Pages

Pages - Menu

Sunday, December 30, 2012

ကွန်မြူနတီဖလား ရန်ကုန်ယူနိုက်တက် ရရှိ

ကွန်မြူနတီဖလား ရန်ကုန်ယူနိုက်တက် ရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၃၀။

မြန်မာနေရှင်နယ်လိဂ် ကွင်းဖွင့်ဖလား (ကွန်မြူနတီဖလား) ပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ကစားသော ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက ဧရာဝတီ ယူနိုက်တက်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိပြီး ဆုဖလားဆွတ်ခူး ရရှိခဲ့ သည်။

ရန်ကုန်ယူနိုက်တက် အသင်းနည်းပြ အိုင်ဗင်ကိုလက်က "အဲပုဂံ လေယာဉ်
ပျက်ကျမှုကြောင့် ဆုံးရှုံးမှုတွေများနေတဲ့ ကျွန်တော်တို့ အသင်းပိုင်ရှင်၊ ဥက္ကဋ္ဌ နဲ့ ကုမ္ပဏီက လူတွေအားလုံးအတွက် စိတ်ထွက်ပေါက် အောင်မြင်မှု တစ်ခု အနေနဲ့ အခုလို ဆုဖလားရယူပေးနိုင်ခဲ့လို့ ၀မ်းသာမိပါ တယ်” ဟု ပြောကြား သည်။

ပြိုင်ပွဲမစမီအချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်း၏ စပွန်ဆာဖြစ်သည့် အဲပုဂံလေယာဉ် မတော်တဆမှုအတွက် သေဆုံးသည့်သူများကို ၀မ်းနည်း သည့်အနေဖြင့် တစ်မိနစ် ငြိမ်သက်ခြင်းကိုလည်း ပြုလုပ်ခဲ့ကြသည်။

ကွန်မြူနတီဖလားပြိုင်ပွဲသို့ လာရောက်ကြည့်ရှုသော ကွင်းဝင်ကြေး ကျပ် ၁၀ သိန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် မြန်မာနေရှင်နယ်
လိဂ် အသင်းများမှ လှူဒါန်းငွေ များပေါင်းစပ်ကာ စုစုပေါင်း ကျပ် သိန်း ၁၀၀ ကို ပရဟိတအဖွဲ့ များသို့ လှူဒါန်းမည်ဖြစ် ကြောင်း မီဒီယာဒါရိုက်တာ ဦးစိုးမိုးကျော်က ပြောကြားသည်။

“အားလုံး ၄ နေရာပါ။ အညီအမျှခွဲပြီး လှူဒါန်းသွားမှာပါ။ အမှန်တကယ် လိုအပ်နေတဲ့ နေရာတွေကို လှူဒါန်းတာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြား သည်။

ပဲခူးတိုင်း ရွှေကျင်မြို့နယ်ပရဟိတကျောင်း၊ တွံတေးဘုရားကြီးပရဟိတ
ကျောင်း၊ မင်းဘူး မဇ္စျိမလွင်ပြင် ပရဟိတကျောင်းနှင့် ဒေးဒရဲ မိဘမဲ့ကျောင်း များသို့ လှူဒါန်းသွားမည်ဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၂၃ မိနစ်တွင် တိုက်စစ်မှူး ဆီဆာက ဂိုးဧရိယာအစပ်မှ လှလှပပ သွင်းယူပေး ခဲ့ခြင်း ဖြစ်သည်။

ဟိန်းသူ


အေးချမ်းမွန်မှ The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၃၀။

မြန်မာနေရှင်နယ်လိဂ် ကွင်းဖွင့်ဖလား (ကွန်မြူနတီဖလား) ပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ကစားသော ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက ဧရာဝတီ ယူနိုက်တက်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိပြီး ဆုဖလားဆွတ်ခူး ရရှိခဲ့ သည်။

မြန်မာစစ်ကြောင်းတွင် သင်္ဃန်းဝတ်ဘုန်းကြီးတစ်ပါးပါဝင်နေ

မြန်မာစစ်ကြောင်းတွင် သင်္ဃန်းဝတ်ဘုန်းကြီးပါဝင်

December 30,2012 by Myitkyina blog news

ဒီဇင်ဘာလ(၃၀)ရက် မနက်(၉)နာရီမှ (၁၀း၃၀)အချိန်အထိ ပန်ဝါဒေသ၊ နယ်ခြားမှတ်တိုင်(၅)တွင် တပ်မ(၈၈) လက်အောက်တပ်ဖွဲ့ ခမရ(၃၀၁) တပ်ဖွဲ့နှင့် KIA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ခလရ(၃၀၁) တွင် ဘုန်းကြီးတစ်ပါး ပါဝင်ကြောင်း သိရသည်။ သင်္ဃန်းဝတ်ဘုန်းကြီးတွင် မှန်ဘီလူးတလက်ပါရှိ ကာ KIA တပ်စခန်းသို့ မှန်ဘီလူးဖြင့် မကြာခဏကြည့်ကာ မြေကတုတ်ထဲသို့ ၀င်လိုက်ပြူကြည့်လိုက် လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဒီဇင်ဘာလ(၃၀)ရက် မနက်(၉)နာရီမှ (၁၀း၃၀)အချိန်အထိ ပန်ဝါဒေသ၊ နယ်ခြားမှတ်တိုင်(၅)တွင် တပ်မ
(၈၈) လက်အောက်တပ်ဖွဲ့ ခမရ(၃၀၁) တပ်ဖွဲ့နှင့် KIA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။ခလရ
(၃၀၁) တွင် ဘုန်းကြီးတစ်ပါး ပါဝင်ကြောင်း သိရသည်။

အစိုးရ၏ လဂျားယန် ပွိုင့်တခုကို KIA ပြန်လည် သိမ်းပိုက် နိုင်ခဲ့

အစိုးရ၏ လဂျားယန် ပွိုင့်တခုကို KIA ပြန်လည် သိမ်းပိုက် နိုင်ခဲ့

30 December 2012 Written by ရွှေဟင်္သာသတင်းဌာန

ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မဟာမိတ် ပူးပေါင်း တပ်ဖွဲ့တို့သည်၊ ကြည်းကြောင်း၊ လေကြောင်းနှင့် အမြောက်ကြီးများ၏  တလစပ် ပစ်ခတ် မှုဖြင့် အကာအကွယ် ရနေသော လဂျားယန်ရှိ အစိုးရ တပ်များ သိမ်းပိုက် ထားသော တောင်ကုန်း တခုကို ယနေ့ (၂း ၁၅) နာရီ တွင် ပြန်လည် သိမ်းပိုက် နိုင်ခဲ့သည်ဟု ABSDF မြောက်ပိုင်း ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မင်းဌေးက ဆိုပါသည်။

“ လေယာဉ်ရော အမြောက်ရော ပြင်းပြင်း ထန်ထန် ပစ်နေတဲ့ ကုန်းနှစ်ကုန်း ကနေ ကျနော်တို့ ဆုတ်ပေး ထားတယ်။ အဲဒီ ကုန်းကို အစိုးရ တပ်တွေ ၀င်သိမ်းတယ် မနေ့ ကပေါ့။ ဒီနေ့ ကျတော့ လက်နက် ကြီးနဲ့ လေယာဉ်ဗုံးကျဲ ဒဏ်ကနေ လွတ်တာနဲ့ ကျနော်တို့ တက်ပြီး သိမ်းလိုက် တာပါ။ တက်သိမ်း ပြီးတာနဲ့ အစိုးရ ဖက်က မြေပြင် တပ်ရော လက်နက် ကြီးတွေရော တိုက်လေယာဉ် နဲ့ရော တလစပ် ထပ်မံ ပစ်ခတ် တော့တာပါဘဲ” ဟု ဗိုလ်မှူး မင်းဌေးမှ ဆိုပါသည်။  

လဂျားယန် စစ်မြေပြင်သည် KIA ဌာနချုပ် လိုင်ဇာကို သိမ်းပိုက်ရန် အချက်အချာ ကျသော နေရာ ဖြစ်ပါသည်။ ဤလမ်း ကြောင်းသည် ဗန်မော်-လိုင်ဇာ လမ်းကြောင်း၏ စစ်ဆင်ရေး အပိုင်း ဖြစ်ပါသည်။ ဤ လမ်းကြောင်းကို ထိုးဖေါက်နိုင် ရန် အစိုးရ တပ်ဖွဲ့များသည် အင်အား တထောင် ကျော်နှင့် ၁၀၅ မမနှင့် ၁၂၀ မမ လက်နက် ကြီးများ အပါဝင် လေကြောင်း အကူပါ တိုက်ခိုက် နေခြင်း ဖြစ်ပါသည်။ ဤကဲ့သို့ ပြင်းထန်စွာ စစ်ဆင် နေသည့် ကြားမှ KIA နှင့် ABSDF ပူးပေါင်း တပ်ဖွဲ့ တို့က အရေးကြီး တောင်ကုန်း တခုကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

အစိုးရ တပ်များသည် ဆက်လက် ချီတက် နိုင်ရန် ဤ လဂျားယန် စစ်မြေပြင်ကို  (၁၀၅ မမ နှင့် ၁၂၀ မမ) လက်နက်ကြီး များဖြင့် နေ့ည မဆိုင်းဘဲ ပြင်းထန်စွာ တလစပ် ပစ်ခတ် နေခဲ့ ပါသည်။ ထို့အပြင် လေယာဉ် များကလည်း ယနေ့ နံနက် (၈) နာရီ အချိန်မှ စတင်ပြီး လိုက်လံ ဗုံးကျဲ နေခဲ့ ပါသည်။ တိုက်လေယာဉ် (၄) စီး သည် လေးကြိမ်မျှ ပစ်ခတ် ခဲ့ရာတွင် တကြိမ်လျှင် လေယာဉ် (၂)စီး သည် အပြိုင် တလစပ် ပစ်ခဲ့ အပြီးတွင် ထပ်မံ ဗုံးကျဲ သွားသည့် နည်းလမ်းကို အသုံးပြု ခဲ့ပါသည်။ 

ဤကဲ့သို့ လေကြောင်း ပစ်ကူ ပေးပြီး နောက်ပိုင်း အစိုးရ တပ်များ ရှေ့တိုးရန် ကြိုးစား ချိန်၌ KIA နှင့် ABSDF ပူးပေါင်း တပ်တို့၏ ချေမှုန်း ခြင်းကို ခံရပြီး အဆိုပါ တောင်ကုန်း ကိုပါ လက်လွှတ် လိုက်ရခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ဤသို့ကြောင့် ညနေ (၄)နာရီ အထိ တိုက်ပွဲများ ပြင်းထန်လျှက် ရှိပါသည်။

လဂျားယန် ဒေသ တဝိုက်သို့ ထိုးစစ် ဆင်လာနေသည့် အစိုးရ တပ်များမှာ  တပ်မ ၁၀၁ လက်အောက်ခံ ခမရ ၃၁၇၊ ၄၁၄၊ ၄၁၆ တပ်ရင်းများနှင့် တပ်မ (၈၈) လက်အောက်ခံ တပ်ရင်း (၃) ရင်း အပြင် အခြားတပ်များလည်း ရှိကြောင်းနှင့် စုစုပေါင်း အင်အား (၁၄၀၀) ခန့် ရှိနိုင်ကြောင်း ABSDF က ဆိုပါသည်။

ဤစစ်ဆင် ရေး၏ ရှေ့တန်း ဗျူဟာရုံးမှာ  ဒေါ့ဖုန်ယန်း နားရှိ မန်မော် အရပ်၌ ရှိပါသည်။ အစိုးရသည် လဂျားယန် စခန်းများကို သိမ်းပိုက် နိုင်သည်နှင့် KIA နှင့် တွေ့ဆုံ ဆွေးနွေး ရေးကို ထပ်ဆင့် ခေါ်မည်ဟု တွက်ဆ ထားပါသည်။ အဘယ့်ကြောင့် ဆိုသော် KIA ဌာနချုပ်ကို သိမ်းပိုက် ခြင်းထက် လှုပ်ရှား၍ မရအောင် စိုးမိုး ထားပြီး ကျန်ရှိ နေသည့် KIA အင်အား များကို ထိမ်းသိမ်း နိုင်ရန် တွေ့ဆုံ ဆွေးနွေးသည့် နည်းကို ကျင့်သုံးမည်ဟု တွက်ဆ ခြင်းကြောင့် ဖြစ်ပါသည်။

အလားတူ ကချင်ပြည်နယ် မိုးကောင်း မြို့နယ် တောင်နီ ကျေးရွာရှိ အစိုးရ စစ်စခန်း တခုကိုလည်း ယနေ့ နံနက် ၂ နာရီ ဝန်းကျင်တွင် KIA က သိမ်းပိုက် လိုက်သည်ဟု KIA တပ်မဟာ (၂) မှ အရာရှိ တဦးက ပြောပါသည်။ ယင်း တိုက်ခိုက် မှုကို ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၅) မှ တိုက်ခိုက် လိုက်ခြင်း ဖြစ်ပါသည်။

အဆိုပါ စခန်းတွင် ခရမ ၃၈၄ တပ်ဖွဲ့ များနှင့် ခလရ ၁၀၅ တပ်ရင်းမှ မန္တလေး- မြစ်ကြီးနားလမ်း လုံခြုံရေး ယူထားသည့် တပ်ဖွဲ့ များက နေရာယူ ထားပါသည်။ ထို့အပြင် KIA တပ်မဟာ (၄) ရှိ ကွတ်ခိုင် မြို့နယ် ၌လည်း တိုက်ပွဲများ ပြင်းထန် လျှက်ရှိ ကြောင်း တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့မှ ဆိုပါသည်။

ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မဟာမိတ် ပူးပေါင်း တပ်ဖွဲ့တို့သည်၊ ကြည်းကြောင်း၊ လေကြောင်းနှင့် အမြောက်ကြီးများ၏ တလစပ် ပစ်ခတ် မှုဖြင့် အကာအကွယ် ရနေသော လဂျားယန်ရှိ အစိုးရ တပ်များ သိမ်းပိုက် ထားသော
တောင်ကုန်း တခုကို ယနေ့ (၂း ၁၅) နာရီ တွင် ပြန်လည် သိမ်းပိုက် နိုင်ခဲ့သည်ဟု ABSDF မြောက်ပိုင်း
ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မင်းဌေးက ဆိုပါသည်။

ကချင်စစ်ပွဲတွင် မြန်မာ့တပ်မတော်ဘက်မှ ကြောက်စရာကောင်းသော လက်နက်များ ဖြင့် ထိုးစစ်ဆင်နေခြင်းကို ကန့်ကွက် ရှုတ်ချကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးမှပြောကြား

ကချင်စစ်ပွဲတွင် မြန်မာ့တပ်မတော်ဘက်မှ ကြောက်စရာကောင်းသော လက်နက်များ၊ လေယာဉ်များသုံး၍ ထိုးစစ်ဆင်နေခြင်းကို ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုတ်ချကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြအေးက ပြောကြားသည်။

ဒီဇင်ဘာ ၃၀ ရက်တွင် ကျင်းပသော ကချင်ငြိမ်းချမ်းရေး သတင်းစာရှင်းလင်းပွဲတွင် ကိုမြအေးက ၎င်း၏ပုဂ္ဂလိက အမြင်ကိုပြောကြားခဲ့ခြင်းဖြစ်သည်။

"ဒါဟာ တစ်အုပ်စု၊ အဖွဲ့အစည်းတစ်ဖွဲ့တည်းက လုပ်တဲ့ပွဲမဟုတ်ဘူး။ ၈၈ ကလုပ်တဲ့ ပွဲမဟုတ်ဘူးဆိုတာလည်း ရှင်းရှင်းထပ်ပြောပါရစေ။ အဲဒါကြောင့် ၈၈ အနေနဲ့ ဒီမှာပြောမှာမဟုတ်ပါဘူး။ ဒီကညီအစ်ကိုမောင်နှမတွေရဲ့ပွဲမှာ ပူးပေါင်းပါဝင်တက်ရောက်ခြင်းဖြစ်ပါတယ်"ဟု ဆိုသည်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်မေစပယ်ဖြူက "အစိုးရဘက်မှ ဂျနီဗာကွန်ဗင်းရှင်းအရ အတိအလင်းတားမြစ်ထားတဲ့ ဂျက်လေယာဉ်နဲ့ အမြောက်တွေသုံးနေတယ်။ အငွေ့ရှူမိရင် ၁၅ မိနစ်လောက် မလှုပ်ရှားနိုင်တဲ့ ဓာတုလို့ ယူဆရတဲ့ ဗုံးတွေသုံးနေတယ်" ဟု သူမ၏ထင်မြင်ချက်ကို ပြောသည်။

သတင်းစာရှင်းလင်းပွဲတွင် ကိုမြအေးက ပြောကြားနေစဉ်
ဓာတ်ပုံ - ထက်ပိုင်ဖြိုး(ဇ၀န)
ဓာတ်ပုံ - ထက်ပိုင်ဖြိုး(ဇ၀န)
ကချင်စစ်ပွဲတွင် မြန်မာ့တပ်မတော်ဘက်မှ ကြောက်စရာကောင်းသော လက်နက်များ၊ လေယာဉ်များသုံး၍ ထိုးစစ်ဆင်နေခြင်းကို ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုတ်ချကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်
တစ်ဦးဖြစ်သူကိုမြအေးက ပြောကြားသည်။ဒီဇင်ဘာ ၃၀ ရက်တွင်ကျင်းပသောကချင်ငြိမ်းချမ်းရေး သတင်း
စာရှင်းလင်းပွဲတွင် ကိုမြအေးက ၎င်း၏ပုဂ္ဂလိက အမြင်ကိုပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲပုံရိပ်များ

သက်မွန်က မယ်လိုဒီအတွက် ကွန်ဂရက်ကျူလေးရှင်းပါတဲ့ :-)

Photo - SaiSai KhamLeng Flutterby

Myanmar Model Girls

၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲပုံရိပ်များတင်ပြပေးလိုက်ပါတယ်။

၂၀၁၁ခုနှစ်အတွက် အကယ်ဒမီဆု ၁၁ဆု ထာဝရအလင်းတန်းများ ဇာတ်ကားက ၈ဆု ရရှိကာ မြန်မာ့ရုပ်ရှင်သမိုင်းမှာ စံချိန်တင်

Photo

၂၀၁၁ခုနှစ်အတွက် အကယ်ဒမီဆု ၁၁ဆု ကြေညာပြီးခဲ့ပြီဖြစ်ရာ ထာဝရအလင်းတန်းများ ဇာတ်ကားက အကောင်းဆုံးဇာတ်ကားဆုအပြင် အကောင်းဆုံးဒါရိုက်တာဆု မင်းသား၊မင်းသမီးဆု နဲ့ ဇာတ်ပို့ အမျိုးသား
ဆုနှင့် တေးဂီတ၊ ဇာတ်ညွှန်း ၊ တည်းဖြတ်ဆုတို့ အတွက် ၈ဆု ရရှိကာ မြန်မာ့ရုပ်ရှင်သမိုင်းမှာ စံချိန်တင်
သွားပြီဖြစ်ပါတယ်။

အကောင်းဆုံး ရုပ်ရှင် ဒါရိုက်တာဆု အား ဒါရိုက်တာ ထွန်းအောင်ဇော်မှ ထာဝရအလင်းတန်းများဇာတ်ကားဖြင့်ရရှိ

၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ

အကောင်းဆုံး ရုပ်ရှင် ဒါရိုက်တာဆု အား ဒါရိုက်တာ ထွန်းအောင်ဇော်မှ ထာဝရအလင်းတန်းများဇာတ်ကားဖြင့်ရရှိသြွးပါသည်။

အကောင်းဆုံး ရုပ်ရှင် ဒါရိုက်တာဆု အား ဒါရိုက်တာ ထွန်းအောင်ဇော်မှ ထာဝရအလင်းတန်းများဇာတ်ကား
ဖင့်ရရှိသွာပါသည်။

အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို မော့စ်မှ ထာဝရအလင်းတန်းများ ရုပ်ရှင်ဇာတ်ကားဖြင့်ရရှိ

ထာ၀၀ရအလင်းတန်းဇာတ်ကားဖြင့်အကယ်ဒမီ ရရှိတဲ့အကယ်ဒမီ မော့စ်

အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို မော့စ်မှ ထာဝရအလင်းတန်းများ ရုပ်ရှင်ဇာတ်ကားဖြင့်ရရှိ
သွားကြောင်းသတင်းရရှိပါသည်။

အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု အား မယ်လိုဒီမှ ထာဝရအလင်းတန်းများ ဇာတ်ကားဖြင့်ရရှိ

အကောင်းဆုံး  အမျိုးသမီးဇာတ်ဆောင်ဆု အား မယ်လိုဒီမှ ထာဝရအလင်းတန်းများ ဇာတ်ကားဖြင့်ရရှိသွားပါသည်။

အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု အား မယ်လိုဒီမှ ထာဝရအလင်းတန်းများ ဇာတ်ကားဖြင့်ရရှိသွား
ပါသည်။

၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုရှင်ကို ရင်ကွဲနာ ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင် ချစ်စနိုးဦးက ရရှိ

၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုရှင်ကို ရင်ကွဲနာ ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင် ချစ်စနိုးဦးက ရရှိသွားကြောင်းသိရသည်။

The Myanma Age

၂၀၁၁ ခုနှစ်အတွက်အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုရှင်ကိုရင်ကွဲနာရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင် ချစ်စနိုးဦးက ရရှိသွားကြောင်းသိရသည်။အကယ်ဒမီပေးပွဲမှချစ်စနိုးဦးရဲ့ပုံရိပ်များ-----------------

KIA နှင့် ABSDF တို့ အင်အား ၅၀၀ကျော်ထိမ်းချုပ်ထားသော လဂျားယမ်တောင်ကြောတစ်ခုလုံးအားအ စိုးရတပ်များမှသိမ်းပိုက်

KIA နှင့် ABSDF တို့ အင်အား ၅၀၀ကျော်ထိမ်းချုပ်ထားသော လဂျားယမ်တောင်ကြောတစ်ခုလုံးအားအစိုးရတပ်များမှသိမ်းပိုက်

Sunday, 30 December 2012

(၃၀-၁၂-၂၀၁၂) ရက်နေ့ နေလယ်တွင် KIA နှင့် ABSDF တို့ အင်အား ၅၀၀ကျော်ထိမ်းချုပ်ထားသောလဂျားယမ်တောင်ကြောအားအစိုးရတပ်များမှသိမ်းပိုက်ရရှိခဲ့ကြောင်း ၄င်းဒေသတွင် တာဝန်ထမ်းဆောင်နေသော အရာရှိတစ်ဦးမှ Online မှတဆင့်ပြောကြားခဲ့သည်။ ကျွန်တော်တို့တပ်တွေ လဂျားယန်တောင်ကြော်တစ်ခုလုံးကိုဒီနေ့နေ့လည်မှာရပါတယ်။
KIA အဖွဲ့တွေကတော့ ယောက်၅၀ လောက် အလောင်းတွေကျန်နေပါတယ်။ အသေးစိတ်စာရင်းမရသေးပါဘူး လက်နက်တွေမိုင်းတွေ အများကြီးရပါတယ်။ ထို့ပြင် ဒါဏ်ရာရတဲ့ KIA စစ်သည် ၄၀ဦးခန့်ကိုလည်း ဆေးဝါး ကုသပေးလျက် ရှိကြောင်းပြောဆိုထားပါတယ်။

ဖမ်းဆီရမိသူအများစုမှာ KIA အဖွဲမှအတင်းအားဓမ လူသစ်စုဆောင်း ခံထားသူများဖြစ်ကြောင်းကို၎င်းမှပြောကြားသည်။ ကျွှန်တော်တို့အခု၇ထားတဲ့ စခန်ကနေ KIA ဌာနချုပ်လိုင်ဇာကို လမ်းမြင်နေရပါတယ်။
လက်နက်ကြီးတစ်ကမ်းပါဘဲ ဒါပေမဲ့ကျွှန်တော်တို့တပ်တွေ လိုင်ဇာကို တိုက်ဖို့အစီစဉ်မရှိပါဘူး ဟု၎င်းမှ Email မှတဆင့်ပြောဆိုသွားသည်။ ၄င်းကကျွှန်တော်တို့ ဒီစခန်းကိုဒီနေ့နေ့လည်လောက်ကသိမ်းပိုက်ခဲ့ပါတယ်။
အခုစခန်းကသိမ်းဆီးရမိတဲ့ Laptop နဲ့ တရုတ် ဖုန်းကတဆင့် Internet သုံးပြီး မေးလ်ပို့လိုက်တာပါ။ အထောက်အထားဓါတ်ပုံတွေလည်းဆက်ပြီးပို့ပေးသွားမှာပါဟု ၄င်းပေးပို့သော Email တွင်ဖေါ်ပြထားသည်။

Aung Naing Thu Facebook

(၃၀-၁၂-၂၀၁၂) ရက်နေ့ နေလယ်တွင် KIA နှင့် ABSDFတို့အင်အား ၅၀၀ကျော်ထိမ်းချုပ်ထားသောလဂျား
မ်တောင်ကြောအားအစိုးရတပ်များမှသိမ်းပိုက်ရရှိခဲ့ကြောင်း ၄င်းဒေသတွင် တာဝန်ထမ်းဆောင်နေသော အရာရှိတစ်ဦးမှ Online မှတဆင့်ပြောကြားခဲ့သည်။ ကျွန်တော်တို့တပ်တွေ လဂျားယန်တောင်ကြော်တစ်ခု
လုံးကိုဒီနေ့နေ့လည်မှာရပါတယ်။

"ပုသိမ်-ချောင်းသာ မှန်လုံအမြန်ယာဉ် ချောင်းထဲကျ၊ ၁ ဦးသေ၊ ၁၄ ဦး ပုသိမ်ဆေးရုံရောက်"


ပုသိမ်မှ ချောင်းသာသို့သွားသော မှန်လုံအမြန်ယာဉ်တစ်စီးသည် ယနေ့ နေ့လည်ပိုင်းက ပုသိမ်-ချောင်းသာ
လမ်းပေါ်ရှိ ၀ါးပိုးကျေးရွာတံတားအရောက်တွင် တံတားပေါင်ကိုဝင်တိုက်မိရာမှ တံတားအောက် ချောင်းထဲ
သို့ ထိုးကျခဲ့ကြောင်းသိရသည်။ယင်းဖြစ်ရပ်ကြောင်းတစ်ဦးသေဆုံးက၁၄ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

မြန်မာတပ်မတော် တိုက်လေယာဉ်များ KIA ကို ယနေ့မနက်ပိုင်းက အပြင်အထန် ထိုးစစ်ဆင်

ယခု အရေးပေါ်သတင်း

ယနေ့ နံနက် 8 နာ 10 မိနစ် နှင့် 9 နာရီ 10 မိနစ် အတွင်းဝယ် တိုက်လေယာဉ်နှစ်စီး 2 နှစ်ကြီမ် လာရောက်ပြီး တကြိမ်လျင် ရုရှား လုပ် ရော့ကက် ဆပ်ဗင်ဆန် အား ၄ လုံး အသုံးပြုပြီ ပစ်ခတ်သည့်အပြင် 120 ပေါင် ရှိသော မြေပြင် ခွဲဗုံး အလုံး20 ခန့်ပစ်ချကြောင်း စစ်ပြေးဒုက္ခသယ်များနှင် အလွန်နီးစပ်သော နေရာများ တွင် ကျရောက်ပေါက်ကွဲပြီး အထိခိုက်မရှိကြောင်း သိရသည်။
မြေပြင် စစ်ကြောင်း 3 ကြောင်း လိုင်ဇာတ၀ိုက်ဖြစ်သော လက်ဂျာ၇န်တွင် ချီတက် တပ်စွဲပြီး အချိန်မရွေး မြေပြင်မှ ၀င်ရောက်တိုက်ခိုက်လာနိုင်ကြောင်း ၄င်းတို့ ဖြန့်ကျက်ချထားသော စစ်အင်းအား 800 ၀န်းကျင်ခန့်ရှိကြောင်း တပ်မ 101 လက်အောက်ခံ တပ်ရင်း ခမရ ၃၁၇၊ ၄၁၇၊ ၄၁၆ မှ အင်အား ဖြည့်စွက်ပြီး လက်ဂျားယန် ပင်မလမ်းကြောင်းတွင် စစ်ကြောင်း ၂ကြောင်း ခွဲပြီး စစ်ပြင်နေကြကြောင်း၊ အခြား စစ်ကြောင်းတခုဖြစ်သော တပ်မ ၈၈ လက်အောက်ခံ တပ်ရင်း ၃ရင်းမှ အင်း ၄၀၀ ကျော်ဖြင့် လက်ဂျာယန် တောင် ဘက်မှ ထိုးစစ်ဆင်ဖို့ ချီတက်လာကြောင်း သိရသည်။
ရှေ့တန်း စစ်မြေပြင်၏ ရှေ့ဆုံး စစ်ဆင်ရေး စစ်တား စစ်နှောက်ရန် အချို့ တောင်ကုန်းများတွင် နေရာယူထားကြသော ABSDFရှေ့ ကင်း စခန်း အချို့ ဆုတ်ခွာပေးထားပြီး ထိုးစစ်အဖြစ်ပြောင်းလဲရန် ပြန်လည်စီမံထားကြောင်းသိရသည်။ လက်ဂျာယန်တွင် ကျောင်းသား တပ်မတော်၏ တာဝန်ရှိသူ ကိုလှဆိုင်းမှ "ဦးသိန်းစိန်အစိုးရမှ ယခုကဲ့သို့ တ၇ားမမျှတသော စစ်ဆင်ရေးကြီးတခု ဆင်နွဲပြီး လူမျိုးတုန်း ရှင်းလင်းရန် စီစဉ်ပြီး ယခု ကဲ့သို့ စစ်ဆင်ခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ယုံကြည်မှုများ အကြီးကျယ်ထိခိုက်ပျက်စီးပြီး ယခုကဲ့သို့ စစ်ပွဲများ တပြည်လုံး အတိုင်းတာဖြင့် ပြန့်နှံ့လာနိုင်ကြောင်းရှိပါတယ်။ ဒေါ်အောင်ဆန်စုကြည်အနေဖြင့် ယခုစစ်ပွဲအား တရား ဥပဒေ စိုးမိုးရေး ကော်မတီ၏၊ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းအား လက်တွေ့ အကောင်ထည်ဖေါ် ဆောင်ရွက် စေလိုပြီး၊ ယနေ့ ကချင် ပြည်သူများကလဲ ဒေါ်အောင်ဆန်းစုကြည်အား လူထုခေါင်းဆောင်တယောက်အဖြစ် အသိမှတ်ပြုထားဆဲဖြစ်ပြီး အားကိုးလောက်ယုံကြည်လောက်သော ငြိမ်းချမ်းရေး နှင့် ပြည်သူပြည်သားများကို လုံခြုံရေးနှင့် တရားဥပဒေ အမှန်တကယ်စိုးမိုးမှုကို ဖေါ်ဆောင်ပေးရန်လိုပါတယ်" ဟုပြောဆိုကာ တိုက်ပွဲအတွင်းသို့ ပြေးဝင် ပြီး တာဝန်ထမ်းဆောင်ရန်အတွက် ဆက်သွယ်မှု ယာယီဖြတ်တောက်ထားခဲ့ပါသည်။
ကချင်စစ်ပွဲ အတွင်းမှ တိုက်ရိုက် သတင်းပေးပို့ပါသည်။
အချိန်နဲ့ တပြေးညီ တင်ပြပေးနေပါမည်။

ယနေ့ နံနက် 8 နာ 10 မိနစ် နှင့် 9 နာရီ 10 မိနစ် အတွင်းဝယ် တိုက်လေယာဉ်နှစ်စီး 2 နှစ်ကြီမ် လာရောက်
ပြီး တကြိမ်လျင် ရုရှား လုပ် ရော့ကက် ဆပ်ဗင်ဆန် အား ၄ လုံး အသုံးပြုပြီ ပစ်ခတ်သည့်အပြင် 120 ပေါင် ရှိသော မြေပြင် ခွဲဗုံး အလုံး20ခန့်ပစ်ချကြောင်းစစ်ပြေးဒုက္ခသယ်များနှင်အလွန်နီးစပ်သော နေရာများ တွင် 
ကျရောက်ပေါက်ကွဲပြီး အထိခိုက်မရှိကြောင်း သိရသည်။

ခန္တီးမြို့နယ် မကျန်းခ- ပဒူးမုန်းသွား ကားလမ်းပေါ်၌ မော်တော်ဆိုင် ကယ်တစ်စီးမှ ၁ဝ ဘီးကားအား ကျော်တက်စဉ် ကားနှင့်ချိတ်မိ၍ တစ်ဦး သေဆုံး

ခန္တီးမြို့နယ် မကျန်းခ- ပဒူးမုန်းသွား ကားလမ်းပေါ်၌ ဒီဇင်ဘာ ၂၄ ရက် နံနက် ၁ဝ နာရီ ၁၅ မိနစ်က ဟန်ဝမ်း ၁၈ နှစ် (ဘ)ဦးဟာမို မကျန်းခကျေးရွာ ခန္တီးမြို့နယ် စီးနင်းပြီး တစ်ရွာတည်းနေ အောင်နောင် ၂၈ နှစ် (ဘ)ဦးနောင်ထန်း နောက်မှ လိုက်ပါသည့် နံပါတ်မပါ မော်တော်ဆိုင် ကယ်သည် ယာဉ်မောင်း ရဲအောင် ၂၇ နှစ်(ဘ)ဦးသန်းအောင် (မကျန်းခ) ရွှေမှော် မောင်းနှင်သည့် ၆ခ/----- ၁ဝဘီးယာဉ်အား နောက်မှ ကျော်တက်စဉ် ကားနှင့် ချိတ်မိ၍ လဲကျ တိမ်းမှောက် ခဲ့ရာ ဟန်ဝမ်းမှာ နေရာတွင် သေဆုံး ခဲ့ပြီး အောင်နောင်မှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိသည်။

ဒီလှိုင်းစာစောင် ရုံးခန်းသစ်ဖွင့်လှစ်ပွဲတွင်ပြောကြားသော ဒေါ်အောင်ဆန်းစုကြည်မိန့် ခွန်း

ဒီလှိုင်းစာစောင် ရုံးခန်းသစ်ဖွင့်လှစ်ပွဲတွင်ပြောကြားသော
ဒေါ်အောင်ဆန်းစုကြည်မိန့် ခွန်း
Sunday, 30 December 2012

ကျွန်မတို့ ဒီလှိုင်းရုံးခန်းသစ်ဖွင့်ပွဲကို လာပြီးတော့ အားပေးတဲ့ ပရိတ်သတ်အားလုံးကို ကျေးဇူးတင်ပါ တယ်။ ဒီလှိုင်းဟာဆိုလို့  ရှိရင်ကျွန်မတို့ အခုထုတ်တာဆိုလို့ ရှိရင် တစ်နှစ်နီးပါး ရှိသွားပါပြီ။ 

ဒီတစ်နှစ်နီးပါးအ တွင်းမှာလဲ အတော်အတန် တိုးတက်မှုရှိတယ်လို့  ကျွန်မတို့က ယုံကြည်ပါတယ်။ ကျွန်မတို့  ဒီလှိုင်းကိုစပြီးတော့ ထုတ်ရတဲ့ အကြောင်းရင်းကတော့ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့  ချုပ်ရဲ့ အမြင်တွေ၊ လူမှုရေးအမြင် ၊နိုင်ငံရေးအမြင် ကျွန်မတို့ ရဲ့  လှုပ်ရှားမှုတွေနဲ့ ပါတ်သက်လို့ အများပြည်သူကို အသိပေးဘို့ ဖြစ်ပါတယ်။

ဘာဖြစ်လို့ လည်းဆိုလို့ ရှိရင် နိုင်ငံရေးပါတီတစ်ခုဆိုရင် ပြည်သူနဲ့ 
အမြဲပဲနီးစပ်နေဘို့ လိုပါတယ်။နီးစပ်တယ် ဆိုတာဟာ စိတ်ချင်းနီးစပ်ဖို့ 
ကိုကျွန်မအဓိကပြောတာပါ။

ကျွန်မတို့ ရဲ့ အတွေးတွေ၊အခေါ်တွေ၊အမြင်တွေ ကျွန်မတို့ ရဲ့ လှုပ်ရှားမှုတွေ
ကျွန်မတို့ရဲ့ ရည်ရွယ်ချက်တွေအကြောင်းကို ပြည်သူကမသိနိုင်ပဲနဲ့ ပြည်သူက တကယ်တော့နီးစပ်မှုရှိတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့ လို့ ကျွန်မ တို့စပြီးတော့ ဒီလှိုင်းကိုထုတ်ခဲ့ တာပါ။ အခုဒီလို ထုတ်တဲ့အချိန် အတွင်းမှာပေါ့နော် ကျွန်မတို့က ပြည်သူကနေပြီးတော့ ဒီလှိုင်းရဲ့ 
ဆောင်းပါးတွေ၊ အရေးအသားတွေ ဘယ်လိုမြင်တယ် ဘယ်လိုဝေဖန်တယ် ဆိုတာလဲကျွန်မတို့ သိရပါတယ်။ဝေဖန် တာတွေကိုလဲ ကျွန်မတို့ ကနေပြီးတော့ ကြိုဆိုပါတယ်။ ဒီဟာတွေကိုရမှ ဝေဖန်မှုတွေကို ကျွန်မတို့သိရမှ ကိုယ့်ရဲ့ စာစောင်ကို ပိုပြီးတော့အဆင့်မြင့်အောင် လုပ်နိုင်မှာပါ ။နောက်ဆိုလို့ ရှိရင် ကျွန်မတို့ကတစ်ဆင့်ြ မင့် ပြီး သတင်းစာတစ်စောင် ဖြစ်စေချင်တယ်။ အခုပုဂ္ဂလိက သတင်းစာတွေလဲ လုပ်တော့မယ်ဆိုတော့ဖြစ်စေ ချင်တယ်။

ဒီလှိုင်းကို သတင်းစာတစ်ခုဖြစ်ဖို့ ကြိုးစားတဲ့နေရာမှာ ကျွန်မတို့
ပြည်သူတွေကလဲဝိုင်းဝန်းပြီး တော့ကူညီမစမယ်လို့ ကျွန်မမျှော်လင့်ပါတယ်။
ဒီလိုအများရဲ့ ကူညီမစမှုနဲ့ သာကျွန်မတို့ ဒီလှိုင်းကို စာစောင်အဖြစ်ကနေ သတင်းစာတစ်စောင် ဖြစ်အောင်လုပ်နိုင်မှာပါ။ သတင်းစာတွေ၊ စာစောင်တွေ၊ ဂျာနယ်တွေ သတင်းဖြန့် ချီတဲ့စာစောင်တွေဟာ အင်မတန်မှကို အရေးကြီးပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒီလိုသတင်း
 ဖြန့် ချိခြင်းဟာ အခုခေတ်မှာဆိုလို့ ရှိရင် ကမ္ဘာကြီးကိုဆက်စပ်ထားတဲ့
အရာဖြစ်တယ်။

ဒီတာ့လူတွေရဲ့ စိတ် ကိုဆက်စပ်ပေးတဲ့ အလုပ်တစ်ခုလို့ ကျွန်မတို့ ပြောလို့ ရပါတယ်။ လူတွေရဲ့ စိတ်ကိုဆက်စပ်ပေးတဲ့ အလုပ်တစ်ခုမို့လို့  အင်မတန်မှလည်း အရေးကြီးတယ်၊ အင်မတန်မှလဲတာဝန် ကြီးပါတယ်။စာစောင်တွေ ထုတ်တဲ့ ပုဂ္ဂိုလ်တွေ၊ သတင်းစာတွေ ထုတ်တဲ့ပုဂ္ဂိုလ်တွေ သတင်းသမားတွေမှာ အင်မတန်မှ တာဝန်ကြီးပါတယ် ဆိုတာ ကျွန်မခဏခဏပြောတဲ့ ကိစ္စပါ၊ကျွန်မတို့ ရဲ့ နိုင်ငံမှာတင်မက ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ကိုကျွန်မတို့ ပြည်သူတွေသိရုံတင် အသိပေးရုံတင် မကပါဘူး၊ ဘယ်ကိုသွားနေသလဲ၊ အဲဒီလိုသွားနေတာဟာ ဟုတ်သလား မဟုတ်သလားဆိုတာကို ကျွန်မတို့ ရဲ့ ပြည်သူတွေ သုံးသပ်နိုင်အောင်လို့ အထောက်အကူဖြစ် အောင်လို့ သတင်းဆောင်းပါးတွေကိုရေးရတယ်လို့ ကျွန်မကတော့ ဒီလိုပဲမြင်ပါတယ်။

 ဒီလိုသတင်းဆောင်းပါး တွေကိုဖတ်ခြင်းအားဖြင့် သတင်းတွေကို သိခြင်းအားဖြင့် ကိုယ့်ပါတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲဆိုတာ
လေ့လာနိုင်ရုံမက ဖြစ်သင့်သလား မဖြစ်သင့်ဘူးလား၊ မဖြစ်သင့်တာတွေ ဖြစ်နေလို့ ရှိရင် ဘယ်လိုဒါတွေမဖြစ် အောင်လုပ်မလဲ၊
ဖြစ်သင့်တာတွေ မဖြစ်လို့ ရှိရင်လဲ ဒါတွေဖြစ်အောင်လို့ ဘယ်လိုလုပ်မလဲ
ဆိုတာ အဲဒါအများ ကနေပြီးတော့ ၀ိုင်းပြီးတော့စဉ်းစားနိုင်အောင်လို့ 
ကျွန်မတို့ ဒီလိုသတင်းစာစောင်တွေ ထုတ်ပြန်ရတယ်လို့  ကျွန်မကတော့ ဒီလိုပဲအယုံအကြည်ရှိပါတယ်။ ရိုးရိုးဘာတွေဖြစ်နေသလဲ ဆိုတာသိရုံက မလုံလောက်ပါဘူး။ ဘာတွေဖြစ်နေသလဲဆိုတာ အပေါ်မှာ အခြေခံပြီးတော့ ဘာတွေဖြစ်သင့်သလဲ ဆိုတာကို စဉ်းစားတတ်ဖို့ က အင်မတန်မှ အရေးကြီးပါတယ်လို့ ကျွန်မသတိပေးချင်ပါတယ်။ဒီတော့ ဒီလိုတန်ဖိုး ရှိတဲ့စာစောင်ဖြစ်ဖို့ ဆိုတာဟာ စာစောင်ကိုထုတ်ဝေတဲ့ သူတွေအပေါ်မှာလဲ တာဝန်ရှိတယ်၊ စာစောင်ကိုဖတ်တဲ့သူတွေမှာလဲ တာဝန် ရှိတယ်။ ဖတ်တဲ့သူတွေကလဲ ပွင့်ပွင့်လင်းလင်းနဲ့  စဉ်းစဉ်းစားစားနဲ့  စာစောင်ထဲမှာပါတဲ့ ကိစ္စတွေကို လေ့လာ နိုင်ရမယ်၊ သုံးသပ်နိုင်ရမယ် ၊ဝေဖန်နိုင်ရမယ် ။ဒီလိုသုံးသပ် ၊ဝေဖန်ချက်တွေကိုလည်း အသိပေးနိုင်ရမယ်။

အခုဟာက ကျွန်မတို့ စာစောင်က လွတ်လပ်တဲ့ ဒီမိုကရေစီစံနှုန်းစံထား
ပေါ်မှာ အခြေခံထားတာကြောင့်မို့လို့ စာ ဖတ်ပရိတ်သတ်ရဲ့  ဝေဖန်မှုတွေကို လိုလိုလားလားနဲ့ လက်ခံမှာပါ။ ဒီဝေဖန်မှုတွေအပေါ်မှာ အခြေခံပြီးတော့ ကျွန်မတို့ ပိုပြီးတော့ ကောင်းတဲ့စာစောင်ဖြစ်ဖို့ ပိုပြီးတော့ ကျွန်မတို့
နိုင်ငံအတွက်တွင်သာမက ကမ္ဘာ့အတွက် ပိုပြီးတော့တန်ဖိုးရှိတဲ့ စာစောင်ဖြစ်ဖို့ ကျွန်မတို့ ဆက်ပြီးတော့ ကြိုးစားသွားပါ့မယ်။

အခုဆိုလို့ ရှိရင် ကျွန်မတို့ ဒီလှိုင်းရုံးခန်းလေးက အင်မတန်မှ
သေးပါတယ်။ ခပ်သေးသေးနဲ့ ခပ်ကြုံ့ကြုံ့ပါပဲ။ ဒါပေမဲ့ ဒီလိုပဲ
သေးသေးလေးကနေ စပြီးတော့ ညောင်စေ့လေးကနေ ညောင်ပင်ကြီးဖြစ် သွားသလို ကျွန်မတို့ တစ်ချိန်တစ်ခါမှာ ကျွန်မတို့  ဒီလှိုင်းစာစောင်က
နောင်ကျလို့ ရှိရင် တစ်တိုင်းပြည်လုံး တင်မက တစ်ကမ္ဘာလုံးကနေ
လေးစားရတဲ့ သတင်းစာကြီးတစ်ခုအဖြစ် ဖြစ်သွားမယ်လို့ ကျွန်မမျှော်လင့်ပါ တယ်လို့ ပြောရင်းကျွန်မနိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

မြင့်ကျော်
The Myanma Age

ကျွန်မတို့ ဒီလှိုင်းရုံးခန်းသစ်ဖွင့်ပွဲကို လာပြီးတော့ အားပေးတဲ့ ပရိတ်သတ်အားလုံးကို ကျေးဇူးတင်ပါ တယ်။ ဒီလှိုင်းဟာဆိုလို့  ရှိရင်ကျွန်မတို့ အခုထုတ်တာဆိုလို့ ရှိရင် တစ်နှစ်နီးပါး ရှိသွားပါပြီ။

ကမ္ဘာ့ဒုတိယ အကြီးဆုံး စိန်တွင်း (မိုင်းတွင်း)

ကမ္ဘာ့ဒုတိယ အကြီးဆုံး စိန်တွင်း (မိုင်းတွင်း)

ကမ္ဘာ့ဒုတိယအကြီးဆုံး မိုင်းတွင်း အဖြစ် စံချိန်ထားတဲ့ Mr mine ဟာ ရုရှားနိုင်ငံ၊ ဆိုက်ဘေးယီးယား အရှေ့ ပိုင်း Mirny မြို့ မှာ တည်ရှိပါတယ်။ ပထမ အကြီးဆုံးကတော့ အမေရိကန်နိုင်ငံမှာ ရှိတာ ဖြစ်ပါတယ်။ 

Mr mine ဟာ အနက်ဟာ ၁၇၂၂ ပေရှိပြီး အကျယ်အဝန်းကတော့ ၃၉၀၀ ပေ ရှိပါတယ်။ ၁၉၅၇ ခုနှစ်က စတင်ဖွင့်လှစ်ပြီး ၂၀၁၁ ခုနှစ်မှာ တူးဖော်မှုများ ယာယီ ရပ်နားထားပါတယ်။ ဆိုဗီယက်ခေတ်ကာလ ကတည်းက တူးဖောက်ပြီး ဆိုဗီယက်ရဲ့  စိန်အထွက် အများဆုံး နေရာ လို့တောင် အသတ်မှတ်ခံခဲ့ ရပါသေးသတယ်။ တစ်နှစ်ကို စိန် ၂ထောင် ကီလိုဂရမ် ပျှမ်းမျှ ထွက်ရှိပြီး အရည်အသွေး ပြည့်မှီတဲ့ စိန်များ ဖြစ်ပါတယ်။ 

ကြားမှာ ကုမ္မဏီသုံးခုလာက်အပြောင်းအလဲ ဖြစ်ခဲ့သေးပြီး ဆိုဗီယက်နိုင်ငံ ပြိုကွဲစဉ် ကာလက တစ်နှစ်လောက် နားခဲ့ရပါသေး တယ်။ ဆောင်းရာသီရဲ့  လွန်ကဲတဲ့ အအေးဒဏ်ကြားထဲကနေလည်း ခက်ခက်ခဲခဲ တူးခဲ့ကြပါတယ်။ ယခုတော့ ရေမြေအနေအထား ဆက်တူး ရင်ပတ်ဝန်းကျင် ဒေသများကို ထိခိုက်နိုင်တဲ့အတွက် ရပ်တန့်ထားပါတယ်။ သို့ပေမယ့် ယာယီမျှသာ ဖြစ်ပြီး စိန်ထွက်ရှိမှု မရပ်သေးတဲ့ Mr mine ကို ဆက်တူးအုံးမှာ ဖြစ်ကြောင်း သိရပါတယ်။ 
--
Ref: wiki
ရိုးရာလေး သတင်း

ကမ္ဘာ့ဒုတိယအကြီးဆုံး မိုင်းတွင်း အဖြစ် စံချိန်ထားတဲ့ Mr mine ဟာ ရုရှားနိုင်ငံ၊ ဆိုက်ဘေးယီးယား အရှေ့ ပိုင်း Mirny မြို့ မှာ တည်ရှိပါတယ်။ ပထမ အကြီးဆုံးကတော့ အမေရိကန်နိုင်ငံမှာ ရှိတာ ဖြစ်ပါတယ်။

နယ်ခြားစောင့်တပ်က ရေးမြို့နယ်တွင် လောင်းကစားဝိုင်းဖွင့် စီးပွားရှာ

နယ်ခြားစောင့်တပ်က ရေးမြို့နယ်တွင် လောင်းကစားဝိုင်းဖွင့် စီးပွားရှာ

စနေနေ့၊ ဒီဇင်ဘာလ 29 ရက် 2012 ခုနှစ်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှင်းစုံရွာအခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ နယ်ခြားစောင့် တပ်ဖွဲ့(တပ်ခွဲရုံး)က လောင်းကစားဝိုင်းများဖွင့်လှစ်ကာ စီးပွားရှာနေကြသည်ဟု ဒေသခံများ ပြောကြားချက် အရ သိရသည်။

နှင်းစုံရွာတွင် ကြက်ဝိုင်းမှအစ ဖဲဝိုင်း၊ အနီထောင်၊ အန်ဂလုံကစားနည်းမျိုးစုံမှ နယ်ခြားစောင့်တပ်ဖွဲ့က အကောက်ကြေးငွေကောက်ခံရယူပြီး လုံခြုံရေးစောင့်ရှောက်ပေးကာ လောင်းကစားဝိုင်းများ နေ့ညဖွင့်လှစ်ခွင့်ပြု ထားခြင်း ဖြစ်သည်။

မော့ကနင်ရွာမှ အနီထောင်ဒိုင်တစ်ဦးက “အနီးအနားပတ်ဝန်းကျင်တဝိုက် လမိုင်း၊ မော့ကနင်၊ ကော့ဒွတ်၊ သောင်ပြင်၊ တောင်ဘုံ၊ အာရုတောင်ရွာတွေက ကစားသမားတွေစုံလို့ပါပဲ၊ ဘုရားပွဲလိုပဲ သိပ်ကိုစည်ကား နေတာ” ဟု ပြောသည်။

ယခု-နတ္တော်လတွင် ဒေသတွင်းဘုရားပွဲတော်များမရှိသည့်ကာလဖြစ်သည့်အတွက် နှင်းစုံရွာသည် လောင်း ကစားဒိုင်များ အလုပ်စခန်းဖြစ်ရာနေရာဟုလည်း သူကဆက်ပြောသည်။

လောင်းကစားဝိုင်းအကောက်ငွေ တစ်နေ့လျှင် ပျမ်းမျှဝင်ငွေ ၁၅ သိန်းကျပ်ဝန်းကျင်ရရှိနေသည်ဟုလည်း နှင်းစုံရွာအခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့အရာရှိတစ်ဦးနှင့် နီးစပ်သူတစ်ဦးပြောကြားချက်အရ သိရသည်။

“နှင်းစုံရွာလောင်းကစားဝိုင်းတွေမှာ မြင်းဆေးတွေကိုလည်း ဝယ်လို့ရတယ်၊ သူ့အဆက်အသွယ်နဲ့သူပေါ့၊ တခြားမှာဝယ်ရင် ရဲတို့ကိုသတိထားနေရတယ်” ဟု လမိုင်းမြို့ခံ လူငယ်တစ်ဦးက ပြောသည်။

မွန်ပြည်နယ်တောင်ပိုင်း မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်အတွင်းရှိ လူငယ်အတော်များများသည် မူးယစ်စိတ်ကြွ ဆေးဝါးဖြစ်သည့် ရာဘ(ခေါ်) မြင်းဆေးအပြင် ဘိန်းစာရွက်များကိုလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေ သည်ကိုလေ့လာတွေ့ရှိရသဖြင့် မွန်ပြည်သစ်ပါတီက မူးယစ်ဆေးဝါးနှိမ်နင်းရေးအစီအစဉ်များ ချမှတ်အကောင်အထည်ဖေါ်နေသည်ကို တွေ့ရှိနေရသည်။

မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအထူးတပ်ဖွဲ့ အရာရှိတစ်ဦးက “မူးယစ်ဆေးဖြန့်တဲ့ နေရာတွေဟာ လောင်းကစားဝိုင်းတွေရှိတဲ့နေရာတိုင်းလိုလိုမှာ ဖြစ်နေတယ်၊ သံဖြူဇရပ်မြို့နယ်က လောင်းကစားဝိုင်း၊ ကော့ဘိန်း ကော့ပေါက်က လောင်းကစားဝိုင်းတွေမှာ အလားတူဖြစ်ပေါ်နေတယ်” ဟု ပြောသည်။

လက်နက်ချအလင်းဝင်အဖွဲ့အစည်းများနှင့် နယ်ခြားစောင့်တပ်ဖွဲ့အချို့သည် ၄င်းတို့ရပ်တည်နိုင်ရေးအတွက် လောင်းကစားဝိုင်းဖွင့်လှစ်ကာ တဖက်တလမ်းမှရံပုံငွေရှာဖွေနေကြသည်ဟု ၎င်းက ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲမတိုင်မီတွင် နယ်ခြားစောင့်တပ်ဖွဲ့ဖြစ်ပေါ်လာပြီး လက်နက်ချအလင်းဝင်များလည်း အဖွဲ့အစည်းကဲ့သို့ရပ်တည်ပြီး ဒေသတွင်းလက်နက်များကိုင်ဆောင်သွားလာနေသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောဆိုသည်။

ရေးမြို့နယ်မှ လောင်းကစားဝိုင်း(IMNA)


အေးချမ်းမွန်မှ    မွန်အေဂျင်စီ  သတင်း   တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
ရေးမြို့နယ်မှ လောင်းကစားဝိုင်း(IMNA)
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှင်းစုံရွာအခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ နယ်ခြားစောင့် တပ်ဖွဲ့(တပ်ခွဲရုံး)က လောင်းကစားဝိုင်းများဖွင့်လှစ်ကာ စီးပွားရှာနေကြသည်ဟု ဒေသခံများ ပြောကြားချက် အရ သိရသည်။

ကျန်းမာရေးအတွက် ဒေါက်ဖိနပ်

ကျန်းမာရေးအတွက် ဒေါက်ဖိနပ်

ဒေါက်အမြင့်ကြီးကို ဆိုလိုခြင်း မဟုတ်ပါ။ တစ်လက်မလောက်မြင့်တဲ့ ဒေါက်အပြားကြီးကြီး ကို ပြောခြင်း ဖြစ်ပါတယ်။ လူတွေ ခါး၊ ခြေထောက်နဲ့ ခြေဖဝါးတွေ နာရခြင်းရဲ့ အဓိက အကြောင်းက ဖိနပ်ပါးစီးခြင်း ဒါမှမဟုတ် ဖိနပ်လုံးဝမစီးခြင်းကြောင့်ပါပဲ။

လက်မဝက် ဒါမှမဟုတ် တစ်လက်မလောက်ရှိတဲ့ ဒေါက်က ဒူးနဲ့အရွတ်တွေပေါ် ဖိအားသက်ရောက်မှု လျော့နည်းစေကာ ခြေထောက်ဖြောင့်ဖြောင့်နဲ့ မတ်တပ်ရပ်နိုင်အောင် လုပ်ဆောင်ပေး ပါတယ်။

ဖိနပ်အပါးတွေက ကျောရိုးမှာ ဖိအားဖြစ်စေနိုင်တာကြောင့် ခါးနာရခြင်း ဖြစ်ပါတယ်။ လေးလက်မ ငါးလက်မလောက်ရှိတဲ့ ဒေါက်အချွန်တွေကလည်း ကျောရိုးကို ထိခိုက်စေနိုင်တာကြောင့် အမြဲမစီးသင့်ပါ။

Mg Mandalay

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

ဒေါက်အမြင့်ကြီးကို ဆိုလိုခြင်း မဟုတ်ပါ။ တစ်လက်မလောက်မြင့်တဲ့ ဒေါက်အပြားကြီးကြီး ကို ပြောခြင်း ဖြစ်
ပါတယ်။ လူတွေ ခါး၊ ခြေထောက်နဲ့ ခြေဖဝါးတွေ နာရခြင်းရဲ့ အဓိက အကြောင်းက ဖိနပ်ပါးစီးခြင်း ဒါမှမ
ဟုတ် ဖိနပ်လုံးဝမစီးခြင်းကြောင့်ပါပဲ

အမိန့်မရဘဲ ပစ်ခတ်ပါက စစ်စည်းကမ်းအတိုင်း ပြင်းထန်စွာ အရေးယူခြင်း ခံရမည်

အမိန့်မရဘဲ ပစ်ခတ်ပါက စစ်စည်းကမ်းအတိုင်း ပြင်းထန်စွာ အရေးယူခြင်း ခံရမည်
=============================================
ကချင်ပြည်နယ်အတွင်း လုံခြုံရေးတာဝန်ယူရသည့် တပ်မှူးများ အစည်းအဝေးတွင် သက်ဆိုင်ရာ တပ်ရင်းများ အား အထက်အမိန့်မရဘဲ လက်နက်ကြီး အသုံးပြုပါက ပြင်းထန်စွာ အရေးယူခြင်းခံရမည်ဟု သတိပေး ခဲ့ကြောင်း သိရသည်။

မိမိတို့ ကချင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်သည်မှာ လုံခြုံရေးအတွက် ဖြစ်ကြောင်း၊ သမ္မတကြီး၏ ညွှန်ကြားချက်အရ ကာကွယ်ရေးဦးစီးချုပ်မှလည်း တိုက်ခိုက်ခြင်း မပြုလုပ်ရန် ညွှန်ကြားထားပြီး ဖြစ်သည်ကို အားလုံး အသိပင်ဖြစ်ကြောင်း၊ လုံခြုံရေး တာဝန်ထမ်းဆောင်သော တပ်များအနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလာပါက လက်နက်ငယ်များဖြင့်သာ ပြန်လည် ခြောက်လှန့် ပစ်ခတ်ရမည် ဖြစ်ကြောင်း၊ ခွင့်ပြုချက် တောင်းခံ ခြင်း မပြုဘဲ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ပါက စစ်စည်းကမ်းအတိုင်း ထိရောက်စွာ အရေးယူခြင်း ခံရမည် ဟု သတိပေးခဲ့သည်ဟု ပြည်သူ့စစ် ခေါင်းဆောင် တစ်ဦးက ပြောပြခဲ့ပါသည်။

၎င်းမှ တပ်မှူးများအား အခြေအနေ မေးမြန်းရာ တပ်မှူး တစ်ဦးမှ ငါတို့က နယ်မြေအလိုက် လုံခြုံရေး တာဝန် ထမ်းဆောင်နေရတာ၊ ငါတို့သွားနေတဲ့ လမ်းကြောင်းတွေလဲ ဒီကောင်တွေ အကုန်သိပြီးသား၊ ကိုယ့်ကို လာပစ် လို့ လက်နက်ကြီးနဲ့ ချက်ချင်း ပြန်မပစ်နိုင်ရင်တော့ ကိုယ့်ဘက်က အထိအခိုက်များမှာပဲ လို့ ပြောခဲ့ပါသည်။

အခု လေကြောင်းက ပါနေတယ်ဆိုတာကလည်း လဂျားယန်ကို ရိက္ခာပို့ သွားတဲ့ အဖွဲ့တွေရဲ့ လုံခြုံရေးအတွက် ကင်းထောက်တဲ့ သဘောပဲ ဖြစ်ပုံရပါတယ်။ သူတို့ စခန်းတွေကို သိနေတာပဲ။ အကုန်လုံးကလည်း အမြောက်နဲ့ ပစ်ရင် ထိနိုင်တဲ့ နေရာတွေမှာ ရှိနေတာ။ စစ်တပ်ရဲ့ အမိန့်နာခံတာကလည်း ဘယ်သူမှ လိုက်မမှီဘူးဟု ၄င်းက ဆက်ပြီး ပြောပြခဲ့ပါသည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍ မေးမြန်းကြည့်ရာ အခု ABSDF ပါလာမှ ထိတွေ့မှု တွေ ပိုများလာတယ်။ ဒီဘက်က ငြိမ်းချမ်းရေးအတွက် ဆိုပြီး ပစ်ခတ်တာတွေ မလုပ်တော့ တဖြည်းဖြည်း ပို အတင့်ရဲလာသလိုပဲ။ လက်နက်ကြီးတွေ ဆင်ထားတဲ့ ကုန်းဘေးနားအထိ လာပစ်ရဲကြတယ်။ အခုလက်ရှိတော့ တပ်က တကယ်ကို အကျအဆုံးများနေတယ် လို့ ၄င်းက ပြောခဲ့ပါတယ်။



အေးချမ်းမွန်မှOpposite Eye တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

ကချင်ပြည်နယ်အတွင်းလုံခြုံရေးတာဝန်ယူရသည့်တပ်မှူးများအစည်းအဝေးတွင်သက်ဆိုင်ရာတပ်ရင်းများ
အား အထက်အမိန့်မရဘဲ လက်နက်ကြီး အသုံးပြုပါက ပြင်းထန်စွာ အရေးယူခြင်းခံရမည်ဟု သတိပေး ခဲ့
ကြောင်း သိရသည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနားကြီးကို တိုက်ရိုက်ကြည့်ရှုနိုင်ပြီ

ဒီဇင်ဘာလ ၃၀ ရက်နေ့၊ ညနေ ၃ နာရီအချိန်မှာ ကျင်းပပြုလုပ်သွားမယ့် ၂၀၁၁ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်
ထူးချွန်ဆုပေးပွဲ အခမ်းအနားကြီးကိုအဝေးရောက် ပရိသတ်များကတိုက်ရိုက် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။
ကြည့်ရှုရမယ့် Link ကတော့

ဒီလှိုင်းကို နေ့စဉ်ထုတ်သတင်းစာအဖြစ်ပြောင်းလဲရန် ကြိုးပမ်းမည်


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အပတ်စဉ်ထုတ်စာစောင်ဒီလှိုင်း”ကို နေ့စဉ်ထုတ်သတင်းစာအဖြစ် ပြောင်း
လဲရန်ကြိုးပမ်းသွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ပုလဲသီရိတိုက်ခန်း အမှတ် (၃၆၁) မြေညီထပ်တွင် ပြုလုပ်သော ဒီလှိုင်းစာစောင်၏ ရုံး
ခန်းပြောင်းရွေ့ဖွင့်လှစ်ပွဲတွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။

အာဖဂန် နစ္စတန် နိုင်ငံမှ အမျိုးသမီး နှစ်ဦး ပထမဆုံး စစ်ရဟတ်ယာဉ် မှူးများ ဖြစ်လာမည်

အာဖဂန် နစ္စတန် နိုင်ငံမှ အမျိုးသမီး နှစ်ဦး ပထမဆုံး စစ်ရဟတ်ယာဉ် မှူးများ ဖြစ်လာမည်

အာဖဂန် အမျိုးသမီး လေယာဉ်မှူး နှစ်ဦးသည် အမေရိကန် နိုင်ငံ၌ စစ်သုံး ရဟတ်ယာဉ်မောင်း သင်တန်းအား လေ့လာ သင်ယူခဲ့ပြီးနောက် အာဖဂန် နစ္စတန် နိုင်ငံသို့ မကြာသေးမီက ပြန်လည်ရောက်ရှိ ခဲ့ကြောင်း သိရ သည်။ ဒုတိယဗိုလ် ဆိုယာဆာလာနှင့် ဒုတိယဗိုလ် မဆူးမာ ဟတ်ဆိုင်းနီ အမည်ရှိ အမျိုးသမီး လေယာဉ်မှူး နှစ်ဦးသည် အမေရိကန် နိုင်ငံ၌ စစ်သုံး ရဟတ်ယာဉ်မောင်း သင်တန်းအား ၁၈ လကြာ တက်ရောက် ခဲ့ကြသည်။ ဆိုဗီယက်တပ်များ အာဖဂန်မှ ဆုတ်ခွာ ခဲ့ပြီးနောက် ၎င်းတို့ နှစ်ဦးသည် အာဖဂန် နစ္စတန် နိုင်ငံ၏ ပထမဆုံး အမျိုးသမီး စစ်ရဟတ် ယာဉ်မှူးများ ဖြစ်လာတော့မည် ဖြစ် သည်။

ဆာလာနှင့် ဟတ်ဆိုင်းနီတို့သည် မိမိတို့အား အာဖဂန် လေတပ်မှ ပစ်ပယ်လိမ့်မည် မဟုတ်ဟု ယူဆထား ကြောင်းနှင့် မကြာမီ အချိန်အတွင်း အာဖဂန် လေတပ်၌ ရဟတ်ယာဉ်မောင်း တာဝန်ထမ်းဆောင် သွားမည် ဖြစ်ကြောင်း လော့စ်အိန်ဂျလိစ် သတင်းစာ၌ ပြောကြား ခဲ့သည်။

အာဖဂန် နစ္စတန် နိုင်ငံသည် တာလီဘန် အစိုးရ လက်ထက် အတွင်း၌ အမျိုးသမီး များ၏ ပညာ သင်ကြားရေး နှင့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်မှုကို ကန့်သတ် ခဲ့ကြသည်။ ထို့အပြင် အစိုးရ အဖွဲ့သစ်နှင့် နိုင်ငံတကာ အဖွဲ့အစည်း တို့ကလည်း အာဖဂန် အမျိုး သမီးများ၏ စီးပွားရေးနှင့် ပညာ သင်ကြားရေး အခွင့်အလမ်းများ အပြည့်အဝ ရရှိရေး စီစဉ် ဆောင်ရွက်ပေးရန် ပျက်ကွက် ခဲ့ကြကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/3111-2012-12-30-10-12-00

အေးချမ်းမွန်မှမြ၀တီတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

အာဖဂန် အမျိုးသမီး လေယာဉ်မှူး နှစ်ဦးသည် အမေရိကန် နိုင်ငံ၌ စစ်သုံး ရဟတ်ယာဉ်မောင်း သင်တန်း
အား လေ့လာ သင်ယူခဲ့ပြီးနောက် အာဖဂန် နစ္စတန် နိုင်ငံသို့ မကြာသေးမီက ပြန်လည်ရောက်ရှိ ခဲ့ကြောင်း သိရ သည်။

စစ်ပွဲတွေရပ်ဖို့ မန္တလးမှာ တကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့တဲ့ ပန်းချီဆရာဆူးမြင့်သိန်းကိုပြန်လွတ်ပေးလိုက်ပြီ

စစ်ပွဲတွေရပ်ဖို့ အတွက် မန္တလးမှာ စစ်ပွဲတွေရပ် ပါဖောမန့်  တကိုယ်တော်ဆန္ဒဖော်ထုတ်နေသူ ပန်းချီဆရာဆူးမြင့်သိန်းအား တွေ့ရစဉ် (September 20, 2012)

အခွင့်ကြုံက ဆက်လုပ်ဦးမည်ဟုဆိုသည့် ပါဖောမန့်အနုပညာတင်ဆက်သူ

မန္တလေးချမ်းအေးသာစံမြို့နယ် အမှတ်(၈)ရဲစခန်းမှ ခေတ္တခေါ်ယူမေးမြန်းခြင်းခံရသော ပါဖောမင့် အနုပညာတင်ဆက်သူ စူးမြင့်သိန်းအား တစ်နာရီခွဲခန့်ခေါ်ယူမေးမြန်းခဲ့ပြီးနောက် ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ပြုလုပ်သောငြိမ်းချမ်းရေးသရုပ်ဖေါ်ခဲ့ခြင်းကြောင့် ယခုလိုခေါ်ယူ မေးမြန်းခံခဲ့ ရခြင်းဖြစ်သည်။

တစ်နာရီခွဲခန့် မေးမြန်းမှုများပြုလုပ်ပြီးနောက် စခန်းမှပြန်ထွက်လာသောစူးမြင့်သိန်းကို မီဒီယာသမားများက (၃)မိနစ်ခန့် တွေ့ဆုံမေးမြန်းခွင့်ရခဲ့သည်။

“ ကျန်းမာရေးကြောင့်ပါတဲ့ ၊ ကျွန်တော့်ကို ရဲမှူးကြီးက ပြောပါတယ် ဒီမှာအေးအေး ဆေးဆေး အနားယူပါလို့ ပြောတယ် ခံဝန်လက်မှတ်တော့ မထိုးခဲ့ရဘူး ၊ကိုယ်ရေးအကျဉ်းဖြည့်ခဲ့ရတယ်” ဟု ၄င်းက အမှတ်(၈) ရဲစခန်း အပေါက်တွင်ဖြေကြားခဲ့သည်။

အနုပညာတင်ဆက်သူ စူးမြင့်သိန်းတွင် ကျန်းမာရေးတစ်စုံတစ်ရာယိုယွင်းမှု မရှိကြောင်း ၎င်းကိုယ်တိုင်က ပြောကြားခဲ့သည်။

“ ဘာမှ မရှိပါဘူး ၊ အားလုံးကောင်းပါတယ်။ သူတို့ကတော့ စိုးရိမ်လို့ရပ်ခိုင်းတာလို့ ပြောတယ် ” ဟု ဆက်လက် ပြောကြားသည်။

တစ်ကမ္ဘာလုံးစစ်ပွဲတွေဖြစ်ပွားနေတာ ၊ လူတွေငြိမ်းချမ်းဖို့ ၊ဒေါသတွေငြိမ်း သွားအောင်လို့ တင်ဆက်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ မန္တလေးမြို့မှ အနုပညာသမားတစ်ဦးဖြစ်သူ ညီပုလေးကစိတ်ချမ်းသာမှုများရှိမှ အနုပညာများ ဖန်တီးနိုင်မှုရှိမည်ဖြစ်ကြောင်းဒီမိုကရေစီခေတ်တွင် လွတ်လပ်စွာ အနုပညာဖန်တီးနိုင်ခွင့်ရှိရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

“ ပန်းချီပြပွဲတွေမှာလဲ ပြသခွင့်မရတဲ့ ကားတွေရှိတယ် ၊ဒီလိုမျိုးတွေ ရှိနေရင် အနုပညာတင်ဆက်မှုတွေ လျော့လာနိုင်တယ် ” ဟု ညီပုလေးကပြောကြားသည်။

အနုပညာတင်ဆက်မှုများကြောင့် ယခုအကြိမ်သည် (၃)ကြိမ်မြောက်ခေါ်ယူမေးမြန်းခြင်းဖြစ်ပြီး ပြီးခဲ့သည့် အကြိမ်ကမလေးရှားနိုင်ငံသားများနှင့်အတူ မန္တလေးကျုံးဘေးတွင် ပြုလုပ်ခဲ့သောအနုပညာတင်ဆက်မှုတွင်လဲ စူးမြင့်သိန်းအား ခေါ်ယူမေးမြန်းခြင်းခံခဲ့ရပြီးတရားရုံးတင်ရန်အထိ ကြိုးစားခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စများနှင့်ပတ်သတ်၍ ချမ်းအေးသာစံမြို့နယ်အပိုင်အမှတ်(၈)ရဲစခန်းမှ တာဝန်ရှိသူများကို တွေ့ဆုံခွင့် တောင်းခံခဲ့သောလည်းမီဒီယာနှင့် တွေ့ဆုံရန် ငြင်းဆန်ခဲ့သည်။

“ ကျွန်တော်ကတော့ ပါဖောမင့်အနုပညာသမားပါ နောက်ထပ် အခွင့်အရေးကြုံရင်ဆက်လုပ်သွားမှာပါ”ဟု အနုပညာတင်ဆက်သူ စူးမြင့်သိန်းက ပြောကြားခဲ့သည်။

Reference and Credit to -News[မင်းမင်းလတ်(မြစ်မခ)][ဓာတ်ပုံ-Ko John]
Posted By Admin-KMO
(email:newsofburma.myanmar@gmail.com)
စစ်ပွဲတွေရပ်ဖို့ အတွက် မန္တလးမှာ စစ်ပွဲတွေရပ် ပါဖောမန့်  တကိုယ်တော်ဆန္ဒဖော်ထုတ်နေသူ ပန်းချီဆရာဆူးမြင့်သိန်းအား တွေ့ရစဉ် (September 20, 2012)
မန္တလေးချမ်းအေးသာစံမြို့နယ်မှတ်(၈)ရဲစခန်းမှ ခေတ္တခေါ်ယူမေးမြန်းခြင်းခံရသောပါဖောမင့်အနုပညာ
တင်ဆက်သူ စူးမြင့်သိန်းအား တစ်နာရီခွဲခန့်ခေါ်ယူမေးမြန်းခဲ့ပြီးနောက် ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်
သည်။

ကမ္ဘာ့အမာကြောဆုံး အသားပိုင်ရှင်

ကမ္ဘာ့အမာကြောဆုံး အသားပိုင်ရှင်

တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်က အသက် ၃၆ နှစ်အရွယ် ကွန်ဖူး သိုင်းပညာ ရှင် ရှောင်လင်ဘုန်းကြီး Hu Qiong ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့က တရုတ်နိုင်ငံ အလယ်ပိုင်း Xiangfan မြို့  မှာ ယခုလို လက်စွမ်းပြပြီး ကမ္ဘာ့အသိအမှတ်ပြု ခံခဲ့ရပါတယ်။ 

သံဖောက် စူး၊ သံဖောက်လွ၊ Drill စက် အမျိုးမျိုးနဲ့ ဘော်ဒီ တစ်ခုလုံးကို မိနစ် အတော်ကြာ ဖောက်ပြီး ဘာမှ မဖြစ်တာကို သက်သေပြခဲ့ ပါတယ်။ လည်နေတဲ့ သံဖြတ်လွှနဲ့လည်း ဝမ်းဗိုက်ကို ဖြတ်ပြပြီး ဘာမှ မဖြစ်တာ ကို မြင်တွေ့ခဲ့ကြပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတွက် အပေါက်ဖောက် မော် တာစက် (Drilling machine) ကို အသုံးပြုပြီး ဦးနှောက် ဖောက်ပြတဲ့ စတန့်ပြကွက်ကတော့ ကမ္ဘာ့ပထမဆုံးပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် သူ့ကို Unbreakable body ပိုင်ဆိုင်သော Superhuman လို့ ခေါ်ဆိုပါတယ်။ တရုတ်ရိုးရာ ကွန်ဖူး သိုင်းပညာရပ်ကို အခြေခံ လို့ လေ့ကျင့်ထားခြင်း ဖြစ်ပြီး သူ့ရဲ့  လက်တွေ့ပြ ဖောက်ပြမှုများ ကို အောက် ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။ 
--
http://www.youtube.com/watch?v=JTTSXx1ks0I

International news for myanmar

http://www.innewsmyanmar.com/2012/12/blog-post_1819.html


--


တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်က အသက် ၃၆ နှစ်အရွယ် ကွန်ဖူး သိုင်းပညာ ရှင် ရှောင်လင်ဘုန်းကြီး Hu Qiong ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့က တရုတ်နိုင်ငံ အလယ်ပိုင်း Xiangfan မြို့  မှာ ယခုလို လက်စွမ်းပြပြီး ကမ္ဘာ့အသိအမှတ်ပြု ခံခဲ့ရပါတယ်။