Pages

Saturday, March 22, 2014

ရုရှားကို အမေရိကနှင့်အီးယူတို့ ထပ်မံပိတ်ဆို့ အရေးယူ

RangonNewsDaily: March . 22 .2014
ယူကရိန်းနိုင်ငံတွင်းရှိ ကရိုင်းမီးယားဒေသကို ရုရှားနိုင်ငံတွင်းသို့ သွတ်သွင်းရန် ကြိုးပမ်းခြင်းကို တုံ့ပြန်သည့်အနေဖြင့် အမေရိကနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများက ရုရှားသမ္မတ ပူတင်နှင့် နီးစပ်သော စီးပွားရေးသမားများနှင့် အစိုးရ အဖွဲ့ဝင်များကို ပိတ်ဆို့ အရေးယူမှု ပြုလုပ်လိုက်ကြောင်း New York Times သတင်းတွင် ဖော်ပြထားသည်။

ဧပြီ ၁ ရက်မှစ၍ အစိုးရ၀န်ထမ်းများအား လစာ ကျပ်နှစ်သောင်းစီ တိုးမြှင့်မည်ဟု ဘဏ္ဍာရေးဝန်ကြီး ပြောကြား

RangonNewsDaily: March . 22 .2014
အစိုးရ၀န်ထမ်းများ၏ လစာအား ဧပြီ ၁ ရက်မှစ၍ ကျပ် နှစ်သောင်းစီ တိုးမြှင့်ရန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် နိုင်ငံတော်၏ အရအ
သုံး ခန့်မှန်းခြေငွေစာရင်းတွင် ထည့်သွင်းရေးဆွဲထားကြောင်း ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မတ် ၂၁ ရက် က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။ထို့ပြင် ပင်စင်လစာနှင့် ဆုကြေးများကိုလည်း အချိုးကျတိုးမြှင့်ပေးရန် ထည့်သွင်းလျာထားကြောင်းလည်း ဘဏ္ဍာရေးဝန်ကြီးက ပြောကြားသည်။

မော်ဒယ်လ်သစ် မာဇဒါပြိုင်ကား စသွင်း


RangonNewsDaily: March . 22 .2014
ဂျပန်မာဇဒါ (Mazda) အမှတ်တံဆိပ် ၂၀၁၄ ခုနှစ်ထုတ် မော်ဒယ်လ်သစ် MX-5 ပြိုင်ကားကို ပြည်တွင်း၌ မတ်လ ၂၁ ရက်နေ့မှ စတင် ရောင်းချပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ကိုယ်စားလှယ် CCAM ကုမ္ပဏီမှ ဈေးကွက်မန်နေဂျာ ဒေါ်သက်စုမွန်က ပြောကြားသည်။

ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ် မဲဆန္ဒနယ် အားလုံးကို NLD နှင့် ကြံ့ခိုင်ရေး ဝင်ရောက် ယှဉ်ပြိုင်မည်

RangonNewsDaily: March . 22 .2014
ပွင့်လင်းရာသီ (မိုးလွန်ကာလ) တွင် ကျင်းပ ပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တို့ လစ်လပ် မဲဆန္ဒနယ် အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အဆိုပါ ပါတီများမှ ဗဟိုကော်မတီဝင် များက ပြောကြားသည်။အဆိုပါ ရွေးကောက်ပွဲ၏ လစ်လပ် မဲဆန္ဒနယ် အားလုံးကို တရားမျှတစွာ ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ပါတီဗဟို ကော်မတီဝင် ဦးလှဆွေက The Voice သို့ ပြောကြားသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မှာ ဗုံး ၃ ကြိမ် ဆက်တိုက်ပေါက်ကွဲ ၄ ဦး ဒဏ်ရာရ

ချင်းမိုင်မြို့ ဓာတ်ဆီဆိုင်တခုမှာ ယမန်နေ့က ဗုံးပေါက်ကွဲအပြီး မြင်ကွင်း၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်
RangonNewsDaily: March . 22 .2014
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ မနေ့သောကြာနေ့ည သန်းခေါင်းကျော်က ဗုံး ၃ ကြိမ် ဆက်တိုက်
ပေါက်ကွဲလို့ လူ ၄ ဦး ဒဏ်ရာရသွားကြပါတယ်။ 

ဘုရားဖူး မလိုက်ရ၍ ကိုးတန်းကျောင်းသူ ပိုးသတ်ဆေးသောက် သေဆုံး

RangonNewsDaily: March . 22 .2014
ကျောင်းနေဖက် သူငယ်ချင်းများနှင့်အတူ ကျိုက်ထီးရိုးဘုရားဖူး မလိုက်ရသဖြင့် အသက် ၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသူ တစ်ဦး ပိုးသတ်ဆေးသောက် သေဆုံးခဲ့မှု မှော်ဘီမြို့နယ်၊ မြောင်းတကာ ကျေးရွာတွင် မတ်လ ၂၀ ရက် ည ၉ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။ 

ထိပ်တန်းအဆင့်မရှိတော့တဲ့ စီးရီးအေအတွက် ဖြေဆေး(သို့မဟုတ်) ဒိုင်လူကြီး တမ်ဘီနီ


RangonNewsDaily: March . 22 .2014
အေစီမီလန်၊ အင်တာမီလန်တို့လို အသင်းကြီးတွေ အင်အားနည်းပါးခဲ့တာကြောင့် ဂျူဗင်တပ်တစ်သင်းပဲ ချယ်လှယ်နေတဲ့ စီးရီးအေပြိုင်ပွဲဟာ လုပ်ပွဲအရှုပ်တော်ပုံ၊ လူမျိုးရေးခွဲခြားမှု၊ ပရိသတ်နည်းပါးမှုတွေနဲ့အတူ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း ကမ္ဘာ့ထိပ်တန်း လိဂ်ပြိုင်ပွဲအဆင့်က လျောကျခဲ့ပါတယ်။

ကိုရီးယား K-POP အဆိုတော်အဖွဲ့ Girl’s Day မြန်မာနိုင်ငံတွင် လာရောက် ဖျော်ဖြေရန်အစီအစဉ်ရှိ


RangonNewsDaily: March . 22 .2014
ကိုရီးယားကုမ္ပဏီနှစ်ခုနှင့် ကိုရီးယားသံရုံး တို့၏ပူးပေါင်းဖိတ်ခေါ်မှုနှင့် ကိုရီးယား K-pop အဆိုတော်အဖွဲ့ Girl’s Day နှင့်အတူ Dal Shabet, Tint နှင့် အခြားသော ကိုရီးယားအနုပညာ ရှင်များသည် ဧပြီ ၃ဝ ရက်တွင် သုဝဏ္ဏအားက စားပွဲရုံ၌ ကျင်းပရန်စီစဉ်နေကြောင်းသိရသည်။

ဂျပန်က လှူဒါန်းသည့် သင်္ဘောသုံးစင်း ယခုနှစ်ကုန်ပိုင်းတွင် ပြေးဆွဲမည်

RangonNewsDaily: March . 22 .2014
ဂျပန်နိုင်ငံက လှူဒါန်းသော ပန်းဆိုးတန်း-ဒလတွင် ပြေးဆွဲမည့် သင်္ဘောသုံးစင်းကို ယခုနှစ်ပိုင်းတွင် ပြေးဆွဲမည် ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနက မတ်လ ပထမပတ်တွင် တရားဝင် ထုတ်ပြန်ထားသည်။
အဆိုပါ သင်္ဘောသုံးစင်းကို ချယ်ရီ (၁)၊ ချယ်ရီ (၂)၊ ချယ်ရီ (၃) ဟူ၍ အမည်ပေးထားကာ လက်ရှိ ပန်းဆိုးတန်း-ဒလတွင် ပြေးဆွဲနေသည့် သင်္ဘောများနှင့် ပုံစံတူ တည်ဆောက်ထားခြင်း ဖြစ်ရာ ချယ်ရီ(၁) နှင့် ချယ်ရီ(၂)မှာ တည် ဆောက်ပြီးစီးသွားပြီဖြစ်၍ ချယ်ရီ(၃)မှာ တည်ဆောက်ဆဲဖြစ်ကြောင်း ယင်းသင်္ဘော တည်ဆောက်ရေးကို သွားရောက် လေ့လာခဲ့သည့် ပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

ဆိုင်ရှင်ဆီက အပ်နှံငွေပြန်မရလို့ စားပွဲထိုးက ဓာတ်ဆီလောင်းမီးရှို့

သတင်းဓာတ်ပုံ - သားကြီး(တောင်ငူ)
RangonNewsDaily: March . 22 .2014
စုဆောင်းအပ်နှံထားတဲ့ငွေတွေ ဆိုင်ရှင်ဆီက ပြန်လည်ထုတ်ယူတာ မရလို့ စားပွဲထိုးတစ်ယောက်က သူ့ကိုယ်သူ ဓာတ်ဆီလောင်း မီးရှို့မှုတစ်ခု တောင်ငူမြို့မှာ မတ်လ ၂၁ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

ဆိုင်ကယ်နှင့် ကုန်ကားတိုက်မိ၍ စာမေးပွဲဖြေပြီး ပြန်လာသော ကျောင်းသား အပါအဝင် နှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

RangonNewsDaily: March . 22 .2014
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ကျွဲပွဲကျေးရွာ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၁၅၅/၀ နှင့် ၁၅၅/၁ အကြား ကျောက်တိုင် ကျေးရွာလမ်းခွဲတွင် မတ်လ ၁၉ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်က တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီး ပြန်လာသည့် ကျောင်းသား စီးလာသော မော်တော်ဆိုင်ကယ်နှင့် ကြက်သွန်နီအိတ်များ သယ်ဆောင်ထားသည့် ကုန်တင်ယာဉ် တစ်စီးတို့ တိုက်မိ၍ ဆိုင်ကယ်မောင်းသူနှင့် နောက်က လိုက်ပါလာသူတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာ ရရှိမှုတစ်ခု ဖြစ်ခဲ့ကြောင်း ကျွဲပွဲမြို့ ဒေသခံများက ပြောကြားသည်။

ဦးတေဇရဲ့ အဲပုဂံနဲ့ ကုမ္ပဏီတချို့ကို အမေရိကန် ၂ ဦး တရားစွဲ

ပူတာအိုတွင် သတင်းထောက်များနှင့် တွေ့ဆုံနေသော ဦးတေဇ (ဓာတ်ပုံ – သစ်နေမိုး )
RangonNewsDaily: March . 22 .2014
မြန်မာနိုင်ငံက ထူးကုမ္ပဏီးအုပ်စု တည်ထောင်သူ သူဋ္ဌေးကြီး ဦးတေဇပိုင် အဲပုဂံလေကြောင်းလိုင်း အပါအ၀င် ကုမ္ပဏီ တွေကို အမေရိကန် နိုင်ငံသား ၂ ဦးကနေ အမေရိကန်ပြည်ထောင်စု၊ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတို့မှာ တရားစွဲဆိုထား တယ်လို့ ဦးတေဇက သူ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။ 

၈၈ခေါင်းဆောင် ဦးကိုကိုကြီး မင်္ဂလာပွဲ ကလေးမြို့တွင်ကျင်းပ


RangonNewsDaily: March . 22 .2014
၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ အတွင်းရေးမှူး ဦးကိုကိုကြီးဟာ ကလေးမြို့မှ ဒေါက်တာသိန်းဝင်း+ ဒေါ်ကြည်ကြည်မြင့် (ရတနာပုံထီဆိုင်) တို့၏ သမီးငယ် မခင်သူသူဝင်းနဲ့ မင်္ဂလာဧည့်ခံပွဲကို မတ်လ ၂၁ရက် နံနက်က ကလေးမြို့ နဂါးရွှေစင်ခန်းမမှာ ကျင်းပခဲ့ပါတယ်။

မန္တလေးမြို့ လမ်း ၆၀ရှိ X Café ဆိုင်ရှေ့ တွင် အုပ်စု ဖွဲ့ ရိုက်နှက် မှုဖြစ်ပွား

RangonNewsDaily: March . 22 .2014
မန္တလေးမြို့၊ ချမ်းအေး သာစံ မြို့နယ်၊ လမ်း (၆၀)၊ (၂၉) လမ်း နှင့် လမ်း (၃၀) ကြား ရှိ X Café ဆိုင် ရှေ့ တွင် မတ်လ (၁၉) ရက် နေ့၊ ည ၈ နာရီ အချိန် က မွေးနေ့ပွဲ ကျင်းပ နေသူ လူငယ် များကို အခြား လူငယ် များက အုပ်စု ဖွဲ့ကာ ရိုက်နှက်မှု ဖြစ်ပွား ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူး ရုံး မှ သတင်း ရရှိ သည်။

သင်္ကြန်တွင်း ၌ အဓိက ငါးနေရာ တွင် စက်ပျက်ယာဉ်၊ ပိတ်ဆို့ယာဉ် များကို ကရိန်းယာဉ် နှစ်ဆယ်ကျော် ဖြင့် ဖယ်ရှား မည်


RangonNewsDaily: March . 22 .2014
သင်္ကြန် ကာလ၌ ရန်ကုန်မြို့ ရှိ အဓိက နေရာ ငါးနေရာ တွင် စက်ပျက်ယာဉ်၊ ပိတ်ဆို့ယာဉ် များကို ကရိန်း ယာဉ် အစီး နှစ်ဆယ်ကျော် ဖြင့် ရှင်းလင်း ဖယ်ရှား သွားမည် ဖြစ်ကြောင်း ရန်ကုန် တိုင်း ဒေသကြီး အ မှတ် (၂) ယာဉ်ထိန်း တပ်ဖွဲ့ မှူးရုံး မှ ဒုတိယ ရဲမှူးကြီး လင်းထွဋ် က The Messenger သတင်းစာ သို့ ပြော သည်။

ကျောင်းသားသမဂ္ဂများ ထားရှိရေးအဆို လွှတ်တော်မှာ ရှုံးနိမ့်

RangonNewsDaily: March . 22 .2014
အမျိုးသားပညာရေး ဥပဒေကြမ်းထဲမှာ ကျောင်းသားသမဂ္ဂတွေ ပြန်လည်ထားရှိဖို့အတွက် ထည့်သွင်းရေးဆွဲပေးဖို့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ရာမှာ ရှုံးနိမ့်ခဲ့ပါတယ်။
ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်ပြီး နေရာပေးရမယ့်အစား အထင်အမြင်မှားတွေရှိနေတယ်လို့ အဆိုတင်သွင်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က အခုလို ပြောပါတယ်။