Pages

Wednesday, November 5, 2014

အိုဘားမားခရီးစဉ်အတွင်း လိုက်ပါမည့် သတင်းထောက်များ၏ လေယာဉ်ခရီးစဉ်ကုန်ကျစရိတ် ကန်ဒေါ်လာ ၆၈,၇၀၀ ရှိ

RangonNewsDaily:: November . 4 .2014
လာမည့် သီတင်းပတ် တွင် အာရှနှင့် သြစတြေးလျဒေသ သို့ သွားရောက်မည့် အမေရိကန် သမ္မတ၏ ခရီးစဉ်၌ လိုက်ပါသတင်းယူကြမည့် သတင်း ထောက်များအနေဖြင့် လေယာဉ် ခရီးစဉ်များအတွက် ဒေါ်လာ ၆၈,၇၀၀ ကုန်ကျမည်ဖြစ်သည်။

ကမ္ဘာပတ်ခဲ့တဲ့ Made in Myanmar ဖက်ရှင်ဒီဇိုင်းတွေ ၂ဝ၁၅အတွက်မိတ်ဆက်


RangonNewsDaily:: November . 4 .2014
အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် ၂ဝ၁၅ ဆောင်းနဲ့နွေရာသီ ဖက်ရှင်ဒီဇိုင်းဝတ်စုံတွေကို ရန်ကုန်မြို့ လမ်းသစ်ကူးတို့ဆိပ်က TS.1 ပြခန်းမှာ နိုဝင်ဘာ ၁ရက်နေ့က မိတ်ဆက်ပြသခဲ့ပါပြီ။ အသင့်ဝတ် Mon Precieux New York တံဆိပ်ကို တီထွင်တဲ့ ဖက်ရှင်ဒီဇိုင်နာက ဘယ်သူလဲ။

တာချီလိတ်ခရိုင်ရှိ မြို့နှစ်မြို့တွင် အမျိုးသားနှစ်ဦး ကြိုးဆွဲချသေဆုံး


RangonNewsDaily:: November . 4 .2014
တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ် ၀မ်ကောင်းရပ်ကွက် မြန်မာရွာခေါ် အကွက်(၉)တွင် အသက်(၂၇)နှစ်ရှိ အမျိုးသားတစ်ဦးသည် မိမိကိုယ်ကိုယ် ကြိုးဆွဲချ၍ သတ်သေသည့် ဖြစ်စဉ်တစ်ခု ယနေ့ ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၃)ရက် (၁၁)နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့က ငွေဖြူ၊ ငွေမည်းနှင့် ပတ်သက်၍ ကုမ္ပဏီနှင့် အမှုပေါင်း ၄၆ မှုစစ်ဆေးပြီးဖြစ်သော်လည်း အရေးယူခံရသည့်ကုမ္ပဏီ မရှိသေး

RangonNewsDaily:: November . 4 .2014
ပြည်တွင်း၌ ငွေဖြူ၊ ငွေမည်းနှင့်ပတ်သက်၍ စစ်ဆေးခဲ့သည့်အမှုများနှင့် ကုမ္ပဏီစုစုပေါင်း ၄၆ မှုအား စစ်ဆေးပြီးခဲ့သော်လည်း အရေးယူခံရသည့်ကုမ္ပဏီ တစ်ခုမျှမရှိသေးကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးမှ နိုဝင်ဘာ ၃ ရက်တွင် စုံစမ်းသိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၄၉/ ၅) အနီး ကားနှင့် ဆိုင်ကယ်တိုက်မိ၍ သေဆုံး/ ဒဏ်ရာရ

RangonNewsDaily:: November . 4 .2014
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၄၉/ ၅) အနီး၌ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ စကားအင်း အမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ 

ဆင်းမ်ကတ်မှောင်ခိုဈေးကွက် MPT ဦးဆောင်

RangonNewsDaily:: November . 4 .2014
လက်ရှိဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ဖုန်းဆင်းမ်ကတ် မှောင်ခိုဈေးနှုန်းများတွင် MPT ဖုန်းဆင်းမ်ကတ်မှာ အမြင့်ဆုံးဈေးဖြင့် ဦးဆောင်လျက်ရှိကြောင်း AT ဖုန်းအရောင်းဆိုင်က ပြောသည်။

အိုဘားမား ရောက်နေချိန် မှတ်ပုံတင်ပါမှ ခရီးသွားရန် သတိပေးထား


RangonNewsDaily:: November . 4 .2014
အမေရိကန် သမ္မတ အိုဘားမား တက်ရောက်မည့် အာဆီယံထိပ်သီး အစည်းအဝေးများ ကျင်းပစဉ် အတွင်း ပြည်တွင်းပြည်ပသို့ ခရီးသွားလာသူများအပေါ် စိစစ်ဆေးမှုများကို တိုးမြှင့်မည်ဖြစ်၍ နိုင်ငံသား စိစစ်ရေးလက်မှတ် သို့မဟုတ် ခိုင်လုံသော အထောက်အထားများ မပျက်မကွက် ယူဆောင်လာကြရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

လမ်းမတော်မြို့နယ်၊ မဟာဗန္ဓုလလမ်းရှိ Diamond & Me ရတနာဆိုင်မှ ကျပ် သိန်း ၁၉၀ တန် စိန်နားကပ် ခိုးယူသောနိုင်ငံခြားသားနှစ်ဦး ဖမ်းမိရေး ပြည်သူများကူညီရန် ရဲတပ်ဖွဲ့ မေတ္တာရပ်ခံ


RangonNewsDaily:: November . 4 .2014
ရတနာဆိုင်မှ စိန်ထည်ပစ္စည်းခိုးယူခဲ့သော နိုင်ငံခြားသား နှစ်ဦးကို ပြည်သူများပူးပေါင်းပါဝင် ဖော်ထုတ်ရန် နိုဝင်ဘာ ၂ ရက်ကမေတ္တာရပ်ခံထားကြောင်း ရန် ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မန္တလေး-စစ်ကိုင်း လမ်းဘေးရှိ ကျူးကျော်နေအိမ်များ ဖယ်ပေးရန် စည်ပင်မှခေါ်ပြော

RangonNewsDaily:: November . 4 .2014
မန္တလေး-စစ်ကိုင်း လမ်းဘေးရှိ ကျူးကျော်နေအိမ်များအား မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ နိုဝင်ဘာ ၃ ရက် နံနက် ၈ နာရီတွင် နောက်ဆုံးထားဖယ်ရှားခိုင်းရာ နေထိုင်သူများမှ ဖယ်ရှာမပေးသောကြောင့် စည်ပင်သာယာရေးကော်မတီမှ ၎င်းတို့အား မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ချမ်းမြသာစည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ယူညှိနှိုင်းခဲ့သည်။

အင်းစိန်မြို့နယ်ရှိ ဆုံဆည်းရာစားသောက်ဆိုင်တွင် အနုကြမ်းစီးမှုဖြစ်ပွား


RangonNewsDaily:: November . 4 .2014
အင်းစိန်မြို့နယ် ပြည်တော်သာလမ်းပေါ်ရှိ ထရိုင်စတားတာယာစက်ရုံအနီးရှိ ဆုံဆည်းရာစားသောက်ဆိုင်တွင် နိုဝင်ဘာ ၃ ရက် နံနက် ၂ နာရီခန့်က အနုကြမ်းစီးမှုဖြစ်ပွားခဲ့ကြောင်း အင်းစိန်မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးမြင့်ကြိုင်က အတည်ပြုပြောကြားသည်။