Pages

Saturday, April 19, 2014

အရေးကြောင်းထင်ခြင်း ကင်းဝေးဖို့ အတွက် အလွယ်နည်းများ


RangonNewsDaily: April . 19 .2014
အရေးကြောင်းတွေ ထင်လာတာကြောင့် စိတ်ညစ်နေသူတွေ အတွက် မီးဖိုချောင်သုံး ပစ္စည်းတွေနဲ့ မိမိဘာသာ အိမ်တွင်း ပြုပြင်နိုင်
မယ့် အလွယ်နည်းတွေကို ဖော်ပြလိုက်ပါတယ်။

ဖမ်းဆီးထားသော သတင်းသမားများ ပြန်လွှတ်ရေး ပြည်မြို့တွင် ဆန္ဒပြရန်စီစဉ်


RangonNewsDaily: April . 19 .2014
ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)မှ သတင်းထောက်ကိုဇော်ဖေနှင့် ယူနတီဂျာနယ်မှ သတင်းသမား(၃)ဦး ပြန်လွှတ်ပေးရေးနှင့် ဌာနဆိုင်ရာရုံးများတွင် လွတ်လပ်စွာ သတင်းယူခွင့် ရရှိရေးအတွက် ပဲခူးတိုင်း ပြည်မြို့တွင် သတင်းသမားများ စုပေါင်းကာ ဧပြီလ(၂၅)ရက်၌ ဆန္ဒဖော်ထုတ်သွားမည်ဟု ပြည်မြို့ (DVB) သတင်းထောက် ကိုသန်းထိုက်က မဇ္ဈိမကို ပြောသည်။

တောင်ပြာတန်းယာဉ်လိုင်းမှ ခရီးသည်များအတွက် အာမခံကြေးရရန် ဆောင်ရွက်ပေးမည်ဟုဆို

RangonNewsDaily: April . 19 .2014
တောင်ပြာတန်းယဉ်လိုင်းမှ ယာဉ်တိုက်မှုတွင်ထိခိုက်ခဲ့သည် ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများအတွက် အသက်အာမခံကြေး ရရှိရန် တောင်ပြာတန်း ယာဉ်လိုင်းက ဆောင်ရွက်ပေးမည်ဟု တောင်ကြီးမြို့ရှိ တောင်ပြာတန်း ကားဂိတ်မှ တာဝန်ခံ ဒေါ်ချိုက မဇ္ဈိမကို ပြောသည်။"ကားက အစိုးရမှာ အမခံကြေးသွင်းထားပါတယ်။ ခရီးသည်တွေအတွက်ကိုလည်း အသက်အမခံကြေး သွင်းထားတယ် အခုဟာရုံးတွေကပိတ်ထားတယ်။ ရုံးဖွင့်ရက်ကျမှ လိုက်လုပ်ရမယ်"ဟု ဒေါ်ချိုက ပြောသည်။

ဧ၀ရတ်တောင်တက်မည့် မြန်မာအဖွဲ့ တောင်ခြေရောက်သည့်နေတွင် ရေခဲတောင်ပြိုကျမှုကြောင့် တောင်တက်သမား ၁၈ ဦး သေဆုံး

RangonNewsDaily: April . 19 .2014
နီပေါနိုင်ငံရှိ ဧ၀ရတ်တောင်သို့ မြန်မာနိုင်ငံမှ တောင်တက်အဖွဲ့ ပထမအကြိမ် တက်ရောက်ရန် တောင်ခြေသို့ ရောက်ရှိသည့်နေ့(ဧပြီ ၁၈ရက်)၌ပင် ရာသီဥတုအခြေအနေအရ ရေခဲတောင်ပြိုကျမှုကြောင့် တောင်တက်နေသည့် နိုင်ငံခြားသားလမ်းပြ ၁၈ ဦး သေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံ တောင်တက်အဖွဲ့၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။
မြန်မာတောင်တက်အဖွဲ့သည် ဧဝရတ်တောင်သို့ တက်ရန် ပြင်ဆင်နေဆဲ ဖြစ်ပြီး တောင်ပြိုကျမှုသည် အမြင့်ပေ ၁၉,၀၀၀တွင် ရှိသော တောင်ထွတ် တစ်နေရာတွင်ဖြစ်သည်။ သေဆုံးသွားသူများမှာ နီပေါလမ်းပြ ၆ ဦး အပါအ၀င် နိုင်ငံခြားတောင်တက်သမားတို့ စုစုပေါင်း ၁၈ ဦးတို့ ဖြစ်သည်ဟု ဆိုသည်။

မန္တလေးဝန်ကြီးချုပ်အိမ် မီးလောင်နေ

RangonNewsDaily: April . 19 .2014
မန္တလေး၊ မဇ္ဈိမ။ ။ မန္တလေးမြို့ ၆၅ထောင့် ၂၄လမ်းပေါ်ရှိ မန္တလေးလွှတ်တော်ရုံးအတွင်းရှိ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်၏ အိမ် ဧပြီလ ၁၉ရက် ည၈နာရီခွဲခန့်တွင် မီးစတင်လောင်ကျွမ်းနေသည်။ မီးလောင်သည့် နေရာသို့ မန္တလေးမြို့ရှိ မီးသတ်ကားအများအပြား ရောက်ရှိနေပြီး ည ၈နာရီ ၅၇မိနစ်အထိ မီးမငြိမ်းသေးပေ။