Pages

Pages - Menu

Tuesday, June 11, 2013

အမြွှာညီအစ်ကို ခြောက်ဘာသာ ဂုဏ်ထူး ကိုယ်စီဖြင့် ယခုနှစ်တက္ကသိုလ်ဝင်တန်း နှစ်ချင်းပေါက်အောင်

ရန်ကုန်၊ ဇွန် ၁၁
ဒဂုံအထက ၁ မှ အမြွှာညီအစ် ကို နှစ်ဦးစလုံးမှာ ခြောက်ဘာသာဂုဏ်ထူးကိုယ်စီဖြင့် ၂၀၁၃ ခုနှစ်တက္ကသိုလ်
ဝင်တန်းကို နှစ်ချင်းပေါက်အောင်မြင်ခဲ့သည်။အချိန် တစ်မိနစ်သာခြားပြီး မွေး ဖွားခဲ့သူ အဆိုပါအမြွှာ ညီအစ်
ကိုမှာ ၂ဝ၁၃ တက္ကသိုလ်ဝင်စာမေးပွဲကို ခုံအ မှတ်ဆဒဂ-၃၇၃ နှင့် ဆဒဂ ၃၆၅တို့ ဖြင့် ဒဂုံ အထက ၁ စာစစ်
ဌာနတွင် ဝင်ရောက်ဖြေဆိုခဲ့ရာ နှစ်ချင်းပေါက် အောင်မြင်ခဲ့သည်ဟု သိရသည်။

လူကုန်ကူးသူများကို အောင်မင်္ဂလာကားဝင်းအတွင်း၌ ရဲတပ်ဖွဲ့က ဖမ်းမိ

ဇွန်လ ၁၁ ရက် ၂၀၁၃ ခုနှစ်
လူကုန်ကူးသူများကို ရန်ကုန်မြို့ အောင်မင်္ဂလာကားဝင်းအတွင်း၌ ဇွန် ၉ ရက်က ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့စခန်းက မှုခင်းသတင်းထုတ်ပြန်သည်။ရဲဌာနက လူကုန်ကူးသူများ၏ သတင်းကို ကြိုတင်ရရှိထားသဖြင့် မွန်းလွဲ ၃ နာရီအချိန်ကတည်းက ယင်းအဝေးပြေး ကားဂိတ်တွင် ကြိုတင်စောင့်ဆိုင်းကာ စစ်ဆေးမှုများ လုပ်ဆောင်သဖြင့် ယခုကဲ့သို့ ဖမ်းမိခြင်းဖြစ်သည်ဟုလည်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

သီရိလင်္ကာ နိုင်ငံတွင် မုန်တိုင်း တိုက်ခတ်ရာ ငါးဖမ်းသမား ၁၄ ဦး သေဆုံး

သီရိလင်္ကာ နိုင်ငံတွင် မုန်တိုင်း တိုက်ခတ်ရာ ငါးဖမ်းသမား ၁၄ ဦး သေဆုံး
Tuesday, June 11, 2013

သီရိလင်္ကာ နိုင်ငံ ၊ ပင်လယ် ကမ်းရိုးတန်း ဒေသများတွင် နှစ်ရက်ကြာ မုန်တိုင်း တိုက်ခတ်မှု ဖြစ်ပွားခဲ့ရာ ငါးဖမ်းသမား ၁၄ ဦး သေဆုံးခဲ့ပြီး
၃၆ ဦး ပျောက်ဆုံးလျက် ရှိကြောင်း အာဏာပိုင်များက ဇွန် ၉ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါ မုန်တိုင်းသည် တစ်နာရီမိုင် ၁၀၀ နှုန်းဖြင့် တိုက်ခိုက်ခြင်း ဖြစ်သည့်အတွက် ပင်လယ်ပြင်တွင် လှိုင်းကြီးပြီး ငါးဖမ်းလှေများ မှောက်ကာ ငါးဖမ်းသမားများ သေဆုံး ၊ ပျောက်ဆုံးနေရခြင်း ဖြစ်သည်။ 

ထို့အပြင်ဇွန် ၇ ရက်နှင့် ၈ ရက် နံနက် အစောပိုင်းကလည်း ရေစီးကြမ်းမှုကြောင့် ငါးဖမ်း သင်္ဘောများ တိမ်းမှောက်ခဲ့ရာ ငါးဖမ်းသမား ၂ဝ ကျော် ဒဏ်ရာ ရရှိခဲ့သည်။ ရာသီဥတု ဆိုးရွားမှုကြောင့် သီရိလင်္ကာ မြို့တော် ကိုလံဘိုမြို့ တစ်ဝှန်းတွင် သစ်ပင်များ အမြစ်မှ ကျွတ်ထွက်၍ လဲကျခဲ့ခြင်းကြောင့် ကားလမ်းများ ပိတ်ခဲ့ပြီး သွားလာရေး နှောင့်နှေးခဲ့ရသည်။ ဇွန်လ ၈ ရက်နေ့မှစ၍ လေပြင်း တိုက်ခတ်မှုကြောင့် ပင်လယ်ပြင်တွင် လှိုင်းထန်မှုများ ဖြစ်ပေါ်နိုင်၍ ပင်လယ်ပြင်သို့ ငါးဖမ်း မထွက်ရန် ငါးဖမ်းသမားများအား ရာသီဥတုဆိုင်ရာ သတိပေးချက်များ သီရိလင်္ကာ မိုးလေဝသ ဌာနက ထုတ်ပြန် ထားခဲ့သည်။

MRTV-4

Tuesday, June 11, 2013
သီရိလင်္ကာ နိုင်ငံ ၊ ပင်လယ် ကမ်းရိုးတန်း ဒေသများတွင် နှစ်ရက်ကြာ မုန်တိုင်း တိုက်ခတ်မှု ဖြစ်ပွားခဲ့ရာ ငါး
ဖမ်းသမား ၁၄ ဦး သေဆုံးခဲ့ပြီး၃၆ ဦး ပျောက်ဆုံးလျက် ရှိကြောင်း အာဏာပိုင်များက ဇွန် ၉ ရက်တွင် ပြော
ကြားခဲ့သည်။

နိုင်ငံရေးအကျဉ်းသားဟောင်း မနီလာသိန်းတို့ ထောင်ထဲမှာရေးတဲ့ကဗျာ စာအုပ် ထွက်ပြီ

မနီလာသိန်းတို့ ထောင်ထဲမှာရေးတဲ့စာ 
Tuesday, June 11, 2013

နိုင်ငံရေးအကျဉ်းသားဟောင်းတွေလည်းဖြစ်၊ အထင်ကရ ၈၈ မျိုးဆက်တွေ ဖြစ်တဲ့ ကိုဂျင်မီ၊ မနီလာသိန်းတို့ ရဲ့ ကဗျာ စာအုပ် ထွက်လာပါပြီ။  

စာအုပ်ကို နှလုံးသွေးဂီတချစ်သူနဲ့ကျွန်မကဗျာစုများ လို့ အမည်ပေးထားပါတယ်။

၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း သရက်ထောင်မှာ အကျဉ်းကျနေစဉ် အပြန်အလှန်ပေးပို့တဲ့စာတွေထဲက ကဗျာတွေကို စုစည်းပြီးထုတ်ဝေတဲ့စာအုပ်ပါ။

“အစ်မက ကိုဂျင်မီကိုပေးတဲ့စာတွေထဲမှာပါတဲ့ ကဗျာတွေနဲ့ ကိုဂျင်မီကနေ အစ်မဆီကိုရေးတဲ့စာတွေထဲက ကဗျာတွေကိုစုပေါင်းပြီး ဒီကဗျာစာအုပ်ကို ထုတ်တာပါ။
ခံစားမှု အစုံ ပါ ပါတယ်…” လို့ မနီလာသိန်းက ပြောပါတယ်။

“အစ်မ ထောင်အတွင်းမှာ အစာငတ်ခံဆန္ဒပြတဲ့အချိန်မှာ ဖြစ်ပေါ်တဲ့ခံစားမှုတွေကိုရေးတဲ့ ကဗျာတွေလည်း ပါတယ်၊
ထောင်ထဲမှာဖတ်ရတဲ့ စာအုပ်တွေအပေါ်မှာရတဲ့ sense ကိုလည်း ရေးဖြစ်တဲ့ကဗျာတွေလည်း ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

စာအုပ်ကို ကျပ် ၃,၀၀၀ နဲ့ ရောင်းချသွားမယ်၊ မနက်ဖြန်  ဗုဒ္ဓဟူးနေ့ ရန်ကုန်မြို့မှာရှိတဲ့ ရန်ကင်းစင်တာမှာ စာအုပ်မိတ်ဆက်ပွဲလုပ်မယ်၊ အချိန်က ညနေ ၄း၃၀ ကနေ ၆း၀၀ အထိ ဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီblog

Tuesday, June 11, 2013
နိုင်ငံရေးအကျဉ်းသားဟောင်းတွေလည
်းဖြစ်၊ အထင်ကရ ၈၈ မျိုးဆက်တွေ ဖြစ်တဲ့ ကိုဂျင်မီ၊ မနီလာသိန်းတို့ ရဲ့ ကဗျာ စာအုပ် ထွက်လာပါပြီ။

မြန်မာ့ဆက်သွယ်ရေး ဈေးကွက်အတွင်း Sing Tel ဝင်လာပြီ

မြန်မာ့ဆက်သွယ်ရေး ဈေးကွက်အတွင်း Sing Tel ဝင်လာပြီ

ဇွန်လ ၁၁ ရက် ၂၀၁၃

စင်ကာပူ အခြေစိုက် Sing Tel ဆက်သွယ်ရေး ဝန်ဆောင်မှုကုမ္ပဏီက ပြည်တွင်း ဆက်သွယ်ရေးကုမ္ပဏီ ၂ ခုနှင့် ပူးပေါင်း ကာ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်မည်ဟု Sing Tel ၏ International Group Consumer CEO Mr. Mark Chong က ပြောသည်။

စင်ကာပူ အခြေစိုက် Sing Tel ဆက်သွယ်ရေး ဝန်ဆောင်မှုကုမ္ပဏီက ကမ္ဘောဇဘဏ် လီမိတက်၊ မြန်မာ တယ်လီဖုန်း ကုမ္ပဏီ (M Tel) တို့နှင့် ပူးပေါင်း၍ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု ယနေ့ ရန်ကုန်မြို့ Strand Hotel တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် Mr. Mark Chong က ပြောကြားခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံမှာ လျှပ်စစ်မီး မလုံလောက်တဲ့ ပြဿနာ၊ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီးတော့ ကုန်ကြမ်း ဝယ်ယူရ ခက်ခဲတဲ့ ပြဿနာ စတဲ့ စိန်ခေါ်မှုတွေ ရှိပေမယ့် ကျနော်တို့ဘက်က ရအောင် လုပ်သွားမှာပါ။ မြန်မာနိုင်ငံက နှစ်ပေါင်းများစွာ နောက်ကျ ကျန်နေခဲ့တာကြောင့် နိုင်ငံတကာနဲ့ ချိတ်ဆက်ဖို့ လိုအပ်လိမ့်မယ်” ဟု သူက ဆိုသည်။

၃ နှစ်အတွင်း မြို့ပြနှင့် ကျေးလက်လူဦးရေ ၉၇ ရာခိုင်နှုန်းကို ဆက်သွယ်ရေး ဝန်ဆောင်မှုပေးနိုင်ရန် ပြင်ဆင်နေပြီး နိုင်ငံတကာနှင့် ချိတ်ဆက် ပြောဆိုနိုင်သည့် Sim Card များ ထုတ်လုပ်ခြင်း၊ ရေအောက် ဆက်သွယ်ရေး ကေဘယ်စနစ်များ ချိတ်ဆက်ပေးခြင်း၊ ဂြိုဟ်တု ဆက်သွယ်ရေးစနစ် တည်ထောင်နိုင်ပြီး မြန်မာအစိုးရ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်နိုင်ရေး အတွက် ဖြစ်နိုင်ချေ ရှိမရှိ လေ့လာရေးများတွင် ထည့်သွင်း ပါဝင်စေခြင်းတို့ကိုလည်း ဆက်လက် အကောင်အထည်ဖော် မည်ဟု သိရသည်။

ထို့အပြင် အာမခံ လုပ်ငန်း၊ ငွေစုငွေချေး လုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေး စသည့် ကိစ္စများတွင်လည်း ဆက်သွယ်ရေးစနစ် အသုံးပြုကာ ဆောင်ရွက်ရန်ရှိသည်ဟု Mr. Mark Chong က ရှင်းပြသည်။
Sing Tel ဆက်သွယ်ရေး ဝန်ဆောင်မှုကုမ္ပဏီသည် အာရှနှင့် အာဖရိကတွင် ဆက်သွယ်ရေး လုပ်ငန်းများကို ဆောင်ရွက် နေသည့် လုပ်ငန်းစု တခုဖြစ်ပြီး မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ပုဂ္ဂလိက ကုမ္ပဏီများကို ဆက်သွယ်ရေး လုပ်ငန်း လိုင်စင် တင်ဒါ ခေါ်ယူရာ၌ ကမ္ဘောဇဘဏ်နှင့် မြန်မာတယ်လီဖုန်း (M Tel) ကုမ္ပဏီတို့နှင့် ပူးပေါင်းကာ မြန်မာ့ ဆက်သွယ် ရေး ဈေးကွက် ဘက်သို့ စတင်အခြေချခွင့် ရရှိလာခဲ့ခြင်း ဖြစ်သည်။

“Sing Tel ကုမ္ပဏီက အခက်အခဲ ဖြစ်နေတဲ့အချိန်တွေမှာ တွဲခေါ်ခဲ့တာတွေ ရှိတယ်။ ပြီးတော့ တောင်သူလယ်သမားတွေနဲ့ အခြေခံ လူတန်းစားတွေအတွက် ဦးစားပေးပြီး လုပ်ချင်တဲ့အတွက်ကြောင့် လက်တွဲဖြစ်တာ။ အစိုးရကလည်း ဆက်သွယ် ရေး လိုင်စင်ကို ၄ ခုအထိ ချပေးဖို့ရှိတယ်လို့ ပြောထားတာတွေရှိတယ်လေ” ဟု M Tel မှ CEO ကိုဂျွန်နသန် မျိုးကျော် သောင်းက ပြောသည်။

Sing Tel ကုမ္ပဏီနှင့် ပူးပေါင်းရာတွင် ရင်းနှီးမြှုပ်နှံသည့် ငွေပမာဏကို ထုတ်ပြန်ရန် ပြည်တွင်းကုမ္ပဏီများက ငြင်းဆို ခဲ့ကြသည်။ ထို့အပြင် ဆက်သွယ်ရေးတင်ဒါ ဆန်ခါတင်စာရင်းတွင် ပါဝင်လျှက်ရှိသည့် Digicel ကုမ္ပဏီ ကလည်း မြန်မာ့ဆက်သွယ်ရေး ဈေးကွက်တွင်း ဝင်ရောက်နိုင်ရန် ခြေလှမ်းသွက်လျှက်ရှိသည်။

ဧရာဝတီ

ဇွန်လ ၁၁ ရက် ၂၀၁၃
စင်ကာပူ အခြေစိုက် Sing Tel ဆက်သွယ်ရေး ဝန်ဆောင်မှုကုမ္ပဏီက ပြည်တွင်း ဆက်သွယ်ရေးကုမ္ပဏီ ၂ ခုနှင့် ပူးပေါင်း ကာ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်မည်ဟု Sing Tel ၏ International Group Consumer CEO Mr. Mark Chong က ပြောသည်။

အချုပ်ယာဉ် ဘရိတ်ပေါက်၍ ယာဉ်တိုက်မှုဖြစ်

၁၁.၆.၂၀၁၃ ရက်နေ့ ၁၅;၀၅ အချိန် မင်္ဂလာတောင်ညွှန့်မြို့နယ်တရားရုံးမှ အချုပ်တရားခံ ကျား(၅)ဦး၊ မ(၅)ဦး၊ပေါင်း (၁၀)ဦးအား တပ်ဖွဲ့ဝင်များဖြင့်အင်းစိန်အကျဉ်းထောင်သို့ပို့ရန် ယာဉ်မောင်း ရဲတပ်သား စည်သူဝင်းနိုင် မောင်းနှင်သည့်ယာဉ်အမှတ် ၁ခ/၇၇၈၇ အချုပ်ယာဉ်သည်မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အထက်မန္တလေးလမ်းအတိုင်း မြို့နယ်တရားရုံးဘက်မှ ဒေါ်သိန်းတင်လမ်း ဘက်သို့မောင်းနှင်လာစဉ် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

"လူသတ်မှု ၃ ခုအတွက် သံသယရှိသူ ၃ ဦးအား မလေးရှားရဲ အလိုရှိနေ"

ဆီလန်ဂေါ၊ ဇွန် ၁၁
မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် မှုခင်း ၃ ခုနှင့်ပတ်သက်၍ သံသယရှိသူ ၃ ဦးအား အလိုရှိကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ကြောင်းသိရသည်။

ဗိုလ်တထောင်သိမ်းဆည်းခံမြေကွက် တတိယအကြိမ် ဆန္ဒဖော်ထုတ်


ရန်ကုန်-ဇွန်၁၁ 
ဗိုလ်တထောင်မြို့နယ် ၃ရပ်ကွက်ရှိသိမ်းဆည်းခံမြေကွက်၇၁၃ကွက်အတွက်တတိယအကြိမ်ဆန္ဒဖော်ထုတ်
ပွဲကို ယနေ့ နေလည်က အိုးအိမ်ဖွံဖြိုးရေးဦးစီးဌာနရှေ့မှစတင်ပြုလုပ်သည်။

ဂျိမ်းစ်ဘွန်း ရုပ်ရှင်ထဲကလို ရေအောက်မောင်းနှင်နိုင်မယ့်ကား

နည်းပညာတွေထွန်းကားမှုကြောင့် စိတ်ကူးရင်အိပ်မက်တွေလည်း အမှန်တကယ်ဖြစ်လာပါပြီ၊ဆွစ်ဇာလန်
ကားကုမ္ပဏီ Rinspeed ကထုတ်လုပ်တဲ့ sQuba လို့ခေါ်တဲ့ ကားအမျိုးစားဖြစ်ပြီး2008 Geneva Motor Show 
မှာ ကမ္ဘာ့ ပထမဆုံး ကုန်းပေါ်၊ရေပေါ်၊ရေအောက် သုံးမျိုးမောင်းနှင် လို့ရမယ့်ကားအမျိုးစားဖြစ်ပါတယ်။

ပြည်သူ့အကျိုးဆောင်ကွန်ရက်က ဒေါ်မြင့်မြင့်အေး ဖမ်းဆီးခံရ

Tuesday, June 11, 2013

နတ္တလင်းမြို့နယ်နဲ့ ပေါင်းတည်မြို့နယ်ထဲက လယ်သမားတွေဟာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သိမ်းယူထားတဲ့ လယ်မြေတွေမှာ ဇွန် ၁၀ ရက်နေ့က ထွန်တုံးတိုက်ပွဲ ဆင်နွှဲမှုကြောင့် ဦးဆောင်သူ ၃ ဦးကို ဒီနေ့မနက်မှာ ရဲက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

"ချိုင်းနားဝုဒ်(သို့မဟုတ်) ကမ္ဘာ့အကြီးဆုံး ရုပ်ရှင်စတူဒီယိုကြီး"

Photo: "ချိုင်းနားဝုဒ်(သို့မဟုတ်) ကမ္ဘာ့အကြီးဆုံး ရုပ်ရှင်စတူဒီယိုကြီး"
Tuesday, June 11, 2013

ရုပ်ရှင်နှင့်ပတ်သက်လျှင် အမေရိကန်နိုင်ငံ၏ ဟောလီးဝုဒ် (Hollywood) ကိုသာအများကသိကြသည်။အရှေ့တိုင်းသားများအဖို့ရုပ်ရှင်နှင့်ပတ်သက်၍ ဂုဏ်ယူနိုင် သလို သိထားသင့်သောအကြောင်းများစွာအနက် ချိုင်းနားဝုဒ်(China wood) ဟု အများခေါ်ကြသည့် Hengdian World Studios လည်းတစ်ခုအပါ အဝင်ဖြစ် သည်။ Hengdian World Stu-dios(HWS) သည်ကမ္ဘာ့အကြီးဆုံးရုပ်ရှင်စတူဒီယိုကြီးဖြစ်သည်။တရုတ်နိုင်ငံ Zhejiang ပြည်နယ်သုန်ယန် မြို့ရှိ Hengdian အရပ်၌ တည်ရှိသည်။

ချိုင်းနားဝုဒ်ပိုင်ရှင်

ချိုင်းနားဝုဒ် (China-wood) ဟု တစ်ခါတစ်ရံခေါ် သော HWS စတူဒီယိုကြီးကို ရှုဝမ်းရုံ (Xu Wenrong) ဟုခေါ် သောသူပိုင်ဆိုင်သည့် Hengidanအုပ်စုက စီမံဆောင် ရွက် လျက်ရှိသည်။ သူသည်လယ်မြေ ဧက ပေါင်းများစွာကို အာရှ တိုက် အတွင်းအကြီးဆုံးရုပ်ရှင် စတူဒီယိုကြီးအဖြစ် အသွင် ပြောင်း လဲခဲ့သည်။ ၁၉၉ဝခုနှစ် နှောင်းပိုင်း ကာလတွင်စတင် တည်ဆောက်ခဲ့ပြီးဒေါ်လာ ၃ ဘီလျံကုန်ကျခဲ့သည်။ မကြာသေးမီနှစ်များကပင် ပေကျင်းမြို့ရှိ ဘုရင့်ဥယျာဉ်တော်(Imperial Gardens) ပုံစံတူ "နွေရာသီစံကျောင်းတော်"တစ်ခုကို ထပ်မံတည်ဆောက်ခဲ့သည်။ ယခုအခါတွင် ကွမ်ကျိုလမ်း၊ ဟောင်ကောင်လမ်း၊ မင်(Ming) နှင့် ချင်(Qing) မင်းဆက်နန်းတော်ပုံစံ စသည်တို့ကိုပါ တည်ဆောက်ထားသည်။

တရုတ်ပြည်ရဲ့ဟောလီးဝုဒ်

Hengidan World Sudios ကိုအမေရိကန် ဟော လီးဝုဒ်ရုပ်ရှင်မဂ္ဂဇင်းကြီးက "တရုတ် ပြည်ရဲ့ဟောလီးဝုဒ်" (China's Hollywood) ဖြစ်အမည်ပေးခဲ့သည်။HWS တွင် အပိုင်း၂၁ပိုင်း ပါ ဝင်ပြီးကျွမ်းကျင် ဝန်ထမ်း ပေါင်း ၂ဝဝဝ ကျော်ရှိသည်။ ရုပ်ရှင် ရိုက်ကူးနေရာ ၁၃နေရာ ရှိပြီး စတုရန်းဧက ၄၉၅၉၉၅ မီတာ ကျယ်ဝန်းသည်။

ထူးခြားချက်များ

HWS စတူဒီယိုတွင် အံသြစရာကောင်းလောက်သော အရာများစွာရှိသည်။ ယင်းတို့ အနက် ၄၅.ဝ၅ မီတာမြင့်သော ဗုဒ္ဓဘုရားတန်ဆောင်ကြီးနှင့် ၂၈ ဒသမ ၈မီတာ မြင့်သောစကြ မုနိဆင်းတု တော်တော်ကြီး လည်း အပါအဝင်ဖြစ်သည်။ ၂ဝဝ၅ ခုနှစ်တွင် ကမ္ဘာပေါ်၌ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှု အများဆုံး စတူဒီယို လည်း ဖြစ်ခဲ့ သည်။

ကမ္ဘာကျော်ဇာတ်ကားကြီးများ

HWS စတူဒီယိုကြီးတွင် ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သည်။ ၂ဝ၁၂ခုနှစ်တွင် တရုတ်မင်းသား ဂျက်လီ ပါဝင်ရိုက်ကူးခဲ့သော "Hero" ရုပ်ရှင်ဇာတ် ကားကိုလည်း HWS တွင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ယင်းဇာတ်ကားသည်တရုတ်ရုပ်ရှင်သမိုင်းတွင် အကုန်အကျအများဆုံး ဇာတ်ကားဖြစ် သည်။ ဟောင်ကောင် အခြေစိုက် TVB ရုပ်မြင်သံကြားလိုင်းမှ ထုတ်လွှင့်ပြသခဲ့သော "A Step into the past" ဇာတ်လမ်း တွဲကိုလည်း HWS တွင်ရိုက် ကူးခဲ့ခြင်းဖြစ်သည်။ တရုတ်မင်း သားကြီးများ ဖြစ်ကြသော ဂျက်ကီချန်းနှင့် ဂျက်လီတို့ ပူးတွဲပါဝင် သရုပ်ဆောင် ထားသော ကမ္ဘာကျော် "The Forbidden Kingdom" ရုပ်ရှင် ဇာတ်ကားမှာ လည်း HWS တွင် ရိုက်ကူးခဲ့သည်။

ဧပရယ်လ်မိုးဆက်
Popular Journal

Tuesday, June 11, 2013

ရုပ်ရှင်နှင့်ပတ်သက်လျှင် အမေရိကန်နိုင်ငံ၏ ဟောလီးဝုဒ် (Hollywood) ကိုသာအများကသိကြသည်။အရှေ့
တိုင်းသားများအဖို့ရုပ်ရှင်နှင့်ပတ်သက်၍ ဂုဏ်ယူနိုင် သလို သိထားသင့်သောအကြောင်းများစွာအနက် ချိုင်း
နားဝုဒ်(China wood) ဟု အများခေါ်ကြသည့် Hengdian World Studios လည်းတစ်ခုအပါ အဝင်ဖြစ် သည်။

"ထိုင်းနိုင်ငံက PEE MAK ရုပ်ရှင်မြန်မာပရိသတ်ကြည့်ရှုမှုမြင့်မား"

Photo: "ထိုင်းနိုင်ငံက PEE MAK ရုပ်ရှင်မြန်မာပရိသတ်ကြည့်ရှုမှုမြင့်မား"
Tuesday, June 11, 2013

အရင်ကဆိုရင် မြန်မာ နိုင်ငံမှာ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများကို နိုင်ငံတကာနည်းတူ ပြသခဲ့ပါတယ်။နိုင်ငံခြားကား များပြသရာမှာပြန်ကြားရေး ဝန်ကြီးဌာ မြန်မာ့ရုပ်ရှင်လုပ် ငန်း နိုင်ငံခြားရုပ်ရှင်မှ တာဝန် ယူပြီးစီစစ်ရွေးချယ်တယ်လို့ သိရပါတယ်။

ပွင့်လင်းမြင်သာတဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လှမ်းနေချိန်မှာ နိုင်ငံတကာနည်းတူ နိုင်ငံခြား ဇာတ်ကားများကိုတစ်ပြိုင်တည်း ရုံတင်ပြသလာနိုင်ပါတယ်။ဒါ့အပြင် နိုင်ငံတကာမှာထင်ပေါ် ကျော်ကြားနေတဲ့ သရီးဒီဇာတ်ကားများ၊အန်နီမေးရှင်းဇာတ် ကားများကိုလည်းမြန်မာပရိ
သတ်များက နှစ်ခြိုက်အားပေးလာကြပါတယ်။ အခု နေပြည်တော်မှာ ရုံတင်ပြသတဲ့ Pee Mak ဇာတ်ကားဆိုရင်ပရိသတ်အ...ားပေးမှုက ရုံချိန်ထပ်တိုးရတဲ့အဆင့်ထိ အားပေးမှုရရှိခဲ့
ပါတယ်။အရင်က နေပြည်တော်မှာရုပ်ရှင်ပွဲချိန် ၅ ပွဲပြသခဲ့ပေမယ့် Pee Mak ရုပ်ရှင်ဇာတ်ကားရုံတင်ချိန်မှာပွဲချိန် ၆ ချိန်အထိ တိုးပြီးပြသခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားကိုလာရောက် အားပေး ကြည့်ရှုတဲ့ပရိသတ်အထဲမှာလူငယ်များသာမက ကလေး၊လူကြီး၊
မိသားစုတွေ လည်းတွေ့ရပါတယ်။

လှိုင်သာယာမြို့နယ်မှ လာရောက်ကြည့်ရှုတဲ့ပရိသတ်တစ်ဦးက "
ကျွန်တော်တို့ဒီကားကိုကြည့်ဖို့ လာတာလက်မှတ်ကုန်သွားလို့ ဆိုပြီး ၂ ပွဲထိုင်စောင့်နေတာ။ အဲဒါတောင် ၁၅ဝဝတန်းပဲ ရတယ်။ တစ်မိသားစုလုံးလာတာ။ ကျွန်တော် ဒီကားမှာ
အကြိုက်ဆုံး အခန်းပြောရရင်သူ့မိန်းမကို ဘယ်လောက်ချစ်လဲဆိုရင်သေပြီးသရဲဖြစ်တယ် ဆိုတာသိ တာ တောင်ဆက်ပေါင်းတယ်။ချက်ကျွေးတဲ့ထမင်း၊ ဟင်းတွေ
တကယ်မဟုတ်ဘူး။ မေတ္တာဆိုတာအင်အားပြင်းတယ်ဆိုတာ ကျွန်တော်ကြည့်ပြီး ရယ်အားထက်သနားလို့ ငိုအားသန်ဖြစ်မိပါတယ်" လို့ ပြောပြခဲ့ပါတယ်။

ပြည်သူတွေထဲက ပြည်သူတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်နေထူးနိုင်ကလည်း ယခုလက်ရှိမှာပရိသတ်တွေ အကြိုက်တွေ့နေတဲ့ Pee Mak ဇာတ်ကားကို သူ့အနေနဲ့လည်း
သွားကြည့်ဖြစ် ကြောင်းပြောပါတယ်။

အခုရုံတင်နေတဲ့ Pee Mak ဇာတ်ကားဆို ပရိသတ်တွေ တအားကြည့်ကြတယ်။ ဒီကားမှာ လူခြောက်ယောက်နဲ့ပဲ ပြီးသွားတာ။ဒါပေမဲ့ ပရိသတ်တွေက စိတ်ဝင်စားတယ်။ ကျွန်တော်ဆို လက်မှတ်ဝယ်မရလို့ အိမ်မှာအခွေဝယ် ကြည့်ရတယ်။ ဂလိထိုးပြီး ရယ်ရတာမဟုတ်ဘူး။ ထိုင်းစကားလည်း လူတိုင်းမတတ်ဘူး။ ဘာသာပြန်လည်း လူတိုင်းမဖတ်နိုင်
ဘူး။ ဒါပေမဲ့ စွဲဆောင်မှုတအား ကောင်းတယ်။ ဒီကားထဲမှာ သူတို့ရဲ့ ယဉ်ကျေးမှုတွေလည်း ဇာတ်ကားအစအဆုံးထည့်ထားတယ်။ အဝတ်အစားနဲ့ လိုကေး ရှင်းကအစယဉ်ကျေးမှုအမွေ ကိုထိန်းပြီးပရိသတ်ကို စွဲဆောင်တယ်။လူခြောက်ယောက်နဲ့ပြီး ပေမယ့်တကယ်ရယ်ရပြီး ပရိသတ်တွေကြိုက်ကြတဲ့အတွက် ရုံချိန်တောင် ထပ်တိုးခဲ့ရတယ်" လို့ လတ်တလောပရိသတ် အကြိုက် ဇာတ်ကားနဲ့ပတ်သက်ပြီးပြောပါတယ်။

မြန်မာဇာတ်ကားတွေကို မြန်မာကြိုက်အောင်ဘယ်လိုရိုက်ကူးတင်ဆက်ရမလဲဆိုတာ ရုပ်ရှင်၊ အနုပညာရှင်တွေအတွက် စဉ်းစားစရာဖြစ်လာပါသည်။

ထူးထူး
Popular Journal

Tuesday, June 11, 2013

အရင်ကဆိုရင် မြန်မာ နိုင်ငံမှာ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများကို နိုင်ငံတကာနည်းတူ ပြသခဲ့ပါတယ်။နိုင်ငံခြား
ကား များပြသရာမှာပြန်ကြားရေး ဝန်ကြီးဌာ မြန်မာ့ရုပ်ရှင်လုပ် ငန်း နိုင်ငံခြားရုပ်ရှင်မှ တာဝန် ယူပြီးစီစစ်ရွေး
ချယ်တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းလမ်း အဆင့်မြှင့်တင်မှု ပြီးစီးတော့မည်

Photo: ဗိုလ်ချုပ်အောင်ဆန်းလမ်း အဆင့်မြှင့်တင်မှု ပြီးစီးတော့မည် 
Tuesday, June 11, 2013

ရန်ကုန်မြို့တော် တစ်ဝန်းလုံးရှိ အဓိကယာဉ်နှင့် လူအထူထပ်ဆုံး၊ ယာဉ် ဖြတ်သန်းသွားလာမှု အများဆုံး လမ်းမကြီး များအား

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အဆင့်မြှင့်တင်လျက် ရှိရာ ယင်း လုပ်ငန်းစဉ်တွင် အပါအဝင် ဖြစ် သည့် ဗိုလ်ချုပ်အောင်ဆန်း လမ်းကို လမ်းသားတိုးချဲ့ အဆင့်မြှင့်တင်မှု လုံးဝနီးပါး ပြီးစီးတော့မည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

''လမ်းမတော်မြို့နယ် လမ်းသစ်လမ်းကနေ ကျောက်တံတားမြို့နယ် ဗိုလ်အောင်ကျော်လမ်း အထိ လမ်းသား တိုးချဲ့မှုနဲ့ အတူ ရေစီးရေလာ ကောင်းမွန်ဖို့ အတွက် ရေဆင်းမြောင်းများ ပြုပြင် ထိန်းသိမ်းမှု လုပ်ငန်းရော လူသွားစင်္ကြံနဲ့ ကားပါကင် ဖော်ထုတ်မှုပါ တွဲဖက် ဆောင်ရွက် နေပါတယ်။ ပြီးစီးမှုကတော့ ၉ဝ ရာခိုင်နှုန်း လောက် ရှိနေပါပြီ'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်း/တံတား) မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြခဲ့ သည်။

အဆိုပါ လမ်းသား ချဲ့ထွင်မှုမှာ အရှည် ပေ ၇၈ဝဝ ရှိသည့် လမ်းသား တစ်လျှောက်တွင် အကျယ်ပေ ၇ ပေမှ ၁၅ ပေ၊ ပေ ၂ဝ အထိ လမ်းသား ချဲ့ထွင်ကာ ယာဉ်ရပ်နားနိုင်ရန် ဆောင်ရွက်နေခြင်း ဖြစ်ပြီး လမ်းသား တိုးချဲ့ အဆင့်မြှင့်တင်မှု ပြီးစီးပါက ဗိုလ်ချုပ်အောင်ဆန်း လမ်းတစ်လျှောက် ယာဉ် ကျပ်တောင့် ပိတ်ဆို့မှုကို လျှော့ချနိုင်မည် ဖြစ်ကြောင်း သိရ သည်။

ယခုနှစ်တွင် ရန်ကုန်မြို့တော် တစ်ဝန်းလုံး (လမ်း/ တံတား) လုပ်ငန်းများ အတွက် ဘဏ္ဍာငွေ ချထားမှုမှာ ငွေကျပ် သိန်းပေါင်း လေးသောင်းကျော် ရှိကြောင်း သိရသည်။                   

ဇာနည်မောင်
မြ၀တီ

Tuesday, June 11, 2013

ရန်ကုန်မြို့တော်တစ်ဝန်းလုံးရှိအဓိကယာဉ်နှင့် လူအထူထပ်ဆုံး၊ ယာဉ် ဖြတ်သန်းသွားလာမှု အများဆုံး လမ်း
မကြီး များအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အဆင့်မြှင့်တင်လျက် ရှိရာယင်း လုပ်ငန်း
စဉ်တွင်အပါအဝင် ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း လမ်းကို လမ်းသားတိုးချဲ့အဆင့်မြှင့်တင်မှုလုံးဝနီးပါး ပြီးစီး
တော့မည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

မလေးရှားနိုင်ငံမှပြန်ရောက်လာကြမည့် မြန်မာနိုင်ငံသားများအတွက် မြန်မာ့စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ မှ ကနဦးအဖြစ် ဒေါ်လာတစ်သိန်းလှူဒါန်းမည်

Photo: မလေးရှားနိုင်ငံမှပြန်ရောက်လာကြမည့် မြန်မာနိုင်ငံသားများအတွက် မြန်မာ့စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ မှ ကနဦးအဖြစ် ဒေါ်လာတစ်သိန်းလှူဒါန်းမည်
Tuesday, June 11, 2013

"မလေးရှားနိုင်ငံမှပြန်ရောက်လာကြမည့် မြန်မာနိုင်ငံသားများအတွက် ဦးတေဇပိုင် ထူးဖောင်ဒေးရှင်းမှ ကနဦးအဖြစ် ဒေါ်လာတစ်သိန်းလှူဒါန်းမည်ဖြစ်ကြောင်း ထူးဖောင်ဒေးရှင်း Facebook စာမျက်နာတွင်ကြေငြာထားကြောင်းသိရှိရသည်။ ထူးဖောင်ဒေးရှင်းFacebook  စာမျက်နာတွင် 
မလေးရှားနိုင်ငံတွင်ဖြစ်ပေါ်နေသည့် အကြမ်းဖက်ခံရမှုများကြောင့် အမိမြန်မာနိုင်ငံသို့ ပြန်လာကြမည့်သူများအတွက် ထူးဖောင်ဒေးရှင်းမှ ကနဦးလှူဒါန်းမှုအဖြစ် အမေရိကန်ဒေါ်လာတစ်သိန်းအား လှူဒါန်းပေးသွား မည်ဖြစ်ပါသည် ဟုဖော်ပြထားသည်။

Htoo Foundation Facebook

https://www.facebook.com/HtooFoundation?ref=stream&hc_location=stream

Tuesday, June 11, 2013

"မလေးရှားနိုင်ငံမှပြန်ရောက်လာကြမည့် မြန်မာနိုင်ငံသားများအတွက်ဦးတေဇပိုင်ထူးဖောင်ဒေးရှင်းမှကနဦး
အဖြစ် ဒေါ်လာတစ်သိန်းလှူဒါန်းမည်ဖြစ်ကြောင်းထူးဖောင်ဒေးရှင်းFacebookစာမျက်နာတွင်ကြေငြာထား
ကြောင်းသိရှိရသည်။

တစ်နှစ်ထက် တစ်နှစ် စံချိန်ချိုးနေသည့် ရန်ကုန်မြို့ရှိ မုဒိမ်းမှု

၂၀၁၃ခုနှစ် နှစ်ဆန်းပိုင်းမှ မေလကုန်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း မုဒိမ်းမှုဖြစ်ပေါ်မှုမှာ ယမန်နှစ် တစ်နှစ်တာ စာရင်း၏ ထက်ဝက်နီးပါးခန့် ရှိနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့သတင်းထုတ်
ပြန် ချက်အရ သိရှိရသည်။၂၀၁၂ ခုနှစ် တစ်နှစ်တာအတွင်း မုဒိမ်းမှု (၁၃၅) မှုဖြစ်ပွားခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်
န၀ါရီလမှ မေလကုန်အထိ မုဒိမ်းမှု (၆၁) မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ 

ဘ၀အာမခံချက်မရှိ၍ မလေးရောက်မြန်မာအများစု ပြည်တွင်းသို့ ပြန်မလာလို

Tuesday, June 11, 2013

မလေးရှားရောက်မြန်မာလုပ်သားများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရန် အစိုးရ

နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များက စီစဉ်ပေးနေသော်လည်း လုပ်သားအများစုမှာ လတ်တလောအခြေနေအရ
မြန်မာနိုင်ငံသို့ ပြန်လာမည့် အစီစဉ်မရှိသေးကြောင်း မလေးရှား ရောက် မြန်မာလုပ်သားအများစုက ပြောကြ
သည်။

သရုပ်ဆောင်၊ဒါရိုက်တာကုသိုလ်အား မေတ္တာသင်္ဂဟအဖွဲမှအားပေးတွေ့ဆုံ

Photo

Tuesday, June 11, 2013

အသည်းရောဂါဖြင့် အောင်ရတနာဆေးရုံတွင် တက်ရောက်ကုသနေတဲ့ သရုပ်ဆောင်၊ ဒါရိုက်တာ ကုသိုလ်
ကို အနုပညာမောင်နှမများဖြစ်တဲ့ မေတ္တာသင်္ဂဟအဖွဲ့မှ သွားရောက်အားပေးခဲ့ကြောင်းသတင်းရရှိသည်။

AGD ဘဏ်ရှယ်ယာများ ယခုနှစ်အတွင်း စရောင်းမည်

Photo: AGD ဘဏ်ရှယ်ယာများ ယခုနှစ်အတွင်း စရောင်းမည်
Tuesday, June 11, 2013

အများပိုင်ဘဏ် အဖြစ်ပြောင်းလဲ လုပ်ကိုင်မည့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD)က ဘဏ်၏ ပိုင်ဆိုင်မှုများ တန်ဖိုး တွက်ချက်ခြင်း ပြီးစီးတော့မည် ဖြစ်သဖြင့် ရှယ်ယာများကို အများပြည်သူသို့ ယခုနှစ်အတွင်း ထုတ်ရောင်းမည် ဖြစ်ကြောင်း အဆိုပါဘဏ် အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းဦးက The Voice သို့ ပြောကြားသည်။

ထိုင်းနိုင်ငံမှ တန်ဖိုး တွက်ချက်သည့် ကုမ္ပဏီတစ်ခုဖြင့် တွက်ချက်ပြီး ဖြစ်သော်လည်း စင်ကာပူနိုင်ငံမှ နောက်ထပ် တန်ဖိုး တွက်ချက်သည့် ကုမ္ပဏီတစ်ခုဖြင့် ယခုလအတွင်း ထပ်မံတန်ဖိုး တွက်ချက်ရန် စီစဉ်လျက် ရှိကြောင်း ၎င်းကရှင်းပြသည်။
...

မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနထံက အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်ကို အများပိုင်ဘဏ်အဖြစ် ပြောင်းလဲခွင့်နှင့် ရှယ်ယာ ရောင်းချခွင့် များကိုမူ ရရှိထားပြီး ဖြစ်ကြောင်း ဦးရဲမင်းဦးက ပြောကြားသည်။

“တန်ဖိုး မတွက်ဘဲ ရှယ်ယာ ထုတ်ရောင်းလည်း ရောင်းလို့ရပါတယ်။ ဒါပေမဲ့ဘဏ်ရဲ့ ပိုင်ဆိုင်မှု ဘယ်လောက် ခိုင်မာတယ်ဆိုတာကို တရားဝင် ပြချင်လို့ပါ”ဟု ၎င်းက ဆိုသည်။

အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်ကို တန်ဖိုး တွက်ချက်ရာတွင် ဘဏ်၏ ပိုင်ဆိုင်မှု အားလုံးကို ထည့်သွင်း တွက်ချက်မည် ဖြစ်ပြီး အဆိုပါ တန်ဖိုးတွက်ချက်ပြီးမှသာ ထုတ်ဝေ ရောင်းချမည့် ရှယ်ယာ အရေအတွက်နှင့် ဈေးနှုန်းကို သိရှိနိုင်မည်ဟု ၎င်းကပြောဆိုသည်။

ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာနက အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် လီမိတက်ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ စတင်၍ အများပိုင် ကုမ္ပဏီအဖြစ် တရားဝင် မှတ်ပုံတင်ခွင့်ပြုခဲ့သည်။

The Voice Weekly

Tuesday, June 11, 2013

အများပိုင်ဘဏ် အဖြစ်ပြောင်းလဲ လုပ်ကိုင်မည့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD)က ဘဏ်၏ ပိုင်ဆိုင်
မှုများတန်ဖိုးတွက်ချက်ခြင်း ပြီးစီးတော့မည် ဖြစ်သဖြင့်ရှယ်ယာများကိုအများပြည်သူသို့ ယခုနှစ်အတွင်းထုတ်
ရောင်းမည် ဖြစ်ကြောင်း အဆိုပါဘဏ်အုပ်ချုပ်မှုဒါရိုက်တာဦးရဲမင်းဦးကThe Voiceသို့ ပြောကြားသည်။

မန်းတိုင်းအတွင်း တက္ကသိုလ်ဝင်တန်း ၄ ဘာသာနှင့်အထက်ဂုဏ်ထူးရှင် (၅)ထောင်ကျော်ထွက်ရှိ

Tuesday, June 11, 2013
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၂-၂၀၁၃စာသင်နှစ်၌ တက္ကသိုလ်ဝင်တန်းကျောင်းသား ကျောင်းသူများ
ထဲမှဂုဏ်ထူးရှင်ပေါင်းငါးထောင်ကျော်ထွက်ရှိခဲ့ကာ အောင်ချက်ရာခိုင်နှုန်းလည်းတိုးလာကြောင်းသိရှိရသည်။
၂၀၁၂-၁၃စာသင်နှစ်အတွက်မန္တလေးတိုင်းဒေသကြီးအတွင်း ဖြေဆိုသူပေါင်း၇၅၂၈၂ဦးဖြေဆိုခဲ့ရာ အောင်မြင်
သူ ၂၉၇၁၅ဦးအောင်မြင်ခဲ့ပြီး၆ဘာသာဂုဏ်ထူးရှင်၁၅၆ဦးနှင့်ဂုဏ်ထူးရကျောင်းသား ကျောင်းသူ ၅၀၅၈၀ဦး
ရှိခဲ့ကြောင်းသိရသည်။

ချယ်လ်ဆီးအသင်းရဲ့ စွန့်စားခန်းတွေကို ပျော်ရွှင်စွာ တာဝန်ယူမယ့် မော်ရင်ဟို

Photo: ချယ်လ်ဆီးအသင်းရဲ့ စွန့်စားခန်းတွေကို ပျော်ရွှင်စွာ တာဝန်ယူမယ့် မော်ရင်ဟို
Tuesday, June 11, 2013

၂၀၀၄ ခုနစ် ကနေ ၂၀၀၇ အထိ ပရီးမီးယားလိဂ်မှာ စပယ်ရှယ်ဝမ်း ဆိုတဲ့ နာမည်နဲ့အတူ မော်ကြွားစွာနဲ့ ချယ်လ်ဆီး အသင်းမှာ နည်းပြလုပ်ခဲ့တဲ့
 မော်ရင်ဟိုဟာ ၆ နှစ်အကြာမှာ ချယ်လ်ဆီးရဲ့ စတမ်းဖော့ဘရစ် အားကစားကွင်းသို့ အပြာရောင် ခြင်္သေ့တွေကို ဦးစီးဖို့ ပြန်လည်
 ရောက်ရှိလာ ပါပြီ။

အင်္ဂလိပ် ပရီးမီးယားလိဂ် ကလပ်အသင်းဖြစ်တဲ့ ချယ်လ်ဆီးသို့ တကြော့ပြန် ရောက်ရှိလာတဲ့ ပေါ်တူဂီ နည်းပြ ဟိုဆေး မော်ရင်ဟိုက
 ပြန်လည် ရောက်ရှိလာတဲ့အတွက် ပျော်ရွှင်နေသူတဦးပါလို့ ပြောဆိုသွားပါတယ်။ ဆက်လက်ပြီး မော်ရင်ဟိုက သူဟာ ပိုမိုရင့်ကျက်တည်ငြိမ်ပြီး အရင်ကထက် ပိုတော်တဲ့ နည်းပြ ဖြစ်လာပါတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

အသက် ၅၀ ရှိပြီဖြစ်တဲ့ ပေါ်တူဂီ နည်းပြ မော်ရင်ဟိုဟာ အပြာရောင် တပ်သားတွေကို ၂၀၀၄ ခုနစ်ကနေ ၂၀၀၇ အထိ ကိုင်တွယ်ခဲ့ပြီး
 အောင်မြင်မှုတွေ ဆက်တိုက်ရရှိခဲ့ပေမယ့် ပိုင်ရှင် အေဗရာမိုဗစ်နဲ့ အဆင်မပြေဖြစ်ကာ ထုတ်ပယ်ခြင်း ခံခဲ့ရတဲ့ နည်းပြဖြစ်ပါတယ်။

ချယ်လ်ဆီး အသင်းက မော်ရင်ဟို အသင်းကို ပြန်လာပြီး နည်းပြအဖြစ် တာဝန်ယူတော့မယ်လို့ ဇွန်လ ၃ ရက်နေ့မှာ ကြေညာအပြီး  ဇွန်လ ၁၀ ရက်နေ့မှာတော့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

မော်ရင်ဟိုက “ကျနော်ဟာ ချယ်လ်ဆီးကို ပြန်လာခွင့်ရတဲ့အတွက်
 ပျော်ရွှင်နေတဲ့ သူတဦးပါ။ ကျနော်ဟာ ပိုမိုတည်ငြိမ်လာပြီး အခုအချိန်ဟာ ကျနော့်ရဲ့ နည်းပြသက်တမ်းမှာ အသိပညာ အစုံဆုံးအချိန်လို့
 ပြောလို့ရပါတယ်။ ကျနော်ဟာ နည်းပြလောကထဲကို ၂၀၀၀ ခုနစ်ထဲမှာ စတင်ဝင်ရောက်ခဲ့ပါတယ်။ ကျနော်ဟာ အဲဒီအချိန်တုန်းက ငါ အားလုံးသိတယ်ဆိုတဲ့ မာနရှိခဲ့ပေမယ့် ၁၃ နှစ်အကြာမှာတော့ ကျနော် ဘာမှ မသိသေးကြောင်းနဲ့ နေ့စဉ်နေ့တိုင်း သင်ယူစရာတွေ ရှိသေးတယ်ဆိုတာ သိလာပါတယ်။ ဥရောပမှာ ကျင်လည်ခဲ့ရတဲ့ စွန့်စားခန်းတွေဟာ ကျနော့်အတွက် အံ့မခန်းပါပဲ။ မတူကွဲပြားတဲ့နိုင်ငံတွေ၊ ရိုးရာယဉ်ကျေးမှုနဲ့ ကွဲပြားတဲ့ မီဒီယာတွေကြားမှာ သင်ခန်းစာတွေ အတော်ရလိုက်ပါတယ်။”

“အသက် ၅၀ ပြည့်ပေမယ့် ကျနော်ဟာ ကျနော့်ကိုယ်ကျနော် ငယ်ရွယ်တဲ့ နည်းပြတဦးအဖြစ် ထင်တုန်းပါပဲ။ အခုအချိန်ဟာ နောက်ထပ် စွန့်စားခန်းရဲ့ ခြေလှမ်းသစ်တခုလို့ ယူဆထားပါတယ်။ အခုအချိန်မှာ ကျနော်ဟာ အရင်ကနဲ့ မတူတဲ့သူတဦး ဖြစ်နေမယ်လို့ ထင်လား၊ ကျနော်ကတော့ အဲဒီလို မထင်ပါဘူး။ အရင်တုန်းက မော်ရင်ဟိုနဲ့ အခုမော်ရင်ဟိုဟာ အတူတူပဲဖြစ်ပြီး နည်းဗျူဟာ ပိုင်းချဉ်းကပ်မှုတွေမှာသာ ရှုထောင့်တွေ မတူတော့ဘဲ ပိုမိုရင့်ကျက်တဲ့နည်းပြ တဦး ဖြစ်လာမှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။

မော်ရင်ဟိုနဲ့ စာချုပ်သစ်

မော်ရင်ဟိုဟာ ယာယီနည်းပြ ဘန်နီတက်စ် ဆီကနေ တာဝန် လွှဲပြောင်းယူမှာဖြစ်ပြီး ချယ်လ်ဆီး အသင်းနဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ စာချုပ်နဲ့ ပတ်သက်ပြီး မော်ရင်ဟိုက “ကျနော်ဟာ စာချုပ်သက်တမ်း ကုန်တဲ့အထိ ချယ်လ်ဆီးကို တာဝန်ယူရဖို့ မျှော်လင့်ပါတယ်။ အကယ်၍ အသင်းကသာ ကျနော့် ကိုင်တွယ်မှုကို ကျေနပ်ပြီး အသင်းမှာ ဆက်ရှိနေစေချင်ဆိုရင် ကျနော့်ကလည်း အတိုင်းမသိ ပျော်ရွှင်မိမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။

သတင်းထောက်များကလည်း အခွင့်အရေးရတုန်း မော်ရင်ဟိုကို မန်ချက်စတာမြို့ခံ ပြိုင်ဘက် ၂ သင်းဖြစ်တဲ့ မန်ယူနဲ့ မန်စီးတီး အသင်းသို့ ပြောင်းရွှေ့ခွင့် ရှိခဲ့လားဆိုတာ မေးမြန်းရာ မော်ရင်ဟိုက “ကျနော်ဟာ ကျနော်ချစ်တဲ့အသင်းကို ရောက်ရှိလာတာပါ။ ဒီ့အတွက်နဲ့ ကျနော်ဘာကိုမှ မပြောင်းလဲနိုင်ပါဘူး” လို့ ဖြေကြားခဲ့ပါတယ်။ ပေါ်တိုနဲ့ အင်တာမီလန် နည်းပြဟောင်းတဦး ဖြစ်တဲ့ မော်ရင်ဟိုဟာ ချယ်ဆီးအသင်းမှာ ကိုင်တွယ်ခဲ့တုန်းက ဖလား ၅ ခု ရရှိခဲ့ပြီး ပရီးမီးယားလိဂ် ဖလား ၂ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ်နဲ့ အက်ဖ်အေ ဖလားတို့ကို ရရှိခဲ့ပါတယ်။


“အရင်လို အောင်မြင်မှု ရရှိဖို့ဆိုတာ ဖြစ်နိုင်ပါတယ်။ ကျနော်ဟာ အမြဲတမ်း ကျနော့်ရဲ့ အလုပ်အပေါ်ကို ယုံကြည်မှုရှိပါတယ်။ ဒီကလပ်မှာရှိတဲ့ လူအများစုကို ကျနော် ရင်းနှီးစွာသိထားပြီး သူတို့ရဲ့ ရည်မှန်းချက်နဲ့ စိတ်ဓာတ်မာကျောမှုတွေဟာ အသင်းရဲ့ အောင်မြင်မှုကို အထောက်အပံ့ ဖြစ်စေမှာပါ။ ကျနော့်ရဲ့ နည်းပြသက်တမ်းမှာ အသင်းကို စနစ်တကျ တည်ဆောက်ပြီး အောင်မြင်မှုတွေ ရရှိလာခဲ့တာပါ။ ကျနော်ဟာ ရောက်ရှိတဲ့အသင်းတိုင်းမှာ အောင်မြင်မှုတွေ ဆောင်ကျဉ်းပေးနိုင်ခဲ့ပြီး အခု ချယ်လ်ဆီးအသင်းမှာလည်း အောင်မြင်မှုတွေကို ရယူပေးနိုင်ဦးမယ်လို့ ယုံကြည်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

မော်ရင်ဟို ၂၀၀၇ ခုနစ် ရာသီအစမှာ ချယ်လ်ဆီးအသင်းကနေ ရုတ်တရက် ထွက်ခွာခဲ့စဉ်က ဘောလုံးပရိသတ်တွေ အံ့အားသင့်ခဲ့ရပြီး သတင်းတွေအရ ပိုင်ရှင် အေဗရာမိုဗစ်ရဲ့ အမျက်ရှမှုနဲ့အတူ ဆက်ဆံရေး ဆိုးရွားလာတာကြောင့် မော်ရင်ဟိုနဲ့ လမ်းခွဲခဲ့တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် အခု သတင်းစာရှင်းလင်းပွဲမှာတော့ မော်ရင်ဟိုဟာ ဒီသတင်းကို ရှင်းလင်းသွားခဲ့ပါတယ်။ ကျနော်ဟာ သတင်းစာတိုင်းမှာ ပိုင်ရှင်နဲ့ ကျနော် အဆင်မပြေလို့  ကျနော် အထုတ်ခံခဲ့ရတယ်လို့ပဲ ဖတ်ခဲ့ရပါတယ်။ အမှန်တကယ်က အဲဒီလို မဟုတ်ပါဘူး။ ဒီဆုံးဖြတ်ချက်ကို နှစ်ဦး သဘောတူ ဆုံးဖြတ်ချက် ချခဲ့တာဖြစ်ပြီး နှစ်ဦးစလုံးအတွက် အလွန်ခက်ခဲခဲ့တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ဆက်ဆံရေး ပျက်ပြားသွားတယ်ဆိုတာ လုံးဝမဟုတ်ဘဲ အခုထက်ထိ ပိုင်ရှင် အေဗရာမိုဗစ်နဲ့ ဘောလုံးအကြောင်း
 ဆွေးနွေးနေဆဲပါလို့ ပြောဆိုသွားခဲ့ပါတယ်။

ဂျွန်တယ်ရီကိုသာ အသင်းခေါင်းဆောင်အဖြစ် ဆက်လက် တာဝန်ပေးမည်

ယခုအချိန်မှာ အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ဂျွန်တယ်ရီဟာ ပြီးခဲ့နှစ်မှာ
 ပြဿနာပေါင်း များစွာနဲ့အတူ ခြေစွမ်းပိုင်းပါ ကျဆင်းခဲ့တာကြောင့် အသင်းရဲ့ အရန်ခုံမှာသာ ထိုင်ခဲ့ရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး
 မော်ရင်ဟိုက ကျနော် ဘန်နီတက်စ်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ပြောဆိုဖို့ရာ အကြောင်းမရှိပါဘူး။ ကျနော် ပြောနိုင်တာကတော့ အသင်းရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဘာတွေကို လုပ်ဆောင်သွားမယ် ဆိုတာဖြစ်ပြီး ဇူလိုင် ၁ ရက်နေ့မှာ တယ်ရီ အပါအ၀င် ကစားသမား အားလုံးနဲ့ တွေ့ဆုံသွားမှာပါလို့ ပြောဆိုသွားခဲ့ပါတယ်။

မော်ရင်ဟို ပြန်လာတာနဲ့ ပတ်သက်ပြီး ချယ်လ်ဆီး အသင်းပရိသတ်များက အလွန်ဝမ်းသာနေကြသလို တခြား ပရီးမီးယားလိဂ် ကလပ်များကလည်း ချယ်လ်ဆီး အသင်း ပိုက်ဆံ ဘယ်လောက် သုံးဦးမယ်ဆိုတာ စိတ်ဝင်စားနေကြပါတယ်။ မော်ရင်ဟိုနဲ့အတူ ပရီးမီးယားလိဂ် အသင်းကြီးတွေဖြစ်တဲ့ မန်ယူမှာ မိုးယက်စ်နဲ့ မန်စီးတီးမှာ ပယ်လီဂရီနီ တို့လည်း နည်းပြသစ်တွေအဖြစ် ရောက်ရှိလာပြီး မကြာခင်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
 သေချာတာကတော့ မော်ရင်ဟိုဟာ အင်္ဂလန်ကို ပြန်ရောက်လာချင်းမှာပဲ မီဒီယာကို ဆွဲဆောင်နိုင်ခဲ့ပြီး  “စပယ်ရှယ်ဝမ်း” ကနေ “စပယ်ရှယ်ပျော်ရွှင်တဲ့လူသား” တဦးပါလို့ ကိုယ်တိုင်နာမည်တပ်ကာ သတင်းစာရှင်းလင်းပွဲကို ရယ်ရယ်မောမောနဲ့ အဆုံးသတ်ခဲ့ပါတယ်။

နည်းပြသက်တမ်း တလျှောက် မော်ရင်ဟို ရရှိဖူးတဲ့ ဖလားများ

ချန်ပီယံလိဂ် ဖလား  (၂၀၀၄၊ ၂၀၁၀)
ယူအီးအက်ဖ်အေ ဖလား (၂၀၀၃)
ပေါ်တူဂီလိဂ် ဖလား (၂၀၀၃၊ ၂၀၀၄)
အင်္ဂလိပ် ပရီးမီးယားလိဂ် (၂၀၀၅၊ ၂၀၀၆)
အီတလီ စီးရီးအေ (၂၀၀၉၊ ၂၀၁၀)
စပိန် လာလီဂါ  (၂၀၁၂)
ပေါ်တူဂီ ရှုံးထွက် ဖလား (၂၀၀၃)
အက်ဖ်အေ ဖလား (၂၀၀၇)
အင်္ဂလိပ်လိဂ် ဖလား (၂၀၀၄၊ ၂၀၀၆)
ကိုပါ အီတလီ ဖလား (၂၀၁၀)
ကိုပါဒယ်ရေး စပိန်ဖလား (၂၀၁၁)

Tuesday, June 11, 2013

၂၀၀၄ ခုနစ် ကနေ ၂၀၀၇ အထိပရီးမီးယားလိဂ်မှာစပယ်ရှယ်ဝမ်းဆိုတဲ့ နာမည်နဲ့အတူ မော်ကြွားစွာနဲ့ ချယ်
လ်ဆီး အသင်းမှာ နည်းပြလုပ်ခဲ့တဲ့ မော်ရင်ဟိုဟာ ၆ နှစ်အကြာမှာ ချယ်လ်ဆီးရဲ့ စတမ်းဖော့ဘရစ် အားက
စားကွင်းသို့ အပြာရောင် ခြင်္သေ့တွေကို ဦးစီးဖို့ ပြန်လည်ရောက်ရှိလာ ပါပြီ။

တစ်နာရီ မိုင် ၃၁၀ ပြေးမည့် ရှပ်ပြေးရထား ဂျပန်တို့ စမ်းသပ် အောင်မြင်

တစ်နာရီ မိုင် ၃၁၀ ပြေးမည့် ရှပ်ပြေးရထား ဂျပန်တို့ စမ်းသပ် အောင်မြင်
Tuesday, June 11, 2013

တစ်နာရီ မိုင် ၃၁၀ တောင် ခရီးသွားတဲ့ ရထားမို့ကမ္ဘာ့အမြန်ဆုံး ကျည်ဆံ ရထား ဖြစ်လာအုံးမှာပါ။

လက်ရှိကတော့ တရုတ်ပြည်က တစ်နာရီ ၂၆၈ မိုင်ပြေးတဲ့ ရထားက ကမ္ဘာ့အမြန်ဆုံး ကျည်ဆံရထား အဖြစ် စံချိန်တင်ထားပါတယ်။ ဂျပန်ကလည်း စံချိန်သစ်နဲ့ နည်းပညာသစ်ကို ရထားကို စမ်းသပ်အောင်မြင်
သွားပါပြီ။ ရိုးရိုးသွားတဲ့ ရထားတောင် မဟုတ်တော့ပဲ ရေပေါ် ပေါ်သလို ရှပ်ပြေးလေး သွားမယ့် ရထား ဖြစ်ပါတယ်။ သံလမ်းနဲ့ မထိသထိအနေ
အထားရှိပြီး Air Resistance ကိုခုခုလို့ကမ္ဘာ့အမြန်ဆုံး ကျည်ဆံရထား ဖြစ်
လာမှာပါ။

လုံခြုံရေးအတွက်လည်းအပြည့်အဝ ပြုလုပ်ပေးထားပါတယ်။ လောလော
ဆယ် ၁၅ မီတာ အရှည်သာ ပြုလုပ်ရသေးပြီး ဒီထက်ပိုရှည်ပြီး ခရီသည် ပိုတင်နိုင်မယ့် အမျိုးအစားကို ကြိုးစားဖန်တီးသွားမယ်လို့ဆိုပါတယ်။

တိုကျိုနဲ့အိုဆာကာ မြို့နှစ်ခုကို ဆက်သွယ် ပို့ဆောင်ပေးမယ့် ရထားလို့ဆို
ပါတယ်။ ဒီအတွက် ရထားလမ်း စနစ်ကိုလည်း ပြန်လည် ပြုပြင်ရမှာပါ။ ဒါကြောင့် ခရီးသည် ပို့ဆောင်ရေးအတွက် လက်တွေ့အသုံပြုမှုကျတော့
နောက်ထပ် ၇ နှစ်လောက်ထိ အချိန်ယူ ဖန်တီးရမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)
TechSpace Journal

Tuesday, June 11, 2013
တစ်နာရီ မိုင် ၃၁၀ တောင် ခရီးသွားတဲ့ ရထားမို့ကမ္ဘာ့အမြန်ဆုံး ကျည်ဆံ ရထား ဖြစ်လာအုံးမှာပါ။လက်ရှိက
တော့ တရုတ်ပြည်က တစ်နာရီ ၂၆၈ မိုင်ပြေးတဲ့ ရထားက ကမ္ဘာ့အမြန်ဆုံး ကျည်ဆံရထား အဖြစ် စံချိန်တင်
ထားပါတယ်။ဂျပန်ကလည်းစံချိန်သစ်နဲ့နည်းပညာသစ်ကို ရထားကို စမ်းသပ်အောင်မြင်သွားပါပြီ။

ယူရိုသန်းချီတန် မြန်မာကျောက်စိမ်းတုံးကိစ္စ တရုတ်ကုမ္ပဏီက ပြန်လည်ပေးအပ်ရန် ကမ်းလှမ်းခဲ့ပြီး မြန်မာကုမ္ပဏီက အခွန်ငွေပေးဆောင်ရန် လျှောက်ထား

ဇွန်လ ၁၁ ရက် ၂၀၁၃

ယူရိုသန်းချီတန် မြန်မာ့ကျောက်စိမ်းတုံး နှစ်တုံးကိစ္စနှင့် တရုတ်နိုင်ငံတွင် တရားရင်ဆိုင်လျက်ရှိသော မြန်မာကုမ္ပဏီကို တရုတ်ကုမ္ပဏီက ကျောက်စိမ်းတုံးများ ပြန်လည်ပေးအပ်ရန် ကမ်းလှမ်းခဲ့ပြီး မြန်မာကုမ္ပဏီက တရားဝင် အခွန်ငွေ ပေးဆောင်ရန်နှင့် တရားမ၀င် တင်သွင်းခဲ့သော လမ်းကြောင်းကို ဖော်ထုတ်ပေးရန် တရုတ်တရားရုံးသို့ ဆက်လက် လျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၅ တွင် မဲအများစု အနိုင်ရပါက သူရဦးရွှေမန်းကို ကြံ့ခိုင်ရေးပါတီ သမ္မတ တင်သွင်းမည်

ရန်ကုန်၊ ဇွန် ၁၀

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ် အများစု အနိုင်ရပါက သူရဦးရွှေမန်းကိုနိုင်ငံတော်သမ္မတ အဖြစ် တင်မြှောက်ရန် ရွေးချယ် တင်သွင်း မည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး The Voice သို့ ပြောကြားသည်။

အကြမ်းဖက်ခံရသည့် မိတ္တီလာမှ ဒုက္ခသည်များမှ ၄င်းတို့ မူလပိုင်ဆိုင်တဲ့ မြေနေရာသာ ပြန်ပေးရန် သမ္မတထံ အသနားခံစာပို့

ဇွန်လ ၁၀၊ ၂၀၁၃

မတ်လ နှောင်းပိုင်း တွင် အကြမ်းဖက်သမားများ မီးရှို့ တိုက်ခိုက်မှုများကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားရသော မိတ္ထီလာမြို့မှ ဒုက္ခသည်များမှ ၄င်း၏ ဆန္ဒမပါဘဲ နေအိမ် အဆောက်အဦး ဆောက်လုပ်မည့် ကိစ္စအား ဟန့်တား ကူညီဆောင်ရွက်ပေးပါရန် အသနားခံစာကို ဇွန်လ ၉ရက်နေ့က သမ္မတကြီးထံ တင်ပြခဲ့ကြောင်း သိရသည်။

မျက်စိကိုလျာနဲ့ လျက်ခြင်း ဂျပန်လူငယ်များအကြားခေတ်စား

တုန်လှုပ်ဖွယ်ကောင်းတဲ့ အလေ့အထ တစ်ခုဂျပန် ကလေးတွေကြားမှာ ပျံ့ နှံ့ နေပါတယ်။ internet site Naver Matome မှာလဲဒီအကြောင်းကိုအရမ်းပြောနေကြပါတယ်။အခုတင်ပြမဲ့အကြောင်းအရာကို twitter မှာပြန်ဖြန့် 
ကြတာ အကြိမ် ၁၀,၀၀၀ လောက်ရှိပါတယ်။ အသက်၁၂နှစ်အရွယ်နီးပါးရှိတဲ့ ခြောက်တန်း ကလေးတွေ တ
ယောက်မျက်လုံးကို တယောက်လျာနဲ့ လျက်ကြတာဖြစ်ပါတယ်။

မြန်မာနှင့် ဂျပန်၊ သြစတြေးလျ၊ ထိုင်းကုမ္ပဏီတို့ ပူးပေါင်းကာ ကမ္ဘာအေးဘုရား လမ်းပေါ်တွင် ၂၇ ထပ်ရှိ ကားပါကင်၊ ဈေးဝယ်စင်တာများ ပါဝင်သော အထပ်မြင့် အဆောက်အအုံတစ်ခု ဆောက်မည်

Photo: မြန်မာနှင့် ဂျပန်၊ သြစတြေးလျ၊ ထိုင်းကုမ္ပဏီတို့ ပူးပေါင်းကာ ကမ္ဘာအေးဘုရား လမ်းပေါ်တွင် ၂၇ ထပ်ရှိ ကားပါကင်၊ ဈေးဝယ်စင်တာများ ပါဝင်သော အထပ်မြင့် အဆောက်အအုံတစ်ခု ဆောက်မည်
Tuesday, June 11, 2013

မြန်မာနှင့် ဂျပန်၊ သြစတြေးလျ၊ ထိုင်း ကုမ္ပဏီတို့ ပူးပေါင်းကာ ကမ္ဘာအေးဘုရား လမ်းပေါ်တွင် ၂၇ ထပ်ရှိ အထပ်အမြင့် အဆောက်အအုံတစ်ခု တည်ဆောက်မည် ဖြစ်ကြောင်း အကျိုးတူ ဆောက်လုပ်မည့် Living Square Co.,Ltd ထံမှ သိရသည်။

အမှတ်(၆၅) မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရား လမ်းပေါ်တွင် အဆိုပါ ၂၇ ထပ်ရှိ အဆင့်မြင့် အဆောက်အအုံကို တည်ဆောက်မည်ဖြစ်ပြီး ကားပါကင်အဖြစ် မြေအောက်ထပ် သုံးထပ်နှင့် အထပ်ငါးမှ ခုနစ်အထိ သုံးထပ် စုစုပေါင်း ခြောက်ထပ်၊ ဈေးဝယ်စင်တာအဖြစ် မြေညီထပ်မှ လေးထပ်အထိ စုစုပေါင်း ငါးထပ်နှင့် ရှစ်ထပ်မှ စတင်ကာ ၁၉ ထပ်အထိ အဆင့်မြင့် အခန်းရှစ်ခန်းစီ ပါဝင်သော အဆောက်အအုံ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အထပ် ၂၀ မှစ၍ ၂၇ ထပ်အထိ ကျန်အထပ်များတွင် Fitness Centre, Coffee Bar နှင့် မိုးမျှော် တိုက်ခန်းများအဖြစ် ထည့်သွင်း ဆောက်လုပ်ထားကာ Architectual Design ကို ဂျပန်မှ MS Group, Structural and M&E Design ကို သြစတြေးလျ Meinhardt တို့မှ မြန်မာနိုင်ငံရှိ Living Square Co.,Ltd. နှင့် ပူးပေါင်းဆောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။

''အချိန်အားဖြင့်တော့ နှစ်နှစ်ကျော်လောက် ကြာမယ်။ အခုကတော့ Soil Test တွေစလုပ်နေပါပြီ''ဟု Living Square Co.,Ltd. မှ Technical Manager တစ်ဦးက ဆိုသည်။

အဆိုပါ အဆောက်အအုံတွင် မီးဘေးအန္တရာယ် ကာကွယ်မှုစနစ်၊ အမှိုက်တိုက်ရိုက် စွန့်ပစ်စနစ်နှင့် အရစ်ကျ ၀ယ်ယူစေခြင်းများ၊ အခန်းတိုင်းတွင် ပရိဘောဂ အပြည့်အစုံ ပါရှိခြင်းအပြင် အပေါ်ဆုံးထပ်တွင် အရေးပေါ် ကိစ္စများအတွက် ရဟတ်ယာဉ်တစ်စင်းစာ ဆင်းနိုင်သော ကွင်းအထိ ပြုလုပ်ပေးထားကြောင်းလည်း သိရသည်။

ယင်းလူနေအိမ်ခန်းများသည် အနည်းဆုံး စတုရန်းပေ ၁၁၀၀ မှ အများဆုံး ၃၀၀၀ ကျော်အထိ ကျယ်ဝန်းမည်ဖြစ်ကာ အကြမ်းဖျင်းဈေးနှုန်းမှာ အနည်းဆုံး သိန်း ၃၀၀၀ ကျော်မှ အများဆုံး သိန်း ၇၅၀၀ ကျော်အထိ ကျသင့်မည်ဟု ခန့်မှန်းတွက်ချက်ထားကြပြီး KABAR AYE EXECUTIVE RESIDENCE ဟု အမည်ရှိ ယင်းအဆောက်အအုံကို ယခုနှစ် ဇွန်လမှစတင်ကာ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

EMG
KABAR AYE EXECUTIVE RESIDENCE ၏ ပုံစံငယ်အား တွေ့ရစဉ်
KABAR AYE EXECUTIVE RESIDENCE ၏ ပုံစံငယ်အား တွေ့ရစဉ်
Tuesday, June 11, 2013

မြန်မာနှင့် ဂျပန်၊ သြစတြေးလျ၊ ထိုင်း ကုမ္ပဏီတို့ ပူးပေါင်းကာ ကမ္ဘာအေးဘုရား လမ်းပေါ်တွင် ၂၇ ထပ်ရှိ အ
ထပ်အမြင့် အဆောက်အအုံတစ်ခု တည်ဆောက်မည် ဖြစ်ကြောင်း အကျိုးတူ ဆောက်လုပ်မည့် Living Square Co.,Ltd ထံမှ သိရသည်။

“မိဘမဲ့ကလေးများကိုလှူဒါန်းဖို့ နှိုးဆော်တဲ့ မော်ဒယ်နန်းသီရိမောင်နဲ့ အဆိုတော်ပိုပို

Photo: “မိဘမဲ့ကလေးများကိုလှူဒါန်းဖို့ နှိုးဆော်တဲ့မော်ဒယ်”
Tuesday, June 11, 2013

ဇွန်၁၁ရက်နေ့ ယနေ့  ညနေ (၆)မှာမော်ဒယ်နန်းသီရိမောင်နဲ့ အဆိုတော်ပိုပိုတို့ က
မွန်ပြည်နယ် တောင်စွန်းမှာ ရှိတဲ့ သောကမြောင်မှ မိဘမဲ့ကလေးအယောက်၄၀၀ ကျော်ကို ငွေကြေး၊ အစားအသောက်၊အဝတ်အထည်များ ကျောင်းသုံးပစ္စည်းများ
သွား ရောက် လှူဒါန်းမှာ ဖြစ်ကြောင်းပါဝင်ကူညီလှူဒါန်း လိုသူများ ဖုန်းနံပါတ်(၀၉-၇၃၁၃၈၃၃၃ ။ ၀၉-၄၃၁၈၄၈၈ ) သို့ဆက်သွယ် နိုင်ကြောင်းယမန်နေ့ ညပိုင်းကNang Thiri Maung (နန်းသီရိမောင်)ဖေ့ဘုတ်မှာမိဘမဲ့ကလေးများအတွက်လှူဒါန်းလို
သူများသို့ နှိုးဆော်ရေးသားထားပါတယ်။

Popular Journal

Tuesday, June 11, 2013

ဇွန်၁၁ရက်နေ့ ယနေ့  ညနေ (၆)မှာမော်ဒယ်နန်းသီရိမောင်နဲ့ အဆိုတော်ပိုပိုတို့ ကမွန်ပြည်နယ် တောင်စွန်း
မှာရှိတဲ့ သောကမြောင်မှမိဘမဲ့ကလေးအယောက်၄၀၀ ကျော်ကို ငွေကြေး၊အစားအသောက်၊အဝတ်အထည်
များ ကျောင်းသုံးပစ္စည်းများသွား ရောက် လှူဒါန်းမှာ ဖြစ်ကြောင်း

ကချင် စစ်ပွဲတွင်း ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူများအတွက် ရန်ပုံငွေရှာ

Photo: ကချင် စစ်ပွဲတွင်း ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူများအတွက် ရန်ပုံငွေရှာ
Tuesday, June 11, 2013

ချင်းမိုင်(မဇ္စျိမ)။   ။ ကချင်ပြည်တွင်းစစ်ကြောင့် ကိုယ်လက်အင်္ဂါ ချို့တဲ့သွားသူများအတွက် ကူညီထောက်ပံ့ရန် စစ်ပွဲ နှစ်နှစ် ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ရန်ပုံငွေရှာဖွေရေး အစီစဉ်များကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇွန်လ ၉ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။  


မိုင်းဒဏ်ကြောင့် ခြေပြတ်၊ လက်ပြတ် ဖြစ်သွားသူပေါင်း ၄၀ ရှိရာမှ လတ်တလော ၇ ဦးအတွက် ခြေတု၊ လက်တုများ တပ်ဆင်ပေးရန် ရန်ပုံငွေရှာဖွေပွဲ ပြုလုပ်ကျင်းပရခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ ကချင်လူမှုအသိုင်းအဝိုင်းမှ
ပြောရေးဆိုခွင့်ရှိသူ ကိုလနူးနန် က ပြောသည်။

“ဒီ ၂ နှစ်ပြည့်တဲ့နေ့မှာ ဒုက္ခရောက်နေတဲ့လူတွေကို ကူညီဖို့ ဒီနေ့ အစီအစဉ်ကို ပြုလုပ်တာ ဖြစ်တယ်။ ဒုက္ခရောက်
နေတဲ့ လူတွေထဲကနေ ခြေပြတ်၊ လက်ပြတ် လူတွေကို လက်တုခြေတု တပ်ပေးနိုင်ဖို့ ကျနော်တို့ ကြိုးစားပြီး အလှူငွေရှာတာ ဖြစ်တယ်” ဟု မဇ္စျိမကို ပြောသည်။

အခမ်းအနားပွဲသို့ လူပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ပြီး ဆုတောင်းဝတ်ပြု၊ ဒုက္ခသည်များအား ထောက်ပံ့ရန် KIO အလံပုံပါ တီရှပ်အင်္ကျီ ၁,၀၀၀၊ သီးချင်းခွေများ၊ စာအုပ်များ ရောင်းချခြင်းနှင့် အလှူငွေ ကောက်ခံခြင်းတို့ဖြင့် ရံပုံငွေ ရှာဖွေခဲ့ကြခြင်း ဖြစ်သည်။  

ထိုအလှူငွေများကို လူမှုရေးအဖွဲ့အစည်းများ၊ အသင်းတော်များမှတဆင့် စစ်ပြေးဒုက္ခသည်များထံ လှူဒါန်းသွား မည်ဟု ကိုလနူးနန် က ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Payap တက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ အခမ်းအနားတွင် ဒုက္ခသည်များ၏ အခြေအနေများကို ရှင်းပြပြီး ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

မြန်မာအစိုးရအဖြင့် ထိုးစစ်ဆင်မှုများ ရပ်တန့်၍ စစ်မှန်သော ငြိမ်းချမ်းရေးအတွက် ဆက်လက် ဆောင်ရွက်ရန်၊
နိုင်ငံတကာ အသိုင်းအဝိုင်းမှ တရုတ်နယ်စပ်ရှိ စစ်ပြေး ဒုက္ခသည်များအား လူသားချင်း စာနာထောက်ထားမှု အကူအညီများ တိုးမြင့်ထောက်ပံ့ရန်နှင့် တရုတ် အစိုးရအနေဖြင့် စစ်ပြေးဒုက္ခသည်များအား ဒုက္ခသည်များ အဖြစ် အသိအမှတ်ပြု၍ အခြေခံ လိုအပ်ချက်များ ကူညီရန် တောင်းဆိုလိုက်သည်။

အလားတူ ရန်ကုန်မြို့တွင်လည်း တိုက်ပွဲကြောင့် သေဆုံးသွားသူများအတွက် လွမ်းသူ့ ပန်းခွေများချခြင်း မြို့တော်ခန်းမမှ အလုံမြို့နယ်ထိ လမ်းလျှောက် ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့သည်။

မြစ်ကြီးနားမြို့နယ် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC လူငယ်များကလည်း ရှေ့မှာ June 9 2011-2013 နှင့် နောက်ကြောတွင် Remember me ဆိုသော စာတမ်းများ ရေးထိုးထားသော T-shirt အင်္ကျီပေါင်း ၁,၀၀၀ ကျော် ထုတ်လုပ်ပြီး တထည်လျှင် ၂,၀၀၀ ကျပ်ဖြင့် ရောင်းချခဲ့သည်ဟု KBC မြစ်ကြီးနားမြို့နယ် လူငယ်တာဝန်ခံ ကိုယိန်းခရန် က ပြောသည်။

“၂ နှစ်ပြည့် အထိမ်းအမှတ် ဖြစ်တယ်။ ကျနော်တို့ ဒီစစ်ပြေးဒုက္ခသည်တွေကို မမေ့ဖို့ သတိရနေဖို့ ထုတ်တာ
ဖြစ်တယ်။ မနေ့ကတော့ ဆုတောင်းဝတ်ပြုကြတယ်။ လူငယ်တွေကို မေးခွန်းတွေ မေးကြတယ်။ သီချင်းတွေ ဆိုကြတယ်” ဟု မဇ္စျိမကို ပြောသည်။

မြစ်ကြီးနားမြို့ ယုဇန ရပ်ကွက်ရှိ ကချင်နှစ်ခြင်းအသင်းတော် ဘုရားကျောင်းတွင် ဆုတောင်း ဝတ်ပြုကာ ဒုက္ခသည်များ အခြေအနေများအား ပြောဆိုခဲ့ကြသည်ဟု သိရသည်။

အမေရိကန်၊ ဂျပန်၊ စင်္ကာပူ၊ မလေးရှား အပါအဝင် ပြည်ပနိုင်ငံ အသီးသီးတွင် နေထိုင်နေသော ကချင် တိုင်းရင်းသား များကလည်း စစ်ပြေးဒုက္ခသည်များ ၂ နှစ်ပြည့်နေ့ အထိမ်းအမှတ်ပွဲများ ကျင်းပခဲ့ကြသည်။

သို့သော် KIO ထိန်းချုပ်ရာနယ်မြေရှိ စစ်ပြေးဒုက္ခသည်များအတွက် သက်ဆိုင်ရာ ဘုရားကျောင်းများတွင် ဆုတောင်းဝတ်ပြုမှုများသာ ပြုလုပ်ခဲ့ကြသည်ဟု လိုင်ဇာမြို့ခံများထံမှ သိရသည်။

၂၀၁၁ ခုနှစ်တွင် လက်ရှိအစိုးရ အာဏာရယူပြီး လပိုင်းအကြာ ဇွန်လတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရတပ်တို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေထိုင်နေရသော စစ်ပြေးဒုက္ခသည်ပေါင်း ၁ သိန်း ကျော်ရှိနေပြီး ၇၀,၀၀၀ ခန့်သည် KIO ထိန်းချုပ်သည့် နယ်မြေများအတွင်း ခိုလှုံနေရသည်။

Mizzima News

Tuesday, June 11, 2013

ချင်းမိုင်(မဇ္စျိမ)။ ။ ကချင်ပြည်တွင်းစစ်ကြောင့် ကိုယ်လက်အင်္ဂါ ချို့တဲ့သွားသူများအတွက် ကူညီထောက်ပံ့ရန် စစ်ပွဲ နှစ်နှစ် ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ရန်ပုံငွေရှာဖွေရေး အစီစဉ်များကိုထိုင်းနိုင်ငံ၊ချင်းမိုင်မြို့
တွင် ဇွန်လ ၉ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။