Pages

Friday, March 25, 2016

ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ Zaventem လေဆိပ်အဆောက်အအုံတွင် ပေါက်ကွဲမှု ၂ကြိမ်ဖြစ်ပွားရာ လူ ၃၇ဦးသေဆုံးပြီး ၁၅၀ ဦး ဒဏ်ရာရ


RangonNewsDaily::March . 25 .2016
ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ Zaventem လေဆိပ်အဆောက်အအုံမှာ မတ်လ ၂၂ရက်နေ့ နေ့လည်က ပေါက်ကွဲမှု ၂ကြိမ်ဖြစ်ပွားရာ လူ ၁၁ဦးသေဆုံးပြီး ၂၀ဦး ဒဏ်ရာရသွားတယ်လို့ ဘယ်ဂျီယံ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားရာနေရာမှာ ခရီးသည်များပြန်လည်ထွက်ခွာပြုမည့် Departure ဧရိယာတွင် ဖြစ်ကြောင်းလည်း လူမှုကွန်ရက်များတွင် ဖော်ပြထားသည်။

ပခန်းကိုကြီးကျော်နတ်ပွဲမှ အပြန်လမ်းတွင် လူတစ်စုက ဆိုင်ကယ်စီးလာသူ အမျိုးသမီးနှစ်ဦးအနက် တစ်ဦးအား လှည်းဖြင့်ကြိတ်ကာ သမီးဖြစ်သူအား တုတ်ဖြင့်ရိုက်မှု ဖြစ်ပွား

RangonNewsDaily::March . 25 .2016
ရေစကြိုမြို့နယ် ပခန်းကိုကြီးကျော် နတ်ပွဲမှ အပြန်လမ်းတွင် လူတစ်စုမှ ဆိုင်ကယ်စီးလာသူ အမျိုးသမီးနှစ်ဦး အနက်တစ်ဦးအား လှည်းဖြင့်ကြိတ်ကာ သမီးဖြစ်သူအား တုတ်ဖြင့်ရိုက်မှု ဖြစ်ပွားခဲ့ရာ လှည်းကြိတ်ခံရသူက သေဆုံးခဲ့ကြောင်း သိရသည်။

ထားဝယ်ခရိုင် လောင်းလုံးမြို့ နယ် စမ်းလှမ်းကျေးရွာအနီးယာဉ်တိမ်းမှောက် ၁၂ ဦးသေဆုံး၊ ၄၇ ဦး ဒဏ်ရာရ


RangonNewsDaily::March . 25 .2016
ထားဝယ်ခရိုင် လောင်းလုံးမြို့ နယ် စမ်းလှမ်းကျေးရွာအနီး မြင့်မိုရ်လက် ခတ်တောင်ပေါ်တွင် ယနေ့ (မတ်လ ၂၃ ရက်) မွန်းလွဲ ၁၂ နာရီအချိန်ခန့် က ဘုရားဖူးရာမှ ပြန်လာသော ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ငြိမ်းချမ်းရေးစင်တာ-MPC အစိုးရလက်အောက်တွင်မရှိတော့



RangonNewsDaily::March . 25 .2016
သမ္မတဦးသိန်းစိန်ကMPCလို့လူသိများတဲ့ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာနရဲ့ရုံးအဖွဲ့ကိုအရပ်ဖက်အဖွဲ့အစည်းအဖြစ်ရပ်တည်ခွင့်ပေးလိုက်ပါပြီ။

" အခြေခံဥပဒေခုံရုံးဥက္ကဌနှင့်အဖွဲ့ဝင်များ အမည်စာရင်းတင်သွင်း "


RangonNewsDaily::March . 25 .2016
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များ အဖြစ် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံထားရသူက တင်ပြသည့် ဦးညီညီ ၊ဦးမြင့်ဝင်း၊ ဦးမျိုးမြင့်၊ ပြည်သူ့လွှတ်တော်ဥက္ကဌက တင်ပြသည့် ဦးမျိုးညွန့်၊ ဦးခင်မောင်ချို၊ ဒေါ်ခင်ဌေးကြွယ်၊ အမျိုးသားလွှတ်တော်ဥက္ကဌက တင်ပြသည့် ဦးတွာလ်ကျင်ပေါင် ၊ဒေါ်လှမျိုးနွယ်၊ ဦးကျော်ဆန်း စုစုပေါင်း ပုဂ္ဂိုလ် ၉ ဦး အနက်မှ ဦးမျိုးညွန့်ကို ခုံရုံးဥက္ကဌ အဖြစ် ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်နာယကက တင်ပြထားသည်။ 

" ပြည်ထောင်စုဝန်ကြီး ၁၈ ဦးကို အတည်ပြုခန့်အပ် "


RangonNewsDaily::March . 25 .2016
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံထားရသူက တင်ပြသည့် ပြည်ထောင်စု
ဝန်ကြီးများ၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြခဲ့ရာတွင် ကန့်ကွက်မှု
တစ်စုံတစ်ရာမရှိသဖြင့် 

မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော မန္တလေးမင်္ဂလာဈေးကို အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ကာ လူနေခွင့်မပြုတော့ဘဲ မတ်၂၈ ရက် နောက်ဆုံးထား ပစ္စည်းသယ်ရန်နှင့် ယာယီဈေးဖွင့်လှစ်ရန် စီစဉ်


RangonNewsDaily::March . 25 .2016
မန္တလေးမြို ချမ်းအေးသာစံမြို့နယ် ၇၃ လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ မီးလောင်ကျွမ်းသွားသော မင်္ဂလာဈေးကို အန္တရာယ်ရှိ အဆောက်အအုံဖြစ် သတ်မှတ်ပြီး လူနေထိုင်ရန် ခွင့်မပြုတော့ဘဲ ပစ္စည်းများကို မတ်၂၈ ရက် နောက်ဆုံးထား သယ်ရန်နှင့် ဆိုင်ခန်းများအတွက် ယာယီဈေးစီစဉ်နေကြာင်း စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။

ရန်ကုန် ခုံးကျော်တံတားများ ထိရောက်မှု မရှိကြောင်း လွှတ်တော်တွင် ဆွေးနွေး


RangonNewsDaily::March . 25 .2016
ရန်ကုန်မြို့တွင်း တည်ဆောက်ပြီးစီးခဲ့သည့် ခုံးကျော်တံတားများသည် ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာများကို ထိရောက်စွာ ဖြေရှင်း ပေးနိုင်ခြင်း မရှိကြောင်း ယနေ့ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ပထမအကြိမ် ပုံမှန် အစည်းအဝေး ပဉ္စမနေ့တွင် ကိုယ်စားလှယ် များက ထည့်သွင်း ဆွေးနွေးသည်။

ရခိုင်အမျိုးသားပါတီ(ANP) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့အကြား ညှိနှိုင်းရေး အဖွဲ့ ဖွဲ့စည်းရန် သဘောတူ


RangonNewsDaily::March . 25 .2016
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အမတ် ဦးညီပု (ပါတီ၏ ပြည်နယ်ဥက္ကဌလည်းဖြစ်သူ)ကို ခန့်အပ်ဖို့ ဆုံးဖြတ်ထားပြီးအပေါ် စစ်တွေမှာ ANP ပါတီကိုထောက်ခံသူတွေက ANP ပါတီကပုဂ္ဂိုလ်ကိုပဲ ပြည်နယ်ဝန်ကြီးချုပ်ပေးဖို့ ဆန္ဒပြခဲ့ပြီးတစ်ရက်အကြာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်က ရွေးကောက်ခံ လွှတ်တော်အမတ်တွေနဲ့ ဒီကနေ့ညနေမှာ တွေ့ဆုံဖို့ စည်ပင်ရိပ်သာကို ရောက်လာခဲ့ပါတယ်။

ကန်ကြီးထောင့် မြို့မဈေးကြီးအား အမည်မသိ လူငယ်နှစ်ဦး မီးရှို့ရန် ကြံစည်မှုဖြစ်ပွား


RangonNewsDaily::March . 25 .2016
ကန်ကြီးထောင့်မြို့နယ် မြို့မဈေးကြီးအား မတ် ၂၄ ရက် နံနက် ၁ နာရီခန့်တွင် အမည်မသိသူ လူငယ်နှစ်ဦးမှ မီးရှို့ရန် ကြံစည်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။