Pages

Friday, July 11, 2014

တင်းနစ်လောကရဲ့ လင်းလက်လာတဲ့ကြယ်တစ်ပွင့်


RangonNewsDaily:: July . 11 .2014
ကနေဒါနိုင်ငံက ဆယ်ကျော်သက်အရွယ် တင်းနစ်အားကစားမယ် ယူဂျင်းဘိုချက်ဟာ တင်းနစ်လောကမှာ လူသိများလာတဲ့ အား
ကစားမယ် ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဝင်ဘယ်ဒန်ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်လှမ်းလာခဲ့ပြီးနောက် တင်းနစ်လော
ကမှာ လူသိများခဲ့တာ ဖြစ်ပါတယ်။

Facebook တွင် follower အများဆုံး ကိုရီးယားမင်းသမီးတစ်ဦးဖြစ်လာခဲ့သည့် ကူဟေးဆန်း


RangonNewsDaily:: July . 11 .2014
တောင်ကိုရီးယားကြယ်ပွင့် ကူဟေးဆန်းသည် ကမ္ဘာသုံးလူမှုကွန်ရက် စာမျက်နှာတစ်ခုဖြစ်သည့် facebook တွင် အခြားသော
ကိုရီးယားမင်းသား၊ မင်းသမီးများထက် follower အများဆုံး ကိုရီးယားမင်းသမီးတစ်ဦး ဖြစ်လာခဲ့သည်။

လျှပ်စစ်ဝါယာလျှော့ကြောင့် သိမ်တော်မီးလောင်


RangonNewsDaily:: July . 11 .2014
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း လျှပ်စစ်မီး ဝါယာလျှော့ဖြစ်ရာမှ သိမ်တော် မီးလောင်ပြာ ကျကာ ရှေးဟောင်းဆင်းတုတော် နှင့် တကွ အခြားဆုံးရှုံးမှုများ ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

နိုင်ငံတော်သမ္မတ နှင့် ဂီတ၊ ရုပ်ရှင်၊ သဘင် ဇူလိုင် ၁၂ တွင် ပထမဆုံးတွေ့မည်

RangonNewsDaily:: July . 11 .2014
ဂီတ၊ ရုပ်ရှင်၊ သဘင် အနုပညာ အဖွဲ့အစည်းသုံးခုကို နိုင်ငံတော် သမ္မတ က ပထမဆုံး အကြိမ် ဇူလိုင် ၁၂ ရက် တွင် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။ထိုတွေ့ဆုံမှု အတွက် သက်ဆိုင်ရာ အဖွဲ့အစည်း များက မိမိတို့၏ လောက နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေး တင်ပြခွင့်၊ အပြန်အလှန် ဆွေးနွေးခွင့်ကို စိတ်ဝင်စားကာ ပြင်ဆင်မှုများလည်း ပြုလုပ်နေကြောင်း သိရသည်။

တရုတ်ဘက်မှ နယ်နိမိတ်မှတ်တိုင်များစိုက်ထူနေခြင်းကြောင့် မြန်မာပိုင်မြေများ တရုတ်နိုင်ငံအတွင်း ကျရောက်ဖွယ်ရှိ

RangonNewsDaily:: July . 11 .2014
မြန်မာ-တရုတ်နယ်စပ်မှ နမ့်ခမ်း မြို့ရှိ ကျေးရွာနှစ်ရွာတွင် တရုတ်နိုင်ငံနယ် နိမိတ် မှတ်တိုင်များ လာရောက်စိုက်ထူခြင်း ကြောင့် မြန်မာနိုင်ငံနယ်နိမိတ်များ တရုတ် နိုင်ငံအတွင်း ကျရောက်သွားနိုင်ဖွယ်ရှိနေ ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဒေါ်နန်းထွေးမှုန်ကဆိုသည်။

အနုပညာရှင်တွေနဲ့ သမ္မတတွေ့တာထက် လေးပွင့်ဆိုင်တွေ့ဖို့က ပိုအရေးကြီးတယ်လို့ အနဂ္ဂ ဆို


RangonNewsDaily:: July . 11 .2014
“အနုပညာရှင်တွေက သမ္မတနဲ့တွေ့လို့ ဘာထူးမလဲ သမ္မတကို ကိုယ်ပြောစရာရှိတာက ဥပမာဆိုရင် ပြည်တွင်းစစ်ကို သမ္မတ အနေနဲ့ဘယ်လိုလုပ်ပေးမလဲ ဒါတွေကလဲကျွန်တော်တို့က မေးရမယ်။ လေးပွင့်ဆိုင်အစည်းအဝေးကို အရေးကြီးနေတဲ့ဟာ
ကိုအနုပညာရှင်တွေနဲ့ တွေ့တာထက် လေးပွင့်ဆိုင် မျက်ချင်းဆိုင်တွေ့ဖို့ကပိုအရေးကြီးနေတာ ဒါမျိုးတွေက အရင်တွေ့ဖို့ လိုအပ်နေတာလေ။” ဟု အဆိုတော် အနဂ္ဂက ပြောသည်။

ပီနန်း ဘာတာဝပ်တွင် မြန်မာနိုင်ငံသားတဦး အသတ်ခံထားရတဲ့ အလောင်း တွေ့ရှိ


RangonNewsDaily:: July . 11 .2014
ဘာတာဝပ် Perai တွင် မြန်မာ နိုင်ငံသား တဦး အသတ်ခံရတဲ့ အလောင်း တွေ့ရှိခဲ့ပြီ သေဆုံးသူ၏ နေထိုင် ရာ နေအိမ် အနောက်ဘက်တွင် အသတ်ခံ ရသည်ဟု ဇူလိုင် ၈ ရက်နေ့က ဘားနားမား သတင်းစာ မျက်နှာတွင် ရေးသား ဖော်ပြထားသည်။
အသတ်ခံရသူ အောင်ခင်မှာ အသက် ၄၆ နှစ်အရွယ်ရှိပြီ သူရဲ့ နောက်ကျောတွင် ချွန်းထက်အရာ တခုနဲ့ ထိုးနှက်ခံရပြီ ညာဘက်လက်တွင် လက်ကောက်ဝတ်အထိ ခုတ်ထစ် ခံထားရသည်။

ဘရာဇီးနိုင်ငံတွင် ဆမ်ဆောင်းစက်ရုံ ဓားပြတိုက်ခံရ

RangonNewsDaily:: July . 11 .2014
ဘရာဇီးနိုင်ငံရှိ ဆမ်ဆောင်းစက်ရုံမှ လျှပ်စစ်ပစ္စည်းများ ဒေါ်လာ(၆)သန်းဖိုးခန့်ဓားပြတိုက်ခံခဲ့ရသည်။ ဓားပြအဖွဲ့တွင် လူပေါင်း
(၂၀)ပါဝင်ပြီး ဆော်ပေါ်လိုရှိတောင်ကိုရီးယားအခြေစိုက် ဆမ်ဆောင်းစက်ရုံကို ဇူလိုင်လ(၇)ရက်နေ့ အရုဏ်မတက်ခင်အချိန်တွင် ဓားပြတိုက်ခဲ့သည်။ အခင်းဖြစ်ပွားချိန်တွင် အလုပ်သမား(၁၀၀)ခန့်က စက်ရုံထဲတွင် အလုပ်လုပ်နေကြသည်။

ရန်ကုန်မှာ လျှပ်စစ်မီးဖြတ်တောက်ဖို့ ကြေညာ

RangonNewsDaily:: July . 11 .2014
ရန်ကုန်တိုင်းဒေသကြီးက မြို့နယ် ၃၀လောက်မှာ လာမယ့် ဇူလိုင်လ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေမှာ အလှည့်ကျစနစ်နဲ့ လျှပ်စစ်မီးဖြတ်တောက်မှာဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က ဒီကနေ့ထုတ် အစိုးရသတင်းစာတွေမှာ ကြေညာလိုက်ပါတယ်။

ပဋိပက္ခထပ်မံမဖြစ်ပွားရန် ကာကွယ်မည်ဖြစ်သကဲ့သို့ ပါဝင်သူများကို ပြစ်ဒဏ်ချမည်ဟု မန်းဝန်ကြီးချုပ်ဆို

RangonNewsDaily:: July . 11 .2014
မန္တလးမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်ပြီးနောက် တိုင်းအတွင်း၌ တရားဥပဒေ
စိုးမိုးရေးလုပ်ငန်းများကို ရှေ့ဆက်ပြီး ပိုမိုပီပြင်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလးတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးရဲမြင့်က ယနေ့ကျင်းပသည့် ပထမအကြိမ် မန္တလေးတိုင်းလွှတ်တော် အထူးအစည်းအဝေးတွင် ပြောကြားသည်။

Bangerz သီချင်းပရိုဂျူဆာ Mike Will Make-It နဲ့ တွဲနေပြီဖြစ်တဲ့ Miley Cyrus


RangonNewsDaily:: July . 11 .2014
ပရိသတ်တွေရဲ့ အာရုံကို တစ်မျိုးမဟုတ် တစ်မျိုးဖမ်းစားထားနိုင်ခဲ့တဲ့ Miley Cyrus ကတော့ သူမရဲ့ မြူးဇစ်ပရိုဂျူဆာ Mike Will Make-It နဲ့ တွဲခုတ်နေတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်တွဲခဲ့တာ ခုမှမဟုတ်ပဲ သူမရဲ့ ပထမချစ်သူ Liam Hemsworth နဲ့ ပြတ်ပြီးချိန် လွန်ခဲ့တဲ့ ကိုးလလောက်ကတည်းကလို့ သိရပါတယ်။

ကယားပြည်နယ်ကို ကရင်နီပြည်နယ်အဖြစ် ပြောင်းလဲရန်ဆောင်ရွက်မည်

RangonNewsDaily:: July . 11 .2014
တိုင်းရင်းသားအားလုံး၏ညီ ညွတ်ခြင်းကို ဖော်ဆောင်နိုင်သည့် ယခု ကယားပြည်နယ်အခေါ်အဝေါ်မှ ကရင်နီပြည်နယ် အခေါ်အဝေါ်သို့ ပြောင်းလဲရန်အတွက် တိုင်းပြည်၏လက်ရှိဖော်ဆောင်နေသည့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲများ ပြီးဆုံးချိန်မှသာ လုပ်ဆောင်သွားရန်ရှိကြောင်း သိရ သည်။

ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက်လေးဦးကို ထောင် ၁၀ နှစ်ချမှတ်


RangonNewsDaily:: July . 11 .2014
နိုင်ငံတော် လျှို့ဝှက်ဥပဒေနဲ့ ဖမ်းဆီး တရားစွဲဆိုခံထားရတဲ့ ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက်လေးဦးကို ပခုက္ကူမြို့နယ် တရားရုံးက ထောင်ဒဏ် ၁၀ နှစ်စီချမှတ်လိုက်သည်။

ကမ္ဘာ့ဖလားတွင် လူသိများလာရာမှ မော်ဒယ်လ်ဖြစ်လာသည့် ဘယ်လ်ဂျီယံ ဘောလုံးပရိသတ် မိန်းကလေး


RangonNewsDaily:: July . 11 .2014
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ရုပ်မြင်သံကြား ထုတ်လွှင့်ပြသမှုများအတွင်း လူအများ သတိပြုမိလောက်အောင် ထင်ရှားခဲ့သည့် ဘယ်လ်ဂျီယံ ဆယ်ကျော်သက် မိန်းကလေး ပရိသတ် တစ်ဦးကို L’Oreal က မော်ဒယ်လ်အဖြစ် စာချုပ်ရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

ခွပ်ဒေါင်းအလံကို ပါမောက္ခချုပ်ကိုယ်တိုင်မပေးအပ်လျှင် ပြင်းထန်သည့်ဆန္ဒပြပွဲများ ဒဂုံတ.က.သအဖွဲ့ ထပ်မံလုပ်ဆောင်သွားမည်


RangonNewsDaily:: July . 11 .2014
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ၏ခွပ်ဒေါင်းအလံနှင့် ဗီနိုင်း အားကျောင်းအာဏာပိုင်များက ဇူလိုင်၉ရက်နေ့ညပိုင်းက
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအားအသိပေးအကြောင်းကြားခြင်းမရှိဘဲ တိတ်တဆိတ်ဖြုတ်ချသိမ်းဆည်းခဲ့မှုကြောင့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအသင်းမှာ ဇူလိုင်၁၀ရက်နေ့ နေ့လည်၂နာရီတွင် ဆန္ဒပြခဲ့ကြပြီး ပါမောက္ခချုပ်အနေဖြင့်ခွပ်ဒေါင်းအလံအားကိုယ်တိုင် မပေးအပ်လျှင် ပိုမိုပြင်းထန်သည့်ဆန္ဒပြပွဲများ ထပ်မံပြုလုပ်သွားမည်ဟုဒဂုံတ.ကသအဖွဲ့မှသိရသည်။

ကမ္ဘာ့ဖလားအောင်မြင်မှုက အခက်အခဲများရှိနိုင်သည့် အာဂျင်တီးနားနိုင်ငံကို ကူညီလိမ့်မည်ဟု မီဒီယာများဆို

(ဗိုလ်လုပွဲတက်ရောက်ခဲ့ပြီးနောက်ဗြူနို့စ်အေရီမြို့တွင် အာဂျင်တီးနား ပရိတ်သတ်များ အောင်ပွဲခံနေစဉ်(Photo: AFP))
RangonNewsDaily:: July . 11 .2014
အာဂျင်တီးနားနိုင်ငံ၏ မီဒီယာများက ကမ္ဘာ့ဖလားအောင်မြင်မှုကသာ မိမိတို့နိုင်ငံကြုံတွေ့နေရသည့် နိုင်ငံရေး၊ စီးပွားရေးအကြပ်အတည်းများကြောင့် ကျဆင်းနေသည့် စိတ်ဓာတ်များကို ပြန်လည်မြှင့်တင်ပေးနိုင်လိမ့်မည်ဟု ယူဆနေကြသည်။