Pages

Tuesday, June 17, 2014

လျှို့ဝှက်မဲပေးစနစ်ကို အခြေအနေအရ လွှတ်တော်ဥက္ကဋ္ဌ၏ အဆုံးအဖြတ်အတိုင်း ဆောင်ရွက်သွားရန်ရှိသည်ဟု သူရဦးရွှေမန်းပြော

RangonNewsDaily:: June . 17 .2014
လွှတ်တော်အတွင်းတွင် လျှို့ဝှက်မဲ ပေးစနစ်ကို အခြေအနေအချိန်အခါအရ လွှတ်တော် ဥက္ကဋ္ဌ၏ အဆုံးအဖြတ်အတိုင်း ဆောင်ရွက်သွားရန်ရှိ ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားလိုက်သည်။မြေပုံမဲဆန္ဒနယ်မှ ပြည်
သူ့လွှတ်တော်ကိုယ် စားလှယ်ဦးဖေသန်း၏ စက်ခလုတ်ကိုအသုံးပြု၍ လျှို့ ဝှက်မဲပေးရာတွင် အချက်ပြမီးစနစ်အား ပြုပြင်
ပေးနိုင် ခြင်း ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်အဆိုနှင့် ပတ်သက်ပြီးမေး မြန်းရာတွင် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။