Pages

Saturday, June 7, 2014

အနုပညာနှင့်ပရဟိတ ကြိုးစားလုပ်ဆောင်သွားမယ်ဆိုတဲ့ အလှမယ် မေမြတ်နိုး"


RangonNewsDaily: June . 7 .2014
အနုပညာလုပ်ငန်းနှင့် ပရဟိတ အလုပ်များကို ကြိုးစား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း Miss Asia Pacific World Super Talent 2014 တွင် အလှမယ်ဆုရရှိသူ မေမြတ်နိုးက ပြောသည်။

ဆင်းမ်ကတ် စရောင်းချိန်တွင် မြို့ကြီးများ၌သာ သုံးနိုင်မည်ဟု တယ်လီနောဆို

RangonNewsDaily: June . 7 .2014
ဆက်သွယ်ရေး အော်ပရေတာအဖြစ် လုပ်ငန်း လုပ်ကိုင်ခွင့် ရထားသည့် တယ်လီနောက စက်တင်ဘာလတွင် ဆင်းမ်
ကတ်များ စတင်ရောင်းချမည် ဖြစ်ပြီး စတင်ရောင်းချချိန်၌ ရန်ကုန်မြို့တော်၊ မန္တလေးမြို့တော်နှင့် နေပြည်တော် အပါ
အဝင် မြို့ကြီးများတွင်သာ သုံးစွဲနိုင်ဦးမည် ဖြစ်ကြောင်း တယ်လီနောမြန်မာထံမှ သိရသည်။

အနိုင်-အရှုံးဆိုတာ ထာဝရမဟုတ်


RangonNewsDaily: June . 7 .2014
အနိုင်-အရှုံးဆိုတာ ထာဝရမဟုတ်တဲ့အပြင်နိုင်ခြင်း-ရှုံးခြင်းဟာ အဓိကမဟုတ်ပါဘူး။အဓိကကျတာ
ကနိုင်ြ
ခင်း-ရှုံးခြင်းရဲ့ အကျိုးဆက်ပါ။

လားရှိုးတွင် ပဋိပက္ခဖြစ်ပွားမည့်အခြေအနေ ထိန်းသိမ်းနိုင်ခဲ့


RangonNewsDaily: June . 7 .2014
စိတ်မနှံ့သူလို့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက သတ်မှတ်ထားတဲ့ အမျိုးသမီးတဦးက ဗုဒ္ဓရုပ်ပွားတော် တဆူကို မဖွယ်မရာ
လုပ်မိလို့ဘာသာရေးဆန်တဲ့ပဋိပက္ခဖြစ်ပွားမယ့်အခြေအနေတခုကိုလားရှိုးမြို့က အာဏာပိုင်တွေ အချိန်မီ ထိန်းသိမ်းနိုင်
ခဲ့ပါတယ်။

ဧရာဝတီဂျာနယ် အမှတ် ၂၃၏ မျက်နှာဖုံးဓာတ်ပုံနှင့် ဓာတ်ပုံဆရာ၏ ခံစားချက်


RangonNewsDaily: June . 7 .2014
ယခုအပတ် မျက်နှာဖုံးက ရခိုင်ပြည်နယ် စစ်တွေမြို့အနီးရှိ ဒါပိုင်ဒုက္ခသည် စခန်းက အာဟာ ရချို့တဲ့ ပြတ်လပ်လို့ သေ
ဆုံးခါနီး အမြွှာကလေးငယ် ၂ ဦးနဲ့ မိခင်တို့ရဲ့ ဓာတ်ပုံပါ။ ဒီဓာတ်ပုံကို ရိုက်တာ သတင်းဌာန ဓာတ်ပုံသတင်းထောက် မင်းဇေယျာဦးက ပြီးခဲ့တဲ့ဧပြီလအတွင်း ရိုက်ယူ ခဲ့တာပါ။

ကားမောင်းသူတွေအတွက် အသိပေးချက်


RangonNewsDaily: June . 7 .2014
အမြန်လမ်း နှင့် မြန်မာနိုင်ငံတစ်ဝှမ်း ကားနှင့် ခရီးသွားလာနေကြတဲ့ ယာဉ်ပိုင်ရှင်များညဖက် ကားမောင်းနေတုန်း ၊ 
ကားမှန်ကို ကြက်ဥ၊ ဘဲဥ များနဲ့ အပစ်ခံရရင် ၊

ယနေ့ပြုလုပ်မည့် NLD ဗဟိုကော်မတီ တတိယအကြိမ် အစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်

RangonNewsDaily: June . 7 .2014
ယနေ့ (ဇွန် ၇ ရက်) စတင်ပြုလုပ်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုကော်မတီ တတိယအကြိမ် အစည်းအဝေးသို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။အဆိုပါ အစည်းအဝေးကို ရန်ကုန်မြို့ရှိ ဒို့ရိုးရာစားသောက်ဆိုင်၌ ပြုလုပ်သွားမည်ဖြစ်ပြီး NLD တိုင်းနှင့် ပြည်နယ် အသီးသီးရှိ ဗဟိုကော်မတီဝင်များ တက်ရောက်ကာ သက်ဆိုင်ရာဒေသများရှိ အခြေအနေများကို တင်ပြမှုပြုလုပ်ကြခြင်း ဖြစ်သည်။

ပြင်ပဆေးရုံမှ သူနာပြုကို ပါးရိုက်သည့်ဆရာဝန် ကန်တော့ပွဲဖြင့် တောင်းပန်ရ


RangonNewsDaily: June . 7 .2014
ဆွေမျိုးသားချင်းကျန်း မာရေးကိစ္စအတွက် ပုဂ္ဂလိက ဆေးရုံတစ်ခုသို့ ရောက်ရှိလာ သည့် ဌာန ဆိုင်ရာဝန်ထမ်း လက် ထောက်ဆရာဝန်အမျိုးသမီးက ယင်းဆေးရုံရှိ သူနာပြုဆရာမတစ် ဦးကို ပါးရိုက်ခဲ့သဖြင့် ကန်တော့ ပွဲဖြင့် တောင်း
ပန်ခဲ့ရကြောင်း သ တင်းရရှိသည်။

ချိန်ဘာလိန်ကို ကမ္ဘာ့ဖလားခေါ်သွားမည်ဟု ဟော့ဒ်ဆန်ကတိပေး


RangonNewsDaily: June . 7 .2014
အင်္ဂလန်အသင်း နည်းပြချုပ် ရွိုင်းဟော့ဒ်ဆန်က အီကွေဒေါနှင့် ပွဲစဉ်တွင် ဒဏ်ရာရခဲ့သည့် ချိန်ဘာလိန် အနေဖြင့် အုပ်စုပွဲစဉ်များကို လွဲချော်မည် ဆိုလျှင်ပင် အသင်း၏ လူစာရင်း၌ ဆက်လက်ရှိနေခွင့် ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံရေးနယ်ပယ်သို့ ကူးမည် မဟုတ်ဟုဆို


RangonNewsDaily: June . 7 .2014
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရာထူးမှ နိုင်
ငံရေးနယ်ပယ်သို့ ကူးပြောင်းမည် မဟုတ်ဘဲ လက်ရှိ ရာထူးနှင့် အလုပ်ကိုသာ ဆက်လက် လုပ်ကိုင်မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်များ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဝေလင်းက ပြောကြားသည်။

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ဇွန် ၇ ရက်တွင် ထုတ်ပြန်ကြေညာ၊ တစ်နိုင်ငံလုံး၏ အောင်ချက်မှာ ရာခိုင်နှုန်း ၃၀ ကျော်ရှိ


RangonNewsDaily: June . 7 .2014
၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ၂၀၁၄ ခုနှစ် ဇွန် ၇ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ စာစစ်ဌာနများတွင် တစ်ပြိုင်နက်တည်း ထုတ်ပြန်ကြေညာခဲ့ပြီး တစ်နိုင်ငံလုံး၏ အောင်ချက်မှာ ရာခိုင်နှုန်း ၃၀ ကျော်ရှိကြောင်း သိရသည်။

ကမ္ဘာ့ဖလားအိမ်ရှင် ဘရာဇီး (သို့မဟုတ်) ထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့ လိင်လုပ်သားနယ်မြေ


RangonNewsDaily: June . 7 .2014
ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လိင်လုပ်သားတွေဟာ သူတို့ရဲ့ဝင်ငွေအမြောက်အမြားရနိုင်ရေးအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်းကို အားထားလေ့ရှိခဲ့ကြပါတယ်။ ညမှောင်လာပြီဆိုတာနဲ့ တိုင်းတပါးသား ၏ဧည့်သည်တွေများဆုံးသွားလာတတ်တဲ့နေရာတွေရဲ့ လမ်းထောင့်တွေမှာ၊ ကားတွေအနီးနားမှာ၊ အလင်းဖျော့မီးတိုင်တွေအောက်မှာ အရှက်လုံရုံသာ ၀တ်စားထားတဲ့ အမျိုးသမီးတွေ အလျှိုအလျှို ပေါ်ထွက်လာတတ်ကြပါတယ်။

ဘရာဇီးလ်တွင် ကဗ္ဘာ့ဖလားပွဲ ကျင်းပရန် တစ်ပတ်သာ လိုတော့သည့်တိုင် ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားနေ


RangonNewsDaily: June . 7 .2014
ဘရာဇီးလ်နိုင်ငံတွင် ကဗ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပရန် တစ်ပတ်ခန့်သာ လိုတော့ချိန်တွင် သပိတ်မှောက် ဆန္ဒပြပွဲများ ပိုမိုဖြစ်ပွားလာကြောင်း တွေ့ရသည်။

တောင်ကိုရီးယား အောက်မေ့သတိရကျောက်တိုင် ဖွင့်လှစ်


RangonNewsDaily: June . 7 .2014
၁၉၈၃ ခုနှစ်က အာဇာနည်ဗိမာန်မှာ ဗုံးခွဲလုပ်ကြံခံခဲ့ရတဲ့ တောင်ကိုရီးယားအစိုးရအဖွဲ့ဝင် ၁၇ ဦးအတွက် အောက်မေ့သတိရဖွယ် ကျောက်တိုင်ကို ရန်ကုန်မြို့ အာဇာနည်ဗိမာန်အနီးမှာ ဒီနေ့ဖွင့်လှစ်ခဲ့ပါတယ်။ ဒီပွဲကို တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ယုန်ဗြောင်ဆီ တက်ရောက်ဖွင့်လှစ်ပါတယ်။

အသက်မပြည့်သေးသည့် မိန်းကလေးငယ်အား အမျိုးသား ငါးဦးက အဓမ္မပြုကျင့်ခဲ့ပြီး အဓိက တရားခံတိမ်းရှောင်နေ

RangonNewsDaily: June . 7 .2014
မိုးညိုမြို့နယ်၊ သာယာဝတီတိုက်နယ် ထိန်တော၊ အင်္ဂါရပ်ကွက်အတွင်းနေ အသက် ၁၂ နှစ်မပြည့်သေးသည့် မိန်းကလေး
ငယ်တစ်ဦးအား တစ်ရပ်ကွက်တည်းနေ လှိုင်ကြည်စိုး၊ ကိုပြူးကျယ်၊ မင်းဇော်ထွန်း၊ ဖိုးခက်၊ ကရင်တို့ ငါးဦးက ၂၀၁၃ ခုနှစ်အတွင်းအလိုမတူဘဲအကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့မှုကြောင့် အဒေါ်ဖြစ်သည့် မ၀င်းဝင်းအေးက ထိန်တောရဲစခန်း
တွင် ပုဒ်မ ၃၇၆ ဖြင့် တိုင်ချက်ဖွင့်ခဲ့သော်လည်း တရားခံ လေးဦးးကိုသာ ဖမ်းဆီးရမိပြီး အဓိကတရားခံဖြစ်သည့် လှိုင်ကြည်စိုးက ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်းလည်း သိရသည်။

ခြေဖဝါးနှင့် လက်ဖဝါးများတွင် ထူးဆန်းသော ဆူးတက်များထွက်လာသူ ညာခြေဖဝါးမှဆူးတက်များ ထပ်မံခွဲစိတ်ရန် နေပြည်တော်သို့ သွားရောက်မည်


RangonNewsDaily: June . 6 .2014
အသက်ရှစ်နှစ်အရွယ်တွင် အလွန် အမင်း ကိုယ်ပူတက်ပြီးနောက် ခြေဖဝါးနှစ် ဖက်နှင့် လက်ဖဝါးများတွင် နှင်းဆီဆူးကဲ့သို့ အသားတက်များ ထွက်ပေါ်သည့်ဝေဒနာ ခံ စားနေရသည့် အသက် ၂ဝ အရွယ် မခိုင်ခင် ဦးသည် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလအတွင်းက တောင်ကြီးမြို့ ထွန်းအထူးကုဆေးခန်းတွင် အထူးကုဆရာဝန်ကြီး ဒေါက်တာခင်အောင် ထွန်းနှင့် တွေ့ဆုံကုသမှုခံယူခဲ့သည်။