Pages

Pages - Menu

Tuesday, August 20, 2013

မွန်ပြည်နယ် ကျိုက်မရော မြို့နယ်တွင် ယာဉ်တိုက်မှုဖြစ် တစ်ဦးသေဆုံး

RangonNewsDaily:: Aug 20, 2013

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ညောင်ပင်ဆိပ် ကျေးရွာ မော်လမြိုင်-ဘားအံ လမ်းမကြီး (၈/၁) အနီး၌ ယမန်နေ့ နံနက် ၁ဝ နာရီခွဲက ဘားအံ ဘက်မှ
ယာဉ်မောင်း ငွေထွန်း ၄၃ နှစ်(ဘ)ဦးစိုး မောင်းနှင်သည့် စမတ်(၁၁ဝ) အမျိုးအစား ဆိုင်ကယ် (လိုင်စင်စိစစ်ဆဲ)သည် ရန်နိုင် ၃ဝ နှစ်(ဘ) ဦးဆန်းလွင် မောင်းနှင်သည့် နစ်ဆန်း အမျိုးအစား ခြောက်ဘီး မော်တော်ယာဉ် အမှတ် ၁ခ/----- ကို ကျော်တက်စဉ် မော်တော်ယာဉ်နှင့် ချိတ်မိ၍ ဆိုင်ကယ် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့၌ ဆိုင်ကယ် မီးရှို့မှု ဖြစ်ပွား

RangonNewsDaily:: Aug 20, 2013

မွန်ပြည်နယ် ကျိုက်ထိုမြို့ ကံ့ကော်ရပ်ကွက် ကျိုက်ပေါလော ဘုရားဝင်းတွင် ယမန်နေ့ နံနက် ၁ဝ နာရီ ၁၅ မိနစ်က မအိအိမာ၏ ဟွန်ဒါဝေ့ဖ် အနီရောင်ဆိုင်ကယ် အမှတ် ၂၇ယ/-----ကို ၎င်း၏ မတ်တော်စပ်သူ ဇာနည်ဝင်း ၂၄ နှစ်(ဘ) ဦးဆန်းဝင်း ပဲခူးမြို့နေသူက ငွေကြေးကိစ္စနှင့် ပတ်သက်၍ စကားများရာမှ ဆိုင်ကယ်ကို မီးရှို့ဖျက်ဆီးကာ ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။

မော်စီကိုထောက်ခံတဲ့သူတွေနဲ့ဖိရ်အောင်န်သွေးနှောတဲ့သူတွေရဲ့ အီဂျစ်ကစစ်ပွဲ

RangonNewsDaily:: Aug 20, 2013


အီဂျစ်နိုင်ငံရဲ့ခြေအနေကအတော်ဆိုးရွားနေခဲ့ပါပြီ။သမ္မတမော်စီကိုဆက်လက်ထိမ်းသိမ်းထားဦးမယ်လို့
လည်း သိရပါတယ်၊

လက်ပံတောင်းအရေး တစ်ကိုယ်တော် ဆန္ဒပြသူကို ရဲကထိန်းသိမ်း

RangonNewsDaily:: Aug 20, 2013

ရန်ကုန်မြို့၊ မြို့တော်ခန်းမအရှေ့မှာ ဒီနေ့မနက်က လက်ပံတောင်းအရေး တစ်ကိုယ်တော်ဆန္ဒပြနေတဲ့ မျိုးဆက်သစ်လူငယ်များအဖွဲ့ Generation Youth မှ ကိုကျော်သူအား ကျောက်တံတားရဲစခန်းမှ တာဝန်ရှိသူများက ခေါ်ယူထိန်းသိမ်းလိုက်ပါတယ်။

ခုနှစ်ဆင့် ရေတံခွန်ကို မြန်မာနိုင်ငံတွင် ပထမဆုံး တွေ့ရှိ

ခုနှစ်ဆင့် ရေတံခွန်ကို မြန်မာနိုင်ငံတွင် ပထမဆုံး တွေ့ရှိ
Tuesday, August 20, 2013

မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် ခုနှစ်ဆင့်ပါသော ရေတံခွန်တစ်ခုကို ကချင်ပြည်နယ်မြစ်ကြီးနားမြို့နှင့် ၁၆ မိုင်ခန့်အကွာ ဆဒုံးမြို့နား မရောက်မီ တောနက်ကြီးတစ်ခုထဲတွင် အမှတ်မထင် တွေ့ရှိခဲ့ရကြောင်း သြဂုတ်လ ၁၄ ရက်တွေင် ဒေသခံတစ်ဦးကပြောကြားခဲ့ သည်။ “အရင်တုန်းက ဒီတောက တအားနက်တယ်။ သစ်ပင်တွေ ထူတယ်။ ပိန်းပိတ်အောင် ပေါက်ရောက် တယ်။ အဲဒီမှာ တရုတ်-မြစ်ကြီးနား ကမ်မန်စီလမ်းဖောက်တော့
သစ်ပင်တွေခုတ်ရင်းနဲ့ ဒီခုနှစ်ဆင့် ရေတံခွန်ကို တွေ့တာပါ” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ယင်းသို့ အမှတ်မထင် တွေ့ရှိခဲ့သော ခုနှစ်ဆင့် ရေတံခွန်သည် ဆဒုံးမြို့ နယ်နား၌ တွေ့ရသည့်အတွက် ဆဒုံးရေတံခွန် ဟု ခေါ်ဆိုကြပြီး ၄င်းရေတံခွန် ကို ၂၀၀၈ခုနှစ်က တွေ့ရှိခဲ့ကြသော်လည်း နယ်မြေ မလုံခြုံခြင်း နှင့် မိုင်းများ ပေါများသောကြောင့် ဒေသခံများအနေဖြင့် ရေတံခွန် အဆင့်သုံးဆင့်အထိသာ ရောက်ရှိကြပြီးခုနှစ်ဆင့်အထိ ရောက်ရှိခဲ့သူ အချို့လည်းရှိကြောင်း သိရသည်။ပြင်ဦးလွင်မှ နာမည်ကျော် ပွဲကောက် ရေတံခွန်သည် အဆင့်လေးဆင့်သာရှိကြောင်းသိရပြီး ယင်းဒေသ များ ကို လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် လုပ်ပေးပြီး နယ်မြေအေးချမ်းပါ က ခရီးသွားများ အထူးနှစ်ခြိုက်စွာ သွားရောက်လည်ပတ် ကြမည်ဖြစ်ကြောင်း သိရသည်။

“ဒီနေရာကို နောက်ပိုင်းမှာ နယ်မြေအေးချမ်းပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် လုပ်ပေးလိုက်ရင် နိုင်ငံခြားသား ခရီးသွားတွေရော ပြည်တွင်းခရီးသွားတွေပါ အထူးနှစ်ခြိုက် လည်ပတ်ကြလိမ့်မယ်” ဟု နိုင်ငံခြား လမ်းညွှန်တစ်ဦးက ပြောသည်။ ဆဒုံးရေတံခွန်သည် အဆင့် ခုနှစ်ဆင့် ပါ ရှိသော ရေတံခွန်တစ်ခုဖြစ်ပြီး အေးမြသော တောင်ကျရေများ ၂၄ နာရီစလုံး စီးဆင်းနေပြီး ယခုချိန်ထိ ၄င်းရေတံခွန် အကြောင်း မည်သူမျှ တွင်တွင်ကျယ်ကျယ်မသိရှိသေးကြောင်း သိရသည်။

ပြည်မြန်မာ

RangonNewsDaily:: Aug 20, 2013

မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် ခုနှစ်ဆင့်ပါသော ရေတံခွန်တစ်ခုကို ကချင်ပြည်နယ်မြစ်ကြီးနားမြို့နှ
င့် ၁၆ မိုင်ခန့်အကွာ ဆဒုံးမြို့နား မရောက်မီ တောနက်ကြီးတစ်ခုထဲတွင် အမှတ်မထင် တွေ့ရှိခဲ့ရကြောင်း သြဂုတ်လ ၁၄ ရက်တွေင် ဒေသခံတစ်ဦးကပြောကြားခဲ့ သည်။

ချင်းမိုင်မြို့ မြန်မာဘုန်းကြီးကျောင်း မြန်မာကျောင်းထိုင်ဆရာတော် ခန့်အပ်

RangonNewsDaily:: Aug 20, 2013

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရှိတဲ့ ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်းအတွက် ကျောင်းထိုင်ဆရာတော်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အဘိဓမ္မာပိဋကတ်တော်တွေကို သင်ကြားပေးနေတဲ့ မြန်မာဆရာတော် ဘဒ္ဒန္တကောဏ္ဍညကို ခန့်အပ်တင်မြောက်ပွဲကို အဲဒီကျောင်းမှာပဲ ဒီကနေ့မနက် ကျင်းပခဲ့ပါတယ်။

ဘိန်းစ်နှင့် ဖယ်လိုင်နီတို့အတွက် မန်ယူကမ်းလှမ်းမှုကို အဲဗာတန်ပယ်ချ

ဘိန်းစ်နှင့် ဖယ်လိုင်နီတို့အတွက် မန်ယူကမ်းလှမ်းမှုကို အဲဗာတန်ပယ်ချ
Tuesday, August 20, 2013

အဲဗာတန်ကို မန်နေဂျာအဖြစ် တာဝန်ယူဖူးသည့် ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ်သည် မော်ရို ဖယ်လိုင်နီနှင့် လေတန်ဘိန်းစ် တို့ နှစ်ဦးအတွက် ပေါင်စတာလင် (၂၈)သန်းဖြင့် ကမ်းလှမ်းခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

မန်ချက်စတာ ယူနိုက်တက် အသင်းက မိမိတို့၏ ကစားသမား (၂)ဦးကို ပေါင်စတာလင် (၂၈)သန်းဖြင့် ကမ်းလှမ်းခဲ့ခြင်းအပေါ် အဲဗာတန်က ဒေါသတကြီး ပယ်ချခဲ့ကြောင်း သိရှိရသည်။ အဲဗာတန်ကို မန်နေဂျာအဖြစ် တာဝန်ယူဖူးသည့် ယူနိုက်တက် မန်နေဂျာ ဒေးဗစ် မိုယက်စ်သည် မော်ရို ဖယ်လိုင်နီနှင့် လေတန်ဘိန်းစ်တို့ နှစ်ဦးအ တွက် ပေါင်စတာလင် (၂၈)သန်းဖြင့် ကမ်းလှမ်းခဲ့ကြောင်း သတင်းများ က ဖော်ပြခဲ့သည်။ အင်္ဂလန် ချန်ပီယံ အသင်းသည် ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူ ဖယ်လိုင်နီအတွက် ပေါင်စတာလင် (၁၆)သန်း၊ အင်္ဂလန် လက်ရွေးစင် ဘယ်နောက်ခံလူ ဘိန်းစ်အတွက် ပေါင်စတာလင် (၁၂)သန်း အသီးသီး ဈေးနှုန်းသတ်မှတ် ချဉ်းကပ်ခဲ့ခြင်းဟု ဆိုသည်။

ဖယ်လိုင်နီ တစ်ဦးတည်းကိုပင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၂၃.၅) သန်း ဈေးနှုန်း သတ်မှတ်ထားသည့် အဲဗာတန်အတွက် ယခုကမ်းလှမ်းမှု သည် စိတ်ပျက်စရာ ဖြစ်ခဲ့ကြောင်း သိရသည်။ ယခုသတင်းကို Liverpool Echoက ဖော်ပြခဲ့ပြီး အဲဗာတန်က ယူနိုက်တက်၏ ချဉ်းကပ်မှုကို ချက်ချင်း ပယ်ချလိုက်ခြင်းမှာ အဆန်းမဟုတ်ဟုလည်း သုံးသပ် ရေးသားခဲ့သည်။ မိုယက်စ်သည် ယခုနွေရာသီတွင် ယူနိုက်တက်အတွက် အထင်ကရ ကစားသမားသစ် ဖြည့်တင်းမှုမျိုး မပြုလုပ်နိုင်သေးဘဲ ရှိနေသည်။

ဗြိတိန်တွင် ယူနိုက်တက် အားပေးသူများကြား လူသိများသည့် ပရိသတ် တစ်ဦးဖြစ်သော အီမန်ဟုမ်းလ်က အဲဗာတန်က ဖယ်လိုင်နီနဲ့ ဘိန်းစ်အတွက် ယူနိုက်တက်က ကမ်းလှမ်းတဲ့ ပေါင်စတာလင် (၂၄)သန်း တန် ပြောင်းရွှေ့ကြေးကို ပယ်ချခဲ့ပါတယ်။ ဒါဟာ မှန်ကန်တယ်လို့ ပြော ရမှာပါ။ ယူနိုက်တက် လုပ်ပုံက နောက်နေသလိုပဲဟု Twitterတွင် အရွှမ်းဖောက် ရေးသားသွားသည်။

Planet Myanmar Network

RangonNewsDaily:: Aug 20, 2013
အဲဗာတန်ကို မန်နေဂျာအဖြစ် တာဝန်ယူဖူးသည့် ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ်သည် မော်ရို ဖယ်လိုင်နီနှင့် လေတန်ဘိန်းစ် တို့ နှစ်ဦးအတွက် ပေါင်စတာလင် (၂၈)သန်းဖြင့် ကမ်းလှမ်းခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ပြန်ကြားရေးနဲ့ စာနယ်ဇင်းကောင်စီ တို့အကြား တချို့သဘောတူညီမှု ရှိ

ပြန်ကြားရေးနဲ့ စာနယ်ဇင်းကောင်စီ တို့အကြား တချို့သဘောတူညီမှု ရှိ

ပြန်ကြားရေး ၀န်ကြီးဌာနနဲ့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ ( ယာယီ)တို့အကြား သဘောထားကွဲလွဲမှုတွေ ဆက်ဆွေးနွေးမယ်ဆိုတဲ့ သဘောတူညီချက် အတိုင်း ဆက်လက်ဆွေးနွေးခဲ့ရာ တချို့ကို ညှိနှိုင်း သဘော တူညီမှု ရရှိခဲ့တယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဆိုက်ကဆိုပါတယ်။

"တွေ့ဆုံ ဆွေးနွေးရာတွင် သဘောထား ကွဲလွဲနေသည့် ၁၄ ချက်အား နှစ်ဘက် ညှိနိုင်းဆွေးနွေး သဘော တူညီချက် ရရှိခဲ့ပြီး ကျန်ရှိနေသည့် အချက် (၃) ချက်အပေါ် လွှတ်တော်တွင် ဆက်လက် ဆွေးနွေးဆောင် ရွက် သွားကြမည်ဖြစ်ကြောင်း" လို့ ပြန်ကြားရေး ၀က်ဆိုက်မှာ ဖော်ပြထားပါတယ်။ 

ပြန်ကြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့် ဦးစီးသော တာဝန်ရှိ သူများနှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ) ဥက္ကဌ ဦးခင်မောင်အေး ဦးစီးတဲ့အဖွဲ့တို့ဟာ ရန်ကုန်မြို့၊ ယုဇန တာဝါ ရှိ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ) ရုံးခန်းမှာ ဩဂုတ်လ (၁၇) ရက်နေ့ နံနက်ပိုင်း က၊ မြန်မာ
နိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ ရေးဆွဲတင်သွင်းမည့် သတင်းမီဒီယာ ဥပဒေကြမ်း အပေါ် နှစ်ဘက် ကြား သဘောထား ကွဲလွဲချက် (၁၇) ချက်နှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါ တယ်။ 

သြဂုတ်လ ၁၂ ရက်နေ့က ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည်နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ( ယာယီ) တို့အကြားဆွေးနွေးခဲ့တုန်းက တိကျတဲ့အဖြေမထွက်ခဲ့ကြပါဘူး။ 

အဲဒီနောက် စာနယ်ဇင်း ကောင်စီ နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းနဲ့လည်း တွေ့ဆုံပြီး တစုံတရာ အဆင်ပြေခဲ့တယ်လို့ ပြောလို့ရပါတယ်။ 

Irrawaddy

RangonNewsDaily:: Aug 20, 2013
ပြန်ကြားရေး ၀န်ကြီးဌာနနဲ့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ ( ယာယီ)တို့အကြား သဘောထားကွဲလွဲမှုတွေ ဆက်ဆွေးနွေးမယ်ဆိုတဲ့ သဘောတူညီချက် အတိုင်း ဆက်လက်ဆွေးနွေးခဲ့ရာ တချို့ကို ညှိနှိုင်း သဘော တူညီမှု ရရှိခဲ့တယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဆိုက်ကဆိုပါတယ်။

ပြည်မြို့တွင် လူကုန်ကူးမှု ရုံးတင်စစ်ဆေး

ပြည်မြို့တွင် လူကုန်ကူးမှု ရုံးတင်စစ်ဆေး
**************************
20.8.2013

ပဲခူးတိုင်း၊ ပြည်ခရိုင်တွင် ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုတစ်ခုနှင့် ပတ်သက်၍ သံသယရှိသူတစ်ဦးကို ခရိုင်တရားရုံး၌ သြဂုတ် ၁၉ ရက်တွင် ရုံးတင်စစ်ဆေးခဲ့ကြောင်း အဆိုပါတရားရုံးမှ စုံစမ်းရရှိသည်။

တရားစွဲခံနေရသူမှာ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သဲခုံကျေးရွာမှ ဒေါ်သန်းမြဆိုသည့် အမျိုးသမီးကြီး ဖြစ်ပြီး ၎င်းသည် ယခုအမှု၏ တရားလိုများဖြစ်သည့် အမျိုးသမီးနှစ်ဦးကို တစ်လကျပ်ရှစ်သောင်းရသည့် ထမင်းဆိုင် အလုပ်သမားအဖြစ် အလုပ်သွင်းပေးမည်ဟုဆိုကာ ကချင်ပြည်နယ်တွင် ရောင်းစားခဲ့ကြောင်း စွပ်စွဲခံထားရသည်။

“ဘာထမင်းဆိုင်မှ မရှိဘူး။ အနှိပ်ခန်း တစ်ခုတည်းရှိတယ်။ ကျွန်မတို့ကို ဆံပင်ညှပ် ပုံစံပြောင်းပစ်တယ်။ ပြန်ခွင့် မပေးဘူး။ အဲဒီမှာ ယောက်ျားလေးတွေနဲ့ အိပ်ရတယ်။ ဧည့်သည်ကို အဆင်ပြေအောင် မဆက်ဆံရင် ခြောက်ပေါက်ချတယ်” ဟု အမှု၏ တရားလို တစ်ဦးဖြစ်သည့် အမျိုးသမီးက ရှင်းပြသည်။

၎င်းတို့သည် ကချင်ပြည်နယ်၊ တနိုင်းမြို့ ထမ္မစီရွာအနီးရှိ ရွှေတူးဖော်ရေးလုပ်ကွက်အနီးရှိ အိပ်မက်ချစ်သူ အနှိပ်ခန်းတွင် ရောင်းစားခြင်းခံခဲ့ရပြီး လာထုတ်မည့်သူမရှိလျှင် လွှတ်မပေးနိုင်ဟု အနှိပ်ခန်းပိုင်ရှင်များက ပြောကြောင်း ကာယကံရှင်တို့က ဆိုသည်။

အနှိပ်ခန်းပိုင်ရှင်သည် သူတို့ထံမှ နိုင်ငံသား မှတ်ပုံတင်ကတ်ကို သိမ်းထားပြီး မိသားစုနှင့် ဆက်သွယ်ခွင့်လည်း မပေးကြောင်း လူကုန်ကူးခံရသည့် အမျိုးသမီးတစ်ဦးက ဖွင့်ဟသည်။

၎င်းတို့ကဲ့သို့ပင် ရွှေတောင်မြို့မှ အမျိုးသမီး ၂၀ ခန့်သည်လည်း ယင်းအနှိပ်ခန်းတွင် ရှိနေသေးပြီး ပြန်ခွင့်လည်း မရသေးကြောင်းလည်း ၎င်းတို့က ဆက်ရှင်းပြသည်။

“အမေဆီကို အဆက်အသွယ်ရအောင်လုပ်ပြီး ရဲစခန်းတိုင်လိုက်တယ်။ ရဲက သူတို့ဆီ ဖုန်းတန်းဝင်လာပြီး ပြန်လွှတ်ပေးဖို့ ပြောတယ်။ အချိန်တွေ ဆွဲထားသေးတယ်။ တစ်ယောက်တည်းပြန် တစ်ယောက် ထားခဲ့ဖို့
ပြောတယ်။ ရက်တွေရွှေ့တယ်။ နောက်ဆုံးရန်ဖြစ်ပြီး နှစ်ယောက်လုံး ရအောင်ပြန်လာခဲ့တယ်” ဟု လူကုန်ကူး ခံရသည့် မအေးအေး (အမည်လွှဲက) သူတို့ ပြန်လည်လွတ်မြောက်လာခဲ့ပုံကို ပြောကြားခဲ့သည်။

မအေးအေးတို့နှစ်ဦးသည် လမ်းစရိတ်မလုံလောက်သည့်အတွက် ဧည့်သည်များနှင့် ညအိပ်ပြီးပြန်လာခဲ့ရကြောင်း၊ လူကုန်ကူးမခံရမီက သူတို့သည် အိမ်ထောင်ကျပြီး ကာမပိုင် လင်ယောက်ျားများလည်းရှိကြောင်း ကာယကံရှင်များ ထံမှ သိရသည်။

လက်ရှိတွင် မအေးအေးတို့ ရောင်းစားခံခဲ့ရသည့် အနှိပ်ခန်းတွင်ရှိနေသော ရွှေတောင်မြို့မှ အသက် ၂၀ အရွယ် မိန်းကလေးတစ်ဦးကို ယင်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ အကူအညီဖြင့် ပြန်လည်
ခေါ်ယူနိုင်တော့မည်ဟုလည်း ယင်းပါတီ၏ အလုပ်အမှုဆောင်အဖွဲ့ထံမှ သိရသည်။

ရွှေတောင်မြို့နယ် NLD ပါတီ၏ အမှုဆောင် ဦးမင်းမော်က “ဖုန်းနဲ့ဆက်သွယ်ထားတယ်။ ကောင်မလေး ပြန်ရောက် တာနဲ့တရားစွဲမယ်”ဟုလည်း ဆိုသည်။

အနှိပ်ခန်းတွင် ကျန်ရှိနေသေးသည့် အမျိုးသမီးငယ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများက မည်သို့ ဆက်လက် ဆောင်ရွက်ပေးမည်ကိုမူ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

Mizzima

RangonNewsDaily:: Aug 20, 2013
ပဲခူးတိုင်း၊ ပြည်ခရိုင်တွင် ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုတစ်ခုနှင့် ပတ်သက်၍ သံသယရှိသူတစ်ဦးကို ခရိုင်တရားရုံး၌ သြဂုတ် ၁၉ ရက်တွင် ရုံးတင်စစ်ဆေးခဲ့ကြောင်း အဆိုပါတရားရုံးမှ စုံစမ်းရရှိသည်။

မြ၀တီမြို့နယ်ရှိ ဒေသခံတစ်ဦးကို မြန်မာစစ်တပ် ခြိမ်းခြောက်ပစ်ခတ်

RangonNewsDaily:: Aug 20, 2013

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် အူကလေးထာ့ကျေးရွာတွင် လက်ရှိ လာရောက်လှုပ်ရှားနေသည့် မြန်မာအစိုးရစစ်တပ်က ၎င်း တို့ကို ထော်လာဂျီကားဖြင့် အကြိုအပို့ လုပ်ပေးနေသည့် ဒေသခံတစ်ဦးအား သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်ခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

တပ်သိမ်းမြေ ပြန်မရရှိပါက လယ်သမား ၆၀ ကျော် ထွန်တုံးတိုက်ပွဲဆင်နွှဲမည်

ဒီပဲယင်း၊ RangonNewsDaily:: Aug 20, 2013

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် မြင့်တန့်ကျေးရွာရှိ တပ်သိမ်းမြေများ ပြန်လည် မရရှိပါက လယ်သမား ၆၀ ကျော်က ထွန်တုံးတိုက်ပွဲ ဆင်နွှဲသွားမည် ဖြစ်ကြောင်း မြင့်တန့်ကျေးရွာ လယ်သိမ်းခံ တောင်သူတစ်ဦးဖြစ်သူ ဦးမြင့်လွင်က ပြောကြားသည်။