Pages
(Move to ...)
▼
Pages - Menu
(Move to ...)
Home
▼
Monday, July 9, 2012
နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်(၁၅/၂၀၁၂) ဒုတိယ၀န်ကြီးများ ပြောင်းလဲ တာဝန်ပေးခြင်း
ဒုတိယဝန်ကြီးများပြောင်းလဲတာဝန်ပေးခြင်း (အမိန့်အမှတ်၊ ၁၅/၂၀၁၂) (၉-၇-၂၀၁၂)
နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ်(၁၅/၂၀၁၂)
ဒုတိယ၀န်ကြီးများ ပြောင်းလဲ တာဝန်ပေးခြင်း
ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေများကို အမိန့်ကြော်ငြာစာ အမှတ် ၃၆၄/ ၂၀၁၂ ၊ ဇူလိုင်လ ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်
ပြည်ထဲရေးဝန်ကြီးဌာနသည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ
နည်းဥပဒေများကို အမိန့်ကြော်ငြာစာ အမှတ် ၃၆၄/ ၂၀၁၂ ၊
ဇူလိုင်လ ၅ ရက် ရက်စွဲဖြင့်
ထုတ်ပြန်ခဲ့ကြောင်းသိရသည်။
ဘုရင့်နောင် ရဲစခန်းတွင် လူသတ်မှုနှင့်ပတ်သက်ပြီး စစ်ဆေးခံနေရသူတစ်ဦး အမှုစစ်နေစဉ်အတွင်း သေဆုံး
ဘုရင့်နောင်ရဲစခန်းအတွင်း၌ အသက် ၃၉ နှစ်အရွယ် ဦးမျိုးမြင့်ဆွေ(ခ) ကုလားကြီး ဆိုသူသည် လူသတ်မှုတစ်ခုနှင့်ပတ်သက်၍ မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးခံနေရစဉ်သဆုံးမှုဖြစ်ပွားခဲ့ကြောင်းသိရ
သ
ည်။
ဒုသမ္မတ အရည်အချင်း ဒေါ်စုပြောဆို
ယနေ့လွတ်တော်ထဲမှ အမေစု
ဒုတိယသမ္မတ အဖြစ် တင်မြှောက်ခံရမယ့်သူဟာ အမျိုးသားပြန်လည် သင့်မြတ်ရေး နဲ့ ရင်ကြားစေ့ရေးကို ဆောင်ရွက် ကြိုးပမ်းမယ့်သူဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ဒီကနေ့ ပြောဆိုတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ကော့သောင်း ဒေသမှာ ဖမ်းဆီး ထိမ်းသိန်းခံထားရတဲ့ ထိုင်း နိုင်ငံသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ထိုင်း ဗိုလ်ချုပ်ကြီးယနေ့ပြောကြား
နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်ကြောင်း ဖော်ပြတဲ့ အနေနဲ့
မြန်မာနိုင်ငံ ကော့သောင်း ဒေသမှာ ဖမ်းဆီး
ထိမ်းသိန်းခံထားရတဲ့ ထိုင်း နိုင်ငံသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ထိုင်း ဗိုလ်ချုပ်ကြီး Prayuth Chan-
ochai က ဒီကနေ့ ပြောလိုက်ကြောင်း ထိုင်း
နိုင်ငံထုတ် The Nation သတင်းစာမှာ ဖော်ပြ ပါတယ်။
မင်္ဂလာဒုံမြို့နယ်မှာ ရွာသားတွေဆန္ဒပြ
ဇေကမ္ဘာကုမ္ပဏီရဲ့ မြေယာသိမ်းယူခံထားရတဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်ရွှေနံ့သာကျေးရွာက ရွာသူ ရွာသား (၅၀) ကျော်ဟာ ဒီကနေ့ နေ့လည်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော် (ALA) တပ်သားများစစ်သင်တန်း ဆင်းပွဲ ကျင်းပ
ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော် (ALA) တပ်သားများ၏ အခြေခံ စစ်သင်တန်း ဆင်းပွဲ တစ်ခုကို ယခုလ ၇ ရက်နေ့က ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ (၇) နယ်မြေတွင် ပြုလုပ်ခဲ့သည်။
ပုဒ်မ ၁၄၄ နှင့် ငြိစွန်း၍ ထောင် (၆)လစီ ချမှတ်ခံရသူ စစ်တွေတွင် ၃၁ ဦးရှိသွားပြီ
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ပုဒ်မ ၁၄၄ ထုတ်ပြီး နောက်ပိုင်းတွင် ၎င်းအမိန့်ကို မလိုက်နာသော စွပ်စွဲချက်ဖြင့် ဖမ်းဆီး ထိန်းသိမ်းသူများကို ဇူလိုင်လ ၂ ရက်နေ့မှ စတင်ပြီး ထောင်ချ နေရာ အခုအခါ ထောင်ချခံရသူ ၃၁ ဦး ရှိသွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
ရဟန်းတော်များနှင့် ရခိုင် ပြည်နယ် အစိုးရ ထိပ်တိုက်တွေ့
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ရဟန်းတော်များ ဖွဲစည်းထားသော အဖွဲ့အစည်းကို တရားမ၀င် အကြမ်းဖက် လုပ်ငန်းများ လုပ်ကိုင်ရန် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ကြောင်း ပြည်နယ် ၀န်ကြီးချုပ်မှ စွပ်စွဲ ပြောကြားပြီးနောက် ရဟန်းတော်များနှင့် ပြည်နယ် အစိုးရ အကြားတွင် ဆက်ဆံရေး တင်းမာ နေကြောင်း သတင်း ရရှိသည်။
ရာသီတုပ်ကွေးဖျားရက်ရှည်က နောက်ဆက်တွဲရောဂါများဖြစ်လာနိုင်
ရာသီအပြောင်းအလဲကြောင့်အဖြစ်များသော တုပ်ကွေး(ခေါ်)ရာသီတုပ်ကွေးရောဂါမှာ ဖျားရက် ရှည်ပါက ကလေးများ၌သွေးလွန်တုပ်ကွေးဖြစ်ပွားတတ်ပြီး လူကြီးများ၌ ဆင်တုပ်ကွေး(ခေါ်) ဂျပန် တုပ်ကွေးစသည့် အကျိုးဆက်ရောဂါများဖြစ်ပေါ်နိုင်ကြောင်း ဆရာဝန်များထံက သိရှိရသည်။
မကွေးတိုင်း သရက်မြို့ နယ်က လက်ယက်ရေနံတူးဖော်တဲ့လုပ်ကွက်မှာ မီးလောင်မှုဖြစ်ပွား ဆုံးရှုံးသွားရတဲ့ နစ်နာမူတွေအတွက် ကုမ္ပဏီက လျှော်ကြေး မပေးသေး
မကွေးတိုင်း သရက်မြို့ နယ်က လက်ယက်ရေနံတူးဖော်တဲ့လုပ်ကွက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆုံးရှုံးသွားရတဲ့ နစ်နာကြေးတွေအတွက် တောင်းဆိုထားပေမယ့် သက်ဆိုင်ရာ ကုမ္ပဏီက လျှော်ကြေး
မပေးသေးဘူးလို့ သိရပါတယ်။
WFP အကူအညီအား စစ်တွေမြို့ရွှေစေတီကျောင်းတိုက် ကျောင်းထိုင် ဆရာတော်က ငြင်းပယ်
ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်တွေကို စားနပ်ရိက္ခာ အကူအညီတွေ ပေးနေတဲ့ WFPရဲ့ အကူအညီကို စစ်တွေမြို့က နာမည်ကျော် ရွှေစေတီကျောင်းတိုက် ဒုက္ခသည်စခန်း ကျောင်းထိုင် ဆရာတော်က မနေ့က ငြင်းပယ်လိုက်တယ်လိ
ု့ သိရပါတယ်။
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့အနီးမှာ မြန်မာစစ်တပ်က စစ်ကားသုံးစီး 8.7.2012 နေ့လည်ပိုင်းက အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့အနီးမှာ မြန်မာစစ်တပ်က စစ်ကားသုံးစီး 8.7.2012 နေ့လည်ပိုင်းက အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့်သိရပါတယ်။
DNS Changer အမည်ရှိ malware ကွန်ပျူတာဗိုင်းရပ်စ် ပျံ့နှံ့လျက်ရှိ
ကမ္ဘာတစ်ဝန်းတွင် DNS Changer malware ကူးစက်တိုက်ခိုက်ခံထားရသည့် ကွန်ပျူတာအရေအတွက်မှာ ၃၀၀,၀၀၀ ခန့်ရှိနေပြီဖြစ်ကြောင်း ABC News တွင် ဖော်ပြသည်။ အမေရိကန်ပြည်ထောင်စုတွင် DNS Changer အမည်ရှိ malware အမျိုးအစား ကွန်ပျူတာဗိုင်းရပ်စ် ဝင်ရောက်တိုက်ခိုက်ခြင်း ခံထားရသည့် ထောင်ပေါင်းများစွာသော ကွန်ပျူတာများမှာ တနင်္လာနေ့ (ဇူလိုင် ၉ ရက်) မှစ၍ အင်တာနက် အသုံးပြုနိုင်မည် မဟုတ်ကြောင်း သိရသည်။
ပုဂ္ဂလိကဘဏ် ၁၁ ခုကို ဇူလိုင် ၉ ရက်မှစ၍ နိုင်ငံခြားငွေစာရင်း ဖွင့်ခွင့်ပြု
ရန်ကုန်၊ ဇူလိုင်-၉
ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၁ ခု တွင် နိုင်ငံခြားငွေဖြင့် စာရင်းဖွင့်ခွင့်ကို ဗဟိုဘဏ်က ဇူလိုင် ၉ ရက်တွင် စတင်လုပ်ကိုင်ခွင့်ပြုထားကြောင်း ပုဂ္ဂလိကဘဏ် အသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။
‹
›
Home
View web version