Pages

Thursday, May 22, 2014

လိမ္မော်ရောင်အဆင့် မုန်တိုင်းငယ် ရခိုင်ကမ်းရိုးတန်းသို့ ဦးတည်ပြီ

RangonNewsDaily: May . 22 .2014
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်လျက်
ရှိသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းသို့ ဦးတည်နေသည့် မုန်တိုင်းသတိပေးချက် လိမ္မောရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း မိုးလေဝ
သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန မေလ ၂၂ ရက်နေ့ ၄ နာရီခွဲ ထုတ်ပြန်ချက်
လိုက်သည်။

အင်းလျားလမ်းတွင် နေ့ခင်းကြောင်တောင် အငှားယာဉ်လုမောင်းပြေးသူ ယာဉ်ထိန်းရဲကို လက်သီးဖြင့်ထိုး


RangonNewsDaily: May . 22 .2014
ရန်ကုန်မြို့ အင်းလျား လမ်းတွင် မေလ ၂၁ ရက်က အငှားယာဉ်တစ်စီးအား အကြမ်း ဖက်လုယက်ပြီးနောက် ယာဉ် ထိန်းရဲကို လက်သီးဖြင့်ထိုးကြိတ် ခဲ့သည့်အမျိုးသားအား မြို့နယ် ရဲစခန်းနှစ်ခုတွင် အမှုသုံးမှုဖြင့် အမှုဖွင့် ဖမ်းဆီးချုပ်နှောင်
ထား ကြောင်း သက်ဆိုင်ရာ မြို့နယ် ရဲစခန်းများမှ သတင်းရရှိသည်။

ရန်ကုန်မြို့အတွင်း လူစည်ကားရာ နေရာများတွင် သင်္ကန်းဝတ်လူတစ်ဦးမှ အမျိုးသမီး များ ဖုန်းဟန်ဆက်ဖြင့် ဓာတ်ပုံချောင်းရိုက်မှုမျာူးပြုလုပ်နေ


RangonNewsDaily: May . 22 .2014
ရန်ကုန်မြို့လှည်းတန်းကမာရွတ်အနီးတဝိုက်တွင် အရပ် ၅ပေ ၇/၈ လက်မရှိ အသားညိုတုတ်တုတ် နှင့် မျက်နှာ ခပ်ပြည့်ပြည့် ဘုန်းကြီး သင်္ကန်းဝတ်လူတစ်ဦးမှာ အမျိုးသမီးငယ်များအား ဖုန်းဟမ်းဆက်ဖြင့်ဓာတ်ပုံလိုက်လံရိုက်ခြင်း ခန္ဓာကိုယ်အနောက်ပိုင်းပုံများအား ရိုက်ကူးခြင်း အပြင် အနောက်မှလိုက်လံကြည့်ရှုကာ မိန်းကလေးတို့အသွားအလာကိုစောင့်ကြည့်မှတ်သားခြင်းတို့ပြုလုပ်နေသည်ကိုတွေ့ရှိရပါသည် ။

မြန်မာနိုင်ငံသားတွေ လူ တဦး ငွေ ၂၀၀၀ ကျပ် ရှိယုံနဲ့ ဘ၀ ရပ်တည်နိုင် တယ်လို့ ပြောခဲ့တဲ့ ဒု သမ္မတ ဦးဥာဏ်ထွန်းစကား မြန်မာပြည်သူတွေကြား ပွက်လောရိုက်

RangonNewsDaily: May . 22 .2014
ဒုသမ္မတရဲ့ တနေ့ ၀င်ငွေ ကျပ် ၂ ထောင်နဲ့ ရပ်တည်လို့ရတယ်ဆိုတဲ့ စကားကတော့ အတော်ပွဲဆူနေပါပြီ။ ဒု သမ္မတ ဦးဥာဏ်ထွန်းက မြန်မာနိုင်ငံသားတွေအနေနဲ့ လူ တဦး ငွေ ၂၀၀၀ ကျပ် ရှိယုံနဲ့ ဘ၀ ရပ်တည်နိုင် တယ်လို့ ပြောခဲ့တာကို ပြည်တွင်း စာစောင်တခုမှာ ဖော်ပြခဲ့တာပါ။ ဒါကြောင့် အိမ်ရှင်မတွေ အပါအ၀င် အိမ်ထောင် ဦးစီးတွေက တနေ့တာ အသုံးစရိတ်တွေကို တွက်ပြကြပါတယ်။ 

နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း ဟိုးစ်မြို့တွင်ဗုံးနှစ်လုံးပေါက်ကွဲ အနည်းဆုံး လူ ၁၁၈ ဦးသေဆုံး


RangonNewsDaily: May . 22 .2014
မကြာသေးခင်က ကျောင်းသူ ၂၀၀ ကျော်ခန့်ကို ပြန်ပေးဆွဲမှု ဖြစ်ပွား ခဲ့သော နိုင်ဂျီရီးယားနိုင်ငံ အလယ်ပိုင်းရှိ ဟိုးစ်မြို့တွင် ဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၁၁၈ ဦး သေဆုံးသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အဝါရောင် အဆင့်ရှိ မုန်တိုင်းငယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကမ်းခြေဘက်သို့ ဦးတည် ရွေ့လျားနိုင်ခြင်းကြောင့် မြစ်ဝကျွန်းပေါ်ဒေသ မုန်တိုင်းအန္တရာယ် သတိပြုရန်လို

RangonNewsDaily: May . 22 .20144
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အဝါရောင် အဆင့်ရှိ မုန်တိုင်းငယ်သည် မေလ၂၁ ရက်နေ့မှ နောက် ၂ ရက်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် ကမ်းခြေဘက်သို့ ဦးတည် ရွေ့လျားနိုင်ခြင်းကြောင့် မြစ်ဝကျွန်းပေါ်ဒေသ အနေနှင့် အထူးသတိပြုရမည့် အခြေအနေ ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

ဘက္ထရီအိုး(၂)လုံးအား မသင်္ကာဖွယ်လိုက်လံရောင်းချနေသည်ကိုတွေ့ရှိသဖြင့်အရေး ယူစစ်ဆေးရာမှ မော်တော်ယာဉ်များမှ ဘက္ထရီအိုး ခိုးယူခဲ့မှုများပေါ်ပေါက်


RangonNewsDaily: May . 22 .2014
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များ
သည်
၁၇.၅.၂၀၁၄ရက်နေ့ ၀၇၀၀အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်လုံးပျံ ရပ်ကွက်၊ အထည်အဟောင်းဆိုင်
များအနီး၌ ခိုးမှုပြစ်ချက်ဟောင်းရှိသူ

ဂြိုလ်သားတွေရဲ့ UFO ယာဉ်တစီး ပျက်ကျတယ်လို့ ဒေသခံတွေပြော


RangonNewsDaily: May . 22 .2014
အာကာသထဲက ကျလာတဲ့ ပစ္စည်း ၃ ခုဟာ တရုတ်နိုင်ငံ၊ ဟိုင်လောင်ဂျန်း ခရိုင်က မြေပြင်ကို ရိုက်ခတ် ကာ ကြီးမားတဲ့ ပေါက်ကွဲ သံကြီး တခု ပြီးခဲ့တဲ့ သောကြာနေ့က ကြားခဲ့ရပြီး ရွာသားတွေက ဒါဟာ ဂြိုလ် သားတွေ စီးတဲ့ အမည်မသိယာဉ်ပျံ ( UFO ) ပျက်ကျခဲ့တာလို့ ပြောဆို ယူဆနေကြပါတယ်။

ဆင်ဆာမရှိတဲ့ ဦးခင်ညွန့်ပန်းချီပြခန်း


RangonNewsDaily: May . 22 .2014
ပန်းချီကားတွေကို ပြပွဲတင်မယ် ဆိုရင် ဌာနဆိုင်ရာရဲ့ စစ်ဆေးမှုကို ခံယူရပါတယ်။
အနုပညာအကြောင်း ပန်းချီအကြောင်း နားလည် မလည် မသေချာတဲ့ အရာရှိတွေက စစ်ဆေးအပြီး အဲဒီပန်းချီကား ဖြုတ် ဆိုတာမျိုးတွေကို ဗိုလ်ချုပ်ကြီးအေးချမ်းသာယာရေးတို့လက်ထက်မှာ ဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဂျာမနီအသင်း၌ ဂိုးသမား နျူအာနှင့် ဖိလစ်လမ်းတို့ ပါဝင် ကစားမည်


RangonNewsDaily: May . 22 .2014
ဒဏ်ရာ အနည်းငယ်စီ ရရှိထားသော ဘိုင်ယန်မြူးနစ် အသင်းမှ ဂိုးသမား မန်နျူရယ်လ်နျူအာနှင့် ဝါရင့် ကစားသမား တစ်ဦး ဖြစ်သူ ဖိလစ်လမ်းတို့သည်ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ဂျာမနီနိုင်ငံ ကိုယ်စားပြု အသင်း၌ ပါဝင် ကစားရန် အတွက် စိုးရိမ်ဖွယ် အခြေအနေ မရှိကြောင်း အသင်းဆရာဝန် Hans-Wilhelm Mueller-Wohlfahrt က မေ ၁၉ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ပုဂ္ဂိုလ်စွဲမရှိဘဲ မျှတစွာ ဒိုင်လုပ်နေဟု ဆုန်သင်းပါရ်ဆို


RangonNewsDaily: May . 22 .2014
အိမ်မက်ဆုံရာ Season 9 တွင်ဒိုင်အဖြစ် ဆောင်ရွက်နေသည့် အဆိုတော်ဆုန်သင်းပါရ် ကပြိုင်ပွဲဝင်များကို အမှတ်ပေးသည့် အခါတွင် ပုဂ္ဂိုလ်စွဲမရှိပဲ မျှတစွာ အမှတ်ပေးလျက် ရှိသည်ဟု မဇ္စျိမသို့ ပြောကြား လိုက်သည်။

CB ဘဏ်ကို ဦးအိုက်ထွန်း လျှို့ဝှက်ဝယ်ယူဆိုခြင်းမှာ မဟုတ်ကြောင်း တရားဝင်ရှင်း


RangonNewsDaily: May . 21 .2014
အများပိုင် ဘဏ်တစ်ခုဖြစ်သည့် သမဝါယမဘဏ် လီမိတက် (CB Bank) ကို ရွှေတောင် လုပ်ငန်းစုပိုင်ရှင် ဦးအိုက်ထွန်းက လျှို့ဝှက် ဝယ်ယူထားသည်ဟု အင်တာနက် စာမျက်နှာအချို့နှင့် အပတ်စဉ်ထုတ် စာစောင်တစ်ခုတွင် ဖော်ပြချက်မှာ မဟုတ်မှန်ကြောင်း သမဝါယမဘဏ်က တရားဝင် ရှင်းလင်းပြောကြားသည်။

နည်းပြသစ် ခန့်အပ်ခဲ့သည့် ဘာစီလိုနာအသင်း


RangonNewsDaily: May . 21 .2014
စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းဟာ လစ်လပ်နေတဲ့ နည်းပြရာထူးနေရာအတွက် အသင်းရဲ့ ကစားသမားဟောင်း " လူးဝစ်အန်းနရစ် " ကိုခန့်အပ်လိုက်ကြောင်း သတင်းရရှိပါတယ်။

မကွေးမြို့ ကလေးကစားကွင်းများရှိ အကြွေစေ့ဂိမ်းစက်များတွင် သိန်းရာချီ အရှုံးပေါ်သူများ ရှိလာ


RangonNewsDaily: May . 21 .2014
နိုင်ငံတော်သမ္မတကြီး၏ ၂၀၁၃ ခုနှစ်အတွက် အဖွံ့ဖြိုးဆုံးမြို့ဆု ပေးအပ်ခံခဲ့ရသည့် မကွေးမြို့ ကလေးကစားကွင်းသုံးခုရှိ အကြွေစေ့ဂိမ်းစက်များတွင် ရက်ပိုင်းအတွင်း သိန်းရာချီ အရှုံးပေါ်သူများရှိလာကြောင်း ကိုယ်တိုင်ကစားခဲ့သူများထံမှ သိရသည်။

လေဖိအားနည်းရပ်ဝန်း INVEST 92B အပြည်ပြည်ဆိုင်ရာအမည်ရ SYSTEM တစ်ခု ဖြစ်လုနီးအထိ အားကောင်းလာ


RangonNewsDaily: May . 21 .2014
လေဖိအားနည်းရပ်ဝန်း INVEST 92B သည် မေလ ၂၁ ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ ဗဟိုဖိအား 999 hPa အထိ ကျဆင်းသွားပြီး ဗဟိုလေတိုက်နှုန်းမှာလည်း 30 knots(34.5 mph) အထိ ရောက်ရှိလာသဖြင့် ပိုမိုအားကောင်းလာကြောင်း တွေ့ရပါသည်။

Man Unitedမန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြသစ် လူးဝစ် ဗန်ဂေါလ် ကစားသမားသစ်ဝယ်ယူရန် ပေါင်သန်း ၂၀၀ အသုံးပြုခွင့်ရ


RangonNewsDaily: May . 21 .2014
Man Unitedမန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းက နည်းပြသစ် လူးဝစ် ဗန်ဂေါလ်ဟာ တနှစ် လစာငွေ ပေါင် ၆ သန်း ရရှိမှာ ဖြစ်သလို အသင်းအတွက် ကစားသမား ၀ယ်ယူဖို့ ပေါင် သန်း ၂၀၀ အထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ကျောက်ဆည်မြို့နယ်တွင် ဖယောင်းတိုင်မီးမှ မီးလောင်မှုဖြစ်ပွား၊ ကလေးငယ်တစ်ဦး သေဆုံး


RangonNewsDaily: May . 21 .2014
ကျောက်ဆည်မြို့နယ်၊ တောင်နံသာရပ်ကွက်တွင် မေလ (၂၀) ရက် ည (၉း၂၇) နာရီတွင်ဖယောင်းတိုင်မီး ဆော့ရာ
 ခြင်ထောင်မီးစွဲမှုမှတဆင့် နေအိမ်မီးလောင်သောကြောင့် မချောစုလင်း အသက် (၆) နှစ်အရွယ် ကလေးတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း သိရှိရသည်။

စင်္ကာပူ မှ ရန်ကုန်သို့ ပျံသန်းလာတဲ့ စင်္ကာပူ လေကြောင်းလိုင်း ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်အရောက် ပြေူးလမ်းချော်မှုဖြစ်ပွား

RangonNewsDaily: May . 21 .2014
ယနေ့ နံနက် ကိုးနာရီ ဆယ့်ငါးမိနစ်အချိန်မှာ စင်္ကာပူ မှ ရန်ကုန်သို့ ပျံသန်းလာတဲ့ စင်္ကာပူ လေကြောင်းလိုင်း လေယာဉ် ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဆင်းသက် စဉ် ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့ပါတယ်။

ကျောင်းသားနှင့် လိင်တူဆက်ဆံသည်ဟု စွပ်စွဲခံရသည့် မူလတန်းကျောင်းအုပ် အလုပ်ထုတ်ခံရ

RangonNewsDaily: May . 21 .2014
စတုတ္ထတန်း ကျောင်းသားကလေးငယ်အား လိင်တူဆက်ဆံသည်ဟု စွပ်စွဲခံထားသော ပဲခူးတိုင်း၊ ပြည်မြို့ နယ်၊၀က်ထီးကန်မြို့၊ အမက(၁)ရွေကန်သာကျောင်းမှ လုပ်သက် ၂၂ နှစ်ရှိ မူလတန်းကျောင်းအုပ်ကြီးကို အလုပ်ထုတ်ပစ်လိုက်ပြီဖြစ်ကြောင်း ပြည်မြို့နယ် လက်ထောက်ပညာရေးမှူး ဦးနိုင်အောင်ထွန်းက မဇ်္ဈိမကို ပြောသည်။

NDF ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းကွယ်လွန်


RangonNewsDaily: May . 21 .2014
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)ခေါင်းဆောင် ဖြစ်သည့် ၁၉၉၀ခုနှစ်တွင် ကျောက်တန်းမြို့နယ်မှ ရွေးကောက်ပွဲဝင် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ
သန်းငြိမ်းသည် မေ ၂၁ ရက်နံနက်ပိုင်းက ကွယ်လွန်သွားခဲ့သည်ဟု NDFဥက္ကဌ ဦးခင်မောင်ဆွေက မဇ္ဈိမကို အတည်ပြုပြောဆိုခဲ့သည်။