Pages

Tuesday, July 15, 2014

တယ်လီနောမှ စက်တင်ဘာလအတွင်းရောင်းချမည့် မိုဘိုင်းဆင်းမ်ကတ်များကို ယခင်သတ်မှတ်ထားသည့် ကျပ် ၁၅ဝဝ အောက်နိမ့်ကျသည့် ဈေးနှုန်းဖြင့် ရောင်းချမည်ဟုဆို

RangonNewsDaily:: July . 15 .2014
ရန်ကုန်၊ ဇူလိုင် ၁၄- တယ်လီနော(မြန်မာ)မှ စက်တင်ဘာလအ တွင်း စတင်ရောင်းချမည့် မိုဘိုင်း ဆင်းမ်ကတ်များကို ယခင်သတ်မှတ် ထားသည့် ကျပ် ၁၅ဝဝ အောက်နိမ့် သည့် ဈေးနှုန်းဖြင့်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

ခရိုနီ၊ နိုင်ငံရေးသမားမခွဲခြားဘဲ ဖောင်ဒေးရှင်း အလှူငွေလက်ခံမည်ဟု ဦးခင်ညွန့်ဆို

RangonNewsDaily:: July . 15 .2014
ရွှေမှော်ဝန်းဖောင်ဒေးရှင်း အတွက် လှူဒါန်းထောက်ပံ့မည့် အလှူရှင်ဖြစ်လျှင် နိုင်ငံတော် သူ ဌေးကြီးများ၊ ခရိုနီများ၊ နိုင်ငံရေး သမားများဆိုသည့် လူခွဲခြားမှု မရှိဘဲ အလှူလက်ခံရန်အသင့်ရှိ ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဟောင်း ဦးခင်ညွန့်က နဝဒေး အနု ပညာပြခန်း၌ပြုလုပ်သည့် ရွှေမှော် ဝန်းဖောင်ဒေးရှင်းအတွက် လှူဒါန်း ငွေပေးအပ်ပွဲတွင် ပြည်ထောင်စုနေ့ စဉ်သို့ ပြောသည်။

လူရွှင်တော် ဇာဂနာ နိုင်ငံရေးဗေဒင်ဟောမယ်


RangonNewsDaily:: July . 15 .2014
ထိမိတဲ့ ပြက်လုံးတွေနဲ့ အမြင်မတော်တာတွေ ပြည်သူကိုမီးမောင်းထိုးပြတဲ့ ဘာမထီလူရွှင်တော် ဇာဂနာတစ်ယောက်တစ်ယောက် နိုင်ငံရေးဗေဒင် ဟောပါတော့မယ်။ မဟာသန္တိသုခလိုကိစ္စ၊ မန္တလေး အကြမ်းဖက်မှုလို နိုင်ငံရေးအဖြစ်အပျက်တွေကို ဇာဂနာတစ်ယောက် ဘယ်လိုဟောမှာလဲ။

အင်းစိန်မြို့နယ်တွင်ခရီးသည် တင်ယာဉ်တိုက်မိ သောကြောင့် လမ်းဖြတ်ကူးသူ တစ်ဦး သေဆုံး

RangonNewsDaily:: July . 15 .2014
အင်းစိန်မြို့နယ်တွင် ဇူလိုင်လ (၁၄) ရက်နေ့ ခရီးသည် တင်ယာဉ်လိုင်းမှ လမ်းဖြတ်ကူးသူအား ၀င်တိုက်မိရာ ဆေးရုံသို့ ပို့စဉ် သေဆုံးသွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲကမှ သိရသည်။

ရက်သတ္တပတ် အနည်းငယ်အတွင်း Ooredoo ဆင်းမ်ကတ်များ စတင်သုံးစွဲနိုင်တော့မည်

RangonNewsDaily:: July . 15 .2014
Ooredoo Myanmar ဆက်သွယ်ရေးကုမ္ပဏီက မကြာမီရက်သတ္တပတ် အနည်းငယ်အတွင်း ၁၅၀၀ ကျပ်ထပ်မပိုသော ဆင်းမ်ကတ်များကို စတင်ရောင်းချတော့မည်ဖြစ်သည်။

MPT နဲ့ဂျပန် KDDI တရားဝင်လက်မှတ်ထိုးပြီ

RangonNewsDaily:: July . 15 .2014
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT နဲ့ ဂျပန်နိုင်ငံ အခြေစိုက် KDDI ကုမ္ပဏီ တို့ တရားဝင်ပူးပေါင်းမှုအတွက် လက်မှတ်ရေးထိုးတော့မယ်လို့သိရပါတယ်။

ဝန်ကြီးချုပ်အသစ်လက်ထက်စစ်တွေ၌ ညမထွက်ရအမိန့်နှစ်လသက်တမ်းထပ်တိုး


RangonNewsDaily:: July . 15 .2014
ရခိုင်ပြည်နယ်စစ်တွေမြို့တွင် ညမထွက်ရအမိန့်ပုဒ်မ (၁၄၄) ကို နှစ်လထပ်တိုးထုတ်ပြန်ရခြင်းမှာ ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေမှုများဖြစ်ပေါ်လာနိုင် သည်ဟု ယူဆသဖြင့် တိုးမြှင့်လိုက် ရခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရ အဖွဲ့ကပြောသည်။

စက်တင်ဘာတွင် စရောင်းမည့် တယ်လီနောဆင်းကတ် မြို့ကြီးသုံးမြို့ကို ဦးစားပေးမည်


RangonNewsDaily:: July . 15 .2014
။တယ်လီနော မိုဘိုင်းဖုန်း ဆင်းကတ်များ စတင်ရောင်းချမည့် စက်တင်ဘာလတွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့ကြီး သုံးမြို့ကို ဦးစားပေး ဖြန့်ချိ ရောင်းချသွားမည်ဖြစ်ကြောင်း တယ်လီနော မြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr.Furberge က ဇွန်၁၄ ရက်က မဇ္ဈိမကို ပြောသည်။

အားပြင်းမုန်တိုင်း ဖိလစ်ပိုင်သို့ ဝင်ရောက်လာ၍ နေအိမ်စွန့်ခွာရသူ ထောင်နှင့်ချီရှိ


RangonNewsDaily:: July . 15 .2014
အင်အားပြင်းမုန်တိုင်းတစ်ခု ဖိလစ်ပိုင်သို့ ဝင်ရောက်လာသောကြောင့် ထောင်နှင့်ချီသော ပြည်သူများသည် နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြသည်ဟု ဇူလိုင် ၁၅ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဂါဇာမှာ တိုက်ခိုက်မှုတွေ ပြန်လည် စတင်နေ


RangonNewsDaily:: July . 15 .2014
အပစ်အခတ် ရပ်စဲရေးတွေ စတင်ဖို့ ကြိုးပမ်း နေချိန်မှာပဲ ဂါဇာမှာ ရှိတဲ့ ပါလက်စတိုင်း ဟားမတ်စ် အုပ်စုအပေါ် တိုက်ခိုက်မှုတွေ ပြန်စနေပြီလို့ အစ္စရေး စစ်ဘက်က ပြောပါတယ်။

မွန်းတည့်နေဂျာနယ် အယ်ဒီတာ ၅ ဦးကို တရားစွဲဆို


RangonNewsDaily:: July . 15 .2014
အပတ်စဉ်ထုတ် မွန်းတည့်နေဂျာနယ်က အယ်ဒီတာအဖွဲ့ဝင် ၅ ဦးကို အများပြည်သူကို အထိတ်တလန့်ဖြစ်စေမှု၊ နိုင်ငံတော်လုံခြုံရေးနဲ့ ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေရန် ကြံရွယ်မှုတွေနဲ့ အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅ (ဃ)/(ည) တို့နဲ့ ရဲသတင်းအထူးတပ်ဖွဲ့က တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် ပထမဆုံး မြန်မာခရီးစဉ် စတင်မည်


RangonNewsDaily:: July . 15 .2014
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့ အခွင့်အရေးအထူးကိုယ်စားလှယ်သစ်ဖြစ်သူ မစ္စ ယန်ဟီလီ (Yanghee Lee) က သူရဲ့ပထမဆုံးခရီးစဉ်အဖြစ် လာမယ့် ဇူလိုင်လ ၁၇ ရက်နေ့ ကနေ ၂၆ ရက်နေ့  ထိ မြန်မာနိုင်ငံကို လာရောက်ပြီး လူ့ အခွင့်အရေးအခြေအနေတွေ စုံစမ်းလေ့လာ မယ်လို့ ဂျနီဗာမြို့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်ရုံးက ထုတ်ပြန်လိုက်ပါတယ်။

အောင်ပွဲရ ဘောလုံးအသင်းကို ဂျာမနီ ကြိုဆို


KOLATT(PBDN): July . 15 .2014
ဂျာမနီနိုင်ငံ မြို့တော် ဘာလင်မှာ ဘရာဇီး ကမ္ဘာ့ဖလား အောင်ပွဲရ ဂျာမနီ အသင်းကို ထောင်သောင်းချီတဲ့ လူထုပရိသတ်က ဂုဏ်ပြု ကြိုဆိုခဲ့ကြပါတယ်။

ဂါဇာအား အစ္စရေးက ကျူးကျော် တိုက်ခိုက်မှု ၇ ရက်မြောက်လာ၊ သေဆုံးသူ ၁၇၀ ကျော်


RangonNewsDaily:: July . 15 .2014
ဂါဇာအား အစ္စရေးက ယနေ့တွင်လည်း တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေပြီး သေဆုံးသူမှာ ၁၇၂ ဦးရှိလာပြီဖြစ်သည်။

ဘယ်လ်ဂျီယံ မွတ်စလင် အမျိုးသမီးတစ်ဦး လူ ၁၀၀၀ ကျော်အား အစ္စလာမ်ဘက်သို့ ဖိတ်ခေါ်နိုင်ခဲ့


RangonNewsDaily:: July . 15 .2014
ငယ်ရွယ်စဉ်အချိန်ကတည်းက အစ္စလာမ်သာသနာသို့ ပြောင်းလဲသက်ဝင်ခဲ့သည့် ဘယ်လ်ဂျီယံ မွတ်စလင်အမျိုးအသမီးတစ်ဦးမှာ ၎င်း၏ အိမ်အား အစ္စလာမ့်စင်တာအဖြစ် အသွင်ပြောင်း၍ လူပေါင်း တစ်ထောင်ကျော်ကို အစ္စလာမ့်အေးရိပ်ဆာယာအောက်သို့ ဖိတ်ခေါ်နိုင်ခဲ့သည်ဟု သိရသည်။

ကမ္ဘာ့ဖလား ရခဲ့ခြင်းမှာ အိပ်မက်များ အမှန်တစ်ကယ် ဖြစ်လာခြင်းဟု အနိုင်ဂိုးရှင် ဂေါ့ဇီဆို


RangonNewsDaily:: July . 15 .2014
အချိန်ပိုတွင် တစ်လုံးတည်းသောအနိုင်ဂိုးသွင်းကာ ဂျာမနီအသင်းအား ကမ္ဘာ့ဖလားရရှိစေရန် ကူညီပေးနိုင်ခဲ့ခြင်းမှာ မိမိ၏ အိပ်မက် အမှန်တကယ်ဖြစ်လာခဲ့ခြင်းဟု ဂျာမနီ လူငယ်တိုက်စစ်မှူး ဂေါ့ဇီက ပြောကြားလိုက်သည်။

မက်ဆီမှာ ရွှေဘောလုံးဆုနှင့် မထိုက်တန်ဟု မာရာဒိုနာဆို


RangonNewsDaily:: July . 15 .2014
ပူပူနွေးနွေး ကျင်းပပြီးစီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရွှေဘောလုံးဆုရခဲ့သည့်မက်ဆီမှာ ထိုဆုနှင့် မထိုက်တန်ဟု အာဂျင်တီးနား ဂန္တ၀င်ကစားသမားဟောင်း မာရာဒိုနာက ပြောကြားလိုက်သည်။

ဇူလိုင် ၁၂-ရက်ညနေပိုင်းက အမြောက်တန်းကြီးတွင် ဖမ်းဆီးခံရသူ၏ ဖခင်နှင့် ဆက်သွယ်မေးမြန်းချက်

RangonNewsDaily:: July . 15 .2014
ဇူလိုင် ၁၂-ရက် ညနေပိုင်းက ၃၄-လမ်း၊ ၇၄-၇၅ လမ်းကြား မောရဂီဝါရပ် ဖလံဘိုဝင်း(အမြောက်တန်းကြီး)အတွင်းနေထိုင်သည့် လူငယ်များကို အကြောင်းပြချက် မပေးဘဲ ဖမ်းဆီးခေါ်ဆောင်သွားမှုအပေါ် ဖမ်းဆီးခံခဲ့ရသူ တစ်ဦး၏ ဖခင်ဖြစ်သူနဲ့ ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါတယ်။