Pages

Friday, December 12, 2014

စစ်ဒဏ် ဗုံးဒဏ်ကြားက နာမည်ကျော်လာသည့် အာဖဂန် ဘရုစ်လီ


RangonNewsDaily:: December . 12 .2014
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်က ဗုံးဒဏ်သင့် နန်းတော် အပြိုအပျက်တွေ ကြားထဲမှာ အာဖဂန်ရဲ့ ဘရုစ်လီလို့ နာမည်ကျော်လာတဲ့ အာဖဂန်လူငယ်တဦး ပေါ်ပေါက်လာပါတယ်။

ကျန်းမာရေးအာမခံစနစ်ကို တစ်ယူနစ်လျှင် ကျပ်ငါးသောင်းနှုန်းဖြင့် လာမည့်နှစ်ဆန်းပိုင်းမှ စတင်ကာ မြန်မာ့အာမခံလုပ်ငန်းမှ ရောင်းချမည်

RangonNewsDaily:: December . 12 .2014
ကျန်းမာ ရေးစောင့်ရှောက်မှုအာမခံအမျိုး အစားကို တစ်ယူနစ်လျှင် ငွေကျပ် ငါးသောင်းဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း မြန်မာ့အာမခံလုပ် ငန်းမှ သိရသည်။

သာကေတမြို့နယ်တွင် ဆူဇူကီး အဖြူရောင်ယာဉ် တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိမောင်းနှင်စဉ် ယာဉ်တိုက်မှုဖြစ်ကာ ယာဉ်မောင်းသေဆုံး

RangonNewsDaily:: December . 12 .2014
၁၀.၁၂.၂၀၁၄ ရက်နေ့ ၀၂၃၀ အချိန်တွင် သာကေတမြို့နယ်၊ ရှုခင်းသာမြို့ပတ်လမ်းအတိုင်း သာကေတဘက်မှ ဒေါပုံဘက်
သို့ မင်္ဂလာတောင်ညွန့်မြို့နယ်နေ ယာဉ်မောင်း ကိုလင်းမောင်၊ (၄၀)နှစ် မောင်းနှင်လာသော 3I----ဆူဇူကီးအဖြူရောင်ယာဉ်
သည် MOGE ၀င်းရှေ့အရောက် တစ်ဘက်ယာဉ်ကြောသို့ လမ်းပြောင်းပြန်ရောက်ရှိကာ မျက်နှာချင်းဆိုင်မှမောင်းနှင်
လာသော 4C---- နစ်ဆန်း ကောင်တာ ကုန်တင်နောက်တွဲယာဉ်အားတိုက်မိခဲ့ရာ ယာဉ်(၂)စီးပျက်စီးပြီး ယာဉ်မောင်း 
လင်းမောင် မှာ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။

ဗဟန်းမြို့နယ်တွင် တိုယိုတာဟာရီယာကိုယ်ပိုင် ယာဉ်အရှိန်လွန်ကာ လမ်းဘေးအုတ်ခုံအား တိုက်မိသဖြင့် ယာဉ်မောင်းသူ သေဆုံး

RangonNewsDaily:: December . 12 .2014
၁၀.၁၂.၂၀၁၄ ရက်နေ့ ၀၈၃၅ အချိန်တွင် ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း
အတိုင်း ရွှေဂုံတိုင်ဘက်မှ ကုက္ကိုင်းဘက်သို့ တာမွေမြို့နယ်နေ ယာဉ်မောင်း ဦးအေးသန်း၊ (၆၄)နှစ်မောင်းနှင်လာသော 1D---- တိုယိုတာဟာရီယာကိုယ်ပိုင်
ယာဉ်သည် ကုက္ကိုင်းမီးပွိုင့်အရောက်အရှိန်လွန်ကာ လမ်းထောင့်ရှိ အုတ်ခုံအား ၀င်ရောက်တိုက်မိခဲ့ပါသည်။

မရမ်းကုန်းမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် အဆိပ်သောက်သေဆုံးမှု (၂)မှုဖြစ်

RangonNewsDaily:: December . 12 .2014
၁၀.၁၂.၂၀၁၄ ရက်နေ့ ၀၉၃၀ အချိန်တွင် မြောက်ဥက္ကလာပဆေးရုံ၌ ပိုးသတ်ဆေးသောက်သုံးခဲ့သော အမျိုးသားတစ်ဦး ဆေးကုသမှုခံယူနေစဉ်သေဆုံးသွားကြောင်းသတင်းအရ မရမ်းကုန်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေး
ရာ သေဆုံးသူမှာ မရမ်းကုန်းမြို့နယ်နေ ဦးသိန်းစော၊ (၅၅)နှစ်ဖြစ်ပြီး ၎င်းသည် ၇.၁၂.၂၀၁၄ ရက်နေ့က ရွက်ဖြန်းပိုး
သတ်ဆေးသောက်ခဲ့၍ ယင်းသို့ ဆေးကုသမှုခံယူစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်းသိရှိရသဖြင့် မရမ်းကုန်းမြို့မ
ရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၂၆/၂၀၁၄) ဖြင့်ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။