Pages

Monday, July 7, 2014

မြန်မာဒိုင်လူကြီးများ ဘက်လိုက်ကြောင်း ထိုင်းလက်ဝှေ့ ခေါင်းဆောင် စွပ်စွဲ


RangonNewsDaily:: July . 7 .2014
One on One Big Fight ဟု အမည်ပေးထားသော မြန်မာ−ထိုင်း မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ရန်ကုန်မြို့ သိမ်ဖြူအားကစားရုံတွင် ဇူလိုင် ၆ ရက် ညနေက ကျင်းပခဲ့ရာ ပြိုင်ပွဲ၏ အဓိကပွဲစဉ်ဖြစ်သည့် ထွန်းထွန်းမင်းနှင့် ဝိရာပိုလ်တို့ ယှဉ်ပြိုင်ရာ၌ ထွန်းထွန်းမင်း၏ ဒူးတိုက်ချက်ကြောင့် ဝိရာပိုလ် လဲကျသွားစဉ်။ ထိုစိန်ခေါ်ပွဲများကို ရုပ်သံများမှ ထုတ်လွှင့်ပြသခဲ့ရာ ပရိသတ်စိတ်ဝင်စားမှုများပြားခဲ့သည်။

ကောလာဟလဖြေရှင်းရေးဌာန မန္တလေး၌ ဖွင့်မည်

RangonNewsDaily:: July . 7 .2014
ကောလာဟလသတင်းများ ချေဖျက်ရန်၊ သတင်းအမှန်ထုတ်ပြန်ရန် သံသယများ၊ အထင်အမြင်လွဲမှုများကို ဖြေရှင်းရန် ရည်ရွယ်၍ ဘုရားကြီးအလယ်တိုက်ရှိ ဦးခေမာကျောင်းတိုက်တွင် ကော်မတီရုံးခန်း ဖွင့်လှစ်သွားမည်ဟု ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။

ညမထွက်ရအမိန့်ထုတ်ပြန်ထားသော်လည်း မန္တလေးတွင် စိုးရိမ်ကြောင့်ကျမှုကြောင့် ထိတ်လန့်နေကြရ

RangonNewsDaily:: July . 7 .2014
မန္တလေး၊ ဇူလိုင် ၅- ဇူလိုင် ၁ ရက်တွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေးအသွင်ဆောင် ဖြစ် ရပ်ကြောင့် ဇူလိုင် ၂ ရက် ညနေပိုင်းမှာ မန္တလေးမြို့တွင် တည်ငြိမ်မှု ဆက်လက်ပျက် ပြားခဲ့ရာ ဇူလိုင် ၃ ရက် နံနက်လင်းအား ကြီးအချိန်တွင် လူနှစ်ဦး သေဆုံးသည်အထိ ဖြစ်ပွားခဲ့ရာ အဆိုပါနေ့မှစတင်၍ မန္တလေး ခုနစ်မြို့နယ်တွင် ပုဒ်မ-၁၄၄ ညမထွက်ရ အမိန့် ထုတ်ပြန်ခဲ့သော်လည်း မန္တလေးမြို့ အခြေအနေမှာ ဇူလိုင် ၅ ရက်အထိ ကော လာဟလအသံများ၊ တစ်ဆင့်စကား တစ်ဆင့် နားအသံများဖြင့် စိုးရိမ်ကြောင့်ကျ ထိတ် လန့်နေရသည့်နေရာများ ရှိနေသေးကြောင်း မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ်တွင် နေ ထိုင်သူတစ်ဦးက ပြောသည်။

မန်းပဋိပက္ခမငြိမ်သက်မှုများနှင့် ပတ်သက်၍ ၁၆ ဦးကို ထိန်းသိမ်းထား


RangonNewsDaily:: July . 7 .2014
မန္တလေးမြို့တွင်ဖြစ်ပွားခဲ့သည့် မငြိမ်သက်မှုများနှင့် ပတ် သက်၍ လူ၁၆ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ညမထွက်ရ အမိန့်မလိုက်နာသူ ၃၄၆ ဦးကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူထားကြောင်းဇူလိုင် ၆ ရက်တွင် အစိုးရကထုတ်ပြန်ကြေညာသည်။

မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုများ ရပ်ကြရန် ဗုဒ္ဓဘာသာဝင်များအား ဘုန်းတော်ကြီး ဒလိုင်းလားမား ပန်ကြား

RangonNewsDaily:: July . 7 .2014
မြန်မာနိုင်ငံနှင့် သီရိလင်္ကာမှ ဗုဒ္ဓဘာသာဝင်များ အနေဖြင့် မူစလင်များအပေါ် ဆန့်ကျင်အကြမ်းဖက်မှုများ ရပ်တန့်ကြရန် ဘုန်းတော်ကြီး ဒလိုင်းလားမားက ဇူလိုင် ၆ရက်က ထပ်မံ မေတ္တာရပ်ခံခဲ့သည်။ သူ၏ အသက် ၇၉ နှစ်ပြည့် မွေးနေ့ အခမ်းအနား၌ သောင်းနှင့်ချီသော ပရိသတ်အား ပြောကြားခဲ့သည့် သြဝါဒ စကားထဲတွင်ထည့်သွင်းပန်ကြားခဲ့ခြင်း ဖြစ်သည်။

၅၂ နှစ်မြောက် 7 ဇူလိုင် ကျောင်းသားအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနား


RangonNewsDaily:: July . 7 .2014
၅၂ နှစ်မြောက် 7 ဇူလိုင် ကျောင်းသားအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ကျောင်း
သားသမဂ္ဂ အဆောက်အဦးဟောင်းအနီးတွင် ဇူလိုင်လ ၇ရက်က ကျောင်းသားကျောင်းသူများနှင့် ပြည်သူလူထု
များက ကျင်းပခဲ့ကြသည်။ 

မဟာသန္တိသုခကျောင်းတိုက်အမှု တရားလိုဖြစ်သူကို မေးမြန်းဆဲဖြစ်ပြီး ဇူလိုင် ၁၈ တွင် ထပ်မံရုံးထုတ်မည်


RangonNewsDaily:: July . 7 .2014
မဟာသန္တိသုခကျောင်း တိုက်အမှု တတိယအကြိမ် တရားရုံးချိန်း တွင် တရားလိုဖြစ်သူ ရန်ကုန်တိုင်းသာသ နာရေးဦးစီးမှူး ဦးစိန်မော်ကို ဆက်လက် မေးမြန်းဆဲဖြစ်ပြီး စတုတ္ထအကြိမ် ရုံးချိန်း ကို ဇူလိုင် ၁၈ ရက်တွင် ပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။

VK စားသောက်ဆိုင်မှ စာရင်းကိုင် နိုင်ငံခြားသူအား အဓမ္မပြုရန် ကြံစည်သူကို ဖမ်းဆီးမိ

RangonNewsDaily:: July . 7 .2014
မေ ၃၀ ရက် မွန်းလွဲ ၂ နာရီခန့်က ကြည့်မြင်တိုင်မြို့နယ် ဘောဂ ရပ်ကွက်ရှိ VK ဗီယက်နမ် Coffee + Fast Food စားသောက်ဆိုင်တွင် ဆိုင်စာရင်းကိုင် နိုင်ငံခြားသူ အမျိုးသမီး တစ်ဦးကို အမျိုးသားတစ်ဦးက အဓမ္မ ကြံစည်မှု ဖြစ်ပွားခဲ့သည်။

တာဝန်သိ တာဝန်ကျေပွန်သော မန္တလေးသူ မန္တလေးသားများသို့ ကျေးဇူး ဥပကာရတင်ရှိ

RangonNewsDaily:: July . 7 .2014
● လူမျိုး ဘာသာ မရွေး ရင်းနှီးချစ်ကြည်စွာ၊ ငြိမ်းချမ်းစွာ နေထိုင်ခဲ့သော၊ ယဉ်ကျေးမှုသမိုင်း အစဉ်အလာကြီးမားသော မန္တလေးမြို့တော်သည် တာဝန်သိ တာဝန်ကျေပွန်သည့် မန္တလေးသူ၊ မန္တလေးသားများ၊ မီဒီယာ အပါအ၀င် အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ဆရာတော် သံဃာတော်များ အပါအ၀င် ဘာသာရေးခေါင်းဆောင်များ စသည်တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပဋိပက္ခများဖြစ်ပွားနိုင်သည့် အခြေအနေမှ လွတ်မြောက်ခဲ့ပြီ ဟု ဆိုနိုင်သည့် အနေအထား တစ်ရပ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။ 

ဒီမိုကရေစီနိုင်ငံတစ်ခု၌ ပြည်သူထောက်ခံမှုမရှိတော့သည့် နိုင်ငံရေးအဖွဲ့အစည်းများသည် ကျဆုံးသွားမည်သာဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


RangonNewsDaily:: July . 7 .2014
ဒီမိုကရေစီနိုင်ငံ တစ်ခု၌ ပြည်သူ၏ ထောက်ခံမှုမရှိ တော့သည့်နိုင်ငံရေးအဖွဲ့အစည်းများ သည် ကျဆုံးသွား မည်သာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ဇူလိုင်လ ၆ ရက်နေ့ ဗဟန်းမြို့ နယ် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ပြုလုပ်သည့် အဖွဲ့ချုပ်ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံ ဒုတိယ နေ့ မိန့်ခွန်း ပြောကြားရာ၌ ပြောဆို လိုက်သည်။