Pages
Friday, April 25, 2014
ကျောက်စလစ်တင်နေသည့်ယာဉ် နောက်ပြန်လိမ့်ဆင်းပြီး ဆိုက်ကပ် ထားသောရေယာဉ်အား တိုက်မိသဖြင့် ရေယာဉ် ၀မ်းဗိုက်ပေါက်၍နစ်မြုပ်
RangonNewsDaily: April . 25 .2014
၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့ နေ့လည် ၃ နာရီ ၄၅ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ အောင်လံ-သရက်ကူးတို့ဇက်ဆိပ်တွင် ယာဉ်တစ်စီး ဧရာဝတီမြစ်အတွင်းလိမ့်ကျကြောင်း သတင်းအရ အောင်လံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။
ပျိုမေတို့ ချစ်တဲ့ကိုကို အနားမှာ မြဲစေဖို့
RangonNewsDaily: April . 25 .2014
ယောင်္ကျားတစ်ယောက်ကို ကိုယ့်အနားမှာအမြဲရှိနေဖို့ဘယ်လိုဆွဲဆောင်ထားရမလဲ......ယောင်္ကျားတွေကိုဆွဲဆောင်ထားနိုင်ဖို့ 
အတွက်ခြေခံအချက်တစ်ချက်ပဲလိုအပ်ပါတယ်...။အဲဒါသူတို့ရဲ့အတ္တကိုဖွံ့ ဖြိုးစည်ပင်လာအောင်ပြုစုပျိုးထောင်ပေးခြင်းပဲ။
ပြုစုပျိုးထောင်ပေးရမယ့်နည်းလမ်းအဖြာဖြာကတော့...............
ရထားစီးခရီးသည်အမျိုးသမီးကို ရထားဝန်ထမ်းမှ သားမယားအဖြစ် အဓမ္မပြုကျင့်
RangonNewsDaily: April . 25 .2014
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၌ ဧပြီလ ၁၇ ရက် နေ့ညပိုင်းက မီးရထားဝန်ထမ်းတစ်ဦးမှ မြန်အောင်မြို့နယ်၊ ရိုးဖျား ကျေးရွာမှ ကြံခင်းမှ ဟင်္သာတသို့ထွက်လာသော လော်ကယ်ရထား ဖြင့် စီးနင်းလိုက်ပါလာသည့် အမျိုးသမီးတစ်ဦးကို သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ဟင်္သာတရထားရဲစခန်းသို့ လာရောက် တိုင်ကြားထားကြောင်း အဆိုပါစခန်းမှစုံစမ်းသိရှိရသည်။
လုံခြုံရေး သဘောတူညီချက်အရ ဂျပန်ကို ကန် အကာကွယ်ပေးမည်
KOLATT(PBDN): April . 25 .2014
အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန်နိုင်ငံကြားစာချုပ်ထားတဲ့လုံခြုံရေး သဘောတူချက်အရ အရှေ့တရုတ်ပင်လယ်ထဲက ဂျပန်နဲ့ တရုတ်
ကြား သူပိုင်၊ ကိုယ်ပိုင် အငြင်းပွားနေကြတဲ့ကျွန်းစုတွေအပါအဝင်ဂျပန်ကိုအကာအကွယ်ပေးသွားမယ်ဆိုတာကိုအမေရိကန်သမ္မတ
Barack Obama က ထပ်ပြီး အာမခံပြောလိုက်ပါတယ်၊ ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ ဒီကနေ့ဆွေးနွေးခဲ့အပြီးမှာ ဂျပန်တို့ ခေါ်
သလို Senkaku ကျွန်းစုတွေကိုအကာအကွယ်ပေးဖို့ တာဝန်ရှိတယ်ဆိုတာကို သမ္မတအိုဘားမားက အခုလို သေသေချာချာ သုံး နှုန်း ပြောသွားခဲ့ပါတယ်၊
ဗိုလ်ချုပ်မှူးကြီးဟောင်း အငြိမ်းစားလစာ သမ္မတလစာ၏ ၂ ဆ ရှိ
RangonNewsDaily: April . 25 .2014
အနားယူသွားပြီဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၂၀၁၁ ခုနှစ် မတ်လကုန်က စပြိး ပင်စင်လစာအဖြစ် ၁ လ ကျပ် သိန်း ၁၀၀ ခံစားနေတဲ့အပြင် အငြိမ်းစားယူစဉ်ကာလက နိုင်ငံရေးဆုငွေအဖြစ် ကျပ် သိန်း ၂၃၀၀ ရရှိခဲ့တယ်လို့ ဆောင်းပါးရှင် အောင်ထွန်းလင်းက ဒီနေ့ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်မှာ ရေးသားဖော်ပြပါတယ်။
မြောက်ကိုရီးယား ရေယာဉ်များကို တောင်ကိုရီးယား ခြောက်လှန့်ပစ်ခတ်
RangonNewsDaily: April . 25 .2014
တောင်ကိုရီးယား ရေတပ်သည် ရေပိုင်နက် ကျူးကျော်လာသည့် မြောက်ကိုရီးယား ကင်းလှည့်ရေယာဉ် နှစ်စင်းကို ခြောက်လှန့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ တောင်ကိုရီးယား ရေတပ်၏ သင်္ဘောတစ်စင်းသည် နှစ်နိုင်ငံ နယ်နိမိတ် ရေပြင်အနီးကို ဘောင်ကျော်ချဉ်းကပ်လာသည့် မြောက်ကိုရီးယား ကမ်းခြေစောင့် သင်္ဘောများကို သတိပေး ပစ်ခတ်ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြု ပြောကြားခဲ့သည်။
အကယ်ဒမီလူမင်း ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌတာဝန်မှ အနားယူမည်
RangonNewsDaily: April . 25 .2014
၂၀၁၄-၂၀၂၅ ခုနှစ်အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပြန်လည်ရွေးချယ်မယ့် အမှုဆောင်နေရာမှာ ၀င်ရောက် အရွေးချယ်ခံတော့မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ဒီဗွီဘီကို ပြောဆိုပါတယ်။
၄၈ လမ်း မီးလောင်မှုတွင် ထောင် ၈ နှစ်ချခံရသည့် ဆရာ ၂ ဦးမှာ တိုက်ရိုက်ကျူးလွန်မှု မရှိသလို ပြစ်မှု ကျူးလွန်ခြင်းလည်း မရှိဟု အမှုလိုက်ရှေ့နေပြော
RangonNewsDaily: April . 25 .2014
ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၈-လမ်းရှိ (ဆွာဒီကီယာ)အစ္စလာမ်ဘာသာရေး စာသင်ကျောင်းတွင် ၂၀၁၃-ခု ဧပြီလ ၂-ရက်နေ မနက်ပိုင်းက မီးလောင်ကျွမ်း၍ ကလေးငယ်များ သေဆုံးခဲ့မှုတွင် စာသင်ကျောင်းမှ ဆရာ ၂-ဦးအား တရားခံအဖြစ် ဖမ်းဆီးထားရာမှ ယနေ့တွင် ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရပါတယ်။
ဖိလစ်ပိုင်မှာ ရေကူးဝတ်စုံဖြင့်ဓာတ်ပုံရိုက်ကူးတဲ့ အလှမယ်ဂျူးစံသာ အလှမယ်မေမြတ်နိုး
RangonNewsDaily: April . 25 .2014
International Pageant Training သင်တန်းတက်ရောက်ဖို့ Miss Asia Pacific World Myanmar 2014 မေမြတ်နိုးနဲ့ Miss Globe Myanmar 2014 ဂျူးစံသာတို့ဟာ မတ် လ ၂၉ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံကို သွားရောက်ခဲ့ကြပါ တယ်။ သူတို့နဲ့အတူ National Director ဖြစ်သူ မလှနုထွန်းနဲ့ Official Photographer ကိုဖြိုးပိုင်ဦးတို့ လိုက်ပါသွားခဲ့ ကြပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် ကစားသမားများပုံပါသည့် စတစ်ကာပေါင်း သုံးသိန်းခန့် ဘရာဇီးတွင် အခိုးခံရ
RangonNewsDaily: April . 25 .2014
၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံကျင်းပမည့် ဘရာဇီးနိုင်ငံရှိ ရီယိုဒီဂျနေးရိုးမြို့တွင် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ကစား သမားများပုံပါဝင်သည့် စတစ်ကာပေါင်း သုံးသိန်းခန့်မှာ လှည့်လည်ပို့ဆောင်နေစဉ်အတွင်း ခိုးယူခံခဲ့ရကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။
ရန်ကုန် ၂၆ လမ်းတွင် ၂၄.၄.၂၀၁၄့ နေ့လည်ပိုင်းက မီးလောင်မှုဖြစ်ပွား
RangonNewsDaily: April . 25 .2014
မှသိရသည်။
မွန်ပြည်နယ် သထုံမြို့မှ ကရင်ပြည်နယ် ဖားအံမြို့သို့ သွယ်တန်းထားသည့် ပင်မဓါတ်အားလိုင်းကြိုး သွယ်တန်းမှုကြောင့် ဒေသခံများ လျှပ်စစ်အန္တရာယ် စိုးရိမ်နေ
RangonNewsDaily: April . 25 .2014
ဖားအံမြို့နယ် ဖားကပ်ကျေးရွာအုပ်စု ရေတွင်းကုန်း ရွာနှင့် နတ်ကုန်းရွာများကို ဖြတ်သန်းသွယ်တန်းထားသည့် ပင်မလျှပ်စစ် ဓာတ်
အားလိုင်းကြိုးမှာ အလွန်နိမ့်ကျလျှက်ရှိသဖြင့် လျှပ်စစ်အန္တရာယ်ကို ဒေသခံရွာသားများက စိုးရိမ်နေကြသည်။
ဖားကန့်တွင် မြေစာပုံပြိုကျရာ ရေချိုးနေသော မောင်နှမသုံးဦးသေဆုံး
RangonNewsDaily: April . 25 .2014
ဖားကန့်မြို့နယ်တွင် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတစ်ခုက စုပုံထားသည့် ပေ ၃၀၀ ခန့် အမြင့်ရှိ မြေစာပုံပြိုကျမှုကြောင့် အနီး
ရှိရေကန်တွင် ရေချိုးနေသည့် မောင်နှမသုံးဦး ရေနစ်မြုပ် သေဆုံးသွားကြောင်း ဖားကန့်မြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။
မောင်နှ
မသုံးဦးရေချိုးနေစဉ် အနီးရှိမြေစာပုံ ပြိုကျခဲ့ရာမှ ရေကန်အတွင်း ၁၅ ပေ မြင့်သော လှိုင်းလုံးများဖြစ်ပေါ်ခဲ့ပြီး တက္ကသိုလ်
ဝင်တန်းနှင့် အဋ္ဌမတန်းကျောင်းသူ နှစ်ဦးနှင့် လေးနှစ်အရွယ် ကလေးငယ်တစ်ဦးအပါအ၀င် မောင်နှမသုံးဦး သေဆုံးသွားခဲ့သည်။
နေအိမ်အတွင်း အိပ်ပျော်နေစဉ် ဆင်းနင်းခံရ၍ နှစ်ဦးသေဆုံး
RangonNewsDaily: April . 25 .2014
စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ နန်းစလိန်ကျေးရွာနှင့် မန်ဖာလေးကျေးရွာတို့တွင် ယခုလ ၂၄ ရက် နံနက် ၄ နာရီအချိန်က ဆင်းတစ်ကောင်က အစွယ်ဖြင့်ထိုးကာ နင်းခဲ့သည့်အတွက် လူနှစ်ဦးသေဆုံးခဲ့သည်ဟု ကလေးဝမြို့နယ် သစ်တောဦးစီးမှူးရုံးက ရုံးဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။