Pages
▼
Pages - Menu
▼
Monday, June 17, 2013
ရာသက်ပန်အငှားယာဉ် CC အက္ခရာ ဇွန်လ နောက်ဆုံးပတ် စထုတ်ပေးမည်
Monday, June 17, 2013
ရာသက်ပန် အငှားမော်ယာဉ်များကိုသာ ထုတ်ပေးသည့် အင်္ဂလိပ် အက္ခရာ CC နံပါတ်များကို ဇွန်လ နောက်ဆုံးပတ်တွင် စတင်ထုတ်ပေးမည် ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းထွဋ်က The Voice သို့ ပြောကြားသည်။

စက်မှုဖွံ့ ဖြိုးပြီး နိုင်ငံများရဲ့ G 8 အစည်းအဝေး စတင်
စက်မှုဖွံ့ ဖြိုးပြီး နိုင်ငံများ အစည်းအဝေး G8 ကို တက်ရောက်ရန်အတွက်
အမေရိကန် သမ္မတ အိုဘားမား သည် ၎င်း၏ မိသားစု နှင့်အတူ မြောက် အိုင်ယာလန်
ဘဲလ်ဖတ်(စ) မြို့  နိုင်ငံတကာ လေဆိပ်သို့  ရောက်ရှိလာစဉ် |
Monday, June 17, 2013
လွန်ခဲ့သည့် ၁၅ နှစ်က Good Friday သဘောတူညီချက် ဖြင့် မြောက်အိုင်ယာ လန် ငြိမ်းချမ်း ရေးရရှိ ရေးအ
လွန်ခဲ့သည့် ၁၅ နှစ်က Good Friday သဘောတူညီချက် ဖြင့် မြောက်အိုင်ယာ လန် ငြိမ်းချမ်း ရေးရရှိ ရေးအ
တွက် အမေရိကန်ကမကထ ပြုပေးမှု အထိမ်းအမှတ်အဖြစ် ၀ါးတာဖရန့် ခန်းမတွင် သမ္မတ က မိန့် ခွန်း ပြော
ခဲ့ရာမြောက် အိုင်ယာလန် နှင့်အတူ အမေရိကန် အစဉ်ရှိ နေမည်ဟု ထည့် သွင်း ပြောကြားခဲ့သည်။
၈၈ ကျောင်းသားများ ဗြိတိန်ခရီးစဉ် ယနေ့စမည်
ရန်ကုန်၊ ဇွန် ၁၇
အမေရိကန်ပြည်ထောင်စုမှ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြန်လည်ရောက်ရှိ
လာသော ငြိမ်းချမ်းရေးနှင့် ပွင့်
လင်း လူ့အဖွဲ့အစည်း
(၈၈မျိုးဆက်ကျောင်းသားများ) အဖွဲ့ဝင် ရှစ်ဦးသည် ဗြိတိန်နိုင်ငံသို့ ယနေ့
ဇွန်လ ၁၇
ရက် သွားရောက်မည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်
ပွင့်လင်း လူ့အဖွဲ့အစည်းရုံးထံမှ သိရသည်။
ရန်ကုန်၊ ဇွန် ၁၇
အမေရိကန်ပြည်ထောင်စုမှ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြန်လည်ရောက်ရှိ လာသော ငြိမ်းချမ်းရေးနှင့် ပွင့်

မတော်တဆဖြစ် လေယာဉ် Black Box များ စစ်ဆေးရန် တရုတ်ကုမ္ပဏီ ကမ်းလှမ်းမှု ငြင်းဆို
မြန်မာ့လေကြောင်းမှ မတော်တဆမှုများ ဖြစ်ပွားခဲ့သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံလုပ်MA 60 လေယာဉ်များ၏ Black Box များကို စစ်ဆေးရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံရှိ Xian Aircraft Manufacture ကုမ္ပဏီ၏ ကမ်းလှမ်းမှုကို လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာန မြန်မာ့လေယာဉ် မတော်တဆ စုံစမ်းရေးအဖွဲ့က ငြင်းဆိုထားကြောင်း ယင်းဌာနရှိ မြန်မာ့လေယာဉ် မတော်တဆ ထိခိုက်မှု စုံစမ်းစစ်ဆေးရေး အဖွဲ့မှ တာဝန်ခံ ဦးမျိုးညွန့်က ရှင်းပြသည်။
စနစ်တကျ မထိန်းသိမ်းလျှင် ရန်ကုန် ရှေးဟောင်းအမွေအနှစ်များ နှစ်အနည်းငယ်အတွင်း လုံးဝ ပျောက်ကွယ်ဖွယ်ရှိ
ရန်ကုန်၊ ဇွန် ၁၆
ရန်ကုန်မြို့တော်၌ ကျန်ရှိနေသေးသည့် ရှေးဟောင်း အမွေအနှစ်
အဆောက်အအုံများကို ၂ နှစ်၊ သုံးနှစ်အတွင်း စနစ်တကျ ကြိုတင်
ကာကွယ်စောင့်ရှောက်ခြင်း မရှိပါက အဆိုပါ အဆောက်အအုံများ လုံးဝ ပျောက်ကွယ်
သွားနိုင်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအသင်း (Yangon
Heritage Trust) မှ ဥက္ကဋ္ဌ ဒေါက်တာ သန့်မြင့်ဦးက The Voice သို့
ပြောကြားသည်။
တာမွေမြို့နယ်တွင် ရပ်ထားခဲ့သည့်ကားပျောက်ဆုံး
၁၆.၆.၂၀၁၃ရက်နေ့ ၂၀၀၀အချိန်ခန့်တွင် တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်၊ သြဘာလမ်းနေ
ဦးအောင်စိုးသည် တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ကျိုက္ကဆံလမ်း၊ အထက (၅)ရှေ့တွင် ၎င်းပိုင်
ယာဉ်အမှတ် ၈ဂ/၄၉၅၀ လိုက်ထရပ်အဖြူရောင်ကိုယ်ပိုင်ယာဉ်အား ရပ်ထားခဲ့ရာမှ ၁၇.၆.၂၀၁၃ ရက်နေ့
၀၉၀၀ အချိန်တွင်ကားအားကြည့်ရာ မတွေ့ရှိဘဲပျောက်ဆုံးနေ၍ တာမွေမြို့မရဲစခန်းသို့ ကူညီစုံစမ်းပေးရန်အကြောင်းကြားလာခဲ့သည်။
မလေးမှ ပြန်ရောက်လာသော အလုပ်သမားများ အလုပ်စတင်လျှောက်
ရန်ကုန် ၊ ဇွန် ၁၆
မြန်မာနိုင်ငံတွင် အလုပ်အကိုင် ရှားပါးမှုကြောင့် မလေးရှားနိုင်ငံတွင် သွားရောက် အလုပ် လုပ်သော မြန်မာအလုပ်သမားသည်မျှော်လင့်မထားသော အကြမ်းဖက် တိုက်ခိုက်မှုများ တွေ့ကြုံသဖြင့်
ပြန်လည် ရောက်ရှိလာပြီးနောက် ပြည်တွင်းတွင် အလုပ်စတင် လျှောက်ထားနေပြီ
ဖြစ်ကြောင်း ထင်သီဟ JOB ဖောင်ဒေးရှင်းနှင့် Air Bagan
လေကြောင်းလိုင်းတို့ထံမှ စုံစမ်း သိရှိရသည်။
မလေးရှားရောက် မြန်မာလုပ်သားများအကြောင်း ရုပ်ရှင်ရိုက်မည်
Monday, June 17, 2013
မလေးရှားနိုင်ငံတွင် အကြောင်း အမျိုးမျိုးကြောင့် သွားရောက် လုပ်ကိုင်နေကြသော မြန်မာလုပ်သားများ ကြုံတွေ့ခဲ့သည့်ဖြစ်ရပ်မှန်များကို မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံမှ အနုပညာရှင်များ
ပူးပေါင်း၍ ရုပ်ရှင် ရိုက်ကူးသွားမည် ဖြစ်ကြောင်း ယင်းဇာတ်လမ်းရေးသားသူ ဦးစတီးလ်မှ ပြောကြားသည်။
“ဒီဇာတ်လမ်းက လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးပါ။ လက်ရှိ
အကြောင်းကို ထည့်ရိုက်ရင်လည်း ပြဿနာ ရှိနိုင်တယ် ထင်လို့ပါ။ အဲ့ဒါကြောင့်
အခုဖြစ်ပျက်နေတဲ့ အကြောင်းတွေ မပါဘူး။ ရန်တိုက်ပေးမယ့် အကြောင်းတွေ မပါဘူး။
ဒါကြောင့်လည်း ဟိုနိုင်ငံမှာ ရိုက်ဖို့ ခွင့်ပြု ချက်တင်တော့
ဘာကန့်သတ်ချက်မှ မပါဘဲ ရိုက်ခွင့်ရတာပါ”ဟု ဦးစတီးလ်က ဆိုသည်။
မဟာဆန်တဲ့ မာယာမျက်နှာဖုံး အမည်ရှိ အဆိုပါ ရုပ်ရှင်ဇာတ်လမ်းကို့မြန်မာနိုင်ငံမှ နဝရတ်၊ ဝါဝါအောင်၊ ဇော်ဇော်အောင်နှင့်
အခြားသရုပ်ဆောင်များနှင့် မလေးရှားနိုင်ငံမှ အိန္ဒိယ သရုပ်ဆောင်များက ပါဝင်
သရုပ်ဆောင်မည် ဖြစ်ပြီး မလေးရှားနိုင်ငံမှ ဒါရိုက်တာ R.Perakas Rajaram က
ရိုက်ကူးမည် ဖြစ်ကြောင်း၊ အမျိုးသား သရုပ်ဆောင်နေရာတွင် ပါဝင်မည့် သရုပ်ဆောင် ပြေတီဦးမှာ လက်ရှိတွင်ဖြစ်ပျက်နေသော ပဋိပက္ခများ အကြားတွင် ထိုကဲ့သို့ ဇာတ်လမ်းများ
သရုပ်ဆောင်ရန် အခက်အခဲ ရှိသောကြောင့် ပါဝင်နိုင်ခြင်း မရှိကြောင်း၊
ဇာတ်လမ်းပုံစံမှာ မကြာသေးခင်က ဖြစ်ပျက်နေသော ပဋိပက္ခများ အကြောင်းမဟုတ်ဘဲ
၂၀၁၁ လောက်က မလေးရှား နိုင်ငံတွင် သွားရောက်လုပ်ကိုင်ပြီး ထိုနိုင်ငံမှ
ဖျက်ဆီးခံခဲ့ရသော အမျိုးသမီးတစ်ဦး အကြောင်းနှင့် အလုပ်တွင် ညှဉ်းပန်း
နှိပ်စက်ခံရပြီး လစာ နှိမ်ခံခဲ့ရသော လူငယ်တစ်ဦး အကြောင်းကို ရိုက်ကူးမည်
ဖြစ်ကြောင်း၊ ရိုက်ကူးပြီးလျှင် မြန်မာ၊ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊
နော်ဝေ စသည့် ငါးနိုင်ငံတွင် ရုံတင် ပြသမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း
ပြောကြားသည်။
“ဒီလို ဖြစ်ရပ်မှန် ကားလေးတွေကို နဝရတ် ရိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းလေးကို
ဖတ်ကြည့်တော့ တော်တော် ကောင်းပါတယ်။ အဲဒီလိုကောင်းတဲ့ ဇာတ်လမ်းလေးကို နဝရတ်
လက်လွတ်မခံပါဘူး။ ပြီးတော့ သိပ်မကွာတဲ့ လစာလေးရပြီး သူများနိုင်ငံမှာ
အနှိပ်စက်ခံရတဲ့ မြန်မာတွေ အကြောင်းကို ကြည့်ပြီး သူတို့ နိုင်ငံမှာ ဒုက္ခခံ
လုပ်စရာ မလိုဘူး။ ကိုယ့်နိုင်ငံမှာလည်း မိသားစုနဲ့ မကွဲဘဲ ကြိုးစားပြီး
လုပ်နိုင်တယ်ဆိုတဲ့ Massage လေးထည့် ပေးထားပါတယ်”ဟု သရုပ်ဆောင် နဝရတ်က
ပြောသည်။
အဆိုပါ ဇာတ်လမ်းတွင် တစ်ဖက်နိုင်ငံသို့ သွားရောက်
လုပ်ကိုင်ချင်သော မြန်မာအမျိုးသမီးကို ပို့ဆောင်ပေးမည့် ပွဲစား
တစ်ယောက်အနေနှင့် သရုပ်ဆောင်ရမည် ဖြစ်ပြီး ထိုဇာတ်လမ်းကို ဘာအကျိုးမှ
မမျှော်ကိုးဘဲ သရုပ်ဆောင် တစ်ယောက် လုပ်ဆောင်ရမည့် ပုံစံကို ပေါ်လွင်အောင်
သရုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ တခြားနိုင်ငံတွင် သွားရောက် ရိုက်ကူးရမည်
ဖြစ်သောကြောင့် ဘာသာစကား အခက်အခဲများ ကြုံနိုင်ကြောင်း၊ သူများနိုင်ငံကို
အထင်မကြီးဘဲ ကိုယ့်နိုင်ငံထဲတွင် လုပ်ကိုင် စားသောက်နိုင်ကြောင်း
ပုံဖော်သွားမည် ဖြစ်ကြောင်း သရုပ်ဆောင် ဝါဝါအောင်က ဆိုသည်။
The Voice Weekly , RangonNewsDaily
kolatt(PBDN): 17.6.2013
အေးရှားဝေါဆိပ်ခံ တံတား၌ လူသေအလောင်းတွေ့ရှိ
ရန်ကုန်တိုင်းဒေသကြီး၊
ဆိပ်ကမ်းမြို့နယ်ရှိ အေးရှားဝေါဆိပ်ခံတံတားရေပြင်ပေါ်၌ လူသေအလောင်း
တစ်
လောင်းတွေ့ရှိခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက
သိရှိရသည်။အဆိုပါ
လူသေအလောင်းကို ၂၀၁၃ ခုနှစ် ဇွန်လ ၁၆ရက်နေ့ နေ့လည် ၂နာရီတွင်
တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့`
ကာ ပီအာ ၂၀၄
ဖြင့် လက်ခံထားကြောင်း သိရသည်။
မိကျောင်းကန်ရပ်ကွက်မှ ဖယ်ရှားခံရသူများကို တောင်ဒဂုံတွင် မြေနေရာပေးမည်
Monday, June 17, 2013
သင်္ဃန်းကျွန်း မြို့နယ် မိကျောင်းကန်ရပ်ကွက် ရှိဖယ်ရှားခံရသူ
အိမ်ထောင်စုများ ကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဒဂုံမြို့သစ်
(တောင်ပိုင်း) မြို့နယ် အတွင်းမြေကွက်များ ပြန်လည်
ချထားပေးရန်စီစဉ်နေကြောင်း နေအိမ်ဖယ်ရှားခံရသူများထံမှ သိရသည်။
ဒုက္ခသည်များအတွက် လျာထားမြေကို ရောင်းစားသည့်ကိစ္စ ပြည်ထဲရေးတိုင်မည်ဟု တိုင်းရင်းသားဝန်ကြီး ဆို
တနင်္လာနေ့၊ ဇွန်လ ၁၇ ရက် ၂၀၁၃ ခုနှစ်
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ဒုက္ခသည်များနှင့် ပြည်တွင်း ရွှေ့ပြောင်းနေထိုင်သူများတွက် တိုင်းရင်းသားဝန်ကြီးမှတောင်းဆိုထားသည့် မြေဧက ၂ဝဝ ခန့်ကို မောတောင် အုပ်ချုပ်ရေးမှူးက
ရောင်းချထားသည်ဟု စွပ်စွဲကာ ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြတိုင်တန်းမည်ဟု
တနင်္သာရီတိုင်း တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဟာဗီက ဆိုသည်။
အမျိုးစောင့်ဥပဒေဆိုတာ လူ့အခွင့်အရေး ချိုးဖေါက်မှုအဖြစ် အမျိုးသမီးအဖွဲ့တွေ ကြေညာ
Monday, June 17, 2013
ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ ဘာသာခြားနဲ့ အိမ်ထောင်ပြုတာကို ထိန်းချုပ်ဖို
့ကြိုးစားတဲ့ အမျိုးစောင့်ဥပဒေဆိုတာဟာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ
လူ့အခွင့်အရေး ကြေညာစာတမ်းအပိုဒ် (၁၆) မှာ ဖေါ်ပြထားတဲ့ အရွယ်ရောက်ပြီးသူ
အမျိုးသား၊ အမျိုးသမီးတိုင်း လွတ်လပ်စွာ လက်ထပ်ထိမ်းမြားခွင့်ရှိတယ်ဆိုတဲ့အချက်ကို ချိုးဖောက်တာဖြစ်တယ်လို့  အမျိုးသမီးအဖွဲ့ တွေက မနေ့ကရက်စွဲနဲ့  ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
အရမ်းအန္တရာယ် များနေပြီ ဖြစ်တဲ့အချိုမှုန့်ရဲ့ဆိုးကျိုးတွေ
Monday, June 17, 2013
အချိုမှုန့် ဆိုတာ ဘာလဲ ........
ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။

ဥက္ကဌအသစ်နဲ့ အမှုဆောင် အဖွဲ့က မှန်မှန်ကန်ကန်မျှမျှတတ လုပ်မယ်လို့ ယုံကြည်တယ်လို့ပြောတဲ့ စင်ရော်မောင်မောင်
Monday, June 17, 2013
မြန်မာနိုင်ငံရုပ်ရှင်အစည်းအ ရုံး ဥက္ကဌ ဦးဇင်ဝိုင်း ကျန်းမာရေး ကြောင့် အနားယူသွားတဲ့အခါ ဒါ ရိုက်တာ စင်
မြန်မာနိုင်ငံရုပ်ရှင်အစည်းအ ရုံး ဥက္ကဌ ဦးဇင်ဝိုင်း ကျန်းမာရေး ကြောင့် အနားယူသွားတဲ့အခါ ဒါ ရိုက်တာ စင်
ရော်မောင်မောင်ကသူ့ရဲ့်ခေနဘသသု စာမျက်နှာထက်Warmly welcome to changing about film organization
chair man post! I never forgot about last year academy! This is
historical big mistakeလို့ ရေးခဲ့ပါတယ်။ ဥက္ကဌ
နေရာ အ ပြောင်းအလဲနဲ့
ပတ်သက်ပြီး သူ့ အမြင်ကို မေးဖြစ်ခဲ့ပါတယ်။
ဘာသာရေးဓလေ့ စရိုက်များ လေ့လာရေးနှင့် ငြိမ်းချမ်းရေးနှီးနှော ဖလှယ်ပွဲ ကို အစ္စလာမ် ဗလီဝတ်ကျောင်းမှာ စတင်ပြုလုပ်
Pray For Myanmar မှ စီစဉ် ပြုလုပ်သည့် “ပွင့်လင်းမြင်သာမှု အတွက် ဘာသာရေး ဓလေ့စရိုက်များ လေ့လာ
ခြင်း အစီအစဉ်နှင့် ငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲ” အခမ်းအနားကို ရန်ကုန်မြို့ ၊ ဗိုလ်အောင်ကျော်လမ်းရှိ C.S အာရ်ကာတိဗလီတွင် ယခုလ ၁၆ရက်နေ့က နံနက် ၉နာရီမှ နေ့လည် ၁၁နာရီခွဲထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
မြေနီကုန်း J’ DONUTS ဆိုင် မီးလောင်ကျွမ်းမှုဖြစ်ပွား
ဇွန်(၁၇)ရက်
နံနက်(၆း၂၅)နာရီအချိန်က ရန်ကုန်မြို့စမ်းချောင်းမြို့နယ် မြေနီကုန်း City
Mart ရှေ့ ပြည်လမ်း မပေါ်ရှိ J’ DONUTS မုန့်ဆိုင်တွင်
အပူလွန်ကဲရာမှဝါယာရှောခ်ဖြစ်ကာ မီးလောင်ကျွမ်းမှုတစ်ရပ်ဖြစ်ပွားခဲ့သည်။
အမေရိကန်ထောက်လှမ်းရေး အကြမ်းဖက်ကြံစည်မှု ၆၀ ခန့် ဟန့်တားနိုင်ခဲ့
ဇွန်လ ၁၇ ရက် ၂၀၁၃
အမေရိကန်အစိုးရရဲ့အငြင်းပွားစရာ စောင့်ကြည့်ထောက်လှမ်းတဲ့အစီအစဉ်ကြောင့်အမေရိကန်ပြည်ထောင်
စုနဲ့ကမ္ဘာတဝန်းကနိုင်ငံပေါင်း၂၀ကျော်မှာအကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်မှု လေးငါး ခြောက်ဆယ် လောက်
ကို
လက်ဦးမှုယူ တားဆီးနိုင်ခဲ့တယ်လို့ ထောက်လှမ်းရေး တာဝန်ရှိသူတွေ က
ပြောပါတယ်။ဘယ်လိုကြိုတင်
ကြံစည်မှုတွေလဲ၊ဘယ်နိုင်ငံတွေနဲ့ပတ်သက်နေသလဲဆိုတဲ့ နောက်ထပ်အချက်တွေကိုတော့ ထုတ်ဖော်ပြော
ခြင်း မရှိပါဘူး။

လက်ကျန်နိုင်/ကျဉ်း အကုန်လွှတ်ပေးမည်
Monday, June 17, 2013
တနင်္ဂနွေနေ့ကကျင်းပတဲ့ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရွေးချယ်ရေး ကော်မတီ ရဲ့ စတုတ္ထအကြိမ်မြောက် အစည်းအဝေးမှာ လက်ကျန် နိုင်ငံရေးအကျဉ်းသား အရေအတွက်ကို အတည်မပြုနိုင်သေးပေမဲ့ မြန်မာနိုင်ငံ
မှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက်မှမကျန်အောင်လွှတ်ပေးမယ်လို့ နိုင်ငံရေးအကျဉ်းသား စိစစ်ရွေးချယ်
ရေး ကော်မတီရဲ့ ဥက္ကဋ္ဌ၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ကတိပေး လိုက်ပါတယ်။

မန္တလေး-ရှမ်းပြည်နယ် လမ်းပိုင်းများတွင် ဆိုင်ကယ်ဖြင့် မူးယစ်ဆေးဝါးနှင့် လက်နက်ပစ္စည်းများ သယ်ဆောင်မှု ရှိကြောင်း ရှမ်းပြည်နယ် ၀န်ကြီးချုပ် ပြောကြား
မန္တလေး-မူဆယ် လမ်းပိုင်းအတွင်း ဖြတ်သန်းသွားလာ လျက်ရှိသော ကုန်တင်ယာဉ် တစ်စီးအား တွေ့ရစဉ်
Monday, June 17, 2013
မန္တလေးနှင့် ရှမ်းပြည်နယ် လမ်းပိုင်းများတွင် ဆိုင်ကယ်များဖြင့်
မူးယစ်ဆေးဝါးများ၊ လက်နက်ပစ္စည်း အစိတ်
အပိုင်းများ သယ်ဆောင်မှု ရှိသဖြင့်
(mobile team)အဖွဲ့များအနေဖြင့်ဆိုင်ကယ်ကယ်ရီများကို ကြပ်ကြပ်မတ်
မတ်
ဆောင်ရွက်ရန် ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစိုင်းအောင်မြတ်က ပြောကြားသည်။
မန္တလေး-မူဆယ် လမ်းပိုင်းအတွင်း ဖြတ်သန်းသွားလာ လျက်ရှိသော ကုန်တင်ယာဉ် တစ်စီးအား တွေ့ရစဉ် |
Monday, June 17, 2013
မန္တလေးနှင့် ရှမ်းပြည်နယ် လမ်းပိုင်းများတွင် ဆိုင်ကယ်များဖြင့် မူးယစ်ဆေးဝါးများ၊ လက်နက်ပစ္စည်း အစိတ်
မန္တလေးနှင့် ရှမ်းပြည်နယ် လမ်းပိုင်းများတွင် ဆိုင်ကယ်များဖြင့် မူးယစ်ဆေးဝါးများ၊ လက်နက်ပစ္စည်း အစိတ်
အပိုင်းများ သယ်ဆောင်မှု ရှိသဖြင့်
(mobile team)အဖွဲ့များအနေဖြင့်ဆိုင်ကယ်ကယ်ရီများကို ကြပ်ကြပ်မတ်
မတ်
ဆောင်ရွက်ရန် ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစိုင်းအောင်မြတ်က ပြောကြားသည်။
ရဲ စခန်း များရဲ့ အဂတိလိုက်စားမှုများကို ဖော်ထုပ်စီးနင်းနေစဉ် ရပ်ရွာများလှုံခြုံရေးအထူးသတိပြုသင့်
မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ ရဲချုပ်ရုံးမှ ရဲ စခန်း များရဲ့ အဂတိလိုက်စားမှုများကို ဖော်ထုပ်စီးနင်းနေစဉ် ရပ်ရွာများလှုံခြုံရေးအထူးသတိပြုသင့်ကြောင်း တာဝန်ရှိသူတစ်ဦးမှပြောကြားသွားပါတယ်။နှစ် ကြာ ငြောင်း သော နိုင်ငံ တ၀ှမ်း တင်း မာ မှု များ ဖြစ် ခဲ့ စဉ် လုံခြုံရေး အရ မျက် နှာသာ ပေး ခံရသည့် မြန်မာ နိုင်ငံ ရဲ တပ် ဖွဲ့  ၀င် အချို့  သည်အကြီး အကျယ် အဂတိ လိုက်စား မှု နှင့် မရိုး ဖြောင့် မှု များ ရှိ နေ၍ မြန်မိာနိုင်ငံ ရဲ တပ် ဖွဲ့  ဗဟို မှ နောက် ထပ် ရဲ စခန်း နှင့် ရဲ တပ် ဖွဲ့ တို့  နေ အိမ် ၂၉ ခု ထိ စီးနင်း မည် ဟု FNG မှ သိရသည်။
ဒိုင်နာလိုင်းကား ဂက်စ်ပိုက်ပေါက်၍ မီးလောင်မှုဖြစ်
ရန်ကုန်၊ ဇွန် ၁၆
၁၆.၆.၂၀၁၃ရက်နေ့ ၀၅၁၈ အချိန်တွင် ယာဉ်မောင်း မြင့်စိုး၊ ၃၈နှစ်၊ (ဘ)ဦးခင်ဦး၊ လှိုင်သာယာမြို့နယ်နေ
သူ မောင်းနှင်သည့် ၂၂၆(အစိမ်း)လိုင်း၊ ဒိုင်နာယာဉ်သည်သီရိမင်္ဂလာဈေးဘက်မှလှိုင်သာယာမြို့နယ်ဘက်
သို့ မောင်းနှင်လာစဉ် ကပရ၀န်းရှေ့ အရောက်တွင် ဂက်စ်ပိုက်ပေါက်ပြီး မီးလောင်မှုဖြစ်ပွါးခဲ့ကြောင်းသ
တင်းရရှိသည်။
ရဲ ချုပ် ရုံး မှ ဦးဆောင်ပြီး စစ်ကိုင်းတိုင်း ကလေးခရိုင် ရဲတပ် ဖွဲတစ်ခုလုံးကို စီးနင်း ဖမ်းဆီး
ရဲ ချုပ် ရုံး မှ ဦးဆောင်ပြီး စစ်ကိုင်းတိုင်း ကလေးခရိုင် ရဲတပ် ဖွဲတစ်ခုလုံးကို စီးနင်း ဖမ်းဆီးထားကြောင်းသတင်းရရှိပါသည်။စစ်ကိုင်း တိုင်း ကလေး ခရိုင် ရဲ တပ် ဖွဲ့  မှုး နှင့် ကလေး မြို့  နယ် မှုး အပါ အ၀င် ကလေး ခရိုင် ရဲ တပ် ဖွဲ့  တစ်ခု လုံး အား လက်နက် မှောင် ခို မှု ၊ တရား မ၀င် ကား တင်သွင်း မှု ၊
တောင်တရုတ်ပင်လယ်နှင့် ဖိလစ်ပိုင်ပင်လယ်တွင် INVEST 91W နှင့် 92W ဖြစ်ပေါ်လျှက်ရှိ
June 16th, 2013
ဇွန်လ ၁၆ ရက် မြန်မာစံတော်ချိန် ၁၈၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ
ဖိလစ်ပိုင်ပင်လယ်နှင့်
တောင်တရုတ်ပင်လယ်တို့တွင် လေဖိအားနည်းဆဲလ် INVEST
91W နှင့် 92W တို့ ဖြစ်ပေါ်လျှက် ရှိပြီး ဇွန်
လ ၁၈ ရက် မြန်မာစံတော်ချိန်၁၅း၃ဝ နာရီတွင်ဖိလစ်ပိုင်ပင်လယ်မှ91W သည် ပိုမိုအင်အားကောင်းလာပြီး
လေဖိအားနည်းရပ်ဝန်းအဆင့်သို့ ရောက်ရှိလာနိုင်ကြောင်း JTWC မှ
ကွန်ပျူတာမော်ဒယ်ခန့်မှန်းချက်များ
ကို ကိုးကား ထုတ်ပြန်ထားပါသည်။