Pages

Friday, May 20, 2016

"စစ်ကိုင်းအလုပ်သမားသပိတ် က(၅၁) ဦးကို ပုဒ်မလေးခုနဲ့ တရားစွဲ"

RangonNewsDaily::Friday. May 20.2016 
။အလုပ်သမားသပိတ်က ဖမ်းဆီးခံရသူ (၅၁) ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၄၃|၁၄၅|၁၄၇နဲ့ ၅၀၅(ခ)တို့နဲ့ တရားစွဲဆိုလိုက်ပါတယ်။သပိတ်ခေါင်းဆောင်တွေကတော့ ခုလိုတရားရုံးကိုရောက်လာခြင်းက တရားရုံးကိုသပိတ်မှောက်တာဖြစ်တယ်လို့ဆိုပါတယ်။
ဒီသပိတ်မှာ ယင်းပုဒ်မလေးခုနဲ့တရားစွဲဆိုခံရသူ ၅၁ဦးရှိပြီးမနေ့ညနေက အယောက်၂၀ကို စစ်ကိုင်းကိုပြန်ပို့လိုက်ပြီလို့ ရဲမှူးကြီးကိုကိုအောင်က အတည်ပြုပါတယ်။
ခွင့်ပြုမိန့်မယူဘဲ လူစုလူဝေးနဲ့ဆူညံအောင်လုပ်မှုတွေအပြင် ၅၀၅(ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှု တို့နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ရီမန်နှစ်ပတ် ချုပ်မိန့်ပေးဖို့တရားရုံးကဆုံးဖြတ်ခဲ့ပြီး ရမည်းသင်းအကျဉ်းထောင်မှာ ကျခံကြရမှာဖြစ်ပါတယ်။
Kumudra ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment