Pages

Pages - Menu

Wednesday, December 12, 2012

၂၀၁၂ ခုနှစ်အတွင်း အင်တာနက်တွင် လူရှာအများဆုံး စကားလုံးများ

၂၀၁၂ ခုနှစ်အတွင်း အင်တာနက်တွင် လူရှာအများဆုံး စကားလုံးများ

၂၀၁၂ ခုနှစ်အတွင်း အင်တာနက်မှာ လူရှာအများဆုံး စကားလုံး ၁၀ လုံး စာရင်းကို Google Zeitgeist မှ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် ဒီစာရင်းက ဗြိတိန်နိုင်ငံ တစ်ခုတည်းမှာပဲ ကောက်တဲ့ စာရင်း ဖြစ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် တစ်နှစ်တာအတွင်း အထူးခြားဆုံး ဖြစ်ရပ်နဲ့ ဗဟုသုတ လေးတွေမို့ မျှဝေပေးလိုက် ရပါတယ်။

Google Zeitgeist ဟာ နှစ်စဉ် တစ်နှစ်ကုန်တိုင်းမှာ လူရှာအများဆုံး စကားလုံးများကို Google ကနေ စစ်တမ်း ကောက်ယူပေးလျက် ရှိပါတယ်။ ယခု ကောက်ပေးလိုက်တဲ့ စာရင်းအရ- 

1. Euro 2012
2. Olympic tickets
3. Whitney Houston
4. Kate Middleton
5. April Jones
6. Netflix
7. Natwest online
8. iPad 3
9. Gary Barlow
10. Gangnam Style

အစရှိတဲ့ စကားလုံးများ ဖြစ်ပါတယ်။ Euro 2012 က ထိပ်ဆုံးမှာ ရပ်တည်ပါတယ်။ ပိုလန်နဲ့ ယူကရိန်းမှာ ပူးတွဲကျင်းပတဲ့ ဘောလုံးပွဲ ဖြစ် ပါတယ်။ အိုလံပစ် ပွဲလက်မှတ် (Olympic tickets) ကတော့ ဒုတိယ လိုက်ပါတယ်။ လန်ဒန်မှာ ကျင်းပတဲ့ အိုလံပစ်ပွဲ ကြောင့် ဖြစ်ပါတယ်။ တတိယကတော့ ကွယ်လွန်သွားရှာတဲ့ အမေကန်က ဂရန်မီဆုရ အမျိုးသမီး အဆိုတော်ကြီး Whitney Houston ဖြစ်ပါတယ်။

ပြီးတော့ Apirl Jones ဖြစ်ပါတယ်။ ဧပရယ်ဂျုံးဆိုတာကတော့ အင်္ဂလန်မှာ ပျောက်ချင်းမလှ ပျောက်သွားတဲ့ ကလေး ဖြစ်ပါတယ်။ ၂၀၁၂၊ အောက်တိုဘာက ဖြစ်ပြီး သူ့အစအနလည်း ရှာမတွေ့တော့ပါဘူး။ လုပ်ကြံသတ်တယ်လို့ပြောရအောင်လည်း အလောင်း ရှာမတွေ့ပါဘူး။ မီးရှို့ ပဲ သတ်သလားလို့တောင် စုံစမ်းနေဆဲ ဖြစ်ပါတယ်။ သံသယရှိဖွယ်လူကတော့ ဖမ်းဆီးထားပြီးပါပြီ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကလေးပျောက်တဲ့ မှုခင်း ဖြစ်တာ များတော့ မထူးဆန်းပေမယ့် ဗြိတိန်မှာတော့ အထူးအဆန်း ဖြစ်နေပါတယ်။ မီဒီယာများကလည်း နည်းမျိုးစုံနဲ့ ဖော်ပြတဲ့အတွက် Apirl Jones ဆိုတာ ကမ္ဘာသိ ဖြစ်သွားရပါတယ်။ 

နံပါတ် ၆ မှာ Netflix ရှိနေပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာအထိ လွင့် တင်ထားတဲ့ အွန်လိုင်း ဖျော်ဖြေရေးလုပ်ငန်း ဖြစ်ပြီး သီချင်း၊ ရုပ်ရှင်များ ကို ဒေါင်းလုခ်ဆွဲလို့ရ၊ ကြည့်ရှုလို့ရတဲ့ ဝဘ်ဆိုဒ် ဖြစ်ပါတယ်။ မြန်မာပြည်မှာ Netflix ကိုအသုံးပြုလို့ မရသေးပါဘူး။ ရလည်း လက်ရှိ လိုင်းစွဲအားနဲ့ အဆင်ပြေပြေ အသုံးပြုလို့ ရမှာ မဟုတ်ပါဘူး။ သို့ပေမယ့် ကမ္ဘာပေါ် မှာတော့ တော်တော်လေး အောင်မြင်နေ ပြီ ဖြစ်တဲ့ ဆိုဒ် ဖြစ်ပါတယ်။ ဒီနိုင်ငံမှာ မရပါဘူး နောက် ရတဲ့အခါမှ လမ်းအသိပေးမယ်လို့ ရေးထားတဲ့ စာလေး ဖတ်ချင်ရင်တော့ Netflix ဆိုဒ်ကို ဝင်ကြည့်နိုင်ပါတယ်။ www.netflix.com

နံပါတ် ၈ နေရာကို Apple ရဲ့  iPad 3 ရောက်သွားပါတယ်။ အရင်နှစ်တွေက ဆိုရင် Apple ရဲ့  ကုန်ပစ္စည်းတွေက အများဆုံး ရှာဖွေတဲ့ စကားလုံးစာရင်း ထဲ မှာ ထိပ်တန်း ပါနေတတ်ပါတယ်။ ယခုဆိုရင် iPhone 4s ရော၊ iPhone 5 ရော မပါဝင်ပါဘူး။ iPad 3 ကတော့ ကံကောင်းစွာပဲ နံပါတ် ၈ နဲ့ ပါဝင်ပါ တယ်။ 

နံပါတ် ၉ နေရာမှာတော့ Gary Barlow ဖြစ်ပါတယ်။ အင်္ဂလန် ပေါ့ပ်-ရောခ့် အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ နံပါတ် ၁၀ မှာတော့ Gangnam Style ဖြစ် ပါတယ်။ ဒါတောင် ဇူလိုင်လလယ်က တင်လိုက်တာ ဖြစ်ပြီး ၅ လအတွင်းကို လူရှာအမျာဆုံး စကားလုံး စာရင်းထဲမှာ ပါဝင်လာခြင်း ဖြစ်ပါတယ်။ 

အင်္ဂလန်မှာတောင် စာရင်းကောက်တာ မြန်မာပြည်မှာလည်း ဒီလို စာရင်းကောက်မှုများ ကြိမ်းသေပေါ်လာတော့မှာပါ။ ဒီတော့ မြန်မာပြည်မှာ လူရှာအများဆုံး စကားလုံး စာရင်းများကိုလည်း သိချင်ကြမယ် ထင်ပါတယ်။ ဒီတော့ ဘယ်စကာလုံးတွေ ဖြစ်မလဲ ဆိုတာ လောလောဆယ်တော့ ကိုယ့်ကိုယ်ကိုသာ အမှတ်စဉ်တက်လို့ ရေးချနိုင်ပါတယ်။ 
--
Ref: pocketlint.
Aung Kham (TSJ team)
--
http://blog.techspace.com.mm/2012/12/blog-post_12.html
--
---

အေးချမ်းမွန်မှTechSpace Journal  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

၂၀၁၂ ခုနှစ်အတွင်း အင်တာနက်မှာ လူရှာအများဆုံး စကားလုံး ၁၀ လုံး စာရင်းကို Google Zeitgeist မှ ထုတ်ပြန်
ခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် ဒီစာရင်းက ဗြိတိန်နိုင်ငံ တစ်ခုတည်းမှာပဲ ကောက်တဲ့ စာရင်း ဖြစ်ပါတယ်။ ဘာပဲ
 ဖြစ်ဖြစ် တစ်နှစ်တာအတွင်း အထူးခြားဆုံး ဖြစ်ရပ်နဲ့ ဗဟုသုတ လေးတွေမို့ မျှဝေပေးလိုက်ပါတယ်။

အစိုးရတပ်များ တရုတ်နယ်စပ်ကို အသုံးချပြီး KIA ကိုတိုက်ခိုက်

အစိုးရတပ်များ တရုတ်နယ်ကို အသုံးချပြီး KIA ကိုတိုက်ခိုက်

 Wednesday, 12 December Written by ရွှေဟင်္သာသတင်းဌာန

အစိုးရတပ်ဖွဲ့များသည် ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) သိမ်းပိုက်ထားသော ၄င်းတို့စခန်းပြန်ရရေးအတွက် တရုတ် နယ်စပ်ဖက်ကိုဝင်ပြီး ပြန်လည် တိုက်ခိုက်နေသည်ဟု KIA အရာရှိတဦးက ပြောပါသည်။

 “ပန်ဝါအထက်နားကပေါ့ နယ်ခြားမှတ်တိုင် (၆) အနားမှာရှိတဲ့ အူရားကောင် (U Ra Kawng) ဆိုတဲ့ အစိုးရစခန်းတခုကို ကျနော်တို့က ပြီးခဲ့တဲ့ (၁၀) ရက်နေ့ မနက်မှာ သိမ်းလိုက်တယ်။ အချိန်တိုအတွင်းမှာဘဲ သိမ်းနိုင်ခဲ့တယ်လေ။ လက်နက်တွေ၊ ကျည်အမျိုးမျိုး၊ RPG အသီးတွေ ရခဲ့တယ်။ အခုတော့ ဒီစခန်းကိုပြန်ရဖို့ အပြင်းအထန်ကို သူတို့ပြန် ကြိုး စားနေကြတယ်၊ တိုက်ပွဲပြင်းပြင်းထန်ထန်ကို ဖြစ်နေတယ်” ဟုဆိုပါသည်။

KIA နှင့် အစိုးရတပ်ဖွဲ့တို့၏ ပန်ဝါဒေသတိုက်ပွဲတွင် အစိုးရဖက်မှ အထိနာပြီး ကျဆုံးဒါဏ်ရာရမှု များစွာ ဖြစ်ခဲ့ပါသည်။ ဤသို့ကြောင့် ခလရ (၇၇)၊ ခမရ (၂၆၀) နှင့် ခလရ (၁၃) တပ်ဖွဲ့ဝင်များ စခန်းချနေသော အူရားကောင် (U Ra Kawng) စခန်းကို KIA ကအလွယ်တကူ သိမ်းဆည်းနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ဤ စခန်းသည် ယခင်က KIA စခန်းဖြစ်ပြီး ပြီးခဲ့ သည့် သြဂုတ်လ (၁၄) ရက်နေ့တွင် ခလရ (၇၄) နှင့် ခလရ (၇၇) တို့က သိမ်း ဆည်းထားသောစခန်းဖြစ်ပါသည်။

အစိုးရတပ်ဖွဲ့သည် ဤစခန်းကိုပြန်ရရန် တရုတ်နယ်စပ်ကို အသုံးချပြီး တိုက်ခိုက်နေသော်လည်း ဤအခြေ အနေကို တရုတ်ဖက်က မသိကျိုးကျွံ ပြုနေသည်ဟု ဆိုပါသည်။ ထို့အပြင် ပန်ဝါတိုက်ပွဲကိုလည်း စစ်ရဟတ်ယာဉ် တိုက်ခိုက်မှုများ ပိုမိုအသုံးပြုလာနေပြီး အကျအဆုံးများမှုကြောင့် စစ်ဗျူဟာကိုလည်း တပ်မမှူးအဆင့်မှ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် ကြီးကြပ်နေရသည့် အခြေအနေသို့ ရောက်ရှိနေပါသည်။ http://www.phophtaw.org/burmese/index.php/news/local-news/2496--kia-.html

အစိုးရတပ်ဖွဲ့များသည် KIA တပ်မဟာ (၂) ဖြစ်သည့် ကချင်ပြည်နယ် တနိုင်းစစ်မြေပြင်၌လည်း ထူးခြားသောလက်နက် ကြီးများ အသုံးပြုနေပါသည်။ ထိုဒေသတွင် ဆွီဒင်နိုင်ငံဥပဒေ၊ ဥရောပပြည်ထောင်စု ဥပဒေများဖြင့် ကန့်သတ်ထား သည့် ဆွီဒင်နိုင်ငံလုပ် 4mm Carl Gustaf rocket launchers အမျိုးအစားလက်နက်များကိုပါ အသုံးပြုနေပါသည်။ ဤလက်နက်မျိုးကိုလည်း KIA ကသိမ်းဆည်းရမိခဲ့သည်ဟု ဆိုပါသည်။

http://www.youtube.com/watch?feature=player_embedded&v=tQyZagV85eo

နာမည်ကျော် ဆွီဒင်သတင်းစာကြီး Svenska Dagblade ကလည်း 4mm Carl Gustaf rocket launchers အမျိုး အ စားသည် မြန်မာအစိုးရလက်တွင်း၌ ထူးခြားစွာရောက်ရှိသွားကြောင်း၊ ဤအကြောင်းကိုလည်း စတင်စုံစမ်းနေပြီဖြစ် ကြောင်း သက်ဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့ပါသည်။ ဆွီဒင်လက်နက်ကုမ္ပဏီ SAAB ၏ အကြီးအကဲလည်း ဖြစ်၊ ဆွီဒင်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သော Mr ebastian Carlsson ကလည်း အဆိုပါသတင်း မှန် ကန် ကြောင်း ယမန်နေ့က အတည်ပြုပြောကြားခဲ့ပါသည်။
အစိုးရတပဖွဲ့များ ထံမှ သိမ်းဆည်းရမိခဲ့သည့်
ဆွီဒင်နိုင်ငံထုတ်
4mm Carl Gustaf rocket launchers အမျိုး အ စား
အစိုးရတပ်ဖွဲ့များသည် ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) သိမ်းပိုက်ထားသော ၄င်းတို့စခန်းပြန်ရရေးအတွက် တရုတ် နယ်စပ်ဖက်ကိုဝင်ပြီး ပြန်လည် တိုက်ခိုက်နေသည်ဟု KIA အရာရှိတဦးက ပြောပါသည်။

မြန်မာနိုင်ငံ၏ လာဘ်စားမှု ပပျောက်ရေး လုပ်ဆောင်မှုများတွင် UNDP နှင့် UNODC မှ ကူညီရန်အသင့်ရှိဟုဆို

မြန်မာနိုင်ငံ၏ လာဘ်စားမှု ပပျောက်ရေး လုပ်ဆောင်မှုများတွင် UNDP နှင့် UNODC မှ ကူညီရန်အသင့်ရှိဟုဆို 
Wednesday, 12 December 2012

မြန်မာနိုင်ငံ၏ လာဘ်စားမှု ပပျောက်ရေး လုပ်ဆောင်မှုများကို ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP နှင့် ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇ၀တ်မှုများ
ဆိုင်ရာရုံး UNODC မှ ကူညီပေးသွားရန် အသင့်ရှိနေကြောင်း ဒီဇင်ဘာလ 
၉ ရက်နေ့က သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်ကို ဒီဇင်ဘာလ ၉ ရက်၊ နိုင်ငံတကာ လာဘ်စားမှု ပပျောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် UNODC မှ Country Manager မစ္စတာဂျေဆင်အီလိုက် နှင့် UNDP မှ Country Manager မစ္စတာတွိုင်လီ ကာဗာနော့ဗ်တို့က ပူးတွဲထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂ လာဘ်စားမှု ပပျောက်ရေးဆိုင်ရာ ကွန်ဗင်းရှင်း (UNCAC) ကို ၂၀၀၅ ခုနှစ်တွင် လတ်မှတ်ရေးထိုး
ထားသော်လည်း အာဆီယံနိုင်ငံများထဲတွင် အဆိုပါ ကွန်ဗင်းရှင်း အသက်ဝင်လိုက်နာမှု လုပ်ဆောင်ရန် တစ်နိုင်ငံတည်းသာ ကျန်ရှိ
နေသည်ဟု ဆိုသည်။

UNCAC ကို လိုက်နာမည်ဟု လတ်မှတ်ရေးထိုးထားလျှင် နိုင်ငံအတွင်းရှိ အစိုးရအဖွဲ့အစည်းများ အနေနှင့် အမျိုးသားဥပဒေများ၊ အဖွဲ့အစည်းများ အပေါ်တွင် လာဘ်စားမှု ပပျောက်ရေး ကြိုးပမ်းမှုများ အကောင်အထည်
ဖော်ရမည် ဖြစ်ပြီး နေ့စဉ်အလေ့အထ အနေနှင့် ကျင့်သုံးရမည်ဖြစ်သည်။

ထို့ကြောင့် UNCAC ကို လိုက်နာရန် ဆောင်ရွက်ခြင်းက မြန်မာနိုင်ငံအတွက် မှန်ကန်သော ခြေလှမ်းတစ်ရပ်ဖြစ်မည်ဟု ၄င်းတို့က ဆိုသည်။ ထိုသို့ ဆောင်ရွက်မှသာ အစိုးရက လာဘ်စားမှု ပပျောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတကာအသိအမှတ်ပြု စံနှုန်းနှင့် ခိုင်မာသည့် ဥပဒေမူဘောင် တစ်ရပ်ကို ရရှိစေမည်ဟု ဆိုထားသည်။

မြန်မာနိုင်ငံတွင် အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် လာဘ်စားမှု အရေးယူခြင်းအဖြစ် ကားမှောင်ခို တင်သွင်းမှုတွင် ပါဝင်ပတ်သတ်သည့် အကောက်ခွန်ဦးစီးဌာနမှ ၀န်ထမ်း ၃၅ ဦးကို အရေးယူထားသည်ဟု သိရသည်။

Eleven Media Group

အေးချမ်းမွန်မှ  Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ လာဘ်စားမှု ပပျောက်ရေး လုပ်ဆောင်မှုများကို ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP နှင့် ကုလ
သမဂ္ဂ မူးယစ်ဆေးနှင့် ရာဇ၀တ်မှုများဆိုင်ရာရုံး UNODC မှ ကူညီပေးသွားရန် အသင့်ရှိနေကြောင်း ဒီဇင်ဘာလ
၉ ရက်နေ့က သတင်းထုတ်ပြန်ချက်အရ သိရသည်။

မိုဘိုင်းဖုန်းနှင့် ပက်သက်ပြီး လူသိနည်းပြီး လေ့လာထားသင်သည့် အကြောင်းအရာများ

မိုဘိုင်းဖုန်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာအချို့ 


မိုဘိုင်းဖုန်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာ အချို့ကို စုစည်း ဖော်ပြလိုက် ရပါတယ်။

၁။ ကမ္ဘာ့ ပထမဆုံး လက်ကိုင် မိုဘိုင်းဖုန်း (ဆယ်လူလာ ဖုန်းအမျိုးအစား)ကို Motorola မှ ၁၉၈၃ ခုနှစ်က ထုတ်လုပ်ပြီး DynaTAC 8000X လို့ အမည် ပေးထားပါတယ်။

၂။ ကမ္ဘာ့ ပထမဆုံး SMS စာပို့ စနစ်ကို ၁၉၉၂ ခုနှစ်မှာ စတင်ခဲ့တာ
ဖြစ်ပါတယ်။

၃။ ယနေ့ မိုဘိုင်းဖုန်း အရေအတွက်ဟာ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော် ရှိပါတယ်။

၎။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ မိုဘိုင်းဖုန်းရဲ့ ၇၀ ရာခိုင်နှုန်းဟာ တရုတ်ပြည်မှ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။

၅။ နေ့စဉ် တစ်မိနစ်ကို မိုဘိုင်းဖုန်း အလုံး ၁ ထောင် (Activated) တိုးပွားလျက် ရှိပါတယ်။

၆။ ၃ ပုံပုံ ၂ ပုံသော မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက်ဟာ ဖုန်းက မီးအလင်းရောင်ကို အမှောင်မှာ ဓာတ်မီး အနေနဲ့ အသုံးပြုတတ် ကြပါတယ်။

၇။ မိုဘိုင်း ဖုန်းဆိုတာ ပြန်လည်အသုံးပြု (Re-cycle)လုပ်လို့ရတယ်ဆိုတာ အမေရိကန် မှာတောင် အသုံးပြုသူ ၂.၃ ရာခိုင်နှုန်း မျှသော လူဦးရေသာ သိရှိပြီး ပြုလုပ်ကြပါတယ်။

၈။ မိုဘိုင်းဖုန်းကို ညာဘက်နားနဲ့ အသုံးပြုရင် ဦးနှောက်ထဲ ရေဒီယိုလိုင်း တိုက်ရိုက် လွမ်းမိုးနိုင်တဲ့ အတွက် ဘယ်ဘက် နားဖြင့်သာ အသုံးပြုသင့်တယ်လို့ Apollo Medical Team က သက်သေ ပြထားပါတယ်။

၉။ ကမ္ဘာ့ အရောင်းရဆုံး ဖုန်းကတော့ Nokia မှထုတ်တဲ့ Nokia 110 ဖြစ်ပြီး အလုံးရေ သန်း ၂၅၀ ကျော် ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။

၁၀။ Appleရဲ့ iPhoneတစ်လုံး လုပ်ဆောင်ချက်ဟာ ၁၉၆၅ ခုနှစ်က မြောက်အမေရိက လေတပ်မှာ အသုံးပြု တဲ့ စက်များအားလုံးရဲ့ လုပ်ဆောင်ချက် များထက် ပိုမိုစွမ်းရည် မြင့်မားပါတယ်။

၁၁။ Nokia ဖုန်းမှာ ဘက်ထရီ ကုန်သွားပြီး အရေးတကြီး ဆက်ဖို့ လိုအပ်မယ်ဆိုရင် *3370# ကိုနှိပ်ပါက ဘက်ထရီ အားပြန် ပြည့်ပါတယ်။

၁၂။ နံပါတ် 112ကတော့ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ နံပါတ် ၁၁၂ ကို နှိပ်လိုက်ရင် သူ့နေရာ ဒေသအ လိုက် အရေးကြီး ဖုန်းနံပါတ် များကို Operator မှ ဖြေကြားပေးမှာ ဖြစ်ပါတယ်။

ဖုန်းထဲမှာ ပိုက်ဆံ မကျန်တော့ ရင်တောင် ယင်းနံပါတ်ကို နှိပ်နိုင်တယ်လို့ ဆိုပါတယ်။ မြန်မာပြည်တွင် ၁၁၂ ကို ခေါ်ပါက Emergency Number ဟုပေါ်လာပြီး ရဲစခန်း ဖုန်းနံပါတ်၊ မီးသတ် ဖုန်းနံပါတ်၊ အရေးပေါ် လူနာတင် ယာဉ် ဖုန်းနံပါတ် အစရှိ သဖြင့် ဖြေကြား ပေးသွားမှာ ဖြစ်ပါတယ်။


အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

မိုဘိုင်းဖုန်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာ အချို့ကို စုစည်း ဖော်ပြလိုက် ရပါတယ်။

၁။ ကမ္ဘာ့ ပထမဆုံး လက်ကိုင် မိုဘိုင်းဖုန်း (ဆယ်လူလာ ဖုန်းအမျိုးအစား)ကို Motorola မှ ၁၉၈၃ ခုနှစ်က ထုတ်
လုပ်ပြီး DynaTAC 8000X လို့ အမည် ပေးထားပါတယ်။

၂။ ကမ္ဘာ့ ပထမဆုံး SMS စာပို့ စနစ်ကို ၁၉၉၂ ခုနှစ်မှာ စတင်ခဲ့တာ
ဖြစ်ပါတယ်။

၃။ ယနေ့ မိုဘိုင်းဖုန်း အရေအတွက်ဟာ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော် ရှိပါတယ်။

ကားပါမစ်များကြောင့် ငွေလဲနှုန်းအနည်းငယ်မြင့်တက်

အမေရိကန်ဒေါ်လာနှင့် မြန်မာငွေလဲလှယ်နှုန်းထားသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ငြိမ်သက်လျက်ရှိသော်
လည်းယခုရက်ပိုင်းအတွင်းအနည်းငယ်တက်လာကြောင်း ငွေကြေးလဲလှယ်သည့် ဈေးကွက်အတွင်းမှသိရသည်။

ပြီးခဲ့သည့် တစ်ပတ်အတွင်းက အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ လဲလှယ်နှုန်းသည် ရောင်းဈေး ၈၄၆ ကျပ်၊ ဝယ်ဈေး ၈၄၉ ကျပ်နှင့် တည်ငြိမ် နေပြီး ယခုရက်ပိုင်း ဒီဇင်ဘာ ၁၂ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာ
ရောင်းဈေး ၈၅၀ ကျပ်နှင့် ဝယ်ဈေး ၈၅၃ ကျပ်သို့အနည်းငယ်တက်လာခဲ့ ကြောင်း ဈေးကွက်အတွင်းရှိ ဒေါ်လာနှင့်
ပို့ကုန်ရငွေ လဲလှယ်သူ ကိုအောင်က ပြောကြားသည်။

(၇)နှစ်ကြာပြီးမှ ဆုန်သင်းပါရ်ရဲ့ စတုတ္ထတစ်ကိုယ်တော် တေးစီးရီးကို ဒီဇင်ဘာ (၂၂)ရက်နေ့ မှာဖြန့်ချီတော့မည်


(၇)နှစ်ကြာပြီးနောက်ပိုင်း စတုတ္ထတစ်ကိုယ်တော် တေးစီးရီးထွက်ရှိလာတဲ့ ဆုန်သင်းပါရ်ရဲ့ `အသစ်´တေးစီးရီး
အယ်လ်ဘမ် (ကိုယ်ပိုင်သံစဉ် သီချင်းသစ်များ)ကို ဒီဇင်ဘာ (၂၂)ရက်နေ့ မှာ The Sun Music ထုတ်လုပ်ရေးက
န စတင်ဖြန့်ချိတော့မှာ ဖြစ်တဲ့အကြောင်း စာနယ်ဇင်း ရှင်းလင်းမှုတစ်ရပ်ကို ဒီဇင်ဘာ ၁၂ ရက် နေ့လည် ၃ နာရီ
က Park Royal Hotel မှာ ကျင်းပပြု လုပ်ခဲ့ပါတယ်။

ကျိုက်ထီးရိုး ဘုရားဖူးများစံချိန် တင်လာရောက်သဖြင့်တည်းခိုခန်းခ များသိန်းချီနေ

ကျိုက်ထီးရိုး ဘုရားဖူးများစံချိန် တင်လာရောက်သဖြင့်တည်းခိုခန်းခ များသိန်းချီနေ
=============================================
ညီသစ်လူ
=============================================
ကျိုက်ထီးရိုးဆံတော် ရှင်စေတီတော်မြတ်ကြီးသို့ယခုနှစ် ဘုရားပွဲတော်ကာလအတွင်းပြည်တွင်း ဘုရားဖူးများ စံချိန်တင်လာရောက်လျက် ရှိသဖြင့်တည်းခိုခန်းခများသိန်းချီနေ ကြောင်းပြည်တွင်း ဘုရားဖူးများ ၏ပြောကြား ချက်အရသိရသည်။
...
ကျိုက်ထီးရိုးတောင်ပေါ်သို့ကင် မွန်းစခန်းတောင်ခြေမှကားဖြင့်တိုက် ရိုက်သွား နိုင်သည့် နောက်ပိုင်း ပြည်တွင်း ပြည်ပဘုရားဖူး ဧည့်သည် များပြားလာ ခြင်းဖြစ်ကြောင်း၊ဘုရားသို့သွား ရာလမ်း တစ်လျှောက် ရှိသဘာဝ ပတ်ဝန်းကျင် ကိုဘုရားဖူးများမှနှစ်သက်သည့်အတွက် လာရောက်ခြင်း ဖြစ်ကြောင်း သိရ သည်။
ဘုရားဖူး ဧည့်သည်များ အလွန်များ ပြားစွာလာရောက်ခြင်းကြောင့်တည်းခို ခန်း စရိတ်များ ဈေးကြီးမြင့် နေကြောင်း သိရသည်။ ယင်းနှင့်စပ်လျဉ်း၍ပြီးခဲ့ သည်ရက်ပိုင်းအတွင်းဘုရားဖူးခရီးစဉ် မှပြန်ရောက် လာ သည့် ဦးနိုင်နိုင်က ''အခန်း ခကတစ်ညကို(၁)သိန်း၃သောင်းပေး ရတယ်ရန်ကုန်က ကြယ်ငါးပွင့်အဆင့် ရှိတဲ့ ဟိုတယ် တောင်ဒီလောက်မရှိဘူး ဟိုမှာတည်းခိုခန်းခကအရမ်းဈေးကြီး တယ်''ဟု ယင်းက ဆိုသည်။

ယင်းအပြင်ဘုရားဖူး တစ်ဦးဖြစ်သူဒေါ်မြမြက''ကျွန်မစက်ရုံကလေး တွေကိုအမျိုးသားနေ့က ကျိုက်ထီးရိုး ဘုရားဖူးလိုက်ပို့တာ ကျိုက်ထီးရိုးဘု ရားသို့ဆိုတဲ့နေရာကနေပြန်လာရတယ် မနက်ပိုင်း မှာ ရောက်တယ် ဒါပေမဲ့ရှေ့ ဆက်ပြီးသွားလို့မရဘူးအပြန်ကားတွေ နဲ့ဒီကအသွားကား တွေစည်းကမ်း မရှိ အပြိုင်မောင်း ကျလို့လမ်းတွေပိတ်ကုန်တယ် ဂေါပကတွေနဲ့ယာဉ်ထိန်းရဲ တွေလမ်း ရှင်းတာ အဆင် မပြေဘူးသူ တိုစီမံခန့်ခွဲတာအရမ်းညံတယ်ဘုရား ဖူးပြည်သူတွေ ဒုက္ခရောက်တာပဲအ ဖတ်တင် တယ်'' ဟုယင်းကပြောသည်။

ယင်းကဆက်လက်ပြောရာတွင် တောင်ပေါ်ကိုတက်ဖို့အစီအစဉ်ရှိ သော်လည်းဘုရားဖူးပြည်သူများအ လွန်များပြား နေသော်ကြောင့်နေရာ ထိုင်ခင်းအခက်အခဲဖြစ်နေကြောင်း တည်းခိုခန်းခများမှာ လည်းဈေးနှုန်း အဆမတန်မြင့်မားနေခြင်းကြောင့်ပြန် လှည့်ရခြင်းဖြစ်ကြောင်းသိရသည်။

ပုံမှန်ခရီးသွားလာမှုနည်းပါးသည့် အချိန်တွင်တည်းခိုခန်းခများကိုဂေါ ပကအဖွဲ့မှ သတ်မှတ်ထား သည့်ဈေးနှုန်း ဖြင့်တည်းခိုနိုင်သော်လည်းဘုရားဖူး များသည့်ရုံးပိတ်ရက်များတွင်အခန်း လိုအပ်ချက် အရ ဈေးနှုန်းကြီးမြင့်လေ့ ရှိကြောင်းသိရသည်။

ကျိုက်ထီးရိုးဂေါပကဥက္ကဌဦးစံ မြင့်က''ကျွန်တော်တို့ကဈေးနှုန်းသတ် မှတ်ပေးထား တယ်ဘုရားဖူး အရမ်း များလာ တဲ့အခါဘုရားဖူးတွေကအခန်းလိုချင် တဲ့အတွက်ဈေးနှုန်း မကြည့်ပဲ ငှားရမ်း ကျတယ်ရှိ တဲ့အခန်းနဲ့ ငှားချင်တဲ့သူမ မျှလို့ဒီလိုမျိုးဈေးကြီးတာပါ''ဟုယင်း ကပြော သည်။

ကျိုက်ထီးရိုးဘုရားပွဲတော်ကိုနှစ် စဉ်ဘုရားဖူဧည့်သည် လာရောက်လေ့ ရှိပြီးအစိုးရုံးပိတ်ရက်များ နှင့် ခရစ်စမတ် ပွဲတော်ကာလ အတွင်းတွင်ဘုရားဖူး ပြည်သူများတစ်ရက်လျှင်(၁)သိန်းကျော် လာရောက် လေ့ ရှိကြောင်း သိရသည်။

အေးချမ်းမွန်မှ  Yangon Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

ကျိုက်ထီးရိုးဆံတော် ရှင်စေတီတော်မြတ်ကြီးသို့ယခုနှစ် ဘုရားပွဲတော်ကာလအတွင်းပြည်တွင်း ဘုရားဖူးများ စံ
ချိန်တင်လာရောက်လျက် ရှိသဖြင့်တည်းခိုခန်းခများသိန်းချီနေ ကြောင်းပြည်တွင်း ဘုရားဖူးများ ၏ပြောကြား ချက်
အရသိရသည်။

ဂဏန်းနီကျွန်းလို့ တင်စားခေါ်ရလောက်တဲ့ သြစတေးလျနိုင်ငံ က ခရစ်စမတ်ကျွန်း

ဂဏန်းနီကျွန်း 

အမည်ကတော့ ခရစ်စမတ်ကျွန်းဖြစ်ပါတယ်။ သို့ပေမယ့် လူအရေအတွက် ထက် ဂဏန်းအရေအတွက် ပိုများနေတဲ့အတွက် ဂဏန်းနီ ကျွန်း (red crab island) လို့တောင် တင်စား ခေါ်ဝေါ်ပါတယ်။ 

အိန္ဒိယ သမုဒ္ဒရာထဲမှာ တည်ရှိပြီး သြစတေးလျနိုင်ငံပိုင်ကျွန်း တစ်ခု ဖြစ် ပါတယ်။ အကျယ်အားဖြင့် ၅၂ စတုရန်းမိုင်ပဲ ရှိတဲ့ ကျွန်းငယ်လေး ဖြစ်ပြီး စုစုပေါင်း လူဦးရေ ၁၅၀၀ ဝန်းကျင်ပဲ ရှိပါတယ်။ ပင်လယ်ဂဏန်း (ဂဏန်းနီ) အများဆုံး နေထိုင်ကျက်စားတဲ့ ကျွန်းဖြစ်ပြီး ကျွန်းပင့်ကူကြီးများ လည်း ပေါပါတယ်။ ပင်လယ်ပျော် သတ္တဝါအများစု အသက်ရှင် နေထိုင် ကျက်စားတဲ့ ကျွန်း ဖြစ်ပါတယ်။ လူတွေကို ဒုက္ခ မပေးပါဘူး။ သူတို့ကိုလည်း ဖမ်းဆီးစားသုံးခွင့်ကို အကန့်အသတ်နဲ့ ပိတ်ပင် ထားပါသေးတယ်။ ပင်လယ်စာလည်း ပေါကြွယ်ဝတဲ့အတွက် လမ်းမပေါ် ပုံနေတဲ့ ဂဏန်းနီလောက်ကတော့ ဘယ်သူမှ အန္တရာယ် မပေးပါဘူး။

နှစ်စဉ် သားဖောက်တဲ့အချိန်ရောက်တဲ့အခါ ကျက်စားရာ နေရာ ပြောင်း ပါတယ်။ ကျွန်းကျင်းကျင်းလေးမှာကိုပဲ နှစ်စဉ် ပုံမှန် ရွှေ့ ပြောင်းနေ တာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ ရွှေ့ ပြောင်းချိန် ရောက်ရင် လမ်းမပေါ် မှာကော အိမ်ဝင်းတွေထဲမှာရော ဂဏန်းနီတွေနဲ့ ပြည့်နေတတ်ပါတယ်။ ဒါကြောင့် ဂဏန်းနီအတွက် သီးသန့် သွားရာလမ်းလို့ တောင် နှစ်စဉ် သတ် မှတ်ပြီး ရှောင်ပေးရပါတယ်။ 

ဒါကြောင့် ခရစ်စမတ်ကျွန်းအမည်ရ ဂဏန်းနီ ကျွန်းပေါ်ကို နှစ်စဉ် ကမ္ဘာလှည့် ခရီးသည်များ သွားရောက် လည်ပတ်လေ့ ရှိကြောင်း သိရပါတယ်။ 
--
Ref: wiki

www.innewsmyanmar.com/2012/12/blog-post_12.html

----

အမည်ကတော့ ခရစ်စမတ်ကျွန်းဖြစ်ပါတယ်။ သို့ပေမယ့် လူအရေအတွက် ထက် ဂဏန်းအရေအတွက် ပိုများနေ
တဲ့အတွက် ဂဏန်းနီ ကျွန်း (red crab island) လို့တောင် တင်စား ခေါ်ဝေါ်ပါတယ်။ အိန္ဒိယ သမုဒ္ဒရာထဲမှာတည်ရှိ
ပီး သြစတေးလျနိုင်ငံပိုင်ကျွန်း တစ်ခု ဖြစ် ပါတယ်။

ရန်ကုန်သံဃာတော်များ ညနေ ၃နာရီခွဲတွင် ဆန္ဒထုတ်ဖော် မှုပြီးဆီး

ရန်ကုန်သံဃာတော်များ ဆန္ဒထုတ်ဖော် 

ရန်ကုန်၊ ဒီဇင်ဘာ ၁၂။

ယနေ့နေ့လယ် (၂း၀၀)နာရီတွင် သံဃာတော် အပါး (၅၀၀)ကျော်သည် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် အကြမ်းဖက်ဖြိုခွင်းခံရသော သံဃာတော်များနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ ပြေလည်အောင် ဖြေရှင်းစီမံ
ဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘုရားမှစတင်ကာဆူးလေသို့ စတင်ချီတက် ဆန္ဒဖော်ထုတ်လာစဉ်။ — 
အေးချမ်းမွန်မှ  The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၂။

ယနေ့နေ့လယ် (၂း၀၀)နာရီတွင် သံဃာတော် အပါး (၅၀၀)ကျော်သည် လက်ပံတောင်းတောင်ကြေးနီစီမံ
ကိန်းတွင် အကြမ်းဖက်ဖြိုခွင်းခံရသော သံဃာတော်များနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ ပြေလည်အောင်

အာဆီယံ- အိန္ဒိယ ကားပြိုင်ပွဲ ၂၀၁၂ခုနှစ် မြန်မာနိုင်ငံအတွင်းခရီးစဉ်ဖြစ်သည့် ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ရှိ ၁၁၅မိုင် သိုရောက်ရှိ


အာဆီယံ- အိန္ဒိယ ကားပြိုင်ပွဲ ၂၀၁၂ခုနှစ် မြန်မာနိုင်ငံအတွင်းခရီးစဉ်ဖြစ်သည့်ရန်ကုန်-မန္တလေး အမြန်လမ်း
ပ်ါရှိ ၁၁၅မိုင် သို့ ဒီဇင်ဘာ၁၂ရက်နေ့ လယ်၁နာရီ၁၀မိနစ် တွင်ရာက်ရှိလာခဲ့သည်။

ရန်ကုန်မြို့ရှိသံဃာတော်များ လက်ပံတောင်းတောင် သပိတ်စခန်းများကို အကြမ်းဖက် ဖြိုခွဲခဲ့ခြင်းနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်မှုစတင်နေပါပြီ

လက်ပံတောင်းတောင် သပိတ်စခန်းများကို အကြမ်းဖက် ဖြိုခွဲခဲ့ခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တွင် သံဃာတော် အပါး ၁၀၀ ကျော်ခန့်က ဗဟန်းမြို့နယ် ကြေးသွန်းဘုရားအနီးမှ စတင်ပြီး ဆန္ဒထုတ်ဖော်မှုကို ယနေ့ မွန်းလွဲ ၂ နာရီမှ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ သံဃာတော်များအား လူပုဂ္ဂိုလ်များက ၀န်းရံထားပြီး အဆိုပါသံဃာတော်များသည် ဆူးလေဘုရားသို့ ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်နေပြီဖြစ်သည်။

လက်ပံတောင်းတောင် သပိတ်စခန်းများကို အကြမ်းဖက် ဖြိုခွဲခဲ့ခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တွင်သံဃာ
တော် အပါး ၁၀၀ ကျော်ခန့်က ဗဟန်းမြို့နယ် ကြေးသွန်းဘုရားအနီးမှ စတင်ပြီး ဆန္ဒထုတ်ဖော်မှုကို ယနေ့
မွန်းလွဲ ၂ နာရီမှ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

"ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်(ဗဟိုလုပ်ငန်းကော်မတီ) ပြည်သူလူထုသို့ ပန်ကြားချက်"

"ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်(ဗဟိုလုပ်ငန်းကော်မတီ) ပြည်သူလူထုသို့ ပန်ကြားချက်"

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်(ဗဟိုလုပ်ငန်းကော်မတီ) ပြည်သူလူထုသို့ ပန်ကြားချက်"

ဝန်ကြီးများရုံးအနီးတွင်ကားတစ်စီးမီးလောင်

ဝန်ကြီးများရုံးအနီးတွင်ကားတစ်စီးမီးလောင်
ရန်ကုန်၊ဒီဇင်ဘာ၊၁၂။
ယနေ့မွန်းတည့် ၁နာရီ ၅မိနစ်ကသိမ်ဖြူလမ်းနှင့်မဟာဗန္တုလ
လမ်းထောင့်၊ယခင် ဝန်ကြီးများရုံးနံဘေးတွင် ကားနံပါတ်
၂က/၄၅၈၆ တောင်းအေ့(ဂ်ျ) ယဉ်အမျိုးအစားမီးလောင်ကျွမ်းခဲ့သည်။
မီးလောင်ပြီး ၂မိနစ်ခန့်အကြာ ၁နာရီ ၇မိနစ်တွင်
ရောက်ရှိခဲ့ကြောင်း ကျောက်တံတားမီးသတ်ဝန်ထမ်း တစ်ဦးကပြောသည်။ 
အခင်းဖြစ်ပွားချိန်တွင် ယဉ်မောင်းဖြစ်သူကိုမတွေ့ရှိရတော့ကြောင်း
၊ပေါ့ဆမီးလောင်မှုဖြစ်ကြောင်း ဗိုလ်တစ်ထောင်မြို့နယ် စခန်းမူးက ပြောသည်။

အေးချမ်းမွန်မှ  The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

ရန်ကုန်၊ဒီဇင်ဘာ၊၁၂
ယနေ့မွန်းတည့် ၁နာရီ ၅မိနစ်ကသိမ်ဖြူလမ်းနှင့်မဟာဗန္တုလလမ်းထောင့်၊ယခင် ဝန်ကြီးများရုံးနံဘေးတွင်
 ကားနံပါတ်၂က/၄၅၈၆ တောင်းအေ့(ဂ်ျ) ယဉ်အမျိုးအစားမီးလောင်ကျွမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

"အေဂျင်စီအချို့ ထိုင်းသို့ တရားမဝင်လုပ်သား ပို့ဆောင်ဆဲ


ထိုင်းသို့ အလုပ်သမားပို့ခွင့် လိုင်စင်ရအေဂျင်စီအချို့သည် တစ်ဖက်နိုင်ငံရှိ ပွဲစားများနှင့်ပေါင်းကာ တရားမဝင် အ
လုပ်သမားပို့ဆောင်မှု များ ဆောင် ရွက်နေကြကြောင်း ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေး ကွန်ရက်(MW
RN)မှ နိုင်ငံခြားရေးကျွမ်းကျင်သူMr Andy Hall က ပြောသည်။

"ဈေးကွက်သို့ အမြန်တင်ပို့ရေး ငါးပိရည်ကျို ပြုလုပ်ရာတွင် ဓာတ်မြေသြဇာထည့်သွင်း"

"ဈေးကွက်သို့ အမြန်တင်ပို့ရေး ငါးပိရည်ကျို ပြုလုပ်ရာတွင် ဓာတ်မြေသြဇာထည့်သွင်း"

ငါးပိရည်ကျိုပြုလုပ်ရာ၌ ဈေးကွက်အတွင်းသို့ အလျင်အမြန်တင်ပို့နိုင်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းသုံး ယူရီးယားဓာတ်မြေသြဇာများ ထည့်သွင်းလာကြကြောင်း   မြန်မာနိုင်ငံစားသုံးသူ အကာအကွယ်ပေးရေးအသင်းနှင့် ငါးပိထုတ်လုပ်သူအချို့ထံမှသိရသည်။

 မြန်မာ့ရိုးရာစားစရာတစ်ခု ဖြစ်သော ငါးပိရည်ကျိုငါးပိပြုလုပ် ရာ၌ ငါးများကို စဥ့်အိုးအတွင်း ဆားဖြူး၍ သုံးလခန့်ကြာအောင် ဖိသိပ်ထည့်ရကြောင်း၊ သို့ရာတွင် ငါးပိထု တ်လုပ်သူအချို့မှာ ¤င်းတို့ ၏ ကုန်ပစ္စည်းများအား ဈေးကွက် အတွင်းအမြန်ဆုံးတင်ပို့ရောင်းချနိုင်ရန်နှင့် ငါးအရိုးများ အမြန် ကြေမွစေရန်အတွက် ယူရီးယား ဓာတ်ြေ မသြဇာများကို ငါးပိသိပ် နယ်ရာ၌ ထည့်သွင်းအသုံးပြုလာ ကြကြောင်း၊ ထိုသို့ ယူရီးယားဓာတ် မြေသြဇာထည့်သွင်းအသုံးပြုခြင်း ဖြင့် တစ်ပတ်အတွင်း ငါးရိုးများ ကြေ မွစေ၍ ဈေးကွက်အတွင်း ရောင်းချနိုင်ကြောင်း မအူပင် မြို့နယ်မှ ငါးပိထုတ်လုပ်သူတစ်ဦး က ပြောသည်။ ”အရင်ကတော့ ငါးပိသိပ်ရင် ဆားနဲ့ပဲ နယ်ပြီးထည့်သိပ်တာပဲ။ ဒါပေမဲ့ ဆားနဲ့နယ်တာက အနည်း ဆုံး ၄၅ ရက် လောက်ကြာအောင် စောင့်ရတယ်။ ဓာတ်မြေသြဇာ ထည့်တဲ့အခါကျတော့ တစ်ပတ် လောက်နဲ့ အရိုးတွေကြေတယ်။ ငါးပိစဥ့်အိုးအသေးတစ်လုံးကို ဓာတ်မြေသြဇာ ရေပုလင်းဝက် လောက် ထည့်ရတယ်”ဟု၎င်းက ဆိုသည်။ဓာတ်မြေသြဇာထည့်သွင်း အသုံးပြုထားသော ငါးပိမှာ သာမန် ငါးပိထက် အနည်းငယ် အညိုရောင်သမ်းပြီး ဈေးနှုန်းမှာ လည်း ချိုသာကြောင်း၊ ထိုငါးပိ များမှာ ဈေးကွက်အတွင်းတွင် ကျယ်စွာ ဖြန့်ဖြူးရောင်းချလျက်ရှိ သော်လည်း သက်ဆိုင်ရာမှ ယနေ့ အထိဓာတ်ခွဲစမ်းသပ်၍ အရေး ယူခြင်းများ မရှိသေးကြောင်း၊ အဆိုပါ ငါးပိများတွင် ဓာတု ပစ္စည်း ထည့်သွင်းထားသည့် အတွက် စားသုံးသူများ၏ ကျန်း မာရေးကို ထိခိုက်စေကာ အစာ အဆိပ်သင့်ခြင်း၊ ဝမ်းပျက် ဝမ်း လျှောခြင်း၊ နှလုံး၊ သွေးတိုးနှင့် အစာအိမ်ရောဂါများကို ဖြစ်ပွားစေ နိုင်ကြောင်း မြန်မာနိုင်ငံစားသုံး သူ အကာအကွယ်ပေးရေးအသင်းမှ ဒုဥက္ကဋ္ဌဦးကံညွန့်က ပြောသည်။”ကျွန်တော်တို့အနေနဲ့ အရင် က ဒီကိစ္စကိုမသိဘူး။ နယ်ကိုငါးပိ မှာတဲ့အခါကျတော့ ငါးပိလုပ်တဲ့ သူတွေက ရောင်းတန်းထဲကဟာ ကို မယူနဲ့။ သီးသန့်လုပ်ပေးမယ်လို့ ပြောတာနဲ့ မေးကြည့်ရာကနေ ငါး ပိထဲမှာ ဓာတ်မြေသြဇာထည့်နေ တယ်ဆိုတာတွေကိုသိရတာ ပဲ။ ဒီလို ငါးပိထဲကို ဓာတ်မြေသြဇာ ထည့်တာက ငါးပိအဓိကထုတ်လုပ် ရောင်းချနေတဲ့ ဧရာဝတီတိုင်းဒေ သကြီးဘက်မှာ အများဆုံးပဲ။ ရန်ကုန်တိုက်ကြီးဘက်မှာလည်း ဒါမျိုးတွေ လုပ်ရောင်းနေတယ်”ဟု ၄င်းကထပ်မံပြောသည်။သို့ရာတွင် ၄င်းတို့အသင်း အနေဖြင့် ယခုအချိန်၌ တရားဝင် အသင်းအဖွဲ့ မှတ်ပုံတင်မရရှိသေး သည့်အတွက်   ဈေးများအတွင်း လှည့်လည်စစ်ဆေးခြင်းနှင့် ဓာတ်ခွဲ စမ်းသပ်ခြင်းတို့ မပြုလုပ်နိုင်သေး ဘဲ အများပြည်သူ သိရှိနိုင်စေရန် အတွက် ဓာတ်မြေသြဇာပါဝင် သောငါးပိ များစားသုံးခြင်း မပြုရန် အသိပေးနိုင်ခြင်းသာ ပြုလုပ်နိုင် သည်ဟု ဆိုသည်။

သူရထွန်း
ဓာတ်ပုံ အောင်ကျော်လတ်

ငါးပိရည်ကျိုပြုလုပ်ရာ၌ ဈေးကွက်အတွင်းသို့ အလျင်အမြန်တင်ပို့နိုင်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းသုံး ယူရီး
ယားဓာတ်မြေသြဇာများ ထည့်သွင်းလာကြကြောင်း မြန်မာနိုင်ငံစားသုံးသူ အကာအကွယ်ပေးရေးအသင်းနှင့် ငါး
ပိထုတ်လုပ်သူအချို့ထံမှသိရသည်။

ဟစ်ဟော့ပ်ဂီတ၏ ပထမမျိုးဆက်ဟု သတ်မှတ်ခံရသော ACID အဖွဲ့ဝင် အဆိုတော် အနဂ္ဂနှင့် အဆိုတော် သံသာဝင်းတို့သည် စိန့်သြဂတ်စတင်းဘုရားရှိခိုးကျောင်း၌ ယနေ့လက်ထပ်

ဟစ်ဟော့ပ်ဂီတ၏ ပထမမျိုးဆက်ဟု သတ်မှတ်ခံရသော ACID အဖွဲ့ဝင် အဆိုတော် အနဂ္ဂနှင့် အဆိုတော် သံသာဝင်းတို့သည် စိန့်သြဂတ်စတင်းဘုရားရှိခိုးကျောင်း၌ ယနေ့လက်ထပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

ချစ်သူသက်တမ်း ၆ နှစ်နီးပါးကြာ ယနေ့ ဒီဇငါဘာ ၁၂ ရက် နံနက်တွင် ကျင်းပသည့် လက်ထပ်မင်္ဂလာအခမ်းအနားသို့ မင်္ဂလာမောင်နှံတို့နှင့်အတူ ၎င်းတို့၏ နှစ်ဖက်မိသားစုဝင်များ စုံစုံညီညီ တက်ရောက်ခဲ့ကြသည်ကို တွေ့ရပြီး အနဂ္ဂနှင့် သံသာဝင်းတို့မှာ ကက်သလစ်ဘာသာဝင်များ ဓလေ့ထုံးစံနှင့်အညီ တစ်ဦးနှင့်တစ်ဦး မင်္ဂလာကတိသစ္စာပြုခြင်း၊ မင်္ဂလာလက်စွပ် လဲလှယ်ဝတ်ဆင်ခြင်း၊ မင်္ဂလာလက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ခဲ့သည်။

 မင်္ဂလာပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ချီးမြှင့်ခဲ့ပြီး ဂီတလောကမှ အဆိုတော်များ၊ တေးရေးများ၊ ထုတ်လုပ်သူများ၊ ရုပ်ရှင်ဘက်မှ အကယ်ဒမီထွန်းအိန္ဒြာဗိုတို့စုံတွဲနှင့် အကယ်ဒမီလူမင်းတို့စုံတွဲ တက်ရောက်ချီးမြှင့်သည်ကို တွေ့ရသည်။ နိုင်ငံရေးနယ်ပယ်မှ လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းအချို့တို့လည်း တက်ရောက်ခဲ့သည့်အပြင် အက်ဆစ်အဖွဲ့မှ လွှတ်တော်အမတ် ဇေယျာသော်က မင်္ဂလာပွဲတွင် ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ၀င်ရောက်ဆင်နွှဲခဲ့သည်ကို တွေ့ရသည်။

ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
ဟစ်ဟော့ပ်ဂီတ၏ ပထမမျိုးဆက်ဟု သတ်မှတ်ခံရသော ACID အဖွဲ့ဝင် အဆိုတော် အနဂ္ဂနှင့် အဆိုတော် သံသာ
ဝင်းတို့သည် စိန့်သြဂတ်စတင်းဘုရားရှိခိုးကျောင်း၌ ယနေ့လက်ထပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

သံလွင်တံတား (မော်လမြိုင်) မုတ္တမဘက် ချဉ်းကပ်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး လူခြောက်ဦးသေဆုံး


သံလွင်တံတား (မော်လမြိုင်) မုတ္တမဘက် ချဉ်းကပ်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး လူခြောက်ဦးသေဆုံး	
	
WEDNESDAY, 12 DECEMBER 2012 10:13


သံလွင်တံတား (မော်လမြိုင်) မုတ္တမဘက် ချဉ်းကပ်လမ်းတွင် မုတ္တမဘက်မှတက်လာသော မထသ လိုက်ထရပ်ယာဉ်နှင့် မော်လမြိုင်မှ ကျိုက်ထိုဘက်သို့သွားမည့် စိုးရတနာ မှန်လုံယာဉ်တို့ တိုက်မှုဖြစ်ပေါ်ခဲ့ရာ လိုက်ထရပ်ယာဉ်ပေါ် လိုက်ပါလာသည့် အမျိုးသမီးခြောက်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် မုတ္တမဘက်မှ ယာဉ်မောင်း မောင်ဇော် (၃၈) နှစ် မောင်းနှင်သော ခရီးသည်တင် မထသလိုက်ထရပ် (၈ခ----) သည် မော်လမြိုင်သို့ ထွက်ခွာလာရာ (၀ိုင်-၃၁) မိုင်တိုင်အနီးတွင် အရှိန်လျှော့ရပ်ထားစဉ် မော်လမြိုင်-ကျိုက်ထိုသို့ ခရီးသည် တင်ဆောင်ထွက်ခွာလာသည့် စိုးရတနာ မှန်လုံယာဉ်ဖြင့် တိုက်မိရာ လိုက်ထရပ်ပါခရီးသည်များ ဒဏ်ရရှိကာ မော်လမြိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ယာဉ်တိုက်မှုဖြင့် ခြောက်ဦးသေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့ပြီး မော်လမြိုင် ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေကြောင်း သိရသည်။

မှန်လုံယာဉ်မောင်း သန့်ဇော် (၃၃) နှစ်အား သက်ဆိုင်ရာ ရဲစခန်းက (ပ) ၉၀။ ၂၀၁၂၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၃၇။ ၃၃၈။ ၃၀၄ (က) တို့ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားသည်ဟု သိရှိရသည်။

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

WEDNESDAY, 12 DECEMBER 2012

သံလွင်တံတား (မော်လမြိုင်) မုတ္တမဘက် ချဉ်းကပ်လမ်းတွင် မုတ္တမဘက်မှတက်လာသော မထသ လိုက်ထရပ်
ယာဉ်နှင့် မော်လမြိုင်မှ ကျိုက်ထိုဘက်သို့သွားမည့် စိုးရတနာ မှန်လုံယာဉ်တို့ တိုက်မှုဖြစ်ပေါ်ခဲ့ရာ လိုက်ထရပ်
ယာဉ်ပါ် လိုက်ပါလာသည့် အမျိုးသမီးခြောက်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၂ရက်နေ့အတွက် မိုးလေ၀သသတင်း

မိုးလေ၀သသတင်း

(၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ(၁၂)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင်

တိမ်ထူထပ်နေပြီး၊ကျန်ဘင်္ဂလားပင်လယ်အော်တွင်အများအားဖြင့်သာယာနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်

ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပြီး၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊

ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ကရင်ပြည်နယ်တို့ တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းကာ၊

ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့ တွင်အများအားဖြင့်သာယာမည်။ရွာရန်ရွာနှုန်း(၆၀)ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။လှိုင်းအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင်ညအပူချိန်များအနည်းငယ်

ဆက်လက်လျော့နည်းနေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။အများအားဖြင့်သာယာမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။အများအားဖြင့်သာယာမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။အများအားဖြင့်သာယာမည်။

Posted by admin-team(NOM)
(၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ(၁၂)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင်

တိမ်ထူ ထပ်နေပြီး၊ကျန်ဘင်္ဂလားပင်လယ်အော်တွင်အများအားဖြင့်သာယာနေပါ သည်။

ရွှေပြည်သာ မြို့နယ်တွင် ဥပဒေနှင့် အညီ ဆောင်ရွက်ခဲ့မှု မရှိသည့် တပ်ဖွဲ့ဝင်များအား အရေးယူ

ရွှေပြည်သာ မြို့နယ် လှော်ကားရဲ စခန်းမှ ရဲတပ်ကြပ် ဟန်သက်နှင့် ရဲတပ်သား ပြည့်ဖြိုးမောင် တို့သည် နိုဝင်ဘာ ၂၉ ရက်က ကင်းလှည့်တာဝန် ဆောင်ရွက်နေစဉ် မွန်းလွဲ ၁၂ နာရီခွဲ ခန့်တွင် မဟာမြိုင် လမ်းမကြီး ဘေးရှိ ထမင်းဆိုင်၌ ''အောင်'' ကြွေပြား စက်ရုံမှ အထွေထွေ လုပ်သား ဇေယျာလင်း (ဘ) ဦးစံသိန်းသည် မူးယစ်ရမ်းကား နေသဖြင့် ကူညီ ဆောင် ရွက် ပေးပါရန် လူငယ် သုံးဦးမှ အကူအညီ တောင်းခံ ခဲ့ကြောင်း၊

တရုတ်နိုင်ငံမှ ပေ၃၀၀မြင့် တောင်တက်လှေကား

တရုတ်နိုင်ငံမှ ပေ၃၀၀မြင့် တောင်တက်လှေကား
11.12.2012

တရုတ်နိုင်ငံ ကီနန်းခရိုင် ရင်ကျိုးမြို့ရှိ တိုင်ဟန်းတောင်တန်းများပေါ်သို့ ကမ္ဘာလှည့်ခရီးသည်များ သွားလာရာ၌ အဆင်ပြေစေရန်နှင့် ခရီးသည်များအား ဆွဲဆောင်မှုအဖြစ် တောင်ခြေမှ တောင်ထိပ်တစ်လျှောက် ပေ၃၀၀အမြင့် အစိတ်အပိုင်းတစ်ခုတွင် ကြောင် လိမ်လှေကားသဏ္ဍာန် မြင့်မားလှသည့် လှေကားတစ်ခုအပိုင်းတစ်ခု တည်ဆောက်ခဲ့ပြီးဖြစ်သည်။ တရုတ်ကမ္ဘာလှည့်ခရီးသည် သွားလာမှုနှင့် သက်ဆိုင်သူအစိုးရ တာဝန်ရှိသူများက ထိုလှေကားကြီးမှာ ခရီးသွားများအား တောင်တက်ခြင်း၏ ရသတစ်ခုကို ပေးစွမ်းနိုင်မည်ဟု ယုံကြည်လျက်ရှိသည်။ တောင်တက်လိုသူများနှင့် သဘာဝအလှကို ခံစားလိုသူများအား ကျန်းမာရေးနှင့်အတူ ဘေးကင်းလုံခြုံနိုင်သော ထိုလှေကားကြီးမှာ တိုင်ဟန်းတောင်တန်းတစ်လျှောက်၏ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်သည်။ တိုင်ဟန်းတောင်တန်း တစ်လျှောက်၏တောင်ထွတ်များ၏ ပျမ်းမျှအမြင့်မှာ ပေ၅၀၀၀မှ ၆၀၀၀ခန့်အထိ ရှိသောကြောင့်ဖြစ်သည်။


 www.MyanmarExpress.net
တရုတ်နိုင်ငံ ကီနန်းခရိုင် ရင်ကျိုးမြို့ရှိ တိုင်ဟန်းတောင်တန်းများပေါ်သို့ ကမ္ဘာလှည့် ခရီးသည်များ သွားလာရာ၌ အဆင်ပြေစေရန်နှင့် ခရီးသည်များအား ဆွဲဆောင်မှု အဖြစ် တောင်ခြေမှ တောင်ထိပ်တစ်လျှောက် ပေ၃၀၀အမြင့် အစိတ်အပိုင်း တစ်ခု တွင် ကြောင် လိမ်လှေကားသဏ္ဍာန် မြင့်မားလှသည့် လှေကားတစ်ခုအပိုင်းတစ်ခု တည်ဆောက် ခဲ့ပြီးဖြစ်သည်။

ရထား လက်မှတ် ဈေးနှုန်း တိုးမြှင့် ရောင်းချသည့် ဝန်ထမ်းအား အရေးယူ

ရထား လက်မှတ် ဈေးနှုန်း တိုးမြှင့် ရောင်းချသည့် ဝန်ထမ်းအား အရေးယူ
Tuesday, December 11, 2012

နိုင်ငံတော် အစိုးရသစ် လက်ထက်တွင် သန့်ရှင်းသော အစိုးရ၊
ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်ဖြင့် ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်အား အရှိန် အဟုန်ဖြင့် ချီတက် လျှောက်လှမ်း
နေချိန်တွင် အကျင့်ပျက် ခြစားနှင့် အဂတိ လိုက်စားသော ဝန်ထမ်းများအား
ဖော်ထုတ် အရေးယူ ဆောင်ရွက် လျက်ရှိရာ ဒီဇင်ဘာ ၄ ရက်က ကချင်ပြည်နယ် မိုးကောင်း ဘူတာမှ ဝန်ထမ်း တစ်ဦးက ရထား လက်မှတ် ရောင်းချမှု ဈေးနှုန်း သတ်မှတ်ကြေးထက်ပိုမို ရောင်းချ 
ခြင်းကြောင့်ဝန်ထမ်း စည်းမျဉ်း စည်းကမ်း အရ အရေးယူ ထားသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၄ ရက် မွန်းလွဲပိုင်းက ထွက်ခွာမည့် မိုးကောင်း - မန္တလေး အမှတ်(၅၈) အစုန် အမြန်ရထား ရိုးရိုးတန်း လက်မှတ်ကို ခရီးသွားပြည်သူ တစ်ဦးမှ ဝယ်ယူရာ ကျသင့်ငွေ ကျပ် ၃၇ဝဝ ထက် ပို၍ ငွေကျပ် ၁၂ဝဝဝ တောင်းယူ ရောင်းချခဲ့သူ မိုးကောင်း ဘူတာ (လက်မှတ်သိမ်း) ဝန်ထမ်း တစ်ဦးအား ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးကမန်း ဒူနော်ထံ တိုင်ကြား သဖြင့် ရုံပိုင်ကြီးမှ တရားလို ပြု၍ မိုးကောင်း ရဲတပ်ဖွဲ့ စခန်း၌ အမှုဖွင့်ကာ (လက်မှတ်သိမ်း) အဆိုပါ ဝန်ထမ်းကို ဝန်ထမ်း စည်းမျဉ်း စည်းကမ်းများနှင့် အညီ အရေးယူ ထားကြောင်း သတင်း ရရှိသည်။

မြ၀တီ
နိုင်ငံတော် အစိုးရသစ် လက်ထက်တွင် သန့်ရှင်းသော အစိုးရ၊ကောင်း မွန်သော အုပ်ချုပ်ရေး စနစ်ဖြင့် ခေတ်မီ 
ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်အား အရှိန် အဟုန်ဖြင့် ချီတက် လျှောက်လှမ်းနေချိန်တွင် အကျင့်ပျက်
ခစားနှင့် အဂတိ လိုက်စားသော ဝန်ထမ်း များ အားဖော်ထုတ် အရေးယူ ဆောင်ရွက် လျက်ရှိရာ ဒီဇင်ဘာ ၄ ရက်
က ကချင်ပြည်နယ် မိုးကောင်း ဘူတာမှ ဝန်ထမ်း တစ်ဦးက ရထားလက်မှတ် ရောင်းချမှု ဈေးနှုန်း သတ်မှတ်ကြေး
ထက်ပိုမို ရောင်းချ ခြင်းကြောင့်ဝန်ထမ်း စည်းမျဉ်း စည်းကမ်း အရ အရေးယူ ထားသည်။

ရေနွေးကြမ်း သောက်ပြီ ဗိုက်မှာပိုနေတဲ့ အဆီတွေ လျှော့ကြစို

ရေနွေးကြမ်းမှာantioxidants တွေပါဝင်တာကြောင့်ဝိတ်လျှော့တဲ့အခါမှာအထောက်အပံ့ပေးပါတယ်။အဓိကတော
့ ဗိုက်မှာ ပိုနေတဲ့ အဆီတွေ လျှော့ကျစေတာပါပဲ။ ရေနွေးထဲကို လက်ဖက်ခြောက်ခတ်ပြီ ရေနွေးကြမ်းကို ၁နေ့ ၃ခွက် ပုံမှန် သောက်ပေးခြင်းဖြင့် ဗိုက်မှာ ပိုနေတဲ့ အဆီတွေကို လျှော့ချပေးတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယား ၏ တာဝေး ပစ် ဒုံးပျံ ပစ်လွှတ်

Unha -3 သို့ မဟုတ် Galaxy - 3 ဟု အမည် ပေးထား သည့် ဒုံးပျံ ကို မြောက် ကိုရီးယား က ဗုဒ္ဓဟူးနေ့ မနက် တွင်
ပစ်လွှတ် လိုက် ပြီ ဟု ပြုံးယမ် မှ လာသည့် AP သတင်း တွင် ဖော်ပြထား သည်။

ကိုယ်ပိုင် Web Site,Blog တွေ စီးပွားရေးကြော်ငြာတွေကို Mobile Device တွေကနေ ကြည့်လို့ရအောင် စိတ်ကြိုက် Application လေးဖန်တီးကြည့်ချင်တဲ့ သူငယ်ချင်းတွေအတွက်ပါ


Mobile Device တွေ ခေတ်စားနေတဲ့ ခေတ်ကြီးထဲမှာ ကျွန်တော်တို့လို Blogger သမားတွေ Web Development သမားတွေကလဲ ကျွန်တော်တို့ ကြိုးစားပန်းစားလေး အချိန်ကုန်ခံပြီး လုပ်ထားတဲ့ Blog လေးတွေ Web Site လေး
တွေကို Mobile Device တွေ Phone တွေကနေတစ်ဆင့် အင်တာနက် ရှိရုံဖြင့် တိုက်ရိုက်ကြည့်ရှုနိုင်အောင် ကိုယ်
ပိုင် Mobile Application လေးတွေကို မိမိစိတ်ကြိုက် ဖန်တီးလို့ရနေပါပြီ။