Pages

Saturday, April 5, 2014

အကြမ်းဖက်ခံရလို့ အစ္စလာမ်ဘာသာဝင်တွေဝမ်းနည်းသလား

RangonNewsDaily: April . 5 .2014

အကြမ်းဖက်ခံရလို့ အစ္စလာမ်ဘာသာဝင်တွေဝမ်းနည်းသလား ဒီစာကိုဖတ်လိုက်ပါ

အစ္စလာမ့်ကိုကဲ့ရဲ့သော သူများသည်
အစ္စလာမ်ကိုအထင်ကြီးသောကြောင့် ဖြစ်သည်။

အစ္စလာမ်ကို ဖိနှိပ်ချုပ်ခြယ်ခြင်းသည်
အစ္စလာမ်ကိုကြောက်ရွံ့သောကြောင့် ဖြစ်သည်။်

အစိုးရက မီတာခ တိုးမြှင့်ပြီးနောက် အခြေခံစားသောက်ကုန် ဈေးနှုန်းများ မြင့်တက်

RangonNewsDaily: April . 5 .2014
အစိုးရ မီတာခများ တိုးမြှင့်ကောက်ခံမည့်နည်းတူ ၀န်ထမ်းများ၏ အခြေခံလစာအပေါ် ကျပ် ၂၀၀၀၀ တိုးမြှင့်လိုက်သည့် အခြေ
အနေများကြောင့် ဧပြီလပထမပတ်မှ စတင်ပြီး အခြေခံ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း၊ ထို့ပြင် သား
ငါးဈေးနှုန်းများမှာလည်း ယခင်ကထက် ရာခိုင်နှုန်း ၆၀ ခန့် မြင့်တက်လာကြောင်း သိရှိရသည်။ဈေးကွက်အတွင်းရှိ သား၊ ငါးဈေးနှုန်း
များနှင့် ဟင်းသီးဟင်းရွက် ဈေးနှုန်းများမှာလည်းဧပြီလပထမအတွင်း မြင့်တက်လာခဲ့ကြောင်း၊ယခင်က၁၀၀၊ ၁၅၀ ကျပ်တန်ဈေး
ရှိသည့် ကန်စွန်းရွက်တစ်စည်းလျှင် လက်ရှိတွင် ၂၀၀၊ ၂၅၀ ကျပ် အထိ ဈေးရှိလာကြောင်း၊ အလားတူ စားသုံးဆီ ဈေးနှုန်းများ
မှာလည်း တစ်ပိဿာလျှင် ကျပ် ၁၀၀ ကျော် ဈေးတက်လာကြောင်း သိရသည်။

လှည်းကူးမြို့နယ်တွင် ခိုက်ရန်ဖြစ်ပွားမှုမှတစ်ဆင့် လူစုလူဝေးဖြင့် ဆူပူမှုများ ဖြစ်ပေါ်လာသောကြောင့် ပုဒ်မ ၁၈၈ ထုတ်ပြန်


RangonNewsDaily: April . 5 .2014
ဧပြီ ၄ ရက်က လှည်းကူးမြို့နယ် မြို့မစည်ပင်ဈေးရှိ ဈေးဆိုင်နှစ်ဆိုင်၌ ခိုက်ရန်ဖြစ်ပွားမှုမှ စတင်ကာ လူစု
လူဝေးဖြင့် ဆူပူမှုများ ဖြစ်ပေါ်လာသောကြောင့် သက်ဆိုင်ရာက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ ကို (တုတ်၊ ဓား လက်နက်ကိုင်ဆောင်ပြီး လူစုလူဝေးဖြင့် သွားလာခွင့်မပြု)ဧပြီ ၄ ရက်ည ၆ နာရီမှစ၍ ထုတ်ပြန်လိုက်
ကြောင်း သိရသည်။

အနှစ်၂၀ကျော် ကွဲကွာနေသော အမေနဲ့သမီး Facebook ကြောင့် ပြန်တွေ့


RangonNewsDaily: April . 5 .2014
Sarah Mowbray ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ ငယ်ရွယ်တဲ့ မိခင်တစ်ဦးအနေနဲ့ ဘဝကို အသည်းအသန်
ရုန်းကန်နေရတဲ့ အချိန်တွေဖြစ်တဲ့ ၁၉၉၅ ခုနှစ်မှာ သူမရဲ့သမီးကို အစိုးရထောက်ပံ့မှုရှိတဲ့ အဖွဲ့အစည်း
တွေရဲ့လက်ထဲ မွေးစားဖို့ ပေးခဲ့ရပါတယ်။

သားဖြစ်သူကို သံကြိုးခတ်ပြီး ဆုံးမတဲ့ အဖေ

 

RangonNewsDaily: April . 5 .2014
တရုတ်နိုင်ငံတောင်ပိုင်း Jiangxi ပြည်နယ်၊ Xibianbanရွာမှာ အဆက်မပြတ် ခိုးနေတဲ့ သားတစ်ယောက်ကို သံကြိုးခတ်ထားပြီး အပြင်ထွက်ခွင့် မပေးခဲ့ကြောင်း မိဘတွေက ဝန်ခံခဲ့ပါတယ်။

လှည်းကူး မြို့မဈေးတွင် ဈေးရောင်းသူနှစ်ဦး ရန်ဖြစ်ရာမှ ဘာသာရေး အသွင်ဆောင် ပဋိပက္ခဖြစ်

ဆေးကုသမှုခံယူရန်ရောက်ရှိလာသော အကြမ်းဖက်ခံ အစ္စလာမ်ဘာသာဝင်များကိုတွေ့ရစဉ်
RangonNewsDaily: April . 5 .2014
လှည်းကူးမြို့နယ် ဈေးကြီးရပ်ကွက် မြို့မဈေး အောက်ထပ်ရှိ ကုန်မာဆိုင်တွင် ဧပြီလ ၄ ရက် ညနေ ၄ နာ
ရီခန့်က ဆိုင်ချင်းကပ် ကုန်ပစ္စည်းတူ ဈေးရောင်းချသူ နှစ်ဦး စကားများ ရန်ဖြစ်ရာမှ ဈေးရှေ့တွင် လူ ၁၅၀၀ ခန့် စုဝေးလာပြီး ဘာသာရေး အသွင်ဆောင် ပဋိပက္ခအထိ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် လှည်းကူး မြို့
မရဲစခန်းတို့ထံမှ သိရသည်။

စစ်တပ်က ရွာတွေသိမ်းလိုက်လို့ အိုးအိမ်မဲ့ဖြစ်နေရတဲ့ သမီးလေးရွာသားတွေ မြဝတီရောက်ပြီ

RangonNewsDaily: April . 5 .2014
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ ဒေသခံစစ်တပ်ကရွာတွေသိမ်းလိုက်လို့အိုးအိမ်မဲ့ဖြစ်နေရတဲ့ သမီးလေးရွာ၊ အင်းပတီးရွာနဲ့ ဒေါ်
ကာလီရွာသားတွေဟာ ကရင်ပြည် နယ်မှာ အခြေချနေထိုင်ဖို့ မြဝတီမြို့ကို မနေ့ညနေ ကရောက်သွားကြပြီလို့ သိရပါတယ်။သူတို့
ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မြေနေရာပေးပေမယ့် အဲဒီနေရာဟာ လုပ်ကိုင်စားသောက်ဖို့ မလွယ်တဲ့နေ ရာဖြစ်နေလို့ DKBA ခေါ် ဒီမိုကရေစီအကျိုးပြုကရင့် တပ်မတော်က ကမ်းလှမ်းထားတဲ့ကရင်ပြည်နယ်က ကျောက်ခက်ရွာမှာနေထိုင် လုပ်ကိုင်စားသောက်
ဖို့ လိုက်သွားကြတာဖြစ်ပါတယ်။

ဒေါက်တာတူးဂျာ ကြားဖြတ်ရွေးကောက်ပွဲ ဝင်မည်

RangonNewsDaily: April . 5 .2014
ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အို၏ ဒုတိယ ဥက္ကဋ္ဌဟောင်းဖြစ်သူ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာသည် ၂၀၁၄ ခုနှစ်အတွင်း ပြုလုပ်ရန် လျာထားသော ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ကချင်ပြည်နယ်တွင် လစ်လပ်မဲဆန္ဒနယ် လေးနေရာ ရှိနေပြီး ပြည်နယ်အခြေစိုက် ပါတီ ငါးခုအထိ ရှိနေ၍ ကြိုးစား ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဒေါက်တာတူးဂျာက ထပ်လောင်းပြောဆိုသည်။

ခုတုံးလုပ်ခံနေရသော ရိုးရာပွဲ

(ယမန်နှစ် ရန်ကုန်သင်္ကြန်ပွဲတော် မြင်ကွင်းတစ်ခု (ဓာတ်ပုံ)အောင်မျိုးသန့်)
RangonNewsDaily: April . 5 .2014
နွေလေပူနဲ့အတူ သံစဉ်တစ်ခုကို ကြားနေရလေပြီ။ အဲဒီသံစဉ်ဟာ မြန်မာလူမျိုးတိုင်း ကြည်နူးရတဲ့ပွဲတော်ကာလ ရောက်တော့မယ့် သင်္ကေတလည်း ဖြစ်ပါတယ်။ တူးပို့သံစဉ်ဟာ ရောက်ရှိလာမယ့် သင်္ကြန်ကို ဖော်ပြသလို လူတိုင်းဟာ သင်္ကြန်အငွေ့အသက်မှာ ဆွဲဆောင်ခံရပြီး သင်္ကြန်မှာ ဘယ်လိုဆင်နွှဲမလဲ ဆိုတာကို ကြိုတင်စဉ်းစားပြီး ရင်ခုန်ကြပါတယ်။

ခုတုံးလုပ်ခံနေရသော ရိုးရာပွဲ

(ယမန်နှစ် ရန်ကုန်သင်္ကြန်ပွဲတော် မြင်ကွင်းတစ်ခု (ဓာတ်ပုံ)အောင်မျိုးသန့်)
RangonNewsDaily: April . 5 .2014
နွေလေပူနဲ့အတူ သံစဉ်တစ်ခုကို ကြားနေရလေပြီ။ အဲဒီသံစဉ်ဟာ မြန်မာလူမျိုးတိုင်း ကြည်နူးရတဲ့ပွဲတော်ကာလ ရောက်တော့မယ့် သင်္ကေတလည်း ဖြစ်ပါတယ်။ တူးပို့သံစဉ်ဟာ ရောက်ရှိလာမယ့် သင်္ကြန်ကို ဖော်ပြသလို လူတိုင်းဟာ သင်္ကြန်အငွေ့အသက်မှာ ဆွဲဆောင်ခံရပြီး သင်္ကြန်မှာ ဘယ်လိုဆင်နွှဲမလဲ ဆိုတာကို ကြိုတင်စဉ်းစားပြီး ရင်ခုန်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဂျာမနီနဲ့ ပြင်သစ်နိုင်ငံသို့ သွားရောက်မည်


RangonNewsDaily: April . 5 .2014
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဂျာမနီနဲ့ ပြင်သစ်နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

၁၂လရာသီ ပွဲတော်တွေထဲမှာ သင်္ကြန်ကို အကြိုက်ဆုံးလို့ ပြောတဲ့ မေမြင့်မိုရ်


RangonNewsDaily: April . 5 .2014
လက်ရှိမှာ ကြော်ငြာတော်တော်များများနဲ့ ဇာတ်လမ်းတွဲတွေအပြင် ဗီဒီယိုဇာတ်ကားတွေပါ ခပ်စိပ်စိပ် ရိုက်ကူးလာရသူ တစ်ယောက်ဖြစ်တဲ့ မေမြင့်မိုရ်နဲ့တွေ့ဆုံခိုက် သင်္ကြန်နဲ့ ပတ်သက်တဲ့ စိတ်ခံစားချက်၊

သမီးကလေး ရွာသားများ လာရာအရပ်သို့ ပြန်ရန် ကရင်ပြည်နယ် အာဏာပိုင်များပြော

RangonNewsDaily: April . 5 .2014
စစ်တပ်ပိုင်မြေအား ကျူးကျော် နေထိုင်ကြသည်ဟု ဆိုကာ ဖယ်ရှား ခံထားရသည့် ရန်ကုန်တိုင်း လှည်းကူးမြို့နယ် သမီးလေး ကျေး
ရွာသား များအား ကရင်ပြည်နယ်သို့ ဆက်မသွားကြဘဲ မိမိတို့ လာရာအရပ်သို့ ပြန်ရန် ကရင်ပြည်နယ် အစိုးရ အာဏာပိုင်များက ပြောဆိုကြောင်း သိရသည်။သမီးကလေး ကျေးရွာသားများကို မြ၀တီမြို့နယ် ကျောက်ခေတ် ကျေးရွာ၌ နေရာချ ထားပေးရန် ဒီမို
ကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA) အဖွဲ့က ဦးဆောင် ခေါ်ယူရာတွင် ပြည်နယ် အစိုးရက ခွင့်မပြုကြောင်း ဒေသ
ခံများက ပြောဆိုသည်။

လှည်းကှုးတွင် လုံခြုံရေးအတွက် ၁၄၄ ထုတ်ပြီ


RangonNewsDaily: April . 5 .2014
နောက်ဆုံးရသတင်းအရ လှည်းကူးမှာ ည၆နာရီကနေ မနက်၆နာရီ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီဖြစ်
ကြောင်းသိရသည်။

လှည်းကှု;တွင် ၉၆၉ အကြမ်းဖက်သမားများမှ အကြမ်းဖက်မှုများလုပ်ဆောင်နေ


RangonNewsDaily: April . 5 .2014
လှည်းကှုဒေသခံများရဲ့ ပြောဆိုချက်အရ ည ၇နာရီ ၄၅မိနစ်အထိ လှည်းကှုးမြို့ပေါ်ရှိလမ်းများပေါ်တွင်
အနည်းဆုံး ၅ထောယင်ကျော်သော လူအုပ်ကြီးမှာ ဆက်လက်ရန်လိုနေဆဲဖြစ်ပြီး ရန်ကုန်တိုင်းမှရဲများ
ပင်ထိမ်းသိမ်းရန် ခက်ခဲလာသည်ဟုသတင်းရရှိပါသည်။

မွတ်စလင်မ်အိမ်များအားဗုဒ္ဓဘာသာများကဖျက်ဆီးမှုတချို့ရှိခဲ့ကြောင်းလှည်းကူးမြို့နယ်မှ ရဲမှူး ဦးခင်မြင့် အတည်ပြုပြောကြား


RangonNewsDaily: April . 4 .2014
လုံခြုံရေးပေးနေသော်လည်း လူအုပ်မကွဲသဖြင့် မွတ်စလင်မ်အိမ်ခြေအချို့စိုးရိမ်နေရ
" ဖြစ်သွားတာကတော့ မိုးကာစတွေရောင်းတဲ့ဆိုင်က မွတ်ဆလင်လူမျိုးနဲ့ ဘေးချင်းကပ်ဆိုင်က မြန်မာလူမျိုးတို့ စကားများ
ရန်ဖြစ်တာက စတာပါပဲ။ အဲဒီမှာ မွတ်ဆလင်လူမျိုးဘက်က ကတ်ကြေးနဲ့
ထိုးလိုက်တာ မျက်ခွံနည်းနည်းထိသွားတယ်။