Pages

Thursday, February 20, 2014

အလိုအပ်ဆုံးအရာ (ကဗျာ)

RangonNewsDaily: February . 20 .2014
အလိုအပ်ဆုံးအရာ

ဖိနပ်တစ်ရံမှာ တစ်ဖက်မရှိရင်

နောက်တစ်ဖက်က တန်ဖိုးမဲ့သွားသလိုမျိုး

သူမရှိတော့ရင် ကျွန်တော့်ဘဝ . . .

ဟုမ္မလင်းတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးအိမ် ဓါးပြတိုက်ခံရ

RangonNewsDaily: February . 20 .2014
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ မန်းသက်အုပ်စု၊ ဆင်နှာမောင်းကျေးရွာ အုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် ဓားကိုင် ဆောင်လာသည့်လူတစ်ဦးမှ အနုကြမ်းစီး၊ ဓါးပြတိုက်ခံခဲ့ရပြီး ကျေးရွာခွဲအုပ်ချုပ်ရေးမှူး လင်မယား ဓားဒဏ်ရာများရရှိခဲ့သည်ဟု မြို့နယ် ရဲတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။အနုကြမ်းစီးနင်းခြင်းခံရသည့် ကျေးရွာခွဲ အုပ်ချုပ်ရေးမှူး လင်မယားမှာ ဦးဖိုးကြည်နှင့် ဇနီး မမိကွန်း ဆိုသူတို့ဖြစ်သည်။ ထိုသူတို့သည် နေအိမ်ရှိ မီးဖိုဆောင်တွင် မနက် ၅ နာရီအချိန်ခန့်က လင်းမယားနှစ်ယောက် အတူထိုင်၍ မီးလှုံနေစဉ် အမည်မသိ အမျိုးသားတစ်ဦးက နေအိမ်ပေါ်သို့ တက်ရောက်လာပြီး "ဒါ အုပ်ချုပ်ရေးမှူး နေအိမ်လား” ဟု မေးမြန်းပြီးနောက် ပိုက်ဆံပေးရန် တောင်ခံခဲ့ခြင်း ဖြစ်သည်။

တက္ကသိုလ်ကျောင်းသားကို ဘော်ဒါဆောင်အတွင်း အုပ်စုဖြင့် ရိုက်

RangonNewsDaily: February . 20 .2014
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးတက္ကသိုလ်တွင် တက်ရောက်နေသည့် ကျောင်းသားတစ်ဦး ဘော်ဒါ ဆောင်တွင် အုပ်စုဖွဲ့ ရိုက်နှက်ခံရသည့်အတွက် ကလေးမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားသည်ဟု တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။ဘော်ဒါဆောင်အတွင်းရှိနေစဉ် ၀င်ရောက်ရိုက်နှက်ခံရသူသည် ဘူမိဗေဒအထူးပြုပထမနှစ်ကျောင်းသား မောင်ညီညီကို အသက် (၁၉)နှစ် ဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းက အရိုက်ခံရခြင်းဖြစ်သော် လည်း ကာယကံရှင်၏ သဘောဆန္ဒအရ ဖေဖော်ဝါရီ ၁၈ ရက်မှသာ အမှုဖွင့်ခဲ့ကြောင်လည်း ရဲဌာနက အတည်ပြုပြောကြားသည်။

ကင်ဆာရောဂါကို တီဆဲလ်သုံး ကုသရာတွင် အောင်မြင်မှု တစ်ချို့ ရရှိ

Photo: ကင်ဆာရောဂါကို တီဆဲလ်သုံး ကုသရာတွင် အောင်မြင်မှု တစ်ချို့ ရရှိ

ဖေဖေါ်ဝါရီ ၂၀ ရက် ၂၀၁၄ ခုနှစ်

လူနာ၏ ကိုယ်တွင်း ခုခံအားစံနစ်ကို အသုံးပြုပြီး ကင်ဆာဆဲလ်များကို တိုက်ခိုက်ရန် ချဉ်းကပ်သည့် နည်းလမ်းသစ်သည် အရွယ်ရောက်ပြီးသူများတွင် ၈၈ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း အမေရိကန် သုတေသန ပညာရှင်များမှ ကြာသပတေးနေ့တွင် ပြောဆိုခဲ့သည်။

တစ်ချို့က သက်ရှိဆေးဝါးဟု ခေါ်ဆိုကြသည့် နည်းလမ်းကို အသုံးပြုပြီး ကင်ဆာရောဂါကို ကုသရာတွင် ယင်းကဲ့သို့ အောင်မြင်ခဲ့မှုသည် ကျယ်ပြန့်လာသည့် ကင်ဆာရောဂါ ကာကွယ်ကုသရေး ကုထုံးများအတွက် သတင်းကောင်း ဖြစ်ကြောင်း New York မှ သိပ္ပံပညာရှင်များက ပြောဆိုခဲ့သည်။ Science Translation Medicine ဂျာနယ်တွင် ပါရှိခဲ့သည့် နောက်ဆုံး စမ်းသပ်မှုတွင် adult B cell acute lymphoblastic leukemia (All) ဟု ခေါ်ဆိုကြသည့် သွေးကင်ဆာ အမျိုးအစား လူနာ ၁၆ ဦး ပါဝင်ခဲ့သည်။

၎င်းရောဂါကြောင့် အမေရိကတွင် တစ်နှစ်လျှင် လူ ၁၄၀၀ ခန့် သေဆုံးနေကြရသည်။ ကာကွယ်ကုသနိုင်သည့် ကင်ဆာရောဂါများတွင် ပါဝင်သော်လည်း လူနာများသည် မကြာခဏ ဆိုသလို ပဋိဇီဝ ဆေးဝါးများဖြင့် ကုသရာတွင် ဆေးယဉ်ပါးမှု ဖြစ်ပွားပြီး နောက်ဆုံးတွင် ရောဂါအခြေအနေ ပြန်လည်ဆိုးရွားသွားကြသည်။

၎င်းလေ့လာမှုတွင် ကိုယ်တွင်းမှ တီဆဲလ်များကို ကင်ဆာဆဲလ်များကို တိုက်ခိုက်ရန် မျိုးရိုးဗီဇဆိုင်ရာ အင်ဂျင်နီယာအရ ပြုပြင်ပြောင်းလဲခဲ့ပြီး အရွယ်ရောက်ပြီး လူနာ ၁၆ ယောက်ထဲမှ ၁၄ ယောက်သည် ရောဂါအခြေအနေ သက်သာခဲ့ကြောင်း သိရှိရသည်။ စမ်းသပ်မှု ပြုလုပ်သည့် အချိန်တွင် လူနာများသည် ပျမ်းမျှ အသက် ၅၀ ဝန်းကျင် ရှိပြီး ပဋိဇီဝ ဆေးဝါးများဖြင့် ကုသမှုသည်လည်း အကျိုးသက်ရောက်မှု မရှိတော့ပဲ သေဆုံးရတော့မည့် အခြေအနေများ ဖြစ်သည်။

၎င်းကုထုံး မရှိပါက အခြေအနေ ဆိုးရွားသည့် လူနာများထဲမှ ၃၀ ရာခိုင်နှုန်းသာ အထူးပဋိဇီဝ ဆေးဝါးဖြင့် ကုသမှုကို တုန့်ပြန်ရန် အခွင့်အလမ်း ရှိသည်။ ကုထုံးမှာ လူနာများ၏ တီဆဲလ် အချို့ကို ထုတ်ယူပြီး ကင်ဆာဆဲလ်များတွင် ပါဝင်သော CD19 ဟု သိရှိကြသည့် ပရိုတင်းကို မှတ်မိစေရန် မျိုးရိုးဗီဇ နည်းပညာဖြင့် ပြောင်းလဲပြီး ကင်ဆာဆဲလ်များကို တိုက်ခိုက်စေခြင်း ဖြစ်သည်။

လူတို့၏ ကိုယ်တွင်း ခုခံအားစံနစ်ရှိ တီဆဲလ်များသည် ပုံမှန်အတိုင်း ဆိုပါက ကိုယ်ခန္ဓာတွင်း ဝင်ရောက်လာသော ဒုက္ခပေးသည့် အခြား အရာများကို တိုက်ခိုက်သော်လည်း ကင်ဆာဆဲလ်များကိုမူ တိုက်ခိုက်ခြင်း မရှိပေ။

“ အခြေခံကတော့ တီဆဲလ်တွေကို ကင်ဆာဆဲလ်တွေ အကြောင်း မှတ်မိပြီး တိုက်ထုတ်စေဖို့ မျိုးရိုးဗီဇ နည်းပညာနဲ့ ပြန်လည် သင်ကြားပေးလိုက်တာပေါ့။ ဒီနည်းပညာဟာ ကင်ဆာရောဂါ အမျိုးအစား တစ်ချို့ ရှိတဲ့ လူနာတွေ အတွက် အလုပ်ဖြစ်ပါတယ် ” ဟု ယခုနည်းပညာ အပေါ် ၁၅ နှစ်ကြာ လုပ်ကိုင်ခဲ့သည့် ဘရန့်ဂျန်မှ ပြောဆိုခဲ့သည်။ ကုထုံး ခံယူပြီးနောက် ရောဂါ သက်သာမှုကို ရရှိခဲ့သည့် လူနာ ငါးဦး အကြောင်းကို ပြီးခဲ့သော နှစ်က ၎င်းတို့ အဖွဲ့မှ တင်ပြခဲ့သည်။

REF: AFP
မြန်မာ့ခေတ်

RangonNewsDaily: February . 20 .2014
လူနာ၏ ကိုယ်တွင်း ခုခံအားစံနစ်ကို အသုံးပြုပြီး ကင်ဆာဆဲလ်များကို တိုက်ခိုက်ရန် ချဉ်းကပ်သည့် နည်းလမ်းသစ်သည် အရွယ်ရောက်ပြီးသူများတွင် ၈၈ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း အမေရိကန် သုတေသန ပညာရှင်များမှ ကြာသပတေးနေ့တွင် ပြောဆိုခဲ့သည်။

မဖွယ်မရာ လက်ဟန် အမူအယာကြောင့် ဆက်ဇနီ သီးခြား အရေးယူ ခံရဖွယ်ရှိ

Photo: မဖွယ်မရာ လက်ဟန် အမူအယာကြောင့် ဆက်ဇနီ သီးခြား အရေးယူ ခံရဖွယ်ရှိ

ဖေဖေါ်ဝါရီ ၂၀ ရက် ၂၀၁၄ ခုနှစ်

ဘိုင်ယန်မြူးနစ်နှင့် ပွဲစဉ်တွင် အနီကတ် ထိခဲ့သည့်နောက် မဖွယ်မရာ လက်ဟန် အမူအရာ ပြသခဲ့သည့် အာဆင်နယ် ဂိုးသမား ဝေါ့ဆစ်ခ်ျ ဆက်ဇနီ အနေဖြင့် UEFA၏ သီးခြား အရေးယူမှုနှင့် ကြုံရဖွယ် ရှိနေကြောင်း သိရသည်။

အသက်(၂၃)နှစ်ရှိ ပိုလန်လက်ရွေးစင်သည် ဘိုင်ယန်အသင်း တောင်ပံလူ အာယန်ရော်ဘန်ကို (၃၇)မိနစ်တွင် ဆွဲလှဲခဲ့သဖြင့် ပင်နယ်တီ ပေးခဲ့ရသလို တိုက်ရိုက်အနီကတ်လည်း ထိခဲ့သည်။ အနီကတ်ကြောင့် ကွင်းပြင်ထွက်လာပြီး အဝတ် လဲခန်းဘက် ဦးတည်နေချိန်တွင် ဆက်ဇနီသည် ရိုင်းစိုင်းသော အမူအယာ တစ်ခုကို လက်ဖြင့် ပြုလုပ်ပြခဲ့ကြောင်း ကင်မရာ မှတ်တမ်းများတွင် တွေ့ရှိရသည်။ ယင်းဖြစ်ရပ်ကို UEFAက တစ်စုံတစ်ရာ မှတ်ချက် မပေးသေးသော်လည်း သတင်းများက ဆက်ဇနီ အနေဖြင့် သီးခြား အရေးယူမှုနှင့် ကြုံရနိုင်ကြောင်း ခန့်မှန်း ရေးသားခဲ့ကြသည်။

ဆက်ဇနီ၏ အနီကတ်သည် အာဆင်နယ်ကို မန်နေဂျာ အာစင်ဝင်းဂါး ကိုင်တွယ်နေသည့် ကာလအတွင်း ကစားသမား တစ်ဦး အနီကတ်ထိမှု အကြိမ်(၁၀၀)ပြည့်လည်း ဖြစ်လာသည်။ ယခု ပွဲစဉ်တွင် ဘိုင်ယန် အသင်းဘက်မှ ရော်ဘန်သည်လည်း အာဆင်နယ် ကစားသမား ဘာကလေဆက်ဂ်ညာ လဲကျနေချိန်၌ ၎င်းအပေါ် တံတွေးဖြင့် ထွေးခဲ့ကြောင်း စွပ်စွဲမှုမျိုး ကြုံနေရသည်။ ထို့အပြင် ဝင်းဂါးကလည်း ရော်ဘန်သည် အမူပိုပို ဟန်ဆောင်လှဲချပြီး ပင်နယ်တီ ယူခဲ့ကြောင်း ဝေဖန်ခဲ့သေးသည်။ "ဂိုးသမားက သူ့ကိုထိသွားတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ရော်ဘန်ကို လှမ်းပြောခဲ့တယ်။ သူက အပိုတွေလုပ်ခဲ့တယ်။ ဒါကြောင့် ပွဲအနေအထား ပြောင်းသွားတယ် ဆိုတာကိုပါ။ ဒီလုပ်ရပ်ဟာ ပွဲအနေအထားကို ပြောင်းသွားစေရုံတင် မကပါဘူး။ ပွဲရဲ့ရသကိုပါ သတ်ပစ်လိုက်တယ်။ တကယ်တော့ ထိပ်တန်းအဆင့် ပွဲစဉ်တစ်ခု ဖြစ်ရမှာပါ။ ဒုတိယပိုင်းမှာ ပွဲအနေအထားက လုံးဝဥဿုံ တစ်ဖက်သတ်ကြီး ဖြစ်သွားတယ်လေ"ဟု ဝင်းဂါးက ပြစ်တင်ပြောကြားသွားသည်။

Soccer Myanmar

RangonNewsDaily: February . 20 .2014
ဘိုင်ယန်မြူးနစ်နှင့် ပွဲစဉ်တွင် အနီကတ် ထိခဲ့သည့်နောက် မဖွယ်မရာ လက်ဟန် အမူအရာ ပြသခဲ့သည့် အာဆင်နယ် ဂိုးသမား ဝေါ့ဆစ်ခ်ျ ဆက်ဇနီ အနေဖြင့် UEFA၏ သီးခြား အရေးယူမှုနှင့် ကြုံရဖွယ် ရှိနေကြောင်း သိရသည်။

မန္တလေး ခုနစ်မြို့နယ်တွင် အိမ်ရာမဲ့ဦးရေ ၅၅၀၀ ကျော်ရှိဟုဆို

Photo: မန္တလေး ခုနစ်မြို့နယ်တွင် အိမ်ရာမဲ့ဦးရေ ၅၅၀၀ ကျော်ရှိဟုဆို

ဖေဖေါ်ဝါရီ ၂၀ ရက် ၂၀၁၄ ခုနှစ်

မြန်မာ တစ်နိုင်ငံလုံးတွင် ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် တစ်ပြိုင်နက် ကောက်ယူမည့် သန်းခေါင်စာရင်း အတွက် မန္တလေး ခုနစ်မြို့နယ် အတွင်းရှိ အိမ်ရာ မရှိသူများကိုပါ ကောက်ယူမည် ဖြစ်သဖြင့် အိမ်ရာမဲ့ဦးရေ စာရင်းကို ကြိုတင်စာရင်း ကောက်ခံလျက် ရှိရာ အိမ်ရာမဲ့ ဦးရေ ၅၅၀၀ ကျော် ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

မန္တလေး ခုနစ်မြို့နယ်တွင် အစမ်း ကောက်ယူထားသော စာရင်းဇယားများအရ အိမ်ရာမဲ့ မိသားစု ၁၂၀၀ ကျော် ရှိပြီး မိသားစုဝင်ပေါင်း ၅၅၀၀ ကျော် ရှိကြောင်း၊ အဆိုပါ မိသားစုဝင်များ ကိုလည်း ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့ သန်းခေါင်စာရင်း ကောက်ယူရန် သတ်မှတ်ထားသော အချိန်တွင် ၎င်းတို့ကို တွေ့ရှိသော နေရာများတွင် မှတ်သား ကောက်ယူမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“သူတို့က အိမ်မရှိတော့ သူတို့ကို မြင်တဲ့ ရပ်ကွက်မှာ မှတ်ပြီး ကောက်ယူမှာပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ အိမ်ရာမဲ့များတွင် ဧရာဝတီ မြစ်အတွင်းရှိ ဝါးဖောင်၊ သစ်ဖောင် မျှောသူများပါ ပါဝင်ကာ သန်းခေါင်စာရင်း ကောက်ယူရန် သတ်မှတ်ထားသော အချိန်တွင် ၎င်းတို့ ရောက်ရှိနေသာ အရပ်ဒေသတွင်ပင် စာရင်း ကောက်ယူမည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်မံ ရှင်းပြသည်။

“သန်းခေါင်စာရင်းကို ကျွန်တော်တို့ကိုပါ ကောက်ယူမယ် ဆိုရင်တော့ သူတို့ မေးမှာကို ကျွန်တော်တို့က ဖြေပေးပါမှာ၊ အခု လောလောဆယ်တောင် ကျွန်တော်တို့ အခုနေတဲ့ တဲတွေကို နံပါတ်တွေ လာကပ်သွားပြီ” ဟု ချမ်းအေးသာစံမြို့နယ် ဧရာဝတီ မြစ်ကမ်းဘေးတွင် ကျူးကျော် နေထိုင်သူ ဦးအောင်စိုးလင်းက ဆိုသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း သန်းခေါင်စာရင်း ကောက်ကွက် ၉၅၀၇ ကွက်ရှိကာ ကောက်ကွက် တစ်ခုလျှင် စာရင်းကောက် တစ်ဦးနှင့် ကောက်ကွက် ငါးကွက်လျှင် စာရင်းစစ် တစ်ဦးက ကြီးကြပ်မည် ဖြစ်ပြီး သန်းခေါင်စာရင်း ကောက်ယူနိုင်ရန် အတွက် ဆရာ၊ ဆရာမ အင်အား ၁၂,၅၀၀ ဦးကျော် အသုံးပြုသွားမည် ဖြစ်ကြောင်း အဆိုပါ ဌာန၏ စာရင်းဇယားများအရ သိရသည်။

The Voice Weekly

RangonNewsDaily: February . 20 .2014
မြန်မာ တစ်နိုင်ငံလုံးတွင် ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် တစ်ပြိုင်နက် ကောက်ယူမည့် သန်းခေါင်စာရင်း အတွက် မန္တလေး ခုနစ်မြို့နယ်အတွင်းရှိအိမ်ရာ မရှိသူများကိုပါ ကောက်ယူမည် ဖြစ်သဖြင့် အိမ်ရာမဲ့ဦးရေစာရင်းကို ကြိုတင်စာရင်း ကောက်ခံ
လျက်
ရှိရာ အိမ်ရာမဲ့ ဦးရေ ၅၅၀၀ ကျော် ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာ
န အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

ဒုချီးရားတန်း အကြမ်းဖက်မှု အစိုးရနှင့် ပူးပေါင်းစုံစမ်းရန် ကုလကို တိုက်တွန်းမည်ဟု ကင်တားနားဆို

Photo: ဒုချီးရားတန်း အကြမ်းဖက်မှု အစိုးရနှင့် ပူးပေါင်းစုံစမ်းရန် ကုလကို တိုက်တွန်းမည်ဟု ကင်တားနားဆို

ဖေဖေါ်ဝါရီ ၂၀ ရက် ၂၀၁၄ ခုနှစ်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ဒုချီးရားတန်း ကျေးရွာတွင် ဖြစ်ပွား ခဲ့သည့် အကြမ်းဖက်မှုကို မြန်မာအစိုးရနှင့် ပူးပေါင်းကာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNIC) ကို တိုက်တွန်းသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနားက ပြောကြားသည်။

မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတက ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်သည့် နိုင်ငံတကာ စံချိန်စံညွန်းမီသည့် စုံစမ်းစစ်ဆေးမှု ပြုလုပ်နိုင်ခြင်း မရှိသဖြင့် ယင်းသို့ တိုက်တွန်းရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်၍ ၎င်း၏ နောက်ဆုံး အစီရင်ခံစာကို တင်သွင်းရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ကင်တားနား၏ ခရီးစဉ်အပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
“စုံစမ်းစစ်ဆေးရေးအဖွဲ့(ပူးပေါင်းအဖွဲ့) ဖြစ်ရပ်မှန်တွေကို ဖော်ထုတ်ဖို့ လိုတယ်။ ဒုချီးရားတန်း ဖြစ်စဉ်မှာ အမှန်တကယ် အပြစ်ရှိတယ် သူတွေကို ဖော်ထုတ် အရေးယူရမယ်” ဟု ကင်တားနားက ပြောကြားသည်။

ဒုချီးရားတန်း ကျေးရွာများတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးရန် နိုင်ငံတကာ အသိုင်းအဝိုင်း၏ နည်းပညာပိုင်း ဆိုင်ရာ အကူအညီများကို ရယူရန် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို တိုက်တွန်းခဲ့ကြောင်း ကင်တင်နားက ပြောကြားသည်။

အဆိုပါ အကြမ်းဖက်မှုသည် ပြည်တွင်းတွင် စုံစမ်းစစ်ဆေးရမည့်ကိစ္စ ဖြစ်သဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကိုယ်စားလှယ်များကို ဝင်ရောက် စွက်ဖက်ခွင့်ပြုမည် မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဒုချီးရားတန်း အကြမ်းဖက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာများတွင် အကြမ်းဖက်မှု ဖြစ်စဉ်များကို ဖော်ထုတ်ရန် လူပုဂ္ဂိုလ် ၁၀ ဦး ပါဝင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖေဖော်ဝါရီလ ၆ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သည်။

ကင်တားနား၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အစိုးရ၏ အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်မှု အပါအဝင် တရားဥပဒေ စိုးမိုးရေးနှင့် စီးပွားရေး ဖွံ့ဖြိုးမှုများ၏ စိန်ခေါ်မှုကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း ၎င်းကပြောကြားသည်။

ဒုချီးရားတန်း ကျေးရွာတွင် ဘင်္ဂါလီများ တိုက်ခိုက်၍ ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးမှု သတင်းသည် နိုင်ငံတကာ စာမျက်နှာများတွင် ဘင်္ဂါလီ ၄၀ ခန့် သတ်ဖြတ်ခံရသည်ဟု ပျံ့နှံ့လာပြီးနောက် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာအစိုးရကို ဖိအား ပေးခဲ့ကြသည်။

ကင်တားနားသည် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် တာဝန် ထမ်းဆောင်သည့် သက်တမ်းခြောက်နှစ်မှာ လာမည့် မတ်လတွင် ကုန်ဆုံးမည်ဖြစ်ပြီး ယင်းအစီရင်ခံစာကို မတ်လ ၁၄ ရက်နေ့တွင် UNHRC သို့ တင်ပြရမည် ဖြစ်သည်။

The Voice

ဖုန်းငွေဖြည့်ကတ်များအား ကုမ္ပဏီကိုးခုမှ ဆောင်ရွက်တော့မည်

RangonNewsDaily: February . 20 .2014
ဈေးကွက်အတွင်း ဖုန်းငွေဖြည့်ကတ်များအား ကုမ္ပဏီငါးခုမှ ထုတ်လုပ်ဖြန့်ချိလျက်ရှိရာ ယခုအခါ ကုမ္ပဏီကိုးခုမှ စတင် ဖြန့်ချိပေးသွားတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

မန္တလေးမြို့၌ ရင်ချင်းဆက်အမြွှာ မွေးဖွားပြီးနောက် ၃၂ နာရီကျော်အကြာတွင် အသက်ဆုံးရှုံး

ရင်ချင်းဆက်အမြွှာ ကလေးငယ်များအား မသေဆုံးမီအချိန်ခန့်က တွေ့ရစဉ်
RangonNewsDaily: February . 20 .2014
မြန်မာနိုင်ငံ၏ ကျန်းမာရေးဖြစ်စဉ်တွင် ခြောက်ကြိမ်မြောက်အဖြစ် ရင်ချင်းဆက်အမြွှာအား မန္တလေးမြို့၌ မွေးဖွားခဲ့ပြီးနောက် နာရီပေါင်း ၃၂ နာရီကျော်ကြာအချိန်တွင် သေဆုံးသွားခဲ့ကြောင်း မန္တလေးခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှ စုံစမ်းသိရသည်။

မြေသိမ်းခံ ၂၆ ရွာမှ ဒေသခံများက လက်ပံတောင်းတောင်ဒေသ အရံတောင် ၃၃ လုံး၏ တောင်စောင့်နတ်များကို ပူဇော်ပွဲကျင်းပ

လက်ပံတောင်းတောင်ဒေသ အရံတောင် ၃၃ လုံးမှ တောင်စောင့်နတ်များကို ပူဇော်ပွဲကျင်းပရန် ဒေသခံများ သွားရောက်နေသည်ကို တွေ့ရစဉ်
RangonNewsDaily: February . 20 .2014
ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ မြေသိမ်းခံကျေးရွာ ၂၆ ရွာမှ ဒေသခံတောင်သူများက ဖေဖော်ဝါရီ ၁၈ ရက်တွင် လက်ပံတောင်းတောင်ဒေသ အရံတောင် ၃၃ လုံး၏ တောင်စောင့်နတ်များကို ပူဇော်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။ဒေသခံတောင်သူ ၂၀၀ ခန့်က ၀က်မှေးကျေးရွာဟောင်း အနီးရှိ တောင်စောင့်နတ်ကွန်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ကျေးရွာ ၂၆ ရွာ ကိုယ်စားပြုကာ ပထမဆုံးအကြိမ် စုဝေးကျင်းပခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဗင်နီဇွဲလားနိုင်ငံမှာ အစိုးရဆန့်ကျင်ဆန္ဒပြမှုတွေအတွင်း ၅ ဦးသေဆုံး

RangonNewsDaily: February . 20 .2014
ဗင်နီဇွဲလားနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ် အစိုးရဆန့်ကျင်ဆန္ဒပြမှုတွေအတွင်း ဒဏ်ရာရခဲ့သူတွေထဲက ၅ ဦးမြောက် ဆန္ဒပြသူတဦး ထပ်မံ သေဆုံးသွားပါတယ်။

ဒုချီးရားတန်း စုံစမ်းမှု ကင်တားနားစိုးရိမ်

RangonNewsDaily: February . 20 .2014
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာလူမျိုး ပဋိပက္ခတွေအပေါ် အစိုးရစုံစမ်းရေးကော်မရှင်ရဲ့ သမာသမတ်ကျမှု အတိုင်းအတာနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်မကင်းဖြစ်မိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနားက ပြောပါတယ်။

ကမ္ဘာကျော် ဦးပိန်တံတားကြီး ရှေးမူမပျက် ပြန်လည်ပြုပြင်မည်

RangonNewsDaily: February . 20 .2014
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ ကမ္ဘာကျော်သစ်သားတံတား ကြီးဖြစ်သည့် ဦးပိန်တံတားကြီးအား ရှေးမူမပျက် ပြန်လည်ပြုပြင်မွမ်းမံမှု လုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ သိရသည်။

* အဖေ * ( ကဗျာ)

RangonNewsDaily: February . 20 .2014
* အဖေ *
      ---------
အဖေ. ......
နင်းလျှောက်သိလမ်း
မည်မျှပင် ကြမ်းပါစေ
သားသမီးအတွက်ဆို  အဖေ " မမှု
ဖ၀ါးထပ်မှာ သွေးခြေဥလည်း

တစ်ခါလေမျှ စိတ်မကွက်ခဲ့တာ  အဖေ '

Next Launcher နောက်ဆုံးထွက်ဗားရှင်း ★★Next Launcher 3D Shell Apk v3.06 Paid (Final Version)★★

RangonNewsDaily: February . 20 .2014
Next Launcher 3D Shell ရဲ့ Final Update ဖြစ်တဲ့  v3.06 လေးတင်ပေးလိုက်ပါတယ်။

Facebook ရဲ့နောက်ဆုံးထွက်ဗားရှင်း Facebook v.6.0.0.28.28 for Android ( FEB 18 )

RangonNewsDaily: February . 20 .2014
ဖေဖေါ်ဝါရီလ 18 ရက်နေ့က ထွက်တဲ့ Facebook Version သစ် Facebook v.6.0.0.28.28 ဖြစ်ပါတယ်.. Update လေး ဆွဲလိုက်ကြပါအုံး...

ဆန်းဆန်းပြားပြားတိုက်ခိုက်ပစ်ခက်ချင်သူများအတွက် - Star Wars Assault Team v1.0.0 For Android

Star Wars: Assault Team - screenshot thumbnail

RangonNewsDaily: February . 20 .2014

Star Wars ကိုတော့ လူတိုင်းသိကြမှာမှာ ကမ္ဘာပေါ်မှာပါ နာမည်ကြီးတဲ့ Action ဇတ်လမ်းကောင်းတွေဖြစ်
ပါ တယ်ဗျာ။ အခုတော့ Star Wars ကို Android Phone & Tablet ပေါ်မှာကစားနိုင်မှာဖြစ်ပါတယ်။

တ/ဒဂုံ ၉၆၉များကြောင့် မွတ်စလင်မ်မိသားစုကို ရဲစခန်းတွင်လုံခြုံရေးပေးထားရ

RangonNewsDaily: February . 20 .2014
တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက် ရတနာလမ်း အမှတ် ၅၀၇ (ခ) တွင်နေထိုင်သည့် အစ္စလာမ်
ဘာသာဝင်မိသားစုဝင်တစ်ဦး ခိုက်ရန်ဖြစ်ပွားမှုကို အကြောင်းပြုကာ အဆိုပါနေအိမ်အားဖျက်ဆီးရန် ကြိုးပမ်းနေသည့်လူအုပ်ကြောင့် ဌင်းအိမ်တွင်နေထိုင်သူ အစ္စလာမ်ဘာသာဝင် ၉ ဦးကို ရဲစခန်းသို့ပြောင်းရွှေ့ကာလုံခြုံရေးပေးထားရကြောင်းဒေသခံတစ်ဦးက မြန်မာ
မွတ်စလင်မ်မီဒီယာသို့ပြောသည်။

တောင်ဒဂုံတွင် ခိုက်ရန်ဖြစ်ပွားမှုကို အကြောင်းပြုကာ အစ္စလာမ်ဘာသာဝင်အိမ်တစ်လုံးကို အကြမ်းဖက်ရန်၉၆၉များလူစုနေ

Breaking News (00:15am)
RangonNewsDaily: February . 20 .2014

တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက်ရှိ ကောင်းမြတ် အရက်ဆိုင်တွင် တွင်ဖြစ်ပွားသည့် လူမှုရေးပြဿနာကိုအကြောင်းပြုကာ အဆိုပါရပ်ကွက်ရှိ တစ်ခုတည်းသော မွတ်စလင်မ်အိမ်ကို အကြမ်းဖက်မီးရှို့ရန် လိုက်လံဆော်သြမှုပြုနေသူများ ရှိကြောင်း ဒေသခံတစ်ဦးက မြန်မာမွတ်စလင်မ်မီဒီယာသို့ ည ၁၂ နာရီ ၅ မိနစ်အချိန်တွင်သတင်းပေးပို့ထားသည်။

ရန်ကုန်မြို့ မအူကုန်းလမ်းကျယ်တွင် သင်္ကန်းဝတ်တစ်ဦး ဆူပူမှု ဖြစ်ပွား

RangonNewsDaily: February . 19 .2014
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက် လမ်းကျယ်တွင် သင်္ကန်းဝတ်ထားသည့် လူတစ်ဦးမှ ဆူပူသောင်းကျန်းခဲ့တယ်လို့ အလင်းမျက်ဝန်းမှ စုံစမ်းသိရှိရပါတယ်။