Pages

Wednesday, March 19, 2014

အန္တရာယ်သတိပေး အချက်ပြမီးဝါအချို့ ၂၄ နာရီအတွင်း ဖျက်ဆီးခံရ


RangonNewsDaily: March . 19 .2014
မုံရွာမြို့၏ ယာဉ်ကြော ထူထပ်သည့် နေရာများတွင် အရှိန်လျှော့မောင်းရန်အတွက် မတ်လ ၁၆ ရက်နေ့က စတင်တပ်ဆင်ခဲ့သော အန္တရာယ် သတိပေးအချက်ပြ မီးဝါများအနက် မီးဝါနှစ်လုံးမှာ ၂၄ နာရီအတွင်း ဖျက်ဆီးခံခဲ့ရကြောင်း မုံရွာမြို့ ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူးရုံး ယာဉ်ထိန်းရဲ အရာရှိတစ်ဦးက ပြောကြားသည်။

ရင်တထိတ်ထိတ်နဲ့ ကြိုးစားခဲ့ကြတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ ယနေ့ဖြေဆိုပြီးစီး


RangonNewsDaily: March . 19 .2014

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် တစ်ပြိုင်တည်းပြုလုပ်ခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ ယနေ့ဖြေဆိုပြီးစီး
ကြပြီးဖြစ်ကြောင်းသိရသည်။တက္ကသိုလ်စာမေးပွဲအတွက် ကျောင်းသား / ကျောင်းသူများ တစ်နှစ်ပတ်လုံး ကြိုးစားကျက်မှတ်ခဲ့ကြသည်များ ကောင်းမွန်သောရလဒ်ကောင်းများဖြင့် ဖြေဆိုခဲ့ကြပြီ ကျောင်း/ကျောင်းသူ အများစု ဖြေဆိုနိုင်ခဲ့ကြကြောင်းသိရသည်။ 

Miley Cyrus ရဲ့နယ်လှည့်ဖျော်ဖြေရေး ဘတ်စ်ကားမီးလောင်


RangonNewsDaily: March . 19 .2014
Miley Cyrus နယ်လှည့်ဖျော်ဖြေရာမှာအသုံးပြုတဲ့ ဘတ်စ်ကားတွေထဲက တစ်စီးဟာ တနင်္လာနေ့ညမှာမီးလောင်ကျွမ်းခဲ့ပါတယ်။ သူမရဲ့ညီမယ် Noah ကအဲဒီ့မတော်တဆမှု ဓာတ်ပုံနဲ့ ရုပ်သံကို Instagram နဲ့ Twitter တွေပေါ်မှာတင်ခဲ့ပါတယ်။

ဆိပ်ခံတံတားအနီးရှိ ဆိုင်ခန်းများ ဖျက်သိမ်းပေးရန် မြန်မာဆိပ်ကမ်း အာဏာပိုင်၏ ညွှန်ကြားချက်ကို ဆိုင်ခန်းရှင်များ ငြင်းဆန်


RangonNewsDaily: March . 19 .2014
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ အမှတ် (၁) ဆိပ်ခံတံတား ဘေးနှစ်ဖက်တွင် Myanmar Irrwaddy Development Public Company Limited (MIDP) က အဆင့်မြင့် ကုန်စည်ဒိုင်နှင့် ဆိပ်ကမ်း တည်ဆောက်ရန် ယင်းအနီးရှိ ဆိုင်ခန်း ၁၁ ခန်းကို မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းပေးရန် မြန်မာဆိပ်ကမ်း အာဏာပိုင်ရုံး၏ ညွှန်ကြားချက်ကို လက်မခံနိုင်ကြောင်း ဆိုင်ခန်းပိုင်ရှင်များက ပြောကြားသည်။

အဆိုတော်ဇော်ဝင်းထွဋ်ရဲ့ သမီး ချန်ချန်နဲ့ မော်ဒယ်ရှိုင်းတို့ လက်ထပ်ပြီ


RangonNewsDaily: March . 19 .2014
အဆိုတော်ဇော်ဝင်းထွဋ်ရဲ့ သမီး ချန်ချန်နဲ့ မော်ဒယ်ရှိုင်းတို့ မင်္ဂလာညစာစားပွဲကို မတ် ၁၆ ရက်၊ ညနေ ၆ နာရီအချိန်က ရန်ကုန်မြို့ရှိုkandawgyi palace hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။ 

အရက်စွဲနေသောသမီးက မိခင်ထံမှ အရက်ဖိုးတောင်းမရ၍ အိမ်မီးရှို့


RangonNewsDaily: March . 19 .2014
အရက်စွဲနေသောသမီးက မိခင်ထံမှ အရက်ဖိုးတောင်းရာ မရ၍ နေအိမ်ကိုမီးရှို့ခဲ့မှု ဟားခါးမြို့တွင်ဖြစ်ပွားခဲ့ကြောင်း ချင်းပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်ရှိ အိမ်တစ်အိမ်တွင် မတ်လ ၁၆ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့် က မီးလောင်မှုဖြစ်ပွားခဲ့ပြီး မိနစ် ၂၀ ခန့် မီးလောင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တပ်မတော်(ရေ)မှ စစ်ရေယာဉ်များ ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်း ဆောင်ရွက်ရန်အတွက် သတိပေးချက်ထုတ်ပြန်ကြေညာ


RangonNewsDaily: March . 19 .2014
တပ်မတော်(ရေ)မှ စစ်ရေယာဉ်များသည် မတ် ၁၉ ရက်မှ ၂၇ ရက် အတွင်း ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းနှင့် လက်နက်များ လေ့ကျင့်ပစ်ခတ်ခြင်းများကို ကိုကိုး ကျွန်းအရှေ့ရေပြင်တွင် လေ့ကျင့် ဆောင်ရွက်သွားမည် ဖြစ်သည်။

မလေးရှား လေယာဉ်သတင်း တိကျစွာ မထုတ်ပြန်ပါက အစာအငတ်ခံ ဆန္ဒပြမည်ဟု ခြိမ်းခြောက်

RangonNewsDaily: March . 19 .2014
ပျောက်ဆုံးသွားသော မလေးရှားလေယာဉ်MH-370 နှင့် ပတ်သက်သည့် သတင်းများကို မလေးရှား အာဏာပိုင်များက တိကျစွာ မထုတ်ပြန်ပေးပါက အစာအငတ်ခံ ဆန္ဒပြမည်ဟု လေယာဉ်ပေါ်တွင် ပါသွားသည့် တရုတ်နိုင်ငံသားများ၏ ဆွေမျိုးများက ခြိမ်းခြောက်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။မလေးရှား လေကြောင်းလိုင်းနှင့် တရုတ် မိသားစုဝင်များ ဘေဂျင်းမြို့တော်တွင် တွေ့ဆုံရာတွင် ဆွေမျိုးများက ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ကမ္ဘာ့အပါးလွှာဆုံး စမတ်ဖုန်းတစ်လုံးအဖြစ် စံချိန်တင်မယ့် Gionee Elife S5.5


RangonNewsDaily: March . 19 .2014
China အခြေစိုက် Gionee မိုဘိုင်းထုတ်လုပ်ရေးကုမ္ပဏီကနေ အသစ် ထုတ်လုပ်မိတ်ဆက်လိုက်တဲ့ Elife S5.5 စမတ်ဖုန်းက အထူ 5.5mm မီတာသာ ရှိတဲ့အတွက် ကမ္ဘာ့အပါးလွှာဆုံး စမတ်ဖုန်းအဖြစ် စံချိန်တင်နိုင်တဲ့ အနေအထားမှာရှိနေပါတယ်။

ကိုယ်ပိုင်တီးဝိုင်းသစ်နဲ့ သီချင်းတွေဆက်လုပ်သွားမယ့် မီးမီးခဲ


RangonNewsDaily: March . 19 .2014
တေးသံရှင်မီးမီးခဲက ဧပြီလ ၄ ရက်နေ့နဲ့၅ရက်နေ့မှာ ပြုလုပ်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာရေး ရန်ပုံငွေဂီတဖျော်ဖြေပွဲမှာ သူမရဲ့ကိုယ်ပိုင်တီးဝိုင်း MMK နဲ့ ပထမဆုံးစတင်ပွဲထွက် တီးခတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

မလေးလေယာဉ် MH 196 ရန်ကုန်လေဆိပ်တွင် အရေးပေါ် ဆင်းသက်


RangonNewsDaily: March . 19 .2014
မလေးရှားလေကြောင်းလိုင်းပိုင် MH 196 ဘိုးအင်း ၇၇၇ လေယာဉ်သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့သို့ ပျံသန်းစဉ် လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်တဦး ၏ အရေးပေါ် အခြေအနေကြောင့် ယမန်နေ့ည ၉ နာရီ ၄၅ မိနစ်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရသည်။

လိမ်လည်ရောင်းချခံရသော မော်တော်ယာဉ်များ သုံးပုံနှစ်ပုံခန့် ပြန်လည်ရရှိဟုဆို

RangonNewsDaily: March . 19 .2014
မော်တော်ယာဉ် နံပါတ်အနက်များကို လချုပ်အဖြစ် ငှားရမ်းရာမှ လိမ်လည် ရောင်းချခံရသည့် မော်တော်ယာဉ်များ အနက်မှ သုံးပုံနှစ်ပုံခန့် ပြန်လည် ရရှိပြီ ဖြစ်ကြောင်း လိမ်လည်ခံရသည့် မော်တော်ယာဉ် အငှားဝန်ဆောင်မှု ကုမ္ပဏီအချို့ထံမှ သိရသည်။
“ကားတချို့ ပြန်ရပြီ။ တချို့ကတော့ တရားရုံးမှာ အမှုရင်ဆိုင်နေရတုန်းပဲ။ ကျန်တဲ့ ကားတွေကိုလည်း ဆက်စုံစမ်း နေပါတယ်” ဟု ရောင်နီဦး မော်တော်ယာဉ် ငှားရမ်း၊ ရောင်းချရေးစင်တာမှ မန်နေဂျာ ဦးဝင်းထွဋ်က ပြောကြားသည်။