Pages

Sunday, March 23, 2014

မုတ္တမ ပင်လယ်ကွေ့သို့ ဆောင်းခိုငှက် တစ်သိန်းကျော် ရောက်ရှိ


RangonNewsDaily: March . 23 .2014
ကမ္ဘာပေါ်တွင် အကောင်ရေ ၅၀၀ အောက်သာကျန်တော့သည့် ရှားပါးရေညှောင့် နှုတ်ဝိုင်း (ဒီလုံး) ငှက်များ အပါအဝင် ပင်လယ်ပျော်
ငှက် တစ်သိန်းကျော်တို့မွန်ပြည်နယ် ပေါင်မြို့နယ် မုတ္တမပင်လယ်ကွေ့ ဖြစ်သည့် အလှပ်ကျေးရွာနှင့်ခင်တန်းကျေးရွာတို့သို့လာရောက်
 ဆောင်းခိုကြသည်ဟု ပေါင်မြို့နယ် ခင်တန်းကျေးရွာက ငှက်ထိန်းသိမ်းရေး ခေါင်းဆောင် ဦးနိုင်အေကိုက ပြောကြားသည်။

မုတ္တမ ပင်လယ်ကွေ့သို့ ဆောင်းခိုငှက် တစ်သိန်းကျော် ရောက်ရှိ


RangonNewsDaily: March . 23 .2014
ကမ္ဘာပေါ်တွင် အကောင်ရေ ၅၀၀ အောက်သာကျန်တော့သည့် ရှားပါးရေညှောင့် နှုတ်ဝိုင်း (ဒီလုံး) ငှက်များ အပါအဝင် ပင်လယ်ပျော်
ငှက် တစ်သိန်းကျော်တို့မွန်ပြည်နယ် ပေါင်မြို့နယ် မုတ္တမပင်လယ်ကွေ့ ဖြစ်သည့် အလှပ်ကျေးရွာနှင့်ခင်တန်းကျေးရွာတို့သို့လာရောက်
 ဆောင်းခိုကြသည်ဟု ပေါင်မြို့နယ် ခင်တန်းကျေးရွာက ငှက်ထိန်းသိမ်းရေး ခေါင်းဆောင် ဦးနိုင်အေကိုက ပြောကြားသည်။

လားရှိုးမြို့တွင် မိုင်းဟု ယူဆရသော အထုပ်တွေ့ရှိ


RangonNewsDaily: March . 23 .2014
မတ်လ ၂၃ ရက်နေ့၊ နံနက် ၇ နာရီအချိန်တွင် လားရှိုးမြို့ရပ်ကွက်(၆)ရွှေသံလွင်လမ်းတွင် မိုင်းဟုယူဆရသောမသင်္ကာဖွယ်အထုပ်တစ်ထုပ်ကို တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

ရဲ၊ လ.ဝ.က နှင့် အကောက်ခွန်တို့ပါဝင်သော နယ်ခြားစောင့်ရဲတပ်ဖွဲ့ စတင်ဖွဲ့စည်း

RangonNewsDaily: March . 23 .2014
နယ်စပ်ဒေသများတွင် တရားမ၀င် ၀င်ရောက်လာမည့် လူပုဂ္ဂိုလ်နှင့် မှောင်ခိုပစ္စည်းများ အား ဖမ်းဆီးစစ်ဆေးရန် ပြည် ထောင်စုအစိုး
ရအဖွဲ့၏ ခွင့်ပြု ချက်အရ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီး ကြပ်ရေးနှင့် အကောက်ခွန် စသည့် အဖွဲ့သုံးခုပါဝင်သော နယ်ခြား စောင့် ရဲတပ်ဖွဲ့
ကို စတင်ဖွဲ့စည်း လိုက်ကြောင်း မြန်မာနိုင်ငံရဲတပ် ဖွဲ့ဌာနချုပ်မှ သတင်းရရှိသည်။‘‘ဒီလထဲမှာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဖွဲ့ဖို့ အစိုးရ
ဆီက ဖွဲ့ စည်းပုံကျပါတယ်။ ဒါကြောင့် အမှတ် (၁) နယ်ခြားစောင့်ရဲတပ် ဖွဲ့ကို ရခိုင်ပြည်နယ် မောင်တော မှာ စတင်ဖွဲ့စည်းထား
ပါတယ်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဆိုတာ ကျွန်တော်တို့နဲ့ နီးစပ်တဲ့ တရုတ်၊ ဘင်္ဂလားဒေ့ရှ်စတဲ့ နိုင်ငံခြားတိုင်း ပြည်တွေမှာ အကုန်ရှိပါ
တယ်။ ကျွန်တော်တို့မှာ မရှိသေးလို့ နိုင် ငံတကာစံနှုန်းအရ အခုလိုဖွဲ့ခဲ့ တာဖြစ်ပါတယ်’’ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယ
ရဲမှူး ကြီး တစ်ဦးကပြောသည်။

သားဖြစ်သူက ဖခင်အား ထိုးကြိတ်နေမှုကို ဝင်ရောက် ဖျန်ဖြေသောမိခင် ကတ်ကြေးဖြင့်ထိုးခံရ

RangonNewsDaily: March . 23 .2014
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် အမှတ် (၈၈) ရပ်ကွက်၊ ရတနာမြိုင်လမ်းတွင် မတ်လ ၁၈ ရက်နေ့ ည ၈ နာရီခန့်က နေအိမ်တွင် မူးယစ်ရမ်းကားနေသော သားက ဖခင်ကို ထိုးကြိတ်နေစဉ် ဝင်ရောက် ဖျန်ဖြေသော မိခင်ကိုပါ ကတ်ကြေးဖြင့် ထိုးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။အဆိုပါ အရက်မူးနေသော အသက် ၂၆ နှစ်အရွယ် ကိုကြည်မင်းဟန်သည် ယင်းနေ့ညက အရက်သေစာ သောက်စားပြီး နေအိမ်ပြန်လာစဉ် မိခင်ဖြစ်သူ ခူးကျွေးသောထမင်း ပန်းကန်အတွင်း ထည့်ပေးသည့် ဟင်းမှာ နည်းသည်ဟုဆိုပြီး ပန်းကန်များ ရိုက်ခွဲနေသောကြောင့် ဖခင်က ဆက်မလုပ်ရန် ဟန့်တားစဉ် “ခင်ဗျားကြီးကို သတ်ပစ်မယ်” ဟုဆိုပြီး ထိုးကြိတ်သောကြောင့် မိခင်က ဝင်ရောက် ဖျန်ဖြေခဲ့ရာမှ အဆိုပါမိခင်ကို ကတ်ကြေးဖြင့် ထိုးခဲ့ခြင်း ဖြစ်ကြောင်း အရက်မူးပြီး ရန်ရှာခံခဲ့ရသော မိဘနှစ်ပါး၏ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားချက်များအရ သိရှိရသည်။ 

သူဌေးကျွန်း ဟိုတယ်အလုပ်သမားများ သုံးနှစ်ကြာအထိ လုပ်ခအပြည့်မရသေး

RangonNewsDaily: March . 23 .2014
မြန်မာနိုင်ငံ တောင်ဘက်စွန်းရှိ နာမည်ကျော် သူဌေးကျွန်း ဟိုတယ်ကို စီမံခန့်ခွဲလျက်သော Adman Clab ကုမ္ပဏီတွင် လုပ်ကိုင်လျက်ရှိသည့် အလုပ်သမားများ သုံးနှစ်ကြာသည်အထိ လုပ်အားခ အပြည့်မရသေးကြောင်း အလုပ်သမားများက ပြောကြားသည်။ 

ကမ္ဘာလှည့် ခရီးသွား ပိုလန် နိုင်ငံသူ ထံမှ ပစ္စည်း လုယက်သူဟု ယူဆရသူ များအား ဖမ်းဆီးရမိ

RangonNewsDaily: March . 23 .2014
မတ်လ (၁၀) ရက်နေ့က ပုသိမ် ခရိုင်၊ ငွေဆောင်မြို့နယ်ခွဲ၊ ပုလဲငွေဆောင် ဟိုတယ် တွင် ရောက်ရှိ တည်းခို နေထိုင်သည့် ပိုလန် နိုင်ငံသူ Ms. Kata rzynalJoanna ၊ (၃၇) နှစ်အား ပစ္စည်း လုယက်သူ ဟု ယူဆရသည့် ဆံရှည် (ခေါ်) မြင့်လွင် (၃၆) နှစ်၊ ဖိုးအောင် (၃၉) နှစ် တို့နှစ်ဦးအား မတ်လ (၂၁) ရက် နေ့တွင် ဖမ်းဆီး ပြီးစစ်ဆေး နေကြောင်း၊ ငွေဆောင် ရဲစခန်းမှ ဒုရဲအုပ် မင်းထက်သူက The Messenger သတင်းစာသို့ ပြော သည်။

တာတိုပစ် ဒုံးကျည် အစင်း ၃၀ ပင်လယ်ပြင်သို့ မြောက်ကိုရီးယား စမ်းသပ်ပစ်ခတ်

RangonNewsDaily: March . 23 .2014
မြောက်ကိုရီးယားသည် စနေနေ့တွင် တာတိုပစ် ဒုံးကျည် အစင်း ၃၀ စမ်းသပ် ပစ် ခတ်ခဲ့မှုကြောင့် အမေရိကန်နှင့် တောင်ကိုရီး ယားတို့က ပြစ်တင် ဝေဖန် ခဲ့ကြကြောင်း သိရ သည်။ မြောက်ကိုရီးယား အရှေ့ဘက် ကမ်း ရိုးတန်းမှ ဂျပန် ပင်လယ်ပြင် ထဲသို့ ပစ်လွှတ် စမ်းသပ် ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ယွန်ဟပ် သတင်းဌာနက ဖော်ပြသည်။ ဒုံး ကျည်များသည် ကီလိုမီတာ ၆၀ ခန့်ထိ ရောက်သည်ဟု ခန့်မှန်းရ ကြောင်းဖြင့် ယွန် ဟပ် သတင်းဌာနက ဖော်ပြသည်။

အချိန် မည်မျှ ကြာကြာ MH370 လေယာဉ် တွေ့သည် အထိ ရှာဖွေမည်ဟု သြစတြေးလျ ပြော


RangonNewsDaily: March . 23 .2014
အိန္ဒိယ သမုဒ်္ဒရာ တောင်ပိုင်းခြမ်းတွင် သြစတြေးလျက ဦး ဆောင်ကာ မလေးရှား လေကြောင်း လိုင်းမှ ပျောက်ဆုံး နေသော MH370 လေယာဉ်ကို ရှာဖွေ လျက်ရှိရာ ယခုအထိ မထူးခြား သေးဘဲ ဖြစ်နေရာ အချိန် မည်မျှ ကြာပါစေ ရှာဖွေရေးများ မလျှော့တမ်း လုပ်ဆောင်သွားမည်ဟု သြစတြေးလျ ဒုတိယ ၀န်ကြီးချုပ်က စနေ နေ့တွင် အာမခံ ပြောကြားလိုက်သည်။

မာဖီးယားများ မကောင်းမှု လုပ်ငန်း စွန့်လွှတ်ရန် ပုပ်ရဟန်းမင်းပြော


RangonNewsDaily: March . 23 .2014
လက်ရှိ ခရစ်ယာန် သာသနာ အကြီး အကဲဖြစ်သော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မာဖီးယား များသည် မကောင်းမှု လုပ်ခြင်းများ ကို ရပ်တန့်ရန်နှင့် နောင်တရခြင်း မရှိပါက ငရဲသို့ ကျရောက်မည် ဖြစ်ကြောင်း သတိပေး ပြောကြား လိုက်သည်။

သင်္ကြန်ကာလ ခရီးသွားလက်မှတ်များ မှောင်ခိုရောင်းချမှု ထိန်းချုပ်မည်ဟုဆို

RangonNewsDaily: March . 23 .2014
မြန်မာ့ရိုးရာပွဲတော်များတွင် လူအများဆုံး ပါဝင်ဆင်နွဲလေ့ရှိသော မဟာသင်္ကြန်ပွဲတော် ကာလအတွင်း ခရီးသွားသူများ စိတ်ချမ်းသာ လွယ်ကူစွာ သွားလာနိုင်ရေးအတွက် ရန်ကုန်-မန္တလေး ခရီးစဉ်များ လက်မှတ် မှောင်ခို ရောင်းချမှုများကို ထိန်းချုပ်သွားမည် ဖြစ်ကြောင်း ခရီးသွားလက်မှတ် အရောင်းဌာနများထံမှ စုံစမ်းသိရှိရသည်။နှစ်စဉ်နှစ်တိုင်း သင်္ကြန်ကာလအတွင်း ခရီးသွားသူများ ကြုံတွေ့ရလေ့ ရှိသော ခရီးသွားလက်မှတ် ရရှိရေး အခက်အခဲများကို ဖြေရှင်းပေးလို၍ ယခုကဲ့သို့ ထိန်းချုပ်ပေးခြင်း ဖြစ်ကြောင်း လက်မှတ် အရောင်းဌာနများမှ သိရသည်။