Pages

Saturday, May 31, 2014

Miss Asia Pacific World 2014 အလှမယ်အဖြစ် မြန်မာနိုင်ငံမှ မေမြတ်နိုး ရွေးချယ်ခံရ


RangonNewsDaily: May . 31 .2014
တောင်ကိုရီးယားနိုင်ငံမှာ ယှဉ်ပြိုင်တဲ့ Miss Asia Pacific World 2014 အလှမယ်အဖြစ် မြန်မာနိုင်ငံကိုယ်
စားပြု ယှဉ်ပြိုင်ခဲ့တဲ့ မေမြတ်နိုးက ရရှိသွားပါပြီ။

Sky Net ထံမှ အကျိုးအမြတ်ဝေစု တိုးတောင်းမည်ဟု ပြန်ကြားရေး ဝန်ကြီးဌာနဆို


RangonNewsDaily: May . 31 .2014
သုံးဆယ်သုံးနှစ်ကြာ ရုပ်သံထုတ်လွှင့်ခွင့် သဘောတူစာချုပ်တွင် အစိုးရ၏ အကျိုးအမြတ်ဝေစု နည်းလွန်းသည်ဟု ဝေဖန်ခံနေရသော ပြန်ကြားရေး ဝန်ကြီးဌာနက Sky Net (ရွှေသံလွင်မီဒီယာ ကုမ္ပဏီလီမိတက်) နှင့် ချုပ်ဆိုထားသော စာချုပ်ကို ပြန်ပြင်၍ အကျိုးအမြတ် ဝေစုကို ထပ်တိုး တောင်းခံမည် ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောကြားသည်။

အော်ရီဒူးနှင့် တယ်လီနောကို ယှဉ်ပြိုင်နိုင်ရန် မြန်မာ့ ဆက်သွယ်ရေး ပြည်ပ အကြံပေးများ ခေါ်မည်

RangonNewsDaily: May . 31 .2014
နိုင်ငံတကာအ တွေ့အကြုံနှင့် ဈေးကွက်ယှဉ်ပြိုင်မှု အတွေ့ အကြုံရရှိရန် ပြည်တွင်းပြည်ပ မှ အကြံပေးများ ခန့်အပ်သွား မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍ ပြုပြင်ပြောင်းလဲမှုအား အ ကောင် အထည်ဖော်ဆောင်ရွက်ရာ တွင် လိုအပ်သော ဆက်သွယ်ရေးဆိုင် ရာ Regulator အကြံဉာဏ်များပေး နိုင်ရန်အတွက် Regulator advisor ရာထူးများ အတွက် ခေါ် ယူခြင်းဖြစ် ကြောင်း သိရသည်။

ဒေါ်အောင်ဆန်း စုကြည် အမှု အယူခံပယ်ချခံရ

RangonNewsDaily: May . 31 .2014
ဒေါ်အောင်ဆန်း စုကြည်နှင့် ၎င်း၏ အစ်ကိုဖြစ်သူ ဦး အောင်ဆန်းဦးတို့၏ အမှုအား ပြည် ထောင်စုတရား လွှတ်တော်ချုပ်၌ မေ ၃ဝရက်က အပြီးသတ်စီရင်ချမှတ်ရာ တွင် ဒေါ်အောင်ဆန်းစုကြည်ဘက် မှ တက်သည့်အယူခံကို ပယ်ချခံခဲ့ရ သည်ဟု သိရှိရသည်။

ပုဒ်မ(၄၃၆) ပြင်ဆင်ရေးလက်မှတ်ရေးထိုးရန်အတွက် ၈၈ မျိုးဆက်များ ယုဇနပလာဇာတွင် လက်မှတ်ကောက်ခံ


RangonNewsDaily: May . 31 .2014
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၄၃၆)ပြင်ဆင်ရေးအတွက် အများပြည်သူလက်မှတ်ရေးထိုးနိုင်ရန် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းမှ ဦးဆောင်၍ ယုဇနပလာဇာတွင် မေ ၃၁ ရက်နေ့ နေ့လည် ၁၁နာရီမှ ညနေ ၃နာရီခွဲအထိ ပြည်သူ့ ဆန္ဒကောက်ယူခဲ့ကြောင်းသိရှိရသည်။

အများပြည်သူသို့ အသိပေး ပန်ကြားခြင်း

RangonNewsDaily: May . 31 .2014
၁။ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဓာတ်အား ခွဲရုံများနှင့် ဓာတ်အား လိုင်းများ ကြံ့ခိုင်မှု ရှိစေရန်၊ ဓာတ်လိုက်မှု အန္တရာ
ယ်မှ ကင်းဝေးစေရန်၊ ဓာတ်အား ပြတ်တောက်မှုများ လျော့နည်း စေရန်အတွက်ဓာတ်အားလိုင်းများနှင့်လွတ်သော
သစ်ပင်/သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း လုပ်ငန်းနှင့် ဓာတ်အား ခွဲရုံများ ထိန်းသိမ်း ပြုပြင်ခြင်း လုပ်ငန်းများကို
အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှ ဆောင်ရွက်လျက် ရှိပါသည်။

ဒဂုံဆိပ်ကမ်း မြို့နယ် ၆၇ ရပ်ကွက်ရှိ ကျူးကျော်အိမ်များ အာဏာပိုင် များအင်အား သုံးဖြိုခွဲ


RangonNewsDaily: May . 31 .2014
ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်း မြို့နယ် ၆၇ ရပ်ကွက်ရှိ ကျူးကျော်အိမ်များ အား ပြည်သူ့ရဲ နှင့်ဒေသ အာဏာပိုင် များအင်အား
သုံးဖြိုခွဲခဲ့သည်။

တစ်နေ့(၇)ဒေါ်လာ လုပ်ခအတွက် မိကျောင်းပါးစပ်ထဲ ခေါင်းထိုးထည့်သူများ


RangonNewsDaily: May . 31 .2014
ရှေ့တည့်တည့်တွင် ငြိမ်သက်နေသည့် မိကျောင်းကြီးကို မျက်ခြေမပြတ် သတိထားနေရသည်။ ၎င်း၏ မေးရိုးသာ တစ်ချက်မျှ လှုပ်ရှားလိုက်လျှင် မိမိအနေဖြင့် ဦးခေါင်းနှင့်ကိုယ် အိုးစားကွဲသွားမည်ကို ထိုသူအနေဖြင့် အသေအချာ သိထားပြီး ဖြစ်သည်။

မြစ်ကြီးနားမြို့ပေါ်တွင် ပြင်းအား ၅ ဒသမ ၉ အဆင့်ငလျင်လှုပ်

RangonNewsDaily: May . 31 .2014
၃၀.၅.၂၀၁၄့ နံနက် ၇ နာရီ ၅၁ မိနစ်က မြစ်ကြီးနားမြို့ပေါ်တွင် ပြင်းအား ၅ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း သတင်းရရှိသည်။အဆိုပါငလျင်ကြောင့် ဒေသတွင်းပျက်စီးဆုံးရှုံးမှုမရှိကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ လူမှုဌာနမှသတင်းရရှိပြီး လှုပ်ခတ်ချိန် ၁၅ စက္ကန့်နီးပါးကြာခဲ့ပြီး အဆောက်အအုံများ သိသိသာသာလှုပ်ခဲ့ ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ရဲအုပ်အောင်မျိုးနိုင်ကပြောသည်။

" ကျောင်းဝင်ခွင့် ငွေပေးရပါက ပညာရေးဝန်ကြီးဌာနသို့ တိုင်ကြားရန် နှိုးဆော် "


RangonNewsDaily: May . 31 .2014
ကျောင်းဝင်ခွင့်အတွက် ငွေပေးရမှုများရှိလာပါက ပေးခဲ့ရသူတို့ကိုယ်တိုင် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတို့အား
အသိပေးတိုင်ကြားကြရန် ဝန်ကြီးဌာနမှ နှိုးဆော်ထားသည်ဟု သိရသည်။

သုံးခွမြို့နယ်တွင် တီအီးကားတစ်စီးမှ ကျောင်းဆရာမ တစ်ဦးကို ကြိတ်မိပြီး မောင်းနှင်ထွက်ပြေး

RangonNewsDaily: May . 31 .2014
အောင်ဇေယျလမ်းအတိုင်း မောင်းနှင်လာသည့် တီအီးကုန်တင်ယာဉ်သည် အရှိန်လွန်ကာ ဆိုင်ကယ် တစ်စီးကို နောက်မှဝင်တိုက်ခဲ့သဖြင့် ဆိုင်ကယ်နောက်မှ ထိုင်စီးလာသူ အလယ်တန်းပြ ကျောင်းဆရာမ တစ်ဦးမှာ ကားကြိတ်သေဆုံးခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားမှာ ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု မေ ၂၈ ရက်၊ မွန်းလွဲ ၃နာရီဝန်းကျင်က သုံးခွမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ပြင်သစ်နိုင်ငံထုတ် PEUGENOT အမှတ်တံဆိပ်ကားများ ၂၀၁၄ ခုနှစ်ကုန်ပိုင်းတွင် ပြည်တွင်းသို့ ဝင်ရောက်လာမည်


RangonNewsDaily: May . 31 .2014
PEUGENOT အမှတ်တံဆိပ် ပြင်သစ်နိုင်ငံထုတ်ကားများ ပြည်တွင်းသို့ ၂၀၁၄ နှစ်ကုန်ပိုင်းတွင် ဝင်ရောက်လာမည်ဖြစ်ကြောင်း အဆိုပါ PEUGENOT နှင့် Super Seven Stars ကုမ္ပဏီတို့ တရားဝင်ကိုယ်စားလှယ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှ သိရသည်။

ထိုင်းရောက်မြန်မာများ ဗီဇာသက်တမ်းတိုးခ နှစ်ဆပေးနေရ

RangonNewsDaily: May . 31 .2014
ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် လေးနှစ်ဗီဇာသက်တမ်း ကုန်ဆုံးသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ ဗီဇာသက်တမ်းတိုးခ သတ်မှတ်ထားသည့် ဈေးနှုန်းထက် နှစ်ဆများနေသဖြင့် အလုပ်သမားများ နစ်နာမှု ရှိနေသည်ဟု ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌဦးအောင်ကျော်ကပြောသည်။

ပါးချိတ်ရောင် ရောဂါ


RangonNewsDaily: May . 30 .2014
ပါးချိတ်ရောင် ရောဂါသည် မန့် (Mumps) ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားရတဲ့ ရောဂါဖြစ်ပါတယ်။ အဲဒီရောဂါဟာ ဆောင်းတွင်း ကာလနဲ့ မိုးဦးကျ ကာလတွေမှာ အဓိကကူးစက် ဖြစ်ပွား တတ်ပါတယ်။

တံတောင်ဆစ် မဲမဲလေးတွေ ဖြူသွားအောင်


RangonNewsDaily: May . 30 .2014
သံပုရာသီး တစ်ခြမ်းကို ယူပြီး တံတောင်ဆစ်ကို ငါးမိနစ်ခန့် ပွတ်ပါ။ ၃-၄နာရီလောက် ထားပေးပါ။

လိပ်ခေါင်းရှိသူများ အလွယ်ကုသနည်း ရှစ်သွယ်


RangonNewsDaily: May . 30 .2014
လိပ်ခေါင်းကြောင့် နာကျင်မှု၊ ယားယံမှုနဲ့ ရောင်ရမ်းမှုတွေကို ခံစား နေရပါသလား။ လိပ်ခေါင်း ဝေဒနာတွေ သက်သာစေဖို့ အောက်ပါ လွယ်ကူတဲ့ ကုသနည်းတွေကို လိုက်နာပေးပါ။

ဘာသာကူးပြောင်းမှု ဥပဒေကြမ်း HRW ကန့်ကွက်


RangonNewsDaily: May . 30 .2014
မူဆလင်နဲ့အခြားလူနည်းစုဘာသာဝင်တွေ အပေါ်မှာ ဖိနှိပ် အကြမ်းဖက်မှုတွေကို အားပေးတဲ့ အဆိုပြုထားတဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းရေး ဆိုင်ရာဥပဒေမူကြမ်းကို မြန်မာလွှတ်တော်ကနေ လက်မခံဖို့ အမေရိကန် အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြပ်မှု အဖွဲ့က ကြေညာချက် ထုတ် တောင်းဆိုခဲ့ပါတယ်။