Pages

Pages - Menu

Sunday, January 13, 2013

တရားဥပဒေစိုးမိုးရေး ဆွေးနွေးပွဲ ဦးဆောင်ကျင်းပသူ အရိုက်ခံရ၍ ပွဲပျက်

တရားဥပဒေကို စိန်ခေါ်နေမှုများဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုများ ပြုလုပ်၍ ပြည်သူများအား မီဒီယာ
များမှ တင်ပြနိုင်ရန် ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုမှ စီစဉ်ခဲ့သော်လည်း ပွဲစီစဉ်သူတစ်ဦး
ဖြစ်သူ ဦးထင်ကျော်အား ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခံခဲ့ရသောကြောင့် ဆက်လက်ကျင်းပနိုင်ခြင်း
မရှိခဲ့ကြောင်း သိရှိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ နှလုံးကျန်းမာရေးကြောင့် တလခန့် အနားယူရမည် သတင်းထွက်ပေါ်..................

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ နှလုံးကျန်းမာရေးကြောင့် တလခန့် အနားယူရမည် သတင်းထွက်ပေါ်..................

သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းသည် ယနေ့နံနက်က ၀ိတိုရိယ
ဆေးရုံတွင် ကျန်းမာရေးစစ်ဆေးမှုခံယူရာ၌ နှလုံးအခြေအနေကြောင့် ဆရာဝန်က တလခန့်အနားယူရမည်ဖြစ်ကြောင်း ပေါ်ပြူလာနယူးစ် သတင်းထောက်ကသတင်းပေးပို့သည်။၀၅၁

Popular Myanmar News Journal

သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းသည်ယနေ့နံနက်က၀ိတိုရိယဆေးရုံတွင်ကျန်းမာရေးစစ်ဆေး
မှုခံယူရာ၌ နှလုံးအခြေအနေကြောင့် ဆရာဝန်က တလခန့်အနားယူရမည်ဖြစ်ကြောင်း ပေါ်ပြူလာနယူးစ် သတင်းထောက်ကသတင်းပေးပို့သည်။

Facebook အသုံးပြူသူအချင်းချင်း voice message ပေးပို့နိုင်မယ့် Facebook_Messenger_2_2_4_relea se For Android

Facebook_Messenger_2_2_4_release For Android 

VOIP Messaging စနစ်ပါရှိလာတဲ့ Facebook_Messenger_2_2_4_release ဖြစ်ပါတယ်။

Facebook အသုံးပြူသူအချင်းချင်း voice message ပေးပို့နိုင်မှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ (1)မိနစ်စာ   voice message တွေကို ပေးပို့နိုင်မှာဖြစ်ပြီး အသံသွင်းသင်္ကေတလေးကို ဖိနှိပ်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ရယူလိုသူများအတွက်>>>http://www34.zippyshare.com/v/65331982/file.html

____________________________________

Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)

VOIP Messaging စနစ်ပါရှိလာတဲ့ Facebook_Messenger_2_2_4_release ဖြစ်ပါတယ်။
Facebook အသုံးပြူသူအချင်းချင်း voice message ပေးပို့နိုင်မှာဖြစ်ပါတယ်။

တရားမ၀င် ဖျက်သိမ်းရွှေ့ပြောင်းချြင်းခံရသော ယခင်နေထိုင်ခဲ့သူများက ၀ါဝါ၀င်းကုမ္မဏီ၏မြန်မာဂုဏ်ရောင် အိမ်ရာဝင်းရှေ့ ၌ယနေ့နံနက်က ဆန္ဒထုထ်ဖော်နေ


ရန်ကုန်-ဇန်န၀ါရီ၁၃ တရားမ၀င် ဖျက်သိမ်းရွှေ့ပြောင်းချြင်းခံရသည်ဟုဆိုကာ ယခင်နေထိုင်ခဲ့သူများက ၀ါဝါ၀င်းကုမ္မဏီ၏မြန်မာဂုဏ်ရောင် အိမ်ရာဝင်းရှေ့ ၌ယနေ့နံနက်က ဆန္ဒထုထ်ဖော်နေကြောင်းသိရသည်။ လူဦးရေ၃၀၀ခန့် ဆန္ဒထုတ်ဖော်နေပြီး၎င်းတို့သည်ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ရပ်ကွက်သို့ပြောင်းရွှေ့ခံခဲ့ရကြောင်းဆန္ဒထုတ်ဖော်သူတစ်ဦးကပြောသည်။ 

ကချင်ပြည်နယ်ဝန်ကြီးချုပ်က KIA မှထောင်ထားသောမိုင်းများ ရှင်းလင်းရန် အရပ်သားရှာဖွေပေးဖို့ ငြင်းဆိုလိုက်ပြီ


လူသားမိုင်းရှင်းကရိယာအတွက် မြစ်ကြီးနားတွင် လူဖမ်းပွဲပြုလုပ်နေ

January 13,2013 by Myitkyina news

မြန်မာ့တပ်မတော်က ထိုးစစ်ဆင်ရာတွင် ထိခိုက်ကျရှုံးမှုများပြားလျက်ရှိသဖြင့် ဗိုလ်ချုပ်များခေါင်းခဲလျက်ရှိသည်။ ဇန်န၀ါရီလ(၉)ရက်နေ့တွင်လည်း တပ်မ(၁၀၁)လက်အောက်ခံ ခလရ(၂၅၅)တပ်ရင်းမှူးအပါအ၀င် အရာရှိ(၅)ဦးနှင့် အခြားအဆင့် ရဲဘော်များ KIA မိုင်းဖြင့် ကျဆုံးခဲ့ကြရသည်။

ထို့ကြောင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနောင်သည် ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ အရပ်သား(၁၀၀၀) တောင်းဆိုခဲ့ကြောင်း သိရှိရ သည်။ ၀န်ကြီးချုပ်မှ အရပ်သားရှာဖွေပေးရန် ငြင်းဆိုလိုက်သဖြင့် ဇန်န၀ါရီလ(၁၀)ရက်နေ့တွင် နေပြည်တော်၏ အမိန့်ဖြင့် ၀န်ကြီးချုပ်အား အထူးလေယာဉ်ဖြင့် လာရောက်ခေါ်ဆောင်ခဲ့ကာ နေပြည်တော်တွင် အကျယ်ချုပ် ထားရှိခဲ့ကြောင်း သိရှိရသည်။
—

အေးချမ်းမွန်မှ  အဖြူရောင်စာမျက်နှာ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

မြန်မာ့တပ်မတော်က ထိုးစစ်ဆင်ရာတွင် ထိခိုက်ကျရှုံးမှုများပြားလျက်ရှိသဖြင့် ဗိုလ်ချုပ်များခေါင်းခဲလျက်ရှိ
ည်။ ဇန်န၀ါရီလ(၉)ရက်နေ့တွင်လည်း တပ်မ(၁၀၁)လက်အောက်ခံ ခလရ(၂၅၅)တပ်ရင်းမှူးအပါအ၀င် အရာရှိ(၅)ဦးနှင့် အခြားအဆင့် ရဲဘော်များ KIA မိုင်းဖြင့် ကျဆုံးခဲ့ကြရသည်။

မက္ကဆီကိုနိုင်ငံ၊ အနောက်မြောက်ပိုင်း Puerto Vallarata ပြည်နယ် အနီးက တောင်ထဲမှ လျှို့ ဝှက်ကမ်းခြေ

တောင်ထဲမှ လျှို့ ဝှက်ကမ်းခြေ

မက္ကဆီကိုနိုင်ငံ၊ အနောက်မြောက်ပိုင်း Puerto Vallarata ပြည်နယ်နဲ့ မနီးမဝေးမှာ တည်ရှိနေတဲ့ Marieta ကျွန်းမှာ ဖြစ်ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း အပေါ်မှာ တောင်ဖုံးနေတဲ့ ကမ်းခြေကို မြင်တွေ့ ရပါတယ်။ ယင်း Hidden beach ဟာ မီးတောင်ပေါက်ကွဲမှု ဖြစ် စဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ ကမ်းခြေဖြစ်တယ်လို့လည်း ဆိုပါတယ်။ Marieta ကျွန်းဟာ လူအရောက်နည်းတာမို့ မက္ကဆီကိုအစိုးရဟာ အရင်တုန်းက စစ်လက်နက်ကြီးများ စမ်းသပ်မှု ပြုလုပ်ခဲ့ပါတယ်။ ယင်း ကဲ့သို့ ဗုံးဖောက်ခွဲ စမ်းသပ်မှုကြောင့်လည်း ကမ်းခြေမှု မမြင်ဖူးတဲ့ ဖွဲ့စည်းတည်ဆောက်ပုံ များ ပေါ်လာပြီး ထူးခြား လှပနေတတ်ပါတယ်။

ယခုတော့ ယင်းကမ်းခြေကို သဘာဝထိန်းသိမ်းရေး နယ်မြေ အဖြစ် သတ်မှတ်လိုက်ပါပြီ။ ငါးဖမ်းခွင့်၊ အမဲလိုက်ခွင့် လုံးဝ မရှိပဲ ကမ္ဘာလှည့်ခရီး သည်များကိုတောင် အကန့်အသတ်နဲ့ သာ ပေးလည်ပတ် တဲ့ နေရာ ဖြစ် ပါတယ်။ သန္တာကျောက်တန်းများ၊ ရေသတ္တဝါမျိုးစိတ် ၁၀၀ ကျော် အပြင် လှပတဲ့ ပတ်ဝန်းကျင်ကြောင့် Marieta ကျွန်းဟာ အင်မတန်လှပတဲ့ ကျွန်း ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း အပေါ်မှာ သစ်တောနဲ့တောင် ဖုံးနေပြီး အထဲမှာကျတော့ ပင်လယ်ရေနဲ့ ဆက်စပ်နေတဲ့ ကမ်းခြေလေး တစ်ခု လည်း တည်ရှိနေပါတယ်။ 

ယင်း ကမ်းခြေကို The Hidden Beach in the Marieta Islands လို့ လူသိများပြီး လစဉ် ကမ္ဘာလှည့်ခရီးသည်ပေါင်း မြောက်များစွာ လာရောက် လည်ပတ်လေ့ ရှိကြောင်း သိရပါတယ်။ 
--
Ref: wiki
International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_6735.html

--

မက္ကဆီကိုနိုင်ငံ၊ အနောက်မြောက်ပိုင်း Puerto Vallarata ပြည်နယ်နဲ့ မနီးမဝေးမှာတည်ရှိနေတဲ့Marieta ကျွန်း
မှာ ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း အပေါ်မှာ တောင်ဖုံးနေတဲ့ ကမ်းခြေကို မြင်တွေ့ ရပါတယ်။ ယင်း Hidden beach ဟာ မီးတောင်ပေါက်ကွဲမှု ဖြစ် စဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ ကမ်းခြေဖြစ်တယ်လို့လည်း ဆိုပါ
တယ်။

ယနေ့(ဇန်န၀ါရီ-၁၃ ရက်) နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်က ဆောက်လက်စလှည်းတန်း ကုန်းကျော်တံတားအနီးယာဉ်မတော်တဆမှု တစ်ခုဖြစ်ပွား

ယနေ့(ဇန်န၀ါရီ-၁၃ ရက်) နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်က ဆောက်လက်စလှည်းတန်း ကုန်းကျော်တံတားအနီးယာဉ်မတော်တဆမှု တစ်ခုဖြစ်ပွားခဲ့သည်။ 

ပြည်လမ်းမပေါ် ဆူးလေမှ လှည်းတန်းဘက်သို့ ဦးတည်မောင်းနှင်လာသော ၂၂၆ လိုင်းကားသည် လှည်းတန်းမီးပွိုင့်မရောက်ခင်တွင် ပလက်ဖောင်းကိုကျော်ကာ 
လမ်းဘေးထိုးကျသွားခဲ့သည်။

ကနဦးသတင်းများအရ ယင်းမတော်တဆမှုတွင် ဒဏ်ရာရရှိမှုကြီးကြီးမားမားမရှိခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသည့် 
ယာဉ်ထိန်းရဲအရာရှိတစ်ဦးနှင့် ယာဉ်နောက်လိုက်တစ်ဦးက ပြောသည်။

ဓာတ်ပုံ- ထွန်းခိုင်


ယနေ့(ဇန်န၀ါရီ-၁၃ ရက်) နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်က ဆောက်လက်စလှည်းတန်း ကုန်းကျော်တံတား
အနီးယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့သည်ပည်လမ်းမပေါ် ဆူးလေမှလှည်းတန်းဘက်သို့ဦးတည်မောင်း
နှင်လာသော ၂၂၆ လိုင်းကားသည် လှည်းတန်းမီးပွိုင့်မရောက်ခင်တွင် ပလက်ဖောင်းကိုကျော်ကာ လမ်း
ဘးထိုးကျသွားခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းအကြောင်း သိသမျှ

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းအကြောင်း သိသမျှ...။
၁၉၆၉ ခုနှစ် DSA အပါတ်စဉ် ၁၁ က ဆင်းတဲ့ သူရ ဦးရွှေမန်းဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီးကို စစ်တပ်ကအကြမ်းဖက် နှိမ်နင်းတုန်းက ဗိုလ်မှူး အဆင့်ပဲ ရှိပါသေးတယ်။ ၁၉၈၉ ခုနှစ်မှာတော့ ကရင်လက်နက်ကိုင်တွေကို တိုက်ရာမှာ အစွမ်းပြနိုင်ခဲ့လို့ သူရ ဘွဲ့တံဆိပ်ကို ရခဲ့ပြီး ဗိုလ်မှူးကြီး အဆင့်အထိ ရာထူးဆက်တိုက် တိုးမြှင့်ခံခဲ့ရတယ်။ ၁၉၉၁ မှာ တပ်မ ၆၆ ရဲ့ ဗျူဟာမှူး၊ ၁၉၉၆ ခုနှစ် မှာ ဗိုလ်မှူးချုပ် အဆင့် တိုးမြှင့်ခံရပြီး ရန်ကုန်လုံခြုံရေးကို တာဝန်ယူတဲ့ တပ်မ ၁၁ ရဲ့ တပ်မမှူး ဖြစ်လာတယ်။ နောက်တနှစ်  အကြာ ဧရာဝတီတိုင်း ပုသိမ်မြို့မှာ အနောက်တောင်တိုင်း တိုင်းမှူးဖြစ်လာပြီး နအဖ စစ်ကောင်စီရဲ့ယာယီအဖွဲ့ဝင် ဖြစ်လာတယ်။ ၂၀၀၀ ပြည့်နှစ် မှာတော့ ဗိုလ်ချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရပြီး စစ်ကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် ဖြစ်လာတော့တယ်။

အထက်အမိန့်ကို တသဝေမတိမ်းလိုက်နာပြီး အောင်မြင်အောင် အကောင်အထည်ဖော်ပေးတတ်တဲ့ သူရ ဦးရွှေမန်းကို ဗိုလ်ချုပ်မှူးကြီးက မျက်စိကျသလို ဇနီးဖြစ်တဲ့ ဒေါ်ခင်လေးသက် ကလည်း ဒေါ်ကြိုင်ကြိုင်ကို အောက်သက်ကြေအောင် ပြုစုတတ်တော့ အရှင် မွေးတော့ နေ့ချင်းကြီးတော့တာပါပဲ။ ဒေါ်ခင်လေးသက် အောက်သက်ကြေပုံကတော့ ဗိုလ်ချုပ်မှူးကြီး မြေးအစဉ်အဆက်ကို ထိန်း ပေး ခဲ့သလို၊ သမီးတွေရဲ့ ဝေယျာဝစ္စတွေနဲ့ အိမ်မှုကိစ္စတွေကို မျက်နှာအောက်ချ လုပ်ပေးခဲ့တယ်လို့ အတွင်းသိတချို့ကတော့ ပြောကြ တယ်။

တကယ်တော့ ဒီလိုအလုပ်မျိုးတွေဆိုတာ တပ်မှာ ဒေါ်ခင်လေးသက် အဆင့်နဲ့ လုပ်စရာမလိုတဲ့ ကိစ္စတွေပါ။ ဒါပေမယ်လည်း ယောက်ျား တက်လမ်း၊ ဘ၀ တက်လမ်းအတွက် မောင်တထမ်း မယ်တရွက် ဆိုသလို အစွမ်းကုန် စွမ်းဆောင်ခဲ့တယ်လို့ ဆိုရမှာပါ။

နောက်ဆုံးတော့ ဗိုလ်ချုပ် ရွှေမန်းဟာ ကာကွယ်ရေး ၀န်ကြီးဌာနမှာ တာဝန်ချထားခြင်းခံရပြီး တပ်မတော်သမိုင်းမှာ တခါမှ မရှိဘူး သေးတဲ့ ရာထူးအသစ် တပ်မတော်ညှိနှိုင်း ကွပ်ကဲရေးမှူး အဖြစ် ခန့်ထားခြင်း ခံရပါတယ်။ လုပ်ပိုင်ခွင့် ဘယ်ရွေ့ဘယ်မျှ ရှိတယ် ဆို တာ တိတိကျကျ မသိရပေမယ့် ဗိုလ်ချုပ်မှူးကြီး နဲ့ ဒု ဗိုလ်ချုပ်မှူးကြီး တို့ရဲ့အမိန့်တွေကို အကောင်အထည်ဖော် ကြီးကြပ်ရတယ်လို့ ကာကွယ်ရေး ၀န်ကြီးဌာန အသိုင်းအ၀ိုင်းက ဆိုကြတယ်။ ဒါပေမယ့် တပ်ထဲမှာတော့ သူ့ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လူလို့ အားလုံး က သိကြတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကလည်း ဦးရွှေမန်းကို ဘယ်လောက်အထိ ယုံသလဲဆိုတော့ တပ်အပေါ် သြဇာအရှိဆုံး တယောက် ဖြစ် တဲ့ စစ်တပ်ကို ပိုက်ဆံရှာပေးနေရတဲ့ ဦးပိုင်လီမိတက် ဥက္ကဋ္ဌ ဟောင်းလည်းဖြစ် စစ်ထောက်ချုပ်ဟောင်းလည်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တင်အေးနဲ့ တွဲပြီး၂၀၀၈ မှာ စစ်လက်နက်ပစ္စည်း ၀ယ်ယူဖို့ မြောက်ကိုရီးယားကို စေလွှတ်ခြင်းခံခဲ့ရတယ်။ (ပုံမှာလွန်ခဲ့သည့် ၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းက မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့၌ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းနှင့် မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် (Kim Kyok-sik) တို့ နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်ရန် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးနေစဉ်)

ပြည်တွင်းရေးမှာလည်း ကျယ်ပြန့်တဲ့ အမြင်ရှိပါတယ်၊ အထူးသဖြင့် ဆန်စပါး စိုက်ပျိုးရေးနဲ့ နိုင်ငံခြားတင်ပို့ရေး ကဏ္ဍတွေမှာ ခေတ် မီ ဖွံ့ဖြိုးလာအောင် လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် နိုင်ငံစီးပွားထက်စာရင် မိသားစု အကျိုးစီးပွားက ပိုများနေမလားပဲ။ တကယ်တမ်း လည်း သူရဦးရွှေမန်း အနောက်တောင်တိုင်းမှူး ဖြစ်စဉ်တုန်းကတည်းက သားကြီး သြရသ အောင်သက်မန်းရဲ့ ဧရာရွှေဝါ ကုမ္ပဏီ ဟာ ဧရာဝတီတိုင်း တတိုင်းလုံးအတွက် မြေသြဇာ ရောင်းချခွင့်လိုင်စင်ကို တဦးတည်းပိုင် အဖြစ်နဲ့ ၀င်ငွေလမ်းဖြောင့်ခဲ့တယ်။ ၂၀၀၁ ခုနှစ်မှာ လယ်ဧက သုံးသောင်းကျော်ကို ကုမ္ပဏီပိုင် လုပ်ခဲ့လို့ လယ်သမားတချို့ အလုပ်လက်မဲ့ ဖြစ်ခဲ့တယ်။၂၀၀၃ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး ရာထူး လက်ခံအပြီး ၂ နှစ်အကြာ ၂၀၀၅ မှာ ဧရာရွှေဝါဟာ စင်ကာပူနဲ့ ဘင်္ဂလား ဒေရှ့်ကို ဆန်တင်ပို့ ရောင်းချခွင့် လိုင်စင် ရခဲ့ပါတယ်။ ဒါဟာ ပုဂ္ဂလိက ကုမ္ပဏီကို ဆန် ပြည်ပတင်ပို့ခွင့် ပထမဦးဆုံး ခွင့်ပြုခဲ့ခြင်းပါ။ နာဂစ်အပြီးမှာလည်း ဧရာရွှေဝါကုမဏီနဲ့ လက်ခွဲကုမဏီတွေဟာ ထူး/၀ါဝါ၀င်း/ အစရှိသောကုမဏီတို့နဲ့ အပြိုင် စပါးပေး (စိုက်ပျိုးစရီတ်ချေးငွေ) ကို လယ်သမားများထံ ထုတ်ချေးပြီး နိုင်ငံတော်မှ ချေးသလို စာချုပ်ချုပ် ခေါင်းစဉ်တပ်ကာ ကြွေးမဆပ်နိုင်တဲ့ လယ်များကို တရားရုံးမှတစ်ဆင့် သိမ်းယူသောအလုပ်များ (ခေတ်သစ်ချစ်တီးကဲ့သို့) အများအပြားလုပ်ကိုင်ခဲ့သော ကုမဏီဖြစ်ပါတယ်။
ဧရာရွှေဝါကုမ္ပဏီဟာ ၁၉၉၇ ကတည်းက ဦးတေဇရဲ့ထူး ကုမ္ပဏီနဲ့ ပူးပေါင်းခဲ့ပြီး အခုအချိန်မှာတော့ စားအုန်း ဆီ၊ ဓာတ်မြေသြဇာနဲ့ လယ်ယာလုပ်ငန်းသုံး စက်ကိရိယာများနဲ့ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ တင်သွင်းခြင်း၊ ရွှေတူးဖော်ရေး လုပ်ငန်း၊ ဆန်၊ ပဲ၊ သစ်၊ ငါး ပုစွန် စတဲ့ ပစ္စည်းတွေကို တင်ပို့ရေးအပြင် လောင်စာဆီတင်သွင်း ရောင်းဝယ်ခြင်းလုပ်ငန်း တွေကို လုပ်ကိုင် နေပါပြီ။ နီးစပ်သူတယောက်ကတော့ “လက်နက်ကလွဲရင် အကုန်လုပ်တယ်”လို့ ပြောပါတယ်။

မိုးကုတ်နဲ့ ဖားကန့်မှာလည်း ကျောက်တူးဖော်ရေး လုပ်ငန်းတွေ အကြီးအကျယ်လုပ်နေပြီး ရန်ကုန်မှာလည်း မြေကွက်အမြောက် အမြား ပိုင်ထားတယ်။ ဘန်ကောက်၊ မလေးရှား၊ စင်ကာပူနဲ့ သြစတြေးလျမှာ ကွန်ဒိုတွေ ၀ယ်ထားပြီး အမေရိကန်ရဲ့ ဆန်ရှင်ကို ရှောင်ဖို့ မလေးရှားနဲ့ ထိုင်းက ဘဏ်တွေမှာ ငွေစာရင်း ဖွင့်ထားတယ်လို့ အတွင်းသိတွေက ဆိုတယ်။ နေပြည်တော်မြို့တော်တည်ဆောက်ရေးလုပ်ငန်းတွေမှာလည်း ဥိးအောင်သောင်းသားအပါအ၀င် တခြားလူကြီးသားသမီးတွေနဲ့အပြိုင် ဆောက်လုပ်ရေးကန်ထရိုက်အမြောက်အများ ရရှိခဲ့ပါတယ်။

တပ်ထဲမှာ ဆက်ရှိနေတဲ့ သူရ ဦးရွှေမန်းရဲ့သားငယ် တိုးနိုင်မန်း ကလည်း စီးပွားရေး အသိုင်းအ၀န်းနဲ့ အဆက်အသွယ် ကောင်းကောင်းရှိတယ်။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ ချမ်းသာကြွယ်ဝနေတဲ့ ဇေကမ္ဘာ ဦးခင်ရွှေရဲ့သမီးနဲ့ ထိမ်းမြား ထားတာ မဟုတ်လား။ ကြားရတဲ့ သတင်းတွေအရ နာမည်ကြီး ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ Red Link နဲ့ ဖျော်ဖြေရေး ရေဒီယို ချယ်ရီ FM ဟာ တိုးနိုင်မန်း ပိုင်တယ်လို့ သိရတယ်။

လက်ရှိ စစ်ဗိုလ်ချုပ်တွေရဲ့ ပုဂ္ဂလိက ပိုင်ပြုရေး၊ နိုင်ငံ စီးပွား စီမံခန့်ခွဲမှုကို လူတွေက ခနဲ့ကြတယ်။ “အဖေနှင့် သားများ ကုမ္ပဏီ” တွေ ကြီးစိုးတဲ့ ခေတ်တဲ့။ အာဏာရှိတဲ့ အဖေတွေက သားသမီးတွေကို ကုမ္ပဏီထောင်ခိုင်းပြီး လုပ်ပိုင်ခွင့်လိုင်စင်တွေ ဖောဖောသီသီ ချပေးမှတော့ ဒီမိသားစုတွေမှ မကြီးပွားရင် ဘယ်သူ ကြီးပွားတော့မှာတုန်းတဲ့။

လွှတ်တော် ဥက္ကဋ္ဌ ကြီး အနေနဲ့ တကယ်လို့များ ပိုင်ဆိုင်မှုစာရင်းကို ကြေညာတဲ့အခါ“ကျနော့် သားတွေ ပိုင်တာ ကျနော်ပိုင်တာ မဟုတ်ဘူး”လို့ အရူးကွက် နင်းမှာကိုတော့ ကြိုသိနေပါကြောင်း။     ။
Ref : (ayar myay)

၁၉၆၉ ခုနှစ် DSA အပါတ်စဉ် ၁၁ က ဆင်းတဲ့ သူရ ဦးရွှေမန်းဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးေ
တ်ာပုံကြီးကို စစ်တပ်ကအကြမ်းဖက် နှိမ်နင်းတုန်းက ဗိုလ်မှူး အဆင့်ပဲ ရှိပါသေးတယ်။ ၁၉၈၉ ခုနှစ်မှာတော့ ကရင်လက်နက်ကိုင်တွေကို တိုက်ရာမှာ အစွမ်းပြနိုင်ခဲ့လို့ သူရ ဘွဲ့တံဆိပ်ကို ရခဲ့ပြီး ဗိုလ်မှူးကြီး အဆင့်အထိ ရာထူးဆက်တိုက် တိုးမြှင့်ခံခဲ့ရတယ်။

ကရင်နှစ်သစ်ကူးနေ့ကို နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်တို့ အပါအ၀င် ကိုယ်စားလှယ်များ ယမန်နေ့ည ပိုင်းကပျော်ရွင်စွာဆင်နွဲခဲ့ကြ

ကရင်နှစ်သစ်ကူးမှာ အမိုးစု ..လဲ ရွှင်လန်းပါစေ..
ဘေးကဆရာလည်း အေးချမ်းပါစေ
တက်ရောက်လာသူတွေလည်း ဘ၀င်နှလုံး  ရွှင်ပြုံးကြစေဗျာ

ကရင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ စုပေါင်းကာ နေပြည်တော်၊စည်ပင်ဧည့်ရိပ်သာတွင် ကျင်းပပြုလုပ်သော ၇၅ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်သို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်၊့တက်ရောက်..... ဇန်န၀ါရီ ၁၂ရက်..5း45 PM

ဓါတ်ပုံ ကိုဘန်နီ
ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်တို့ အပါအ၀င် ကိုယ်စားလှယ်များ 
အဖွဲ.ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်နေပြည်တော်စည်ပင်ဧည်ရိပ်သာ(၂)တွင်ကျင်းပသောစိန်ရတုကရင်
နှစ်သစ်ကူးပွဲတော်ကိုတက်ရောက်ရ်ျနုတ်ခွန်းဆက်စကားပြောကြာြး ပည်ထောင်စုလွတ်တော်နာယကဦးင်
ာင်မြင် .၊ပြည်သူ.လွတ်တော်ဥက္ကဌသူရဦးရွှေမန်း ၊ပြည်ထောင်စုလွတ်တော်ဒုတိယနာယကဦးမြငြိမ်းနှင်.
လွတ်တော်ရေးရာကော်မတီဥက္ကဌများ ၊အမျီုးသားလွတ်တော်ရေးရာကော်မတီဥက္ကဌများ ၊ကော်မတီဝင်
များ၊ ကိုယ်စားလှယ်များတက်ရောက်သည်

မကွေးတိုင်းဒေသကြီး၊ မြိုင် မြို့နယ်၊ ကန်ယာကောင်းကျေးရွာ အနီးဝန်းကျင်တွင် သနပ်ခါးခိုးသူများအတင်.ရဲနေ

မကွေးတိုင်းဒေသကြီး၊ မြိုင် မြို့နယ်၊ ကန်ယာကောင်းကျေးရွာ အနီးဝန်းကျင်တွင် သနပ်ခါးခိုးသူ များအတင့်
ရဲလျက်ရှိရာ (၆.၁.၁၃) ရက်နေ့က ကန်ယာကောင်းကျေး ရွာနေဦးအေးမြင့်၏ အကျယ် (၄) ဧကခန့်ကျယ်
ဝန်းသောသနပ်ခါး ခင်းမှ ခိုးယူခံရကြောင်း သိရ သည်။ “သနပ်ခါးပင် (၃၈) ပင်ပါ။ ကြိတ်နှုန်းထွက်ရင် (၁) ပင်ငါး ထောင်နှုန်းတန်ပေါ့။ သောင်းကျော် တန်အပင်တွေလည်းပါတယ်။ (၂) ညဆက်တိုက်အဖွဲ့လိုက်ခုတ် တာပါ”ဟု ဦးအေးမြင့်ကပြောပြ သည်။

ဆရာတော် အရှင်ဆေကိန္ဒ တရားပွဲ (၁၂-၁-၂၀၁၃ (စနေနေ့) နှင့် ၁၃-၁-၂၀၁၃ (တနင်္ဂနွေနေ့)

ဆရာတော် အရှင်ဆေကိန္ဒ တရားပွဲ (၁၂-၁-၂၀၁၃ (စနေနေ့) နှင့် ၁၃-၁-၂၀၁၃ (တနင်္ဂနွေနေ့)

တရားပွဲနေရာ။ Poh Ern Shih Temple, 9 ChweeChian Rd. sg 117488. Near Pasir Panjang MRT ,Singapore 

၁၂-၁-၂၀၁၃ (စနေနေ့) နှင့် ၁၃-၁-၂၀၁၃ (တနင်္ဂနွေနေ့)
ညနေ ၆း၃၀ နာရီမှ ၈း၀၀ နာရီထိ

www.lotusdhamma.com မှတိုက်ရိုက်ထုတ်လွှင့်ပေးပါမည်။

ဆရာတော် အရှင်ဆေကိန္ဒတရားပွဲ (၁၂-၁-၂၀၁၃(စနေနေ့) နှင့်၁၃-၁-၂၀၁၃(တနင်္ဂနွေနေ့)တရားပွဲနေရာ
။ Poh Ern Shih Temple, 9 ChweeChian Rd. sg 117488. Near Pasir Panjang MRT ,Singapore ၁၂-၁-၂၀၁၃ (စနေနေ့) နှင့် ၁၃-၁-၂၀၁၃ (တနင်္ဂနွေနေ့)ညနေ ၆း၃၀ နာရီမှ ၈း၀၀ နာရီထိ www.lotusdhamma.com မှတိုက်ရိုက်ထုတ်လွှင့်ပေးပါမည်

မြန်မာမလေးများသို့ .....အင်္ကျီပါး အရေးတော်ပုံ .....

မြန်မာမလေးများသို့ .....အင်္ကျီပါး အရေးတော်ပုံ .....
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 ရှေးမြန်မာ ဘုရင်များလက်ထက်မှ ၁၂၅၃-ခုနှစ်လောက်ကျအောင် မြန်မာအမျိုးသမီး မှန်သမျှတို့သည် ထူထဲ ခိုင်ခံ့သော အ၀တ်အထည်များကို စနစ်ကျစွာ အင်္ကျီချုပ်လုပ် ၀တ်ဆင်ကြ ကုန်၏ ။ ထို့နောက်တွင်မှ ခေတ်ဆန်သည်ဆိုသော မြန်မာအမျိုးသမီးများမှ အင်္ကျီပါးများ ၀တ်ဆင်၍ ခေတ်စားစ ပြုလာခဲ့သည်။ ၁၉၇၁-ခုနှစ်အတွင်း ထုတ်ဝေသော သူရိယမဂ္ဂဇင်းတွင် အင်္ကျီပါးနှင့် ပတ်သက်သော ကာတွန်းများကို ဦးဘကလေးသည် ထိုအခါက မြန်မာအမျိုးသမီးများ အင်္ကျီပါးဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ကြရန် ကာတွန်းဆရာများ နှင့် သတင်းစာ ဆရာများက ဆုံးမခဲ့ကြလေသည်။ ၀ံသာနုခေတ် ကောင်းစားစဉ်ကာလတွင်မူကား မြန်မာအမျိုးသမီး အချို့သည် အင်္ကျီပါးကို သပိတ်မှောက်၍ မြန်မာဖြစ် ပင်နီ အင်္ကျီ နှင့် ယောထမီများကို ၀တ်ဆင်ကြလေသည်။ အင်္ကျီပါး နှင့် ပတ်သက်၍လည်း တပေါင်များလည်း ပေါ်လာခဲ့သည်။ " အင်္ကျီ- အင်္ကျီပါးရယ်နှင့် မျက်ထား-မျက်ထားချို ၊ ပြုံးသလိုလို ကျွန်မလက်ကိုဆွဲ ၊ စုတ်ပြဲလေလေကုန်ပေါ့ .. ကျွန်မ ဘင်္ဂါလီ" ဟူ၍ လည်းကောင်း ၊ " အင်္ကျီ- အင်္ကျီပါးရယ် နှင့် မျက်ထား-မျက်ထားချို ၊ ကုလားလိုလို ၊ ဗမာလိုလို ၊ ကျွန်မလက်ကိုဆွဲ ၊ စုတ်ပြဲလေကုန်ပေါ့၊ ကျွန်မ ဇာဘော်လီ " ဟူ၍ပင် တပေါင်များ ပေါ်လာခဲ့ပါသည် ။ ၁၃၀၀ ပြည့် အရေးတော်ပုံကာလတွင်မူ ရဟန်းပျိုများက သံချိပ်၊ ကတ်ကြေး၊ ကြိမ်လုံးများကို စစ်ကူခေါ်ပြီး အင်္ကျီပါးကို တိုက်ဖျက်ခဲ့ကြသည်။ မန္တလေး အမရပူရ နှင့် စစ်ကိုင်းမြို့များ၌ အင်္ကျီပါးများကို မီးရှို့ခဲ့ကြသည်။ မန္တလေး ၊ မဟာမုနိဘုရားရှေ့တော်၌လည်း အင်္ကျီပါးများကို ပုံ၍ပင် လှူခဲ့ကြသည်။ ၁၉၄၁-ခုနှစ်တွင် အင်္ကျီပါးစစ်ပွဲဟု ဆိုရမလောက်ပင် ဂျာနယ်ကျော်တွင်ပြုလုပ်၍ အင်္ကျီပါးဘက် မှ မြင်းခြံစိုးမြင့် .... အင်္ကျီပါး မ၀တ်ထိုက်သည့်ဘက်မှ မေမြို့ မခင်သန်းရီ တို့ နှစ်ဦး နှစ်ဖက် ချေပစာများ ထောက်ခံစာများတို့ဖြင့် ဂျာနယ်ကျော်တွင် ၄-၅ ပတ် အင်္ကျီပါး စစ်ပွဲ ဖြစ်ခဲ့ကြသည်။ ၁၉၄၁-ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့ထုတ် ဟံသာဝတီဂျာနယ်၊ ကာတွန်း ရုပ်ရှင်အခန်း ကဏ္ဍတွင်လည်း ခေတ်ကာလ အင်္ကျီပါး များ ပါးလွှာကျပ်တည်း ထင်ပေါ်လွန်းသည်ဟု အယူရှိကာ အမျိုးမျိုး ဆူပူ ကန့်ကွက် ရှုတ်ချခဲ့ကြသည်။ ကာတွန်းဆရာ ဦးဘဂျမ်းက... " အထက်မှ မတိုရလျှင် အောက်ဘက်မှလှည့်၍ တိုရန် ကြံစည်ပါက မည်သို့ အရေးယူကြမည်နည်း" ဟူသော စကားများဖြင့် ပင် ကာတွန်းများ ရေးဆွဲပြခဲ့ပါသည်..... ဤကား လွန်ခဲ့သော အတိတ်ကာလစီက အင်္ကျီပါး အရေးတော်ပုံတည်း ။ ယနေ့ ၂၀၁၁ -ခုနှစ် ..... " အထက်မှ မတိုရလျှင် အောက်ဘက်မှလှည့်၍ တိုရန် ကြံစည်ပါက မည်သို့ အရေးယူကြမည်နည်း" ဟူသော ကာတွန်းဆရာ ဦးဘဂျမ်း အား ယနေ့ ခေတ်ကာလကို တွေ့မြင်လိုက်စမ်းချင်ပါသည်။ "အထက်လည်းတို .... အောက်လည်းတို ..... သူမ ပျို -ပျို-ပျို ...အို-အို-အို " ဟုပင် ဆိုလိုက်ချင်သည်။ အများစု ..... ဂျာနယ်တွေ ... မဂ္ဂဇင်းတွေ... ကြော်ငြာဆိုင်းဘုတ်တွေမှာ .... ရေပေါ်ဆီ အလွှာစု ပါးလွှာ -တို -ပြတ်- ဟိုက်- အကုန်စုဝတ်လို့ နေပေပြီ.... ကော့ ... ကော် ... ကန်...ကား .... စတိုင်များနှင့် ... အလန်းဇယား များပြားနေပြီ.... ခေတ်ကာလကို နောက်ပြန်ဆွဲဘို့ မဆိုလိုချင်ပါ ...... ခေတ်ကာလ ရေစီးကြောင်း အတိုင်း ..... ခေတ်မီရပါမည် ....... ခေတ်သိပ်မဆန်ဘို့ လိုပါသည်။ ရဲရင့်ရပါမည် ........ မရဲတင်းဘို့တော့ လိုပါမည် ။ လှပအောင် ၀တ်စားပြင်ဆင်ရပါမည် ..... ယဉ်ကျေးမှုနှင့် မဆန့်ကျင်ဘို့တော့ လိုပေလိမ့်မည်။ ကျွန်တော်တို့ မြန်မာမိန်းကလေးများ သတိထား- သိထားဘို့တော့ ကောင်း၏။ 


 ကာလဖြင့် ပျက်နေပြီ 
ဖက်ရှင်တွေ ရှုပ်ထွေး 
အရှက်တွင် အဟုတ်ဝေးပါပေါ့ .... 
တို ပါး ပြတ် ဟိုက် ၀တ်ပုံလေး အစုံစုံ ။
 ကော့ ကော် ကန်ကား စတိုင်များနှင့် 
အမှန်ဖောင်းထောင်၍ ကြွပါလို့ ရှုမြင်ဘို့ မတင့်တယ် ပါတယ် ။ 
တီကောင်ကို ဆားပက် 
ဝတ်စားမက် အနေအထားပျက်လို့ကြုံ ။
 မောင်... အဘ ... သားချင်း နှစ်မ အားနာလျှင် .....
 မှားတာကို ပြင်ကြစို့လေး ....
 မြန်မာညွန့် ညှိုးမကုန်အောင် အမျိုးဂုဏ် ဆယ်ကြပါစို့... 
ဒို့ ... မြန်မာမလေးများသို့ .....

ရှေးမြန်မာ ဘုရင်များလက်ထက်မှ ၁၂၅၃-ခုနှစ်လောက်ကျအောင် မြန်မာအမျိုးသမီး မှန်သမျှတို့သည် ထူ
ထဲ ခိုင်ခံ့သော အ၀တ်အထည်များကို စနစ်ကျစွာအင်္ကျီချုပ်လုပ်ဝတ်ဆင်ကြ ကုန်၏ ။ထို့နောက်တွင်မှ ခေတ်
ဆန်သည်ဆိုသော မြန်မာအမျိုးသမီးများမှ အင်္ကျီပါးများဝတ်ဆင်၍ ခေတ်စားစ ပြုလာခဲ့သည်။၁၉၇၁-ခုနှစ်
အတွင်း ထုတ်ဝေသော သူရိယမဂ္ဂဇင်းတွင် အင်္ကျီပါးနှင့် ပတ်သက်သော ကာတွန်းများကို ဦးဘကလေး
သည် ထိုအခါက မြန်မာအမျိုးသမီးများ အင်္ကျီပါးဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ကြရန် ကာတွန်းဆရာများ နှင့် သတင်းစာ ဆရာများက ဆုံးမခဲ့ကြလေသည်။

စာဖတ်လွန်သည့်ကျောင်းသား ရဲများကထိန်းသိမ်းရ

စာဖတ်လွန်သည့်ကျောင်းသား ရဲများကထိန်းသိမ်းရ
Saturday, January 12, 2013

ဗြိတိန်နိုင်ငံ ကျောင်းတစ်ကျောင်းမှ ရဲအဖွဲ့ကို စာစွဲလမ်းလွန်းသည့်
ကျောင်းသားတစ်ယောက်အား စာကြည့်တိုက် အတွင်းမှ ထုတ်ပေးပါရန် အကြောင်းကြားသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။

ဂျမေး ဂါလီယာဒီ အမည်ရှိ ၁၈ နှစ်အရွယ် ကျောင်းသားတစ်ဦးသည် အင်္ဂလန်နိုင်ငံတောင်ပိုင်း အိုင်ဖီး ကွန်မြူနတီကောလိပ်မှ ကျောင်းသား
တစ်ဦးဖြစ်ပြီး ကျောင်းစာကြည့်တိုက်အတွင်းမှ မထွက်တမ်း စာကြည့် နေသောကြောင့် ကျောင်းအာဏာပိုင်များက ရဲအဖွဲ့ထံ အကူအညီတောင်းရခြင်းဖြစ်သည်။

ဂါလီယာဒီသည် စာကို အလွန်အမင်းကြိုးစားသူတစ်ယောက်ဖြစ်ပြီး၊ ဆရာများ စိတ်ထဲတွင် ငြိုငြင်ရလောက် အောင် စာဖတ်နေကြောင်း၊ သူသည် ကျောင်းပြီးလျှင်လည်း စာကြည့်တိုက်ထဲသွားကာ စာဖတ်နေတတ် ကြောင်း၊ သူ့ကို ဆရာများက ထိုသို့မလုပ်ရန်
တောင်းပန်သော်လည်း သူက လူတော်တစ်ယောက်ဖြစ်ရန် ကြိုးစားနေကြောင်းပြောကာ အိမ်ပြန်ခိုင်းသည်ကို ငြင်းဆန်ကြောင်း၊
ကျောင်းစာကြည့်တိုက်ထဲမှ မထွက်ဘဲ စာကြည့်နေသဖြင့်
ကျောင်းအုပ်ကြီးကိုယ်တိုင် အရေးပေါ်အစည်းအဝေးခေါ်ကာ
ဆရာများနှင့် တိုင်ပင်ခဲ့ရ ကြောင်း သိရသည်။

ကျောင်းအုပ်ချုပ်ရေး ဒါရိုက်တာတစ်ဦးက “သူ့ကို သွားပြောတော့လည်း ကျယ်ကျယ်လောင်လောင်နဲ့ အော်ထုတ်တယ်” ဟုပြောကြားသည်။

ဂါလီယာဒီသည် ကျောင်းတွင် အတော်ဆုံးဖြစ်ရန် ကြိုးစားအားထုတ်နေပြီး၊ လက်ရှိအနေအထားတွင်လည်း ဘာသာရပ်ဆိုင်ရာ ရမှတ်များအနေအထား
ကောင်းမွန်ကြောင်း၊ သို့သော် စာကြည့်တိုက်ထဲမှ မထွက်ဘဲ စာဖတ်နေမည်ဆိုခြင်းက ကျောင်းရှိ အုပ်ချုပ်သူနှင့် ဆရာများကို စိတ်အနှောင့်အယှက်ဖြစ်စေကြောင်း ပြောကြားသည်။

ရဲတပ်ဖွဲ့မှ ထိုကျောင်းသားကို စာကြည့်တိုက်ထဲမှ ဖယ်ရှားပေး
မည်ဖြစ်သော်လည်း အရေးမယူပါဟု ပြောကြားခဲ့ သည်။

မောက္ခ

အေးချမ်းမွန်မှ Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ဗြိတိန်နိုင်ငံ ကျောင်းတစ်ကျောင်းမှ ရဲအဖွဲ့ကို စာစွဲလမ်းလွန်းသည့် ကျောင်းသားတစ်ယောက်အား စာကြည့်
တိုက် အတွင်းမှ ထုတ်ပေးပါရန် အကြောင်းကြားသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။

"ကဗျာဆရာကြီးများ သို့  ဦးညွှတ်ခြင်း"

‎ ကဗျာ တစ်စ

"ကာရန်" ချ၍ ---------- ရသ စုံစွာ

ဟိုတစ်ခါ က -----------ကဗျာ အရှင်

"ဆရာတင်မိုး" ---------။



ကဗျာ တကြောင်း

ရနံ့ ပေါင်းစုံ ----------- ကောင်းပုံ နရီ

သံပေါက် ပီ၏ --------- အမည် ဆရာ

" ဇော်ဂျီ " ပါတည့်------။

ရည်းစားက ဖုန်းကိုပေါက်ခွဲသဖြင့် အသေရိုက်သတ်

ရည်းစားက ဖုန်းကိုပေါက်ခွဲသဖြင့် အသေရိုက်သတ်
Saturday, January 12, 2013

ဘရောင့်စ်မြို့မှ အသက် ၂၅ နှစ်အရွယ်ရှိ ဂျက်စ်မင် ဒေ့ဇ်ဆိုသူ မိန်းကလေးတစ်ဦးသည် အသက် ၁၇ နှစ် အရွယ်ရှိ သူမ၏ ရည်းစားဖြစ်သူက ဖုန်းကို ပေါက်ခွဲလိုက်သဖြင့် လက်စားချေကာ အသေသတ်လိုက်ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ထိုနေ့ နေ့လည် ၁ နာရီခွဲအချိန်တွင် မောရစ်ရပ်ကွက်တွင် အလောင်း
တစ်လောင်းတွေ့ခဲ့ရပြီး၊ ထရပ်ကားပေါ်မှ ထိုအလောင်းကို ပစ်ချကာ ကားကို အမြန်မောင်းပြေးသွားကြောင်း မျက်မြင်သက်သေ ဖရန်ကီ ဟာနန်ဒတ် ဆိုသူက အစစ်ခံခဲ့သည်။ ထိုကားကို မောင်းသူမှာ ဂျက်စ်မင်ဒေ့ဇ်ဖြစ်သည်
ဟုလည်း သူကထွက်ဆိုသည်။

ရဲများက သေမှုသေခင်းအရ စစ်ဆေးရာ မျက်မြင်သက်သေ ဟာနန်ဒတ်ဇ်က ကားပေါ်မှ လူတစ်ယောက်ကျလာ ပြီး ခေါင်းတွင်ဒဏ်ရာများဖြင့် သွေးများ
ထွက်နေကြောင်း၊ ကားကို အမြန်မောင်းထွက်သွားသဖြင့် တာရာပွတ်ပြီး
ညှော်နံ့များ ကျန်ခဲ့ကြောင်း၊ လဲကျနေသူအနီးသို့ သူရောက်သည့်အခါတွင် စကားပြောရန် ကြိုးစားသေး ကြောင်း၊ သို့သော် ပါးစပ်မှ သွေးအမြှုပ်
များသာထွက်လာကြောင်း မျက်မြင်သက်သေက ပြောကြားခဲ့သည်။

ဂျက်စ်မင်တို့စုံတွဲသည် မကြာခဏစကားများတတ်ပြီးခိုက်ရန်ဖြစ်တတ်
ကြောင်းသေဆုံးသူ၏အစ်ကိုဖြစ်သူက ပြောကြားသည်။ ဒေ့ဇ်သည် ကားကို သူမ၏ မိခင်အိမ်အနီးတွင် ထားခဲ့ပြီး ပုန်းအောင်းနေရာ ရဲများကနောက်မှ ဖလိဝုဒ်လမ်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

သေဆုံးသူက ထိုနေ့တွင် ဒေ့ဇ်၏အိမ်ကို ရောက်လာခဲ့ပြီး တံခါးဖွင့်ပေးရန် အကြိမ်ကြိမ်ထုရိုက်ကြောင်း၊ ဒေ့ဇ်က တံခါးမဖွင့်ကြောင်း၊ ထို့နောက် တံခါးကို အတင်းဖွင့်ကာ အိမ်ထဲဝင်သွားပြီး အော်သံများကြားရကြောင်း၊ ရိုက်နှက်
သံများလည်းကြားရကြောင်း အိမ်နီးချင်းများက ထွက်ဆိုကြသည်။

မိသားစုများကမူ ဒေ့ဇ်၏ဖုန်းကို သေဆုံးသူက ပေါက်ခွဲလိုက်သဖြင့် စိတ်ဆိုးပြီးရိုက်နှက်ရာမှ သေဆုံးသွားခြင်း ဖြစ်သည်ဟု အစစ်ခံကြသည်။

မောက္ခ

အေးချမ်းမွန်မှ Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ဘရောင့်စ်မြို့မှ အသက် ၂၅ နှစ်အရွယ်ရှိ ဂျက်စ်မင် ဒေ့ဇ်ဆိုသူ မိန်းကလေးတစ်ဦးသည် အသက် ၁၇ နှစ် အရွယ်ရှိ သူမ၏ ရည်းစားဖြစ်သူကဖုန်းကို ပေါက်ခွဲလိုက်သဖြင့် လက်စားချေကာ အသေသတ်လိုက်ကြောင်း
ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ပြည်နယ် များအား စတင် စစ်ဆေးတော့မည်

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ပြည်နယ်
များအား စတင် စစ်ဆေးတော့မည်

ရန်ကုန်၊ ဇန်နဝါရီ ၁၂။

ပြည်သူ့လွှတ်တော်မှ ဖွဲ့စည်းထားသော တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသည် ပြည်နယ်စစ်ဆေးမှုများ မရှိသေးသဖြင့် ယခုလအတွင်း ပြည်နယ်များအား စတင်စစ်ဆေး
မည် ဖြစ်ကြောင်း အဆိုပါ ကော်မတီ၏ အတွင်းရေးမှူး ဖြစ်သူ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။

အဆိုပါ ကော်မတီသည် နေပြည်တော် အပါအဝင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ဧရာဝတီတိုင်း တို့အား စစ်ဆေး
ခဲ့ပြီးပြီဖြစ်ကြောင်း သိရပြီး ယခုလအတွင်း လွှတ်တော် အခြေအနေ အပေါ်မူတည်၍ ပြည်နယ် များသို့ စတင်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ဘယ်ပြည်နယ် စစစ်မလဲဆိုတာတော့ ကြိုတော့မပြောဘူး။ ရှောင်
တခင် ဆာဗေးဝင်မှ အဖြစ်မှန်တွေ သိရမှာလေ။ ပြည်နယ်တွေ စစ်မယ်
ဆိုတာကတော့ တိုင်း ၅ တိုင်းစစ်ဆေးခဲ့ပြီးပြီ ပြည်နယ်တစ်ခုမှ မပါတဲ့အတွက်ပါ။ လွှတ်တော်မှာ သွားမယ့်အဖွဲ့ဝင်တွေရဲ့ မေးခွန်း
တွေ အဆိုတွေ အပေါ်မူတည်ပြီး အားတာနဲ့ စစစ်သွားပါမယ်။ ဒီလထဲကို မှန်းထားတယ်” ဟု ဦးဝင်းမြင့်က ပြောကြားသည်။

ဆက်လက်ပြီး စစ်ဆေးခဲ့သော တိုင်း ၅ တိုင်း၏ အခြေအနေများနှင့် ဆက်လျဉ်း၍ “ကျွန်တော်တို့ စစ်ဆေးခဲ့တာတွေကြောင့် အာဏာပိုင်
တွေက တရားစီရင်ရေးမှာ ဝင်ရောက်စွတ်ဖက်တာတွေ လျော့နည်း
သွားတယ်။ နောက်ပြီး တရားခံ၊ တရားလို၊ ပြည်သူ၊ ဝန်ထမ်းတွေ
အားလုံးနဲ့ ထိတွေ့ရတဲ့အတွက် ခုနပြောသလို အုပ်ချုပ်ရေး အာဏာရဲ့ ဝင်ရောက်စွတ်ဖက်မှု လျော့နည်းသွားတာတွေကို တွေ့ရတယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။

ယခုလက်ရှိတွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး
ကော်မတီသည် တိုင်းအတွင်း စစ်ဆေးမှုများအား ရပ်နားထားကြောင်း သိရသည်။

အဆိုပါ ကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဥက္ကဌ အဖြစ်
ပါဝင်ပြီး အဖွဲ့ဝင် ၁၅ ဦးဖြင့် ပြည်သူ့လွှတ်တော် ဆိုင်ရာ ဥပဒေပုဒ်မ
၂၄၊ ပုဒ်မ ၂၇ နှင့် ပြည်သူ့ လွှတ်တော် အစည်းအဝေး ဆုံးဖြတ်ချက်
တို့အရ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စူးရှ

အေးချမ်းမွန်မှ The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ပြည်သူ့လွှတ်တော်မှ ဖွဲ့စည်းထားသော တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသည်
ပည်နယ်စစ်ဆေးမှုများ မရှိသေးသဖြင့်ယခုလအတွင်း ပြည်နယ်များအားစတင်စစ်ဆေးမည် ဖြစ်ကြောင်း
အဆိုပါ ကော်မတီ၏ အတွင်းရေးမှူး ဖြစ်သူပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြား
သည်။

တစ်ကိုယ်လုံး အမွှေးနက်များဖုံးနေသည့် ၆ နှစ်သမီးလေး


တစ်ကိုယ်လုံး အမွှေးနက်များဖုံးနေသည့် ၆ နှစ်သမီးလေး
Saturday, January 12, 2013

အသက် ၆ နှစ်အရွယ်ရှိ ကြိုင်လိလူးဆိုသည့် ကျောင်းသူလေးတစ်ဦးသည်
မွေးလာကတည်းက တစ်ကိုယ်လုံး အမွှေးနက်များ ဖုံးလွှမ်းနေပြီး၊ မျက်နှာအပါအ၀င် သူမတစ်ကိုယ်လုံး၏ ၆၀ ရာခိုင်နှုန်းခန့်ကို
အမွှေးနက်များ ဖုံးလွှမ်းနေကြောင်း သိရသည်။

သူမ၏ ထူးဆန်းသော အနေအထားသည် သန်း ၁၀၀၀ တွင် တစ်ဦးတွေ့နိုင်ရန်ခက်ခဲသော်လည်း မိဘများက စွန့်ပစ်နိုင်သည့် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း၊ သူမ အသက် ၂ နှစ်သမီး
အရွယ်တွင် အိမ်၌ မိခင်ဖြစ် သူက ထားခဲ့ပြီး အပြင်သို့သွားနေစဉ် ဖခင်က ကလေးထိန်းဌာနရှေ့တစ်နေရာတွင် သွားရောက်စွန့်ပစ်ခဲ့ဖူး သည်။

နေ့ကလေးထိန်းကျောင်းမှ ဆရာမများက သတင်းစာတွင် ကလေးပျောက်ကြေညာမှ နောက် ၆ လအကြာတွင် ဆွေမျိုးများက
တွေ့ရှိပြီး ပြန်ခေါ်ကာ မိဖများထံ အပ်နှံခဲ့ရသည်။ အိမ်တွင် မိဖများက မနှစ်မြို့သဖြင့် အဖိုးဖြစ် သူက ကြည့်ရှုစောင့်ရှောက်ပေးထားရသည်။

သူမကို အရွယ်တူကလေးများက နောက်ပြောင်စကြသဖြင့် လူတောထဲ
မတိုးရဲလောက်အောင် ဖြစ်နေရကြောင်း၊ ထို့ပြင် ကျောင်းနေသည့် အရွယ်ရောက်လာသည့်တိုင်း အပေါင်းအသင်းမရှိခဲ့ကြောင်း၊ လူထူးလူဆန်းတစ်ဦး အနေဖြင့် ၀ိုင်းဝန်းကြည့်နေကြသောကြောင့် ကလေးအနေဖြင့် နေထိုင်ရ အခက်အခဲများရှိကြောင်းသိရသည်။

မောက္ခ

အေးချမ်းမွန်မှ Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

အသက် ၆ နှစ်အရွယ်ရှိ ကြိုင်လိလူးဆိုသည့် ကျောင်းသူလေးတစ်ဦးသည်မွေးလာကတည်းကတစ်ကိုယ်လုံး
အမွှေးနက်များ ဖုံးလွှမ်းနေပြီး၊ မျက်နှာအပါအ၀င် သူမတစ်ကိုယ်လုံး၏ ၆၀ ရာခိုင်နှုန်းခန့်ကိုအမွှေးနက်များ ဖုံးလွှမ်းနေကြောင်း သိရသည်။

ဒေါ်လာ တစ်သန်းထီပေါက်ပြီးမှ အဆိပ်သောက်သေတဲ့လူ


ဒေါ်လာ တစ်သန်းထီပေါက်ပြီးမှ အဆိပ်သောက်သေ
Saturday, January 12, 2013

အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်စ်ပြည်နယ်၊ ချီကာဂိုမြို့မှ အူရွတ် ခမ်းဆိုသူတစ်ယောက်သည် ဒေါ်လာ တစ်သန်းတန် ထီပေါက်ခဲ့သော်လည်း သူရရှိခဲ့သည့်ငွေများကို သူမသုံးခဲ့ရကြောင်း ရဲများက သတင်းထုတ်ပြန် ခဲ့သည်။

အူရွတ် ခမ်းသည် ဒေါ်လာ တစ်သန်းထီပေါက်ကြောင်းကြားသဖြင့် ၀မ်းမြောက်ဝမ်းသာဖြစ်ကာ ထခုန်ခဲ့ကြောင်း၊ သို့သော် ထီပေါက်ပြီး
နောက်တစ်လအကြာတွင် သေဆုံးသွားကြောင်း သိရသည်။ ခမ်း၏အလောင်းကို စစ်ဆေးရာတွင် သေစေနိုင်လောက်သည် ဆိုင်ရာနိုက်အဆိပ်ပမာဏများစွာကို သူ့ခန္ဓာကိုယ်အတွင်းတွေ့ရ သည်ဟုဆိုသည်။

သေမှုစုံစမ်းရေးအရာရှိက ထိုဆိုင်ရာနိုက်အဆိပ်များကြောင့် သေဆုံးခြင်း
ဖြစ်သဖြင့် အဘယ်ကြောင့် အဆိပ်သင့်ကြောင်းကို စုံစမ်းနေကြောင်း သိရသည်။

ခမ်းသည် 7-Eleven မှ ထီဆုကိုရရှိခဲ့ခြင်းဖြစ်ပြီး ထီတစ်စောင်လျှင် ဒေါ်လာ ၃၀ ဖြင့်ရောင်းချနေသော ထီကို ထိုးပြီး ဒေါ်လာ တစ်သန်းထီဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

ခမ်းသည် အသက် ၄၆ နှစ်အရွယ်ဖြစ်ပြီး ဇနီးနှင့် သမီး တစ်ယောက်ရှိသည်။ သူက ထီပေါက်သည်ဟု သတင်းကြားရစဉ်က ထခုန်ပြီး သူ့စတိုးဆိုင်မှ
ငွေကိုင်စာရေးကို ဒေါ်လာ ၁၀၀ ဘောက်ဆူးပေးခဲ့ကြောင်း၊ သူ့အိမ်ကို အပေါင်ထားရသဖြင့် ပြန်ဆပ်ရမည်ဖြစ်ကြောင်း၊ အခွန်အခ များကို
ပြေလည်အောင်ပေးပြီးနောက် ဆိုင်ကိုလည်းတိုးချဲ့မည်ဖြစ်ကြောင်း ထီပေါက်စဉ်က ပြောကြားခဲ့သည်။

ခမ်းသည် သူရရှိခဲ့သည့် ဒေါ်လာငွေတစ်သန်းကို စိန့်ဂျက် ကလေးဆေးရုံ
သို့လည်း လှူဒါန်းမည်ဟုပြောကြားခဲ့ သေးသည်။ သို့သော် ထိုငွေများကို ဘာတစ်ခုမျှ မထိလိုက်ရပဲ သူသေဆုံးခဲ့ရသည်ဟု ရဲများကဆိုသည်။

မောက္ခ

အေးချမ်းမွန်မှ Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်စ်ပြည်နယ်၊ ချီကာဂိုမြို့မှ အူရွတ် ခမ်းဆိုသူတစ်ယောက်သည် ဒေါ်လာ တစ်သန်းတန် ထီပေါက်ခဲ့သော်လည်း သူရရှိခဲ့သည့်ငွေများကိုသူမသုံးခဲ့ရကြောင်းရဲများကသတင်းထုတ်ပြန်
 ခဲ့သည်။

အကယ်ဒမီဆု ထပ်မံမျှော်မှန်းထားသည်ဟု မော့စ်ဆို

အကယ်ဒမီဆု ထပ်မံမျှော်မှန်းထားသည်ဟု မော့စ်ဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၂။

ထာဝရအလင်းတန်းများ ဇာတ်ကားဖြင့် ၂၀၁၁ ခုနှစ်တွင် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိသွားသော အကယ်ဒမီ မော့စ်သည် လာမည့်
နှစ်များအတွက် အကယ်ဒမီ ထပ်မံရရှိမည်ဟု မျှော်မှန်းထားကြောင်း ထုတ်ဖော် ပြောကြားသည်။

ယနေ့ညနေ ၅ နာရီအချိန်ခန့်တွင် ပြုလုပ်သော အကယ်ဒမီမော့စ်၏ ဂုဏ်ပြုပွဲ အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်ပြီး ဒါရိုက်တာ မိုက်တီး၊ ဒါရိုက်တာ ထွန်းအောင်ဇော်တို့ နှင့်အတူ ရိုက်ကူးထားသော ရုပ်ရှင်ဇာတ်ကား
ကြီးများ ရှိသဖြင့် လာမည့်နှစ်များတွင်လည်း အကယ်ဒမီရရှိရန် မျှော်မှန်းခြင်း
ဖြစ်ကြောင်း ပြောကြားသည်။

“ကျွန်တော် နောက်နှစ်၊နောက်နှစ်တွေမှာ ဒီလိုမျိုး ကျွေးချင်ပါသေးတယ်။
ပျော်ချင်ပါသေးတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော် အမျှော်အမြင် ရှိလို့ပြောတာပါ။ ကျွန်တော် နောက်ထပ် မိုက်တီးနဲ့ ရိုက်ထားတဲ့ ကားကြီး နှစ်
ကားရှိပါသေးတယ်။ နောက်ထပ် အကယ်ဒမီ ထွန်းအောင်ဇော်နဲ့လည်း
နှစ်ကားရိုက်ထားပါသေးတယ်” ဟု အကယ်ဒမီ မော့စ်က ပြောကြားသည်။

အကယ်ဒမီ မော့စ်၏ လက်ရှိကျန်းမာရေး အခြေအနေမှာ စိုးရိမ်ဖွယ် မရှိကြောင်းနှင့် အစာအဆိပ်သင့်၍သာ ခတ္တနားနေခြင်း ဖြစ်ကြောင်း ၎င်း၏ ဇနီသည်ဖြစ်သူက ပြောကြားသည်။

အိအိ

အေးချမ်းမွန်မှ The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ထာဝရအလင်းတန်းများ ဇာတ်ကားဖြင့် ၂၀၁၁ ခုနှစ်တွင် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိသွား
သာ အကယ်ဒမီ မော့စ်သည် လာမည့်နှစ်များအတွက်အကယ်ဒမီထပ်မံရရှိမည်ဟု မျှော်မှန်းထားကြောင်း 
ထုတ်ဖော် ပြောကြားသည်။

ဗြိတိသျှစပစ်ဖိုင်းယားတွေပြန်ပေးရင် ပတ္တမြားငမောက်နဲ့နန်းစဉ်ရတနာတွေပြန်တောင်းပေးနိုင်မလား

ဗြိတိသျှစပစ်ဖိုင်းယားတွေပြန်ပေးရင် ပတ္တမြားငမောက်နဲ့နန်းစဉ်ရတနာတွေပြန်တောင်းပေးနိုင်မလား

ဗြိတိသျှတို့က မြန်မာနိုင်ငံတွင်းမှာ အကောင်းတိုင်း အစိတ်အပိုင်းလိုက်မြှုပ်နှံထားခဲ့တဲ့ စပစ်ဖိုင်းယားတွေကို ပြန်လိုချင်ပါသတဲ့ ။အခုမှသတင်းထုတ်ပြန်လိုက်တော့ အံများတောင်သြပါရဲ့ ။လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်ကတည်းက ရှာဖွေနေခဲ့ပါသတဲ့ ။အခု မြှုပ်နှံခဲ့တဲ့ စစ်သားဟောင်းတွေရဲ့မှတ်တမ်းမှတ်ရာတွေနဲ့ apple ရဲ့ နည်းပညာတွေပေါင်းစပ်ရ
ှာဖွေမှုနဲ့ လေယာဉ်းအစင်း ၂၀ ကျော် ကို ပြန်တူးပြီးအကောင်းတိုင်းပြန်ယူတော့မယ်တဲ့ ။

ကျွန်တော်တို့သဘောကတော့ မပေးရဘူး ။ဘာကြောင့်လဲ ။ဒီလေယာဉ်တွေဟာ ဗြိတိသျှသမိုင်းတင်မဟုတ်ပါဘူး ။ကျွန်တော်တို့နိုင်ငံသမိုင်းလည်းဖြစ်ပါတယ် ။ကျွန်တော်တို့ နိုင်ငံမြေအောက်မှာ နှစ်ပေါင်း ၇၀ ကျော် အိပ်စက်နေခဲ့တာပါ ။ကျွန်တော်တို့လည်း ပိုင်တယ် ။ဒီလေယာဉ်တွေကို တူးဖော်ခွင့်ပေးခဲ့မယ်ဆိုရင် နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ခိုင်မာစေမှာလို့ ဒေးဗစ်ကင်မရွှန်းကပြောတယ် ။ဟုတ်ပြီ ။ဒီလေယာဉ်အစင်း၂၀ ပြန်ပေးမှ ဆက်ဆံရေးကောင်းမွန်မှာလား ။ဒါဆိုရင် ဘဲစားဘဲခြေ လေး ကစားကြည့်ရအောင် ။ကျွန်တော်တို့ဆီက သမ သွားတဲ့ ပတ္တမြား ငမောက်ကြီး ဘယ်ရောက်နေတုန်း ။

ကိုင်း ... ဒီစာရင်းထဲက နန်းစဉ်ရတနာတွေ ပြန်ပေးမလား ။



၁။သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန် ရတီကိုးဆယ်ကျော်ရှိသော ပတ္တမြား ငမောက်
၂။ဗဒုံမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန် နှစ်ဆယ်ခန့်ရှိတဲ့ လှော်ကားတင်ကလေး ဟုခေါ်သော ပတ္တမြား
၃။သက္ကရာဇ် ၁၁၉၉ (အေဒီ၁၈၃၇) ခုနှစ် ရွှေဘိုမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန်လေးဆယ်ကျော် လှော်ကားတင်ကြီး ဟုခေါ်သော ပတ္တမြား
၎။အလေးချိန် လေးဆယ်ရတီရှိ ဆင်ဖြူတော် ဟုခေါ်သော ပတ္တမြား
၅။အလေးချိန် ဆယ်ရတီရှိ ဆင်မတော် ဟုခေါ်သော ပတ္တမြား
၆။စံထားအသုံးပြုရတဲ့ အချိန်ခြောက်ရတီရှိတဲ့ စံကျောက်တော် ဟုခေါ်သော ပတ္တမြား

ပြီးတော့ သူတို့ပြတိုက်ထဲက စစ်သူကြီး မဟာ ဗန္ဓုလ ရဲ့ သံချပ်ကာ ဝတ်စုံ ကြီးကို ရောပြန်ပေးနိုင်မလား ။
ဧကရီဘုရင်မကြီးကို ပေးပို့သည့်ပစ္စည်းတွေထဲက သီပေါ၏ အကောင်းဆုံး သရဖူတစ်ခု၊ ဒုတိယ သရဖူမှ မြကျောက်ကြီးသုံးလုံး၊ သရဖူထဲမှ ကျွတ်ကျသည့် ကျောက်အလွတ် ၈ လုံးထည့်ထားသည့် စက္ကအိတ်တစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့် ဘယက်တစ်ကုံး နှင့် ရွှေဘီး တစ်ချောင်း


ဒါတွေဟာ နှစ်ဦးနှစ်ဘက်လုံးမနစ်နာတဲ့ တောင်းဆိုမှူပဲဖြစ်ပါတယ် ။
ဒီသရဖူဟာ သီပေါမင်းဆီက သရဖူ ဖြစ်နိုင်ပါတယ်

ပြီးတော့ ဗြိတိသျှ ပြတိုက်တွေထဲက မြန်မာ့ယဉ်ကျေးမှူ အနုပညာပစ္စည်းတွေ ပြန်ပေးမလား ။ကျွန်တော်တို့ အစိုးရကရော ပြန်တောင်းပေးမလား ။အခုဗြိတိသျှ ဘုရင်မကြီးခေါင်းက သရဖူက ဘာနဲ့လုပ်ထားတယ် ထင်လဲ ။ကျွန်တော်တို့နိုင်ငံကနန်းစဉ်ကျောက်တွေနဲ့လုပ်ထားတာပါ ။တန်ဖိုးလား ။ဟုတ်ကဲ့ ဗြိတိသျှနဲ့ပြင်သစ်နှစ်နိုင်ငံကမြေတွေကို အကုန်ဝယ်လို့ရနိုင်ပါတဲ့ တန်ဖိုးတွေပါ ။ ဒါတွေပြန်ပေးမလား ။
စပစ်ဖိုင်းယားတွေဟာ ဗြိတိသျှရဲ့ အမျိုးသားရေးဂုဏ်တစ်ခုပါ ။တကယ်လေးစားဖွယ်ကောင်းပါတယ် ။ဒီတော့ကာ ဗြိတိသျှတွေဆီရောက်နေတဲ့ ကျွန်တော်တို့ နန်းစဉ်ပတ္တမြားတွေကရော တန်ဖိုးမဲ့ခဲ့ပြီလား ။ဓါးပြတိုက်ယူသွားတဲ့ ကျောက်တွေမို့ အောက်ဈေးနဲ့ပဲ ရနိုင်တာပေါ့လို့ ဖြေသိမ့်တော့မှာလား ။အဲဒီကျောက်တွေကရော ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်တစ်ခုမဟုတ်တော့ဘူးလား ။ကမ္ဘာ့ကျောက်မျက်ရတနာလောကမှာ ပတ္တမြားငမောက်ဆိုတာ ဒဏ္ဍာရီအဆန်ဆုံး နာမည်အကြီးဆုံးပါ ။ Burmese Royal Ruby လို့တသွယ် SuFaYarLatt's Ruby လို့တနည်း နဲ့ ခုချိန်ထိ နာမည်ကြီးဆဲပါ ။တသသပြောလို့မဆုံးတဲ့ ကမ္ဘာ့ကျောက်မျက်လောကရဲ့ စနိုးဝှိုက်ပုံပြင်တစ်ခုပါ ။ ကိုင်း ....အဲဒါနဲ့ တည့်-တည့် ပြန်ချိန်းလိုက်ရအောင်လား ။နိုင်ငံရေးစကားနဲ့ဆိုရရင် Win-Win အခြေအနေပါပဲဗျာ ။

အခု ကမ္ဘာမှာ ဝေဟင်မှာ မောင်းနှင်နိုင်တဲ့ စပစ်ဖိုင်းယားဟာဆိုရင် ၃၆ စီးလို့ဆိုပေမယ့် လက်တွေ့မှာ အစီး ၃၀ သာ တကယ်မောင်းနှင်နိုင်ပါတော့တယ် ။အဲဒီ အစင်း ၃၀ ဟာလည်း တစ်စုတစ်စည်းတည်း မရှိပဲ နေရာအနှံပြန့်ကျဲနေပါတယ် ။ဒီတော့ကာ ကျွန်တော်တို့နိုင်ငံမှာ အစင်း ၂၀ လုံလုံး တစုတစည်းတည်း အကောင်းပတိ ရှိနေပါတယ် ။ ဒီအစီး ၂၀ ကိုပြတိုက်ထဲထည့် လိုက်ရင် ကျွန်တော်တို့ နိုင်ငံခြားငွေ ဘယ်လောက်စီးဝင်လာမလဲ ။ ဒါမှမဟုတ် ၁၀ စီးကို ပြတိုက်ထဲထည့် ၁၀ စီးကို အကောင်းအတိုင်းပြန်ဆင်ပြီး အပျော်တမ်းကလပ်ပုံစံ သို့မဟုတ် ကမ္ဘာလှည့်ခရီးသွားတွေ လေ့လာသူတွေအတွက် မောင်းနှင်စီးနင်းနိုင်အောင် လုပ်ထားခဲ့မယ်ဆိုရင် ???? ။


သူတို့ဒီလေယာဉ်တွေကို စရှာဖွေကတည်းက အခုချိန်ထိ ဒေါ်လာ နှစ်သိန်းတစ်သောင်းကျော် ကုန်ကျပါတယ်လို့ ပြောခဲ့တယ် ။ဟုတ်ပြီ ကျွန်တော်တို့သာဆိုလျှင် ရှာဖွေပေးခဲ့တဲ့ ဒေးဗစ်ဂျေကန်ဒယ်လ် ကို ဒေါ်လာ သိန်းနှစ်ဆယ် ဆုချလိုက်ပါ့မယ် ။ဘာကြောင့်လဲ ။
ဗြိတိသျှ သားတွေဟာ ကျွန်တော်တို့လိုမျိုး ဇာတိဂုဏ်ကို သိပ်တန်ဖိုးထားသူတွေပါ ။ သူတို့နိုင်ငံရဲ့ ဂုဏ်ကျက်သရေကို ကျွန်တော်တို့ဆီလာကြည့်လာလေ့လာရမှာပါ ။အဲဒီတစ်ခုတည်းနဲ့တင် ကျွန်တော်တို့ မီးခိုးမထွက်တဲ့ စက်ရုံတစ်ခုဖြစ်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေဆီကနေ နိုင်ငံခြားငွေ ထိုင်ယူနေရုံပါပဲ ။ဘယ်လောက်ကြာအောင် ထိုင်ယူနေမှာလဲ ။ဒီလေယာဉ်တွေ မြန်မာနိုင်ငံမှာရှိနေသမျှ နဲ့ နောင် သားစဉ်မြေးဆက်အထိ နှစ်ထောင်ပေါင်းများစွာ နိုင်ငံခြားငွေသဲ့ယူလို့ရမဲ့ အရာတွေပါ ။

သူတို့ကလည်း သူတို့နိုင်ငံရဲ့ ဂုဏ်ယူစရာ အမွေအနှစ်ကြီးတွေကို ပြန်တောင်းတယ် ။ကျွန်တော်တို့ကလည်း ကျွန်တော်တို့နိုင်ငံရဲ့အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ ယဉ်ကျေးမှူအမွေအနှစ်တွေ ပြန်တောင်းတယ် ။ကဲ.ဒါ ရာဇဝတ်မှူလည်းမဟုတ်ဘူး ။ မလုပ်ရတဲ့ စည်းမျဉ်းလည်း မဟုတ်ဘူး ။သူတို့လူမျိုးဟာကျတော့ သိတတ်ပြီး
ကျွန်တော်တို့ ဟာတွေကျတော့ ခပ်တည်တည်နဲ့ ပြတိုက်ထဲထည့်ပြီး သူတို့နိုင်ငံက လုပ်စားပြစား ဂုဏ်ယူနေတာတော့ မဟုတ်သေးဘူးခင်ဗျ ။

Copy By Nain Konain

ကျွန်တော် က တော့ ဘာမှပြောစရာ မရှိပါ ဘူး ....... အဲ တစ်ခုတော့ရှိတယ် ရေအဆုံး ကုန်းတစ်ဝက်တဲ့ ဒါပဲ!!
                                                         Afraid Admin

ဗြိတိသျှတို့က မြန်မာနိုင်ငံတွင်းမှာ အကောင်းတိုင်းအစိတ်အပိုင်းလိုက်မြှုပ်နှံထားခဲ့တဲ့စပစ်ဖိုင်းယားတွေကို
ပြန်လိုချင်ပါသတဲ့။အခုမှသတင်းထုတ်ပြန်လိုက်တော့အံများတောင်သြပါရဲ့ ။လွန်ခဲ့တဲ့၁၂ နှစ်ကျော်ကတည်း
က ရှာဖွေနေခဲ့ပါသတဲ့ ။အခု မြှုပ်နှံခဲ့တဲ့ စစ်သားဟောင်းတွေရဲ့မှတ်တမ်းမှတ်ရာတွေနဲ့ apple ရဲ့ နည်းပညာ
တွေပေါင်းစပ်ရှာဖွေမှုနဲ့ လေယာဉ်းအစင်း ၂၀ ကျော် ကို ပြန်တူးပြီးအကောင်းတိုင်းပြန်ယူတော့မယ်တဲ့ ။

ယဉ်ကျေးမှုနယ်ချဲ့တာက စစ်တိုက်ပြီးနယ်ချဲ့တာထက်ပိုဆိုးတယ်ဆိုတဲ့ စာရေးဆရာမ မစန္ဒာနှင့်တွေ့ဆုံခြင်း

ယဉ်ကျေးမှုနယ်ချဲ့တာက စစ်တိုက်ပြီးနယ်ချဲ့တာထက်ပိုဆိုးတယ်ဆိုတဲ့ စာရေးဆရာမ မစန္ဒာနှင့်တွေ့ဆုံခြင်း

မြန်မာမိန်းကလေးတွေ အရက်သောက်ခြင်းရဲ့ အန္တရာယ်

ကိုရီးယားမှာ အရက်သောက်တာက သူတို့ဆီမှာ ရာသီဥတုကလည်း အေးတယ်။ ယဉ်ကျေးမှုအရလည်း လက်ခံတယ်။ မြန်မာပြည်မှာက မတူဘူးလေ။ ဟိုး ပုဂံခေတ်ကစပြီး ဒီနေ့အထိ အရက်ဆိုတာ မိန်းမသားနဲ့မဆိုင်ဘူးလို့ နေထိုင် သတ်မှတ်ခဲ့ကြတာပဲ။ ဒါပေမဲ့ အခုတော့ Supermarket တွေမှာ အရက်ပုလင်းကို ပေါ်ပေါ်ထင်ထင် ၀ယ်နေတဲ့ မိန်းကလေးတွေ၊ ``ညကျရင် ဆုံရအောင်၊ ဒီမှာ ပုလင်းဝယ်ထားပြီးပြီ´´လို့ လက်ကိုင်ဖုန်းလေးနဲ့ လှမ်းပြောတာကို ကြားလိုက်ရသေးတယ်။ ``မိန်းကလေးလည်း အတူတူပဲ၊ အရက်သောက်တော့ ဘာဖြစ်သေးလဲ´´ဆိုတဲ့ ပုံစံအနေအထားနဲ့ပေါ့။ ဘီယာဆိုင်တွေမှာ အုပ်စုဖွဲ့ပြီး ပေါ်ပေါ်ထင်ထင်ထိုင်ကြတာတွေကို လည်း တွေ့နေရတယ်။

အရက်ဆိုတာ မူးအောင်သောက်မိရင် အသိစိတ်ဓာတ်မလွတ်ပါဘူးလို့ ဆိုဦးတော့ အင်မတန်ကို ရဲတင်းသွားပါပြီ။ ဒါကို ရဲဆေးလို့တောင် ပြောကြ တယ်မဟုတ်လား။ သိပ်ရဲတင်းသွားတော့ သာမန်အချိန်မှာ မလုပ်ရဲတာတွေ ကိုတောင် လုပ်ရဲသွားတတ်တယ်လေ။ ပြီးခဲ့တဲ့ သင်္ကြန်မှာ မဏ္ဍပ်စင်ပေါ် တက်ပြီး ပေါ်ပေါ်ရော်ရော်ဖြစ်နေတဲ့ မိန်းကလေးတွေ တွေ့နေရပြီလေ။ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်အောင် မူးနေတဲ့ မိန်းကလေးတစ်ယောက်မှာ လူမှုရေးအန္တရာယ်တွေ ၀ိုင်းနေပါပြီ။ သိက္ခာလည်း အများကြီး ကျနေ ပါပြီ။ မြန်မာမိန်းကလေးတွေ ပညာနဲ့ သတိနဲ့ ဆင်ခြင်ကြစေချင်တယ်။


Eternal Light Magazine
January 2013

အေးချမ်းမွန်မှ FB Youth Activities (MYANMAR) တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ကိုရီးယားမှာ အရက်သောက်တာကသူတို့ဆီမှာရာသီဥတုကလည်း အေးတယ်။ယဉ်ကျေးမှုအရလည်း လက်
ခံတယ်။မန်မာပြည်မှာကမတူဘူးလေ။ဟိုးပုဂံခေတ်ကစပြီးဒီနေ့အထိအရက်ဆိုတာမိန်းမသားနဲ့မဆိုင်ဘူးလို့
နထိုင်သတ်မှတ်ခဲ့ကြတာပဲ။ဒါပေမဲ့အခုတော့Supermarket တွေမှာအရက်ပုလင်းကို ပေါ်ပေါ်ထင်ထင်ယ်
နတဲ့ မိန်းကလေးတွေ၊