Pages

Sunday, October 19, 2014

မြန်မာ ယူ-၁၉ အသင်း ယူ-၂၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိ၊ ၁၉၇၂ မြူးနစ်အိုလံပစ်ပြိုင်ပွဲ နောက်ပိုင်း ကမ္ဘာ့အဆင့်ပြိုင်ပွဲသို့ ပထမဆုံးအကြိမ် ပြန်လည်တက်ရောက်နိုင်ခြင်းဖြစ်


RangonNewsDaily:: October . 19 .2014
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အာရှယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို အောက်တိုဘာ ၁၇ ရက်က ယှဉ်ပြိုင်ကစားရာ အိမ်ရှင်မြန်မာ အသင်းက ယူအေအီးအသင်းကို (၁-ဝ) ဂိုးဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်ကာ ၂ဝ၁၅ ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြောင်း သိရသည်။

ချယ်လ်ဆီး၊ မန်စီးတီး၊ ဆောက်သမ်တန်တို့နိုင်ပွဲရခဲ့ပြီး အာဆင်နယ် သရေကျ

ချယ်လ်ဆီးအသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့သည့် ကွင်းလယ်လူအော်စကာ အောင်ပွဲခံနေစဉ်(Photo:AFP)
RangonNewsDaily:: October . 19 .2014
ပရီးမီးယားလိဂ်ပွဲစဉ်(၈) စနေညပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာ အမှတ်ပေးဇယား ထိပ်ဆုံးမှဦးဆောင်နေသည့် ချယ်လ်ဆီးအပါအ၀င် မန်စီးတီး၊ ဆောက်သမ်တန် အသင်းတို့ နိုင်ပွဲရခဲ့သော်လည်း အာဆင်နယ်အသင်းမှာ အိမ်ကွင်းတွင် ဟားလ်စီးတီးကို သရေသာကစားနိုင်ခဲ့သည်။

မြန်မာအသင်း အုပ်စုနောက်ဆုံးပွဲမတိုင်မီ ဆူဇူကီးဖလား ခြေစစ်ပွဲအောင်

RangonNewsDaily:: October . 19 .2014
မြန်မာအသင်းသည် လာအိုနိုင်ငံတွင် ယှဉ်ပြိုင်ကစားလျက်ရှိသော ၂၀၁၄ အာဆီယံ ဆူဇူကီးဖလားခြေစစ်ပွဲ တတိယပွဲစဉ်တွင် ကမ္ဘောဒီးယားအသင်းကို ကျော်ကိုကို၏ တစ်လုံးတည်းသောပယ်နယ်တီဂိုးဖြင့် အနိုင်ရပြီး ပွဲစဉ်မကုန်မီ ခြေစစ်ပွဲအောင်မြင် သွားခဲ့သည်။

ကိုကင်းမူးယစ်ဆေးသုံးစွဲမှုကြောင့် အမေရိကန်ဒုသမ္မတ၏သားကို ရေတပ်မှအလုပ်ထုတ်ပစ်


RangonNewsDaily:: October . 19 .2014
အမေရိကန်ဒုတိယသမ္မတ ဂျိုး ဘီဒင်၏သားအား အမေရိကန်ရေ တပ် သီးသန့်တပ်ဖွဲ့မှ ယခုနှစ်တွင် အလုပ်မှထုတ်ပယ်ခဲ့သည်။ 

ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒဿမ ၉ သိန်း ဖမ်းဆီးရမိ

RangonNewsDaily:: October . 19 .2014
အောက်တိုဘာ ၁ဝ ရက်က မူးယစ်တပ်ဖွဲ့စု(၄၂) ရန်ကုန်အနောက် မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ အောင်မင်္ဂလာ အဝေးပြေးဝင်း၊ စစ်တွေလမ်း၊ အမှတ် ဏ/A-2/A-3 ရှိ ရန်ကုန်- စစ်တွေ ကြံတိုင်းအောင်ကားဂိတ် ကုန်စည်ဂိုဒေါင်အတွင်းတွင် ဒေါ်သန်းတင် (STW) အမည်ဖြင့် ရန်ကုန်မှ စစ်တွေသို့ ပို့ဆောင်မည့် အဝတ်အထည်ဘေထုပ်များအား ဖွင့်ဖောက်ရှာဖွေရာ ဘေထုပ် (၆) ထုပ်စီအတွင်းတွင် တစ်ထုပ်စီ၏ အဝတ်များ ကြားရှိ ပီနံအိတ် တစ်အိတ်စီအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းပြားစီပါ (၆) ထုပ် နှင့် ဘေထုပ်တစ်ထုပ်အတွင်းရှိ အဝတ်များကြား ပီနံအိတ်တစ်အိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉ဝ,ဝဝဝ ပြားပါ တစ်ထုပ်၊ စုစုပေါင်းစိတ်ကြွ ရူးသွပ်ဆေးပြား ၆ ဒဿမ ၉ သိန်းပြား သိမ်းဆည်းရမိခဲ့ပါသည်။

အိန္ဒိယနိုင်ငံက နျူးဒုံးကျည်ကို အောင်မြင်စွာစမ်းသပ် ပစ်လွှတ်နိုင်ခဲ့

RangonNewsDaily:: October . 19 .2014
အိန္ဒိယနိုင်ငံက ၄င်း၏ပြည်တွင်းလုပ် နာ့ဘ်ဟေး ဟုခေါ်သော နျူကလီးယား ဒုံးကျည်ကို သောကြာနေ့ကက သြရိဿ အရှေ့ဘက်တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြခဲ့သည်။

တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ရက်များ


RangonNewsDaily:: October . 19 .2014
တောင်ကြီး မြို့တွင် ကျင်းပပြုလုပ်မည့်တန်ဆောင်တိုင် ပွဲတော်ရက်များကိုဖော်ပြပေးလိုက်ပါတယ်။

ကင်ဆာရောဂါကို ဖြစ်စေမည့် နှုတ်ခမ်းနီများ ဈေးကွက်အတွင်း ၀င်ရောက်လျက်ရှိ

RangonNewsDaily:: October . 19 .2014
လက်ရှိ မြန်မာနိုင်ငံ အတွင်း အလှကုန် တင်သွင်းသော ကုမ္ပဏီ များနှင့် ပြည်တွင်း အလှကုန် ဈေးကွက်အတွင်း သို့ လမ်းကြောင်း အမျိုးမျိုးမှ ရောက်ရှိ နေသော အမျိုးသမီးသုံး အလှကုန် ပစ္စည်းများ ထဲမှ အဓိက အသုံးပြု နေသည့် နှုတ်ခမ်းနီ ဆိုးဆေးများ ထဲတွင် အချို့သော အမှတ် တံဆိပ်များမှာ ကင်ဆာ ဖြစ်စေသော ခဲဓာတ်များ ပါဝင်နေကြောင်း စစ်ဆေး တွေ့ရှိရ သည်ဟု သိရသည်။

Eminem ရဲ့ နောက်ထွက်မယ့် အခွေ ShadyXV မိတ်ဆက်


RangonNewsDaily:: October . 19 .2014
အဆိုတော် Eminem ၏ ထွက်ရှိ လာတော့မည့် အယ်လ်ဘမ် အသစ်ဖြစ် သော ‘ShadyXV’ ၏ မျက်နှာဖုံး ဒီဇိုင်း ပုံအား အောက်တိုဘာ ၁၃ ရက်နေ့က Instagram စာမျက်နှာပေါ်တွင် တရားဝင် မိတ်ဆက် ဖော်ပြခဲ့ကြောင်း သိရသည်။

မန္တလေးတွင် ရဟန်းသံဃာများ မောင်းနှင်သည့် ယာဉ်များကို ဖမ်းဆီး

RangonNewsDaily:: October . 19 .2014
မန္တလေးမြို့တွင် ရဟန်း သံဃာများ မောင်းနှင်သည့် ယာဉ်များအား ဆက်တိုက် ဖမ်းဆီးနေ ကြောင်း သတင်းရရှိသည်။

တစ်နေ့တစ်မိနစ်ပွေ့ဖက်ပါ


RangonNewsDaily:: October . 19 .2014
မင်္ဂလာဆောင်ပြီးစ သူတို့ဇနီးမောင်နှံရဲ့ဘဝက လူတိုင်းအားကျဖို့ကောင်းအောင် ပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေခဲ့တယ်။ သားတစ်ယောက်မွေးခဲ့ပေမယ့် တစ်သားမွေးတစ်သွေးလှဆိုသလို သူမ လှပနေခဲ့တယ်။ ခန္ဓာကိုယ်အချိုးအစားကို အပျိုလေးတစ်ယောက်လို သူမ ထိန်းသိမ်းထားနိုင်ခဲ့တယ်။

မကွေးဆေးတက္ကသိုလ် ကျောင်းသား ဓားထိုးခံရမှု ၂၄နာရီ အတွင်း ဖမ်းဆီး ဖော်ထုတ်နိုင်

RangonNewsDaily:: October . 19 .2014
မကွေးတက္ကသိုလ် အဝေးသင် ဌာန ဌာနခွဲစာရေး ဦးမျိုးဝင်းထွန်း က ယခုလ ၁၅ ရက် ည ၁၁နာရီ ၃၅ မိနစ်တွင် မကွေးမြို့ ပြည်တော် သာရပ်ကွက်ရှိ'ယူရို'ထမင်းဆိုင်ရှေ့ ၌ ဓားထိုးမှုဖြစ်ပွားကြောင်း ဖုန်း နှင့်သတင်းပေးချက်အရမကွေးမြို့မ ရဲစခန်းမှ ရဲအုပ်ဝင်းကျော်ဦးနှင့် အဖွဲ့ သက်သေများနှင့်အတူ အခင်း ဖြစ်နေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ ဒဏ်ရာရရှိသူများ မတွေ့ရဘဲ မကွေးဆေးရုံသို့ရောက် ရှိနေကြောင်းသတင်းရရှိခဲ့သည်။

တစ်ပတ်အတွင်း ဒုတိယအကြိမ် လူမြင်ကွင်းရှေ့ ထွက်ပေါ်လာသည့် ကင်မ်ဂျုံအန်


RangonNewsDaily:: October . 19 .2014
ရက်ပေါင်း အတော်ကြာ လူမြင်ကွင်းမှ ပျောက်ဆုံးနေပြီးနောက် ဒုတိယ အကြိမ်မြောက်အဖြစ် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်သည် လမ်းလျှောက်တုတ် တစ်ချောင်းဖြင့် ပြန်လည် ပေါ်ထွက်လာခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့တွင် အကျဉ်းထောင်သစ် တည်ဆောက်မည်

RangonNewsDaily:: October . 19 .2014
ထောင်တွင်း အကျဉ်း သားဦးရေ များပြားနေခြင်းနှင့် ထောင်တည်နေရာမှာ တိုးတက် လာသည့်မြို့အနေအထားအရ မြို့လယ်ကောင်တွင် တည်ရှိနေ ခြင်းကြောင့် ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့တွင် အကျဉ်းသားတစ်ထောင်ဆံ့ အကျဉ်းထောင်အသစ် ဆောက်လုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

တောင်းဆိုချက်များ မလိုက်လျောပါက AAA ဘိလပ်မြေ စက်ရုံ အလုပ်သမားများ သပိတ် စခန်းဖွင့် ဆန္ဒထုတ်ဖော်မည်

RangonNewsDaily:: October . 19 .2014
လုပ်အား စိုက်ထုတ် လုပ်ကိုင်မှုနှင့် ရရှိသည့် အကျိုး ခံစားခွင့် မညီမျှ သဖြင့် အလုပ်ရှင်နှင့် အလုပ်သမားကြား အငြင်းပွား နေသည့် မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည် ခရိုင်ရှိ အေသုံးလုံး (AAA) ဘိလပ်မြေ စက်ရုံနှင့် ကညို့တောင် ကျောက်ထုတ် လုပ်သားများ ပြဿနာ များနှင့် ပတ်သက်၍ တောင်းဆိုချက် များကို မလိုက်လျောပါက သပိတ် စခန်းဖွင့်ကာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်မည် ဖြစ်ကြောင်း အောက်တိုဘာလ(၁၇) ရက်နေ့က မန္တလေးမြို့ 88 Café တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ကညို့တောင် ကျောက်ထုတ် လုပ်သား များက The Messenger Media သို့ ပြောသည်။

ဘင်္ဂလား ပင်လယ်အော်တွင် ၄၈ နာရီအတွင်း မုန်တိုင်း တစ်လုံး ဖြစ်နိုင်

RangonNewsDaily:: October . 18 .2014
ဘင်္ဂလားပင်လယ်အော်တွင် ၄၈ နာရီအတွင်းမုန်တိုင်းတစ်လုံးဖြစ်လာနိုင်ကြောင်း နိုင်ငံတကာ မိုးလေ၀သ ခန့်မှန်းချက်များကို ကိုးကား၍ ဒေါက်တာထွန်းလွင်က ပြောကြားသည်။

လှည်းကူးတွင် ဟိုင်းလတ်တစ်စီး တိမ်းမှောက်

RangonNewsDaily:: October . 18 .2014
လှည်းကူးတွင် ဟိုင်း လတ်ယာဉ်တစ်စီး အရှိန်မထိန်း နိုင်ဘဲ တိမ်းမှောက်သွား၍ ခရီးသည် ၁၉ ဦးဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်တွင် နေအိမ်ပြိုကျပြီး မိသားစုဝင် ငါးဦးသေဆုံး

RangonNewsDaily:: October . 18 .2014
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက် နယ်မြေ (၁၀)တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်ပြိုကျရာ မိသားစုဝင် ငါးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယာဉ်တိုက်ခံရ ဟန်ဆောင်၍ ငွေလိမ်တောင်းသည့် အဖွဲ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသူများ ပါဝင်

RangonNewsDaily:: October . 18 .2014
ရန်ကုန်မြို့လယ်ကောင်တွင် ယာဉ်တိုက်ခံရသည်ဟု ဟန်ဆောင်ကာ အုပ်စုဖွဲ့၍ ယာဉ်မောင်းများထံမှ ပိုက်ဆံလိမ်လည် တောင်းခံနေသည့် အဖွဲ့နှစ်ဖွဲ့ကို ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ရာ ယင်းဖမ်းမိသူများတွင် စက်တင်ဘာလ ၁၇ ရက်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်မှ လွတ်မြောက်လာသူများ ပါဝင်ကြောင်း ကျောက်တံတား မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မြန်မာအလုပ်သမား တစ်ဦးကို ဘန်ကောက်တွင် အလုပ်ရမည်ဟုဆိုကာ ပွဲစားက ဘတ် ၅၀၀၀ လိမ်လည်ပြီး ဘန်ကောက်ရှိ IDC ရုံးရှေ့၌ စွန့်ပစ်မှုဖြစ်ပွား

စွန့်ပစ်ခံရသည့် မြန်မာအလုပ်သမားကို တွေ့ရစဉ် (ဓာတ်ပုံ-Eya Chain Maw- Facebook)
RangonNewsDaily:: October . 18 .2014
မြန်မာအလုပ်သမားတစ်ဦးကို ဘန်ကောက်တွင် အလုပ်ရမည်ဟုဆိုကာ ပွဲစားက လိမ်လည်ခေါ်ယူခဲ့ပြီး ဘန်ကောက်ရှိ IDC ရုံးတွင် လာရောက်စွန့်ပစ်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ အဖွဲ့ချုပ်မှ သတင်းရရှိသည်။