Pages

Friday, August 29, 2014

မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ်အတွင်းက ကျဆုံးသွားခဲ့သော တရုတ်စစ်သား၅၆၀၀၀ ဦးအား အမှတ်တရအခမ်းအနား ထိုင်ဝမ်တွင် ကျင်းပ


RangonNewsDaily:: August . 29 .2014
ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံအတွင်း ကျဆုံးခဲ့သော တရုတ်စစ်သား ၅၆၀၀၀ ဦး အား အမှတ်တရအခမ်းအနားကို ထိုင်ဝမ်တွင် သြဂုတ် ၂၇ ရက်က ကျင်းပခဲ့သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် Digital X-Ray , Ultrasound ရိုက်ကူးမှုများ အပါအ၀င် အခမဲ့ကုသနိုင်သည့် စာရင်းထုတ်ပြန်


RangonNewsDaily:: August . 29 .2014
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူသူ လူနာများအတွက် အခမဲ့ကုသနိုင်သည့် စာရင်းကို သြဂုတ် ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

ရေအောက်ရှိ နဂါးများကိစ္စ ခေတ်လူငယ်များအကြား ရယ်စရာဖြစ်နေ


RangonNewsDaily:: August . 29 .2014
ဓမ္မစေတီ ခေါင်းလောင်း ကြီးကို နဂါးမင်းများက ရေ အောက်တွင် ဆီမီးပူဇော်ခြင်းနှင့် ပတ်သက်၍ လူမှုကွန်ရက် အသုံးပြုသူများနှင့် ခေတ်လူကြီး၊ လူငယ်များအကြား ရယ်စရာတစ်ခု သဖွယ် ပြောဆိုဝေဖန်နေကြ သည်။

အမျိုးသားပညာရေး ဥပဒေမူကြမ်းအား ကန့်ကွက်ကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသားများ ဒုတိယအကြိမ် ကျောင်းတွင်းကျောင်းပြင် လှည့်လည်ဆန္ဒထုတ်ဖော်


RangonNewsDaily:: August . 29 .2014
လွှတ်တော်သုံးရပ်မှ အတည်ပြုထားရှိပြီး သမ္မတလက်မှတ်ထိုးရန် ကျန်ရှိနေသော အမျိုးသားပညာရေး ဥပဒေမူကြမ်းအား ကန့်ကွက်သည့်အနေဖြင့် ဩဂုတ် ၂၇ ရက်နံနက်ပိုင်းက ရတနာပုံတက္ကသိုလ် ကျောင်းသားများက ဒုတိယအကြိမ်အဖြစ် ကျောင်းတွင်း၊ ကျောင်းပြင် လှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

Miss Asia Pacific 2014 အလှမယ် ပြိုင်ပွဲသရဖူ ဆုရှင် မေမြတ်နိုး သရဖူ ရုပ်သိမ်းခြင်း ခံရ

RangonNewsDaily:: August . 28 .2014
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပခဲ့တဲ့ Miss Asia Pacific 2014 အလှမယ် ပြိုင်ပွဲမှာ သရဖူ ဆုရှင် မေမြတ်နိုးဟာ Miss Asia Pacific မူလ အဖွဲ့အစည်းရဲ့ သရဖူ ရုပ်သိမ်းခြင်း ခံလိုက်ရပါတယ်။

တက္ကသိုလ်အားလုံးကို အင်တာနက်စနစ် ချိတ်ဆက်ပေးမည်ဟု မြန်မာ့ဆက်သွယ်ရေးပြော

RangonNewsDaily:: August . 28 .2014
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ပြည်တွင်းရှိတက္ကသိုလ်အားလုံးကို အခမဲ့အနေဖြင့် အင်တာ နက်လိုင်း ချိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ အင်ဂျင်နီယာချုပ် ဦးမျိုးဆွေက ပြောသည်။

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

မြို့သစ်စီမံကိန်း သတင်း ထွက်ပေါ်လာပြီး နောက်ပိုင်း မြင်တွေ့ရသည့် တွံတေး-လှိုင်သာယာ ကားလမ်းနံဘေးရှိ မြင်ကွင်းတခု (ဓာတ်ပုံ-စိုင်းဇော် / ဧရာဝတီ)
RangonNewsDaily:: August . 28 .2014
န်ကုန်တိုင်းဒေသကြီး အစိုးရက ရန်ကုန်မြို့သစ် စီမံကိန်းတခုကို ပုဂ္ဂလိကပိုင် အများပိုင်ကုမ္ပဏီတခုဖြစ်တဲ့ မြန်မာ့စေတနာ မြို့သစ်ကုမ္ပဏီကို တရားဝင် လုပ်ဆောင်ခွင့်ပေးလိုက်ပြီလို့ တရားဝင်ကြေညာလိုက်ပေမယ့် ဒီစီမံကိန်းကို လုပ်ကိုင်ခွင့်ရမယ့် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီအကြောင်း သေချာရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုခြင်း မရှိသလို ဘယ်လိုစံချိန်စံညွှန်းတွေကြောင့် ရန်ကုန်မြို့သစ် စီမံကိန်းအတွက် အဲဒီကုမ္ပဏီကို ရွေးချယ်ခဲ့သလဲဆိုတာကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

မြန်မာနှင့် ထိုင်းနိုင်ငံကို သုံးနိုင်ငံ အဝေးပြေးလမ်း စီမံကိန်း ဆွေးနွေးပွဲ ပြုလုပ်ရန် အိန္ဒိယအစိုးရ တိုက်တွန်း

RangonNewsDaily:: August . 28 .2014
အာဆီယံဒေသတွင်း နိုင်ငံများနှင့် လမ်းပန်းဆက်သွယ်ရေး ချိတ်ဆက်ရန် သုံးနိုင်ငံ အဝေးပြေးလမ်း စီမံကိန်း အကောင်အထည် ဖော်လိုသော အိန္ဒိယနိုင်ငံက မြန်မာနှင့် ထိုင်းအစိုးရတို့ကို ၂၀၁၆ ခုနှစ် တွင် စတင်ချိတ်ဆက်ရန် လျာထားသည့် အဝေးပြေးလမ်းမကြီး စီမံကိန်းအတွက် မျက်နှာစုံ ဆွေးနွေးပွဲများ ပြုလုပ်သင့်ပြီ ဖြစ်ကြောင်း အိန္ဒိယ နိုင်ငံတကာရေးရာဌာန အတွင်းရေးမှူး Mr.Anil Wadhwa က ပြောကြားသည်။

ရန်ကုန်တွင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ဖမ်းမိပါက ဆိုင်ကယ်သိမ်းမည့်အပြင် ဆိုင်ကယ်တန်ဖိုးဒေသပေါက်ဈေး၏ ၅ဝရာခိုင်နှုန်း ဒဏ်ကြေးပေးဆောင်ရမည်

RangonNewsDaily:: August . 28 .2014
ရန်ကုန်တိုင်း ဒေသကြီးအတွင်း လိုင်စင်မဲ့မော် တော်ဆိုင်ကယ်များကို ဖမ်းမိပါက ဆိုင်ကယ်တန်ဖိုး၏ ဒေသပေါက်ဈေး ၅ဝရာခိုင်နှုန်း(သို့မဟုတ်) ဆိုင်ကယ် တန်ဖိုးထက်မနည်းသော ဒဏ်ကြေး ကို ကောက်ခံသွားမည်ဖြစ်ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ သိရ သည်။

တရုတ်နယ်စပ်မှ လိုင်စင်မဲ့စားသောက်ကုန် ကန်ဒေါ်လာသန်း ၆၀၀ ဖိုးခန့် ဖမ်းဆီးမိ

RangonNewsDaily:: August . 28 .2014
လပေါင်း၂၀ အတွင်း တရုတ်နယ်စပ်မှ လိုင်စင်မဲ့တင်သွင်းလာသည့် စားသောက်ကုန်ပစ္စည်းများ အမေရိကန် ဒေါ်လာသန်း ၆၀၀ ဖိုးခန့် ဖမ်းဆီးရမိပြီးဖြစ်ကြောင်း မန္တလေးတိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဆွေတင့်ကြူးက မဇ္ဈိမကို ပြောသည်။

ကရင်နီဒုက္ခသည်စခန်းတွင် ရေကြီး၊ ၁ ဦးသေ ၁ ဦး ပျောက်ဆုံး


RangonNewsDaily:: August . 28 .2014
ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်ထဲမှာ ခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျချောင်းရေတွေ ၀င်ရောက်လာတဲ့အတွက် လူသေကျေ ပျောက်ဆုံးမှုတွေ ရှိပြီး အိမ်ခြေ ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

သေနတ်ပစ် လေ့ကျင့်သူ ကိုးနှစ်သမီးက နည်းပြကို ပစ်သတ်မိ


RangonNewsDaily:: August . 28 .2014
သေနတ်ပစ်နည်းကို လေ့လာ သင်ကြားနေသူ ကိုးနှစ်သမီးငယ်က သူ၏ နည်းပြကို မတော်တ ဆ သေနတ်နှင့် ပစ်သတ်မိခဲ့မှု တစ်ခု အမေရိကန် နိုင်ငံ၊ အရီဇိုးနား ပြည်နယ် တွင် ဖြစ်ပွားခဲ့သည်။

အင်္ဂလန် လက်ရွေးစင်အသင်းအတွက် အသင်းခေါင်းဆောင် သစ် အဖြစ် ဝိန်းရူနီကို ရွေး


RangonNewsDaily:: August . 28 .2014
အသက် ၂၈ နှစ် အရွယ် ရူနီဟာ လက်ရွေးစင်ကစားသမားဘဝက နားသွားတဲ့ စတီဗင် ဂျရတ်ရဲ့ နေရာကို ယူမှာပါ။ ရူနီကတော့ အခုလို အရွေးခံရတာကို အင်မတန် ဂုဏ်ယူတယ်လို့ ဆိုပါတယ်။