စောဇင်ညီ(မြစ်မခ)
ဇွန် ၈၊ ရန်ကုန်မြို့။
အစိုးရတပ်၊ နယ်စပ်ကာကွယ်ရေးအဖွဲ့၊ လုံထိမ်းအဖွဲ့စသည့်အဖွဲ့များကမောင်းတောဒေသတွင်းသို့ ၀င်ရောက်အကြမ်းဖက် လျက်ရှိသော ဘင်္ဂလီလူမျိုးများအား ပစ်ခတ်သောကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်သို့ထွက်ပြေးသွားကြကြောင်း မောင်းတော ဒေသရှိ

ဒေသခံပြည်သူများထံမှ သိရှိရသည်။
` ညနေ ၆နာရီလောက်က ထွက်ပြေးသွားကြတယ်၊ တပ်က ခြောက်ပြီးပစ်တယ်၊ ပစ်တော့ ပစ်ကြတာပဲ ကျမတို့လည်းပြေးနေတော့ ထိလားမထိလား မသိဘူး` ဟုမောင်းတောဒေသရှိ ဒေသခံပြည်သူ တဦးက ပြောသည်။