လောက်ကြာလာတဲ့အထိ တပ်ဖွဲ့တွေ အနည်းဆုံး (၈) ဖွဲ့က ဗမာမြေပေါ်မှာရှိဆဲဖြစ်တယ်။ ဆိုတော့ နှုတ်ကပြောတာနဲ့ လက်ကပြောတာနဲ့ မတူတော့ကာ နှစ်နိုင်ငံ ဆက်ဆံရေးကြားမှာ ဒါက စကားပြောတဲ့အခါမှာ ကိုယ့်ဖက်က အသာရအောင်လို့ လုပ်တဲ့လုပ်ချက်လို့ မဟုတ်ဘူးလို့ မပြောနိုင်ဘူးလို့ပဲ နှစ် (၂၀) သမိုင်းကြောင်းအရပဲ ပြောရမှာပဲ။ ဗမာအစိုးရ သို့မဟုတ် အိန္ဒိယဖက်က အိန္ဒိယဖက်က ဘာများလိုချင်သလဲလို့ မပြောတတ်ဘူး။
 
ဦးသန်းလွင်ထွန်း ။ ။ အရင် အိန္ဒိယ နဲ့ မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးခရီးတွေ၊ အပြန်အလှန် ခေါင်းဆောင်တွေ တွေ့ဆုံ စကားပြောတဲ့အခါတိုင်းမှာလည်း အိန္ဒိယဖက်ကလည်း အမြဲတမ်းအားဖြင့် သူတို့ အရှေ့ မြောက်ဒေသဖက်က သူပုန်ထနေတာတွေကို နှိမ်နင်းတဲ့အခါမှာ မြန်မာဖက်ကနေ ကူညီပေးဖို့ကိစ္စတွေ၊ ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စတွေ။ ဒါတွေကို ပြောသလို မြန်မာဖက်ကလည်း ဒါကို တဖတ်ကနေ အခွင့်ကောင်းယူပြီးတော့ အိန္ဒိယဖက်ကနေ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူတဲ့ကိစ္စကို ညှိနှိုင်းယူတာမျိုးတွေ ကျနော်တို့ ကြားခဲ့ဘူးပါတယ်။ အခုကြတော့ မြန်မာဖက်က ဘာတွေများ လိုချင်စရာ ရှိနေလို့လဲ။
 
ဦးတင့်ဆွေ ။ ။ အဲဒီလို အစည်းအဝေးတွေ ပြောတဲ့အခါတွေမှာ ဗမာစစ်တပ်ဖက်က တစုံတရာတော့ နှစ်တွေကြာတဲ့အခါမှာ လုပ်ပြတာတွေ ရှိပါတယ်။ လုပ်ပြတာကလဲ အိန္ဒိယဖက်က သူ့ရဲ့  သူပုန်တွေကိုတိုက်ဖို့ စစ်လက်နက်ပစ္စည်းတွေ အလကားပေးတာ၊ လျှော့ဈေးနဲ့ ရောင်းတာတွေ ရလာရလာတဲ့အခါမှာ ဗမာစစ်တပ်က တစုံတရာ လုပ်ပြတယ်။ 

လုပ်ပြပေးမယ်လို့ အရင်က စစ်ကိုင်းတိုင်း၊ တမူး၊ ကလေး၊ ကဘော်ချိုင့် ဝှမ်းဒေသမှာ ကျက်စားခဲ့တဲ့ သူပုန်တွေက အခုတော့ တဖြည်းဖြည်း နဲ့ မြောက် ဖက် နာဂတောင်တန်းဖက်ကို သွားပြီးခိုအောင်းတဲ့ အဆင့်တော့ ရောက်သွားတော့ အိန္ဒိယဖက်ကလည်း ဒါကိုရတာနဲ့ ကျေ နပ်တဲ့သဘောမျိုးတော့ ပြနေတယ်ပေါ့။ သို့သော်လဲ ဗမာမြေပေါ်မှာ ရှိဆဲပဲ။ နောက်ထပ် ဘာများလိုချင်သလဲဆိုတာကတော့ မှန်းဖို့တော့ နည်းနည်းတော့ ခက်တာပေါ့။ အိန္ဒိယဖက်က အရှေ့ မျှော် ပေါ်လစီလို့ခေါ်တဲ့ သူ့ရဲ့  မဟာဗျူဟာပေါ်လစီကြီးကို ဗမာပြည်ကနေ ဖြတ်ပြီးတော့လုပ် ဖို့ရာ၊ အောင်မြင်ဖို့ရာ ဗမာနိုင်ငံအစိုးရနဲ့ ဗမာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှု လုံးဝလိုတယ်။ 

အဲဒီဟာကြီးကလဲ ပြောတာက (၁၅) နှစ်လောက်ရှိပြီ။ Look East Policy ဆိုတာ။ တကယ်တမ်းက အပယိက လောက်ပဲ အောင်မြင်တယ်။ ဥပမာဆိုပါစို့ အများဆုံးပြောတာက သူတို့ ဆက်သွယ်မှု connectivity ဆိုတာကို ပြောတယ်။ တကယ်တော့ ယနေ့ ဒီကနေ ရန်ကုန် သွားချင် ရင် ဒေလီကနေ ဘန်ကောက်ကိုသွားပြီးမှ သွားရတဲ့ လေကြောင်းလိုင်း ရှိသေးတယ်။ ဘယ်လိုလုပ်မှ ဆက်သွယ်လို့ မရသေးဘူး။ အလားတူ အရှေ့ မြောက်ဒေသကနေ အင်ဖာ ကနေ မန္တလေးကို ကားလမ်း၊ နောက်တခါ ရထားလမ်းတောင်မှ စိတ်ကူးယှဉ်တာရှိတယ်။ နောက်တခါ သုံးနိုင်ငံဖြတ်လမ်း အိန္ဒိယ မြန်မာနိုင်ငံကိုဖြတ်ပြီး ထိုင်းနိုင်ငံသွားမယ့် လမ်းဆိုပြီး အဲဒီလို မဟာဗျူဟာကျတဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေး မဟာဗျူဟာကျတဲ့ လုပ်ငန်းကြီးတွေကို အကောင်အထည်ဖော်ချင်တော့ အိန္ဒိယဖက်က သည်းခံစိတ်ရှည်ပြီးတော့ ပေါင်းနေတယ်။ အဲဒီတော့ အိန္ဒိယဆီက အဲဒီလို ရတိုင်းလဲ ဗမာစစ်တပ်က ထပ်လိုချင်သလားတော့ မပြောတတ်ဘူးခင်မျ။ ဒါကြောင့်များ လုပ်သလားဆိုတာကလည်း အခုနပြောသလို ထင်ကြေးပေါ့။
 
ဦးသန်းလွင်ထွန်း ။ ။ အိန္ဒိယ အရှေ့ မြောက်ပြည်နယ်တွေဖြစ်တဲ့ အာသံ၊ မဏိပူရ၊ နာဂလန်း အဲဒီဒေသတွေက တော်တော်လေးလည်း ရှုပ်ထွေးတဲ့ နယ်မြေတွေပေါ့။ အထူးသဖြင့် အခုအချိန်အထိလည်း ဒီမိုကရေစီဖြစ်တဲ့ အိန္ဒိယထဲမှာတောင် မတည်ငြိမ်သေးတဲ့ နယ်မြေတွေ ဖြစ်နေသေးတာကို။ အဲဒီမှာရှိတဲ့ သူပုန်ထမှုတွေကို ကူညီပြီးတော့ ပါဝင်ပတ်သက်မှုတွေကလည်း တရုတ်ပြည်ကနေ မော်ဝါဒီတွေ ထောက်ခံပေးတာတို့။ ဒါမှမဟုတ် ပါကစ္စတန် ထောက်လှမ်းရေးတွေက ဝင်ပြီးတော့ ကူညီပေးနေတာတို့။ မြန် မာစစ်တပ်က ဝင်ပြီးတော့ သူပုန်တွေကို နေခွင့်ပေးတာတို့ ရှုပ်ထွေးတဲ့ ကိစ္စတွေက အများကြီးရှိနေတော့ အိန္ဒိယအနေနဲ့ အရှေ့ မြောက်နယ်ဖက် ကနေ မြန်မာနဲ့ ဖြစ်နေတဲ့ကိစ္စကို ဘယ်လောက်အထိ အလေးထားသလဲ။ အခု ဒီကိစ္စကို ဘယ်လိုများ အလေးထားပြီးတော့ ဖြေရှင်းဖို့ စဉ်းစားမယ်လို့ ယူဆသလဲ။
 
ဦးတင့်ဆွေ ။ ။ ရေရှည်အတွက်ဆိုရင် အိန္ဒိယဖက်က ဒါကို စိတ်ရှည် ရှည်နဲ့ ခေါင်းကောင်းကောင်းနဲ့ ကိုင်တွယ်ကျင့်သုံးဖို့ လိုလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့  Look East Policy အရှေ့ မျှော် မူဝါဒဟာ ခိုင်ခိုင်မာမာနဲ့ သူတို့ပါတီစုံက လက်ခံထားတဲ့ ပေါ်လစီမဟာဗျူဟာ လုပ်ငန်းကြီး ဖြစ်နေတာကို။ အဲဒါကို အောင်မြင်ဖို့က ဗမာပြည်ရဲ့  ပူးပေါင်းဆောင်ရွက်မှုလိုတယ်။ တချိန်တည်းမှာ အိန္ဒိယရဲ့  အရှေ့ မြောက်ဒေသ၊ ဗမာပြည်နဲ့ ဆက်စပ်နေတာ လေးခု။ ကျန်တာက သုံးခု (၇) ပြည်နယ်။ ဒီ (၇) ပြည်နယ်ရဲ့  ဝိသေသ က ရှိတယ်ခင်မျာ။ ဘာကြောင့်လဲဆိုတော့ အဲဒီဒေသကလူတွေက လူမျိုးနဲ့ သွေးပြောလို့ရှိရင် ကျနော်တို့ ဗမာနိုင်ငံက လူမျိုးတွေလို မွန်ဂိုလိုက်လူမျိုးတွေ ဖြစ်တယ်။

ဆိုတော့ အဲဒီရဲ့  ထူးခြားမှုပေါ့ အိန္ဒိယမှာ။ ဒါကြောင့်လဲ အဲဒီဒေသက လူတွေက သူတို့ဟာ အိန္ဒိယနိုင်ငံထဲမှာနေရပြီးတော့ ဒုတိယတန်း စား နိုင်ငံသားတွေဖြစ်တယ်လို့ ခံစားရတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဒေသက ဖွံ့ဖြိုးမှု တော်တော်လေး နောက်ကျသေးတယ်။ ကုန်ကူးသန်းရောင်းဝယ်မှုလည်း ဗဟိုအိန္ဒိယနိုင်ငံနဲ့ ဆက်သွယ်ဖို့အတွက် လမ်းကြောင်းလေးတခု ကျဉ်းကျဉ်းလေးပဲရှိတယ်။ အဲဒီနေရာက ပိတ်လိုက်စို့လိုက်လို့ရှိရင် သူတို့ဖက်က ကုန်သွယ်ရေးတွေမရ စသဖြင့် ကုန်ပစ္စည်းတင်သွင်းလို့မရ ဈေးနှုန်းတွေ ကြီးတာတွေ ဖြစ်နေတော့။

အဲဒီ ပြည်နယ်တွေရဲ့  ထွက်ပေါက်က ဗမာနိုင်ငံပဲ ဖြစ်နေတယ်။ အဲဒီ သဘောသဘာဝအရ အိန္ဒိယကို ဆန့်ကျင်တဲ့ စိတ်ဓါတ်မျိုး ဒီပြည်နယ်တွေက ရှိကြတယ်။ အထူးသဖြင့် အနည်းဆုံး (၃) ပြည်နယ်က အဲဒီလိုမျိုး ရှိနေကြတယ်။ ဒါဟာကို ဗမာဖက်ကကြည့်ရင် အခွင့်ကောင်းပဲ။ ဒီဟာကို ဗမာဖက်က အမြတ်ကောင်းကောင်းရအောင် လုပ်မလဲဆိုတာကို လုပ်နိုင်တယ်။ သို့သော် လုပ်တဲ့နေရာမှာ ပြီးခဲ့တဲ့ (၁၅) နှစ်အတွင်းမှာတော့ ဗမာပြည်မှာ စစ်အစိုးရပဲ အုပ်ချုပ်လာတော့ ဗမာပြည်မှာ အကျိုးအမြတ်ရလာတယ်လို့တော့ ကျနော် မမြင်ဘူးခင်များ။

 နယ်စပ်ကုန်သွယ်ရေး ဖွင့်လိုက်တော့ တရုတ်ကုန် နဲ့ ယိုးဒယားကုန်တွေ ဒီဖက်လာပြီးတော့ အိန္ဒိယက ကုန်ဆိုလို့ အနည်းအပါးလောက်ပဲ ဗမာပြည်သွားတယ်။ ကုန်သွယ်ရေး လိုငွေပြလို့ရှိရင် အိန္ဒိယဖက်က အရှုံးပဲပေါ်နေတယ်။ အလားတူ ဗမာပစ္စည်းနဲ့ ဗမာ စီးပွားရေးသမားတွေက လက်ဝေခံလောက်ပဲ ဖြစ်ပြီးတော့ အိန္ဒိယနိုင်ငံသားတွေနဲ့ တရုတ်နိုင်ငံ သားတွေပဲ အမြတ်အစွန်းရတယ်။ ကျနော် ပြောချင်တာက ဘယ်လိုပဲလုပ် လုပ် ဗမာပြည်က ဒီအပေါ်မှာ အခွင့်ကောင်းကို ကျကျနန အစိုးရတရပ် အနေနဲ့ အသုံးချတဲ့အကျင့် မရှိတဲ့အတွက် ဒါက နှစ်ဖက်လုံး အကျိုးမရတဲ့ကာလကို ဖြတ်သန်းကြပြီးဖြစ်တယ်။ ဒီအတွက် အိန္ဒိယဖက်ကလည်း စိတ်ကောင်းအသစ်။ ဗမာပြည်ကလည်း လက်ရှိအစိုးရက စစ်တပ်တပိုင်း၊ အရပ်သားတပိုင်း အစိုးရကလည်း ချဉ်းကပ်မှုအသစ်နဲ့သာ လုပ်မှသာလျှင် နိုင်ငံနှစ်နိုင်ငံ အကျိုးစီးပွားကို ရစေမယ်။ ဒီအတွက်လည်း ကျနော်ထင်တယ် အချိန်ကောင်း၊ အခွင့်ကောင်း ဖြစ်တယ်လို့တော့ ယူဆတယ်။ လုပ်သင့်ကြပါတယ်။
 
ဦးသန်းလွင်ထွန်း ။ ။ နောက်တခု သတိထားမိတာက မူးယစ်ဆေးဝါးကိစ္စ။ မူးယစ်ဆေးဝါးကလည်း အဲဒီဖက်မှာ တော်တော်လေး ပြဿနာရှိတယ်လို့ ကျနော်တို့ ကြားရပါတယ်။ အလားတူပဲ လက်နက်မှောင်ခိုရောင်းဝယ်မှု ကိစ္စတွေလည်း တော်တော်လေး ရှိနေတယ်ဆိုတော့ အဲဒီ ပြဿနာတွေနဲ့ ပတ်သက်လို့။
 
ဦးတင့်ဆွေ ။ ။ ဟုတ်တယ်ခင်များ။ ပထမ မူးယစ်ဆေးဝါးဆိုပါစို့။ မူးယစ်ဆေးဝါးကလည်း ကာလရွေ့ လျားလာတော့ လုပ်ပုံလုပ်နည်းနဲ့ ပစ္စည်းအမျိုးအစားလည်း ပြောင်းလဲလာတယ်ပေါ့။ အရင်တုန်းကလို heroin ဘိန်းဖြူမဟုတ်တော့ဘဲနဲ့ အခုနောက်ပိုင်းကတော့ စိတ်ကြွဆေးနဲ့ ဆိုင်တဲ့ဟာပေါ့။ ဒါပေမဲ့ heroin အတွက် ဗမာပြည်မှာ ရွှေတြိဂံနယ်မြေမှာ heroin ချက်ရအောင်လို့ လိုအပ်တဲ့ အက်စစ်က အိန္ဒိယကနေ ပလက်စတစ်ဂါလံပုံးကြီးတွေနဲ့ ဥဒဟို သွားကြတယ်။ 

အခုနောက်ပိုင်းတော့ မြန်မာပြည်မှာ ယားဘ စိတ်ကြွဆေးထုတ်ဖို့အတွက် ဒီက methamphetamine ကို ဆာလာအိတ်အကြီးကြီးတွေနဲ့ သန်းပေါင်းများစွာသော ဆေးပြားတွေ ဒီဘက်ကသွားနေတာ ဒီနေ့ကာလ။ အဲဒီတော့ ဒီဟာတွေကလည်း ဟိုဘက်အစိုးရ၊ ဒီဘက်အစိုးရ ဘယ်လိုပြောင်းပြောင်း၊ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုက ဆက်ပြီးတော့ ရှိနေတယ်လို့ ကျနော်ထင်တယ် တမျိုးတမည် အသစ်တောင် တိုးလာတယ်လို့ ပြောနိုင်တယ်။ နောက်တခုက လက်နက်ငယ် အရောင်းအဝယ်ကလည်း အခုအထိ ရှိသေးတုန်းပါပဲ။ 

ဗမာပြည်ဖက်ကလာတယ်။ လုပ်တဲ့ပစ္စည်းကလည်း တရုတ်နိုင်ငံလုပ် ပစ္စည်းတွေဖြစ်တယ်။ ဗမာပြည်လာတဲ့အခါမှာ ဗမာပြည်အတွင်း လမ်းကြောင်း ရောက်တဲ့အခါ ဘင်္ဂလားပင်လယ်အော်ဖက်ကနေ ဘင်္ဂလားဒေ့ရှ်ကို ဖြတ်ပြီးဝင်တဲ့ လမ်းကြောင်းလည်း သုံးကြတယ်။ အဲဒီဟာကိုတွေ ဦးတည်ရာကတော့ အရှေ့ မြောက်ပြည်နယ်က သူပုန်တွေဆီပဲဖြစ်တော့ ဒီဟာကလည်း ကျနော်ထင်တယ် လျော့ ကိုမသွားဘူး။ ဆက်ရှိနေတယ်။ အဲဒီနှစ်ခုကလည်း အခြေခံပြဿနာပဲပေါ့။ တစ်အချက်က အရှေ့ မြောက်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် သူပုန်သကန်ကြောင့်မို့ မဖွံ့ဖြိုးနိုင်ဘူး။ နှစ်အချက်က မူးယစ်ဆေးဝါးနဲ့ လက်နက်ရောင်းဝယ်မှုရှိတယ်။ သုံးအချက်ကတော့ ဗမာအစိုးရဖက်က အိန္ဒိယ မျှော်လင့်သလောက် လိုက်ပြီးတော့ ပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့ကျကျ မလုပ်ဘူးဆိုတော့ အိန္ဒိယက ဆက်ပြီးတော့ စိတ်ရှည်သည်းခံရမယ့် အနေအထားလို့ထင်တယ်။
 
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ သဘောကတော့ အိန္ဒိယ-မြန်မာ ဆက်ဆံရေးကိစ္စမှာ အရှေ့ မြောက်ဒေသရဲ့  အခြေအနေအရဆိုရင် ဗမာဖက်က အမြဲတမ်း အသားစီး ဆက်ဆံနေတဲ့ပုံစံ ဖြစ်နေတာပေါ့။
 
ဦးတင့်ဆွေ ။ ။ အဲဒီလိုတော့ ပြောလို့ရတယ်။ ဒါပေမဲ့ အသားစီးဆိုတာ ဘာလဲ။ ဗမာပြည်က အဲဒီ အသားစီးအတွက် အကျိုးအမြတ်ရသလားလို့ မေးရင် ကျနော်ကတော့ အကျိုးအမြတ် မရဘူးလို့မြင်တယ်။ ဗမာစစ်တပ်မှာ အိန္ဒိယလုပ်တဲ့ လက်နက်တွေ ရခဲ့တာ တခုကလွှဲရင် ဘာမှ နံမည်ကောင်းလည်း မရသလို၊ ကျနော်တို့ အရပ်သားတွေအတွက် စီးပွားရေးလုပ်ခွင့်တွေလည်း မရဘူး။ နှစ်နိုင်ငံ မအေးချမ်းမှုကလည်း ဆက်ရှိနေသေးတယ်။ ဆိုတော့ အမြတ်ဆိုတာ သို့မဟုတ် အသားစီးဆိုတာက ဘာလဲပေါ့။ လက်တွေ့မကျရင်တော့ အသားစီးဆိုတာ စာရွက်ပေါ်ပဲတွက်ချက်ဖြစ်နေတာပေါ့။ ဒါကြောင့် ကျနော်မြင်တာက အသားစီးတော့ဟုတ်တယ်။ ဒါပေမဲ့လို့ လူထုမစားရတဲ့ အသားစီးမျိုးဖြစ်နေတော့ ဒါကတော့ မဖြစ်သင့်ဘူးထင်တယ်ခင်များ။
 
ဦးသန်းလွင်ထွန်း ။ ။ အိန္ဒိယ-မြန်မာ လတ်တလော ဆက်ဆံရေးတွေအကြောင်းကို မြန်မာစင်တာ ဒေလီမြို့ ရဲ့  ဥက္ကဋ္ဌ ဦးတင့်ဆွေနဲ့ ဆက်သွယ်မေးမြန်းခဲ့တာပါ။

VOA

RangonNewsDaily:: September 8, 2013

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးပွဲကဏ္ဍမှာ မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းနယ်စပ် တမူးမြို့ အနီး မဏိပူရနယ်ထဲက ကျေးရွာတရွာကို သြဂုတ်လ (၂၂) ရက်နေ့ကတည်းက မြန်မာစစ်တပ်က ဝင်ရောက်ပြီး စခန်းချနေတယ်ဆိုတဲ့ သတင်းတွေအရ အိန္ဒိယ မဏိပူရပြည် နယ်၊ ပြည်နယ်အစိုးရနဲ့ ဗဟိုအစိုးရပိုင်းက စုံစမ်းစစ်ဆေး မှုတွေ ပြုလုပ်နေပါတယ်။

လူမှုရေး လုပ်ငန်းတွင် တက်ကြွစွာ ပါဝင်ခဲ့သည့် အတွက် အီဗာလောင် ဂိုရီးယား ဂုဏ်ပြုဆု ချီးမြှင့်ခံရ

Photo: လူမှုရေး လုပ်ငန်းတွင် တက်ကြွစွာ ပါဝင်ခဲ့သည့် အတွက် အီဗာလောင် ဂိုရီးယား ဂုဏ်ပြုဆု ချီးမြှင့်ခံရ
Sunday, September 8, 2013

ဟောလီးဝုဒ် မင်းသမီးချော အီဗာလောင် ဂိုရီးယားအား လူမှုရေး အသင်းအဖွဲ့ များတွင် ပါဝင် လှုပ်ရှားခဲ့သည့် အတွက် စက်တင်ဘာ ၅ ရက်တွင် ကျင်းပခဲ့သော Hispanic Heritage Awards ဆုပေးပွဲတွင် ဂုဏ်ပြုဆု ချီးမြှင့် ခံရကြောင်း သိရသည်။

အီဗာလောင် ဂိုရီးယားသည် Community Service ဆုအား လူမှုရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှား ခဲ့သည့်အတွက် ရရှိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ဆုပေးပွဲ၌ သူမအပြင် မင်းသား ဒိုင်ဂိုလူနာ၊ မက္ကဆီကို အဆိုတော် Lucero နှင့် Los Tigres Del Norte တို့လည်း ဂုဏ်ပြုဆု ချီးမြှင့်ခံခဲ့ ရကြောင်း သိရသည်။

မြ၀တီ

RangonNewsDaily:: September 8, 2013

ဟောလီးဝုဒ် မင်းသမီးချော အီဗာလောင် ဂိုရီးယားအား လူမှုရေး အသင်းအဖွဲ့ များတွင် ပါဝင် လှုပ်ရှားခဲ့သည့် အတွက် စက်တင်ဘာ ၅ ရက်တွင် ကျင်းပခဲ့သော Hispanic Heritage Awards ဆုပေးပွဲတွင် ဂုဏ်ပြုဆု ချီးမြှင့် ခံရကြောင်း သိရသည်။

"ဆရာတော်ဦးဥတ္တမ အထိမ်းအမှတ်ပွဲ ဘန်ကောက်မြို့မှာ ကျင်းပ"

RangonNewsDaily:: September 8, 2013

မြန်မာ့ လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မှုခဲ့တဲ့ (၇၄)နှစ်မြောက် အခမ်းအနားကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဖလန်ဆောင်အရပ်က ဝပ်လောင်ဘုန်းကြီးကျောင်းမှာ ဒီကနေ့ ပရိသတ် တစ်ထောင်နီးပါးတက်ရောက်ပြီး စည်ကား သိုက်မြိုက်စွာကျင်းပခဲ့ကြပါတယ်

"ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့တိုင်းရင်းသား UNFC အဖွဲ့တို့ ဆွေးနွေး"

RangonNewsDaily:: September 8, 2013

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဌ ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့နဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ကောင်စီ UNFC အဖွဲ့က ဦးနိုင်ဟံသာ ခေါင်းဆောင်တဲ့အဖွဲ့တို့ဟာ ဒီကနေ့ မနက် ၉ နာရီက ထိုင်းနိုင်ငံ ချင်းမိုင်မြို့က Holiday Inn Hotel မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နဲ့ နိုင်ငံရေး ဆွေးနွေးရေးဆိုင်ရာ မူဘောင် ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

"ထန်းကုန်းရွာ အကြမ်းဖက်မူမှာပါဝင်တဲ့ ၄ ဦးကို တရားစွဲဆို"

Photo: "ထန်းကုန်းရွာ အကြမ်းဖက်မူမှာပါဝင်တဲ့ ၄ ဦးကို တရားစွဲဆို"
Sunday, September 8, 2013

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ရက်နေ့က ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးထားသူတွေထဲက လေးဦးကို မီးရှို့မူ အကျိုးစီးပွားဖျက်စီးမူတွေနဲ့ စွဲချက်တင်လိုက်ပြီး ၆ဦးကိုပြန်လွတ်ပေးလိုက်ပြီလို့ သိရပါတယ်။

စွဲချက်တင်ခံရသူ လေးဦးဟာ အုတ်ဖိုရွာက ကိုမင်းလွင်၊ ကိုအောင်ကြီး၊ ကိုကျော်နိုင်ဦးနဲ့ နဲ့ ထန်းတောရွာက ကိုခင်မောင်ထူးတို့ဖြစ်ကြပါတယ်။

သူတို့ကို ကန့်ဘလူမြို့နယ် တရားရုံးက စွဲချက်တင်လိုက်တာဖြစ်တယ်လို့ ရွှေဘိုခရိုင်ရဲမှူးကြီး ဦးအုန်းလှိုင်ကပြောပါတယ်။

ပြန်လွတ်ပေးလိုက်သူ ၆ ဦးဟာ အုတ်ဖိုရွာသား ၃ ဦး အင်ဘက်တောရွာသား၂ ဦးနဲ့ ရေကြည်ရွာက တစ်ဦးတို့ဖြစ်ကြပြီး သူတို့ကို ပုဒ်မ ၁၆၉ အရ ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။

သူတို့ကို သြဂုတ်လ ၂၅ရက်နေ့က ဖမ်းဆီးလိုက်တာဖြစ်ပြီး ပထမဖမ်းဆီးချိန်က ၁၁ဦးဖြစ်ပါတယ်။

အဲ့ဒီဖမ်းထားသူတွေထဲက အုတ်ဖိုရွာသား ကိုဆန်းချို ၃၂နှစ်ဟာ သြဂုတ်လ ၂၈ရက်နေ့က ၀မ်းလျောပြီး ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ လက်ရှိထန်းကုန်းရွာနဲ့ပတ်ဝန်းကျင်ဒေသက အခြေအနေနဲ့ လုံခြုံရေးဆောင်ရွက်မူအနေအထားများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အခြေအနေစတာတွေကို ထန်းကုန်းရွာမှာ လာရောက် ဆောင်ရွက်နေတဲ့ ရွှေဘိုခရိုင် ရဲမှူးကြီး ဦးအုန်းလှိုင်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်း ထားပါတယ်။

RFA

RangonNewsDaily:: September 8, 2013

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ရက်နေ့က ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးထားသူတွေထဲက လေးဦးကို မီးရှို့မူ အကျိုးစီးပွားဖျက်စီးမူတွေနဲ့ စွဲချက်တင်လိုက်ပြီး ၆ဦးကိုပြန်လွတ်ပေးလိုက်ပြီလို့ သိရပါတယ်။