Pages

Saturday, January 31, 2015

အမျိုးသမီးများ အသက်ဆယ့်ခြောက်နှစ်ကျော်အထိ ဓမ္မတာ ကိစ္စမဖြစ်ပါက တတ်ကျွမ်းနားလည်သောဆရာဝန်များနှင့် အချိန်မီကုသမှုခံယူသင့်


RangonNewsDaily:: January . 31 .2015
အမျိုးသမီး များ အသက်ဆယ့်ခြောက်နှစ်ကျော် အထိ ဓမ္မတာကိစ္စမဖြစ်ပါက တတ် ကျွမ်းနားလည်သော ဆရာဝန်များနှင့် အချိန်မီ ကုသမှုခံယူသင့်ကြောင်း ဗဟို အမျိုးသမီးဆေးရုံကြီး (ရန်ကုန်) မှ သားဖွားမီးယပ်အထူးကု ဆရာဝန် ကြီး ဒေါက်တာစိုးလွင်က သတိပေး ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ခြံဝင်းတံခါးနှင့် အိမ်နံပါတ်ပြားဟောင်းတို့ကို ကြမ်းခင်းဈေး ကျပ်သိန်းနှစ်ထောင်ဖြင့် လေလံတင်မည်


RangonNewsDaily:: January . 31 .2015
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံခဲ့ရစဉ် ဆယ်စုနှစ် နှစ်ခုကျော်ကာလတစ် လျှောက် အသုံးပြုခဲ့သည့် အိမ် ခြံဝင်းတံခါးဟောင်းကြီးနှင့် (၅၄) ဆိုသည့် အိမ်နံပါတ်ပြား ဟောင်းတို့ကို ကြမ်းခင်းဈေး ကျပ်သိန်း ၂,၀၀၀ ဖြင့် လေလံ တင် ရောင်းချမည်ဖြစ်ကြောင်း ဇန်နဝါရီ ၃၀ ရက်က ကြေညာ လိုက်သည်။

ငှက်အုပ်နှင့်တိုက်မိခဲ့သဖြင့် ရွှေမြန်မာစင်းလုံးငှားလေယာဉ်နေပြည်တော်သို့ ပြန်ဆင်း


RangonNewsDaily:: January . 31 .2015
နေပြည်တော်မှ ရန်ကုန် သို့ ပျံတက်သောရွှေမြန်မာ လေကြောင်းလိုင်းမှ လေယာဉ် တစ်စီးသည် ကောင်းကင်တွင် ငှက်အုပ်နှင့်တိုက်မိသောကြောင့် ပြန်လည်ဆင်းသက်ခဲ့ရကြောင်း လေကြောင်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးဦးဝင်းဆွေထွန်းက အတည်ပြုပြောကြားသည်။

ဗိုလ်ချုပ်ရာပြည့် အခမ်းအနား ရန်ကုန်တွင် လမ်းမပေါ်၌ ပြုလုပ်မည်ဆိုပါက ခွင့်မပြု

RangonNewsDaily:: January . 31 .2015
ရန်ကုန်တိုင်းဒေသကြီး အတွင်း ဗိုလ်ချုပ်ရာပြည့်အခမ်း အနားကျင်းပပြုလုပ်ရန် လျှောက် ထားရာတွင် လမ်းမပေါ်ပြုလုပ် မည်ဆိုပါက ခွင့်ပြုပေးမည်မ ဟုတ်ကြောင်း သတင်းရရှိသည်။

မုံရွာ-ကလေးဝ ကားလမ်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် လူငါးဦးသေဆုံး

RangonNewsDaily:: January . 31 .2015
မုံရွာနှင့် ကလေးဝမြို့ ကို ဆက်သွယ်ထားသော ယာကြီး ကားလမ်းမကြီးပေါ်တွင် ယာဉ် တိမ်းမှောက်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့မှု ကြောင့် ယာဉ်ပေါ်လိုက်ပါလာသူ ငါးဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိ မှုဖြစ်ပွားခဲ့ကြောင်း ရဲစခန်းမှ သိရ သည်။

အမေရိကမှာ မင်္ဂလာလက်မှတ်ရေးထိုးလိုက်တဲ့ ဆုပန်ထွာ


RangonNewsDaily:: January . 31 .2015
အမေရိကန်နိုင်ငံတွင် ရောက်ရှိနေသော ဆုပန်ထွာနှင့် စေ့စပ်ထားသူ ကိုဥက္ကာကျော်တို့ နှစ်ဦးသည် ဇန်န၀ါရီ ၃၀ ရက် တွင် မင်္ဂလာလက်မှတ်ရေးထိုး လိုက်ကြောင်း ကိုဥက္ကာကျော်က ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

သားသမီးတွေအတွက် ဒရိုင်ဘာဖြစ်လာတဲ့ ဘက်ခမ်း


RangonNewsDaily:: January . 31 .2015
ဘောလုံးအကျော် အမော်တစ်ဦးဖြစ်ခဲ့သော ဒေးဗစ် ဘက်ခမ်းက ဘောလုံးအားကစား သမားဘဝမှ အနားယူပြီးနောက် တွင် ၎င်း၏ သားသမီးများအတွက် ဒရိုင်ဘာဖြစ်လာခဲ့သည်ဟု အမေ ရိကန် တွေ့ဆုံမေးမြန်းခန်းအစီ အစဉ် Jimmy Kimmel Live! ၌ ပြောကြားခဲ့သည်။

ယာဉ်တိုက်မှုဖြစ်ခဲ့၍ ပလေးဘွိုင်းသန်းနိုင်ဖျော်ဖြေပွဲ ရက်ရွှေ့


RangonNewsDaily:: January . 31 .2015
တစ်ကိုယ်တော်ဖျော်ဖြေ ပွဲပြုလုပ်ရန် တစ်ရက်အလိုတွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သော ကြောင့် ပလေးဘွိုင်းသန်းနိုင်၏ ဖျော်ဖြေပွဲကို ရက်ရွှေ့လိုက် ကြောင်းသတင်းရရှိသည်။

Friday, January 30, 2015

ရော်နယ်ဒိုကို ၂ ပွဲပယ်ပြစ်ဒဏ် ချမှတ်


RangonNewsDaily:: January . 30 .2015
ပြိုင်ဘက်ကစားသမားကို ကန်ကျောက်ခဲ့တဲ့ ရီးရဲမက်ဒရစ်အသင်းက ခရစ္စတီယာနို ရော်နယ်ဒိုကို စပိန်ဘောလုံးအဖွဲ့ချုပ်က ၂ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ ဒီအတွက် လာမဲ့ လာလီဂါပွဲတွေဖြစ်တဲ့ ရီးယဲလ်ဆိုစီဒက်၊ ဆီးဗီးလားတို့ကစားမယ့် ပွဲစဉ်တွေမှာ ကစားခွင့်မရတော့ပါဘူး။

မြန်မာနိုင်ငံ သဘာဝအရင်းအမြစ်များဆုံးရှုံးမှုအတွက် ၄င်းတို့တွင် တာဝန်မရှိဟု တရုတ်ငြင်းဆို


RangonNewsDaily:: January . 30 .2015
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနသည် နယူးယောက်တိုင်းမ်သတင်း တွင်ဖော်ပြခဲ့သော မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတ အရင်းအမြစ်များ ဆုံးရှုံးမှုအတွက် တရုတ်နိုင်ငံ၌တာဝန် ရှိသည်ဆိုခြင်းနှင့် မြန်မာနိုင်ငံ၏ သ ဘာဝသယံဇာတ အရင်းအမြစ်များ ဈေးကွက်ကို လက်ဝါးကြီးအုပ်သည် ဟူသော ရေးသားဖော်ပြချက်ကို အင်္ဂါ နေ့တွင် ယတိပြတ်ငြင်းဆိုသွားခဲ့သည်။

ဗိုလ်ချုပ်ရာပြည့်မွေးနေ့ ဂုဏ်ပြုလမ်းလျှောက်သူ မိုင်ရှစ်ရာကျော်ခရီးပေါက်


RangonNewsDaily:: January . 30 .2015
ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင် ဆန်း၏ နှစ် (၁၀၀)ပြည့်မွေးနေ့ အတွက် တစ်ကိုယ်တော်ဂုဏ်ပြု လမ်းလျှောက်သူသည် ပြည်မြို့ သို့ ဇန်နဝါရီ ၂၉ ရက်က ရောက် ရှိကာ ဖြတ်သန်းသွားခဲ့ကြောင်း သတင်းရရှိသည်။

ဖိအားပေးမှ တွေ့ဆုံဆွေးနွေးမှုကို လက်ခံခြင်းသည် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီဟု ဒေါ်အောင်ဆန်းစုကြည်ပြော

RangonNewsDaily:: January . 30 .2015
ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပေးမှု သည် သမ္မတပေါ်တွင် မူတည်နေပြီး ဖိအားပေးမှုများနှင့် မကျေ နပ်မှုများအရှိန်တက်လာသည့်အချိန်မှ တွေ့ဆုံဆွေးနွေးမှုကို လက်ခံခြင်းသည် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။

ကမ္ဘာ့အလှဆုံး အလှမယ်စာရင်းဝင် ဟန်သီ


RangonNewsDaily:: January . 30 .2015
ကမ္ဘာ့အလှအပဆိုင်ရာ ၀က်ဘ်ဆိုက်The Ideal Beauty မှ ရွေးချယ်လိုက်သည့် ၂၀၁၄ အတွက် ကမ္ဘာ့အလှမယ်ပြိုင်ပွဲ များမှ အလှဆုံး ၂၅ ဦးစာရင်းတွင် Miss Supranational Myanmar ဟန်သီပါဝင်နေသည်။

ဦးစီးဌာန ၂၀ လျှော့ချမည်ဖြစ်ပြီး ၀န်ထမ်းအချို့ ဌာနပြောင်းမည်

RangonNewsDaily:: January . 30 .2015
ဝန်ကြီးဌာနများရှိ ဦးစီးဌာန ၂၀ ကို လျှော့ချ သွားမည်ဖြစ်ပြီး ယင်းဌာနများမှ ၀န်ထမ်းများအား အခြားလိုအပ်နေသည့်ဌာနများသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်စေမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တရုတ်သို့ ပို့ဆောင်မည့် သစ်များ ထပ်မံဖမ်းဆီး

RangonNewsDaily:: January . 30 .2015
ကချင်ပြည်နယ်မှ သစ်များကို ခိုးယူနေသည့် တရုတ်သစ်ခိုးဂိုဏ်းများကို ဆက်လက်ဖမ်းဆီးရာ အရွယ်စုံသစ် ၆၈၇၅လုံး ဇန်န၀ါရီလ ၂၃ရက်မှ ၂၈ ရက်အတွင်း ယန္တရားနှင့် တခြားယာဉ်များ စုစုပေါင်း ၁၅ စီး ဖမ်းဆီး ရမိကြောင်း ယနေ့ထုတ် အစိုးရသတင်းစာတွင် ဖော်ပြထားသည်၊

Wednesday, January 28, 2015

ထိုင်းတွင် တယ်လီဖုန်းဆင်းကတ် သုံးစွဲသူအားလုံး မှတ်ပုံတင်ရမည်


RangonNewsDaily:: January . 28 .2015
လာမယ့် ၂၀၁၅ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ထိုင်းနိုင်ငံမှာရှိတဲ့ တယ်လီဖုန်းဆင်းကတ် ပိုင်ရှင်တွေအားလုံး မှတ်ပုံတင်ရမယ်လို့ ထိုင်းအမျိုးသား ဆက်သွယ်ရေးနဲ့ အသံလွှင့် လုပ်ငန်းဦးစီးဌာနက ပြောပါတယ်။
ပြီးခဲ့တဲ့အပတ် ဇန်န၀ါရီ ၂၁ ရက်နေ့က ဘန်ကောက် ထိုင်းအမျိုးသားဆက်သွယ်ရေးနဲ့ အသံလွှင့်ဦးစီးဌာန(အန်ဘီတီစီ)မှာ ကျင်းပတဲ့ အစည်းအဝေးမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောကြားခဲ့ကြောင်း Daily News သတင်းမှာ ဖော်ပြပါတယ်။

ကြောက်စရာကောင်းတဲ့ တညင်းသီး


RangonNewsDaily:: January . 28 .2015
အဆိပ်တွေနဲ့ အသီးအားလုံး သိကြတဲ့ အသီးပါပဲ။ ကြိုက်တဲ. လူလည်း တော်တော်များမယ် ထင်ပါတယ်။ အထူးသဖြင်. အမျိုးသမီးတွေ ဖြစ်မယ် ထင်ပါတယ်။ အဲဒါကတော့ တညင်းသီးပါ။

MECTEL ဖုန်းများ မက်ဆေ့ခ်ျပေးပို့ပြီး အင်တာနက်အခမဲ့လျှောက်ထားနိုင်


RangonNewsDaily:: January . 28 .2015
မြန်မာ့စီးပွားရေးကော် ပိုရေးရှင်း MECTEL မှ ၎င်းတို့၏ ဆင်းမ်ကတ်အသုံးပြုသူများအ တွက် အင်တာနက်လျှောက်ထား ခ တစ်သောင်းကျပ်ကို ပယ်ဖျက် ပေးလိုက်ပြီး အခမဲ့လျှောက်ထား လိုသူများ SMS နံပါတ် 233 သို့ Open EVDO ဟုရေးပြီး မက်ဆေ့ခ်ျပေးပို့မှသာ အသုံးပြု နိုင်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အသတ်ခံရသော ကချင်ဆရာမ ၂ ဦးအတွက် တပ်မတော်က ထောက်ပံ့ငွေပေးမှု မိသားစု ငြင်းပယ်


RangonNewsDaily:: January . 28 .2015
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်တွင် ဇန်န၀ါရီလ ၁၉ ရက်နေ့က မုဒိမ်းကျင့် သတ်ဖြတ်ခံလိုက်ရသော ကချင် တိုင်း ရင်းသူ ဆရာမ ၂ ဦးအတွက် တပ်မတော်က ကူညီသည့်အနေဖြင့် ထောက်ပံ့ငွေကျပ် သိန်း ၅၀ နီးပါးခန့် လာရောက် ပေး အပ်ခဲ့သော်လည်း မိသားစုက ငြင်းပယ်လိုက်ကြောင်း သိရှိရသည်။

Tuesday, January 27, 2015

နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ရန် ငွေကျပ် ဘီလီယံ ၂၉၀၀ ကျော် တောင်းခံ

RangonNewsDaily:: January . 27 .2015
လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း အစိုးရဝန်ထမ်းများကို လစာ တိုးမြှင့်ပေးနိုင်ရန်အတွက် ငွေကျပ် ၂၉၀၁ ဒသမ ၇၆၃ ဘီလီယံကို တောင်းခံထားကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။

တတိယတန်းကျောင်းသား တစ်ဦး ကစားရာမှ ဆွဲကြိုးချသကဲ့သို့ဖြစ်ပြီး သေဆုံး

RangonNewsDaily:: January . 27 .2015
သဲကုန်းမြို့နယ်၊ ပွေးယား ရွာ၌ တတိယတန်းကျောင်းသား တစ်ဦးသည် ဇန်န၀ါရီ ၂၅ ရက် ညနေတွင် ဆော့ကစားရာမှ လည်ပင်းကြိုးကွင်းပစ်စွပ်မိကာ ဆွဲကြိုးချသကဲ့သို့ဖြစ်ပြီး သေဆုံးသွား ကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့မှ သ တင်းရရှိသည်။

အသက်ရှင်ဖို့ ထမင်းစားရမှာလား ?


အသက်ရှင်ဖို့ ထမင်းစားရမှာလား ?
ထမင်းစားဖို့ အသက်ရှင်ရမှာလား ?
အဓိပ္ပါယ် ရှိဖို့တော့လိုတယ် … … … ?

Monday, January 26, 2015

ဝေဖန်ခံရပေမယ့် ရုပ်ရှင်အစည်းအရုံး အမှုဆောင်အဖွဲ့မှာ ရွေးချယ်ခံရတဲ့ လူမင်း


RangonNewsDaily:: January . 26 .2015
မြန်မာနိုင်ငံ ရုပ်ရှင်အ စည်းအရုံး ရွေးကောက်ပွဲအတွက် အဓိကဇာတ်ဆောင်အလွှာတွင် အဆိုပြုလွှာတင်ခဲ့၍ ဝေဖန်ခံခဲ့ရ သော်လည်း လူမင်းက မဲအများ ဆုံးရရှိခဲ့ပြီး ပြန်လည်ဖွဲ့စည်းမည့် အမှုဆောင်အဖွဲ့၌ ပါဝင်ခွင့်ရရှိခဲ့ သည်။

မယ်စကြ၀ဠာဆု ကိုလံဘီယာ အလှမယ် ရရှိ


RangonNewsDaily:: January . 26 .2015
မြန်မာအလှမယ် သျှားထွဋ်အိန္ဒြာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ ၆၃ ကြိမ်မြောက် မယ်စကြ၀ဠာ ပြိုင်ပွဲမှာ ကိုလံဘီယာ ပေါလီနာ ၀ီဂါက မယ်စကြ၀ဠာ အဖြစ် အရွေးချယ်ခံခဲ့ရပါတယ်။

Galaxy A စီးရီးဖုန်း ၀ယ်လျှင် အူရီးဒူးက 1GB အင်တာနက်သုံးခွင့် သုံးလပေးမည်


RangonNewsDaily:: January . 26 .2015
ပြည်တွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုပေးနေသည့် အော်ပရေတာကုမ္ပဏီဖြစ်သော အူရီးဒူးက Samsung နှင့် ပူးပေါင်းမှုများ ပြုလုပ်ခဲ့ပြီး Samsung ထုတ် Galaxy A စီးရီးစမတ်ဖုန်းများကို ဝယ်ယူပါက အင်တာ နက် အခမဲ့အသုံးပြုခွင့် တစ်လလျှင် 1GB ဖြင့် သုံးလဆက်တိုက်ပေးသွားမည်ဟု ဇန်နဝါရီ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သားကို စစ်တပ် အကြီးအကဲ သတိပေး


Monday :- 26 : January :- 2015
လူမှုရေး ကွန်ရက်မှာ ပြဿနာ ဖြစ်စေတဲ့ မှတ်ချက်တွေ မပြောဆိုဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့သား ဖန်းထောင်းထဲ့ ရှင်နာဝပ်ကို ထိုင်းနိုင်ငံ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဥဒုမ်းဒစ် ဆီတပုတ်က သတိပေးပြောကြားလိုက်ပါတယ်။

အောင်မြင်မှုဆိုတာ ကိုယ်ကသတ်မှတ်လို့ မရဘူးလို့ ပြောလာတဲ့ ခိုင်သင်းကြည်


RangonNewsDaily:: January . 26 .2015
“အောင်မြင်မှုဆိုတာ ကိုယ်က သတ်မှတ်လို့မရဘူး။ ပရိသတ်က ပေးတာ။ ငယ်ငယ်တုန်းကဆိုရင် ကြော်ငြာတွေရိုက်ရင် ပရော်ဖက်ရှင် နယ် အနုပညာကြေးဆိုပြီး သတ်မှတ်ပြီး မရိုက်ခဲ့ဖူးဘူး။ ပေးချင်ရင်ပေး၊ မပေးရင်နေ ရိုက်ရပြီးရော။ အဲဒီလို မျိုးထိ ရူးသွပ်ခဲ့တာ” လို့ ပြောလာသူကတော့ ခိုင်သင်းကြည်ပဲဖြစ်ပါတယ်။

ပျိုးခင်းတင်ပြီးမှ စိုင်းစိုင်းနဲ့ ပထမဆုံးနှစ်ကားဆက်တိုက် ရိုက်ဖြစ်သွားတယ်လို့ ဆိုလာတဲ့ အိချောပို


RangonNewsDaily:: January . 26 .2015
ဒိတ်ဒိတ်ကြဲ စိုင်းစိုင်းနဲ့ ပျိုးခင်းတင် မင်းသမီးဖြစ်ပြီးကာမှ နှစ်ကားဆက်တိုက်ရိုက်ဖြစ်တဲ့ အိချောပိုက ၁၀ တန်းအရွယ်တုန်းကတော့ သူနဲ့အတူ သုံးကားရိုက်ဖူးပြီး အခုတခေါက် ကိုစိုင်းနဲ့ပြန်ဆုံတာ ၅ ကားမြောက်လို့ပြောပြလာတာကြောင့် အဲ့ဒီအကြောင်းမေးကြည့်တဲ့အခါ “ခုရိုက်နေတဲ့ ကားလေးက Love Package တဲ့။

Saturday, January 24, 2015

ဆော်ဒီဘုရင် ဈာပန


RangonNewsDaily:: January . 24 .2015
နတ်ရွာစံသွားတဲ့ ဆော်ဒီအာရေးဗီးယားဘုရင် Abdullah ကို ဒီကနေ့ Riyadh မြို့မှာ မြေမြုပ်သင်္ဂြိုဟ်တဲ့ အချိန်မှာပဲ ကွယ်လွန်သူ အကိုဖြစ်သူ ဘုရင် Abdullah ရဲ့ မူဝါဒတွေကို ဆက်လက် ကျင့်သုံးသွားမယ်လို့ ဘုရင်သစ် Salman Bin Abdul Aziz Al Saud က ကတိပြု ပြောကြားလိုက်ပါတယ်။

ဆော်ဒီအာရေးဗျ ဘုရင်ကြီးရဲ့နောက်ဆုံးခရီး ( 1924 - 2015)


RangonNewsDaily:: January . 24 .2015
ဆော်ဒီအာရေးဗျ ဘုရင်ကြီးရဲ့နောက်ဆုံးခရီး ( 1924 - 2015) ပုံရိပ်များကိုဖော်ပြပေးလိုက်ပါတယ်။

အရေပြားပေါ်က မှဲ့အသားပိုတွေကို အမြန်ဆုံးဖယ်ရှားနည်း


RangonNewsDaily:: January . 24 .2015
အန္တရာယ်မရှိပေမယ့် မနှစ်မြို့ဖွယ်ရာ နေရာတွေမှာ ပေါက်တတ်တဲ့ မှဲ့၊အသားပိုအသေးလေးတွေကို အများစု ဖယ်ထုတ်ချင်ကြပါတယ်။ အထူးသဖြင့် သူတို့တွေဟာ လည်ပင်းမှာ ပိုပေါက်တတ်ပါတယ်။

အဆိုတော်ကော်နီ ရဲ့ ဂီတသက်တမ်း နှစ်သုံးဆယ်ပြည့် တကိုယ်တော်ဖျော်ဖြေပွဲ


RangonNewsDaily:: January . 24 .2015
ရန်ကုန်မြို့ အမျိုးသားဇာတ် ရုံတွင် ဇန်နဝါရီလ ၂၃ ရက်နေ့ညက ကျင်းပသော အဆိုတော်ကော်နီ ရဲ့ ဂီတသက်တမ်း နှစ်သုံးဆယ်ပြည့် တကိုယ်တော်ဖျော်ဖြေပွဲမှ မြင် ကွင်းများကိုစုစည်းဖော်ပြပေးလိုက်ပါတယ်ဗျာ.....

တောင်ကြီးတွင် ဘာသာပေါင်းစုံညီညွတ်ရေး ဆွေးနွေးပွဲကျင်းပ


RangonNewsDaily:: January . 24 .2015
ဘာသာပေါင်းစုံချစ် ကြည်ညီညွတ်ရေး ဆွေးနွေးပွဲ (Interfaith dialogue)ကို တောင် ကြီးမြို့ စိန့်ဂျိုးဇက်ဘုရားကျောင်း ရှိ အောက်မေ့ဖွယ်ခန်းမတွင် ကျင်းပကြောင်း သတင်းရရှိသည်။

တရုတ်ကောင်စစ်ဝန်ရုံးအနီးတွင် တစ်ကိုယ်တော်ဆန္ဒပြ


RangonNewsDaily:: January . 24 .2015
တောင်သူအမျိုးသမီး ကြီးတစ်ဦးသေနတ်ထိမှန်သေဆုံး ခဲ့ရသည်အထိ မြေယာပြဿနာ များမပြေမလည်ဖြစ်နေသည့် လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေး မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ရုံးအနီးတွင် အမျိုးသားတစ်ဦး ဇန်န၀ါရီ ၂၃ ရက်ညနေပိုင်းက တစ်ကိုယ်တော်ဆန္ဒပြတောင်းဆိုခဲ့သည်။

Friday, January 23, 2015

သဘာဝအတိုင်း မျက်ခုံးမွေးထူထူလေးတွေဖြစ်ဖို့


RangonNewsDaily:: January . 23 .2015
မျက်ခုံးမွေးပါးနေရင် အသက်ကြီး သယောင်၊ မပေါ်လွင်သယောင် ဖြစ်တတ်လို့ နက်မှောင်ထူထဲတဲ့ မျက်ခုံးမွေးတွေကို ပိုင်ဆိုင်လိုသူ များပါတယ်။ မျက်ခုံးမွေးနုတ် လွန်းတာ၊ ပုံဖော်လွန်းတာ၊ ဖယောင်းသွင်းတာတွေကြောင့် လူအတော်များများဟာ မျက်ခုံး မွေးပါးပါးလေးတွေဖြစ်ကုန်တတ် ပါတယ်။ ဒါကြောင့်မို့ မျက်ခုံးမွေး ပြန်စိုက်စရာမလိုဘဲ သဘာဝ ပစ္စည်းတွေနဲ့ မျက်ခုံးထူထူလေး ပြန်ဖြစ်အောင်လုပ်နိုင်ဖို့ အကြံပြု လိုက်ပါတယ်။

First Look: 2014 Toyota Hilux with Invincible Package


RangonNewsDaily:: January . 23 .2015
Toyota Hilux ဆိုတဲ့ အမည်ဟာ ကမ္ဘာ့ Pick-up ကား ဈေးကွက်မှာတော့ မသိသူမရှိသလောက် ရှားပါးတဲ့ နာမည်တစ်ခု ဖြစ်ပါတယ်။ Hilux ကို ပထမဆုံး စတင်ထုတ်လုပ်ခဲ့တာကတော့ လွန်ခဲ့တဲ့ ၄၇ နှစ်ခန့်ကဖြစ်ပြီး ယနေ့အချိန်အထိ ကမ္ဘာတစ်ဝန်း အစီးရေ ၁၅ သန်းကျော် ရောင်းချရပြီး ဖြစ်ပါတယ်။

ဆော်ဒီအာရေးဗီးယားနိုင်ငံ၏ဘုရင် အဗ္ဗဒူလာ ဘင် အဗ္ဗဒူလ်အဇီးဇ် အလ္လာဟ်အသျှင်မြတ်အမိန့်ခံယူပြီ


RangonNewsDaily:: January . 23 .2015
အစ်နာလိလ္လာဟေ ဝအစ်နာအေလိုင်းဟေရာဂျေအူးန်
ဆော်ဒီအာရေးဗီးယားနိုင်ငံ၏ဘုရင် အဗ္ဗဒူလာ ဘင် အဗ္ဗဒူလ်အဇီးဇ်သည် သက်တော် ၉၀
ကျော်ဝန်းကျင်တွင် ရီယားဒ်မြို့ ရှိဆေးရုံ၌ သေဆုံးသွားပြီဖြစ်ကြောင်းသိရသည်။

ဆော်ဒီဘုရင် အဗ္ဗဒူလာ ကွယ်လွန်

ဆော်ဒီဘုရင် ကမ္ဘာ့ ခေါင်းဆောင်တွေနဲ့ ယခင် တွေ့ဆုံစဉ်က (ဓာတ်ပုံ – ရိုက်တာ)
RangonNewsDaily:: January . 23 .2015
ဆော်ဒီဘုရင် အဗ္ဗဒူလာ ဘင်အက်ဒူလာဇစ်ဟာ ဇန်န၀ါရီ ၂၃ ရက် မနက် ၁ နာရီ ဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ တော်ဝင်မိသားစု တွေက ထုတ်ပြန်ပါတယ်။

လုပ်အားခငွေ တောင်းခံသည့် ကိစ္စနှင့်ပတ်သက်၍ စကားများစဉ် တိုက်ပေါ်မှ တွန်းချခဲ့သဖြင့် သေဆုံးခဲ့မှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိ


RangonNewsDaily:: January . 23 .2015
လှိုင်သာယာမြို့နယ်နေ ဦးမြင့်ဌေး၊ (၆၀)နှစ်မှ ၎င်းသည် ဗိုလ်တထောင်မြို့နယ်၊ (၃)ရပ်ကွက်၊ စန္ဒကူး လမ်းရှိ ကန်ထရိုက်တိုက် ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ ညီဖြစ်သူ ပေါ်ဦး၊ (၄၂)နှစ်နှင့်အတူ ပန်းရံ လုပ်ကိုင်လျက်ရှိကြောင်း၊

ဦးဝီရသူ၏ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ပြောဆိုမှုအပေါ် အစိုးရ၏ တုံ့ပြန်ချက် စောင့်ကြည့်မည် ဟု မစ္စယန်ဟီလီ ပြောကြား


RangonNewsDaily:: January . 23 .2015
မြန်မာနိုင်ငံသို့ရောက်ရှိခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်ရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီလီကို ဆရာတော် ဦးဝီရသူက အများပြည်သူရှေ့တွင် ရင့်သီးသည့်အသုံးအနှုန်းများ သုံးနှုန်းလျက် ဝေဖန် ပြောဆိုမှုအပေါ် မြန်မာနိုင်ငံအစိုးရ အနေဖြင့် မည်ကဲ့သို့ တုံ့ပြန်လုပ်ဆောင်မည်ကို စောင့်ကြည့် နေသည်ဟု ဝေဖန်ပုတ်ခတ်ပြောဆိုခံရသူ မစ္စယန်ဟီလီက ပြောသည်။

Thursday, January 22, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် CNA သတင်းဌာနတို့၏ တပ်မတော်နှင့် ပြည်သူ ဆက်ဆံရေး၊ Social Media ကိစ္စရပ်များနှင့် ပတ်သက်သည့် အမေးအဖြေကဏ္ဍ




RangonNewsDaily:: January . 22 .2015
နေပြည်တော်....
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်တွင် CNA သတင်းဌာနအား လက်ခံတွေ့ဆုံ၍ တပ်မတော်နှင့်ပြည်သူ ဆက်ဆံရေး၊ Social Media ကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားခဲ့ပါသည်။

မြန်မာနိုင်ငံရဲ့ ပထမဆုံး အီလက်ထရွန်နစ် ဖုန်းငွေဖြည့်စနစ် စတင်

RangonNewsDaily:: January . 22 .2015
မိုဘိုင်းလ်ဖုန်း ငွေဖြည့်သွင်းရာမှာ ခဲခြစ်ရန်မလိုအပ်ဘဲ အီလက်ထရွန်နစ်စနစ်နဲ့ အသုံးပြုနိုင်တဲ့ ဖုန်းငွေဖြည့်စနစ်ကို ရန်ကုန်မှာ ရှိတဲ့ Orange Supermarket တွေမှာ စတင်ဝယ်ယူနိုင်ပြီလို့ အဲ့ဒီဈေးဝယ်စင်တာတွေရဲ့ Merchandising Director ဦးပြည့်ဖြိုးလတ်က ပြောပါတယ်။

ဒုတိယမြောက် စင်တင်မင်းသမီးသုံးဦးအနက်မှ ပိုင်ဖြိုးသု ပထမဆုံးဇာတ်ကားကို ဘာပြောလဲ


RangonNewsDaily:: January . 22 .2015
အနုပညာပျိုးခင်း၏ စင်တင်မင်းသမီးတစ်လက်ဖြစ်သူ ပိုင်ဖြိုးသု က”ပထမဆုံးစတင်ရိုက်ကူးတဲ့ကားမှာ သုံးယောက်လုံး ကာရိုက်တာ ညီမျှတယ်”ဟု ပြော သည်။အနု ပညာပျိုးခင်းမှ ဒုတိယအကြိမ် စင်တင်မင်းသမီးသုံးဦးကို သရုပ်ဆောင် အကယ်ဒမီလူမင်း နှင့်တွဲဖက်စေပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟက စတင်ရိုက်ကူးနေပြီ ဖြစ်ကြောင်း သိရသည်။

အဲအေးရှားလေယာဉ် ထိုင်ခုံများတွင် ခါးပတ်ပတ်ထားသော အလောင်းများကို ရေငုပ်သမားများ ရှာဖွေတွေ့ရှိ


RangonNewsDaily:: January . 22 .2015
လေယာဉ်ထိုင်ခုံတွင် ခါးပတ်ပတ်လျက်သား သေဆုံးနေသည့် ရုပ်အလောင်း အချို့ကို အဲအေးရှား လေယာဉ်ပျက် ဆယ်ယူရေး လုပ်ဆောင်နေသည့် အင်ဒိုနီးရှား ရေငုပ်သမားများက ရှာဖွေ တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားတွင် မီးသတ်နှင့် ကြက်ခြေနီပါဝင်တော့မည်မဟုတ်

RangonNewsDaily:: January . 22 .2015
ယခုနှစ်တွင် ကျင်းပ မည့် အကြိမ် (၇၀) မြောက် တပ်မ တော်နေ့ စစ်ရေးပြအခမ်းအနား ၌ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ၀င်များနှင့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များပါဝင်တော့မည် မ ဟုတ်ကြောင်း မြန်မာ့တပ်မတော် တာဝန်ရှိသူများက ပြောသည်။

မယ်စကြ၀ဠာနှစ်ဦး၏ Selfie ကြောင့် အွန်လိုင်းတွင် အုတ်အော်သောင်းတင်းဖြစ်


RangonNewsDaily:: January . 22 .2015
လက်ဘနွန်နိုင်ငံနှင့် အစ္စရေးနိုင်ငံတို့၏ ဆက်ဆံရေး အခြေအနေ မကောင်းလှသည့် အချိန်၌ လက်ဘနွန်အလှမယ် က အစ္စရေးအလှမယ်နှင့် အတူပြုံး လျက် ရိုက်ထားသော Selfie ကို အွန်လိုင်းတွင် ဝေမျှလိုက်သဖြင့် အုတ်အော်သောင်းတင်းဖြစ်သွား ခဲ့သည်။

Wednesday, January 21, 2015

ဗြိတိန် The Sun သတင်းစာတွင် အပေါ်ပိုင်း ၀တ်လစ်စားလစ် မော်ဒယ်များ ဖော်ပြတော့မည်မဟုတ်


RangonNewsDaily:: January . 21 .2015
ဗြိတိန်နိုင်ငံ၏ လူပြိန်း ကြိုက်သတင်းစာ The Sun သည် ဆယ်စုနှစ်များစွာကြာခဲ့သော အ ငြင်းပွားမှုတစ်ခု အဆုံးသတ်သည့် အနေဖြင့် ၎င်းတို့ သတင်းစာ၏ စာမျက်နှာ ၃ ၌ အပေါ်ပိုင်း ၀တ် လစ်စားလစ် အမျိုးသမီးများကို အ သားပေးဖော်ပြတော့မည်မဟုတ် ကြောင်း ဇန်န၀ါရီ ၂၀ ရက် သ တင်းများအရသိရသည်။

ရီးယဲလ် တီဗွီသတင်းထောက် လူစီယာ ဗီလာလွန်နှင့် စီရော်နယ်ဒို သတင်းထွက်


RangonNewsDaily:: January . 21 .2015
ကမ္ဘာကျော် ရုရှမော်ဒယ် အီရီနာရှက်ခ်နှင့် လမ်းခွဲပြတ် ဆဲခဲ့ပြီးနောက် တစ်ပတ်မပြည့် မီမှာပင် စီရော်နယ်ဒိုသည် ရီးယဲလ် အသင်း၏ တီဗွီသတင်းထောက် လူစီယာဗီလာ လွန်အမည် ရှိကောင်မလေးနှင့် ဇာတ်လမ်းဖြစ်နေပြီဟု သတင်းများ ထွက်ပေါ် လာခဲ့သည်။

ပြည်ထောင်စုနေ့ အပစ်ရပ်လက်မှတ်ထိုးဖို့ မဖြစ်နိုင် သေးကြောင်း ကေအိုင်အေ ခေါင်းဆောင် ပြော


RangonNewsDaily:: January . 21 .2015
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ်ကို လာမယ့် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းအားလုံး သဘောတူ လက်မှတ်ထိုးဖို့ မဖြစ်နိုင်သေးဘူးလို့ ဒီကနေ့ မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေနဲ့ NCCT ခေါင်းဆောင်တွေ တွေ့ဆုံအပြီးမှာ NCCT ဒုတိယ အဖွဲ့ခေါင်းဆောင် ဗိုလ်ချူပ် ဂွမ်မော် က ပြောဆို လိုက်ပါတယ်။

ဓမ္မစေတီခေါင်းလောင်းရှာဖွေမှုအား ဆယ်ရက်ခန့် ခေတ္တရပ်နားထားမည် ဖြစ်ကြောင်း ရှာဖွေသူ ဦးကျော်ဝင်းပြော


RangonNewsDaily:: January . 21 .2015
ဓမ္မစေတီ ခေါင်းလောင်းကို ရှာဖွေလျက်ရှိသည့် ဦးကျော်ဝင်းက လတ်တလောတွင် ခေါင်းလောင်းရှာဖွေမှုကို ခေတ္တရပ် နားကာ ဆယ်ရက်ခန့်ဝစီပိတ်ကျင့် ပြီး သာသနာ့အလုပ်များကို လုပ် ဆောင်ရန်စီစဉ်ထားကြောင်း ဇန်န ဝါရီ ၂ဝရက်က ဒီမိုကရေစီတူဒေး သတင်းစာသို့ပြောသည်။

မိနစ်အလိုက်ကောက်ခံသည့် MPT ၏ မိုဘိုင်းအင်တာနက်လိုင်း မြန်နှုန်းများ ကျဆင်းလာ


RangonNewsDaily:: January . 21 .2015
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆွေသဟာ ဝန်ဆောင်မှုတွင် အသုံးပြုနိုင်မည့် 3G အင်တာနက် အမြန်နှုန်းကို ယခင်ထက် ခြောက်ဆ မြှင့်တင်ပေးလိုက်ပြီးနောက် မူလဝန်ဆောင်မှုကို အသုံးပြုနေသူများ အနေဖြင့် မိုဘိုင်းအင်တာနက် မြန်နှုန်းအရည်အသွေးများ ယခင်ထက် ပိုမိုကျဆင်းလာသည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

မြန်မာ့ဆက်သွယ်ရေးက GSM နှင့် WCDMA ဆင်းမ်ကတ် တစ်သန်း ထပ်မံရောင်းချပေးမည်


RangonNewsDaily:: January . 21 .2015
မိုဘိုင်း ဖုန်းဆင်းမ်ကတ်အရေအတွက် တစ်သန်းကျော်ကို ထပ်မံရောင်းချပေး သွားရန်စီစဉ်လျက်ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ သိ ရသည်။

အကယ်ဒီမီ ရန်အောင်နှင့် Father Land တို့၏ မြေပြဿနာ

RangonNewsDaily:: January . 21 .2015
သရုပ်ဆောင်ရန်အောင် အမွေရထားသည့်မြေကွက်ကို Father Land ဦးကျော်မြင့်ထံ ရောင်းချခဲ့သော်လည်း ယခု အချိန်အထိ ငွေကြေး လက်ဝယ်ပိုင်ဆိုင်မှု မရှိသေးသည့် အတွက် ဖြေရှင်းပေးရန် သတင်းစာမှတစ်ဆင့်Father Land ကုမ္ပဏီသို့ တောင်းဆိုထားကြောင်း ရန်အောင်က ဆိုသည်။

MFF ရှုံးထွက်ဖလားကို အောင်ဆန်းဒိုင်းလို့ အမည်ပြောင်း

RangonNewsDaily:: January . 21 .2015
ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ၂၀၁၅ MFF ရှုံးထွက်ဖလား ဘောလုံးပြိုင်ပွဲကို အောင်ဆန်းဒိုင်းအဖြစ် ပြောင်းလဲကျင်းပမယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးဇော်မင်းထိုက်က ပြောပါတယ်။

ဘောလီးဝုဒ်မင်းသမီး လိုင်လာခမ်းရဲ့ ဒုတိယ မြောက် မြန်မာ့ရုပ်ရှင် ခြေလှမ်း


RangonNewsDaily:: January . 21 .2015
မြန်မာပြည်ဖွား အိန္ဒိယ ဘောလီးဝုဒ်မင်း သမီး လိုင်လာခမ်း က ‘ရာဇဝင်ရိုင်းကြ သူများ’ ဆိုတဲ့ သူ့ရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက် တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ရဲ့ ရိုက် ကူးဖန်တီးမှုနဲ့အတူ ပြေတီဦး၊ မြင့် မြတ်၊ ပက်ထရစ်ရှာတို့နဲ့အတူ ပါဝင် ရိုက် ကူးမှာဖြစ်ပါတယ်။

အငှားယာဉ်မောင်းဖြစ်ကို သံတုတ်ဖြင့် ဆင်းရိုက်ရာမှရွှေဧည့်သည်ယာဉ်ကို လူ ၅၀ ကျော်က ခဲများဖြင့် ဝိုင်းပစ်၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ရိုက်နှက်ခံရ

RangonNewsDaily:: January . 21 .2015
ရန်ကုန်မြို့တော် မင်္ဂလာဈေး မီးပွိုင့်တွင် ဇန်နဝါရီလ ၂၀ ရက် ညနေ ၅ နာရီခန့်က ရွှေဧည့်သည် (၁) ခရီးသည်တင်ယာဉ်ကို လူအယောက် ၅၀ ကျော်ရှိ လူအုပ်ကြီးက ပိတ်ဆို့ကာ ခဲများဖြင့် ပစ်ခတ်ကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကို ဝိုင်းထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း တာမွေမြို့မ ရဲစခန်းထံမှ သိရှိသည်။

ဘန်ကောက်တွင် ဆောက်လုပ်ရေးငြမ်းစင်ပြိုကျ မြန်မာ ၈ ဦး ဒဏ်ရာရ


RangonNewsDaily:: January . 21 .2015
ထိုင်းနိုင်ငံ ဘန်ကောက်ခရိုင် ဘန်းခင်နယ်မြေ လတ်ဆီရပ်ကွက် လိုကယ်လို့ဒ်လမ်း အိုင်တီစကွဲယား ကုန်တိုက်ရှေ့မှာ မနေ့ညနေ ၅ နာရီလောက်က ဆောက်လက်စ ကောင်း ကင်ရထားလမ်း ငြမ်းစင်နဲ့တိုင် ပြိုကျပြီး အလုပ်သမားတွေ ဒဏ်ရာရခဲ့ပါတယ်။

ဟင်္သာတအကျဉ်းထောင် အကျဉ်းသား နှစ်ဦးနှင့် အချုပ်သား တဦး ထောင်ဖောက်ပြေး


RangonNewsDaily:: January . 21 .2015
ဟင်္သာတအကျဉ်းထောင်မှာ ဇန်နဝါရီလ ၂၁ ရက်နေ့ မနက် အစောပိုင်းက အကျဉ်းသား နှစ်ဦးနှင့် အချုပ်သား တဦး ထောင်ဖောက်ပြေးမှု ဖြစ်ပွားခဲ့ပါတယ်။

Tuesday, January 20, 2015

ထောင်ဒဏ်နှစ်ရှည်ကျခံနေရတဲ့ဒေါက်တာထွန်းအောင် အထူးလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်


RangonNewsDaily:: January . 20 .2015
လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာ မွတ်စလင်တွေအကြား ပဋိပက္ခနဲ့ဆက်နွယ်ပြီး အင်းစိန်အကျဉ်းထောင်မှာ ထောင်ဒဏ်နှစ်ရှည်ကျခံနေရတဲ့ ဒေါက်တာထွန်းအောင်ကို နိုင်ငံတော်သမ္မတရဲ့ အထူးလွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ဒီကနေ့မှာ လွှတ်ပေးလိုက်ပါတယ်။

မန္တလေး-ပြင်ဦးလွင်လမ်း၂၄မိုင် ရှုခင်းသာအနီး ကုန်တင်ယာဉ် အရှိန်လွန်ပြီး ချောက်ထဲထိုးဆင်း


RangonNewsDaily:: January . 20 .2015
မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့နယ် ၂၄ မိုင် ရှုခင်းသာအနီး မိုင်တိုင်အမှတ် ၂၄/၆နှင့်
၂၄/၇ကြား မန္တလေး-ပြင်ဦးလွင် အဆင်းလမ်းတွင် ဇန်နဝါရီ၁၅ရက် မွန်းလွဲ၃နာရီ ၄၅မိနစ်ခန့်က
မူဆယ်မှ မန္တလေးမြို့သို့ ထွက်ခွာလာသော ၂၂ ဘီး ကုန်တင်ယာဉ် ၆ဂ /-- သည် အရှိန်လွန်ပြီး ၂၄ မိုင်ယာဉ်အန္တရာယ် ကင်းရှင်းရေး ပြုလုပ်ထားသော လမ်းကားတုံးများအား ဖြတ်ကျော်ကာ
ချောက်အတွင်းထိုး ဆင်းသွားရာ ယာဉ်အောက်တွင် ချိတ်ထားသော အပိုဘီးနှင့် တိုက်မိပြီး
ရပ်တန့်သွားခဲ့သည်။

နျူကလီးယားလက်နက်ထုတ်လုပ်ရာတွင် အဓိကအသုံးပြုသော ယူရေနီယံ အများအပြားထွက် ရှိသည့်နေရာတွေ့ရှိယူရေနီယံ ဟုတ်၊ မဟုတ် စမ်းသပ်ကြည့်ခဲ့သော ဦးတေဇက ဓာတ်ရောင်ခြည် သင့်ထား၍ ကျန်းမာရေးသိပ်မကောင်းဟုပြော


RangonNewsDaily:: January . 20 .2015
နျူကလီးယားလက် နက်များထုတ်လုပ်ရာတွင် အဓိက ပါဝင်သော ကုန်ကြမ်းဖြစ်သည့် ယူရေနီယံသတ္တု အများအပြား ထွက်ရှိသောနေရာကို မြန်မာ နိုင်ငံ၌ တူးဖော်ရှာဖွေတွေ့ရှိ ထားပြီဖြစ်ကြောင်း ထူးကုမ္ပဏီ ဥက္ကဋ္ဌဦးတေဇကပြောသည်။