Pages

Sunday, November 23, 2014

နိုင်ငံရေးပါတီ တည်ထောင်ပြီး ရက် ၃၀ အတွင်း မှတ်ပုံတင် မလျှောက်ပါက ပျက်ပြယ်မည်

RangonNewsDaily:: November . 23 .2014
ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒုတိယအကြိမ် ပြင်ဆင်လိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေပြင်ဆင်ချက် အရ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတည်ထောင်ခွင့်ပြုပြီး ရက် ပေါင်း ၃၀ အတွင်း မှတ်ပုံတင် မလျှောက်ထားပါက ပျက်ပြယ်သွားမည် ဖြစ်သည်ဟု ပါဝင်သည်။

ကချင် ပစ်ခတ်မှုဖြစ်စဉ် အမှန်အတိုင်း ဖေါ်ထုတ်ဖို့ သမ္မတ ညွှန်ကြား


RangonNewsDaily:: November . 23 .2014
ကချင် KIA ဌာနချုပ် လိုင်ဇာအနီးမှာ ရှိတဲ့ ဗိုလ်သင်တန်းကျောင်းကို မြန်မာစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကချင် အရာရှိလောင်း၂၀ကျော် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်က ဒီလို သွေးထွက်သံယို ပဋိပက္ခတွေ တားဆီးနိုင်ရေး အတွက် အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်မှု အဖွဲ့တွေနဲ့ ဆက်ဆံရေးရုံးတွေ ပိုမိုဖွင့်လှစ်သွားရမှာဖြစ်ကြောင်း ဒါ့အပြင် တပ်မတော် အနေနဲ့လည်း သတင်းထုတ်ပြန်မှုတွေ ပိုမိုလုပ်ဆောင်သွားရမှာဖြစ်ကြောင်း ဗွီအိုအေကို ပြောဆိုလိုက်ပါတယ်။

FIFA U-20 World Cup 2015 (New Zealand) အတွက် ပဏာမ မြန်မာ့ လက်ရွေးစင် ယူ၂၀ ကစားသမား စာရင်း ထုတ်ပြန်ခြင်း

RangonNewsDaily:: November . 23 .2014
နယူးဇီလန် နိုင်ငံတွင် ကျင်းပမည့် ဖီဖာ ကမ္ဘာ့ဖလား ယူ၂၀ ပြိုင်ပွဲ FIFA U20 World Cup 2015 (New Zealand) အတွက် ပဏာမ မြန်မာ့ လက်ရွေးစင် ယူ၂၀ ကစားသမား စာရင်းကို နည်းပြအဖွဲ့မှ ယနေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။ အဆိုပါ ကစားသမား စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပြီး နိုဝင်ဘာ ၁၇ ရက်နေ့မှ စတင်ကာ လေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ်သည်။

သိပ္ပံနှင့်နည်းပညာ ကျောင်းသားများ စည်းကမ်းဖောက်ဖျက်မှု စာရင်းထုတ်ပြန်

RangonNewsDaily:: November . 23 .2014
မန္တလေး သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံကျောင်းများတွင် ၂၀၁၃-၁၄ ခုနှစ်၊ ပညာသင်နှစ်တွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသူ/ကျောင်းသားများ၏ ယာဉ်မတော်တဆ ဖြစ်ပွားမှုများ၊ ခိုက်ရန်ဖြစ်ပွား မှုများ၊ ကျောင်းစည်းကမ်း ဖောက်ဖျက်မှုများနှင့် အခြားသော မတော်တဆ ဖြစ်ပွားမှုများကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်ဟု နည်းပညာ တက္ကသိုလ် (မန္တလေး) မှ သိရသည်။အဆိုပါ ထုတ်ပြန်ထားသောစာများအား သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနလက်အောက်ရှိ ကျောင်းအသီးသီးသို့ နိုဝင်ဘာလ ၁၁ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။

အင်ဂျင်နီယာနှင့်ကန်ထရိုက်တာများ၏ လိုင်စင်မှတ်ပုံတင်ကြေးကို တိုးမြှင့်ကောက်ခံမည်

RangonNewsDaily:: November . 23 .2014
ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မ တီမှ လိုင်စင်ကန်ထရိုက်တာများနှင့် လိုင်စင်အင်ဂျင်နီယာများ၏ လိုင် စင်မှတ်ပုံတင်ကြေးနှင့် နှစ်စဉ်ကြေး နှုန်းထားများကို ၂ဝ၁၅ ခုနှစ်မှ စတင်၍ တိုးမြှင့်ကောက်ခံသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည် ပင်သာယာရေး ကော်မတီ အင်ဂျင် နီယာဌာန (အဆောက်အအုံ) မှ သိရသည်။

၂၀၁၈ ကမ္ဘာ့ဖလား ဘောလုံပြိုင်ပွဲ မှာ 5G ကွန်ရက်ကို စမ်းသပ်ဖို့ စီစဉ်နေတဲ့ Huawei နဲ့ MegaFon


RangonNewsDaily:: November . 23 .2014
စတုထ္ထမျိုးဆက် ကွန်ရက်ချိတ်ဆက်မှု တွေဟာ ကမ္ဘာတစ်ဝှမ်းလုံးကိုရောက်ရှိတာ နှေးပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံ က ကွန်ရက်ချိတ်ဆက် ကိ၇ိယာတွေ ထုတ်လုပ်တဲ့ Huawei နဲ့ ရုရှားက ဆက်သွယ်ရေးကုမ္မဏီ MegaFon တို့ဟာ ၂၀၁၈ ခုနှစ်မှာ 5G ကွန်ရက်ကို စမ်းသပ်ဖို့ စီစဉ်နေပါတယ်။

" ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေအနေနှင့် နိုင်ငံသားတစ်ဦးအနေဖြင့်နိုင်ငံရေးတွင် ပါ ၀င်နေသေးကြောင်း ပြည်ခိုင်ဖြိုး ဒုတိယဥက္ကဌပြော "


RangonNewsDaily:: November . 23 .2014
ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေအနေနှင့် နိုင်ငံသားတစ်ဦးအနေဖြင့်
နိုင်ငံရေးတွင် ပါဝင်နေသေးကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦးက ပြောသည်။

လက်နက်ကြီး ထိမှန်ကျဆုံးသွားသူများတွင် ကချင်ဗိုလ်လောင်းများ မပါဝင်

အခင်းမဖြစ်မီ ၅ ရက်ခန့်က စာသင်ဆောင်တွင် ဗိုလ်လောင်းများကို သင်တန်းဆရာများနှင့် တွေ့ရစဉ် (ဓာတ်ပုံ - Jade Land Kachin)By ပီတာအောင် 21 November 2014
RangonNewsDaily:: November . 23 .2014
အစိုးရတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးသွားခဲ့ကြတဲ့ ကေအိုင်အေ ဗိုလ်သင်တန်းကျောင်း အရာရှိလောင်းတွေထဲမှာ ကချင်တပ်ဖွဲ့ဝင်တွေ ပါဝင်ခြင်း မရှိဘဲ ညီနောင်တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့ဝင်တွေချည်း ကျဆုံးသွားတာလို့ ကေအိုင်အေက ပြောပါတယ်။

ဆူဇူကီးဖလားပြိုင်ပွဲ ပွဲစဉ်များအားလုံး Sky Net အရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်


RangonNewsDaily:: November . 22 .2014
ဆူဇူကီး ဖလားပြိုင်ပွဲတွင် မြန်မာအသင်းယှဉ် ပြိုင်မည့်ပွဲစဉ်များကို (MRTV)၊ (Sky Net)နှင့် Fox sport ရုပ်သံလိုင်း များမှ တိုက်ရိုက်ထုတ်လွှင့်ပေးမည် ဖြစ်ကြောင်း သိရသည်။

ဆက်တိုက်မြင့်တက်နေသော အမေရိကန်ဒေါ်လာဈေးနှုန်း နှစ်ရက်ဆက်တိုက်ပြန်လည်ကျဆင်းလာ


RangonNewsDaily:: November . 22 .2014
နိုဝင်ဘာ လအတွင်း ဆက်တိုက်မြင့်တက်နေ သော အမေရိကန်ဒေါ်လာဈေးနှုန်း နှစ်ရက်ဆက်တိုက် ပြန်လည်ကျ ဆင်းလာကြောင်း ငွေကြေးဈေးကွက် လေ့လာသူများထံမှ သိရသည်။

မာဒါဂါစကာတွင် ပလိပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် လူ(၄၀)ကျော်သေဆုံး


RangonNewsDaily:: November . 22 .2014
မာဒါဂါစကာ နိုင်ငံတွင် ပလိပ်ရောဂါတစ်ရပ် ပျံ့နှံ့ဖြစ်ပွားခဲ့ရာ လူပေါင်း(၈၀)ကျော် ကူးစက်ခံရပြီး (၄၀)မျှ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည်လွှတ်တော်နှင့်သာ သက်ဆိုင်ပြီး သမ္မတ၊ ကာချုပ်တို့နှင့် မပတ် သက်ဟု သမ္မတကVOA သတင်းဌာနနှင့် ယမန်နေ့က ပြောကြား


RangonNewsDaily:: November . 22 .2014
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည်လွှတ်တော်နှင့်သာ သက်ဆိုင်ပြီး သမ္မတ၊ 
ကာချုပ်တို့နှင့် မပတ် သက်ဟု သမ္မတကVOA သတင်းဌာနနှင့် ယမန်နေ့က ပြောကြား
ခဲ့ခြင်းအပေါ် တိုင်းပြည်ကို တကယ်စေတနာထားပါက ယခုကဲ့သို့ မပြောသင့်ကြောင်းနှင့်အစိုးရနှင့် တပ်ကိုမထိ ခိုက်စေဘဲ ပြည်သူ့အကျိုးအတွက် ပြုပြင် ပေးသင့်သည့်၊ သမ္မတက ဆောင်ရွက်ပေး နိုင်သည်များရှိကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာ သုံးသပ်ရေးပူးပေါင်းကော်မတီအတွင်းရေး
မှူး မလှိုင်မြို့ နယ်အမတ် ဦးအေးမောက်က မဇ္ဈိမကို ပြောသည်။

ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၆၄/၆-၇)ကြားတွင် အရှိန်မထိန်းနိုင်သောယာဉ် တိမ်းမှောက်သဖြင့် ဒဏ်ရာရ


RangonNewsDaily:: November . 22 .2014
၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦး
မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၆၄/၆-၇)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းရရှိသည်။

မုံရွာကန်သာယာကျွန်း လွတ်လပ်ရေးကျောက်တိုင် ခြင်္သေ့ရုပ်များ ဖျက်ဆီးခံရ


RangonNewsDaily:: November . 22 .2014
မုံရွာမြို့၏ ဘေးမဲ့ကန်ကြီး ဖြစ်သည့်ကန်သာယာကျွန်း လွတ်လပ်ရေးကျောက်တိုင် ပတ်လည်ရှိ ခြင်္သေ့ရုပ်များ 
ဖျက်ဆီးခံထားရကြောင်း ကန်သာယာတွင် နေ့စဉ်ကျန်းမားရေး လေ့ကျင့်ခန်း ပြုလုပ်နေသူများထံမှ သိရသည်။

ပြည်ပမှ ဆေးပညာဘွဲ့ရယူခဲ့သည့် မြန်မာဆရာဝန် ၁၁ ဦး ဆေးကုသခွင့်လိုင်စင် (ဆမ) အရည်အချင်းစစ် ၀င်ရောက်ဖြေဆိုရာ ဖြေဆိုသူအားလုံး ကျရှုံး

RangonNewsDaily:: November . 22 .2014
ပြည်ပမှ ဆေးပညာဘွဲ့ရယူခဲ့သည့် မြန်မာဆရာဝန် ၁၁ ဦး ဆေးကုသခွင့်လိုင်စင် (ဆမ) အရည်အချင်းစစ် ဝင်ရောက်ဖြေဆိုရာ ဖြေဆိုသူအားလုံး ကျရှုံးခဲ့ကြောင်း မြန်မာနိုင်ငံဆေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

Viber က Public Chat ကို မိတ်ဆက်


RangonNewsDaily:: November . 22 .2014
သတင်းအချက်အလက်များကို လူအများဆီသို့ လွယ်ကူလျင်မြန်စွာ ဖြန့်ချိပေးနိုင်မည့် Public Chat ကို Viber က စတင်မိတ်ဆက်ကြောင်း သိရသည်။

ဒုတိယဝန်ကြီး ပြောင်းလဲတာဝန်ပေးခြင်း

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၂၆ /၂၀၁၄)
၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့
(၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်)

ဒုတိယဝန်ကြီး ပြောင်းလဲတာဝန်ပေးခြင်း