Pages
▼
Pages - Menu
▼
Thursday, July 5, 2012
သွေးလွန်တုပ်ကွေးအဖြစ်အများဆုံးစာရင်းတွင် မြန်မာနိုင်ငံပါဝင် ၊ကာကွယ်နိုင်မယ့်ဆေး မရှိသေးလို့ ဂရုပြုသင့်
ကမ္ဘာပေါ်တွင် နှစ်စဉ်သွေးလွန်တုပ်ကွေးအဖြစ် အများဆုံး(၃)နိုင်ငံတွင် မြန်မာနိုင်ငံပါဝင်ခြင်းနှင့် မိုးရာသီသည် သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားနိုင်မှုနှင့်ပြန့်ပွားမှုအများဆုံးဖြစ်ပြီး အသက်ဆုံးရှုံး သည်အထိ ဖြစ်ပွားနိုင်သောကြောင့် ရောဂါဖြစ်ပွားမှုမရှိစေရန် သတိပြုနေထိုင်သင့်ကြောင်း အထွေထွေရောဂါကုဆရာဝန်များက အကြံပြုပြောဆိုထားသည်။
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ K Bank မှ တဆင့် မြန်မာနိုင်ငံသို့ ငွေလွှဲနိုင်
မြန်မာနိုင်ငံရှိအာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်နှင့် ထိုင်းနိုင်ငံ Karsikorn Bank (KBank) တို့ ချိတ်ဆက်၍ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ မြန်မာနိုင်ငံသို့ စိတ်အေးချမ်းသာစွာဖြင့် ငွေလွှဲပို့နိုင်ရန်အတွက် ငွေလွှဲခြင်းလုပ်ငန်းများအား ဇူလိုင်လ(၂)ရက်နေ့မှ စတင်ဆောင်ရွက်သွားမည်ဖြစ်သည်။
မွန်ပြည်နယ် သံဖြူဇရပ်မြို့နှင့် ထိုင်းနိုင်ငံတို့ကို ဆက်သွယ်ထားသော သေမင်းတမန် မီးရထား လမ်း မိုးတွင်း အကုန်တွင် စတင်အကောင်အထည်ဖော်မည်
မြန်မာနိုင်ငံအတွင်းရှိ မွန်ပြည်နယ် သံဖြူဇရပ်မြို့နှင့် ထိုင်းနိုင်ငံတို့ကို ဆက်သွယ်ထားသော သေမင်းတမန် မီးရထား လမ်းဖောက်လုပ်ခြင်းအား ယခုနှစ်မိုးတွင်းအကုန်တွင် စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ရထားပို့ဆောင် ရေးဝန်ကြီး ဦးအောင်မင်းက နေပြည်တော်တွင်ပြုလုပ်သော သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ ၌ ပြောကြားခဲ့သည်။
ရန်ကုန်မြို့ မင်္ဂလာဈေးတွင် ယိုးဒယားမိတ်မိုးရာသီပစ္စည်းများ (၄၀)ရာနှုန်းကျော် တန်ဖိုးမြင့်တက်နေ
ယခုနှစ်မိုးရွာသီတွင် မိုးရာသီအသုံးပြုပစ္စည်းများ ယခင်နှစ်များကထက် ပေါများလာသော်လည်း ဈေးနှုန်းအနေဖြင့် ပျမ်းမျှ(၄၀) ရာခိုင်နှုန်းကျော် မြင့်တက်လာကြောင်း မင်္ဂလာဈေးက သိရှိရသည်။
မန္တလေး၌ မြန်မာနိုင်ငံကူးလတ်မှတ်ထုတ်ပေးရေး ရုံး ပထမဆုံးရုံးခွဲကို ဇူလိုင် ၄ ရက်က ဖွင့်လှစ်
နိုင်ငံကူးလတ်မှတ် ရုံးခွဲ မန္တလေး၌ ဖွင့်လှစ်မြန်မာနိုင်ငံကူးလတ်မှတ်ထုတ်ပေးရေးရုံး၏ ပထမဆုံးရုံးခွဲကို မန္တလေးမြို့၌ စတင်ဖွင့်
လှစ်ပြီဖြစ်သည်။အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်း၊ ၆၂ လမ်းနှင့် ၆၆ လမ်းကြား ရှိ သတင်းတပ်ဖွဲ့ ရုံးခန်းတွင် ဇူလိုင် ၄ ရက်က
ဖွင့်လှစ်ခဲ့သည်။
လုပ်ငန်း ပြန်လည်လုပ်ကိုင်ခွင့်ပြုဖို့ ရွှေလုပ်သားများ အသနားခံစာတင်
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ချောင်းကြီး ကျေးရွာအုပ်စု၊ကျောက်ဖြူကျေးရွာ ဇရပ်အိုင် ဒေသခံတွေရဲ့
ရွှေလုပ်ကွက်ကို ကယားပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ရဲ့ ကုမ္ပဏီကို လုပ်ပိုင်ခွင့် ချထားပေးလိုက်လို့ ဒီကိစ္စ ပြန်လည်စဉ်းစား သုံးသပ်ပေးဖို့ ဒေသခံတွေကပြည်နယ် ၀န်ကြီးချုပ်ဆီ တနင်္လာနေ့က အသနားခံစာ တင်လိုက်ပါတယ်။
၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ မြို့နယ် အာဏာပိုင်အဖွဲ့အစည်းရဲ့ ခွင့်ပြုချက်နဲ့ ဒေသခံ သုံးဦးနံမည်နဲ့ တစ်ဦးကို ၁ ဧကခွဲနှုန်းနဲ့ မြေနေရာ ၄ ဧကခွဲမှာ ရွှေတူးဖော်ခဲ့ကြတယ်လို့ ပြောပါတယ်။
ရွှေလုပ်ကွက်ကို ကယားပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ရဲ့ ကုမ္ပဏီကို လုပ်ပိုင်ခွင့် ချထားပေးလိုက်လို့ ဒီကိစ္စ ပြန်လည်စဉ်းစား သုံးသပ်ပေးဖို့ ဒေသခံတွေကပြည်နယ် ၀န်ကြီးချုပ်ဆီ တနင်္လာနေ့က အသနားခံစာ တင်လိုက်ပါတယ်။
၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ မြို့နယ် အာဏာပိုင်အဖွဲ့အစည်းရဲ့ ခွင့်ပြုချက်နဲ့ ဒေသခံ သုံးဦးနံမည်နဲ့ တစ်ဦးကို ၁ ဧကခွဲနှုန်းနဲ့ မြေနေရာ ၄ ဧကခွဲမှာ ရွှေတူးဖော်ခဲ့ကြတယ်လို့ ပြောပါတယ်။
နေပြည်တော်တဝိုက်က ဘုန်းကြီးကျောင်းတွေ ဖျက်မိန့်ပေးထား
နေပြည်တော် ဥတ္တရသီရိမြို့နယ်နဲ့ ဇဗ္ဗူသီရိမြို့နယ် အနီးတဝိုက်က ဘုန်းတော်ကြီးကျောင်းပေါင်း (၅၀) ကို စည်ပင်သာယာက ဖျက်မိန့်ပို့ထားပြီး အဲဒီထဲက ကျောင်း ၂ ကျောင်းကို မီးရှို့လိုက်တယ်လို့ သတင်းရရှိပါတယ်။
ဘုန်းကြီးကျောင်းတစ်ကျောင်းကိုတော့ ငွေသိန်း (၄၀) ကျော်ပေးပြီး မီးရှို့ဖျက်ဆီးလိုက်တာလို့ ဒေသခံ ဘုန်းတော်ကြီးတစ်ပါးက RFA ကို မိန့်ပါတယ်။
2NE1ဆိုတဲ့ ကိုရီးယားအဆိုတော် အဖွဲ့ဝင်တစ်ဦးနဲ့တူလို့ ကျေနပ်နေတဲ့ နန်းဆုရတီစိုး
နန်းဆုရတီစိုးက မန္တလေးက ရွှေပြည်သာဟိုတယ်ဖွင့်ပွဲကို ရောက်ရှိလာပါတယ်။ လတ်တလောမှာတော့ ရိုက်ကူးရေးနဲ့ သူ့ ကုမ္ပဏီတွေ အလုပ်ရှုပ်နေတာကြောင့် Recording ဘက်ကို သိပ်ပြီးမလှည့်နိုင် သေးဘူးလို့ပြောပါတယ်။ နန်းဆုရတီစိုးက သူနားလည်တဲ့အောင်မြင်မှုနဲ့ပတ်သက်ပြီး ”လူတစ်ယောက် အောင်မြင်တယ်၊ ကျ ရှုံးတယ်ဆိုတာ အမြဲတမ်းပုံမှန်မရှိပါဘူး။
အချစ်က လန်းတယ်
ဇာတ်လမ်းဟု သတ်မှတ်လျှင်လည်း ရသည်။ သို့သော် သမားရိုးကျမဆန်သော သရုပ်ဆောင်များ၏ သရုပ်ဆောင်ကွက်များကြောင့် အချစ်ကလန်းတယ် ဆိုသော ဇာတ်ကားသည် ပရိသတ်တို့ တန်းတန်းစွဲအားပေးကြသောဇာတ်လမ်းကောင်းတစ်ခုဖြစ်လာခဲ့သည်။