Pages

Pages - Menu

Saturday, June 16, 2012

MRTV ရုပ်သံလိုင်းမှ မနေ့ညနေ သတင်းတွင် ဖော်ပြခဲ့သော အကြမ်းဖက်သမားဟု စွပ်စွဲဖမ်းဆီးထားခြင်းခံရသူ ၂၉ ဦးမှာ ဟိန္ဒူ နှင့်ရခိုင်ဗုဒ္ဓဘာသာဝင်များသာဖြစ်နေ


MRTV ရုပ်သံလိုင်းမှ မနေ့ညနေ သတင်းတွင် ဖော်ပြခဲ့သော အကြမ်းဖက်သမားဟု စွပ်စွဲဖမ်းဆီးထားခြင်းခံရသူ ၂၉ ဦးမှာ ဟိန္ဒူ နှင့်ရခိုင်ဗုဒ္ဓဘာသာဝင်များသာဖြစ်နေ



MRTV ရုပ်သံလိုင်းမှ မနေ့ညနေ သတင်းတွင် ဖော်ပြခဲ့သော အကြမ်းဖက်သမားဟု စွပ်စွဲဖမ်းဆီးထားခြင်းခံရသူ ၂၉ ဦးမှာ သာမန်အရပ်သားများသာဖြစ်ကြောင်း ဒေသခံများနှင့် ဖမ်းဆီးခံရသူ မိသားစုများ၏ ပြောပြချက်အရ သိရှိရသည်။

“ညနေသတင်းကို ကြည့်လိုက်တော့ အကုန်လုံး ကိုယ်တွေနဲ့ နီးနီးကပ်ကပ်နေကြတဲ့ မာရမာ၊ ဟိန္ဒူတွေနဲ့ ရခိုင်တွေချည်း မြင်လိုက်ရတော့ တော်တော် အံသြသွားတယ်။ သူတွေအကုန်လုံးက ဗုဒ္ဓဘာသာဝင်တွေချည်းဘဲ၊ အဲဒီထဲမှာ ဘင်္ဂလီမူဆ လင်ဆိုလို့ တယောက်မှ မပါဘူး။ ဒါဟာ အစိုးရအနေနဲ့ တမင်သက်သက် လုပ်ကြံတဲ့ ဇာတ်လမ်းတစ်ခုလို ဖြစ်နေပါတယ်” ဟု စစ်တွေဈေးမှ ဆိုင်ပိုင်ရှင်တစ်ဦးမှ ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဗယ်ဆု ပေးပွဲ အခန်းအနားကိုဇွန်လ ၁၆ ရက်နေ့ စနေနေ့ည မြန်မာစံတော်ချိန် ၅နာရီခွဲတွင်ကျင်းပမည်

 ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဗယ်ဆု ပေးပွဲ အခန်းအနားကိုဇွန်လ ၁၆ ရက်နေ့ စနေနေ့ည မြန်မာစံတော်ချိန် ၅နာရီခွဲတွင်ကျင်းပမည်


ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဗယ်ဆု ပေးပွဲ အခန်းအနားကို ဇွန်လ ၁၆ ရက်နေ့ စနေနေ့ည မြန်မာစံတော်ချိန် ၅နာရီခွဲ အချိန်တွင် အောက်ပါ လင့်မှ တိုက်ရိုက် ကြည့်ရှုနိုင်ပါသည်။

http://www.nobelprize.org/
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဗယ်ဆု ပေးပွဲ အခန်းအနားကို ဇွန်လ ၁၆ ရက်နေ့ စနေနေ့ည စကာင်္ပူအချိန် (၇) နာရီအချိန်တွင် အောက်ပါ လင့်မှ တိုက်ရိုက် ကြည့်ရှုနိုင်ပါသည်။
ကိုလတ်(ပန်ဘဲတန်း)

ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်း စစ်တွေမြို့၏ အခြေအနေ

ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်း စစ်တွေမြို့၏ အခြေအနေ



ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်း စစ်တွေမြို့၏ အခြေအနေမှာ တည်ငြိမ်လျက်ရှိပြီး ဈေးဆိုင်အချို့သည် ယမန်နေ့က နံနက်ပိုင်းမှ နေလည့် ၁၂ နာရီအချိန် ခန့်အထိ ဖွင့်လှစ်လာကြောင်း စစ်တွေမြို့သို့ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်မှ သတင်းပေးပို့ပါသည်။ 


ထို့အတူ မောင်တော မြို့၏ အခြေအနေမှာလည်း ယနေ့ နံနက်ပိုင်းတွင် တည်ငြိမ်နေကြောင်းနှင့် မောင်တောမြို့ ပတ်ဝန်းကျင်ရှိ အကူအညီလိုအပ်နေသော ကယ်ဆယ်ရေးစခန်းများသို့ ရိက္ခာများကိုလည်း မောင်တောမြို့မှ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။


 မောင်တောမြို့ ကယ်ဆယ်ရေးစခန်းများရှိ ဒုက္ခသည်များသည် ၄င်းတို့၏ သက်ဆိုင်ရာရွာမျာသို့ ပြန်လည်သွားရောက်နေထိုင်ရန် စိုးရွံ့နေကြောင်း မောင်တော မြို့ခံတစ်ဦးက ယနေ့နံနက်ပိုင်းတွင် ပြောကြားခဲ့ပါသည်။


Eleven Media Group:

အွန်လိုင်းလုံခြုံရေးသတိပေးချက်


အွန်လိုင်းလုံခြုံရေးသတိပေးချက်



ယခုရက်ပိုင်းအတွင်း Myanmar Muslim Cyber Army  http://mmca.umbb.net/ ဖွဲ့လိုက်တယ်ဆိုပြီး အွန်လိုင်းမှာ သတင်းတွေပြန့်လာပါတယ်။
မသင်္ကာစရာ အချက်များတွေ့ရသောကြောင့် အဆိုပါဆိုဒ်တွင် Register မလုပ်ကြဖို့ သတိပေးပြောကြားလိုပါတယ်။

အလားတူပဲ အခြား ဆိုရှယ်မီဒီယာ Website များနှင့် ဖိုရမ်များတွင် မန်ဘာဝင် Register လုပ်သည့်အခါ သေချာစွာ လေ့လာပြီး ဂရုစိုက်ဖို့ နှိုးဆော်ပါတယ်။ အယောင်ဆောင်ဆိုဒ်များ ပြုလုပ်ထားပြီး မန်ဘာဝင်လာသူများ၏ ကိုယ်ရေးအချက်အလက်များယူခြင်း၊ ကောလဟာလ သတင်းများယူဆောင်လာပြီး မမှန်သတင်းများ ပြန့်နှံစေခြင်း စသည့် အကြောင်းအရာဖြစ်ဖြစ်နိုင်သောကြောင့် အထူးဂရုပြုကြပါရန်။ 

Facebook သုံးသောသူများအနေဖြင့် မိမိတို့ FB အကောင့်တွင် Privacy Setting များကို ဂရုပြုကြဖို့နှင့် ဓါတ်ပုံများတင်ရာတွင် ဂရုပြုကြဖို့ တိုက်တွန်းပါတယ်။

မန္တလေးဘူတာကြီးအပေါ်ထပ်များအား မြန်မာနိုင်ငံသားများကိုသာ ငှားရမ်းပေးမည်


မန္တလေးဘူတာကြီးအပေါ်ထပ်များအား မြန်မာနိုင်ငံသားများကိုသာ ငှားရမ်းပေးမည်



ဇွန်(၁၅)ရက်၊၂၀၁၂ခုနှစ်။



မန္တလေးဘူတာကြီး၏ အပေါ်ထပ်များအားအဆင့်မြှင့်ဟိုတယ်နှင့်အဆင့်မြှင့်ဈေးဝယ်စင်တာများ ဖွင့်လှစ်လိုသည့်မြန်မာနိုင်ငံသား များအား   ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားကသိရှိရသည်။  
“မြန်မာနိုင်ငံသားတွေအတွက်ပဲ စီစဉ်ပေးတာပါ။ နိုင်ငံခြားသားတွေလုပ်ကိုင်လို့မရပါဘူး။ မူဝါဒအရကိုက ဒီလိုပါပဲ။ ကိုယ့်နိုင်ငံသားကို
ဦးစားပေးတဲ့သဘောပါ”ဟုမြန်မာ့မီးရထားရုံး(စီးပွားရေးဌာန)တာဝန်ရှိသူတစ်ဦးကပြောသည်။ 

ရခိုင်ပြည်နယ် ဒုက္ခသည်များကို ကုလသမဂ္ဂမှ ကူညီမည်

ရခိုင်ပြည်နယ် ဒုက္ခသည်များကို ကုလသမဂ္ဂမှ ကူညီမည်



နယူးဒေလီ (မဇ္ဈိမ) ။       ။ ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားနေသည့် အကြမ်းဖက် တိုက်ခိုက် ဖျက်ဆီးမှု များကြောင့် အိုးအိမ်မဲ့ ဖြစ်သွားရသည့် ဒုက္ခသည် ထောင်ပေါင်းများစွားအား ကုလသမဂ္ဂမှ ကူညီထောက်ပံ့ပေးသွား မည်ဟု ဆိုသည်။

“အစိုးရ ညွှန်ပြတာကတော့ အစားအစာ၊ နေစရာနဲ့ ဆေးဝါးအကူအညီတွေ အရေးပေါ် လိုနေတယ်လို့ သိရပါတယ်။ UN နဲ့ မိတ်ဖက်အဖွဲ့တွေအနေနဲ့ ဝန်ထမ်းလုံခြုံရေး အာမခံနိုင်သရွေ့ အကူအညီပေးဖို့ အဆင်သင့်ပါပဲ” ဟု ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ်နှင့် လူသားချင်းထောက်ထားသည့် ကူညီမှုပေးရေးအရာရှိ Ashok Nigam က ပြောသည်။

KIO နှင့် အစိုးရအကြား နေ့စဉ် တိုက်ပွဲငယ်များ ဖြစ်ပွားနေဆဲ


KIO နှင့် အစိုးရအကြား နေ့စဉ် တိုက်ပွဲငယ်များ ဖြစ်ပွားနေဆဲ




ချင်းမိုင်(မဇ္စျိမ) ။        ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်အနီးတဝိုက်တွင် ယခုရက်ပိုင်းအတွင်း အစိုးရတပ်များ
နှင့် တိုက်ပွဲဖြစ်ပွားမှု လျော့နည်းသွားသော်လည်း တရုတ်-မြန်မာနယ်စပ် ပန်ဝါမြို့နယ်တွင် သောကြာနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု KIO ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့ဝင်တဦးဖြစ်သည့် ဒု-ဗိုလ်မှူးကြီး ဂျီးနောင် ကပြောသည်။

နယ်စပ် မှတ်တိုင် ၇ နယ်မြေအနီး ပန်ဝါမြို့နယ် မြန်မာအစိုးရ တပ်ရင်း ၃၃၇ နှင့် ၃၇ တပ်ဖွဲ့များ လှုပ်ရှားလာမှုများ ရှိလာသဖြင့် KIO တပ်မဟာ ၁ တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်။

“နေ့တိုင်း ပစ်ခတ်နေရတယ်။ ဒီနေ့က ပန်ဝါဘက် မှတ်တိုင် ၇ အနောက်ဘက်မှာ တိုက်ပွဲဖြစ်တယ်။ ထိပ်တိုက် တွေ့ကြ တယ်။ KIO ဘက်ကတော့ တပ်ရင်း ၁ နဲ့က အောက်ပိုင်းမှာ တိုက်ကြတယ်။ တပ်ရင်း ၇ တပ်ဖွဲ့တွေက အထက်ပိုင်းမှာ တိုက်တယ်။ သူတို့ လှုပ်ရှားလာတာနဲ့ ပစ်တာပဲ” ဟု ဒုဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။