Pages

Tuesday, July 22, 2014

ဒတ်ခ်ျ မှုခင်း ဆေးအဖွဲ့ အလောင်းတွေ စစ်ဆေးခွင့်ရ


RangonNewsDaily:: July . 22 .2014
မလေးရှား လေယာဉ် MH17 ပေါ်မှာ လိုက်ပါသွားခဲ့သူ ခရီးသည်တွေရဲ့ အလောင်းတွေကို ယူကရိန်း နိုင်ငံ အရှေ့ပိုင်းက ဘူတာရုံတစ်ခုမှာ ဒတ်ခ်ျ မှုခင်းဆိုင်ရာ ဆေးသိပ္ပံ ပညာရှင်တွေက ကြည့်ရှု စစ်ဆေးခွင့် ရခဲ့ပါတယ်။

ရုရှား ဆန့်ကျင်ရေးစိတ်များ မလေးရှားတွင် နက်ရှိုင်းလာနေ


RangonNewsDaily:: July . 22 .2014
မလေးရှားလေကြောင်းလိုင်းမှ ဂျက်လေယာဉ် MH 17 ကို ရုရှားလိုလားသူ လက်နက်ကိုင်သူပုန်များက ပစ်ချခဲ့သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်လာခဲ့ပြီးနောက် ရုရှားနိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့ရန်နှင့် ရုရှားထုတ် ကုန်ပစ္စည်းများကို သပိတ်မှောက်ရန် မလေးရှားပြည်သူ အမြောက်အမြားက ၎င်းတို့၏ အစိုးရနှင့် ကမ္ဘာ့ခေါင်းဆောင်များကို တောင်းဆိုနေကြသည်။

Miss Supranational ခင်ဝင့်ဝါ သရဖူ ရုပ်သိမ်းခံရ


RangonNewsDaily:: July . 22 .2014
Miss Supranational 2013 သရဖူရှင် ခင်ဝင့်ဝါ၏ သရဖူ ပြန်လည်ရုပ်သိမ်းခံလိုက်ကြောင်း သိရသည်။ သို့ဖြစ်၍ Miss Supranational 2014 ဆုရတဲ့သူကို Miss ခင်ဝင့်ဝါအနေနဲ့ သရဖူလွှဲပြောင်းပေးအပ်ခွင့်မရှိတော့ပြီဖြစ်သောကြောင့် ခင်ဝင့်ဝါအား စင်တင်ပေးခဲ့သော Miss Golden Land Myanmar Organization မှ Founder and CEO ကိုဝေယံအောင်ကို တွေ့ဆုံမေးမြန်းခဲ့သည်။

MH17 ကို ပစ်ချခဲ့သည့် ဒုံးကျည်စနစ်ကို ရုရှားဘက် ရွှေ့ပြောင်းနေသည်ဆိုသော ဗီဒီယို အွန်လိုင်းတွင် ပျံ့နှံ့လာ


RangonNewsDaily:: July . 22 .2014
ကြီးမားသော စစ်လက်နက် ပစ္စည်းတစ်ခုကို ထရပ်ကားကြီး တစ်စီးပေါ် တင်ဆောင်ပြီး နေရာရွှေ့ပြောင်းနေသည့် ဗီဒီယိုတစ်ခု အွန်လိုင်းပေါ်တွင် ပျံ့နှံ့လာပြီးနောက် ယင်းသည် MH17 ကို ပစ်ချခဲ့သည့် BUK ဒုံးကျည်စနစ်ဖြစ်ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်လာခဲ့သည်။

Sexy လိုင်းကို ဇာဇာထက် ဘာကြောင့် ရွေးတာလဲ


RangonNewsDaily:: July . 22 .2014
ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းတာတွေကို ငြင်းပယ်လိုက်တာဟာ Sexy (လိင်အသားပေး) ဓာတ်ပုံတွေနဲ့ပဲ အနုပညာ ခရီးလမ်းမှာ Professional ပီပီသသ ဆက်လျှောက်သွားချင်လို့ပါလို့ ဇာဇာထက်က ပြောပါတယ်။ ရုပ်ရှင်လောကထဲကို မသွားဘူးလို့ သူက ပြတ်ပြတ်သားသား ဆိုပါတယ်။

မန္တလေးညမထွက်ရအမိန့် အချိန်ပြောင်းလဲ

RangonNewsDaily:: July . 22 .2014
ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော မန္တလေး ၇ မြို့နယ်ကို ယနေ့ကစပြီး ညမထွက်ရအချိန်ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့ထံကသိရပါတယ်။

ဂါရ၀ပြုသူများ အဆင်ပြေရေးကို ဦးစားပေးခဲ့ခြင်းဖြစ်ပြီး ဘယ်မီဒီယာကိုမှ စော်ကားလိုစိတ်မရှိဟု ဝေဠုကျော်ပြော


RangonNewsDaily:: July . 22 .2014
အာဇာနည်နေ့တွင် အာ ဇာနည်ကုန်း အလေးပြုသောနေ ရာ၌ ကြက်ခြေနီအဖြစ် တာဝန် ထမ်းဆောင်သော ဝေဠုကျော်နှင့် မီဒီယာသမားတစ်ဦးတို့ က တောက်ကဆဖြစ်ခဲ့ပြီး ၎င်းအ နေဖြင့် လာရောက်ဂါရ၀ပြုသူများ အဆင်ပြေစေရေးကိုသာ ဦးစား ပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သရုပ်ဆောင်ဝေဠုကျော်က ပြော သည်။

ထိုင်းနိုင်ငံတွင် မြန်မာမိခင်နှင့် မွေးကင်းစသားငယ်တို့ မီးခိုးမွန်း၍ သေဆုံး

RangonNewsDaily:: July . 22 .2014
ပရာချွပ်စီရီခန်ဒေသ၊ မူအန် ခရိုင်တွင် အိပ်နေကြစဉ် မြန်မာအမျိုး သမီးတစ်ဦးနှင့် သူမ၏ မွေးကင်းစ သားငယ်တို့ သေဆုံးပြီး တခြားသူ သုံးဦးတို့မှာ ပြင်းပြင်းထန်ထန်ဝေဒနာ ခံစားရကြောင်း ထိုအဖြစ်အပျက်မှာ ဇူလိုင် ၂ဝ ရက် နံနက်ပိုင်း၌ဖြစ် ပွားခဲ့ကြောင်း ထိုင်းရတ်သ်အွန်လိုင်း က ဖော်ပြသည်။

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ပရော်ဖက်ဆာမိုဟာမက်ယူနွတ်စ် မြန်မာနိုင်ငံသို့လာရောက်

RangonNewsDaily:: July . 22 .2014
- ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်ပရော်ဖက်ဆာ မိုဟာ မက်ယူနွတ်စ်သည် မြန်မာနိုင်ငံသို့ လာရောက်ကာ မြန်မာနိုင်ငံ၏လူမှု စီးပွားရေးလုပ်ငန်းများ၏အနာဂတ် အလားအလာများဆိုင်ရာနှင့် ပတ် သက်ပြီး ပြည်တွင်းရှိစီးပွားရေး၊ လှုမှု ရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

မန္တလေးပဋိပက္ခဖြစ်ပွားစေခဲ့သည့် အဓမ္မပြုကျင့်မှုကို စသုံးလုံးနှင့် စီအိုင်ဒီတို့ ပူးပေါင်းဖော်ထုတ်ဟုဆို


RangonNewsDaily:: July . 22 .2014
မန္တလေးပဋိပက္ခ ဖြစ်ပွားစေခဲ့သည့် အဓမ္မပြုကျင့်မှုကို စသုံးလုံးနှင့် စီအိုင်ဒီတို့ ပူးပေါင်းဖော်ထုတ်ခဲ့ကြကြောင်း မန္တလေးခရိုင်ဒုတိယရဲမှူးကြီး စိန်ထွန်းက မဇ္ဈိမကို ပြောသည်။

ဗီယက်နမ်ခရီးသွားလေးဦးပုဂံတွင် လုယက်ခံရ


RangonNewsDaily:: July . 22 .2014
ပုဂံရွာဟောင်းကြီးဘုရားအ နီးလှည့်လည်နေသော ဗီယက်နမ် နိုင်ငံသူလေးဦးပစ္စည်းလုယက်ခံရ ကြောင်းသတင်းရရှိသည်။

ဖေ့စ်ဘွတ်ခ်သုံးစွဲမှု လုံခြုံရေးအတွက် မိုဘိုင်းဖုန်းနံပါတ်ဖြင့် SMS ပေးပို့ကာ အကောင့်ပြုလုပ်နိုင်ရန် ပြည်တွင်းတွင် ဆာဗာထားရှိပေးနိုင်ရေး ဖေ့စ်ဘွတ်ခ်ကုမ္ပဏီနှင့် ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားမည်

RangonNewsDaily:: July . 22 .2014
ဖေ့စ်ဘွတ်ခ်သုံးစွဲမှု လုံခြုံမှုရှိစေရန်အတွက် မိုဘိုင်း ဖုန်းနံပါတ်ဖြင့် အကောင့်ပြုလုပ်၍ SMS ပေးပို့သည့်စနစ်ဖြင့် ဖေ့စ်ဘွတ်ခ် အကောင့်ပြုလုပ်နိုင်ရန် ပြည်တွင်းတွင် ဆာဗာထားရှိပေးနိုင်ရေး ဖေ့စ်ဘွတ်ခ် ကုမ္ပဏီနှင့်ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန တို့ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

MH-17 ပစ်ချခံရခြင်း၏ သဲလွန်စ ယူကရိန်း ထောက်လှမ်းရေး ရရှိခဲ့


RangonNewsDaily:: July . 22 .2014
မလေးရှားလေယာဉ် MH-17 အား ပစ်ချခဲ့သည့် တရားခံ၏ သဲလွန်စအား ယူကရိန်းထောက်လှမ်း ရေးက ရုရှားလိုလားသည့် သူပုန်များ၏ တယ်လီဖုန်းကို ကြားဖြတ် နားထောင်ခြင်းမှ ရရှိခဲ့ကြောင်း ယူကရိန်းအရာရှိများက ဆိုသည်။

သရုပ်ဆောင် ၀ါဆိုမိုးဦး ရဲ့ အသက် (၂၀) ပြည့် မွေးနေ့ပွဲ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်


RangonNewsDaily:: July . 22 .2014
ဇူလိုင်လ (၁၉) ရက်နေ့ တွင်မော်ဒယ် နှင့် သရုပ်ဆောင် ၀ါဆိုမိုးဦး ရဲ့ အသက် (၂၀) ပြည့် မွေးနေ့ပွဲ ကို
ရန်ကုန်မြို့ ရန်ကုန်၊ Sedona Hotel မှာ ကျင်းပခဲ့ကြောင်းသတင်းရရှိပါသည်။

ကုလအထူးကိုယ်စားလှယ်ထံသို့ ပြည်နယ်အဆင့် အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေးဌာနက အိတ်ဖွင့်ပေးစာပေး


RangonNewsDaily:: July . 22 .2014
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီလီထံသို့ ပြည်နယ်အဆင့်အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေးဌာန (ECC) က အိတ်ဖွင့်ပေးစာတစ်စောင်ကို ဇူလိုင် ၂၀ ရက်ကပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ကွန်ပျူတာကျောင်းသားများ အလုပ်အကိုင်အခွင့်အလမ်း ဆွေးနွေးနိုင်မည့် Career Fair ပြုလုပ်မည်

ပြည်ပနိုင်ငံတစ်ခုမှ အလုပ်အကိုင်ပြပွဲမြင်ကွင်း
RangonNewsDaily:: July . 22 .2014
ကွန်ပျူတာတက္ကသိုလ်မှ တက်ရောက်ပြီးဆုံးသည့် ကျောင်းသား ကျောင်းသူများ အလုပ်အကိုင်များရှာဖွေရာတွင် သိရှိရမည့် လိုအပ်ချက်များကို ကွန်ပျူတာပညာရှင်များနှင့် လုပ်ငန်းရှင်များ၊ ဆွေးနွေးမေးမြန်းနိုင်မည့် Career Fair တစ်ခုကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

MH-17 လေယာဉ်တွင် မြန်မာသို့လာရောက်လည်ပတ်မည့် မိသားစုတစ်စုလုံးပါသွား


RangonNewsDaily:: July . 22 .2014
ယူကရိန်းနိုင်ငံပိုင်နက်၌ ပစ်ချခံရသော မလေးရှားလေကြောင်းလိုင်းပိုင် MH-17လေယာဉ်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် နယ်သာလန်နိုင်ငံမှ မိသားစုတစ်စုလုံးပါသွားကြောင်း သတင်းရရှိသည်။

မလေးရှားလေကြောင်းလိုင်း MH 17 ပစ်ချခံရပြီး လူ ၂၉၈ ဦး ကြေကွဲဖွယ်သေဆုံးမှုအပေါ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သတင်းထုတ်ပြန်


RangonNewsDaily:: July . 22 .2014
၂ဝ၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများမှ ဇူလိုင် ၁၇ ရက်က မလေးရှားလေကြောင်းလိုင်း MH 17 ပစ်ချခံရပြီး လူ ၂၉၈ ဦး ကြေကွဲဖွယ်သေဆုံးခဲ့မှုအပေါ် သတင်းထုတ်ပြန်ချက်အား ဇူလိုင် ၂ဝ ရက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ထုတ်ပြန်ချက်အရ သိရသည်။