Pages

Monday, January 26, 2015

ပျိုးခင်းတင်ပြီးမှ စိုင်းစိုင်းနဲ့ ပထမဆုံးနှစ်ကားဆက်တိုက် ရိုက်ဖြစ်သွားတယ်လို့ ဆိုလာတဲ့ အိချောပို


RangonNewsDaily:: January . 26 .2015
ဒိတ်ဒိတ်ကြဲ စိုင်းစိုင်းနဲ့ ပျိုးခင်းတင် မင်းသမီးဖြစ်ပြီးကာမှ နှစ်ကားဆက်တိုက်ရိုက်ဖြစ်တဲ့ အိချောပိုက ၁၀ တန်းအရွယ်တုန်းကတော့ သူနဲ့အတူ သုံးကားရိုက်ဖူးပြီး အခုတခေါက် ကိုစိုင်းနဲ့ပြန်ဆုံတာ ၅ ကားမြောက်လို့ပြောပြလာတာကြောင့် အဲ့ဒီအကြောင်းမေးကြည့်တဲ့အခါ “ခုရိုက်နေတဲ့ ကားလေးက Love Package တဲ့။
ဖန်စီလေးပါပဲ။ ဒါရိုက်တာကိုနေပိုင်၊ မင်းသားက ကိုစိုင်းပါ။ ဒီကားက ပျိုးခင်းတင်ပြီးမှ ရိုက်တဲ့ နှစ်ကားမြောက်ပေါ့။ အိချောက ဒီကားထဲမှာ ကိတ်မုန့်ဆိုင်ဖွင့်ထားတယ်။ ကိုစိုင်းက တက်သစ်စ အဆိုတော်၊ကိုယ်က သူ့ကို ကြိုက်တယ်။

 ဖုန်းတွေဆက်တယ်။ စကားလဲ မပြောရဲပဲနဲ့။ သူနဲ့အပြင်မှာ ဆုံပြီးသွားတဲ့ချိန်မှာ သူက ကိုယ့်ကို propose လုပ်တယ်။ ချစ်သူဖြစ်ပြီး ခိုးပြေးပြီးတော့မှ တကယ်မချစ်ပဲ အညိုးနဲ့လုပ်မှန်း သိလိုက်ရတယ်။ လက်စားချေတဲ့ ဇာတ်လမ်းလေးပေါ့။ ကိုစိုင်းနဲ့က ခု ၂ ကားဆက်ပါ” လို့ သူမက ပြောပြသွားပါတယ်။

စိုင်းစိုင်းနဲ့တွဲဖက် ရိုက်ကူးမှုအပိုင်းနဲ့ပတ်သတ်ပြီး သူမက “ကိုစိုင်းနဲ့က ခု ရှေ့မှာတစ်ကား၊ ခုတစ်ကား ဆိုတော့ နှစ်ကားဆက်ပေါ့။ ဒါပျိုးခင်းတင်ပြီး မှ ခုနှစ်ကားဆက်ပဲ ရိုက်ဖူးသေးတယ်။ အရင်ကတော့ ၁၀တန်းဘ၀မှာ ၃ ကားရိုက်ဖူးတယ်။ အရင်ကတော့ ဘာမှမသိသေးတော့ ဒါလုပ်ဆို လုပ်လိုက်တယ်။ ခုကတော့ နဲနဲလဲ လုပ်တတ်လာပြီဆိုတော့ အဆင်ပြေပါတယ်။ ပျော်ဖို့လဲကောင်းတယ်။ ကိုစိုင်းကလဲ အိချောကို အရင်နဲ့မတူတော့ဘူးလို့ ပြောပါတယ်”တဲ့။

ချစ်သူများနေ့ကို ဖြတ်သန်းမဲ့သူမရဲ့အစီအစဉ်ကိုလဲ “လောလောဆယ် အစီအစဉ် မရှိသေးပါဘူး။ အရင်နှစ်တွေကလဲ ရှုတင်မှာပဲ။ အရင်နှစ်တွေတုန်းကတော့ လက်ဆောင်တွေရခဲ့ဖူးတယ်။ ကိုယ်ကတော့ ဘယ်သူ့ကိုမှမပေးဖူးဘူး။ သူများဆီကပဲ ရဖူးတယ်။ အဲ့ဒီနေ့လေးက ပျော်ဖို့ ကောင်းတယ်။ အကျီ်ဆင်တူလေးတွေနဲ့လျှောက်သွားတာတို့၊ လူငယ်တွေအနေနဲ့ အရမ်းကို ပျော်ရွှင်ပြီး စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။”လို့ သူမက ပြောပြပေးသွားပါတယ်။

Trend Myanmar, KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment