Pages

Wednesday, June 25, 2014

မလေးရှားတွင် အလုပ်လုပ်ကိုင်မည့်သူများကို နှစ်နိုင်ငံအစိုးရ သဘောတူညီမှုစနစ် (G to G)ဖြင့် ယနေ့စတင်ပို့ဆောင်ပေးမည်

RangonNewsDaily:: June . 25 .2014
မလေးရှားနိုင်ငံ တွင် အလုပ်လုပ်ကိုင်မည့် မြန်မာ အလုပ်သမားများကို နှစ်နိုင်ငံအစိုးရ သဘောတူညီမှုဖြင့် လုပ်သားစေလွှတ် ခွင့်အစီအစဉ် (G to G)(သို့) OSC အစီအစဉ်ဖြင့် ယခုလအတွင်း စတင် ပို့ဆောင်ပေးတော့မည်ဖြစ်ကြောင်းအလုပ်သမားဝန်ကြီးဌာနမှသိရသည်။

ဖောက်ထွင်းခဲ့သည့် အိမ်ရှိ ကွန်ပျူတာတွင် Facebook သုံးခဲ့သော ဖောက်ထွင်းရေးသမား ဖမ်းဆီးခံရ


RangonNewsDaily:: June . 25 .2014
မင်နက်ဆိုတာပြည်နယ်တွင် နေထိုင်သူ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၎င်း ဖောက်ထွင်းခဲ့သည့် အိမ်
တွင် Facebook အသုံးပြုပြီး log out မလုပ်ခဲ့သောကြောင့် ရဲအဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရသည်။

ခန္ဓာကိုယ်အတွင်းမှ အသည်း၏ အရေးပါမှု


RangonNewsDaily:: June . 25 .2014
ခန္ဓာကိုယ် အတွင်း အင်္ဂါ တစ်ခုချင်းစီသည် ခန္ဓာကိုယ် အတွက် အရေးပါသော တာဝန်များကို ဆောင်ရွက် နေကြပြီး အချို့ အစိတ်အပိုင်း များသည် မွေးရာပါ အကြောင်း အမျိုးမျိုးကြောင့် လည်းကောင်း၊ ခန္ဓာကိုယ်
အတွင်း ရောက်ရှိ သွားသည့် ရောဂါ ပိုးမွှားများကြောင့် လည်းကောင်း၊ လူတို့၏ မဆင်ခြင် နိုင်သည့် အန္တရာယ်ဖြစ်ဖွယ် အမူအကျင့် များကြောင့် လည်းကောင်း စသည် တို့ကြောင့် ထိုအင်္ဂါ အစိတ်အပိုင်းများ ပျက်စီးသွားသည် များလည်း ရှိသည်။

အကိုက်ကြမ်းတဲ့ လူးဝစ်ဆွာရက်ကို ဘောလုံးကစားခွင့် ၂ နှစ်ပိတ်လိုက်ပြီ


RangonNewsDaily:: June . 25 .2014
ဥရုဂွေးနဲ့ လီဗာပူး အသင်းတို့ရဲ့ တိုက်စစ်မှူး လူးဝစ် ဆွာရက်ကို မနေ့ညက အီတလီနဲ့ ကစားခဲ့တဲ့ အုပ်စုနောက်တဆင့်
တက်ရေး အဆုံးအဖြတ်ပွဲမှာ အီတလီနောက်ခံလူ Giorgio Chiellini ရဲ့ပုခုံးကို ကိုက်တာလိုက်တာနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က ဒီကနေ့ ကြာသာပတေးနေ့ကစပြီး ၂ နှစ် ဘောလုံးကစားခွင့်ပိတ်ပင်လိုက်ပြီဖြစ်တယ်
လို့ သတင်းတွေထွက်နေပါတယ်။

နှစ်နိုင်ငံသင်္ဘောတွေတိုက်မိမှုတွေကို ပြသခဲ့သည့်ဗီယက်နမ်နိုင်ငံ


RangonNewsDaily:: June . 25 .2014
ဗီယက်နမ်အစိုးရပိုင်ရုပ်သံဌာနဟာ တောင်တရုတ်ပင်လယ်အတွင်း တိုက်မိခဲ့တဲ့ ဗီယက်နမ်သင်္ဘောနဲ့ တရုတ်သင်္ဘော တွေရဲ့ပုံတွေကိုထုတ်လွှင့်ပြသခဲ့တယ်လို့သိရပါတယ်။

ဂျာမန်လီယာဂျက်လေယာဉ်နှင့် တိုက်လေယာဉ်တို့ ဝေဟင်တွင် တိုက်မိပြီး ပျက်ကျ


RangonNewsDaily:: June . 25 .2014
ဂျာမနီနိုင်ငံ အနောက်ပိုင်း၌ စစ်ဘက်အထူး ဂျက်လေယာဉ်တစ်စင်းသည် ဂျာမန်လေတပ် ယူရို ဖိုက်တာဂျက်လေယာဉ်
နှင့် ဝေဟင်တွင် တိုက်မိပြီး ပျက်ကျသွားခဲ့သည်။

မရဏအုပ်စုမှာ ပထမရခဲ့တဲ့ ကော်စတာရီကာ

စတာရစ်ခ်ျ၏ ထိုးဖောက်မှုကို ကော်စတာရီကာဂိုးသမားကာကွယ်နေစဉ် (Photo-AFP)
RangonNewsDaily:: June . 25 .2014
ဥရုဂွေး၊ အီတလီတို့အား နှစ်ပွဲဆက်အနိုင်ရခဲ့သည့် ကော်စတာရီကာအသင်းသည် အင်္ဂလန်အသင်းကို သရေကစားပြီး ယခုကမ္ဘာ့ဖလားပြိုင်ပွဲ၏ မရဏအုပ်စုတွင် အုပ်စုပထမနေရာကို ရယူနိုင်ခဲ့သည်။

ဘတ်ဂျက်စာရင်းတွင် ထည့်သွင်းမဖော်ပြဘဲ အစိုးရမှ ငွေကျပ် ဘီလျံသိန်းချီ သုံးစွဲမှုများ ရှိနေသဖြင့် စာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်

RangonNewsDaily:: June . 25 .2014
ဘတ်ဂျက်စာရင်းတွင် မပါဝင်ဘဲ အစိုးရမှ သုံးစွဲနေသည့် Non Budget ဟုခေါ်သည့် ငွေကျပ်ဘီလျံပေါင်း သိန်းချီကို ပြည်ထောင်စုစာရင်းစစ်ချုပ်မှ စစ်ဆေးခွင့်မရှိဘဲ အစိုးရမှ သုံးစွဲနေသည်ဟု ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးက ဇွန် ၂၄ ရက်တွင် လွှတ်တော်အစည်းအဝေး၌ ပြောကြားသည်။

လယ်သမားအရေး ဆောင်ရွက်မှုကြောင့် ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလ ချမှတ်ခံခဲ့ရသည့် ဦးနေမျိုးဇင်နှင့် ဦးဝင်းချိုတို့နှစ်ဦး ပြန်လည်လွတ်မြောက်

လယ်သမားအရေး ဆောင်ရွက်မှုကြောင့် ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလ ချခံခဲ့ရသည့် ဦးဝင်းချိုနှင့် ဦးနေမျိုးဇင်တို့အား ထောင်မကျမီက ဆန္ဒပြပွဲတစ်ခုတွင် တွေ့ရစဉ်
RangonNewsDaily:: June . 25 .2014
လယ်သမားအရေး ဆောင်ရွက်မှုကြောင့် ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလ ချမှတ်ခံခဲ့ရသည့် မြန်မာ့လူမှုဘ၀ ဖွံဖြိုးတိုး
တက်ရေး ကွန်ရက်မှ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်နှင့် ဦးဝင်းချိုတို့နှစ်ဦးသည် ဇွန် ၂၄ ရက် နံနက် ၉ နာရီတွင် အင်းစိန်
အကျဉ်းထောင်မှ ပြန်လွတ်မြောက်ခဲ့ကြောင်း သိရသည်။

နဗီတမန်တော်ဟူးဒ်(အ)အကြောင်း


RangonNewsDaily:: June . 25 .2014
တမန်တော်ဟူးဒ်(အ)၏ဖခင်အမည်မှာ"အဗ္ဗဒွလ္လာဟ်"ဟုခေါ်သည်။တမန်တော်ဟူးဒ်(အ)၏ခန္ဒာကိုယ်အရောင်အဆင်း
မှာဂျုံနုရောင်ကဲ့သို့ ဖြူဖွေးပြီးအလွန်ချောမောလှပသောနဗီတမန်တော်တစ်ပါးဖြစ်သည်။ရုပ်ဆင်တော်အားဖြင့်ဖခင်ကြီး
အာဒမ်(အလိုင်း)နှင့်အလွန်ပင်တူလေသည်။

သင်ချောင်းရိုက်ခံနေရပြီလား ??


RangonNewsDaily:: June . 25 .2014
အဖြစ်များလာနေတဲ့ ရေချိုးခန်း၊အိမ်သာတွေထဲက မိန်းမသားများ၏ ၀တ်လစ်စလစ်ပုံများကို ခိုးရိုက်ကြကာ အင်တာနက်
သို့ တင်နေကြတာကိုစိတ်မကောင်း ဖွယ်တွေ့ရှိနေရပါတယ်။

ယာဉ်ကြောများပိတ်သော်လည်း ကားတင်သွင်းမှုကို ရပ်တန့်မည်မဟုတ်ဟု ၀န်ကြီးဦးဝင်းမြင့်ဆို

RangonNewsDaily:: June . 25 .2014
ရန်ကုန်တိုင်းဒေသကြီးအတွင်းယာဥေ်ကြာပိတ်ဆို့မှုများ မကြာခဏဖြစ် ပွားနေသော်လည်း စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကိုသာ တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်ပမှ ကားတင်သွင်းမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ဇွန်လ ၂၂ ရက်က LION CITY စားသောက်ဆိုင်တွင်ကျင်းပသည့် အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှု လုပ်ငန်းရှင်များအသင်း၏ နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။ 

ဓာတ်ကြိုးပြတ်ကျ၍ သေဆုံးခဲ့သူများ နာရေးအတွက်သာ ၀န်ကြီးဌာန တာဝန်ယူ


RangonNewsDaily:: June . 25 .2014
လှည်းတန်းဈေးအနီး တွင် ဓာတ်ကြိုးပြတ်ကျ၍ သေဆုံးသူနှစ်ဦးအတွက် လျှပ်စစ်စွမ်း အားဝန်ကြီးဌာနက နာရေးလိုအပ် ချက်များနှင့် ရက်လည်ဆွမ်း ကျွေးအတွက်သာ ဆောင်ရွက် ပေးကြောင်းနာရေးတွင် လိုက်ပါဆောင်ရွက်နေသည့် ဈေးသူ၊ ဈေးသားများကပြောသည်။

ထိုင်းရောက် တရားမ၀င်လုပ်သား နှစ်သန်း မှတ်ပုံတင်ထုတ်ပေးမည်

ဇွန်လ ၂၃ ရက်က တာချီလိတ်မြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးအမှတ်(၁)တံတားရှိ လူဝင်မှုကြီးကြပ်ရေးရုံးခန်း၌ မြန်မာနှင့်ထိုင်းအစိုးရတာဝန်ရှိသူများ တွေ့ဆုံနေစဉ် (ဓာတ်ပုံ − ကိုဇောင်း)
RangonNewsDaily:: June . 25 .2014
ထိုင်းအစိုးရက တရား မ၀င်အလုပ်သမား နှစ်သန်းခန့် အား ဇူလိုင် ၁ ရက်မှစ၍ အလုပ် လုပ်ကိုင်ခွင့် မှတ်ပုံတင်များ စတင် ထုတ်ပေးမည်ဟု ထိုင်းအခြေစိုက် ရွှေ့ပြောင်း အလုပ်သမားအခွင့်အ ရေးကွန်ရက်မှ သတင်းရရှိသည်။

Huawei ဖုန်းအတုအစစ် ဘယ်လိုခွဲမလဲ


RangonNewsDaily:: June . 25 .2014
ပြည်တွင်းဈေးကွက်၌ လက်ရှိ Huawei ကုမ္ပဏီက ရောင်းချပေးနေသည့် Honor 3Cမှာ အတုများထွက်ပေါ်နေ ခြင်းကြောင့် ၀ယ်ယူလိုသူများအတွက် အစစ်နှင့်အတုခွဲခြားချက်များကို တင်ပြလိုက်ပါသည်။

အိုးအိမ်မှ တန်ဖိုးနည်း အိမ်ရာများအား မဲစနစ်ဖြင့်သာ ရောင်းချမည်

RangonNewsDaily:: June . 25 .2014
မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ရောင်းချပေးသည့် တန်ဖိုးနည်း အိမ်ရာများအား ဦးရာလူစနစ် မဟုတ်ဘဲ မဲနှိုက် စနစ်ဖြင့်သာ ရောင်းချ ပေးမည် ဖြစ်သည်။ အဆိုပါ အိမ်ရာ လျှောက်ထား သူများ အားလုံးတန်း တူညီမျှ အခွင့်အရေး ရရှိရန် အများ ပြည်သူရှေ့တွင် မဲနှိုက်ကာ ရောင်းချ ပေးမည် ဖြစ်ကြောင်း မြို့ရွာ နှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

ဖမ်းဆီးခံ သံဃာငါးပါး၏ထောင်တွင်းအတွေ့အကြုံနှင့် သုံးသပ်မိန့်ကြားချက်များ


RangonNewsDaily:: June . 25 .2014
မဟာသန္တိသုခ ကျောင်းတော် ကြီးဆီ ရောက်ရှိနေသော ဆရာတော်ဦးသုန္န ရမှာ အင်္ဂလန်နိုင်ငံမှ ဆရာတော်ဦးဥတ္တရ ရောက်ရှိနေသဖြင့် မနက်ခင်းကတည်းက တည်းခိုနေထိုင်သော ကမ္ဘာအေးကုန်းမြေ မှ မဟာသန္တိ သုခကျောင်းတော်ကြီး သို့ ရောက် ရှိနေခဲ့သည်။

တယ်လီနော အသုံးပြုသူများအား Wikipedia စာမျက်နှာ အခမဲ့ ကြည့်ရှုနိုင်ရန် စီစဉ်ထားဟုဆို

RangonNewsDaily:: June . 25 .2014
တယ်လီနော အသုံးပြုသူများ Wikipedia စာမျက်နှာအား အင်တာနက် အသုံးပြုခ အခမဲ့ဖြင့် ကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်း တယ်လီနော မြန်မာမှ ထုတ်ပြန်ကြေညာသည်။တယ်လီနောနဲ့ တယ်လီနော ၀န်ထမ်းတွေက Wikipedia မှာ မြန်မာစာနဲ့ စာမျက်နှာတွေ ဖန်တီးရေးသားနိုင်ဖို့ အတွက် ပါဝင် ပံ့ပိုးလျက်ရှိ ပါတယ် ဟု တယ်လီနော မြန်မာမှ CEO Mr.Petter Furbesg ကပြောသည်။

ဟန်းဆက် တင်သွင်းရောင်းချသူများ အဖွဲ့ဖွဲ့ဖို့ ညွှန်ကြား


RangonNewsDaily:: June . 25 .2014
ပြည်တွင်းကို တင်သွင်းအသုံးပြုနေတဲ့ မိုဘိုင်းဖုန်း ဟန်းဆက် ၉၈ ရာခိုင်နှုန်းကျော် တရားမ၀င် အကောက်ခွန်မဲ့တွေ ဖြစ်နေတဲ့ ပြသနာကို ဖြေရှင်းနိုင်ဖို့ ဟန်းဆက် တင်သွင်းရောင်းချသူများအသင်း ဖွဲ့စည်းဖို့ ညွှန်ကြားထားတယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

အမျိုးသမီးချင်း ချစ်ကြိုက်သည့် “ပျော်အောင်နေလိုက်တော့” သီချင်းရိုက်ကူးမှုကို စမိုင်းလ်က ပွင့်လင်းစွာပြော

ဓာတ်ပုံအညွှန်း - "New Me" အယ်လ်ဘမ်မှ 'ပျော်အောင်နေလိုက်တော့' သီချင်း ဇာတ်ဝင်ခန်းမှ စမိုင်းလ်နှင့် သင်ဇာဝင့်ကျော်။
RangonNewsDaily:: June . 25 .2014
သရုပ်ဆောင်စမိုင်းလ်၏ "New Me" အယ်လ်ဘမ်မှ “ပျော်အောင်နေလိုက်တော့” သီချင်းအမ်တီဗီ ရိုက်ကူးမှုတွင် သင်ဇာဝင့်ကျော်နှင့်အတူ အမျိုးသမီးအချင်းချင်း ချစ်ကြိုက်နေသည့် ပုံစံဇာတ်ဝင်ခန်း ရိုက်ကူးမှုနှင့်ပတ်သက်ပြီး ပရိသတ်များ၏ ဝေဖန်မှုများစွာ ထွက်ပေါ်လျက်ရှိသည်။

ဇွန်လအတွင်း ဓာတ်လိုက်ခံရ၍ သေဆုံးသူ ၁၀ ဦးထက်မနည်းရှိခဲ့ပြီး လေးဦးဒဏ်ရာရရှိ

RangonNewsDaily:: June . 25 .2014
ရန်ကုန်တိုင်းအတွင်း ဇွန်လ ၁ ရက်မှ ၂၂ ရက်အထိ ဓာတ်လိုက်ခံရမှုကြောင့် သေဆုံးသူ ၁၀ ဦးထက် မနည်းရှိခဲ့ပြီး ဒဏ်ရာရရှိသူ လေးဦးခန့်ရှိခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးရှိ မှုခင်းမှတ်တမ်းများတွင် တွေ့ရသည်။
ယင်းသို့ လျှပ်စစ်ဓာတ်လိုက်သေဆုံးမှုများ ဖြစ်ပေါ်ရခြင်းမှာ သုံးစွဲသူပြည်သူများအနေဖြင့် လျှပ်စစ်နှင့် ပက် သက်ပြီးအသုံးပြုသည့်အခါ ပေါ့ဆစွာလုပ်ကိုင်နေခြင်းကြောင့် သေဆုံးခဲ့သူမှာ အများစုဖြစ်သဖြင့် လျှပ်စစ် အသုံးပြုသူများအနေဖြင့် လျှပ်စစ်ရုံးမှ ညွှန်ကြားချက်အတိုင်းလုပ်ဆောင်ရန်လို အပ်ပြီး နေအိမ်အတွင်းရှိ လျှပ်စစ်ကြိုး အဟောင်းများလဲလှယ်ပါကလည်း ကျွမ်းကျင်သူများကိုခေါ်၍သာ ပြုလုပ်ရန်လိုအပ်သည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဒု-ဥက္ကဋ္ဌ ဦးမောင်မောင်လတ်က ပြောသည်။

ဖမ်းဆီးမှုများကြောင့် သစ်မှောင်ခို သယ်ဆောင်မှု တစ်လခန့် ရပ်တန့်


RangonNewsDaily:: June . 25 .2014
ဟင်္သာတခရိုင် အတွင်းရှိ သစ်တောကြိုးဝိုင်းများမှ ကျွန်း၊ ပျဉ်းကတိုးနှင့် အခြားသားသစ်များကို ခုတ်လှဲ ခိုးထုတ် တရားမဝင် သယ်ဆောင်လျက်ရှိသည့် လမ်းကြောင်းများတွင် မေလ နောက်ဆုံးပတ်မှ စတင်ကာ ခရိုင်နှင့် မြို့နယ် သစ်တောဦးစီးဌာနတို့က ပူးပေါင်း ဖမ်းဆီးခဲ့သောကြောင့် သစ်မှောင်ခို သယ်ဆောင်မှုများ တစ်လခန့် ရပ်တန့်ခဲ့ကြောင်း သစ်ကုန်သည်များက ပြောကြားသည်။

လူငယ်များ နည်းပညာဆွေးနွေးနိုင်မည့်နေရာနှင့် အခွင့်အလမ်းများ အစိုးရက ဖန်တီးပေးသင့်ကြောင်း အိုင်တီပညာရှင်များဆို

RangonNewsDaily:: June . 25 .2014
နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိပညာများ၊ ဗဟုသုတများတိုးပွားလာရေးအတွက် လူငယ်များနည်းပညာ ဆွေးနွေး ဖလှယ်နိုင်မည့် နေရာများနှင့် အခွင့်အလမ်းများကို အစိုးရအနေဖြင့် ဖန်တီးထောက်ပံ့ပေးရန် များစွာလိုအပ်ကြောင်း ဇွန် ၂၁ ရက်နှင့် ၂၂ ရက်က ပြည်မြို့တွင် ပြုလုပ်သည့် နည်းပညာဆွေးနွေးပွဲ ဘားကမ့်တွင် တက်ရောက်လာသည့် အိုင်တီပညာရှင်အများစုက သုံးသပ်ပြောကြားသည်။

ဟောင်းနွမ်းငွေစက္ကူများ တစ်ဝက်ဈေးဖြင့် လဲလှယ်သူများကို အရေးယူမည်

RangonNewsDaily:: June . 25 .2014
စစ်ကိုင်းတိုင်းဒေသကြီး မြို့တော် မုံရွာမြို့တွင် ဟောင်းနွမ်း ငွေစက္ကူများကို တစ်ဝက်ဈေးဖြင့် လိုက်လံ လဲလှယ်ယူနေသူများကို တွေ့ရှိပါက အရေးယူရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားထားကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောကြားသည်။

PRစနစ်ကို ကျင့်သုံးရန် တင်သွင်းခဲ့သူ ဒေါ်ခင်ဝိုင်းကြည်၏ နေအိမ်ဖောက်ထွင်းခံရ


RangonNewsDaily:: June . 25 .2014
အချိုးကျကိုယ်စားပြုစနစ်(PR) ကို ကျင့်သုံးရန် လွှတ်တော်တွင်တင်သွင်းခဲ့သူအမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ
 အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်ဝိုင်းကြည်၏အိမ် ဖောက်ထွင်းခံရလိုက်ရကြောင်း ကာယကံရှင်က ဆိုသည်။ 

မလေးရှားလေကြောင်းလိုင်း၏ ပျောက်ဆုံးလေယာဉ်အကြောင်းကိုအိန္ဒိယဒါရိုက်တာ ဇာတ်ကားအဖြစ် ပုံဖော်မည်


RangonNewsDaily:: June . 25 .2014
Kamasutra 3D ဇာတ်ကားရိုက်ကူးခဲ့သူ အိန္ဒိယဒါရိုက်တာ Rupesh Paul က မကြာခင်က ပျောက်ဆုံးခဲ့ရသည့် မလေးရှားလေကြောင်းလိုင်း၏ MH 370လေယာဉ်ပျောက်ဆုံးမှုဖြစ်စဉ်အပေါ်အခြေခံပြီး ရုပ်ရှင်ကားတစ်ကားဖန်တီးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်ရန် သီးသန့်ကွင်းတွင် ပြည်ကြီးမင်္ဂလာကုန်တင်ယာဉ် ဂိတ်ပိုင်ရှင်များ စတင်ဆန္ဒပြမည်

RangonNewsDaily:: June . 25 .2014
မန္တလေးမြို့ရှိ စတင် အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်သော ဆန္ဒဖော်ထုတ်ရန် သီးသန့်ကွင်း တွင် ပြည်ကြီးမင်္ဂလာကုန်တင် ယာဉ်ရပ်နားစခန်းမှ ဂိတ်ခန်း ပိုင် ရှင်များက စတင်ဆန္ဒဖော်ထုတ် မည်ဖြစ်ကြောင်း သတင်းရရှိ သည်။မန္တလေးမြို့ အမရပူရမြို့ နယ် ပြည်ကြီးမင်္ဂလာကုန်တင် ယာဉ်ရပ်နားစခန်းတွင် ဂိတ်ခန်း ငှားရမ်းခများ နှစ်ဆမြင့်တက် လိုက်၍ မကျေနပ်သဖြင့် ဂိတ်ပိုင် ရှင်များက ဇန်န၀ါရီ ၁၀ ရက် တွင် ကုန်တင်ယာဉ်ရပ်နားစခန်း ၀င်းအတွင်း၌ ဆန္ဒပြခွင့်တင်ခဲ့ရာ ဆန္ဒထုတ်ဖော်ရန် ကွင်းပြီးစီးသွား ပြီဖြစ်သဖြင့် ယင်းကွင်းတွင်ပင် ဆန္ဒပြရန် မြို့နယ်ရဲတပ်ဖွဲ့မှူးမှ အသိပေးခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး အဝေးပြေးကုန်စည် ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူးဦးသွင် စိုးကပြောသည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ)ဖြင့် MDCF ခေါင်းဆောင် ကိုထင်ကျော် ထောင်ဒဏ်ခြောက်လချမှတ်ခံရ

RangonNewsDaily:: June . 25 .2014
ဒီမိုကရေစီအရေး စဉ်ဆက် မပြတ်လှုပ်ရှားမှုအဖွဲ့ (MDCF) ခေါင်းဆောင် ကိုထင်ကျော်အား နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ)ဖြင့် ထောင်ဒဏ် ခြောက်လချမှတ်လိုက်သည်။ တောင် ဥက္ကလာပမြို့နယ် တရားရုံးကယနေ့ မွန်းတည့်၁၂ နာရီတွင် အမိန့် ချမှတ်လိုက်ခြင်းဖြစ်သည်။

ဦးအံ့မောင်အား ဖမ်းဆီးထားခြင်း မရှိကြောင်း သမ္မတပြောရေး ဆိုခွင့်ရှိသူ အတည်ပြု


RangonNewsDaily:: June . 25 .2014
သာသနာရေး ပြည်ထောင်စု ၀န်ကြီး သရေ စည်သူ ဦးဆန်းဆင့် အား အလွဲသုံးစား မှုဖြင့် ထိန်းသိမ်းခဲ့ ပြီးနောက်တွင် သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးဟောင်း နိုင်ငံတော် သမ္မတရုံး အကြံပေး ဦးအံ့မောင်ကို ဖမ်းဆီး ထိန်းသိမ်းထားခြင်း မရှိကြောင်း သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ် က The Messenger Media သို့ ပြောသည်။

စမောလင်းနှင့် အိုဘားမားတို့၏ ပုံကို မှားယွင်းရိုက်နှိပ်မိခဲ့သည့် ကမ္ဘာ့ဖလား အမှတ်တရ မတ်ခွက်များ


RangonNewsDaily:: June . 25 .2014
ကမ္ဘာ့ဖလား အမှတ်တရပစ္စည်းများ ရောင်းချသည့် ကုမ္ပဏီတစ်ခုက အမေရိကန်သမ္မတ ဘာရတ်အိုဘားမားကို အင်္ဂလန်အသင်း လူစာရင်း၌ မှားယွင်း ထည့်သွင်းမိခဲ့ကြောင်း သိရှိရသည်။

မြေအလျော်မယူသည့် ထားဝယ်လယ်သမား ၁၉ယောက် ပုဒ်မ၅ခုဖြင့် အမှုဖွင့်ခံရ

RangonNewsDaily:: June . 25 .2014
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် မြေယာအလျော်မယူသည့် တောင်သူလယ်သမား ၁၉ဦးကို ဇွန် ၂၃ရက်တွင် ထားဝယ်ခရိုင် ဒု-ဦးစီးမှုး ဦးမျိုးနိုင်က တရားလိုပြု၍ ပုဒ်မ၅ခုဖြင့် အမှုဖွင့်လိုက်သည်ဟု လယ်သမားများနှင့် အခြားမြေယာအလုပ်သမား သမဂ္ဂအဖွဲ့ဝင် ဦးထွန်းထွန်းဝင်းက မဇ္ဈိမကို ပြာသည်။

ဖိနပ်ရေစိုမည်စိုးသဖြင့် လက်အောက်ငယ်သားကို ကုန်းပိုးခိုင်းသည့် တရုတ်အရာရှိ ရာထူးမှ ထုတ်ပယ်ခံရ


RangonNewsDaily:: June . 25 .2014
တရုတ်နိုင်ငံတွင် ရေကြီးရေလျှံနေသည့် ဒေသသို့ သွားရောက်စဉ် ရေစိုမည် စိုးသဖြင့် ဝန်ထမ်းတစ်ဦး၏ ကျောကုန်းထက်မှ လိုက်ပါခဲ့သော အစိုးရ အရာရှိတစ်ဦး ရာထူးမှ ထုတ်ပယ်ခံလိုက်ရကြောင်း သိရှိရသည်။

စာရေးဆရာ အောင်ရင်ငြိမ်းရေးတဲ့ ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာ ၀တ္ထုစာအုပ် ဈေးကွက်ကနေ ပြန်သိမ်း


RangonNewsDaily:: June . 24 .2014
စာရေးဆရာ အောင်ရင်ငြိမ်းရေးတဲ့ ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာ ၀တ္ထုစာအုပ်ကို စာပေဈေးကွက် ကနေ ပြန်လည်သိမ်း
ဆည်းနေပြီ ဖြစ်ပါတယ်။

နေပြည်တော် ကျောက်မျက်ပွဲ ကျောက်စိမ်း ရောင်းချမှု ယူရို သန်း ၂၀၀၀ ကျော် မျှော်မှန်း


RangonNewsDaily:: June . 24 .2014
နေပြည်တော်တွင် ယနေ့ စတင် ကျင်းပနေသော ၅၁ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲ၌ ကျောက်စိမ်း ရောင်းချမှုကို ယခင်နှစ် နည်းတူ ယူရိုငွေ သန်း၂၀၀၀ ကျော် ရရှိရန် မျှော်မှန်းထားကြောင်း သတ္တုတွင်း ၀န်ကြီးဌာနက ပြောသည်။

မြန်မာ မယ်စကြာဝဠာလောင်းလျာရွေးချယ်ပွဲ ဝင်မယ့်သူတွေ ပုဂံဒေသ ရောက်နေ


KOLATT(PBDN): June . 24 .2014
ဒီနှစ်အတွက် မြန်မာ မယ်စကြာဝဠာလောင်းလျာရွေးချယ်ပွဲ ဝင်မယ့်သူတွေ ပုဂံဒေသ ရောက်နေကြပါတယ်။
သူတို့ ပုဂံ ဇေတဝန်ကျောင်းတိုက်မှာ ရှိတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို သွားပြီး ကလေးများနဲ့ ပျော်ပျော်ပါးပါး ကစားနေကြပုံတွေကို အင်္ဂါနေ့မှာ အွန်လိုင်းတင်ပါတယ်။