Pages

Pages - Menu

Friday, June 15, 2012

အင်္ဂလန်မှ နံပါတ် (၁)အဆင့် University of Surreyတက္ကသိုလ်မှ ဟိုတယ်နှင့်ခရီးသွားစီမံခန့် ခွဲမှု့ ဘာသာရပ်အတွက် ပညာသင်ထောက်ပံကြေးကမ်းလှမ်းပြီ

 အင်္ဂလန်မှ နံပါတ် (၁)အဆင့်  University of Surreyတက္ကသိုလ်မှ ဟိုတယ်နှင့်ခရီးသွားစီမံခန့် ခွဲမှု့ ဘာသာရပ်အတွက် ပညာသင်ထောက်ပံကြေးကမ်းလှမ်းပြီ

Hospitality and Tourism degrees အဆင့်တွင် UK ၏ နံပါတ် (၁) သတ်မှတ်ခံရသော University of Surrey မှ ပညာသင်ထောက်ပံ့ကြေးအဖြစ် ပေါင် ၂၅၀၀ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ပညာသင်ထောက်ပံ့ကြေးမှာ  University of Surrey ၏ Foundation နှင့် ညီမျှသော International Study Center တွင်တက်ရောက်မည့် ကျောင်းသူကျောင်းသားများကို ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်၊၊ စစ်တမ်းကောက်ယူမှုများအရ University of Surrey တွင်ကျောင်းပြီးသောကျောင်းသားကျောင်းသူများမှာ (၆)လအတွင်း အလုပ်အကိုင်ရရှိမှုနှုန်း ၉၄.၈% ရှိကြောင်း  Higher Education University Guide 2012 တွင်ဖေါ်ပြပါရှိသည်၊၊

လပြင်းများတိုက်ခတ်ပြီးမိုးသည်းထန်စွာရွာသွန်းလျက်ရှိသောစစ်တွေမှာ မှာ ဒုက္ခသည်များအတွက်အခက်ခဲများကြုံနေရ


ရန်နိုင်(မြစ်မခ)
ဇွန်(၁၅)ရက်၊၂၀၁၂ခုနှစ်။


ရခိုင်ပြည်နယ်စစ်တွေမြို့နှင့်အနီးတဝိုက်ကျေးရွာများတွင်နှစ်ရက်တိုင်လေပြင်းများတိုက်ခတ်ပြီးမိုးသည်းထန်စွာရွာသွန်းလျက်ရှိသောကြောင့်   ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များအတွက် နေရာထိုင်ခင်းများသို့ မိုးရေများဝင်ရောက်ကာ အခက်အခဲများနှင့်ကြုံတွေ့နေရသည်။

 “မိုးဆက်တိုက်ရွာနေတာ နှစ်ရက်ရှိပြီ။ မိုးတင်မဟုတ်ဘူး လေပါလာတော့ဒုက္ခသည်စခန်းတွေက လုံခြုံမှုမရှိကြတော့ လူတွေကို မိုးစိုကုန်တယ်။ ပြီးတော့အစားအသောက်အတွက်လည်း မလုံလောက်တော့ ဒုက္ခရောက်နေကြတယ်”ဟု ရခိုင်ပြည်နယ်
စစ်တွေဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ် ပြဿနာတွေအပေါ် ဦးဝင်းတင်ရဲ့ သဘောထားအမြင်

 ရခိုင်ပြည်နယ် ပြဿနာတွေအပေါ် ဦးဝင်းတင်ရဲ့ သဘောထားအမြင်





Burma VJ Media Network
အစိုးရအနေနဲ့ ရပ်တည်ဖို့ဆိုတာဟာ ဒီပြဿနာတွေဟာ အခုမှဖြစ်တာမဟုတ်ဘဲ ဟိုးအရင် နှစ်ပေါင်း ၆၀ လောက်ကတည်းက ဒီမိုကရေစီအစိုးရလက်ထက်တုန်းကလဲ ရှိခဲ့တာသလို ဦးနေဝင်းလက်ထက်တုန်းကလဲရှိခဲ့တာပါပဲ။ အခုပြဿနာဟာ နယ်စပ်ကနေခိုးဝင်လာတဲ့ပြမဟုတ်တော့ဘဲ အခြေတကျဝင်ပြီးတော၊့ နေရာစိုက်ထူပြီး ကိုယ့်အရပ်ကိုယ့်ရွာ ကိုယ့်တိုင်းပြည်လို တောင်းဆိုတာတွေ ရပ်တည်လာတာတွေဖြစ်လာတဲ့ အနေအထားဖြစ်ပါတယ်။


 နောက်ဆုံးအဆင့်အနေနဲ့ သူတို့ကိုယ်သူတို့ မြန်မာလူမျိုးပါ မြန်မာတိုင်းရင်းသားဖြစ်တယ် အဲဒါကြောင့်သူတို့ကို အခွင့်အရေးတွေပေးရမယ်။ အဲဒီကနေတဆင့် ပြည်နယ်တောင်းတဲ့အဆင့် တပြည်လုံးမှာ ပြည်နယ်ခွဲထွက်တဲ့အဆင့်တွေတောင်ရောက်နိုင်တဲ့ အနေအထားတွေဖြစ်သွားနိုင်ပါတယ်။ 

စစ်တွေမြို့ရှိ ရခိုင်ဒုက္ခသည်စခန်းများတွင် ဝမ်းရောဂါ ဖြစ်ပွားသူတစ်ရာကျော်သို့ရောက်ရှိ


ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားနေသော ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိနေသော ဒုက္ခသည်များကို စီးပွားရေး လုပ်ငန်းရှင်များနှင့် စာပေအနုပညာရှင်များက ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်နေသည်ကို ဇွန်လ ၁၃ ရက်နေ့က တွေ့မြင်ရစဉ်။

ရခိုင်ပြည်နယ်တွင် ဒေသတွင်းဆူပူအကြမ်းဖက်မှု၊ မီးရှို့ဖျက်ဆီးမှုများကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့်ရခိုင် ဒုက္ခသည် စခန်းများတွင် ၀မ်းရောဂါ ဖြစ်ပွားသူ ကလေးငယ် တစ်ရာကျော်ခန့် ရှိနေပြီိဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက ယနေ့မွန်းလွဲ ၂နာရီခန့်က The Voice Weekly သို့ပြောကြားသည်။

The Voice Weekly

တရားမ၀င်ကုန်သွယ်နေမှုများ ထိရောက်စွာအရေးယူဆောင်ရွက်မည်


ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ကျပ် ၁၀၀၀၀ တန် ငွေများစတင်ထုတ်ပေး



ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ကျပ် ၁၀၀၀၀ တန် ငွေများစတင်ထုတ်ပေး



မြန်မာနိုင်ငံကျပ်တစ်သောင်းတန်

















































ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းမှ ညနေ ၃ နာရီအထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်များနှင့် မြ၀တီဘဏ်များတွင် ကျပ် ၁၀၀၀၀ တန် ငွေများကို စတင်ထုတ်ပေးလျှက်ရှိသည်။

Eleven Media Group:

ဖားကန့်မြို့နယ်တွင်း ဥရုချောင်းရေလျံမှုကြောင့် ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်အချို့၌ ရေကြီးရေလျံမှု ဖြစ်ပွားနေ


ဖားကန့်မြို့နယ်တွင်း ဥရုချောင်းရေလျံမှုကြောင့် ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်အချို့၌ ရေကြီးရေလျံမှု ဖြစ်ပွားနေ


ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်း ဥရုချောင်းရေလျံမှုကြောင့် ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေကြီးရေလျံမှုများ ဖြစ်ပွားနေကြောင်း သတင်းရရှိပါသည်။

အဆိုပါ ရေကြီးရေလျံမှုသည် ၂၀၁၂ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် စတင်ဖြစ်ပွားခြင်းဖြစ်ပြီး ပုံမှန်မိုးရွာသွန်းမှုဖြစ်စဉ်သာ ဖြစ်သော်လည်း ဥရုချောင်းတွင်း ချောင်းကြမ်းပြင် မြင့်တက်နေခြင်းကြောင့် ချောင်းကမ်းတစ်လျောက်ရှိ ကျေးရွာများနှင့် မြေနိမ့်ရာ မြို့ပေါ်ရပ်ကွက်အချို့တွင် ရေကြီးရေလျံမှု ဖြစ်ပွားလာခြင်းဖြစ်ကြောင်း သိရှိရသည်။


မသီတာထွေးအမှု စွပ်စွဲခံရသူများ တမှု ဝန်ခံ၊ နှစ်မှု ငြင်းဆို


By Mizzima - News in Burmese
နေမျိုး     | ကြာသပတေးနေ့၊ ဇွန်လ ၁၄ ရက် 


နယူးဒေလီ (မဇ္ဈိမ) ။        ။ မေလ ၂၈ ရက်နေ့က ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် သပြေချောင်းကျေးရွာသူ မသီတာထွေး အား အဓမ္မပြု သတ်ဖြတ်ကာ ပစ္စည်း လုယက်မှုတို့ဖြင့် စွပ်စွဲခံရသူ ရော့ပီးနှင့် ခိုချီး တို့ နှစ်ဦးက အဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့ကြောင်း ဝန်ခံဖြောင့်ချက် ပေးသော်လည်း လူသတ်မှုနှင့် လုယက်မှုကိုမူ မကျူးလွန်ခဲ့
ကြောင်း ကြာသပတေးနေ့ ရုံးတော်တွင် ငြင်းလိုက်ကြသည်။

မနက်ပိုင်းက ကျောက်ဖြူ ခရိုင်တရားရုံးတွင် တရားသူကြီး ဒေါ်ဌေးဌေးကြည်က ကြားနာခဲ့ရာတွင် စွပ်စွဲခံရသူ နှစ်ဦး ဘက်မှ တရားခံပြ သက်သေ တင်ပြခြင်း မရှိ၍ ခရိုင်ဥပဒေအရာရှိ ဦးစောမြ က ရုံးတော်သို့ စွဲချက် တင်သွင်းခဲ့ကြောင်း
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။

ယနေ့(ဇွန်လ ၁၅ ရက်နေ့) နံနက်ပိုင်းတွင် မောင်တောမြို့ အခြေအနေ

ယနေ့(ဇွန်လ ၁၅ ရက်နေ့) နံနက်ပိုင်းတွင် မောင်တောမြို့ အခြေအနေ




ဇွန်လ ၁၅ ရက်နေ့ နံနက် ၁ နာရီအချိန်တွင် မီးလောင်ကျွမ်းခဲ့သော မြို့သူကြီးရပ်ကွက်တွင် 



လုံခြုံရေးလှည့်လည်နေသော ရဲတပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင်မြင်တွေ့ရစဉ်



ယနေ့(ဇွန်လ ၁၅ ရက်နေ့) နံနက်ပိုင်းတွင် မောင်တောမြို့ အခြေအနေသည် ငြိမ်သက်လျှက်ရှိနေပြီး ဈေးဆိုင်ခန်းများ ဖွင့်လှစ်မှုမရှိသေးကြောင်း၊ မိုးများသည်းထန်စွာ ရွာသွန်းလျှက်ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက မောင်တောမြို့ကို လုံခြုံရေးယူထားကြောင်း သိရှိရပါသည်။ 

ဖားဝက်ချောင်း ကျေးရွာ ကယ်ဆယ်ရေးစခန်း၊ ၊ ငါးခူရ ကျေးရွာ ကယ်ဆယ်ရေးစခန်းနှင့် ကျီးကန်းပြင် ကယ်ဆယ်ရေးစခန်းတို့တွင် စားနပ်ရိက္ခာ အခက်အခဲဖြစ်ပေါ်နေသည့်အတွက် မောင်တောမြို့မှ ယနေ့ သွားရောက်ပေးပို့ရန် စီစဉ်ထားသော်လည်း မိုးများသည်းထန်စွာ ရွာသွန်းနေသောကြောင့် ယနေ့ နံနက်ပိုင်းအထိ ပေးပို့နိုင်ခြင်းမရှိသေးကြောင်း သိရှိရပါသည်။

Eleven Media Group:

စစ်တွေမြို့ မြို့သူကြီးရပ်ကွက်ကို ဘင်္ဂါလီလူမျိုးများက စက်လှေဖြင့်လာရောက်မီးရှို့သွား


ဇွန်လ (၁၅)ရက် ယနေ့ ည ၁ နာရီ ၆ မိနစ်ခန့်တွင် စစ်တွေမြို့ ရခိုင်လူမျိုးများ နေထိုင်သည့် မြို့သူကြီးရပ်ကွက်ကို ဘင်္ဂါလီလူမျိုးများက စက်လှေဖြင့်လာရောက်မီးရှို့သွားသည့်အတွက် အိမ်ခြေအများအပြား လောင်းကျွမ်းလျှက်ရှိသည်ဟု စစ်တွေမြို့ခံများက ဖုန်းဆက်ပြောကြားချက်အရသိရှိရသည်။ပြီးခဲ့သည့်ညက လုံခြုံရေးစောင့်ကြည့်လျှက်ရှိသည့် ရပ်ကွက်သား အများအပြားဖမ်းဆီးခံရပြီးနောက် ယခုကဲ့သို့ ၀င်ရောက်မီးရှို့ခံရခြင်းဖြစ်ကြောင့် ဒေသခံများကပြောဆိုသည်။

‎"မီးလောင်နေတာက တစ်နာရီလောက်ရှိသွားပြီး ။ အခုထိတော့ မီးမငြိမ်းသေးဘူး။ မိုးကလည်း တအားရွာနေတယ်"ဟု စစ်တွေမြို့ ကမ်းနား
မြို့သူကြီးရပ်ကွက်မီးလောင်နေသည့် နေရာသို့ ရောက်ရှိနေသော 7 Day News Journal မှ ဓာတ်ပုံသတင်းထောက်ကို တယ်လီဖုန်းဆက်သွယ်မေးမြန်ချက်အရ သိရှိရသည်။

The Voice Weekly

စစ်တွေတွင် နာရေးကိစ္စဆောင်ရွက်ရန် အခက်အခဲဖြစ်နေ


စစ်တွေမြို့တွင်း ရပ်ကွက်တစ်ခု မီးရှို့ခံရမှုကို လုံခြုံရေးယူနေသော ရဲတပ်ဖွဲ့ဝင်တစ်ဦး။

ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
စစ်တွေ ၊ဇွန် ၁၄

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မြို့ခံများ၏ နာရေးကိစ္စများဆောင်ရွက်ရာတွင် သုသာန်သို့သွားရောက်ရန်အခက်အခဲဖြစ်နေ
ကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သောဆူပူအကြမ်းဖက်မှုများကြောင့်သေဆုံးခဲ့သူအချို့ကိုမြေချရန် စစ်တွေ မြို့နှင့် ၆မိုင်ကွာဝေးသော မှန်စီ သချိုင်းသို့သွားရပြီးအဆိုပါနေရာသို့သွားရန်ဘင်္ဂါလီလူမျိုးများအများဆုံးနေထိုင်သောဘုမေ၊သဲချောင်းရွာများကိုဖြတ်သန်းသွားရပြီးအသုဘချရန်သွားစဉ် စောင့်ဆိုင်းရန်ရှာမှု့များရှိသဖြင့် နာရေးကိစ္စဆောင်ရွက်ရန်ခက် ခဲနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

လွန်ခဲ့သော နှစ်ရက်ခန့်က စစ်တွေမြို့မှ နာရေးတစ်ခုကို ပို့ဆောင်ရာ ဘင်္ဂါလီလူမျိုးများနေထိုင်သည့်ရွာများ
ကိုဖြတ်သန်းစဉ်အုပ်စုဖွဲ့စောင့်ဆိုင်းကာ ခဲများဖြင့်ပစ်ပေါက်ခြင်းများရှိခဲ့သဖြင့်စစ်တွေမြို့ခံများကနာရေးပို့ဆောင်ရန် စိုးရိမ်ထိတ်လန့်နေကြခြင်းဖြစ်ကြောင်းဒေသခံများကပြောကြားသည်။

ဇွန်လ ၁၃ရက်နေ့တွင် စစ်တွေမြို့မှ နာရေးတစ်ခုပို့ဆောင်ရာတွင် လုံခြုံရေး အစောင့်အကြပ်များနှင့်ပြီးဆုံးအောင်ဆောင်
ရွက်ခဲ့ရကြောင်း ဒေသခံများက ပြောကြားသည်။

7Day News Journal

ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သတ်ပြီး ဇွန်လ (၁၄)ရက်နေ့ နောက်ဆုံးရ သတင်းများ



ဇွန်လ ၁၄ ရက် ညနေ ၄း၃၀ နာရီ
စစ်တွေမြို့ပေါ်တွင် ကယ်ဆယ်ရေးစခန်း ၄၅ ခုအထိ ရှိလာပြီး အဆိုပါ ကယ်ဆယ်ရေးစခန်း၌ ခိုလှုံသူဦးရေ ၃၀၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြောင်း ၀ံလတ်ဖောင်ဒေးရှင်းမှ Eleven Media Group သို့ ပြောကြားခဲ့ပါသည်။
ဇွန်လ ၁၄ ရက် နေ့လည် ၂း၀၅ နာရီ
မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများမှ တိမ်းရှောင်လာသူများအား ကယ်ဆယ်ရေးစခန်း ၃ ခုတွင် နေရာချထားလျက်ရှိပြီး အဆိုပါ နေရာများမှာ ဖားဝက်ချောင်း ကျေးရွာ ကယ်ဆယ်ရေးစခန်း၊ ၊ ငါးခူရ ကျေးရွာ ကယ်ဆယ်ရေးစခန်း၊ ကျီးကန်းပြင် ဌာနချုပ် တို့ဖြစ်ကြ ကြောင်းသိရသည်။ ဖားဝက်ချောင်း ကျေးရွာက ယ်ဆယ်ရေးစခန်းတွင် လူပေါင်း ၅၀၀ ကျော် ၊ ငါးခူရ ကျေးရွာ ကယ်ဆယ်ရေးစခန်းတွင် ၇၂၀ ခန့် ၊ ကျီးကန်းပြင် ဌာနချုပ်တွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းတွင်

AZG မှ အဖွဲ့ခေါင်းဆောင် ဦးကျော်လှအောင်ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် အရေးယူထား


နယ်သာလန်အခြေစိုက် နိုင်ငံတကာအန်ဂျီအို(AZG)မှ စစ်တွေရုံးခွဲရှိ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သော ဦးကျော်လှအောင်ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် အရေးယူထားကြောင်း စစ်တွေမြို့ရှိ လုံခြုံရေးတာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောကြားခဲ့ပါသည်။

ထို့အပြင် စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်ရှိ ဦးအောင်ထွန်းဦးလမ်းအတွင်းမှ AZG ရုံး အား ဇွန်လ ၁၄ ရက်နေ့က တပ်မတော်မှ ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှာဖွေမှုပြုလုပ်သည့် အချိန်မှာ နံနက် ၁၁ နာရီ ၃၀ မိနစ်မှ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်အထိ အချိန် ၃ နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

AZG အဖွဲ့သည် စစ်တွေမြို့တွင် အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက် ကာကွယ်ရေးလှုပ်ရှားမှုများ ပြုလုပ်ကြောင်း သိရသည်။

ဗီဂျေးနမ်ဗီယာသည်လည်း  အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ ဘာသာရေးခေါင်းဆောင် ၁၅ ဦး နှင့်အတူ ဇွန်လ ၁၃ ရက်နေ့က စစ်တွေမြို့သို့ လာရောက်ခဲ့သည်။

Eleven Media Group: