Pages

Thursday, July 10, 2014

ဘရာဇီး ပရိသတ်ရဲ့ဒေါသအိုး ပေါက်ကွဲမှု


RangonNewsDaily:: July . 10 .2014
ဇူလိုင်လ ၉ ရက်နေ့က အိမ်ရှင် ဘရာဇီး နဲ့ ဂျာမနီ အသင်းတို့ ကစားခဲ့ကြရာမှာ ပထမပိုင်းပွဲစဉ်အချိန်မှာ ဂျာမဏီက ဘရာဇီးကို ၅ ဂိုးအပြတ်ရနေခဲ့ပါတယ်။ အိမ်ရှင် ဘရာဇီးကိုအားပေးခဲ့တာကလည်း ကွင်းလုံး 
ပြည့်နီးပါးမျှပါပဲ။

ကမ္ဘာကျော် ကိုရီးယား ဂီတ အဖွဲ့ 2NE1 မြန်မာပြည်တွင် ဖျော်ဖြေမည်


RangonNewsDaily:: July . 10 .2014
တောင်ကိုရီးယား နိုင်ငံ၏ နာမည်ကြီး K.Pop Girl Band အဖွဲ့ ဖြစ်သည့် 2NE1 အဖွဲ့သည် လာ မည့် သြဂုတ်လတွင် မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် လာ ရောက် ဖျော် ဖြေမည် ဖြစ်ကြောင်း သိရသည်။ သြဂုတ်လ ၂ ရက်နေ့တွင် သုဝဏ္ဏ အားကစားရုံ-၁၌ ဖျော်ဖြေပွဲ ကျင်းပ သွားရန် စီစဉ်ထားသော် လည်း ဖျော်ဖြေမည့် ရက် အပြောင်းအလဲ ရှိနိုင်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားဒီမိုကရေစီအင်အားစုများအား ကြားဖြတ်အစိုးရအဖြစ် ပြည်သူမှ တင်မြှောက်ကြောင်း ဆန္ဒပြခဲ့ သူ M.D.C.F ရန်ကုန်တိုင်းတာဝန်ခံ ကိုနောင်နောင်အား သက်ဆိုင်ရာမှ ဖမ်းဆီး

RangonNewsDaily:: July . 10 .2014
ဒေါ်အောင်ဆန်း စုကြည်နှင့် တိုင်းရင်းသားဒီမိုကရေစီ အင်အား စုများကို ကြားဖြတ်အစိုးရ အဖြစ် ပြည်သူမှ တင်မြှောက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့် ဒီမိုကရေစီ စဉ် ဆက်မပြတ်လှုပ်ရှားမှုအင်အားစု (M.D.C.F) မှ ရန်ကုန်တိုင်း တာဝန်ခံ ကိုနောင်နောင်အား ရဲတပ်ဖွဲ့မှ ဇူလိုင် ၈ရက်က ဖမ်းဆီး လိုက်ပြီဖြစ်ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ အတည်ပြု ပြောကြားလိုက်သည်။

ကံဦးကျောင်းတိုက်ဆရာတော်ကို သံဃနာယက နှင်ထုတ်သဖြင့် ဒေသခံပြည်သူများဆန္ဒပြမည်

RangonNewsDaily:: July . 10 .2014
ဒလမြို့ ကံဦးကျောင်း တိုက်ဆရာတော်ကို ရန်ကုန်တိုင်း သံဃနာယကအဖွဲ့က ကျောင်းမှနှင်ထုတ်မှုကြောင့် ရပ်ကွက်နေ ပြည်သူ ၂၀၀ ခန့်က ဆရာတော် ထွက်မသွားရန် ကျောင်းကို ပိတ်ဆို့ထားပြီး ဇူလိုင် ၉ ရက်တွင် အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ ဒလမြို့ ပြည် သူများက တိုင်းသံဃနာယက အဖွဲ့ကို ကန့်ကွက်ဆန္ဒပြသွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

စောထွန်းထွန်းအား ပေါက်ကွဲအက်(၃)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချလူသတ်မှုပုဒ်မဖြင့် ဆက်လက်တရားစွဲဆိုထား


RangonNewsDaily:: July . 10 .2014
၂၀၁၃ ခုနှစ်၊ အောက် တိုဘာ ၁၁ ရက်က တောင်ငူမြို့ တွင်ဖြစ်ပွားခဲ့သော ချမ်းမြေ့ တည်းခိုခန်း ဗုံးပေါက်ကွဲမှု၌ အဓိက ပါဝင်ပတ်သက်ခဲ့သူ တရားခံစောထွန်းထွန်းအား ဇူလိုင် ၄ ရက်တွင် တောင်ငူခရိုင် တရားရုံးက၁၉၈၀ ခုနှစ် ပေါက်ကွဲစေတတ် သော ၀တ္တုပစ္စည်းများ အက်ဥပဒေ(၃)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀နှစ်တိတိ အမိန့်ချမှတ် လိုက်ကြောင်း သတင်းရရှိသည်။

Google ၏ Project Tango စမတ်ဖုန်းများ အာကာသတွင် နာဆာ၏ စက်ရုပ်များနှင့် ပူးပေါင်း အလုပ်လုပ်မည်


RangonNewsDaily:: July . 10 .2014
Google ၏ Project Tango စီမံကိန်းမှ စမတ်ဖုန်းများသည် နာဆာ၏ SPHERES ဟု ခေါ်သည့် ဘောလီဘောအရွယ် စက်ရုပ်များနှင့် ပူးပေါင်း အလုပ်လုပ်မည်ဟု ယခင်က ကြေညာခဲ့ဖူးပါသည်။ အဆိုပါ စက်ရုပ်များသည် နိုင်ငံတကာ အာကာသစခန်းတွင် သွားလာနေကြမည်ဖြစ်ပြီး အာကာသယာဉ်မှူးများကို ကူညီမည်ဖြစ်သည်။ ယခုအခါ ပူးပေါင်းမှုကို စတင်တော့မည်ဟု သိရပါသည်။

မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အသက်ကိုးနှစ်အရွယ် ကလေးနှင့်မိခင်တို့အား လည်လှီးသတ်ခဲ့သူမှာ ရှစ်လကျော်ကြာ ထွက်ပြေးလွတ်မြောက်နေဆဲ

RangonNewsDaily:: July . 10 .2014
၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် မင်္ဂလာဒုံမြို့နယ် ဘောဂရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် အသက်ကိုးနှစ် အရွယ်ကလေးနှင့် မိခင်ဖြစ်သူတို့အား လည်လှီးသတ်ခဲ့သည့် ကျူးလွန်သူမှာ ရှစ်လကျော်ကြာအောင် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း မင်္ဂလာဒုံမြို့မရဲစခန်းမှ စုံစမ်းသိရသည်။