Pages

Thursday, April 17, 2014

ရခိုင် ပဋိပက္ခ ရေးသားသည့် Reuters သတင်းထောက်များ ပူလစ်ဇာဆုရ

RangonNewsDaily: April . 17 .2014
ရခိုင်ပြည်နယ်ပဋိပက္ခတွေနဲ့ ရိုဟင်ဂျာ ( ဘင်္ဂါလီ) မွတ်စလင် လူနည်းစုတွေအကြောင်း သတင်း ရေးသားတင်ပြခဲ့တဲ့ Reuters သတင်းဌာနမှ Jason Szep နဲ့ Andrew R.C. Marshall တို့နှစ်ဦးကို ၂၀၁၄ ခုနှစ်အတွက် ပူလစ်ဇာဆု ချီးမြှင့် လိုက်ပါတယ်။
သူတို့ နှစ်ဦးရဲ့ သတင်းတွေဟာ မြန်မာနိုင်ငံမှာဆိုရင် အကျဉ်းကျနိုင်တဲ့ ရေးသားတင်ပြချက်တွေဖြစ်ပြီး၊ သတင်းပို့မှု တွေဟာလည်း ထူးချွန်ပြတ်သားရဲရင့်မှုတွေ ရှိတဲ့အတွက် အခုလို ဆုချီးမြှင့်တာဖြစ်တယ်လို့ ဆုရွေးချယ်ရေး အဖွဲ့က ဆိုပါတယ်။

မြန်မာ့ နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ ရွှေတိဂုံ ဘုရားတွင် ဘုရားဖူးများဖြင့်စည်ကား


RangonNewsDaily: April . 17 .2014
မြန်မာ့ နှစ်သစ်ကူးနေ့ ဖြစ်တဲ့ နှစ်ဆန်းတစ်ရက်နေ့ ဒီန့ မနက်က ရွှေတိဂုံဘုရားမှာ လာရောက်ပြီး ဆုတောင်းကြသူများ၊ ဘုရားဖူးသူများ အထူးစည်ကားနေတာကို တွေ့ရပါတယ်။

လူ ၄၅၉ ဦး လိုက်ပါခဲ့သော တောင်ကိုရီးယားကူးတို့သင်္ဘောနစ်မြုပ်မှုကြောင့်သင်္ဘောတွင်လိုက်ပါသွားသူများရဲ့မိသားစုဝင်များ အမျက်ဒေါသထွက်လျှက်ရှိ


RangonNewsDaily: April . 17 .2014
လူ ၄၅၉ ဦး လိုက်ပါခဲ့သော တောင်ကိုရီးယားကူးတို့သင်္ဘော တစ်စင်းသည် ဧပြီ ၁၆ ရက်က နစ်မြုပ်ခဲ့ပြီးနောက် လေးဦး သေဆုံး
ခဲ့ပြီး ၃၀၀ နီးပါး ပျောက်ဆုံးနေကြောင်း တောင်ကိုရီးယားတာဝန်ရှိသူများက ပြောကြားခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည် ဂျာမနီနှင့်ပြင်သစ် ခရီးစဉ်မှ ပြန်လည်ရောက်ရှိ.


RangonNewsDaily: April . 17 .2014
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၉ ရက်နေ့က ဂျာမနီနဲ့ ပြင်သစ်နိုင်ငံကို ထွက်ခွါသွားခဲရာက ဒီနေ့ မနက်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။

သင်္ကြန်ကာလအတွင်း ကချင်ပြည်နယ်၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ရေးတင်းမာမှု ဆက်လက်ဖြစ်ပေါ်

(တိုက်ပွဲဖြစ်ပွားနေသော KIA တပ်မဟာ -၃ နယ်မြေအတွင်း စစ်ပြင်ဆင်မှု ပြုလုပ်နေစဉ် (ဓာတ်ပုံ-ဂျွန်စံလင်း))
RangonNewsDaily: April . 17 .2014
ပြီးခဲ့သည့် ဧပြီ ၁၀ ရက်မှ စတင်ကာ သင်္ကြန်ကာလတစ်လျှောက် ကချင်ပြည်နယ်အတွင်း အစိုးရတပ်များနှင့်ကချင်လွတ်မြောက်ရေး
တပ်မတော် (KIA) တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ရေးတင်းမာမှု ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရသည်။

လူ ၄၅၉ ဦး လိုက်ပါသော တောင်ကိုရီးယား ကူးတို့သင်္ဘော နစ်မြုပ်ရာ လေးဦးသေဆုံးပြီး ၃၀၀ နီးပါးပျောက်ဆုံးနေ

(ဧပြီ ၁၆ ရက်က နစ်မြုပ်နေသည့် တောင်ကိုရီးယား ကူးတို့သင်္ဘောထက်၌ ရဟတ်ယာဉ်များ ပျံဝဲနေသည်ကို တွေ့မြင်ရစဉ်)
RangonNewsDaily: April . 17 .2014
လူ ၄၅၉ ဦး လိုက်ပါခဲ့သော တောင်ကိုရီးယားကူးတို့သင်္ဘော တစ်စင်းသည် ဧပြီ ၁၆ ရက်က နစ်မြုပ်ခဲ့ပြီးနောက် လေးဦး သေဆုံးခဲ့ပြီး ၃၀၀ နီးပါး ပျောက်ဆုံးနေကြောင်း တောင်ကိုရီးယားတာဝန်ရှိသူများက ပြောကြားခဲ့သည်။ သင်္ဘောတွင် လိုက်ပါလာသူ အများစုမှာ အပန်းဖြေခရီးထွက်လာသည့် အထက်တန်းကျောင်းသားများ ဖြစ်ကြကြောင်း သိရသည်။

ဘေးလ်၏ နောက်ကျသွင်းဂိုးဖြင့် စပိန်ဘုရင့်ဖလားကို ရီးရဲလ် သိမ်းပိုက်


RangonNewsDaily: April . 17 .2014
ရီးရဲလ်သည် ယခုနှစ် စပိန်ပြည်တွင်းပြိုင်ပွဲများတွင် ပထမဆုံး ဆုဖလားကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်

ရန်ကုန်မြို့တော်ဝန် သင်္ကြန်မဏ္ဍပ်ပိတ်ပွဲ အခမ်းအနားမြင်ကွင်း


RangonNewsDaily: April . 17 .2014
ရန်ကုန်မြို့တော်ဝန် သင်္ကြန်မဏ္ဍပ်ပိတ်ပွဲ အခမ်းအနားရန်ကုန်မြို့တော်ခန်းမရှေ့တွင်၁၆.၄.၂၀၁၄ညနေပိုင်း
က ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တက္ကသိုလ် ကျောင်းသားများ (တကသ) မှ ရန်ကုန်မြို့တွင်း သံချပ်ဖြင့် လှည့်လည်ဖျော်ဖြေ


RangonNewsDaily: April . 17 .2014
မြန်မာ့ရိုးရာမဟာသင်္ကြန်အတတ်နေ့ည၈း၀၀ခန့် မြန်မာနိုင်ငံလုံးဆိုင်ရာ တက္ကသိုလ် ကျောင်းသားများ(တကသ) မှ မင်္ဂလာတောင်
ညွန့်မြို့နယ် NLD အဖွဲ့ရဲ့ သံချပ်များနှင့် ဖျော်ဖြေမှုအပြီးတွင် မြန်မာ့ရိုးရာသံချပ်များဖြင့်ဖျော်ဖြေခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မင်္ဂလာတောင်ညွန့်မြို့နယ် NLD အဖွဲ့မှ ရန်ကုန်မြို့ တွင်း သံချပ်ဖြင့် လှည့်လည်ဖျော်ဖြေ


RangonNewsDaily: April . 17 .2014
မြန်မာ့ရိုးရာမဟာသင်္ကြန်အတတ်နေ့ ည၈း၀၀ ခန့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မင်္ဂလာတောင်ညွန့်မြို့နယ် NLD အဖွဲ့မှ ရန်ကုန်မြို့ အနော်ရထားလမ်း၊ လမ်း ၃၀ တွင် မြန်မာ့ရိုးရာသံချပ်များဖြင့်ဖျော်ဖြေခဲ့ကြသည်။

ဒလတွင် ရန်ဖြစ်ရာမှ ဓါးထိုးမှုဖြစ်ပွား၊ ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

RangonNewsDaily: April . 17 .2014
ယနေ့ညနေ၌ ဒလမြို့နယ်တွင် ညနေ၄နာရီခန့် မှ ဘောလုံး ကန်နေသူများ၏ ဘောလုံး လူနေအိမ်အတွင်း ကျရောက်သွားရာမှ ထိ
ခိုက်မှုကြောင့် စကားများ ခိုက်ရန်ဖြစ်ပွားခဲ့ကြသည်။ ဘောလုံးကန်သွင်းလိုက်သူ၏ ဓါးဖြင့်တိုက်ခိုက်မှုကြောင့် အဆိုပါနေအိမ်မှအမျိုး
သမီး တစ်ဦး ဓါးဒဏ်ရာကြောင့် သေဆုံးသွားကြောင်း သိရပါသည်။ အခြားအမျိုးသမီးတစ်ဦးမှာ လည်း ဒဏ်ရာပြင်းထန်ကြောင်း သိရှိရပါသည်။ 

ရန်ကုန် မဟာသင်္ကြန် အတတ်နေ့ မြင်ကွင်းများ


RangonNewsDaily: April . 17 .2014
ရန်ကုန် မဟာသင်္ကြန် အတတ်နေ့ မြင်ကွင်းများကိုစုစည်းဖော်ပြပေးလိုက်ပါတယ်ဗျာ။

မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းသူများရဲ့ သင်္ကြန်


RangonNewsDaily: April . 17 .2014
မြန်မာ ဘောလုံးအဖွဲ့ချုပ်ရဲ့ စာမျက်နှာမှာ ဖော်ပြထားတာကို ကဖေး ပရိသတ်များအတွက် ပြန်လည် မျှဝေပေးတာ ဖြစ်ပါတယ်။

မဟာသင်္ကြန်အတတ်နေ့ မန္တလေးမြို့မြင့်ကွင်းများ


RangonNewsDaily: April . 16 .2014
မြန်မာ့ရိုးရာမဟာသင်္ကြန်အတတ်နေ့ မန္တလေးမြို့တွင် ပြည်သူများ ပျော်ရွင်စွာရေကစားကြပုံများကိုစုစည်း
တင်ပြပေးလိုက်ပါတယ်ခင်ဗျာ။