Pages

Friday, September 19, 2014

ဦးဝင်းချိုနဲ့ ကိုဝေဠုကို ထောင်တစ်လစီ လျှော့ပေး


RangonNewsDaily:: September . 18 .2014
ပြီးခဲ့တဲ့ ဧပြီလက လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံတာကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့အတွက် ထောင်ဒဏ် ၃ လစီ ချမှတ်ခံ
ထားရတဲ့ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုဝေဠု နဲ့ လယ်သမားအရေးဆောင်ရွက်သူ ဦးဝင်းချိုတို့ကို ဒီနေ့ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၁ လစီ လျှော့ပေးခဲ့ပါတယ်။

ပျိုမဒီများ အတွက် ကြက်သွန်ဖြူနဲ့ အလှပြင်မယ်

RangonNewsDaily:: September . 18 .2014
ကြက်သွန်ဖြူဟာ ကြက်သွန်နီထက် ပိုပြီးတော့တောင် အစွမ်းထက် သေးတယ်လို့ အချို့ ဆေးပညာရှင်တွေက ဆိုထားပါတယ်။မီးဖိုချောင်ရဲ့ ဟင်းအမယ် တစ်ခုဖြစ်တဲ့ ဒီကြက်သွန်ဖြူဟာ ပျိုတို့ရဲ့ အလှအပ ကွက်လပ်မှာ လည်း ထိရောက်စွာ အစွမ်းဖြည့် ပေးပါတယ်။

တွတ်ရသည်ဟုဆိုပြီး ငွေနှစ်သိန်းပေးသွားသည့် ထီလက်မှတ်ဆယ်သိန်းပေါက် သည့်ထီလက်မှတ်ဖြစ်နေ

RangonNewsDaily:: September . 18 .2014
ထီသုံးစောင်ထိုးရာ တစ်စောင် က တွတ်နှစ်သိန်းဝင်ကြောင်း ထီ ရောင်းသမားကိုယ်
တိုင် ရွာသို့ လာ ရောက်ပြီး ဇွတ်အတင်းဝယ်ရာ ဝယ်သူ ပြန်မှ နှစ်သိန်းတွင် ၅ဝဝဝဝ
ခန့်လျော့ နေသဖြင့် ထီဆိုင်သွားစုံစမ်းရာမှ တွတ် ဝင်ခြင်းမဟုတ်ဘဲ ၁ဝ သိန်းဆုပေါက် နေသဖြင့် ထီဆိုင်ပိုင်ရှင်က ပြဿ နာ ပြေလည်အောင် ဖြေရှင်းပေးလိုက်ရ သည့် ဖြစ်ရပ်
တစ်ခု မကွေးမြို့ နတ် ကန်ရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

ရဲတိုက်ကို ထောင်ဒဏ် တစ်နှစ်ချ


RangonNewsDaily:: September . 18 .2014
သရုပ်ဆောင်ရဲတိုက်ကို ဘာသာ၊ သာသနာကို ညှိုးနွမ်းစေမှုပုဒ်မ ၂၉၅၊ ၂၉၅ (က)ဖြင့် ဗိုလ်တထောင်မြို့နယ် တရားရုံးက ထောင်ဒဏ်တစ်နှစ်ချမှတ်လိုက်သည်။

ကယ်လ်မေဂီမုန်တိုင်း ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ယနေ့ဝင်ရောက်လာနိုင်

Photo : တောင်တရုတ်ပင်လယ်မှ နိုင်ငံတကာအမည်တပ် (Kalm-aegi) 
RangonNewsDaily:: September . 18 .2014
ကယ်လ်မေဂီမုန်တိုင်းသည်ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ယနေ့ နံနက်တွင် မြန်မာနိုင်ငံသို့ ၀င်ရောက်လာနိုင်ကြောင်း ဒေါက်တာထွန်းလွင်က သတိပေးထားပြီး ဘင်္ဂလားပင် လယ်အော်၌ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် မုတ်သုံလေအားအလွန်ကောင်းနေသည်။

ပရိုဘောက်စ်ကားများ ဂျပန်နိုင်ငံအတွက်သာ ထုတ်ထားခြင်းဖြစ်၍ မြန်မာနိုင်ငံနှင့် မသင့်လျော်ဟုပြော


RangonNewsDaily:: September . 18 .2014
ပရိုဘောက်စ်ကားများ ကို ဂျပန်နိုင်ငံတွင်သာအသုံးပြုရန် တိုယိုတာကားကုမ္ပဏီက ရည် ရွယ်ထုတ်လုပ်ခြင်းဖြစ်၍ မြန်မာ နိုင်ငံအခြေအနေနှင့် သုံးစွဲရန် မသင့်လျော်ကြောင်း တိုယိုတာ ကားတင်သွင်းဖြန့်ချိရောင်းချခွင့်ရရှိထားသည့် TTAS ကုမ္ပဏီ အ ထွေထွေမန်နေဂျာ ဦးမျိုးမြင့်သိန်းကပြောကြားသည်။

ဓမ္မစေတီခေါင်းလောင်းကြီး ရှာမတွေ့လည်း လူထုကိုပြန်တောင်းပန်ရန် အစီအစဉ်မရှိဟုဆို

RangonNewsDaily:: September . 18 .2014
ဓမ္မစေတီခေါင်းလောင်းဆယ် ယူရေးအဖွဲ့အနေဖြင့် လူထုကိုကတိ ပေးထားသည့် ခေါင်းလောင်း
ကို ကုန်း ပေါ်သို့ ဆယ်ယူနိုင်ခြင်းမရှိပါက ၎င်း တို့အဖွဲ့အနေဖြင့် လူထုကို တောင်း ပန်သွားရန် အစီအစဉ်မရှိကြောင်းကို ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေး အဖွဲ့ ပြန်ကြားရေးတာဝန်ခံ
ဦးကြည် ဝင်းက စက်တင်ဘာ ၁၄ရက်က သန် လျင်မြို့နယ် နတ်စင်တစ်ရာဘုန်းတော် ကြီးကျောင်း၌ ပြုလုပ်သော သတင်း စာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းမ်ဂျာ နယ်သို့ ပြောကြား
ခဲ့သည်။

ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် ၁၂၉/၆ အနီးတွင် အမြန်လမ်းပေါ် တက် လာသည့် ဆိုင်ကယ်နှင့် Elite ခရီးသည်တင်ယာဉ် တိုက်မိ၊ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ


RangonNewsDaily:: September . 18 .2014
ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် ၁၂၉/၆ အနီးတွင် စက်တင်ဘာလ ၁၇ ရက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်က Elite အဆင့်မြင့် ခရီးသည်တင်ယာဉ်နှင့် အမြန်လမ်းပေါ်သို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် တစ်စီးတို့ တိုက်မိရာမှ မော်တော်ဆိုင်ကယ်ပေါ်မှ အသက် ၆၈ အရွယ် အမျိုးသားကြီး သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် သတင်းကြေညာချက်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်
နေပြည်တော်
(၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်)

သတင်းကြေညာချက်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံတော်၏ ဈေးကွက်စီးပွားရေးအနစ် ပီပြင်စွာဖြစ်ပေါ်လာရေးနှင့် ငွေရေးကြေးရေး စနစ်ခေတ်မီ၊ ခိုင်မာတိုးတက်လာစေရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာ အဆင့်မီ အဆင့်မြင့်လုံခြုံမှု

အဆင့်တန်းရှိသော ငွေစက္ကူများကို ထုတ်ဝေခဲ့ပါသည်။

ကရင်ပြည်အတွင်း မြန်မာ စစ်တပ်တွေ အရေးမကြီးရင် သွားလာမှုမလုပ်ဖို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်ကသတိပေးထား

RangonNewsDaily:: September . 18 .2014
ကရင်ပြည်နယ်အတွင်း မြန်မာ စစ်တပ်တွေ အရေးမကြီးရင် အသွားအလာ မလုပ်ဖို့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်က ထုတ်ပြန် ကြေညာချက် တစ်စောင်မှာ ဖော်ပြ လိုက်ပါတယ်။

တာမွေမြို့နယ်တွင် မွေးကင်းစကလေးငယ်ကို ကြောင်တစ်ကောင်က ဆွဲလာမှ ရပ်ကွက်နေ ပြည်သူများ သိရှိ

RangonNewsDaily:: September . 18 .2014
မွေးကင်းစ ကလေးငယ်တစ်ဦး တိုက်နောက်ဖေးလမ်းကြားအတွင်း စွန့်ပစ်ခံထားရသည်ကို ကြောင်တစ်ကောင်က ဆွဲလာသည့်အခါမှ ရပ်ကွက်နေပြည်သူများ သိရှိခဲ့ရသည့် ဖြစ်စဉ်တစ်ခု စက်တင်ဘာ ၁၈ ရက်၊ မွန်းလွဲ တစ်နာရီဝန်းကျင်က တာမွေမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်။