Pages

Pages - Menu

Friday, January 4, 2013

အရက်သေစာ သောက်စား အိပ်ပျော်စဉ် အအေးပတ် သေဆုံး

ကသာမြို့ ပြည်သာယာ ရပ်ကွက် ဘုန်းတော်ကြီး ကျောင်းဝင်း အတွင်းရှိ ခုံတန်းလျားပေါ်၌ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက် နံနက် ၅ နာရီ မိနစ် ၅ဝ က အမျိုးသား တစ်ဦး သေဆုံးကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကသာမြို့ ပြည်သာယာ ရပ်ကွက် ဘုန်းတော်ကြီး ကျောင်းရှိ ခုံတန်းလျား ပေါ်၌ အဆိုပါ ရပ်ကွက်နေ

ရွှေဂုံတိုင်မီးပွိုင့်အနီး ဆီဘောက်ဆာယာဉ်တစ်စီး လမ်းဘေးသို့ ထိုးဆင်းမှု ဖြစ်ပွား

မတော်တဆမှု ဖြစ်ပွားခဲ့သည့် ဆီဘောက်ဆာကားအား တွေ့ရစဉ်
ရွှေဂုံတိုင်မီးပွိုင်အနီး ဆီဘောက်ဆာယာဉ်တစ်စီးလမ်း ဘေးသို့ ထိုးဆင်းမှုတစ်ခု ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ဖြစ်စဉ်မှာ--------------

အမေ့ထူသူများအတွက် နည်း ၅ နည်း

အမေ့ထူသူများအတွက် နည်း ၅ နည်း
======================
သော့ဘယ်မှာ ထားမိမှန်းမသိ ဖြစ်နေသလား။ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ရဲ့ နာမည်ကို မေ့နေသလား။ အမေ့ထူလွန်းလို့ စိတ်ညစ်နေပါသလား။ စိတ်မညစ်ပါနဲ့တော့။ မေ့တတ်တဲ့အကျင့် ပျောက်ပြီး မှတ်ဉာဏ်ကောင်းစေနိုင်တဲ့ အလွယ်နည်းတွေကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိထားပါတယ်။



(၁) အချက်အလက်သစ်တွေ မှတ်မိဖို့ မေးစေ့ကိုင်ပါ
ရုပ်ရှင်တွေထဲမှာ မြင်ဖူးကြမှာပါ။ ဇာတ်ဝင်ခန်းထဲမှာ တစ်ခုခုကို အလေးအနက် စဉ်းစားပြီဆိုရင် မေးစေ့ကိုပွတ်ပြီး စဉ်းစားတတ်ကြတာကိုပေါ့။ အဲဒီလိုပဲ အချက်အလက်အသစ် တစ်ခုခုကို နားထောင်တဲ့အခါ လက်က တစ်ခုခု လုပ်နေလိုက်ပါ။ အဲဒီအချက်အလက်ကို ပိုပြီး မှတ်မိလွယ်ပါတယ်။ နားထောင်နေစဉ် လက်ဟန်ခြေဟန် တစ်ခုခုလုပ်နေတာက ဦးနှောက်ရှိ မှတ်ဉာဏ်ဌာနရဲ့ လုပ်ဆောင်ချက်တွေကို မြင့်မားစေပြီး မှတ်ဉာဏ် ပိုကောင်းစေနိုင်ပါတယ်။ ဥပမာ- ဖုန်းနံပါတ်တစ်ခုကို မှတ်ရာမှာ မေးစေ့ကို ကိုင်တာပဲဖြစ်ဖြစ်၊ နားရွက်ကို ကိုင်တာပဲဖြစ်ဖြစ် ပြုလုပ်နေပြီး အဲဒီ ဖုန်းနံပါတ်ကို ခေါင်းထဲ ပြန်စဉ်းစားကြည့်တဲ့အခါ မေးစေ့ ဒါမှမဟုတ် နားရွက်ကို ပြန်ကိုင်ပြီး စဉ်းစားပါက ပိုပြီး မှတ်မိလွယ်ပါတယ်။


(၂) အချက်အလက်သစ်တွေကို မမေ့ဖို့ စိတ်ကူးထဲ ပုံဖော်ကြည့်ပါ
ဖုန်းနံပါတ်တစ်ခု ဒါမှမဟုတ် နာမည်တစ်ခုကို မှတ်ရာမှာ “ငါနောက်တစ်ခါ ဒီဖုန်းကိုဆက်ချင်ရင် ဘယ်ကိုဆက်ရမလဲ” ဒါမှမဟုတ် “ငါသူ့ကို နောက်တစ်ကြိမ်တွေ့ရင် ဘယ်လိုခေါ်ရမလဲ” စသဖြင့် အနာဂတ်မှာ ကြုံရင် ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြိုတွေးပြီး စိတ်ကူးထဲ ပုံဖော်ကြည့်တာက တစ်ခုခုကို မှတ်ရာမှာ ပိုလွယ်ကူစေပါတယ်။ လေ့လာချက်တစ်ခုအရ ဒီနေ့ သင်လိုက်တဲ့အရာကို အနာဂတ်မှာ ဘယ်လိုသုံးမယ်ဆိုတာကို ပုံဖော်ကြည့်သူတွေဟာ စိတ်ကူးမကြည့်မိသူတွေထက်စာရင် ထိုအရာကို ပိုပြီးမှတ်မိနေတာကို တွေ့ရပါတယ်။ သုတေသနပညာရှင်တွေရဲ့ အဆိုအရ အချက်အလက်တွေကို မှတ်ရာမှာ ထိုအချက်တွေကို ဦးစားပေးအဖြစ် ကိုယ်ကအသုံးပြုပုံကို စိတ်ကူးယဉ်ကြည့်ပါက ဦးနှောက်ကနေ သေချာမှတ်ထားပြီး အလိုရှိတဲ့အချိန်မှာ ပြန်ထုတ်ပေးဖို့ အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။



(၃) မှတ်ဉာဏ် ပိုကောင်းစေဖို့ လမ်းလျှောက်ပါ

သိပ္ပံပညာရှင်တွေဟာ ဦးနှောက်ရှိ မှတ်ဉာဏ်ထိန်းပေးတဲ့ အစိတ်အပိုင်း (Hippocampus) ဟာ အသက်ကြီးလာတာနဲ့အမျှ ကျုံ့သွားတတ်ပြီး ထိုသို့ ကျုံ့သွားခြင်းကို ပြန်ပြင်လို့မရနိုင်လို့ ယူဆခဲ့ကြဖူးပါတယ်။ ခုတော့ အဲလိုယူဆဖို့ မလိုတော့ပါဘူး။ လေ့လာချက် အသစ်တစ်ခုအရ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်ပြုလုပ်သူဟာ ဦးနှောက်ကျုံ့တာကို ကာကွယ်ပေးရုံမျှမက တစ်နှစ်အတွင်းမှာ ပြန်လိုတောင်ချဲ့နိုင်ကြောင်း တွေ့ရပါတယ်။ တစ်နေ့ကို မိနစ် ၄၀ ကြာ တစ်ပတ်ကို သုံးရက်လမ်းလျှောက်သူ သက်ကြီးရွယ်အိုတွေဟာ ခုမှစပြီး လေ့ကျင့်ခန်းလုပ်သူထက် Hippocampus အရွယ်အစား ၂ ရာခိုင်နှုန်း ဒါ့အပြင် မှတ်ဉာဏ်စာမေးပွဲ ဖြေရာမှာလည်း အမှတ်ပိုကောင်းပြီး ဦးနှောက်ကျန်းမာရေး ကောင်းစေနိုင်တဲ့ ဓာတ်တွေလည်း ပိုများနေပါတယ်။ တစ်ပတ်ကို သုံးရက်၊ တစ်ရက်ကို မိနစ် ၃၀ ကြာ လေ့ကျင့်ခန်းလုပ်ရုံနဲ့ ဦးနှောက်မှတ်ဉာဏ် ကောင်းစေနိုင်ပါတယ်။

(၄) ဦးနှောက်ဆဲလ်တွေ ကာကွယ်ဖို့ အမြန်စာ မစားပါနဲ့

အဆီများတဲ့ အဝစာ၊ အမြန်စာတွေကို အစားများပါက ကြာလာရင် မှတ်ဉာဏ် လျော့နည်းစေကြောင်း သိထားတာ ကြာပါပြီ။ ဒီအစာတွေက အချိန်တိုအတွင်းမှာလည်း ဦးနှောက်ကို ထိခိုက်စေနိုင်ကြောင်း သတိမပြုမိကြသေးပါဘူး။ လေ့လာချက်တစ်ခုအရ အဆီများတဲ့ အဝစာတွေကို ကျွေးတဲ့ အစမ်းသပ်ခံ သတ္တဝါတွေဟာ ကိုးရက်အတွင်း မှတ်ဉာဏ်နဲ့ ပြဿနာ ဖြေရှင်းနိုင်စွမ်း ၁၅ ရာခိုင်နှုန်း ကျသွားတာကို တွေ့ရပါတယ်။

(၅) အမေ့ထူတာ လျော့စေဖို့ Chamomile Tea သောက်ပါ

Chamomile Tea ကို စူပါမားကက်တွေမှာ ရှာဝယ်နိုင်ပါတယ်။ ဦးနှောက်ကို အားဖြည့်ပေးသလို စိတ်ကိုလည်း ဖြေလျှော့ပေးပါတယ်။ အမေ့ထူတာကို လျော့စေတဲ့ Luteolin ဓာတ်တွေလည်း များစွာပါရှိနေပါတယ်။ အသက်အရွယ် အိုမင်းမှုကြောင့် ဖြစ်တတ်တဲ့ မှတ်ဉာဏ်လျော့နည်းမှုကို ဖြစ်စေတဲ့ ဦးနှောက်ရောင်ရမ်းမှုကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် Luteolin ဓာတ်တွေဟာ ဦးနှောက်ဆဲလ် ဆက်နွှယ်မှုကို အနှောင့်အယှက်ပေးနိုင်တဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းများဖြစ်တဲ့ Cytokines တွေ ထွက်ရှိမှုကို ၉၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။ အကယ်၍ Chamomile Tea ကို ရှာမတွေ့ပါက Luteolin ဓာတ်ကြွယ်ဝတဲ့ မုန်လာဥနီနဲ့ ငရုတ်သီးစိမ်းတို့ကို စားပေးနိုင်ပါတယ်။

ဒေါက်တာနုမြတ်
By Good Health

သာ့ဘယ်မှာ ထားမိမှန်းမသိ ဖြစ်နေသလား။ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ရဲ့ နာမည်ကို မေ့နေသလား။ အမေ့ထူလွန်းလို့ စိတ်ညစ်နေပါသလား။ စိတ်မညစ်ပါနဲ့တော့။ မေ့တတ်တဲ့အကျင့် ပျောက်ပြီး မှတ်ဉာဏ်ကောင်းစေနိုင်တဲ့ အလွယ်နည်းတွေကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိထားပါတယ်။

Myanmar Sexy Model Girls 2013

More Photos >> www.myanmarcutegirl.com <<
Screen Shot 1
Myanmar Sexy Model Girls 2013ဓာတ်ပုံများကို myanmarcutegirlဆိုဒ်မှအလျှင်းသင့်သလိုဖော်ပြပေးသွာ
ပါမည်။Ref: by myanmarcutegirl

“စင်ကာပူ InterContinental ဟိုတယ်စားသောက်ဆိုင် လုပ်ငန်းများ မှ အစာအဆိပ်သင့်မှု များဖြစ်ပွားခဲ့ခြင်းကြောင့် ရပ်ဆိုင်းခံရ”

“စင်ကာပူ InterContinental ဟိုတယ်စားသောက်ဆိုင် လုပ်ငန်းများရပ်ဆိုင်းခံရ”

စင်ကာပူနိုင်ငံ InterContinental ဟိုတယ်တွင် ဖွင့်လှစ်ထားသော တရုတ်အစားအစာ စားသောက်ဆိုင်အား ကြာဿပတေးနေ့ (ဇန်နဝါရီ ၃ ၇က်) မှစ၍ လုပ်ငန်းများ ရပ်ဆိုင်းထားရန် စင်ကာပူ National Environment Agency (NEA) က ညွှန်ကြားလိုက်သည်။ 

အဆိုပါ ဟိုတယ်စားသောက်ဆိုင်တွင် ၂၀၁၂ ခုနှစ်အတွင်း အစာအဆိပ်သင့်မှု ၅ ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် ယခုညွှန်ကြားချက်ကို NEA က ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း @[158552314167454:274:Channel NewsAsia] က ဖော်ပြသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းတွင် ဟိုတယ်၌ ကျင်းပပြုလုပ်သော မင်္ဂလာဆောင်နှင့် ကုမ္ပဏီအခမ်းအနားပွဲများအတွင်း ဧည့်ခံကျွေးမွေးသည့် အဆိုပါ စားသောက်ဆိုင်၏ အစားအစာများကြောင့် အစာအဆိပ်သင့်မှုများ ဖြစ်ပွားခဲ့သည်။ 

ဟိုတယ်စားသောက်ဆိုင်မှ အစားအသောက်များကြောင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နှင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁ ရက်တို့တွင် အစာအဆိပ်သင့်မှုများ ဖြစ်ပွားခဲသည်။ အခြား အစာအဆိပ်သင့်မှု ၃ ကြိမ်ကိုမူ တာဝန်ရှိသူများက ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။ စင်ကာပူကျန်းမာရေးဝန်ကြီးဌာနနှင့် NEA တို့သည် အစာအဆိပ်သင့်မှု ဖြစ်ရပ်များအတွက် ပူးပေါင်းစုံစမ်းစစ်ဆေးလျက်ရှိသည်။

င်ကာပူနိုင်ငံ InterContinental ဟိုတယ်တွင် ဖွင့်လှစ်ထားသော တရုတ်အစားအစာ စားသောက်ဆိုင်အား ကြာဿပတေးနေ့ (ဇန်နဝါရီ ၃ ၇က်) မှစ၍ လုပ်ငန်းများ ရပ်ဆိုင်းထားရန် စင်ကာပူ National Environment Agency (NEA) က ညွှန်ကြားလိုက်သည်။

ရွှေတိဂုံ ဘုရားမှာ ဠင်းတ နားခဲ့၍ သံဃာတော်များ ယနေ့ ဇန်န၀ါရီ ၄ရက်နေ့ ညနေပိုင်းက ပရိတ်ရွတ်

ရွှေတိဂုံ ဘုရားမှာ ဠင်းတ နားခဲ့၍ သံဃာတော်များ ပရိတ်ရွတ်

Friday, January 04, 2013  အိမ့်သံစဉ် 

 ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

ရွှေတိဂုံ စေတီတော်ပေါ်တွင် မကြာသေးမီက ဆောင်းခို ဠင်းတငှက်များ နားခြင်းကို အကြောင်းပြုပြီး မြန်မာပြည် ဘေးအန္တရာယ် ကင်းရှင်းစေရန် ပရိတ်တရားနှင့် ကမ္မ၀ါစာဖတ် ရွတ်ဖတ်ခြင်းကို သံဃာတော်များက ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော်မှာ ယနေ့ ဇန်န၀ါရီ လ ၄ ရက်နေ့ ညနေ ၃နာရီခန့်က ပြုလုပ်ခဲ့ကြပါတယ်။
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

ရွှေတိဂုံ စေတီတော်ပေါ်တွင်မကြာသေးမီက ဆောင်းခိုဠင်းတငှက်များနားခြင်းကိုအကြောင်းပြုပြီး မြန်မာပည်
ဘးအန္တရာယ် ကင်းရှင်းစေရန် ပရိတ်တရားနှင့် ကမ္မ၀ါစာဖတ် ရွတ်ဖတ်ခြင်းကို သံဃာတော်များကရန်ကုန်
မြို့ ရွှေတိဂုံ စေတီတော်မှာ ယနေ့ ဇန်န၀ါရီ လ ၄ ရက်နေ့ ညနေ ၃နာရီခန့်က ပြုလုပ်ခဲ့ကြပါတယ်။

ရိုဟင်ဂျာ ဘာသာစကား၏ ၄၀% မှာ အင်္ဂလိပ်နှင့် ပါဋ္ဌိလိုဖြစ်..........

ယနေ့ ရိုဟင်ဂျာဆိုသည်မှာ ဘာလဲ ဆိုသည့်မေးခွန်းများစွာရှိနေသည်ကျွန်တော့် အဖြေကတော့ ရှင်း၏ ။ ရိုဟင်ဂျာ စကားကို ဒိုင်းနက် ၊ မာရမကြီး ၊ ကမန် နှင့် ရခိုင်လူမျိုးများလည်းပြောသည်ပင် ။ ရိုဟင်ဂျာ စကားကို အများဆုံးပြောသူများမှာ ဒိုင်းနက်နှင့်မာရမကြီး လူမျိုးများပင်ဖြစ်သည် ။ ထို့ကြောင့် ရိုဟင်ဂျာသည် ဘင်္ဂလီ မဟုတ်ပါ ။ဘင်္ဂလီ စကားနှင့် ရိုဟင်ဂျာ စကား၏ ကွာခြားချက်မှာ ၇၀% ရှိသည် ။

တာလီဘန်တို သေနတ်ဖြင့်ပစ်ခတ် မှုခံခဲ့ရသောပါကစ္စတန်ကျောင်းသူမာလာလာယူဆွတ်ဖ်ဇိုင်း ယနေ့ ဆေးရုံမှဆင်းခွင့်ရပြီ


အမျိုးသမီးများ ပညာသင်ကြားခွင့်ရရေး လှုပ်ရှုားတောင်းဆိုမှုကြောင့်တာလီဘန်တို့က သေနတ်ဖြင့်ပစ်ခတ်
မှုခံခဲ့ရသောပါကစ္စတန်ကျောင်းသူမာလာလာယူဆွတ်ဖ်ဇိုင်းသည် ဆေးရုံမှယာယီဆင်းခွင့်ရပြီး ဗြိတိန်တွင်
မိသားစုနှင့်အတူ နေထိုင်မည်ဟု သိရှိရသည်။

ဝေလငါး၏ ရေပန်းမှ မီးပန်းများဖြစ်ပေါ်

အမေရိကန်နိုင်ငံ အလက်စကား ပြည်နယ်မှ အပျော်တမ်း ဓာတ်ပုံဆရာတစ်ဦးသည် ပင်လယ်သမုဒ္ဒရာအတွင်း လှည့်လည်သွားလာနေသော ဝေလငါးသုံးကောင်ကို ဓာတ်ပုံလိုက်လံ ရိုက်ကူးနေစဉ် ဝေလငါးတစ်ကောင် ရေပန်းထုတ်လွှတ်လိုက်စဉ် မီးပန်းများ ထွက်ပေါ်လာသည်ကို တွေ့ရှိရ၍ မှတ်တမ်းတင် ရိုက်ကူးထားခဲ့သည်။ ဝေလငါး၏လေရှူပေါက်မှ ထုတ်လွှတ်လိုက်သော ရေငွေ့သည် စိုစွတ်ခြောက်သွေ့သော ဆည်းဆာနေရောင်ကြောင့် မီးပန်းသဏ္ဌာန် ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု အသက်၅၅နှစ်အရွယ်ရှိ ယင်းဓာတ်ပုံဆရာ မက်တ်တာနာက ခန့်မှန်းပြောကြားခဲ့သည်။
http://www.swesonemedia.org/index.php?q=3245

အမေရိကန်နိုင်ငံ အလက်စကား ပြည်နယ်မှ အပျော်တမ်း ဓာတ်ပုံဆရာတစ်ဦးသည် ပင်လယ် သမုဒ္ဒရာ
အတွင်း လှည့်လည်သွားလာနေသော ဝေလငါးသုံးကောင်ကို ဓာတ်ပုံလိုက်လံ ရိုက်ကူးနေ စဉ် ဝေလငါး တစ်ကောင် ရေပန်းထုတ်လွှတ်လိုက်စဉ် မီးပန်းများ ထွက်ပေါ်လာသည်ကို တွေ့ရှိရ၍ မှတ်တမ်းတင် ရိုက်
ကူးထားခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ NLD နာယက သတင်းစာ ဆရာကြီး ဦးဝင်းတင် ပန်းနာရင်ကျပ် ဝေဒနာ ခံစားနေရ

သတင်းစာ ဆရာကြီး ဦးဝင်းတင် ပန်းနာရင်ကျပ် ဝေဒနာ ခံစားနေရ

THURSDAY, JANUARY 03, 2013  အိမ့်သံစဉ် 

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ NLD နာယက တဦးလည်းဖြစ်၊ ၀ါရင့် သတင်းစာ ဆရာကြီး ဦးဝင်းတင် ဟာ ပန်းနာရင်ကျပ်ဝေဒနာကို ခံစားနေရပါတယ်။ 

အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ် တဦးလည်းဖြစ်တဲ့ ဒေါ်ဖြူဖြူသင်းက ယမန်နေ့ ည ၉ နာရီက ဆရာကြီး ဦးဝင်းတင်ကို သွားရောက် ပြုစုပေးခဲ့ပါတယ်။ 

၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရ လက်ထက် အကျဉ်းထောင်ထဲမှာ ၁၈ နှစ် ကျော် နေထိုင်ခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဝင်းတင်ရဲ့ ကျန်းမာရေး အတွက် ဆုတောင်းပေးနေကြမယ်လို့ မျှော်လင့်ပါတယ်။  

 ဆရာကြီး ဦးဝင်းတင်ကို ပြုစုနေတဲ့ ဒေါ်ဖြူဖြူသင်း၊ ဓာတ်ပုံ- ဒေါ်ဖြူဖြူသင်း၏ ဖေ့စ်ဘုတ်စာမျက်နှာ

အေးချမ်းမွန်မှ  ဧရာဝတီသတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
ဆရာကြီး ဦးဝင်းတင်ကို ပြုစုနေတဲ့ ဒေါ်ဖြူဖြူသင်း
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ NLD နာယက တဦးလည်းဖြစ်၊ ၀ါရင့် သတင်းစာ ဆရာကြီး ဦးဝင်းတင် ဟာ ပန်းနာရင်ကျပ်ဝေဒနာကို ခံစားနေရပါတယ်။

ရှမ်းပြည်နယ် အောင်ပန်းမြို့၊ မြို့လယ်ပိုင်းတွင် အိမ်ပေါ်တက် ဓားထောက် လုယက်မှု အကြိမ်ကြိမ်ဖြစ်နေ

အိမ်ပေါ်တက် ဓားထောက် လုယက်မှု အကြိမ်ကြိမ်ဖြစ်နေ

Thursday, January 03, 2013  အိမ့်သံစဉ် 

 ဓာတ်ပုံများ- ဂျွန်ချစ်ငြိမ်း ( တောင်ကြီး)/ဧရာဝတီ ဂျွန်ချစ်ငြိမ်း (တောင်ကြီး) 

ရှမ်းပြည်နယ် အောင်ပန်းမြို့၊ မြို့လယ်ပိုင်းတွင် ပြီးခဲ့သည့် ၂ လအတွင်း အိမ်ပေါ်တက်၊ ဓားထောက်၊ ငွေတောင်း၊ လုယက်မှုများ ၅ကြိမ် ဖြစ်ပွား ခဲ့ကြောင်း အောင်ပန်းမြို့ခံများက ပြောသည်။ 

ဓားထောက် အိမ်ပေါ်တက် ငွေတောင်းခံမှု၊ ဖောက်ထွင်းမှုများသည် သီးနှံကုန်စည် ကူးသန်းရောင်းဝယ်ရာ အဓိကနေရာဖြစ်သည့် ညောင်ပင်ထောင်ရပ်ကွက်တွင် ရက်ခြားဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများကပြောသည်။ 

ညပိုင်းတွင်သာမက နေ့ခင်းပိုင်း၊ ညနေပိုင်းများတွင်ပါ အတင့်ရဲစွာ ပြုမှုလာသည့်အတွက် ဒေသခံ ပြည်သူများမှာ စိုးရိမ် ထိတ်လန့်နေကြောင်း ညောင်ပင်ထောင်ရပ်မှ ဒေါ်ဘေဘီက ပြောသည်။ 



ဦးယုမောင်ထွေး၏ နေအိမ် 

ဒီဇင်ဘာ ၂၈ ရက်နေ့နေ့လယ်ပိုင်းတွင် ညောင်ပင်ထောင်ရပ် ၊ပြည်ထောင်စု လမ်းပေါ်ရှိ အိမ်အမှတ်၊ ညပထ/ ၃၈ တွင် ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း ၊ အိမ်အောက်ထပ်ပြတင်းပေါက်ကို ဖျက်ဝင်ပြီး နှစ်ယောက်က အိမ်အောက်ထပ်တွင်စောင့်နေကြောင်း၊ ပြတင်းဖျက်ဝင်လာသူက ဓားထောက်ချိန်းခြောက်ပြီး ငွေကျပ် (၂ ) သိန်း ယူဆောင်သွားကြောင်း အိမ်ရှင်ဖြစ်သူ ဦးယုမောင်ထွေးက ပြောသည်။ 

အခင်းဖြစ်ပွားစဉ်က ဇနီး နှင့် ကလေးသာရှိကြောင်း၊ ဓားထောက် ဓားပြများ အားလုံး အ၀တ်ဖြင့် မျက်နှာ
အောက်ပိုင်းကို စည်းထားကြောင်း စုစုပေါင်း ( ၃ ) ဦးဖြစ်ကြောင်း သူက ဆက်လက်ပြောကြားသည်။


*  ဒေါ်အေးအေးသန်း၏ နေအိမ် 

နိုဝင်ဘာ ( ၅ )ရက်နေ့ ၊ ည ၇း၃၀ မိနစ်အချိန်တွင် ညောင်ပင်ထောင် ရပ်ကွက်၊ ပြည်သာယာဈေး၊ အိမ်အမှတ် ညပထ/၅၃၀ တွင် အမျိုးသမီး နှစ်ဦးတည်း နေထိုင်သည့် နေအိမ်တွင်လည်း ဓားထောက်လုယက်ခြင်း ခံခဲ့ရကြောင်း အိမ်ရှင်ဖြစ်သူ ဒေါ်အေးအေးသန်း (ခ) မဟန်မီက ပြောသည်။ 

မိမိသည် အမဖြစ်သူ ဘေဘီစံနှင့် နှစ်ဦးတည်းသာနေထိုင်ကြောင်း၊ ဖြစ်ပွားပုံမှာ ဈေးသိမ်းပြန်ပြီး အိမ်တွင်းသို့ ရောက်ရှိပြီး အိမ်နောက်ခန်းရှိ ရေချိုးခန်း တံခါးဖွင့်ဝင်ပြီး ရေခတ်နေစဉ် ဓားပြတဦးရောက်လာကြောင်း၊ ထိုသူက နောက်မှ ဆောင့်တွန်းသဖြင့် မိမိလဲကျသွားကြောင်း၊ လဲကျစဉ် 

ဓါးဖြင့် လည်ပင်းကို ထောက်ပြီး .... 

မအော်နှင့် ငွေပေး၊ ထောင်ထွက်အော်ရင် သတ်ပစ်မည်ဟုဆိုကြောင်း၊ လက်ကိုကြိုးဖြင့် နောက်ပြန် စည်းနှောင်ပြီး ဓားဖြင့်ထောက်ကာ အစ်မဖြစ်သူ ဒေါ်ဘေဘီစံရှိရာ အိမ်အပေါ်ထပ်သို့ ခေါ်ဆောင် သွားကြောင်း၊ ဒေါ်ဘေဘီစံက အသက်အန္တရာယ်ကို စိုးရိမ်သဖြင့် ဈေးသိမ်းရောင်းချလာသည့် ပိုက်ဆံအိတ်ကို ဓားထောက်ထားသည့်  သူအား ပေးအပ်လိုက်ကြောင်း သိရသည်။ 

ဓားကိုင်ထားသူက ဒေါ်ဘေဘီစံ၏ မျက်နာကို ဓါးဖြင့်လွဲကာ မွန်းလိုက်ကြောင်း၊ မျက်ခွံတွင် ပျက်ရှ ဒဏ်ရာ ရရှိခဲ့ကြောင်း ၊ ငွေအိတ် လုယူပြီး အိမ်တွင်းမှ အလျင်မြန် ထွက်ပြေးသွားကြောင်း၊ ငွေသား (၁၀) သိန်းကျော် ပါရှိသွားကြောင်း ယင်းက ထပ်လောင်းပြောကြားသည်။ 

ယခုလိုဖြစ်ပွားခဲ့သည့်အတွက် ယနေ့တိုင် စိုးရိမ် ထိတ်လန့်နေရကြောင်း ၊လုံခြုံမှု မရှိသကဲ့သို့ ခံစားနေရကြောင်း၊ တရားခံ အလျင်မြန်မိစေ လိုကြောင်း ဒေါ်အေးအေးသန်း (ခ) မဟန်မီက ပြောသည်။ 

* ဦးစိုးကျော်ထွန်း၏ နေအိမ် 

နိုဝင်ဘာ ( ၂၈ )ရက်နေ့ကလည်း ပြည်သာယာဈေး အနီး ညောင်ပင်ထောင်ရပ်၊ အိမ်အမှတ် ညပထ /၅၉၁ ဦးစိုးကျော်ထွန်းနှင့် ဒေါ်ပိုကဲတို့၏ နေအိမ်တွင်လည်း ဓားပြတိုက်ခံရသည်။ 

ည ( ၉ ) နာရီ မိနစ်အချိန်၊ ၀န်းတံခါးပိတ်စဉ် လူနှစ်ဦး ၀င်ရောက်ပြီး ဦးစိုးကျော်ထွန်းကို တံမျက်စည်းရိုးဖြင့် ရိုက်၊ ဒေါ်ပိုကဲ၏လည်ပင်းကို ဓားဖြင့်ထောက်ပြီး ရွှေနားကပ် (၂) ရံ ၊ရွှေလက်စွပ် ( ၁) ကွင်း၊ ဆွဲကြိုးအပါအ၀င် ငွေသား လေးသောင်းကျော်ခန့် ယူသွားကြောင်း အိမ်ရှင်ဖြစ်သူများက ပြောပြသည်။ 

* ဒေါ်ရီရီပွင့်၏ အရောင်းဆိုင် 

ဒီဇင်ဘာ ( ၁၃ )ရက်နေ့ ည ၇း၄၅ မိနစ် အချိန်ခန့်ကလည်း ညောင်ပင်ထောင် ရပ်ကွက်၊ ပြည်သာယာဈေးလမ်းရှိ ဦးမှတ်ကြီးရောင်းဝယ်ရေးဆိုင်တွင် ဆိုင်ရှင်ဖြစ်သူ ဒေါ်ရီရီပွင့်နှင့် သမီးဖြစ်သူ အဋ္ဌမတန်း ကျောင်းသူ တို့ ၂ ဦးတည်း ရှိနေစဉ် လုယက်မှု ဖြစ်ပွားခဲ့သည်။ 

ဆိုင်တွင်းသို့ ပြေးဝင်လာသူတဦးက စားပွဲပေါ်ရှိ ပီနံအိတ် အမည်းဖြင့် ထည့်ထားသော အထုတ်ကို လုယူပြီး မလှမ်းမကမ်း အမှောင်တွင်း ရပ်ထားသည့် ဆိုင်ကယ်ကို စီးပြီး ထွက်ပြေးသွားကြောင်း၊ 

ထိုသူက မျက်နှာတွင် အမည်းရောင်မျက်နှာဖုံး တပ်ဆင်ထားကြောင်း ပီနံအိတ်တွင်း စာရင်းစာအုပ်၊ ဘောက်ချာများ သာ ပါသွားကြောင်း ဒေါ်ရီရီပွင့်က ပြောကြားပါသည်။ 


* ဦးမိုးသား၏ နေအိမ် 

ဒီဇင်ဘာ ၁၉ ရက်နေ့၊ နေ့လယ်က ပြည်သာယာဈေး အနီး၊ ညောင်ပင်ထောင်ရပ်ရှိ ဦးမိုးသား၊ ဒေါ်သန်းသန်းအေး တို့၏ နေအိမ်တွင်းသို့ အိမ်အကူ တဦးတည်းရှိနေစဉ် လုယက်မှု ဖြစ်ပွားခဲ့သည်။ 

လုယက်သူက အိမ်အကူဖြစ်သူကို ရိုက်နှက်ပြီး လည်ပင်းကို ဓားဖြင့်ထောက်ကာ အိမ်ပေါ်ထပ် သို့ ခေါ်ဆောင်သွားကြောင်း၊ အခန်းတခုအတွင်းရှိ ပိုက်ဆံအိတ်တအိတ် ယူဆောင်ထွက်ပြေးသွားကြောင်း ၊ငွေသား (၁ သိန်း ၇ သောင်း)ပါသွားကြောင်း အိမ်အကူအမျိုးသမီးက ပြောပြသည်။ 

ထိုသူမှာ မျက်နာကို မိမိအား ဓားဖြင့်ထောက် ခေါ်ဆောင်လာစဉ် မျက်နှာဖုံး စွတ်လိုက်ကြောင်း ၊မိမိ လက် အား နာက်ပြန် ကြိုးဖြင့် ချည်နှောင်ကြောင်း၊ ယနေ့တိုင် စိုးထိတ်ကြောက်ရွံ့နေဆဲ ဖြစ်ကြောင်း ၄င်း က ပြော သည်။ 

ရဲ နှင့် ဒေသခံတို့၏ ပြောပြချက် 

ထူးခြားချက်အနေဖြင့် အခင်းဖြစ်ပွားသည့်နေအိမ်များသည် သက်ကြီး ရွယ်အိုနှင့် မိန်းမသားများသာ ရှိသည့် အချိန်အတွင်းသာ ဖြစ်ပွားခဲ့ကြောင်း ညောင်ပင်ထောင် ရပ်ကွက်နေ ပြည်သူများက ပြောသည်။ 

လုယက်ခံရသူများအနက် ဒေါ်ဘေဘီစံ တို့ညီအမ နှစ်ဦးက အမှုဖွင့် တိုင်ကြားထားသည်။ 

အောင်ပန်းမြို့ ရဲစခန်းအား ဆက်သွယ်စုံစမ်း မေးမြန်းရာ ကာယကံရှင် အများစုက အမှုဖွင့် တိုင်ကြားခြင်း မရှိကြောင်း၊ ရဲလုပ်ထုံး လုပ်နည်း ၊ရဲလုပ်ငန်းတာဝန် အရ စုံစမ်းစစ်ဆေး မေးမြန်းနေကြောင်း အောင်ပန်း ရဲစခန်းမှုး ဖြစ်သူ ရဲအုပ် ဦးကျော်ရင်က ပြောကြားသည်။ 

ယမန်နေ့က အောင်ပန်းမြို့ရှိ ပန်းချီဆရာတဦး၏ အကူအညီဖြင့် ပြစ်မှုကျူးလွန်သူ၏ ပုံကို ခန့်မှန်းရေး ဆွဲပြီး ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ် အောင်ပန်းမြို့၊ မြို့လယ်ပိုင်းတွင် ပြီးခဲ့သည့် ၂ လအတွင်း အိမ်ပေါ်တက်၊ ဓားထောက်၊ ငွေတောင်း၊ လုယက်မှုများ ၅ကြိမ် ဖြစ်ပွား ခဲ့ကြောင်း အောင်ပန်းမြို့ခံများက ပြောသည်။

ဓားထောက် အိမ်ပေါ်တက် ငွေတောင်းခံမှု၊ ဖောက်ထွင်းမှုများသည် သီးနှံကုန်စည် ကူးသန်းရောင်းဝယ်ရာ အဓိကနေရာဖြစ်သည့် ညောင်ပင်ထောင်ရပ်ကွက်တွင် ရက်ခြားဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သူကိုဖြိုးဝေအောင် ကွယ်လွန်

X2O ကိုဖြိုးဝေအောင်၎.၁.၂၀၁၃မနက်၃နာရီတိတိတွင်ထောင်တွင်းရရှိခဲ့သောရောဂါဖြင့်ဆုံးပါးခဲ့ပါသည်. နေ့လည်၁နာရီတွင်ရေဝေးမူဆလင်သုသန်တွင်မြေချပါမည်. နာရေးကိစွအဝဝကိုတာမွေမူဆလင်နာရေးကူညီမှုအသင်းမှတာဝန်ယူဆောင်ရွက်ပါသည် — with Wunna Shwe and 7 others.
ဆေးရုံတွင်နောက်ဆုံးတွေ့ရသောအခြေနေ
မြန်မာသင်္ကြန်ကာလအတွင်းX2Oဏပ်ဗုံးခွဲမှုသံသယမှုဖြင့် ဖမ်းဆီးခံထားရာမှ ပြန်လွတ်လာသော ကိုဖိုး
ဝေအောင်ယနေဇန်န၀ါရီ၎ရက်နေ့ မနက်ပိုင်းကဆုံးပါးသွားပြီဖြစ်ကြောင်းသတင်းရရှိပါသည်။X2O ကိုဖြိုး
ဝအောင်သည် ၄.၁.၂၀၁၃မနက်၃နာရီတိတိတွင်ထောင်တွင်းရရှိခဲ့သော--------------------------------