Pages

Pages - Menu

Monday, August 12, 2013

အီဂျစ် ပိုင်နက်နယ်မြေ အတွင်းသို့ အစ္စရေး မောင်းသူမဲ့ လေယာဉ်များ ဝင်ရောက် တိုက်ခိုက်

အီဂျစ် ပိုင်နက်နယ်မြေ အတွင်းသို့ အစ္စရေး မောင်းသူမဲ့ လေယာဉ်များ ဝင်ရောက် တိုက်ခိုက်
Monday, 12 August 2013

အစ္စရေး နိုင်ငံသည် အီဂျစ်နိုင်ငံ၏ ပိုင်နက် နယ်မြေဖြစ်သည့် ဆိုင်းနိုင်း
ကျွန်းဆွယ် အတွင်းသို့ သြဂုတ် ၁ဝရက် ည ပိုင်းက မောင်းသူမဲ့ လေယာဉ်
များ (အပေါ်ပုံ)ဖြင့် လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသ
တွင်း သတင်းဌာနတစ်ခုက သြဂုတ် ၁၁ရက်တွင် ထုတ်ပြန် ကြေညာ
ခဲ့သည်။

မောင်းသူမဲ့ လေယာဉ်များ၏ လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် အနည်းဆုံးငါးဦး သေဆုံးခဲ့ပြီး ၎င်းသေဆုံး သူများမှာ အစ္စရေး နိုင်ငံအပေါ် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ရန်အတွက် ကြိုတင် ကြံစည် နေသူ
များနှင့် အကြမ်းဖက် သမားဟု သံသယရှိသူများ ဖြစ်ကြောင်း သိရသည်။

ထိုသို့မောင်းသူမဲ့ လေယာဉ်များဖြင့် လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်မှု
သည် အီဂျစ်နိုင်ငံနှင့် ကြိုတင် သဘော တူညီချက်ရယူပြီးမှသာ တိုက်ခိုက်
ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အီဂျစ်နယ်မြေ အတွင်း ၁၉၇၉ ခုနှစ်နောက်ပိုင်း အစ္စရေးတို့၏ ပထမဆုံးအကြိမ် လေကြောင်း စစ်ဆင် မှု ဖြစ်ကြောင်း သိရသည်။

အီဂျစ် စစ်ဘက် အနေဖြင့်လည်း ဆိုင်းနိုင်း ကျွန်းဆွယ်ရှိ စစ်သွေးကြွများကို တိုက်ခိုက် ချေမှုန်းရေး အတွက် ရဟတ် ယာဉ် များဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှု အပါအဝင် အင်အားသုံး တိုက်ခိုက်မှုများ ပြုလုပ်ရန် စီစဉ် ထားကြောင်းနှင့် ၂ဝ၁၃  ခုနှစ်  ဇူလိုင်လတွင်လည်း  အဆိုပါ နေရာရှိ  စစ်သွေးကြွ ၆ဝခန့် ကို သုတ်သင်နိုင်ခဲ့ကြောင်း သိရသည်။

မြ၀တီ

RangonNewsDaily:: Aug 12, 2013

အစ္စရေး နိုင်ငံသည် အီဂျစ်နိုင်ငံ၏ ပိုင်နက် နယ်မြေဖြစ်သည့် ဆိုင်းနိုင်း
ကျွန်းဆွယ် အတွင်းသို့ သြဂုတ် ၁ဝရက် ည ပိုင်းက မောင်းသူမဲ့ လေယာဉ်
များ (အပေါ်ပုံ)ဖြင့် လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသ
တွင်း သတင်းဌာနတစ်ခုက သြဂုတ် ၁၁ရက်တွင် ထုတ်ပြန် ကြေညာ
ခဲ့သည်။

ဒုတိယ ကမ္ဘာစစ် လက်ကျန် အမြောက်ဆန် တစ်လုံး ရုရှားပန်းခြံ အတွင်း တွေ့ရ

RangonNewsDaily:: Aug 12, 2013

ဒုတိယ ကမ္ဘာစစ် လက်ကျန် အမြောက်ဆန် တစ်ခုကို မော်စကိုမြို့ အနောက်ပိုင်း ဖီလီပန်းခြံ အတွင်း၌ တွေ့ရှိခဲ့ကြောင်း ရုရှားရဲတပ်ဖွဲ့က သြဂုတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။

အီဒ်းနေ့တွင်အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ ရိုဟင်ဂျာများ ကုလသမ္မဂအထူးကိုယ်စားလှယ်နှင့် တွေ့ခွင့်ရရန်ကြိုးပမ်းမည်

အီဒ်းနေ့တွင်အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ ရိုဟင်ဂျာများ ကုလသမ္မဂအထူးကိုယ်စားလှယ်နှင့် တွေ့ခွင့်ရရန်ကြိုးပမ်းမည်

Kolatt(PBDN) :: Aug 12, 2013

ရခိုင်ပြည်နယ် စစ်တွေမြို့ ရှိရိုဟင်ဂျာဒုက္ခသည် စခန်းသို့ Mr. Thormas
Ojheia Qiuentana တို့အဖွဲ့ရောက်လာပါမည်ဟုသိရ၍အလွန်ဝမ်းသာမိပါတယ်
ကြိုဆိုပါ၏။

စိုးရိမ်နေတာတခုကကျွန်တော်တို့ဒုက္ခသည်စခန်းတွင် လုံခြုံရေးတွေထူ
ထပ်စွာချထားပါတယ် ကျွန်တော်တို့တွေကင် တားနားနှင့်ဆုံလို့မရ အောင် အာဏာ
ပိုင်တွေလုံခြုံရေးယူထားတယ်။

အိန်သျှားအလ္လာဟ် လုံခြုံရေးတွေဘယ်လောက်ထူထပ်စွာချထားပါစေ
ယုတ်စွအဆုံးတစ်အိမ်တစ်ယောက်ကျချထားပါစေ ကျွန်တော်တို့ရိုဟင် ဂျာတွေ
ကြိုဆိုနေတယ့်ကင် တားနားနှင့်ရ အောင်တွေ့မာပဲ၊ပြောမာပဲ၊ငြိမ်းချမ်းစွာဆန္ဒဖေါ်
ထုတ်ပြမာပဲ။သေရမာကိုမ ကြောက်ပါဘူးအိဒ်နေ့မှာလည်းသေခဲ့တာပဲ၊နောက်ထပ်
လည်းအ သေခံဖို့အဆင် သင့်ပါ။

ကောလ်မာဖတ်ထားတယ့်အိစ္စလာမ်သွေးစည်းညီနောင် များတို့ကွန်တော်တို့ရိုဟင် ဂျာအတွက်
ဒူဝါလုပ်ကြပါလို့ စိတ်အားထားသန်စွာရိုဟင် ဂျာအ ရေးလှုပ် ရှားနေသူဒုက္ခသည်တစ်ဦးမှ SALLAM OIC NEWSသို့သတင်းပေးပို့ထားပါတယ်။

SALLAM OIC NEWSသို့သတင်းပေးပို့ချက်ဖြစ်ပါတယ်။

ALL YOU CAN DO IS PRAY်

RangonNewsDaily:: Aug 12, 2013
ရခိုင်ပြည်နယ် စစ်တွေမြို့ ရှိရိုဟင်ဂျာဒုက္ခသည် စခန်းသို့ Mr. Thormas
Ojheia Qiuentana တို့အဖွဲ့ရောက်လာပါမည်ဟုသိရ၍အလွန်ဝမ်းသာမိပါတယ်
ကြိုဆိုပါ၏။

အင်ဒိုနီးရှားနိုင်ငံတွင် မီးတောင်ပေါက်ကွဲမှု ဖြစ်ပွား

Photo: အင်ဒိုနီးရှားနိုင်ငံတွင် မီးတောင်ပေါက်ကွဲမှု ဖြစ်ပွား
Monday, August 12, 2013

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Palue ကျွန်းပေါ်မှာ ပြီးခဲ့တဲ့ စနေနေ့က မီးတောင် ပေါက်ကွဲခဲ့တဲ့အတွက် လူ ၃ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့

သိရပါတယ်။ မီးတောင်ပေါက်ကွဲမှု ဟာ Rokatenda တောင် မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ မီးတောင်မှ ထွက်ရှိလာတဲ့ ပြာ မှုန်တွေ၊ ချော်ရည်တွေ နဲ့ မီးခိုးတွေကြောင့် လူ ၃ဦး သေဆုံးခဲ့ပြီး၊ ၃ဦး ပျောက်ဆုံး လျက်ရှိပါတယ်။ ဒါ့အပြင် ကျွန်းပေါ်နေ လူဦးရေရဲ့ ထက်ဝက်ခန့်ဖြစ်တဲ့ လူ သုံးထောင်ကို ဘေးလွတ်ရာ သို့ ပြောင်းရွှေ့ပေးခဲ့ရပါတယ်။

အဲ့ဒီမီးတောင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ကတည်းက အစပြုလှုပ်ခတ် နေခဲ့တာဖြစ်ပြီး အင်ဒိုနီးရှား အစိုးရကတော့ မီးတောင်အနီး ပတ်လည် ၃ကီလိုမီတာကို အန္တရာယ်ဇုန် အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

နိုင်ငံတွင်း မီးတောင်ရှင် ၁၂၀ကျော်ရှိပြီး လွန်ခဲ့တဲ့ ၃နှစ်က ဂျာဗားကျွန်းပေါ်ရှိ Merapi မီးတောင် ပေါက်ကွဲမှုကြောင့် လူရာ ပေါင်းများ စွာ သေဆုံးခဲ့ဖူးတယ်လို့ သိရပါတယ်။

MRTV4

RangonNewsDaily:: Aug 12, 2013

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Palue ကျွန်းပေါ်မှာ ပြီးခဲ့တဲ့ စနေနေ့က မီးတောင် ပေါက်ကွဲခဲ့တဲ့အတွက် လူ ၃ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျောင်းရေလောင်းအိမ်သာ အောက်ခြေအင်္ဂတေကြမ်းခင်းပြိုကျ ကျောင်းသူသုံးဦးသေ၊ ၁၂ ဦး ဒဏ်ရာရ

RangonNewsDaily:: Aug 12, 2013

ရန်ကုန်- ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်အတွင်းရှိ ၀မ်ကန်တွဲဖက်အခြေခံပညာအထက်တန်းကျောင်း၌ သြဂုတ် ၉ရက် နံနက်ပိုင်းက ကျောင်းသုံးရေလောင်းအိမ်သာ ငါးခန်းတွဲနှစ်ခု၏ အောက်ခြေအင်္ဂတေ ကြမ်းပြင် ပြိုကျခဲ့ရာ ကျောင်းသူသုံးဦးသေဆုံး၍ ၁၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ဒီကနေ့ကျောင်းသားခေါင်းဆောင် ဆိုတဲ့ လူတွေအားလုံးက ရှစ်လေးလုံး အရေးအခင်းမှာ ဘာမှ ထဲထဲဝင်ဝင်လုပ်ခဲ့ကြတာ မရှိဘူး (ကိုယ်တွေ့ဖြစ်ရပ်မှန်)

Photo: ဒီကနေ့ကျောင်းသားခေါင်းဆောင် ဆိုတဲ့ လူတွေအားလုံးက ရှစ်လေးလုံး အရေးအခင်းမှာ ဘာမှ ထဲထဲဝင်ဝင်လုပ်ခဲ့ကြတာ မရှိဘူး (ကိုယ်တွေ့ဖြစ်ရပ်မှန်)
Monday, August 12, 2013

၁၉၈၈ တုန်းက ဆန္ဒပြပွဲတွေကို ကျောင်းသားတွေက စတင်ဦးဆောင်ခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ကျောင်းသားတွေထဲမှာမှ ဦးဆောင်တဲ့ ကျောင်းသားခေါင်းဆောင်ဆိုတာ မရှိပါဘူး။ ၈၈ ကျောင်းသား ခေါင်းဆောင်ဆိုတဲ့ စကားလုံးက ရှစ်လေးလုံးအရေးတော်ပုံဖြစ်ပြီး ၅ နှစ်လောက်ကြာမှ ပြည်ပအခြေစိုက် မီဒီယာတွေက သူတို့တင်ချင်တဲ့လူတွေကို ကျောင်းသားခေါင်းဆောင်ဆိုပြီး တင်ပေးလိုက်တာပါ။ တကယ်တမ်း ကျတော့ ဒီကနေ့ ကျောင်းသားခေါင်းဆောင်ဆိုတဲ့ လူအားလုံးက ဆန္ဒပြပွဲတွေမှာ ရှေ့ကနေဦးဆောင်ခဲ့တဲ့ လူတစ်ယောက်မှ မပါပါဘူး။

ကိုဆလိုင်းကိုကိုဦး၊ ကိုဗထူးမောင် တို့ကမှ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် စစ်စစ်တွေ ဖြစ်ပါ တယ်။ ကျောင်းသားတွေကို ဘာမှ ခေါင်းဆောင်မှု မပေးခဲ့ပါဘူး။ အခု နာမည်ခံ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဌေးကြွယ်၊ ကိုမိုးသီးဇွန် စတဲ့ ပုဂ္ဂိုလ်များကလည်း ဆန္ဒပြကျောင်းသား တွေနဲ့ လှုပ်ရှားနေတဲ့လူထုကို ဘာမှခေါင်းဆောင်မလုပ်ခဲ့ပါဘူး။ ဘယ်ကနေ ဘယ်လို ခေါင်းဆောင်ဖြစ်သွား တယ်ဆိုတာကိုတော့ သူတို့ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။


ရှစ်လေးလုံး ဆန္ဒပြပွဲ မတိုင်ခင်မှာ ရှေ့မှာဆန္ဒပြပွဲ (၇) ပွဲရှိပါတယ်။ ၃-၈-၈၈ ရက်နေ့ပွဲက ခုနှစ် ခုမြောက်ဆန္ဒပြပွဲဖြစ်ပြီး ၈-၈-၈၈ ရက်နေ့ ဆန္ဒပြပွဲကတော့ ၈ ခုမြောက် ဆန္ဒပြပွဲဖြစ်ပါတယ်။ အဲဒီ ဆန္ဒပြပွဲ ရှစ်ခု လုံးမှာ ဒီကနေ့ နာမည်ကြီးနေတဲ့ ကျောင်းသားခေါင်းဆောင် ဆိုတဲ့လူတွေ တစ်ယောက်မှ မပါပါဘူး။ သူတို့ကို မေးကြည့်လို့ရပါတယ်။ အရေးအခင်းတုန်းက “သပိတ် သပိတ်၊ မှောက်မှောက်” “မီးဒုတ် မီးဒုတ်၊ ရှို့ရှို့” “ဒီမို ကရေစီ ရရှိရေး၊ ဒို့အရေး” အဲလိုတွေ လက်သီးလက်မောင်းတန်းပြီး အော်ကြတာပါ။ အခု ကျောင်းသား ခေါင်းဆောင် ဆိုတဲ့ ကိုမင်းကိုနိုင်ဆိုတာ နွဲ့နွဲ့နောင်းနောင်းနဲ့ အဲလိုအော်ခဲ့ဖူးသလား မေးကြည့်လို့ရပါတယ်။


၃-၈-၈၈ ရက်နေ့က ဆန္ဒပြပွဲကို ကိုဗထူးမောင် နဲ့ ကိုညိုထွန်း တို့က ဦးဆောင်ခဲ့တာပါ။ ရွေတိဂုံဘုရား အောက်ဘလောက်ကနေ စခဲ့တာပါ။ အဲဒီကနေ အလုံဖက်ကိုသွားခဲ့ပြီး မြေနီကုန်းအထိ ခရီးဆက်ခဲ့ပါတယ်။ အဲဒီနောက် ပြည်လမ်းအတိုင်း လမ်းတန်းကို ချီတက်ခဲ့ပြီး ညနေ ၅ နာရီမှာ ဆန္ဒပြပွဲကိုရုတ်သိမ်းခဲ့ပါတယ်။ စတဲ့အချိန်တုန်းက အယောက် ၂၀ နဲ့ စခဲ့ပေမယ့် ပြီးတဲ့အချိန်မှာ ဆန္ဒပြသူအရေအတွက်ကတော့ ၃ သောင်း ကျော်လောက်ရှိမယ် ထင်ပါတယ်။
၈-၈-၈၈ ဆန္ဒပြပွဲကိုလည်း အနော်ရထာလမ်းနဲ့ ဆူးလေနား ၃၃ ထောင့်က စခဲ့တာပါ။ အဲဒီနေ့ကလည်း ပထမဆုံး စတင်ဆန္ဒပြ ဦးဆောင်ခဲ့သူကတော့ ကိုဗထူး ဖြစ်ပါတယ်။ နောက်ထပ် ဆန္ဒပြခေါင်းဆောင်တွေ ကတော့ ဈေးသည်တွေ၊ ဆိုက်ကားသမားတွေနဲ့ အစ္စလမ်ဘာသာဝင် လူငယ်တစ်ချို့ပါ။ ကျောင်းသား တစ်ချို့ လည်း ပါပေမယ့် ဒီကနေ့ နာမည်ခံ ကျောင်းသားတစ်ဦးမှ မပါပါဘူး။

ဒါပေမယ့် အဲဒီတုန်းကအလုပ်လုပ်ခဲ့တဲ့ကျောင်းသားတစ်ယောက်တော့ရှိပါတယ်။ အဲဒါက ကိုဌေးကြွယ် ပါ။ ကိုဌေးကြွယ် လုပ်တာကလည်း ကျောင်းသားကို လူရှေ့သူရှေ့ထွက်ပြီး ခေါင်းဆောင်တာတော့ မဟုတ် ပါဘူး။ ကိုဌေးကြွယ်နဲ့ ကိုကိုလတ်က ခရစ္စတိုဖာနဲ့ချိတ်ပြီး ကျောင်းသူတွေကို မုဒိန်းကျင့်ပါတယ်လို့ လုပ်ဇာတ် ခင်းပြီး ဘီဘီစီကနေ့ လွှင့်ခဲ့တာပါ။ ကိုဌေးကြွယ်ကို မယုံရင်မေးကြည့်လို့ရပါတယ်။ ကျန်တဲ့ ကိုမင်းကိုနိုင်တို့ ကိုမိုးသီးဇွန်တို့ကတော့ ၈-၈-၈၈ ဆန္ဒပြပွဲပြီးချိန် ဒေါ်အောင်ဆန်းစုကြည် ထွက်လာမှ အနားရောက်သွားခဲ့ ကြတာပါ။ နိဂုံးချုပ်ရရင်တော့ အခု ၈၈ ကျောင်းသားခေါင်းဆောင်ပါ ဆိုတဲ့ လူအားလုံးဟာ ၈-၈-၈၈ နေ့ အရေးအခင်းနဲ့ အဲဒီမတိုင်ခင် ဆန္ဒပြပွဲတွေမှာ ဘယ်နေရာမှ မပါခဲ့သလို၊ ဘယ်ကျောင်းသားကိုမှ ခေါင်းမဆောင်ခဲ့ဘူးဆိုတာပါပဲ။

အညတရကျောင်းသားဟောင်းတစ်ဦး

C Chit Lay

RangonNewsDaily:: Aug 12, 2013

၁၉၈၈ တုန်းက ဆန္ဒပြပွဲတွေကို ကျောင်းသားတွေက စတင်ဦးဆောင်ခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ကျောင်းသားတွေထဲမှာမှ ဦးဆောင်တဲ့ ကျောင်းသားခေါင်းဆောင်ဆိုတာ မရှိပါဘူး။

အင်းလေးဟိုတယ်ဇုန် မြေသိမ်းမှုအတွက် လျော်ကြေး မပြေလည်သေး

Photo: အင်းလေးဟိုတယ်ဇုန် မြေသိမ်းမှုအတွက် လျော်ကြေး မပြေလည်သေး
Monday, August 12, 2013

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် အရှေ့ဘက်ကမ်း၊ သလဲဦးရွာ အုပ်စုအတွင်းတွင် “အင်းလေးကန် ဟိုတယ်ဇုန်” ဆောက်လုပ်ရန် သိမ်းယူထားသည့် မြေယာများအတွက် လျော်ကြေးပေးမှု မပြေလည်သေးကြောင်း သတင်းရရှိသည်။

အင်းလေးကန် ဟိုတယ်ဇုန် စီမံကိန်းအတွက် အင်းတိုင်းရင်းသားပိုင် လယ်ယာခြံမြေနှင့် သာသနိက နယ်မြေ ၆၂၂ ဧကကို ၂၀၁၂ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန်၏ လမ်းညွှန်ချက်ဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့က သိမ်းယူခဲ့ခြင်း ဖြစ်သည်။

လယ်ယာမြေများအတွက် ပေးသော လျော်ကြေးကို ရွာတချို့က မယူဘဲ ဆန္ဒပြသဖြင့် ပဋိပက္ခဖြစ်ပွားပြီး ရွာသားတချို့ကို တရားစွဲဆိုထားကြောင်း
ညောင်ရွှေမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဒေါက်တာ ဦးထွန်းအောင်က ဧရာဝတီသို့ ပြောသည်။

“ရွာပေါင်း ၆ ရွာရှိ လယ်ယာမြေကို သိမ်းထားတာပါ။ ရွာ ၄ ရွာကတော့
လျော်ကြေးငွေတွေ လက်ခံပြီး ကျန် ၂ ရွာကတော့ မယူသေးဘူး။ အခုနောက်ပိုင်း ဘာသာရေးအရ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ကျန်တဲ့သူတွေက ကာလပေါက်ဈေးရဲ့ ဈေးတ၀က်ကျော်ကျော် လိုချင်လို့ပါ” ဟု ဒေါက်တာ ဦးထွန်းအောင်က ပြောသည်။

ဟိုတယ်ဇုန် စီမံကိန်းကာလ၊ တည်ဆောက်နေစဉ် ကာလနှင့် စီမံကိန်း ပြီးဆုံးကာလများတွင် ဒေသခံများအတွက် အခွင့်အလမ်း ထည့်သွင်း
ထားကြောင်း၊ စီမံကိန်းကြောင့် အင်းလေးကန်၏ သဘာဝ ပတ်ဝန်ကျင်း ထိခိုက်နိုင်သော်လည်း ပညာရှင်များနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း၊ ဟိုတယ်ဇုန်တွင် ဟိုတယ် အလုံးရေ ၉၀ ကျော် တည်ဆောက်ရန် လျာထားကြောင်း ဒေါက်တာ ဦးထွန်းအောင်က ဆိုသည်။

“တရားစွဲဆိုခံရတဲ့ လယ်သမားတွေ လျော်ကြေးငွေကို လက်ခံမယ်ဆိုရင် ကျနော်တို့ စွဲဆိုထားတဲ့ အမှုတွေ ပုဒ်မတွေအားလုံး ပြန်လည် ရုပ်သိမ်း
သွားပေးမှာပါ” ဟု ၎င်းက ဆက်ပြောသည်။

လယ်ယာမြေ သိမ်းဆည်းရာတွင် လျော်ကြေးငွေကို အနည်းငယ်သာ
ပေးခြင်း၊ အစိုးရက သိမ်းဆည်းသည်ဟုဆိုကာ စိုက်ပျိုးလုပ်ကိုင်ခွင့် မပေးခြင်း၊ လယ်ယာသမားများ ဝင်ရောက်လုပ်ကိုင်လျှင်လည်း ဖမ်းဆီးခြင်းများ ပြုလုပ်ကြောင်း၊ သီးနှံလျော်ကြေး ၃ နှစ်စာအတွက်
သာပေးပြီး လယ်ယမြေ လျော်ကြေး မပေးကြောင်း သလဲဦး ကျေးရွာအုပ်စု
အတွင်းမှ အင်ကြင်းကုန်းနှင့် ကန်ပဲ့ ကျေးရွာ လယ်သမားများက ဆိုသည်။

ယမန်နေ့ကလည်း လယ်သမားနှင့် အာဏာပိုင်များ ပဋိပက္ခဖြစ်ကာ လယ်ယာသမားတချို့ ကိုယ်ထိလက်ရောက် ပြုမူခံရကြောင်း၊ ပုဒ်မ ၁၈၈၊ ပုဒ်မ ၃၅၃ နှင့် ပုဒ်မ ၅၀၅(ခ)တို့ဖြင့်လည်း ကလေးမြို့နယ်နှင့် ညောင်ရွှေမြို့
နယ်တို့တွင်လည်း တရားစွဲဆိုခံရကြောင်း အင်ကြင်းကုန်းကျေးရွာမှ ကိုအောင်ကျော်မျိုးက ပြောသည်။

“မနေ့က မနက် ၁၀ နာရီမှာ ကျနော်တို့မိသားစုပိုင် မြေပေါ်ကို အာဏာပိုင်တွေက မြေစာလာပုံတယ်။ ကျနော်တို့လယ်တွေ စိုက်ပျိုးလို့ မရအောင်လို့။ အဲဒီမှာ မလုပ်ဖို့ တားနေချိန်၊ တောင်းပန်နေချိန်မှာ အာဏာပိုင်ဘက်က ကျနော်တို့ကို စတင် ရိုက်တာပါ” ဟု ကိုအောင်ကျော်မျိုးက ဧရာဝတီသို့ ပြောသည်။

ဟိုတယ်ဇုန်အတွက် သိမ်းယူထားသည့် လယ်ယာမြေ ပြဿနာများကို လွှတ်တော်၊ သမ္မတနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ထံ စာတင်ထားကြောင်း၊ မြေသိမ်းယာသိမ်း စုံစမ်းစစ်ဆေးရေး ကော်မရှင်
ကလည်း လာရောက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

သိမ်းယူထားသည့် မြေများတွင် ဘုန်းကြီးကျောင်း ၁၃ ကျောင်း၏ ထင်းစိုက်ခင်း ဧက ၃၀၀ ကျော်လည်း ပါဝင်ကြောင်း သိရှိရသည်။

“အင်းလေးမှာ ဟိုတယ်ဇုန် ဆောက်ရင် အင်းလေးကန်နဲ့ ၁၀ မိုင် အကွာမှာ ဆောက်ရမယ်။ အခုက ၁ မိုင်အကွာမှာပဲ ရှိတယ်။အဲဒါတွေကစ စာတင်ထားပါတယ်။ အင်းလေးမှာ ဟိုတယ်ဇုန်တွေ ဆောက်မယ်ဆိုရင်တော့ အင်းလေးကန်ရဲ့ အခြေအနေ တော်တော်ဆိုးသွားနိုင်တယ်” ဟု တောင်ကြီးမြို့နယ် NLD ပါတီဝင် ဦးတင်မောင်တိုးက ဧရာဝတီသို့ ပြောသည်။

ဟိုတယ်ဇုန် တည်ဆောက်မှုကြောင့် သစ်တောများ ပြုန်းတီးပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်ကြောင်း၊ ဒေသခံများ စားဝတ်နေရေး အခက်အခဲ ဖြစ်နိုင်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့်
နောက်ဆက်တွဲ ပြဿနာများစွာ ကြုံနိုင်ကြောင်း သစ်တောပညာရှင် ဦးအုန်းက ဆိုသည်။

ဧရာဝတီ

RangonNewsDaily:: Aug 12, 2013

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် အရှေ့ဘက်ကမ်း၊ သလဲဦးရွာ အုပ်စုအတွင်းတွင် “အင်းလေးကန် ဟိုတယ်ဇုန်” ဆောက်လုပ်ရန် သိမ်းယူထားသည့် မြေယာများအတွက် လျော်ကြေးပေးမှု မပြေလည်သေးကြောင်း သတင်းရရှိသည်။

ကုလကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) မြန်မာနိုင်ငံသို့ရောက်ရှိနေ

RangonNewsDaily:: Aug 12, 2013

မြန်မာနိုင်ငံက လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေကို စစ်ဆေးလေ့လာဖို့အတွက် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က မြန်မာနိုင်ငံကို သြဂုတ်လ မနေ့က စတင်ရောက်ရှိနေပြီလို့ သိရပါတယ်။

၁၁.၈.၂၀၁၃ အမြန်လမ်း ရန်ကုန်ဘက်သို့အပြန် ၃၉ မိုင်မှာဖြစ်သွားတဲ့ ကားမှောက်မှု


RangonNewsDaily:: Aug 12, 2013
အမြန်လမ်း ရန်ကုန်ဘက်သို့အပြန် ၃၉ မိုင်မှာဖြစ်သွားတဲ့ ကားမှောက်မှုမှာ မောင်မောင်ခင်-မျက်မှန်ဆိုင်က သားအကြီးဆုံးနဲ့ အသက် ၂၅နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးတ
ို့ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။

ကြည်သာ ရွှင်မြ

ကြည်သာ ရွှင်မြ

Kolatt(PBDN) :: Aug 12, 2013

လွမ်းရတဲ့ ကမ်းခြေသာ
ရောက်ခိုက်မှာလည်း
ကြည်သာ ရွှင်မြရပါတယ်။

နောက်တစ်ကြိမ် ထပ်မဆုံခင်
နေ့စဉ်အမှတ်တရ ဖြစ်နေအောင်
ရုပ်ပုံလေးတွေ ကောက်ခဲ့တယ်။

ထားဝယ်ဒေသနဲ့ မောင်းမကန်
ယှဉ်တွဲနေသလို၊
ထားဝယ်သူ ထားဝယ်သားတွေ
ရင်ထဲမှာလည်း နေဝင်ဆည်းဆာ
ချိန်မှာ ကိုယ်တို့ရဲ့ မောင်းကန်
ကမ်းခြေသာကို မျက်ရီဝဲကာ လွှမ်း
မော တမ်းတ တသနေဆဲပဲမဟုတ်လား။

Photo & Poem - thanwinthu 

ထားဝယ်ဒေသနဲ့ မောင်းမကန်ကိုလွမ်းဆွတ်တဲ့ သူတိုင်းအတွက် ကိုသန်းဝင်းသူရဲ့ ကဗျာလေးက
အလွမ်းပြေစေမှာပါ...........

RangonNewsDaily:: Aug 12, 2013
လွမ်းရတဲ့ ကမ်းခြေသာ
ရောက်ခိုက်မှာလည်း
ကြည်သာ ရွှင်မြရပါတယ်။

လိုင်းကားစီးစီး အိမ်ကားစီးစီး ကားတွယ်မစီးကြပါနဲ့ သတိပြုကြပါ

RangonNewsDaily:: Aug 12, 2013

စနေနေ့ ၁၀ရက်နေ့က ရွေဂုံတိုင် ဗန်ဒါပင်မှတ်တိုင်မှာ ရှေ့ကဟိုင်းလတ်ကားက မှတ်တိုင်ကို ကားခေါင်းထိုးပြီးအဝင် နောက်ကကိုယ်ပိုင်ကားလေးက ရုတ်တရက်အရှိန်မထိန်းနှိုင်ပဲ ဝင်တိုက်မိတာ တွယ်စီးလာတဲ့ အကိုတွေသုံးယောက်လုံး အောက်မှာတုံးလုံးပက်လက် ဖြစ်နေတုံန်း ကျနော်တို့ကားက ဘေးကဖြတ်သွားတုံး
တွေ့တာနဲ့ ကားကကြိးတော့ ၃ယောက်လုံးတင်ပြီး ဆေးရုံအရေးပေါ်ကို တခါထဲပို့ပေးလိုက်တယ်။