Pages

Pages - Menu

Wednesday, April 17, 2013

ဥပဒေအရ အကာ အကွယ်ပေးရမည့် အစား တာကွေ့ရွာအုပ်ချုပ်ရေးမှုးက ခြိမ်းခြောက်စကားပြော

ဥပဒေအရ အကာ အကွယ်ပေးရမည့် အစား တာကွေ့ရွာအုပ်ချုပ်ရေးမှုးက ခြိမ်းခြောက်စကားပြော

ယခုရက်ပိုင်းအတွင်း အစ္စလာမ်ဘာသာဝင်တို့အား အကြမ်းဖက်ရေးသွေးတိုးစမ်းမှုများထပ်မံဖြစ်ပေါ်လာ

ဧပြီ ၁၇

ပိာန်းအောင်

မင်းလှမြို့နယ် လက်ပံရေကျော်ကျေးရွာအုပ်စု တာကွေ့ရွာတွင် ဖျက်ဆီးခံထားရသည့် အစ္စလာမ်ဘာသာဝင်များပိုင်စာသင်ကျောင်းအား ဘေးဘက် ယာယီ အမိုးအကာများ ပြန်ုလည် တပ်ဆင်ခြင်းကို ဒေသခံ အချို့ မကျေနပ်ပာုဆိုကာ ရွာအုပ်ချုပ်ရေးမှုးဦးမောင်ဝင်းက "အခုမဖျက်ရင် ဒီည အကြမ်းဖက်မယ်လို့ လူတွေစုနေပြီ" ပာု ဒေသခံ အစ္စလာမ်ဘာသာဝင်များအား ယခုလ ၁၃ ရက်နေ့တွင်ခြိမ်းခြောက်ပြောကြားသဖြင့် ပြန်လည်ဖျက်သိမ်းပေးခဲ့ရကြောင်းသိရသည်။

"အခု မဖျက်ရင် ဒီည အကြမ်းဖက်မယ်လို့ လူတွေ စုနေပြီ၊ ငါတို့ သတင်းရထားတယ် လို့ ဦးမောင်ဝင်းကလာပြောတာပါ။သူနဲ့ အတူ ဆယ်အိမ်မှုး ဦးစိန်သောင်းလည်း ပါတယ်။အရင်လတုန်းက အကြမ်းဖက် တဲ့ အထဲမှာပါတဲ့ ခေါင်းဆောင်ပိုင်းတချို့က ညနေ ၄ နာလောက်မှာ ကျောင်းရှေ့ကိုလာတယ်။ ည ၆ နာရီလောက်ကျတော့ ဦးမောင်ဝင်းတို့က အဲသလိုလာပြောတော့တာပဲ"ပာု ဒေသခံမွတ်စလင်မ်တစ်ဦးက မြန်မာမွတ်စလင်မ် မီဒီယာသို့ပြောသည်။

အကြမ်းဖက်ရာတွင် အဓိကခေါင်းဆောင်ပိုင်း အချို့မှာ မင်းလှ မြေစာရင်းဦးစီးဌာနမှ စာရေး ဇာနည်ကျော်ထိုက်၊ ဗောဒိကုန်းရွာနေ ရခိုင်လူမျိုး ဦးဘဖေ၊ ရေကျော် အရှေ့ပိုင်းနေ ဦးဖိုးကျပ်(ခ) ဦးသန်းမြင့်၊ ဦးသန်းသန်းအောင်နှင့် ဇနီး ပြုံးပြုံးသီ၊ နှမ်းကုန်းကျေးရွာနေ ဦးအုန်းငွေ စသည့် ဘာသာရေး အစွန်းရောက် ဂိုဏ်းဝင်များဖြစ်ကြောင်းသိရသည်။

"မွတ်စလင်မ်တွေကို အကြမ်းဖက်တိုက်ခိုက်တုန်းက ဦးဘဖေ က အဆိုးဆုံးပါပဲ။အစပိုင်းမှာ ဦးဇင်းတွေ ၀င်ထိန်းလို့ အေးသွားတော့ မလိုဖြစ်နေတဲ့လူအုပ်ကို သူက ဆိုင်ကယ်နဲ့လိုက်ပတ်ပြီး အော်အော်ပြီးလှုံ့ဆော်တာပါ "ပာုလည်း အထက်ပါဒေသခံကပင်ဆက်လက်ပြောကြားသည်။

တာကွေ့ရွာရှိ အထက်ပါ အစ္စလာမ်ဘာသာရေး အဆောက်အအုံသည်သည် မတ်လ ၂၄ ရက်ည၉း၃၀ အချိန်မှ စတင်ကာ ၉၆၉ ဂိုဏ်းဝင်များ၏အကြမ်းဖက်တိုက်ခိုက်မှုတွင် အကာအကွယ်မဲ့ဖျက်ဆီးခံခဲ့ရပြီး အမိုး အကာများ၊ဘေးဘက် နံရံများ၊ ၀ိုသူပောာက်စ်(အစ္စလာမ်ဘာသာဝင်များ ၀တ်ပြုရန် အတွက်  ခန္ဒာကိုယ်ကိုသန့်စင်ဆေးကြောသည့် နေရာ)အပါအ၀င် အခြားသော အကြမ်းဖက် ဖျက်ဆီးခံရမှုများစွာရှိခဲ့သည်။ အကြမ်းဖက်အုပ်စုများသည်ကျောင်းဝင်းအတွင်းရှိ အုန်းပင်ကိုပါ ခုတ်လှဲကာ ကျောင်းအဆောက် အဦးအပေါ် သို့လှဲချခဲ့ကြေင်းလည်း  မျက်မြင်သက်သေများ၏ ပြောကြားချက် အရသိရသည်။

အကြမ်းဖက်သမားများကို အရေးယူမှုမရှိသဖြင့် ယခုရက်ပိုင်းအတွင်း သွေးတိုးစမ်းဆောင်ရွက်ချက်များရှိလာကြောင်းလည်းသိရသည်။ဧပြီ ၁၅ ရက်ညပိုင်းတွင် လျှမ်းလျှမ်းတောက် အခွေ အဌားဆိုင် မှ လူတစ်စုက ဖျက်ဆီးခံထားရသည့် အစ္စလာမ်ဘာသာရေးစာသင်ကျောင်းဘက်သို့ ည ၁၁ နာရီဝန်းကျင်တွင် ၂ ကြိမ်တိုင်တိုင် လောက်လေးဖြင့်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

"မင်းလှ မြေစာရင်းရုံးက စာရေး ဇာနည်ကျော်ထိုက်ဖွင့်ထားတဲ့ အခွေဌားဆိုင်ကလူတွေပြစ်တာပါ။သူ့ဆိုင်က လူစုံတယ်လေ။အကြမ်းဖက်တဲ့ ညတုန်းကလည်းသူ့ဆိုင်မှာ တစ်စုစုပြီးစထွက်တာပါ။သူ့ဆိုင်နဲ့ကျောင်းနဲ့က ကိုက် ၁၀၀ လောက်ပဲဝေးတယ်"ပာုတာကွေ့ကျေးရွာသားတစ်ဦးကပြောသည်။

အုတ်ဖိုမြို့နယ် သရက်ကုန်းကျေးရွာနေ  ဦးမဲကြီးနှင့် ဒေါ်တင်ဝင်း သား စိန်ဝင်း (ပါ၃ဦး)က လည်း ဧပြီ ၁၆ ရက်နေ့တွင် အစ္စလာမ်ဘာသာဝင်များအား ဆဲဆိုမှု ၂ ကြိမ်ကို နေ့လည် ၂ နာရီတွင် လမ်းမပေါ်တွင် ပထမ အကြိမ်၊ ည ၆ နာရီတွင် အစ္စလာမ်ဘာသာဝင် ကိုကျော်တင့် ပိုင်ခြံဝင်း အတွင်းသို့ ၀င်ရောက်ကာ ဒုတိယ အကြိမ် ရမ်းကားခဲ့သော်လည်း အရေးယူခြင်း မခံခဲ့ရကြောင်း ဒေသခံ မွတ်စလင်တစ်ဦး၏ပြောကြားချက် အရသိရသည်။

ဧပြီ ၁၇

မင်းလှမြို့နယ်လက်ပံရေကျော်ကျေးရွာအုပ်စုတာကွေ့ရွာတွင်ဖျက်ဆီးခံထားရသည့် အစ္စလာမ်ဘာသာဝင်
များပိုင်စာသင်ကျောင်းအား ဘေးဘက် ယာယီ အမိုးအကာများ ပြန်ုလည် တပ်ဆင်ခြင်းကို ဒေသခံ အချို့ မကျေနပ်ပာုဆိုကာရွာအုပ်ချုပ်ရေးမှုးဦးမောင်ဝင်းက"အခုမဖျက်ရင်ဒီည အကြမ်းဖက်မယ်လို့ လူတွေစုနေပြီ" ပာုဒေသခံအစ္စလာမ်ဘာသာဝင်များအားယခုလ၁၃ရက်နေ့တွင်ခြိမ်းခြောက်ပြောကြားသဖြင့် ပြန်လည်ဖျက်
သိမ်းပေးခဲ့ရကြောင်းသိရသည်။

မလေးရှားနိုင်ငံပီနန်မြို့ တွင် ၉၆၉ ဆန့် ကျင်ရေးဆန္ဒပြ

12 April2013
   သောကြာနေ့ 
                        မလေးရှားနိုင်ငံပီနန်မြို့ တွင်၉၆၉ဆန့် ကျင်ရေးဆန္ဒပြ
သောကြာနေ့ အစ္စလာမ်ဘာသာဝင်များဝတ်ပြုအပြီးမလေးရှားနိုင်ငံသားများနှင့် မြန်မာမွတ်စလင်
စုစုပေါင်းလူဦးရေ၁၀၀၀ခန့် သည်ပီနန်မြို့ kapitanclaing ဗလီရှေ့ တွင်မြန်မာနိုင်ငံတွင်းရှိမွတ်စလင်လူမျိုးတုံးသတ်ဖြတ်မှု့ တရားခံဖေါ်ထုတ်ပေးရန်နှင့် ဝီရသူခေါင်းတောင်သော၉၆၉ အဖွဲ့ အားရှုံ့ ချဆန္ဒပြပွဲပြုလုပ်ခဲ့ သည်။ထိုဆန္ဒပြပွဲတွင်မလေးရှားနိုင်ငံ
Media များသတင်းရယူခဲ့ သည်။

မလေးရှားနိုင်ငံသားများနှင့် မြန်မာမွတ်စလင်စုစုပေါင်းလူဦးရေ၁၀၀၀ခန့် သည်ပီနန်မြို့ kapitanclaing ဗလီ
ရှေတွင်မြန်မာနိုင်ငံတွင်းရှိမွတ်စလင်လူမျိုးတုံးသတ်ဖြတ်မှု တရားခံဖေါ်ထုတ်ပေးရန်နှင် ၀ီရသူခေါင်းဆောင်
သော၉၆၉ အဖွဲ့ အားရှုံ့ ချဆန္ဒပြပွဲပြုလုပ်ခဲ့ သည်။ထိုဆန္ဒပြပွဲတွင်မလေးရှားနိုင်ငံMedia များသတင်းရယူခဲ့ 
သည်။

၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ တ.က.သ အဖွဲ့ဝင်တွေပါဝင်တဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ နှစ်ဆန်းတစ်ရက်နေ့ ညနေပိုင်းက ရွှေတိဂုံဘုရားကို သွားရောက် ဖူးမျှော်

Photo : RFA/ Sai Htun Aung Lwin
Photo : RFA
၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ တ.က.သ အဖွဲ့ဝင်တွေပါဝင်တဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဟာ နှစ်
ဆန်းတစ်ရက်နေ့ ညနေပိုင်းမှာ ရွှေတိဂုံဘုရားကို သွားရောက် ဖူးမျှော်ခဲ့ပါတယ်။

အစ္စလာမ်ဘာသာသည် တည်ငြိမ်းသော်သာသနာ ဖြစ်ကြောင်းနှင့် မည်သည့်ဘာသာမှ ဆင်းသက်လာသည် မဟုတ်

အစ္စလာမ်ဘာသာသည် တည်ငြိမ်းသော်သာသနာ ဖြစ်ကြောင်းနှင့် မည်သည့်ဘာသာမှ ဆင်းသက်လာသည် မဟုတ်ကြောင်း



အချို့ သူများက  အစ္စလာမ်  သာသနာသည် မြတ်တမန်တော် မုဟမ္မဒ် (Peace be upon him)
လက်ထက်တော်က စတင်ထွန်းကားလာသည်ဟူ၍ ထင်မှတ်ကာ တမန်တော်မုဟမ္မဒ်
(Peace be upon him)အား အစ္စလာမ်သာသနာတည်ထောင်သူဟု ထင်မှတ်နေကြ၏။

ဤသို့ ထင်မှတ်ပြောဆိုခြင်းသည် လုံးဝ အခြေအမြစ်မရှိသော ထင်မြင်ချက်ဖြစ်သည်။
အစ္စလာမ်သည် လူသားအားလုံးတို့ အဖို့ တစ်ခုတည်းသော သာသနာဖြစ်သည်။

ပွင့်လေသမျှသော တမန်တော်များ၏ သာသနာလည်း အစ္စလာမ်ပင်ဖြစ်၏။
ပဋိပတ်ကျင့်စဉ်များသည်သာ အနည်းငယ်မျှကွဲပြား၏။

တမန်တော်များသည် လူမျိုးအသီးသီးထံသို့  အသီးသီးပွင့်လာကြသောအခါ မိမိတို့၏
လူမျိုးများတွင် ပေါ်ပေါက်လျှက်ရှိသော အဓမ္မမှုများ မိုက်မဲမှုများ  မိရိုးဖလာ
ထုံးတမ်းစဉ်လာ ဓလေ့ဆိုးများနှင့် မဟုတ်မမှန်သော အတွေးအခေါ် အယူအဆတို့ကို
ပပျောက်စေရန် အဓိထား၍ သွန်သင်ဆုံးမ သြဝါဒပေးကြကုန်၏။

ပွင့်လေသမျှသော တမန်တော်အားလုံးတို့၏ အဓိကတရားများမှာ တစ်ဆူတည်းသော
အလ္လာဟ်အရှင်မြတ်အား ယုံကြည်ခြင်း၊ ကောင်းမြတ်သော ကိုယ်ကျင့်တရားများကို
လိုက်နာဆည်းပူးခြင်း၊ အစစအရာရာတွင်  မဇ္ဈမ၊ ပဋိပဒါ မလွန်မယုတ် အလယ်အလတ်
လမ်းစဉ်ကို ကျင့်သုံးခြင်းနှင့် နောင်တမလွန်ဘဝတွင် ကောင်းကျိုး
ဆိုးကျိုးများကို အသီးသီးစံစား ခံစားရမည်ကို ယုံကြည်ခြင်းတို့ပင်ဖြစ်သည်။

အစ္စလာမ်ဘာသာသည် ပုဂိုလ်တစ်ဦး တစ်ယောက်ကို အကြောင်းပြု
ဖြစ်ပေါ်လာသည်မဟုတ်။ လူမျိုးတစ်မျိုး အုပ်စုတစ်အုပ်စု နယ်ပယ်ဒေသ
တစ်ရပ်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည်လည်းမဟုတ်။

ဤအချက်ကို အစ္စလာမ် ဟူသော အမည်နာမကပင် သက်သေခံလျက်ရှိပေသည်။
အစ္စလာမ်ဘာသာသည် ခေတ်တိုင်း၊ လူမျိုးတိုင်း၊ အုပ်စုတိုင်း၊ တိုင်းပြည်တိုင်း၊ လုတိုင်းနှင့် သက်ဆိုင်ပေသည်။

အစ္စလာမ်ပျောက်မှာကိုလည်း စိုးကြောက်စရာမလိုသော တစ်ခုတည်းသောသာသနာသာဖြစ်၍ လူသားထု
တစ်ရပ်လုံးအတွက်ဖြစ်သည်။ ဖိနှိပ်ချုပ်ချယ်မှုအောက်က တမုတ်ဟုတ်ချင်း ထွန်းကားသောသာသနာဖြစ်သည်။
 အားလုံးကို ကျေးဇူးတင်ပါသည်။
Tiger Armaan Khan

အချို့ သူများက အစ္စလာမ် သာသနာသည် မြတ်တမန်တော် မုဟမ္မဒ် (Peace be upon him)လက်ထက်တော်
က စတင်ထွန်းကားလာသည်ဟူ၍ ထင်မှတ်ကာ တမန်တော်မုဟမ္မဒ်(Peace be upon him)အား အစ္စလာမ်
သာသနာတည်ထောင်သူဟု ထင်မှတ်နေကြ၏။ ဤသို့ ထင်မှတ်ပြောဆိုခြင်းသည် လုံးဝ အခြေအမြစ်မရှိ
သော ထင်မြင်ချက်ဖြစ်သည်။အစ္စလာမ်သည်လူသားအားလုံးတို့ အဖို့ တစ်ခုတည်းသောသာသနာဖြစ်သည်။

ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းရဲ့ ၂ဝ၁၃ခုနှစ် သြဇာကတ္တိမ အရှိဆုံးအဖြစ် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရရှိ

Wednesday, April 17,2013

ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းရဲ့ ၂ဝ၁၃ခုနှစ် သြဇာကတ္တိမ အရှိဆုံးအဖြစ် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ မဲပေးသူတွေရဲ့ မဲတွေနဲ့ အနိုင်ရရှိသွားပြီ ဖြစ်တဲ့အကြောင်း မဂ္ဂဇင်းရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြလိုက်ပြီ ဖြစ်ပါတယ်။

"၂၀၁၃ သင်္ကြန်ကာလအတွင်း ၂၆ ဦးသေဆုံးပြီး၊၁၈၅ဦး ဒဏ်ရာရ"

"၂၀၁၃ သင်္ကြန်ကာလအတွင်း ၂၆ ဦးသေဆုံးပြီး၊၁၈၅ဦး ဒဏ်ရာရ"

၂၀၁၃ခုနှစ်မဟာသင်္ကြန်ကာလအတွင်းမှာလူသတ်မှု၊ခိုက်ရန် ဖြစ်ပွားမှုစတဲ့
ပြစ်မှုတွေ ဖြစ်ပွားနှုန်းဟာအရင်နှစ်တွေကထက်ပိုတိုးလာတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် မှုခင်းဌာနက တာဝန်ကျ ရဲအရာရှိတစ်ဦးက RFAကို
 ပြောပါတယ်။

ဧပြီ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ၂၀၁၃ ခုနှစ် မဟာ သင်္ကြန်ကာလအတွင်း မြန်မာတစ်နိုင်ငံလုံးမှာ ဖြစ်ပွားခဲ့တဲ့ ပြစ်မှုတွေ
ကြောင့်စုစုပေါင်း၂၆ဦးသေဆုံးပြီး၁၈၅ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့
 မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယာဉ်တိုက်မှုကြောင့် ၁၁ ဦး၊လူသတ်မှုကြောင့် ၃ ဦးနဲ့သေမှုသေခင်းကြောင့် ၁၂ ဦးသေဆုံးခဲ့တဲ့သူတွေထဲမှာ စစ်တောင်းမြစ်ထဲမှာ သင်္ကြန်ရေ ကစားရင်း လေးဦးသေဆုံးတဲ့ အမှုလည်း ပါဝင်တယ်လို့ သိရပါတယ်။

သင်္ကြန်အတက်နေ့ တစ်ရက်တည်းမှာ ၁၆ ဦးသေဆုံးခဲ့ပြီး ၁၀၇ ဦးဒဏ်ရာ ရရှိခဲ့တဲ့အပြင် လူသတ်မှု၊ ယာဉ်တိုက်မှု၊ ခိုက်ရန် ဖြစ်ပွားမှု၊
မူးယစ်ရမ်းကားမှု စတဲ့ အမှုပေါင်း ၂၇၇ မှု ဖြစ်ပွားခဲ့ပါတယ်။

၂၀၁၃ခုနှစ်မဟာသင်္ကြန်ကာလအတွင်းမှာလူသတ်မှု၊ခိုက်ရန် ဖြစ်ပွားမှုစတဲ့ပြစ်မှုတွေ ဖြစ်ပွားနှုန်းဟာအ
ရင်နှစ်တွေကထက်ပိုတိုးလာတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် မှုခင်းဌာနက တာဝန်ကျ ရဲအရာရှိတစ်
ဦးက RFAကိုပြောပါတယ်။

iPhone အသစ် ထုတ်လုပ်မှု စတင်နိုင်ရန် ဝန်ထမ်းအင်အား တိုးချဲ့နေသည့် Foxconn

iPhone အသစ် ထုတ်လုပ်မှု စတင်နိုင်ရန် ဝန်ထမ်းအင်အား တိုးချဲ့နေသည့် Foxconn

Apple ၏ iPhone များအား အစဉ်အဆက် ထုတ်လုပ်ပေးခဲ့သည့် တရုတ်နိုင်ငံ အခြေစိုက် Foxconn ကုမ္ပဏီအနေဖြင့် လတ်တလော ကာလအတွင်း စက်ရုံဝန်ထမ်းအင်အားကို အလျင်အမြန် တိုးချဲ့နေကြောင်း သိရှိရသည်။ ယင်းအချက်ကြောင့် Apple ၏ မျိုးဆက်သစ် iPhone ထုတ်လုပ်မှုအား မကြာမီ စတင်တော့မည်မှာ ထင်ရှားနေတော့သည်။ 

Foxcoon အနေဖြင့် Zhenzhou ဒေသရှိ ယင်းတို့၏ စက်ရုံ၌  ပြီးခဲ့သည့် သတင်းပတ် အတွင်း၌ပင် ဝန်ထမ်းအသစ် ၁၀၀၀၀ ခန့်အား အလုပ်ခန့်အပ်ခဲ့သည်ဟု သိရှိရသည်။ 

Foxconn အနေနဲ့ မည်သည့် တရားဝင် ကြေညာမှုမျိုးကိုမှ ပြုလုပ်ဖွယ် မရှိသော်လည်း အမည်မဖော်လိုသူ အမှုဆောင်အရာရှိ တစ်ဦးကမူ “စက်ရုံတွေမှာ အလုပ်အရမ်းများနေပါတယ်။ iPhone အသစ်ကို မကြာခင်မှာ အလုံးအရင်းနဲ့ ထုတ်လုပ်တော့မှာပါ။” ဟု ဆိုခဲ့သည်။ 

ဈေးကွက် ကျွမ်းကျင်သူများက Apple အနေဖြင့် မျိုးဆက်သစ် iPhone အား ၂၀၁၃ ဒုတိယ ၃ လပတ်အတွင်း ထုတ်ဖော်ပြသ သွားဖွယ်ရှိနေကြောင်း၊ တန်ဖိုးနည်း iPhone အားလည်း ထုတ်လုပ်ဖွယ် ရှိနေကြောင်း သုံးသပ်ကြသည်။ 

မျိုးဆက်သစ် iPhone အား iPhone 6 သို့တည်းမဟုတ် iPhone 5S ဟု ခေါ်ဆိုမည်ကိုမူ တရားဝင် မသိရှိရသေးပေ။ ထို့အပြင် ယခုထွက်ရှိလာမည့် iPhone သည် ကွယ်လွန်သူ Apple ဖခင်ကြီး Steve Jobs ကိုယ်တိုင် အတည်ပြုပေးခဲ့သည့် ဒီဇိုင်းဖြင့် ထုတ်လုပ်မည့် နောက်ဆုံး iPhone ဖြစ်သူဟု သိရှိရသည်။
Apple ၏ iPhone များအား အစဉ်အဆက် ထုတ်လုပ်ပေးခဲ့သည့် တရုတ်နိုင်ငံ အခြေစိုက် Foxconn ကုမ္ပဏီအနေဖြင့် လတ်တလော ကာလအတွင်း စက်ရုံဝန်ထမ်းအင်အားကို အလျင်အမြန် တိုးချဲ့နေကြောင်း သိရှိရသည်။ ယင်းအချက်ကြောင့် Apple ၏ မျိုးဆက်သစ် iPhone ထုတ်လုပ်မှုအား မကြာမီ စတင်တော့မည်မှာ ထင်ရှားနေတော့သည်။

Facebook ပုံပြင်လေးတစ်ပုဒ် (ဟာသ)

အမေ ။ ။ လုံးဝ သဘောမတူနိင်ဘူး ..
ငါတို့က ကိုယ့် Post ကိုယ့် Note နဲ့ နေတဲ့ မျိုးရိုးအေ့ ။
သူတို့လို ဟိုကဒီကနေ လမ်းဘေး Copy တွေကို
Credit မပေးပဲ ခိုးချနေတဲ့ မျိုးရိုးနဲ့ လုံးဝ သဘောမတူနိင်ဘူး ..

သမီး ။ ။ မဟုတ်ပါဘူး.. အမေရယ်
သမီး ကောင်လေးက Share ပဲ လုပ်တာပါ ..

ရုပ်ရှင်သရုပ်ဆောင် ဦးမေတ္တနှင့် ဗေလုဝတို့ဦးဆောင်တဲ့ သာဓုပါဗျာ သံချပ်အဖွဲ့ ရန်ကုန်မြို့ ၃၂ လမ်း အလယ်လမ်းသို့လာရောက်ဖျော်ဖြေ



ရုပ်ရှင်သရုပ်ဆောင် ဦးမေတ္တနှင့် ဗေလုဝတို့ဦးဆောင်တဲ့ သာဓုပါဗျာ သံချပ်အဖွဲ့ ရန်ကုန်မြို့ ၃၂ လမ်း အလယ်လမ်းသို့လာရောက်ဖျော်ဖြေခဲ့ကြသည်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရဲ့ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ ရန်ကုန်မြို့ ၃၁လမ်း အလယ်လမ်းသို့လာရောက်ဖျော်ဖြေ

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရဲ့ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ ရန်ကုန်မြို့ ၃၁လမ်း အလယ်လမ်းသို့လာရောက်ဖျော်ဖြေခဲ့ပါတယ်။