Pages

Sunday, March 16, 2014

NEXT LAUNCHER 3D SHELL V3.08 (PATCHED VERSION) UPDATE 13-MARCH


RangonNewsDaily: March . 16 .2014
Next Launcher ကိုတော့ Android User တွေသိပြီးသားဖြစ်မှာပါ။ အခု Version အသစ်ထွက်လာလို့တင်ပေး လိုက်ပါတယ်ဗျာ။ Patched Version ဆိုတော့ ပိုပြီးမိုက်တာပေါ့ဗျာ။  

HUAWEI Y511 ROOT & MYANMAR FONTS ထည့်သွင်းနည်း


RangonNewsDaily: March . 16 .2014
Huwei Y511 ကိုင်ထားတဲ့ သူငယ်ချင်းများအတွက် Huawei Y511 Root နည်းလေးတင်ပေးလိုက်ပါတယ်နော်။ 

မရိုးနိုင်တဲ့ သင်္ကြန်သီချင်းများ [နှစ်သစ်မင်္ဂလာ (၁+၂+၃)


RangonNewsDaily: March . 16 .2014
မကြာခင်မှာ ကျရောက်လာတော့မယ့် မဟာသင်္ကြန် ပွဲတော်အတွက် ပြည်တွင်းပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသူ/သားများ
ရင်ခုန်နေကြပြီထင်ပါတယ်။

မင်္ဂလာဒုံမြို့နယ်အနီးရှိ ခလောက်ကွန်ဒိုင်ဗလီ သို့ ၀င်ရောက်ရန်စသူများ




RangonNewsDaily: March . 16 .2014
ယနေ့ ၂၀၁၄ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့ ည (၇) နာရီကျော်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ 

မင်္ဂလာဒုံမြို့နယ်အနီးရှိ ခလောက်ကွန်ဒိုင်ဗလီသို့ အစ္စလာမ်ဘာသာဝင်မဟုတ်သူနှစ်ဦးမှ ၀င်ရောက်ကာ 

ရန်စမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ခလောက်ကွန်ဒိုင်တွင် ဘာသာရေးရန်စမှု ဖြစ်ပွား

RangonNewsDaily: March . 16 .2014
ယနေ့ ၂၀၁၄ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့ ည (၇) နာရီကျော်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အနီးရှိ ခလောက်ကွန်ဒိုင်ဗလီသို့ အစ္စလာမ်ဘာသာဝင်မဟုတ်သူနှစ်ဦးမှ ၀င်ရောက်ကာ ရန်စမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။::
ည (၇) နာရီကျော် အချိန်တွင် အစ္စလာမ်ဘာသာဝင်အချို့ ညဥ့်ဦးယံဝတ်ပြုရန်အတွက် ဗလီသို့ ရောက်ရှိနေစဉ် ဘောဂလမ်းတွင် နေထိုင်သူ (မျက်မှန်းတန်းမိ) အမည်မသိ ဗုဒ္ဓဘာသာဝင်တစ်ဦးမှ ဗလီအတွင်း ရှေ့ဆုံးသို့တိုင် ၀င်ရောက်လာပြီး အစ္စလာမ်ဘာသာဝင်များ အထွဋ်အမြတ်ထားသည့် ကုရ်အာန်ကျမ်းစာအုပ်အား ဒူးကြားတွင် ညှပ်၍ အပိုင်းပိုင်းဖြစ်အောင် ဆုတ်ဖြဲမှုများ ပြုလုပ်နေစဉ် ဗလီတွင်းရှိ အစ္စလာမ်ဘာသာဝင်များက ၀ိုင်းဝန်း ဟန့်တားမှုကြောင့် ဗလီပြင်ပသို့ ထွက်ပြေးကာ မြောက်ဘက်သို့ ဦးတည်၍ ကွင်းပြင်ရှိရာသို့ ထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအတွက် ဂျပန်၌ကူးတို့သင်္ဘောသုံးစင်းတည်ဆောက်


RangonNewsDaily: March . 16 .2014
ပြည်တွင်းရေကြောင်းက ပြေးဆွဲ ပေးနေသော ရန်ကုန်-ဒလကူးတို့ သင်္ဘောများနေရာတွင် ဂျပန်နိုင်ငံ လုပ် ကူးတို့သင်္ဘောအသစ်သုံးစင်းဖြင့်ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း ပြည်တွင်းရေကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ရန်ကုန်-ဒလ ကူးတို့သင်္ဘော တွေ နေ့စဉ်ပြေးဆွဲမှုပြုလုပ်နေပါ တယ်။ ခရီးသည်တွေအတွက် ပိုပြီး အဆင်ပြေစေဖို့နဲ့ အဆင့်အတန်း မြင့်စွာစီးနင်းနိုင်ဖို့အတွက် ဂျပန်နိုင်ငံ JICA ရဲ့ အကူအညီနဲ့ကူးတို့သင်္ဘော အသစ်သုံးစင်းကို အစားထိုးပြေးဆွဲပေး နိုင်ဖို့ကြိုးစားနေပါတယ်။ ဒီနှစ်မကုန် ခင်မှာပြေးဆွဲနိုင်မှာပါ”ဟု ပြည်တွင်း ရေကြောင်းမှ အထွေထွေမန်နေဂျာ ဦးဝင်းသိန်းက ပြောသည်။

ကမ္ဘာ့အကြီးဆုံး ကွန်ဒိုမီနီယံ ကုမ္ပဏီ ရန်ကုန်၌ ကွန်ဒိုဖွင့်မည်

RangonNewsDaily: March . 16 .2014
ကမ္ဘာ့အကြီးဆုံး အဆင့်မြင့် ကွန်ဒိုမီနီယံနှင့် အိမ်ရာစီမံခန့်ခွဲမှု ကုမ္ပဏီ The Ascott Ltd. က ၎င်းတို့၏ မြန်မာနိုင်ငံတွင် ပထမဆုံး လုပ်ကိုင်မည့် အဆင့်မြင့် ကွန်ဒိုမီနီယံ စီမံကိန်းကို ရန်ကုန်မြို့၌ ၂၀၁၈ ခုနှစ်တွင် အပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်း The Ascott Ltd. မှ အမှုဆောင် အရာရှိချုပ် Lee Chee Koon က ဆိုသည်။

မြန်မာအမျိုးသမီး ၃၀,၀၀၀ ကို အော်ရီဒူးက ပြည်တွင်း၌သာ သင်တန်းပေးမည်

RangonNewsDaily: March . 16 .2014
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လုပ်ငန်းတွင် ဝင်ရောက် လုပ်ကိုင်ခွင့် ရရှိထားသော အော်ရီဒူး၏ Women အစီအစဉ်အရ မြန်မာအမျိုးသမီး ၃၀,၀၀၀ ကို မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှု ရောင်းချရေး လေ့ကျင့် သင်တန်းကို ပြည်တွင်း၌သာ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန် ပြောဆိုသည်။

အမြီး ခြောက်တန်း ဂြိုဟ်သိမ်ဂြိုဟ်မွှား တွေ့ရ၍ သိပ္ပံပညာရှင်များ အံ့အားသင့်


RangonNewsDaily: March . 16 .2014
ဦးတိုး (သက္ကသီလ)

အလှည့်ကျ ပြောင်းလဲ ဖြစ်ပေါ်နေသည့် အမြီး အမြောက်အမြား ရှိနေသော ဂြိုဟ်သိမ် ဂြိုဟ်မွှား တစ်ခုကို
နာဆာ (NASA) ၏ ဟာဗယ်လ် အဝေးကြည့် မှန်ပြောင်းဖြင့် ကြည့်၍ အင်္ဂါဂြိုဟ်နှင့် ကြာသပတေးဂြိုဟ် အကြား၌ တွေ့ရှိရကြောင်း နက္ခတ္တ ပညာရှင်များက ပြောကြား ခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် မူကြမ်းကို ရုရှဗီတိုအာဏာသုံး ပယ်ဖျက်


RangonNewsDaily: March . 16 .2014
ယူကရိန်းနိုင်ငံရဲ့ ခရိုင်းမီးယားဒေသ ရုရှကိုပူးပေါင်းရေး လူထုဆန္ဒခံယူပွဲကို တရားမ၀င်ကြောင်း ကြေညာရေးနဲ့ နိုင်ငံတွေ နိုင်ငံတကာအဖွဲ့အစည်းတွေက အသိအမှတ် မပြုရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် မူကြမ်းကို ရုရှအစိုးရက မတ်လ ၁၅ ရက်နေ့က ဗီတိုအာဏာသုံး ပယ်ဖျက်လိုက်ပါတယ်။

ဆံတော်ရှင်မြတ်မော်တင်စွန်းဘုရားထီးတင်ပွဲ စည်ကားစွာကျင်းပ


RangonNewsDaily: March . 16 .2014
ဧရာဝတီ တိုင်းဒေသကြီး မော်တင်စွန်းရှိ မဟာမကုဋရံသီ ဆံတော်ရှင်မြတ် မော်တင်စွန်းဘုရား ပွဲတော်ကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကြီးကြပ်၍ ယခုနှစ် တပေါင်းလဆန်း ၈ ရက်နေ့မှ လပြည့်နေ့အထိ ကျင်းပလျက်ရှိရာ ဘာသာရေး ပဋ္ဌာန်းရွတ်ပွဲများ၊ ကြည့်ချင်ဖွယ်ဇာတ်ပွဲများ၊ ဈေးပွဲတန်း များ၊ စားသောက်ဆိုင်တန်းများ၊ပင်လယ်ရေထွက်ပစ္စည်းများ ရောင်းချ ပေးလျက်ရှိရာ ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။

ယာဉ်မောင်းလိုင်စင် နှစ်လဲသက်တမ်းတိုးခြင်း တစ်နာရီအတွင်း အပြီးဆောင်ရွက်ပေးမည်

RangonNewsDaily: March . 16 .2014
ယာဉ်မောင်းလိုင်စင် နှစ်လဲ သက်တမ်းတိုးခြင်း ပြုလုပ်ရာတွင် မတ်လ ၁၃ ရက်နေ့မှ စတင်ကာ ပိုင်ရှင်ကိုယ်တိုင် လာရောက် ဆောင်ရွက်ပါက တစ်နာရီအတွင်း အပြီး ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးသိန်းဦးက ပြောကြားသည်။

ထိုင်းလူမျိုးအသတ်ခံရမှုကြောင့် ဖူးခက်ရောက် မြန်မာလုပ်သားများ ညမထွက်ရအမိန့်နှင့် ရင်ဆိုင်ရ

RangonNewsDaily: March . 16 .2014
ထိုင်းနိုင်ငံတောင်ပိုင်းပြည်နယ်တစ်ခုဖြစ်သည့် ဖူးခက်ပြည်နယ် ပါတုံးကမ်းခြေမြို့ရှိ မြန်မာအလုပ်သမားများမှာ ထိုင်းလူမျိုးတစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ညမထွက်ရအမိန့်ထုတ်ပြန်ခံထားရကြောင်း မတ် ၁၄ ရက် သတင်းများတွင် ဖော်ပြသည်။
ပါတုံးမြို့တွင်း၌ မတ် ၁၁ ရက်တွင် မြန်မာနိုင်ငံသား အုပ်စုတစ်စုက ထိုင်း အမျိုးသားတစ်ဦးကို ရန်ပြုတိုက်ခိုက်ခဲ့ပြီး နောက်ပါတုံးမြို့တွင်းရှိမြန်မာအလုပ်သမားများ ည ၁၀ နာရီနောက်ပိုင်း၎င်းတို့ နေထိုင်ရာ စခန်းပြင်ပသို့ ထွက်ပါက အဖမ်းခံရမည်ဖြစ်ကြောင်း ပါတုံးရဲတပ်ဖွဲ့ က ကြေညာထားသည်။

ရဲတပ်ဖွဲ့နှင့် ပဋိပက္ခ ဖြစ်ပွားခဲ့သည့် ယင်းမာပင်ဒေသခံများ နှစ်ရက် ဆက်တိုက် ဆန္ဒထုတ်ဖော်


RangonNewsDaily: March . 16 .2014
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင် မြို့နယ်ကို ဖြတ်သန်းသွားသည့် မုံရွာ-ပုသိမ် ကားလမ်းမကြီးဘေးရှိ အမှတ် (၂၈) ရဲတပ်ရင်း ဆောက်လုပ်ရန်မြေရှင်းရာမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့သည့် အုံတုံပင် ကျေးရွာဒေသခံများ မြေယာပြန်လည် ရရှိရေးအတွက် တရားဝင် ခွင့်ပြုချက်ဖြင့် နှစ်ရက်ဆက်တိုက် ဆန္ဒထုတ်ဖော် ခဲ့ကြောင်း ယင်းဒေသခံများက ပြောကြားသည်။

ကျားသစ်ဖမ်းတဲ့ ကင်ညာ ရွာသားတွေ


RangonNewsDaily: March . 16 .2014
ကင်ညာနိုင်ငံ အရှေ့မြောက် ဘက်ပိုင်းက ရွာတရွာက ဆိတ်တွေကို နေ့စဉ် တနေ့ တကောင် လာလာ ဆွဲနေတဲ့ ကျားသစ် နှစ်ကောင်ကို ရွာသား ၄ ယောက်ကနေ လိုက်လံ ဖမ်းဆီးရာ ၄ မိုင် ခရီး အရောက်မှာ ကျားသစ်တွေ ကို အရှင် ဖမ်းနိုင်ခဲ့ ပါတယ်။

တရားရုံးညွှန်ကြားချက်ကို မလိုက်နာသဖြင့် ခရစ်ဘရောင်း ထောင်ကျ


RangonNewsDaily: March . 16 .2014
နာမည်ကျော် အဆိုတော် ခရစ်ဘရောင်း တစ်ယောက် တရားရုံးရဲ့ ညွှန်ကြားချက်အတိုင်း မနေထိုင်တဲ့အတွက် ထောင်ဒဏ် ချမှတ်ခြင်း ခံခဲ့ရတယ်လို့ contactmusic.com မှာ ဖော်ပြထားပါတယ်။

ဖျက်ဆီးခံ ကျူးကျော်များ လှည်းကူး မြို့နယ် ၌သာ နေရာချထား ပေးရန် ညှိနှိုင်းနေ

RangonNewsDaily: March . 16 .2014
လှည်းကူး မြို့နယ် အတွင်း ဖျက်ဆီးခံ ကျူးကျော် များအား လှည်းကူး မြို့နယ် အ တွင်း၌သာ နေရာ ချ ထား ပေးရန် မြို့နယ် အုပ် ချုပ်ရေးမှူး နှင့် ညှိနှိုင်းလျက် ရှိပြီး၊ နေရာ ချ ထားပေးနိုင်မည့် လှည်းကူးမြို့နယ်ရှိ တချို့ ကျေးရွာများကို ကြည့်ရှု လေ့လာ နေကြောင်း လှည်းကူး မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက The Messenger သတင်းစာ သို့ ပြောသည်။