Pages

Tuesday, March 18, 2014

ကချင်ပြည်နယ်မှ လူသတ် တရားခံပြေး မန္တလေးတွင် သေနတ်တစ်လက်နှင့် ဖမ်းမိ

RangonNewsDaily: March . 18 .2014
ကချင်ပြည်နယ် တနိုင်းနှင့် ဖားကန့် ဒေသတို့တွင် ကျောက်တူးရာမှ ခွဲတမ်း မျှတစွာ မရသဖြင့် လူသတ်ပြီး ထွက်ပြေးလာသူ လေးဦးအနက် တစ်ဦးကို ပစ္စတို သေနတ် တစ်လက်ဖြင့် မန္တလေးမြို့တော်တွင် မတ်လ ၁၇ ရက်နေ့ နံနက်၂ နာရီခန့်က ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူး စိန်ထွန်းက ပြောကြားသည်။

ထားထက်ထက် သရုပ်ဆောင် လုပ်ပြီ


RangonNewsDaily: March . 18 .2014
Miss Grand International 2013 ၂ဝ၁၃ ပြိုင်ပွဲတွင် ဆု သုံး ဆု ဆွတ်ခူးရရှိခဲ့တဲ့ Miss ထားထက်ထက် တစ်ယောက် ပထမ ဆုံးအနေနဲ့ အက်ရှင်ဇာတ် ကား ရိုက်ကူးတော့ မယ်လို့ သိရပါတယ်။ ဒါကြောင့် ထား ထက်ထက် အ နေနဲ့ အက်ရှင် ဇာတ်ကားတွင် သရုပ်ဆောင်ရမယ့် ဇာတ်ကောင် စရိုက်အပေါ် ကြိုတင်ပြင်ဆင်မှု တွေနဲ့ Miss တစ်ယောက်ရဲ့ ရပ် တည်မှုတွေအကြောင်းကို ယခုလို ပဲ မေးမြန်းဖြစ်ခဲ့ပါတယ်။

ဆံပင်တုစက်ရုံတွင် ၀ါယာကြိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်


RangonNewsDaily: March . 18 .2014
၁၇.၃.၂၀၁၄ ရက်နေ့ ၂၃၂၅ အချိန် လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်၊ မောင်ကျန်သီးလမ်းရှိ Beauty Waves ဆံပင်
တုစက်ရုံအတွင်းနှစ်ကာလကြာရှည်စွာသုံးစွဲထားသော ၀ါယာကြိုးများအား ၂၄ နာရီ အသုံးပြုသဖြင့် အပူလွန်ကဲပြီး မီးလောင်ကျွမ်း
ရာမှ မီးပွားများလွင့်စင်ကာ ကြမ်းပြင်ရှိ ဆံပင်တုများပေါ်သို့ကျပြီး ဆံပင်တုများ၊စာရွက်စာတမ်းများနှင့် ဆံပင်အကောက်ခြစ်စက်(၁)
လုံးတို့အား မီးကူးစက်လောင်ကျွမ်းခဲ့ရာ မီးသတ်ယာဉ်များရောက်ရှိငြိမ်းသတ်ခဲ့သဖြင့် ၂၃၅၆ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

ရွှေစက်တော် ဘုရားဖူး ကားတစီး တိမ်းမှောက်၊ ၅ ဦးသေဆုံး၊ ၂၅ ဦး ဒဏ်ရာရ

RangonNewsDaily: March . 18 .2014
မကွေးတိုင်း မင်းဘူးမြို့နယ် ရွှေစက်တော် ဘုရားဖူးပြန် ကားတစီး တိမ်းမှောက်၍ လူ ၅ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရသွား ကြောင်း သိရသည်။ မတ်လ ၁၄ ရက်က မင်းဘူး-ပဒါန်းသွား ကားလမ်း၌ တိမ်းမှောက်ခြင်း ဖြစ်ကြောင်း၊ ကားပေါ်တွင် ဘုရားဖူး ခရီး သည် ၃၅ ဦး ပါဝင်ကြောင်း၊ ယင်းကားသည် ဘရိတ်ပေါက်၍ အရှိန်လွန်ပြီး တိမ်းမှောက်ခြင်း ဖြစ်ကြောင်း၊

မန္တလေးတွင် စည်းကမ်းမဲ့ပြိုင်ကား မောင်းနှင်သူများကို စီမံချက်ဖြင့် ပြင်းထန်စွာ အရေးယူမည်

RangonNewsDaily: March . 18 .2014
မန္တလေးခရိုင်အတွင်း ညအချိန်မတော် မူးယစ်သေစာ သောက်စားပြီး ပြိုင်ကား အပြိုင်အဆိုင် မောင်းနှင်သူများ ရှိလာသဖြင့် အများပြည်သူ အန္တရာယ် ကင်းရှင်းစေရေးနှင့် စိတ်အနှောင့်အယှက် ကင်းစေရန်တို့အတွက် အဆိုပါ စည်းကမ်းမဲ့ ပြိုင်ကား မောင်းနှင်သူများကို မတ်လ တတိယပတ်မှ စတင်ကာ စီမံချက်ဖြင့် ပြင်းထန်စွာ အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးကျော်ဆန်းက ပြောကြားသည်။

ကမ္ဘာပူနွေးလာမှုကို တောင့်ခံထားသည့် ဂရင်းလန်းမှ နောက်ဆုံးရေခဲပြင်ကြီးလည်း အရည်ပျော်ပြီ


RangonNewsDaily: March . 18 .2014
ကမ္ဘာကြီး ပူနွေးလာမှုကို တောင့်ခံထားသည့် ဂရင်းလန်းကျွန်းမှ နောက်ဆုံး ရေခဲပြင်ကြီးမှာ စတင်အရည် ပျော်လျက်ရှိနေပြီး မြင့်တက်နေသော ပင်လယ်ရေ မျက်နှာပြင်တွင်းသို့ တန်ချိန် သောင်းနှင့်ချီကာစီးဝင်လျက် ရှိသည်ဟု သိပ္ပံပညာရှင်များအား ကိုးကားကာ အေအက်ဖ်ပီသတင်း တစ်ရပ်၌ ဖော်ပြထားသည်။

ဒုတိယ အခွေအတွက် ပြင်ဆင်နေတဲ့ ဆုပန်ထွာနှင့် တွေ့ဆုံခြင်း


RangonNewsDaily: March . 18 .2014
သရုပ်ဆောင် အလုပ်တွင်သာမက အဆိုပိုင်းတွင်လည်း ပရိသတ်အခိုင်အမာ ရရှိနေပြီဖြစ်တဲ့ သရုပ်ဆောင် ဆုပန်ထွာနဲ့ ခဏတာ တွေ့ဆုံခဲ့ရာမှာ သူရဲ့လတ်တလော အနုပညာ လှုပ်ရှားမှုများနဲ့ ဒုတိယအခွေအတွက် ပြင်ဆင်နေပုံများကို ယခုလို မေးမြန်းဖြစ်ခဲ့ပါတယ်...

ထိုင်းနိုင်ငံကနာမည်ကျော် ဘိုးတော် ကရပွေး ထိုင်းရဲတပ်ဖွဲ့က၀င်ဖမ်းပြီ


RangonNewsDaily: March . 18 .2014
အထက်ဆရာကြီးများ အမူးထား၍ ဓါတ်ရိုက်-ဓါတ်ဆင်-လဒ်လာဘရွှင် ချစ်ခင်သူပေါအောင်လ..စွန့် သွားတဲ့ မောင်တော်ကို ပင် သုံးရက် အတွင်းပြန် ခေါ် ပေးမကွဲ့။ မလှလို့ စိတ်မဆင်းရဲနဲ့  ကိုမန်ထောင် ငါ့နတ်ရုပ်နဲ့  ကြောရင် သတ်လိုက်မဟဲ့.ချစ်ခင်သူပေါလို့ ...စိန်တွေ-ရွှေတွေပေါများစေဗျား.........။

မလေးရှား MH370 လေယာဉ်မှူး နှစ်ဦး ၏ အိမ်များ ကို မလေးရှား ရဲ ၀င်ရောက် ရှာဖွေ

RangonNewsDaily: March . 18 .2014
မတ်လ ၈ ရက်နေ့ မနက်ပိုင်း ကစ၍ ပျောက်ဆုံး နေသော မလေးရှား လေကြောင်း လိုင်းပိုင် MH370 လေယာဉ် ကို မောင်းနှင် သော လေယာဉ်မှူး နှစ်ဦး ၏ အိမ်များ ကို မလေးရှား ရဲတပ်ဖွဲ့ က ၀င်ရောက် ရှာဖွေ လျက် ရှိကြောင်း သိရသည်။
အသက် ၅၃ နှစ်အရွယ် လေယာဉ်မှူး ဇာဟာရီ အာမတ် ရှားနှင့် ၂၇ နှစ်အရွယ် တွဲ ဖက် လေယာဉ်မှူး ဖာရစ် အဗ္ဗဒူ ဟာမစ် တို့၏ စိတ်ပိုင်းဆိုင်ရာ အခြေ အနေကို သိရှိနိုင်ရန် အတွက် ၎င်း တို့၏ နေအိမ်များကို ၀င် ရောက် ရှာဖွေခဲ့သလို မိသားစုများကိုလည်း စစ်ဆေး မေးမြန်းလျက်ရှိကြောင်း သိရသည်။

လျှပ်စစ်ဓါတ်အားခ တိုးမြှင့်ရေးအဆို ဒီလအတွင်း ဆွေးနွေးမည်


RangonNewsDaily: March . 18 .2014
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ပေးပို့လိုက်တဲ့ လျှပ်စစ်ဓါတ်အားသုံးစွဲခတွေ တိုးမြင့်ကောက်ခံဖို့ အဆိုပြုချက်ကို လာမယ့် ဧပြီလမတိုင်ခင် နောက်ဆုံးထားဆွေးနွေးဖို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောလိုက်ပါတယ်။

ပြည်သူ ၉၀ ရာခိုင်နှုန်းကျော် သတင်းစာမဖတ်နိုင်သေး


RangonNewsDaily: March . 18 .2014
မြန်မာနိုင်ငံမှာ သတင်းစာဖတ်နိုင်တဲ့ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ သတင်းစာဖတ်ခွင့် လုံးဝမရရှိဘဲ ဖြစ်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။

ဂျာနယ်လစ်များနှင့် ဂျာနယ်လစ်အဖွဲ့အစည်းများ ကန့်ကွက်နေသည့်ကြားမှ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း လွှတ်တော်သို့ တင်သွင်း

RangonNewsDaily: March . 18 .2014
လက်ရှိအစိုးရက လုပ်ကိုင်နေသည့် နေ့စဉ်ထုတ် ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့ကို အများပြည်သူဝန်ဆောင်မှု မီဒီယာအဖြစ် ပြောင်းလဲလုပ်ကိုင်နိုင်မည့် 'အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း'ကို ပြန်ကြားရေးဝန်ကြီးဌာနက မတ် ၁၇ ရက်တွင် ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သည်။စစ်မှန်သည့် မီဒီယာများထွန်းကားလာစေရေးအတွက် မီဒီယာများသည် အစိုးရနှင့် အင်အားကြီးမားသော ပုဂ္ဂလိကများ၏ အကျိုးစီးပွားများမှ ကင်းလွတ်ရမည်ဖြစ်ကြောင်း၊ အဂတိတရား လေးပါးမှ ကင်းလွတ်ရန် လိုအပ်ကြောင်း၊ ထိုသို့လွတ်လပ်ပြီး အမှီအခိုကင်းသည့် မီဒီယာများ ဖြစ်လာစေရေးအတွက် နိုင်ငံပိုင် မီဒီယာများအား အများပြည်သူဝန်ဆောင်မှုအဖြစ် ပြောင်းလဲရန်လိုအပ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဥပဒေကြမ်း အဆိုတင်သွင်းစဉ် ပြောကြားသည်။

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မတ် ၁၇ ရက်အထိ ဖြေဆိုမှု ယခင်နှစ် မေးခွန်းဟောင်းများ ပြန်လည်ပါဝင်မှုကြောင့် ကျောင်းသားအများစု ဖြေဆိုနိုင်

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် အ.ထ.က(၆) ဗိုလ်တထောင်မှ ကျောင်းသားများအား တွေ့ရစဉ်
RangonNewsDaily: March . 18 .2014
၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ယခင်နှစ် မေးခွန်းဟောင်းများထဲမှ မေးခွန်းများ ပြန်လည်ထည့်သွင်း မေးမြန်းလာခြင်းကြောင့် ကျောင်းသား အများစုမှာ စာမေးပွဲ ဖြေဆိုနိုင်ခဲ့ကြောင်း သိရသည်။

ရေမွှေးအမျိုးအစားသစ်ကို ကြော်ငြာခဲ့သည့် ကယ်လီဘရွတ်ခ်


RangonNewsDaily: March . 18 .2014
တနင်္လာနေ့တွင် စတင်ရောင်းချသည့် Audition ရေမွှေးအတွက် ကယ်လီက ညှို့ဓာတ်ပြင်းပြသော ဓာတ်ပုံအတော်များများကို အရိုက်ခံခဲ့သည်။ကယ်လီဘရွတ်ခ် အနေဖြင့် သူမ၏ တတိယမြောက် စိတ်ကြိုက်ဖန်တီးမှု ရေမွှေးအမျိုးအစားသစ်ကို မိတ်ဆက်ပြသလိုက်ကြောင်း သိရသည်။

မြို့လယ်ခေါင် တရားမ၀င်နိုင်ငံခြားငွေ ရောင်း/၀ယ်သူများကို အရေးယူ


RangonNewsDaily: March . 18 .2014
ရန်ကုန်မြို့ရှိ ကျောက်တံတားမြို့နယ်၊မဟာဗန္ဓုလပန်းခြံအနီးပတ်ဝန်းကျင်နေရာများ၊ ဧမာနွေလဘုရားကျောင်းဘေးနေရာများ၊ မဟာ
ဗန္ဓုလလမ်းနှင့် ဆူးလေဘုရားလမ်းဆုံအနီးပတ်ဝန်းကျင်နေရာများနှင့် ဆူးလေဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံအနီး တ်ဝန်းကျင်နေရာ
များတွင် ပလက်ဖောင်းဂိုက် များက နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များကို အနှောက်အယှက်ပေးလျက်ရှိသူများကို ခြေချုပ်နှင့်ခံ
ဝန်အက်ဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့ကြောင်းYangon Policeမှသိရသည်။

ယူကရိန်း ကရိုင်းမီးယား မဲဆန္ဒရှင် ၉၅ ရာခိုင်နှုန်းကျော် ရုရှား လက်အောက်တွင် နေရန် မဲပေးဟုဆို


RangonNewsDaily: March . 18 .2014
ရုရှားနိုင်ငံ၏ လက်အောက်တွင် နေမည်လော၊ ယူကရိန်း လက်အောက်တွင် နေမည်လော ဆုံးဖြတ်သည့် ကရိုင်းမီးယား လူထု ဆန္ဒခံယူပွဲကို အဆိုပါ ပြည်နယ်တွင် ပြုလုပ်ခဲ့ရာ မဲဆန္ဒရှင် စုစုပေါင်း၏ ၉၅ ဒသမ ၅ ရာခိုင်နူန်းက ရုရှားနိုင်ငံ၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ရပ်တည်မည် ဖြစ်ကြောင်း မဲပေးခဲ့ကြသည်ဟု BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

လေယာဉ်ပျက်ကျ ပျောက်ဆုံးမှုများ

RangonNewsDaily: March . 18 .2014
မလေးရှားလေယာဉ်ပျံသန်းမှု အမှတ် ၃၇၀ (Flight 370) အစအနမကျန်အောင် ပဟေဠိဆန်စွာ ပျောက်ကွယ်သွားခဲ့မှုမျိုးမှာ ယခုမှဖြစ်ခဲ့ဖူးသည်မဟုတ်။၂၀၀၃ ခုနှစ်တုန်းကလည်း ဘိုးအင်း ၇၂၇ တစ်စင်းသည် အင်ဂိုလာနိုင်ငံ၏မြို့တော် လူအန်ဒါ၌ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့ဖူးသည်။ ယင်းလေယာဉ်သည် Quatro de Fevereiro အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ၂၀၀၃ ခုနှစ် မေ ၂၅ ရက်တွင် ပျံတက်သွားပြီး လေယာဉ်၏ ရေဒီယိုဆက်သွယ်ရေးကိရိယာမှာလည်း အလုပ်ကောင်းစွာ မလုပ်ဟုဆိုသည်။

အလ္လာအသျှင်မြတ်အမိန့်တော်ခံယူခြင်း

RangonNewsDaily: March . 18 .2014
အိန်နာလိလ္လာ ဝအိန်နာအေလိုင်ဟေ ရာဂျေအူးန်
အိန္ဒိယနိုင်ငံ ဒေလီမြို့ မှာ နေဇွာမွဒ္ဒိးန် မရ်ကဇ်က မော်လာနာဇိုဗိုင်းရ်ဆွာဟိဗ်အလ္လာဟ်
အရှင်မြတ်အမိန့် တော်ခံယူသွားပြီ် ဖြစ်ကြောင်းသိရပါသည်။
အလ္လသျှင်ဆရာကြီးကို ဂျန္နသ်ရဲ့မြင့်မားတဲ့အဆင့် ပေးသနားတော်မှုပါစေ အာမိန်း