Pages

Sunday, November 30, 2014

ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ဒီဇင်ဘာ၂၇ရက်တွင် ကျင်းပမည်


RangonNewsDaily:: November . 30 .2014
၂ဝ၁၃ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေး အပ်ပွဲကြီးအား ဒီဇင်ဘာ ၂၇ရက်တွင် ရန်ကုန်မြို့ရှိ Myanmar Event Park တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အသားပတ်တာပျောက်စေဖို့


RangonNewsDaily:: November . 30 .2014
အခုရန်ကုန်မျာနည်းနည်းအေးလာတယ်နော်..မနက်အိပ်ယာထမှာမျက်နှာတွေနည်းနည်းတင်းစပြုလာပြီး မကြာခင်အသား
ပတ်တော့မယ်လေအဲဒီလိုအသားပတ်တာပျောက်စေမယ့်နည်းလေး ဥတ္တရာသိထားတယ်ပြန်မျှဝေမယ်နော်

ရေနံထုတ်လုပ်မှု လျှော့မချဖို့ အိုပက် ဆုံးဖြတ်


RangonNewsDaily:: November . 30 .2014
ကမ္ဘာ့ ရေနံစိမ်း ဈေးနှုန်း မြင့်တက်ဖို့ အတွက်ဆိုပြီး သူတို့ရဲ့ ရေနံ ထုတ်လုပ်မှု ပမာဏကို လျှော့ချမှာ မဟုတ်ဘူး လို့ ရေနံရောင်း နိုင်ငံတွေ စုပေါင်းဖွဲ့ထားတဲ့ အိုပက် OPEC အဖွဲ့က ပြောပါတယ်။

၆ ပွင့်ဆိုင် ဆွေးနွေးရေးကို လက်မခံဘူးလို့ ကာကွယ်ရေးဦးစီးချုပ် ပြောကြား


RangonNewsDaily:: November . 30 .2014
ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းထားတဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို လက်ခံမှာမဟုတ်ပဲ အဖွဲ့အစည်းအားလုံးကို ကိုယ်စားပြုတဲ့ တွေ့ဆုံဆွေးနွေးပွဲမျိုးကိုသာ လုပ်ဆောင်သွားဖို့ ရှိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီနေ့ ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ ၇ ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။

လူထုဒေါ်အမာ ရာပြည့်မွေးနေ့ အကြိုဂုဏ်ပြပွဲ မန္တလေးမှာ ကျင်းပ


RangonNewsDaily:: November . 30 .2014
သတင်းစာဆရာမကြီး လူထုဒေါ်အမာရဲ့ ရာပြည့်မွေးနေ့အကြို ဂုဏ်ပြုပွဲအခမ်းအနားကို ဒီကနေ့ မန္တလေးမြို့က တောင်လေးလုံးကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။

ကမ္ဘာ့အသက်အငယ်ဆုံး မိုက်ခရိုဆော့ဖ်ကျွမ်းကျင်သူလက်မှတ် ၅ နှစ်သားအရွယ် မွတ်စလင်ကလေးငယ်ရရှိ

အသက်-၅ နှစ်အရွယ် အောင်လက်မှတ်ရသူ အိုင်ယမ်ကူရေရှီ 
RangonNewsDaily:: November . 30 .2014  လန်ဒန်။
အမေရိကန်နိုင်ငံပေါင်းစုံ ကော်ပိုရေးရှင်းက အောင်မြင်စွာ စမ်းသပ်စစ်ဆေးပြီးနောက် အသက်အငယ်ဆုံး မိုက်ခရိုဆော့ဖ်ကျွမ်းကျင်သူလက်မှတ်ကို ၅ နှစ်အရွယ် မွတ်စလင်ကလေးငယ် အိုင်ယမ်ကူရေရှီက ရရှိသွားပါတယ်။

သြစတြေးလျ ရဲတပ်ဖွဲ့က မွတ်စလင်ရဲဝန်ထမ်းတို့အတွက် ဘာသာရေးအကြီးအကဲတစ်ဦး ခန့်အပ်


RangonNewsDaily:: November . 30 .2014
သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ် ရဲတပ်ဖွဲ့က မွတ်စလင်ရဲဝန်ထမ်းတို့အတွက် မွတ်စလင်ဘာသာရေးအကြီး အကဲအသစ်တစ်ယောက်ကို ခန့်အပ်လိုက်ပါတယ်။ 

ဦးသန်းရွှေနှင့် ဦးခင်ညွန့်တို့စကားနားထောင်ရင်း ဦးသိန်းစိန်သမ္မတဖြစ်လာဟု အစ်ကိုအရင်းကဖွင့်ဟ


RangonNewsDaily:: November . 30 .2014
မြန်မာနိင်ငံသမ္မတဦးသိန်းစိန် သမ္မတဖြစ်လာရသည့်အကြောင်းအရင်းများတွင် ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ ၊ဗိုလ်ချုပ်ခင်ညွန့် တို့၏ အနားတွင်နေပြီး ထိုသူများစကားနားထောင်ကာ ကလန်ကဆန်ပြောကြားမူများမရှိခဲ့ခြင်းက ဦးသိန်းစိန်အား မြန်မာနိင်ငံသမ္မတအဖြစ်သို့ရောက်ရှိစေခဲ့သည့် အကြောင်းအကြောင်းအရင်းများအနက်တစ်ခုအဖြစ် အစ်ကိုဖြစ်သူ ဦးထွန့်းမြင့်က ပြောကြောင်း မြန်မာသံတော်ဆင့် သတင်းစာတွင်ဖေါ်ပြထားသည်။

လိုင်သာယာစက်မှုဇုန်တွင် မီးလောင်မှုဖြစ်ပွား

RangonNewsDaily:: November . 30 .2014
လိုင်သာယာစက်မှုဇုန် ၃က ဝါးဟားဟား ရေခဲမုန့် စက်ရုံ 29.11.2014့ မနက် ၁၁း၃၅ ကစပြီးမီးလောင်
ကျွမ်းခဲ့ကြောင်းသတင်းရရှိသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဗဟိုပြန်ကြားရေး အဖွဲ့ဝင် စာရေးဆရာ ထင်လင်ဦးကို ချောင်းဦးနယ်လုံးဆိုင်ရာ သံဃာများ ပတ္တနိကုဇ္ဈနကံဆောင်မည်

RangonNewsDaily:: November . 30 .2014
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်လုံးရှိ သံဃာတော်များက သာသနာတော်ကို ညှိုးနွမ်းစေရန် ဟောပြောခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ပတ္တနိကုဇ္ဈန ကံဆောင်မည် ဖြစ်ကြောင်း ချောင်းဦးမြို့ ညောင်ပင်ပဇ္ဇောတာရုံ ကျောင်းတိုက်ဆရာတော် အရှင်ပဝရက The Voice သို့ မိန့်ကြားသည်။

ရန်ကုန်တွင် အကြမ်းဖက်သမားနှင့် လူမိုက်ဂိုဏ်းများကို စီမံချက်ဖြင့် ဖမ်းဆီးစဉ် မူးယစ်အမှုများ ပါဖမ်းမိနေ


RangonNewsDaily:: November . 30 .2014
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က အကြမ်းဖက်သမား များအား စုံစမ်းရှာဖွေရေးနှင့် လူ မိုက်ဂိုဏ်းများကို စီမံချက်ဖြင့် ဖမ်း ဆီးစစ်ဆေးနေစဉ် ယင်းအမှုများ နှင့် ဆက်စပ်ကာ မူးယစ်ဆေးအမှု များလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင်မူးယစ် တပ်ဖွဲ့စုအမှတ်(၄၂)မှ သတင်းရ ရှိသည်။

ဒဂုံမြို့နယ၊်မြို့မကျောင်းလမ်းရှိ ဆောက်လုပ်ရေးအင်ဂျင်နီယာ တပ်ဝင်းအတွင်းလူတစ်ဦး ၀င်ရောက် သေနတ်ပစ်ဖောက်

RangonNewsDaily:: November . 30 .2014
အရပ်သားဆိုသူတစ်ဦးသည် ဒဂုံမြို့နယ၊်မြို့မကျောင်းလမ်းရှိ အမှတ်၉၅၄ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲအတွင်းသို့ ကားဖြင့်အတင်းဝင်ရောက်ပြီး အသင့်ပါလာသည့် ပစ်္စတိုသေနတ်ကို မိုးပေါ်ထောင်ဖောက်ခဲ့ကြောင်း ဒဂုံမြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဂါဇာမြို့ ရေကြီးမှု အရေးပေါ်အခြေအနေအဖြစ် ယူအန်န် ကြေညာ

RangonNewsDaily:: November . 30 .2014
နှစ်ရက်ကြာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေကြီးမှုပြင်းထန်စွာ ဖြစ်ပွား နေတဲ့အတွက်
ဂါဇာကမ်းမြှောင်ဒေသကို စိုးရိမ်ရတဲ့ အရေးပေါ်ဒေသ အဖြစ် ယူအန်န်က ကြေညာလိုက်ပါတယ်။