Pages

Pages - Menu

Tuesday, August 7, 2012

ဖီလစ်ပိုင်နိုင်ငံ မနီလာမြို့တော်တွင် အဆက်မပြတ် မိုးရွာသွန်းပြီ ရေကြီးအနည်းဆုံး လူ ၅ ဦးသေဆုံးပြီး ၇ ဦး ပျောက်ဆုံးလျက်ရှိ

Photo: Update:
ဖီလစ်ပိုင်နိုင်ငံ မနီလာမြို့တော်တွင် အဆက်မပြတ် မိုးရွာသွန်းပြီ ရေကြီးမှုများကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး ၇ ဦး ပျောက်ဆုံးလျက်ရှိကြောင်း တာဝန်ရှိသူများက ယနေ့ ပြောကြားသည်။ မနီလာမြို့တော်၏ ထက်ဝက်ခန့်မှာ ရေလွှမ်းမိုးမှုလျက်ရှိကြောင်း Bangkok Post သတင်းတွင် ဖော်ပြသည်။ 
လူပေါင်း သောင်းနှင့်ချီ၍ နေအိမ်များမှ စွန့်ခွာသွားရပြီး စာသင်ကျောင်းများ၊ ရုံးများနှင့် စတော့အိတ်ချိန်းတို့ ပိတ်ထားရကြောင်း သိရသည်။ ဖီလစ်ပိုင်တွင် ပြီးခဲ့သည့် သီတင်းတစ်ပတ်ကျော်က ဆာအိုလာတိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးနောက်ပိုး မိုးသည်းထန် ရေကြီးမှုများကြောင့် လူ ၅၀ ကျော်သေဆုံးခဲ့သည်။


ရိုဟင်ဂျာတွေကို သတ်ဖြတ်နေဟု မြန်မာကို ဆော်ဒီအာရေးဗီးယားက စွပ်စွဲပြောကြား

ရခိုင်ပြည်နယ်က မူဆလင် ရိုဟင်ဂျာတွေကို မြန်မာအစိုးရက လူမျိုးတုန်း သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ ဆော်ဒီအာရေး
ဗီးယား အစိုးရက မနေ့က စွပ်စွဲပြောဆိုလိုက်ပါတယ်။

ကချင်ပြည်နယ်မှာ တရားမဝင်တရုပ်လူမျိုးတွေ ထောင်နဲ့ချီအခြေချနေပြီလို့ လူဝင်မှုအရာရှိပြောဆို

ကချင်ပြည်နယ်အတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်အခြေချနေထိုင်သူ အများစုဟာ တရုတ်လူမျိုးတွေဖြစ်ပြီး၊ အခုဆိုရင် တရားမ၀င် ၀င်ရောက်နေထိုင်တဲ့ တရုတ်လူမျိုးတွေ ထောင်နဲ့ချီရှိ နေပြီလို့ ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဋ္ဌာနက ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။

DDoS ဘယ်လိုဖြစ်လာတာလဲ၊ ဘာကြောင့်လဲ



ဤစာမျက်နှာကို မဖော်ပြနိုင်တော့ပါ (“This page cannot be displayed”) ဆိုသော စာတန်းအား ကွန်ပျူတာ ဖန်သားပြင်၌ အင်တာနက် အသုံးပြုသည့်အခါ ရံဖန်ရံခါ တွေ့မြင်ဖူးမည်ဟု ထင်ပါသည်။

“တိုင်းရင်းသားတွေဆန္ဒ မဖြည့်ဆည်းနိုင်သရွေ့ ငြိမ်းချမ်းရေး မရနိုင်…”




ရှမ်းတို င်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ခေါင်းဆောင် ဦးခွန်ထွန်းဦး သည် အသက် ၆၉ နှစ်အရွယ် ရှိပြီဖြစ်ပြီး ထောင် ဒဏ် ၉၃ နှစ် ချမှတ်ခံထားရာမှ ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၃ ရက်နေ့က သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တောင်ငူ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသူ ဖြစ်သည်။

ပိတ်ထားသော လိုင်ဇာ-ဗန်းမော်လမ်းကြောင်းအား KIA မှ ဆိုင်ကယ်နှင့် သုံးဘီး ဆိုင်ကယ်များ ၀င်/ထွက်ခွင့်ပြန်ပေး




၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၁၀)ရက်နေ့မှ စတင်၍ ပိတ်ထားသော လိုင်ဇာ-ဗန်းမော် လမ်းကြောင်းအား KIA အနေဖြင့် သြဂုတ်လ (၂)ရက်နေ့မှစတင်ပြီး ဆိုင်ကယ်နဲ့ သုံးဘီး ဆိုင်ကယ်များအား လိုင်ဇာအတွင်းသို့ဝင်/ထွက် သွားလာ ခွင့်ပေး ထားကြောင်း  ဒသခံသုံးဘီးဆိုင်ကယ်သမား တစ်ဦးထံမှ သိရှိရပါတယ်။

ကျွန်တော်တို့ဒီဆိုင်ကယ်နဲ့ သုံးဘီး ဆိုင်ကယ်တွေအပေါ်မှာ တရုတ်နိုင်ငံက လုပ်တဲ့ စားသောက်ကုန်၊ လူသုံးကုန်နဲ့ စက်သုံးဆီတွေကို ဒေါ့ဖုန်ယန်းကို ပို့ပေးရပါတယ်။ ပြီးတော့မှ စုပုံပြီး ဗန်းမော်ဘက်ကို ယာဉ်ငယ် တွေနဲ့ တစ်ဆင့်သယ်ရပါတယ်။ 
လိုင်ဇာကနေ တစ်နေ့ကို ဆိုင်ကယ်နဲ့သုံးဘီးဆိုင်ကယ်အစီး (၂၀)/ (၃၀)လောက်သွားလာပါတယ် ။  တစ်စီးကို ဖြတ်သန်းခတော့ ၂၀၀၀ ကျပ် ပေးရပါတယ်´´ ဟု အဆိုပါသုံးဘီးဆိုင်ကယ်သမားမှ ပြောကြားခဲ့ပါတယ်။

ကေအိုင်အေတပ်ဖွဲ့တွေအနေနဲ့ ယခင်က လိုင်ဇာ-ဗန်းမော်လမ်းကြောင်း ကို မြန်မာအစိုးရတပ်တွေ သွားလာ လို့ မရအောင်နဲ့ သူတို့ရဲ့ လိုင်ဇာမြို့လုံခြုံရေးအတွက် ပိတ်ပင်ထားခဲ့ပေမယ့်  ယခုအခါ ကေအိုင်အေတို့ အတွက် ကောင်းမွန်သော ကျောထောက်နောက်ခံ စီးပွားရေးမရှိခြင်း ၊ ပြည်ပမှ ထောက်ပံ့မှုအကူအညီနှင့် တရုပ်နိုင်ငံမှ ထောက်ပံ့မှုကောင်းစွာမရရှိခြင်းတို့ကြောင့် အရင်ကပိတ်ထားတဲ့ ကျောက်စိမ်းတွင်းတွေ ကို ပြန်လည်တူးဖော်ခိုင်းကာ အခွန်ကောက်ခံခြင်း ၊ ကျေးရွာများအား ဆပ်ကြေးကောင်ခြင်း ၊ သစ်လုပ် ငန်းနှင့် ပြည်နယ်အတွင်း ယခုလို စီးပွားရေးလုပ်ငန်း များအား လုပ်ကိုင်နေကြခြင်းဖြစ်ပါတယ်။

ကေအိုင်အေ ခေါင်းဆောင်ပိုင်းတွေအနေနဲ့တော့  တရုတ်နိုင်ငံနှင့် အခြားနိုင်ငံကြီးများက ဘိန်းစိုက်ပျိုးခြင်း လုပ်ငန်းကိုလည်း မလုပ်ကိုင်နိုင်တဲ့အတွက် ရင်ဆိုင်နေရသော စီးပွားရေးအခက်အခဲများကြောင့် ပြည်ပနိုင်ငံ များနှင့် ပြည်ပရောက် ကချင်တိုင်းရင်းသားများထံမှ စစ်အောင်နိုင်ရေးရန်ပုံငွေရရှိရန်  အပူတပြင်း လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

ကချင်နေစဉ်သတင်း  

ပြန်ကြားရေး ဝဘ်ဆိုဒ်တွင် ဟက်ကာတို့ ခြိမ်းခြောက်စာ ဝင်ရေးသွား



ပြန်ကြားရေးဝန်ကြီးဌာန၏ အင်တာနက် ဝဘ်ဆိုက် စာမျက်နှာအား အင်္ဂါနေ့နံနက်မှ စတင်၍ ဟက်ကာများက ဝင်ရောက်တိုက်ခိုက်
ကာ ခြိမ်းခြောက်စာ များ ရေးသားခဲ့ပြီး ဝက်ဆိုဒ်မှာ နာရီအတော်ကြာ ဝင်ရောက်ကြည့်ရှု မရဘဲ  ဖြစ်သွားခဲ့ရသည်။

တရုတ်ငွေဈေးနှင့်အတူ လိုင်စင်မဲ့ဆိုင်ကယ်တန်ဖိုးမြင့်တက်



တရုတ်ငွေဈေးအနည်းငယ်တက်မှုကြောင့် ပြင်ဦးလွင်မြို့တွင် လိုင်စင်မဲ့ဆိုင်ကယ်ဝယ်လိုအားမရှိသော်လည်း ဈေးနှုန်းမြင့်တက် လျှက်ရှိကြောင်း ဆိုင်ကယ်ပွဲစားများထံက သိရသည်။

မန်ယူအသင်းနှင့်အတူ လေ့ကျင့်ကစားလိုကြောင်း ကမ္ဘာ့အမြန်ဆုံး လူသား အိုလံပစ်ရွေတံဆိပ်ဆုရှင် အူစိန်ဘော့တ်က ပြောကြား


မန်ချက်စတာ ယူနိုက်တက် အသင်းနှင့် အစမ်းလေ့ကျင့်ခွင့် ရမည်ဆိုပါက မိမိအနေဖြင့် ငြင်းဆန်နိုင်မည် မဟုတ်ဟုအူစိန်ဘော့တ်
က ဖွင့်ဟ ပြောကြားလိုက်သည်။ ကမ္ဘာ့အမြန်ဆုံး လူသားအဖြစ် သတ်မှတ်ခံထားရသော ဂျမေကာ တာတိုအပြေး ချန်ပီယံသည် ဘောလုံးကို ရူးသွပ် စွဲလန်းသူ တစ်ဦးဖြစ်ပြီး မန်ယူအသင်း ပရိသတ် တစ်ဦးအဖြစ်လည်း လူသိများသည်။

ဘရတ်ပစ်တ်က သားဖြစ်သူမက်ဒေါ့စ်မွေးနေ့အတွက် ဆိုင်ကယ်လက်ဆောင်ပေး

(ဘရက်ပစ် နှင့်ဂျိုလီတို့ မွေးစားထားသော ကလေးများနှင့်အတူတွေ့ရစဉ်)

ဘရတ်ပစ်တ်သည် ၎င်း၏ သားဖြစ်သူအတွက် မော်တော်ဆိုင်ကယ်လေး တစ်စင်းကို မွေးနေ့လက်ဆောင် ဝယ်ပေးခဲ့ကြောင်း သိရှိရသည်။ ပစ်တ်နှင့် ချစ်သူ ဟောလီးဝုဒ် မင်းသမီး အန်ဂျလီနာ ဂျိုလီတို့ အတူတကွ မွေးစားထားသော မက်ဒေါ့စ်သည် မကြာသေးမီကမှ အသက်(၁၁)နှစ် ပြည့်မြောက်ခဲ့သည်။

Gmail Login Page အတုနှင့် အစစ် နှိုင်းယှဉ်ပြထားသည့်ပုံ

ပုံကို သေချာမြင်နိုင်ဖို့အတွက် ပုံပေါ်မှာ ကလစ်တချက်နှိပ်လိုက်ပါ Gmail Login Page အတုနှင့် အစစ် နှိုင်း

ယှဉ်ပြထားသည့်ပုံ ကိုတွေ့ရပါမည်။

Facebook၊ Gmail ၊Yahoo login Page အတုတွေ နဲ့ မိမိရဲ့ user တွေ ရဲ့ Password ကို Hacker တွေရယူနေ



 


Facebook၊ Gmail ၊Yahoo login Page အတုတွေ ဖန်တီးပြီး  user တွေ ရဲ့ Password ကို ရယူတဲ့နည်းကို Phishing နည်းလို့  ခေါ်ပါတယ်။ အင်တာနက် User တွေ အနေနဲ့ မိမိ ကြည့်လိုတဲ့ website address ကို သေသေ ချာချာ ကြည့်ဖို့ လိုပါတယ်။

အီဂျစ် နိုင်ငံရှိ မြန်မာသံရုံးမှ မြန်မာနိုင်ငံတော်အလံ မီးရှို့ခံရ


 

ဗီယင်နာ သဘော တူ ညီ မှု အရ လက် မှတ် ထိုး ထားသော   နို င် ငံ တိုင်းသည် ထိုတိုင်းပြည် အတွင်းရှိ သံရုံးအတွင်းသို့ ဝင်ရောက် ခွင့်မရှိ။ ထို့ပြင် မည်သည့် အခြေအနေတွင် မဆို ဖျက်ဆီးခြင်း၊ တိုက်ခိုက်ခြင်းမှ ကာကွယ်ပေးရမည်။ (အပိုဒ်၃၁)  Article 31. The host nation may not enter the consular premises, and must protect the premises from intrusion or damage.(Vienna Convention on Consular Relations) 

ဗိုင်းရပ်စ် ( Virus) ကာကွယ်ခြင်း အစီအမံ





 
ဗိုင်းရပ်စ် ကာကွယ်ခြင်းအစီအမံ ၇ ချက်။

၁။ဗိုင်းရပ်စ်ကာကွယ်ခြင်း ဆော့ဝဲလ်ကို နောက်ဆုံး (latest version) အသုံးပြုသင့်ပါသည်။
၂။အီးမေးလ်နှင့် တွဲဆက်နေသော ဖိုင်များကို ဦးစွာ ဗိုင်းရပ်စ် စစ်ဆေးပါ။
၃။ဒေါင်းလုတ် လုပ်ထားသော ဖိုင်များကို ဦးစွာ ဗိုင်းရပ်စ် စစ်ဆေးသင့်ပါသည်။

ပြည်ထောင်စုဝန်ကြီးတွေ မုံရွာမှာ ရန်ဖြစ်



 စစ်ကိုင်းတိုင်း၊မုံရွာမြို့တွင်ပြုလုပ်သည့်လယ်ယာကဏ္ဍနှ င့် သား ငါး ဖွံ့ဖြိုး တိုး တက်ရေး   ဆွေးနွေး ပွဲ သည် ပြည်ထောင် စု ၀န် ကြီးများ တစ် ဦးနှင့် တစ်ဦး အပြန် အလှန် ပုဂ္ဂိုလ်ရေး ပုတ် ခတ်ပြော ဆို ကြပြီး နောက်ပိုင်း ပွဲပျက် သွားခဲ့ကြောင်း ဋ္ဌာန ဆိုင်ရာများနှင့် နီးစပ်သည့် ဒေသခံ တို့က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေးကော်မတီ ရဲ့ ဥက္ကဋ္ဌ ဖြစ်ပြီ

Photo


သြဂုတ်လ ၇ ရက်နေ့ မှစတင်ကာ ပြည်သူ့လွှတ်တော်တွင် တရားဥပဒေစိုးမိုးရေး ကော်မတီတစ်ခုကို အသစ်

ဖွဲ့စည်းခဲ့ပြီး တရားဥပဒေစိုးမိုးရေး ကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည် ကော်မတီ ဥက္ကဌအနေဖြင့်တာဝန်

ထမ်းဆောင်မည် ဖြစ်ကြောင်း သိရသည်။'

နော်ဝေးနဲ့ ဒိန်းမတ်က ရှင်ပြုပွဲများ (သို့မဟုတ်) တတိယနိုင်ငံရဲ့ ဒုတိယ ဝေဒနာ


မြန်မာနိုင်ငံမှာနေစဉ်တုန်းကတော့ ရှင်လောင်းလှည့်တယ်ဆိုတာဟာ နှစ်စဉ်မြင်နေကြ ၁၂-ရာ သီပွဲတွေထဲက တခုမျှသာဖြစ်တဲ့
အတွက် စိတ်ထဲမှာ ဘာမှထူးထူးခြားခြားသတိပြုမိတာမျိုးမရှိခဲ့။ 

အီတိုးနှင့်ဇနီးဖြစ်သူ မမြင့်မြတ်သူတို့ ကွာရှင်းလိုက်ပြီ


အဆိုတော်ဇော်ဝင်းထွဋ်၏သားဖြစ်သူ ဦးဝင်းထွဋ်သော်တာ(ခ) အီတိုးနှင့်ဇနီးဖြစ်သူ Ruby Dragon ကုမ္ပဏီပိုင်ရှင်သမီးမမြင့်မြတ်
သူတို့ ကွာရှင်းလိုက်ပြီဖြစ်ကြောင်း ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။