Pages

Wednesday, August 27, 2014

ဟွာဝေးဖုန်းနှင့် တယ်လီနောဆင်းမ်ကတ်တစ်ပါတည်း အတူတွဲဖက်ရောင်းချမည် မေစနိုး ရန်ကုန်

RangonNewsDaily:: August . 27 .2014
လာမည့်စက်တင်ဘာလတွင်ချထားပေးမည့်တယ်လီနောဆင်းမ်ကတ်များနှင့်အတူ
တွဲဖက်၍ဟွာဝေးဖုန်းဟန်းဆက်များကို သင့်တင့်သောဝန်ဆောင်မှု ဈေးနှုန်းများဖြင့် 
ရောင်းချသွားမည်ဖြစ်ကြောင်းတယ်လီနောမြန်မာမှသြဂုတ် ၂၆ ရက်တွင် သိရသည်။

ရန်ကုန်စည်ပင်ကို ဖျက်သိမ်းပစ်ရန် တိုင်းလွှတ်တော်သို့ အရေးကြီးသည့် အဆိုတင် သွင်း

RangonNewsDaily:: August . 27 .2014
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအရ ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ ဥပဒေဘောင်ကိုကျော်လွန်လုပ်ကိုင်နေသောကြောင့် ဖျက်သိမ်းရန်နှင့် အသစ်ပြန်ဖွဲ့ရန်လိုသည်ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းလွှတ်တော်အမတ် ဒေါက်တာညိုညိုသင်းက ရန်ကုန်တိုင်းလွှတ်တော်သို့ အရေးကြီးအဆို တင်သွင်းလိုက်သည်။

အမေရိကန်ဒေါ်လာ ၃၀ ကျော်တန် Mozilla စမတ်ဖုန်း


RangonNewsDaily:: August . 27 .2014
Browser တွေပဲ ဖန်တီးတယ်လို့ လူသိများတဲ့ Mozilla ဟာ Firefox browser တင်မက ဈေးသက်သာ စမတ်ဖုန်းများကိုပါ ထုတ်လုပ်ပါတယ်။ ကြာပါပြီ။ သို့ပေမယ့် အာရှဈေးကွက်ကို ရောက်ရှိလာတာကတော့ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ 

ဖောက်ခွဲရေးပစ္စည်းရှာဖွေသောကိရိယာများ ရန်ကုန်နှင့် မန္တလေးလေဆိပ်တွင် စတင်တပ်ဆင်

RangonNewsDaily:: August . 27 .2014
ဖောက်ခွဲရေးပစ္စည်းများ ရှာဖွေဖော်ထုတ်ရေးကိရိယာများ ရန်ကုန်လေဆိပ်တွင် သုံးခုနှင့် မန္တလေးလေဆိပ်တွင် နှစ်ခုစတင်အသုံးပြုနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

လေဆိပ်များတွင် ခန္ဓာကိုယ်အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ်ထက် ကျော်လွန်ပါက အီဘိုလာ ကူးစက်မှု ရှိမရှိ စစ်မည်

RangonNewsDaily:: August . 27 .2014
နိုင်ငံခြားသား ခရီးသွားများ ဝင်ရောက်မှု အများဆုံးဖြစ်သော ရန်ကုန် အပြည်ပြည်ဆိုင်
ရာ လေဆိပ် အပါအဝင် လေဆိပ်သုံးခုတွင် ခရီးသည်များ၏ ခန္ဓာကိုယ် အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ် ထက်ကျော်လွန်ပါက အီဘိုလာဗိုင်းရပ်စ် ကူးစက်မှု ရှိမရှိ စစ်ဆေး
မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်း ကိုယ်
စား ကူးသန်း ရောင်းဝယ်ရေးနှင့် စီးပွားရေးဝန်ကြီး ဦးသန်းမြင့်က ပြောကြားသည်။

မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားများ ကားမီးရှို့မှုကျူးလွန်

RangonNewsDaily:: August . 27 .2014
မလေးရှားနိုင်ငံ ဂျိုဟိုပြည်နယ်ရှိ မြို့ငယ်တစ်မြို့ဖြစ်သော Keleta Sawit တွင် ယနေ့နံနက်ပိုင်းက မြန်မာအလုပ်သမားများသည် မော်တော် ကားတစ်စီးကို မီးရှို့မှုကျူးလွန်ခဲ့ပြီး ၄င်းတို့အလုပ်လုပ်သောစက်ရုံတွင် ပဋိပက္ခများဖြစ်ပွားခဲ့ကြောင်း New Straits Times သတင်းစာက ဖော်ပြ သည်။

မလေးရှားရှိ စက်ရုံလုပ်သားများ ဆူပူအုံကြွမှုတွင် မြန်မာလုပ်သားများပါဝင်

RangonNewsDaily:: August . 27 .2014
မလေးရှားနိုင်ငံ၊ ကူလိုင်းဂျာရာမြို့ရှိ HDD အီလက်ထရွန်နစ်စက်ရုံတွင် လုပ်ကိုင်နေသော ရွှေ့ပြောင်း မြန်မာလုပ်သားများ အပါအ၀င် အလုပ်သမား ၈၀၀ ကျော်သည် အလုပ်ရှင်၏ ဖိနှိပ်မှု များကြောင့် ဆူပူများဖြစ်ပွားရာ စက်ရုံကို ဖျက်ဆီးကာ ကားတစ်စီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း The Star သတင်းဌာနက ဖော်ပြထား သည်။

ဓမ္မစေတီခေါင်းလောင်း ရှာပုံတော်ခရီး.


RangonNewsDaily:: August . 27 .2014
မွန်ဘုရင် ဓမ္မစေတီမင်း သွန်းလုပ် လှူဒါန်းခဲ့တယ်ဆိုတဲ့ ဓမ္မစေတီခေါင်းလောင်းကို ဆလုံလူမျိုး ရေငုပ်သမား ၁၀ ဦးအပါအဝင် လူအင်အား ၈၀ ခန့်နဲ့ သောင်တူး သင်္ဘောတစ်စီး၊ သုံးထပ်သင်္ဘောတစ်စီးတို့နဲ့ သြဂုတ်လ ၉ ရက်နေ့ကနေ စတင်ပြီးတော့ ရှာပုံတော်ဖွင့်ခဲ့တာ ဒီနေ့မှာတော့ ခေါင်းလောင်းကြီးကို ရှာတွေ့ပြီလို့ ခေါင်းလောင်းဆယ်ယူရေး အဖွဲ့ခေါင်းဆောင် ဦးစံလင်းက ထုတ်ပြန်လိုက်ပါပြီ။

မောင်းနှင်လာသောယာဉ်ပေါ် မြန်မာ့ဆက်သွယ်ရေးဖုန်းတိုင်ကျိုးကျမှုကြောင့် တစ်ဦးဒဏ်ရာရ


RangonNewsDaily:: August . 27 .2014
တာမွေမြို့နယ်တွင် မောင်းနှင်လာသောယာဉ်ပေါ် မြန်မာ့ဆက်သွယ်ရေးမှဖုန်းတိုင် ရုတ်တရက်ကျိုးကျမှုကြောင့် ယာဉ်မောင်းဒဏ်ရာရရှိမှု သြဂုတ် ၂၅ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့သည်။

အိမ်ခန်းငှားရမ်းခ ထိန်းချုပ်ရေး ရန်ကုန်တိုင်းလွှတ်တော်တွင် ဆွေးနွေးမည်

အဆောက်အအုံသစ်များ ဖြစ်ထွန်းလာသည်နှင့်အမျှ လူနေထူထပ်လာသော ရန်ကုန်မြို့လယ်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ −နစ်ကီ)
RangonNewsDaily:: August . 27 .2014
ရန်ကုန်မြို့တွင် မြင့် တက်လာသော အိမ်ခန်းငှားရမ်း ခများကို ထိန်းချုပ်ပေးရေးအ တွက် တိုင်းအစိုးရက ဆောင်ရွက် ပေးရန် သြဂုတ်လ ၂၅ ရက်တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်အစည်းအဝေးတွင် တင်ပြလိုက်ကြောင်း သတင်းရရှိသည်။

ရန်ကုန်ရှိ ရှေးဟောင်းမြို့ပြအမွေအနှစ်များ ထိန်းသိမ်းရေးအဆို ရှုံးနိမ့်

ရန်ကုန်မြို့တော်ခန်းမ အဆောက်အအုံကို မဟာဗန္ဓုလပန်းခြံအတွင်းမှ တွေ့ရစဉ် ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ)
RangonNewsDaily:: August . 27 .2014
ရန်ကုန်မြို့အတွင်းရှိ ရှေးဟောင်းမြို့ပြအမွေအနှစ်များ စနစ်တကျထိန်းသိမ်းရန် တိုင်းဒေသကြီးအစိုးရအား တိုက်တွန်းကြောင်းအဆိုကို တိုင်းဒေသကြီးလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်ခဲ့ကြောင်းသတင်းရရှိသည်။

သူရဦးရွှေမန်းအမေရိကသွားမည်

RangonNewsDaily:: August . 27 .2014
ယခုနှစ် နိုဝင်ဘာလ မကုန်မီ အချိန်အတွင်း ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် အမေရိကန်ပြည် ထောင်စုသို့ သွားရောက်ရန်ရှိ ကြောင်း ပြည်သူ့လွှတ်တော် နိုင်ငံ တကာဆက်ဆံရေးကော်မတီထံ မှသတင်းရရှိသည်။

ဓမ္မစေတီခေါင်းလောင်းတွေ့ပြီဟု ဦးဆောင်ရှာဖွေသူ ဦးစံလင်းကြေညာ၊ နဂါးများမှ ယင်းခေါင်းလောင်းအား ဆီမီးပူဇော်နေသည့်အတွက် သတင်းထုတ် ပြန်ရန် နောက်ကျရခြင်းဟုဆို

RangonNewsDaily:: August . 27 .2014
ရက်ပေါင်းနှစ်ဆယ်ကြာရှာဖွေမှုပြု လုပ်နေသော ဓမ္မစေတီခေါင်းလောင်းကြီး အားတွေ့ရှိပြီဖြစ်ကြောင်း ဦးဆောင်ရှာဖွေ သူ ဦးစံလင်း (မြေပုံစံလင်း) သြဂုတ်လ ၂၆ ရက်က အတိအလင်းထုတ်ဖော်ကြေ ညာခဲ့ပြီး အရိယာဝိဇ္ဇာအပေါင်းတို့ထံခွင့် ပြုချက်တောင်းခံပြီးမှ ယင်းသို့ အတိအလင်း ကြေညာရခြင်းဖြစ်သည်ဟု ဆိုသည်။

မန်ယူဟာ ဒီမာရီယာကို စံချိန်တင် ဈေးနှုန်းနဲ့ ၀ယ်ယူ


RangonNewsDaily:: August . 27 .2014
ရီးယဲလ် မက်ဒရစ်က တောင်ပံကစားသမား အန်ဟယ် ဒီ မာရီယာကို မန်ချက်စတာ ယူနိုက်တက်က ပေါင် ၅၉ ဒဿ မ ၇ သန်းနဲ့ ဝယ်ယူဖို့ သဘောတူလိုက်ပါပြီ။

မိခင်ဗိုက်ထဲ ၃၆နှစ်ကြာ ရှိနေခဲ့တဲ့ သန္ဓေသားအရိုးစု ကို ခွဲစိတ်ဖယ်ရှား


RangonNewsDaily:: August . 27 .2014
အိန္ဒိယအမျိုးသမီးတစ်ဦးရဲ့ဝမ်းဗိုက်ထဲမှာ ၃၆နှစ်ကြာ ရှိနေခဲ့တဲ့ သန္ဓေသားရဲ့ အရိုးစုကို ဆရာဝန်တွေက ဖယ်ထုတ်ခဲ့ရပြီး ဒါဟာ ကမ္ဘာ့သက်တမ်းအရှည်ကြာဆုံး သားအိမ်ပြင်ပသန္ဓေတည်ခြင်းဖြစ်လာနိုင်ကြောင်း ဆရာဝန်တစ်ဦးကပြောပါ
ယ်။

လုပ်ပွဲကစားခဲ့သည့် ဗီယက်နမ်ဘောလုံးသမား ကိုးဦးအား ထောင်ဒဏ်နှင့် ကာလရှည်ပွဲပယ်ပြစ်ဒဏ် ချမှတ်

(လုပ်ပွဲကစားခဲ့သည့် ဗီယက်နမ်ကစားသမားများကို တရားရုံးတွင်တွေ့ရစဉ် (Photo: AFP ))
RangonNewsDaily:: August . 27 .2014
ပြီးခဲ့သည့် မတ်လအတွင်းက ကစားခဲ့သည့် ၂ဝ၁၄ AFC Cup အုပ်စုပွဲစဉ်အဖြစ် မလေးရှားကလပ် ကီလန်တန်အသင်း
ကို (၃-၂)ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် လုပ်ပွဲကစားခဲ့သည့် ဗီယက်နမ်ကလပ် ဗစ်ဆိုင်းနင်ဘင်းအသင်းမှ ဘောလုံးသမား ကိုးဦးအား ထောင်ဒဏ်နှင့် ကာလရှည်ပွဲပယ်ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

ဓမ္မစေတီခေါင်းလောင်းကြီး ရှာတွေ့ပြီ

RangonNewsDaily:: August . 27 .2014
၁၃၇၆ ခုနှစ် တော်သလင်း လဆန်း ၂ ရက်(အင်္ဂါနေ့) တွင် ဓမ္မစေတီခေါင်းလောင်းကြီးကို ရှာဖွေတွေ့ရှိပြီးဖြစ်ကြောင်း ခေါင်းလောင်းဆယ်ယူရေး အဖွဲ့ခေါင်းဆောင် ဦးစံလင်း (ကော့သောင်း) 
မှ တရားဝင် သတင်းထုတ်ပြန်သည်။

ရှေ့ပြေးလူဦးရေစာရင်း သြဂုတ်(၃၀)တွင်ထုတ်ပြန်မည်


RangonNewsDaily:: August . 27 .2014
ပြည်လုံးကျွတ်သန်းခေါင်စာ ရင်းကောက်ယူရရှိခဲ့သော လူဦး ရေစာရင်းကို သြဂုတ်(၃၀)တွင် တရားဝင်ထုတ်ပြန်မည်ဖြစ် ကြောင်းသိရသည်။

“Ice Bucket Challenge” ဦးရဲထွဋ် စိတ်မပါ

နိုင်ငံတကာတွင် ခေတ်စားနေသည့် Ice Bucket Challenge လှုပ်ရှားမှုတွင် ပါဝင်ရန် စိန်ခေါ်ခံရသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ယင်းကို စိတ်မဝင်စားဟု တုံ့ပြန်သည်။ ဓာတ်ပုံ - ဘိုဘို
RangonNewsDaily:: August . 27 .2014
ရေခဲရေပုံးလိုက်ခေါင်းပေါ်သို့ လောင်းချခြင်းဖြင့် ရန်ပုံငွေရှာသည့် ‘‘Ice Bucket Challenge’’တွင် ပါဝင်ရန် စိန်ခေါ်ခြင်းခံထားရသူ သမ္မတ၏ ပြောခွင့်ရပုဂ်္ဂိုလ် ဦးရဲထွဋ်က အဆိုပါလှုပ်ရှားမှုကို စိတ်ဝင်စားခြင်း မရှိဟု မဇ္ဈိမကို ပြောသည်။

အင်တာနက်သုံးစွဲခများ Data (အချက်အလက်)အသုံးပြုသည့်ပမာဏအတိုင်း ပြောင်း လဲကောက်ခံရန် မြန်မာ့ဆက်သွယ်ရေးစီစဉ်

RangonNewsDaily:: August . 27 .2014
မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင်တာ နက်အသုံးပြုခများကို Data (အ ချက်အလက်)အသုံးပြုသည့်ပမာဏ အတိုင်းပြောင်းလဲ ကောက်ခံသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

အီဘိုလာ ဟုတ်၊ မဟုတ်စစ်ဖို့ သွေးနမူနာ အခုထိ မပို့ရသေး


RangonNewsDaily:: August . 27 .2014
ရန်ကုန်လေဆိပ်မှာ အီဘိုလာ ဗိုင်းရပ်စ် သံသယဖြစ်သူနဲ့ အတူပါလာသူတွေကို အထူးကြပ်မတ်မှု နဲ့ ဝေဘာဂီဆေးရုံ ပို့ပြီး ကုသမှုတွေ လုပ်နေရင်း သူတို့သွေးနမူနာကို အီဘိုလာ ဟုတ်၊ မဟုတ် သွေးစစ် ဖို့ နိုင်ငံခြားကို မပို့ရသေးဘူးလို့ သြဂုတ်လ ၂၅ ရက်နေ့ ကျန်းမာရေးဝန်ကြီးဌာနအဆိုရ သိရတယ်။