Pages

Thursday, April 10, 2014

ရာသီဥတုပူပြင်းချိန်တွင် သေဆုံးမှုပိုမြင့်နိုင်၍ သင်္ကြန်လည်သူများ သတိထား

သင်္ကြန်ရေကစားနေရင်း ဘီယာသောက်သုံးနေသူအချို့ ဓာတ်ပုံ− ဂျေမောင်မောင်(အမရပူရ)
RangonNewsDaily: April . 10 .2014
ရာသီဥတုပူပြင်းချိန်တွင် အရက်သောက်သုံးမှုသည် အ သက်သေဆုံးမှု ပိုမိုဖြစ်ပွားနိုင် သောကြောင့် သင်္ကြန်ကာလတွင် အရက်သေစာသောက်သုံး၍ ရေ ကစားသူများအနေဖြင့် အထူးသ တိထားရန် လိုအပ်သည်ဟု ကျန်း မာရေးဆိုင်ရာ ပညာရှင်များက သတိပေးပြောကြားသည်။

သရုပ်ဆောင်အမျိုးသမီးသစ်နှင့် လေဆာဝေါကုမ္ပဏီ အပြန်အလှန်တရားစွဲရန် ပြင်

RangonNewsDaily: April . 10 .2014
ရဲစခန်း၌ ဖမ်းဆီးချုပ်နှောင်ကာ ဆေးရုံခုတင်ပေါ်တွင် လက်ထိတ်တန်းလန်းဖြင့် သံကြိုးချည်ခံခဲ့ရသူ သရုပ်ဆောင်အမျိုးသမီးသစ်မှာ ပြန်လည်လွတ်မြောက်သွားပြီဖြစ်ပြီး နှစ်ဖက်အပြန်အလှန် တရားစွဲရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
ရိုက်ကူးခြင်းမပြုရသေးသည့် ရုပ်သံဇာတ်လမ်းတွဲဇာတ်ညွှန်းမိတ္တူအပိုင်းအစပျောက်ဆုံးမှုဖြင့် ခိုးယူမှု ပုဒ်မ ၃၈၁ ဖြင့် အမှု ဖွင့်ခံခဲ့ရသည့် သရုပ်ဆောင်မဆုဆုအောင်သည် မတ်လ ၁၆ ရက်မှ ၂၈ ရက်အထိ ၁၃ ရက်ကြာ ဖမ်း ဆီးချုပ်နှောင်ခံခဲ့ရပြီးနောက် ခိုးမှုမမြောက်သောကြောင့် တရားရှင်လွတ်မြောက်လာသည်။

အမေရိကန်သမ္မတအိုဘားမား၏ ဒုတိယမြောက် မြန်မာခရီးစဉ်၌ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံမည်


RangonNewsDaily: April . 10 .2014
လာမည့်နိုဝင်ဘာလတွင် အမေရိကန်သမ္မတအိုဘားမားသည် မြန်မာနိုင်ငံသို့ဒုတိယအကြိမ်လာရောက်ကာ အာဆီယံထိပ်သီးညီလာခံသို့ တက်ရောက်ပြီးအစိုးရထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် တွေ့ဆုံမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးထံမှ သိရှိရသည်။

ပျောက်ဆုံးမလေးရှားလေယာဉ် ရှာတွေ့ဖို့ အလားအလာကောင်း


RangonNewsDaily: April . 10 .2014
အိန္ဒိယသမုဒ္ဒရာထဲမှာ ရှာဖွေနေကြတဲ့ ပျောက်ဆုံးမလေးလေယာဉ်ကနေ ထုတ်လွှတ်တဲ့ အသံလို့ ယူဆရတဲ့ အချက်ပေးမှုကို သမုဒ္ဒရာကြမ်းပြင်အောက် အတော်နက်နက်ကနေ ထပ်ပြီး ကြားနေရတာမို့ လေယာဉ်ကို မကြာခင်မှာပဲ တွေ့နိုင်တဲ့ အလားအလာ ရှိလာနေပြီလို့ ရှာဖွေရေးအဖွဲ့ အကြီးအကဲ Angus Houston က ပြောကြားလိုက်ပါတယ်။

ယူကရိန်းအရှေ့ပိုင်းအရေး ၄၈ နာရီအတွင်း ဖြစ်တဲ့ နည်းနဲ့ ဖြေရှင်းမည်


RangonNewsDaily: April . 10 .2014
ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားလိုလားသူတွေ သိမ်းပိုက်ထားတဲ့ အစိုးရအဆောက်အဦးတွေကို စေ့စပ်ဆွေးနွေးမှုတွေနဲ့ပဲဖြစ်ဖြစ် အင်အားသုံးပြီးပဲဖြစ်ဖြစ် သောကြာနေ့မှာ နောက်ဆုံး ထားပြီး ဖြေရှင်းမယ့်အကြောင်း ယူကရိန်းအစိုးရက သတိပေးလိုက်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများကြောင့် နမ့်ခမ်းနှင့် တရုတ်နယ်စပ်သို့ ရွာသားများ ထွက်ပြေးတိမ်းရှောင်


RangonNewsDaily: April . 10 .2014
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ပေါ်နဲ့ တရုတ်နယ်စပ်ဘက်မှာ တိုက်ပွဲများကြောင့် ကချင်ပြည်နယ်က ရာနဲ့ချီတဲ့ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ နမ့်ခမ်း ကျားဖြူ ပါတီဥက္ကဋ္ဌ ဦးစိုင်းဆိုင်ဝမ်းက ဒီဗွီဘီကို ပြောပါတယ်။

ထောင် ၆ နှစ် ချခံခဲ့ရသည့် သရုပ်ဆောင် ရဲတိုက်အတွက် အယူခံဝင်မည်

RangonNewsDaily: April . 10 .2014
ဆေးခြောက်လက်ဝယ်တွေ့ရှိမှုဖြင့် ထောက်ဒဏ်ခြောက်နှစ်ချခံရသော သရုပ်ဆောင်ရဲတိုက်၏ အမှုအား အယူခံဝင်သွားမည်ဟု ဒါရိုက်တာ ရီဇော်က ပြောသည်။“သူ့အမှုကို ကျောက်တံခါးမြို့နယ် တရားသူကြီးနဲ့အမှုစစ်တာ ၁၀ လ လောက်ကြာတယ်။ ပြီးတော့ တရား သူကြီးတစ်ယောက်ပြောင်းသွား တယ်။ ဧပြီ ၂ရက်နေ့မှာ ရုံးချိန်းမှာ ဘာပြောလဲဆိုတော့ အခုမှ အမှုတွဲက သူ့လက်ထဲရောက်တာတဲ့။ အဲ့တော့ အမှုကို ၇ ရက်နေ့ပြန်ချိန်းလိုက် တယ်။ လေးငါးရက်တော့ အမှုကို စစ်ကြည့်မယ်ပေါ့။

ရုပ်ရှင်သရုပ်ဆောင် ဆုပန်ထွာ စေ့စပ်ချိန်တွင် မယားကြီးက ကြေညာချက် ထုတ်


RangonNewsDaily: April . 10 .2014
ရုပ်ရှင်သရုပ်ဆောင် ဆုပန်ထွာ စေ့စပ်ကြောင်လမ်းမှုယနေ့ပြုလုပ်ခဲ့ကြောင့် Facebook တွင် ဓာတ်ပုံများဝေေ၀ဆာဆာ ထွက်လာချိန် တွင် မဆုပန်ထွာ လက်ထပ်ထိမ်းမြားခဲ့သော မယားကြီးက ကြေညာချက် ကိုယနေ့ နေ့စွဲဖြင့်ထုတ်လိုက်ကြောင်း
သတင်းရရှိပါသည်။

သင်္ကြန်မဏ္ဍပ် များတွင် တစ်နေ့ မိုင်း ၂ ကြိမ်ရှင်းမည်


RangonNewsDaily: April . 10 .2014
သင်္ကြန်မဏ္ဍပ် များ လုံခြုံရေး အတွက် မဏ္ဍပ် ပတ်ဝန်းကျင် များကို တစ်နေ့ လျှင် (၂) ကြိမ် မိုင်းရှင်း လင်းမှု ပြုလုပ် သွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်း ဒေသကြီး နယ်စပ် ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး တင်းဝင်း က ပြောသည်။

လာမည့် ဧပြီ (17)ရက်နေ့တွင် ဘာစီလိုနာနှင့် ယှဉ်ပြိုင်ကြမည့် စပိန်ဘုရင့် ဖလားဖိုင်နယ် ပွဲအား စီရော်နယ်ဒို လွဲချော်ဖွယ်ရှိ


RangonNewsDaily: April . 10 .2014
ချန်ပီယံလိဒ် ကွာတားဖိုင်နယ် ပထမ အကျော့အဖြစ် ဒေါ့မွန်အသင်း အား (3-0) ဖြင့်အနိုင် ရရှိခဲ့သည့် ပွဲတွင် ဒူးကောက်ကြော ဒဏ်ရာ ရရှိသွားခဲ့သည့် စီရော်နယ်ဒိုသည် ဘာစီလိုနာနှင့် ယှဉ်ပြိုင်ရမည့် စပိန်ဘုရင့်ဖလား ဖိုင်နယ်ပွဲစဉ်အား လွဲချော်နိုင်သည်ဟု သတင်းများက ဖေါ်ပြထားသည်။