Pages

Monday, February 17, 2014

ချစ်ခြင်းတစ်စုံ (ကဗျာ )

RangonNewsDaily: February . 17 .2014

ချစ်ခြင်းတစ်စုံ

လွမ်းလို့သာ ငိုရကြေးဆို....
ကျနော့မျက်ဝန်းအိမ်တွေ....
ခန်းခြောက်ခဲ့တာ ကြာလှပေါ့.....
မြို့ပြအောင်ခြေမှာ...
ကျနော်ကိုယ်တိုင်မြှုပ်နှံခဲ့တဲ့....
ချစ်ခြင်းတစ်စုံရှိတယ်....

ကိုယ်ဝန်ရှိနေကြောင်း တွေ့ ရှိရ၍ စစ်မြေပြင်ကနေ ဗြိတိန်အမျိုးသမီးတပ်သား ၂၀၀ ကျော်ကို နေရပ်ပြန်ပို့ 

Photo: ကိုယ်ဝန်ရှိနေကြောင်း တွေ့ ရှိရ၍ စစ်မြေပြင်ကနေ ဗြိတိန်အမျိုးသမီးတပ်သား ၂၀၀ ကျော်ကို နေရပ်ပြန်ပို့ 

ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၁၄

စစ်မြေပြင်မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဗြိတိန် အမျိုးသမီးတပ်သား ၂၀၀ ကျော်ဟာ ကိုယ်ဝန်ရှိနေကြောင်း စစ်ဆေးတွေ့ ရှိရတာကြောင့် ဗြိတိန်သို့ ပြန်ပို့ ခြင်းခံခဲ့ရပါတယ်။

ရှေ့ တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေချိန်အတွင်း ကိုယ်ဝန်ရရှိမှုကို တားမြစ်ထားတဲ့ ဥပဒေစည်းကမ်းတွေကြောင့် အာဖဂန်နစ္စတန်မှာ တာဝန်ကျနေတဲ့ အမျိုးသမီးတပ်သား ၉၉ ယောက်နဲ့  အီရတ် က အမျိုးသမီးတပ်သား ၁၀၂ ယောက်ကို ရွှေ့ ပြောင်းပေးခဲ့တာဖြစ်ပါတယ်။

တပ်မှူးတွေဟာ ကိုယ်ဝန်ရှိကြောင်း တွေ့ ရှိရတာနဲ့  ဒီအမျိုးသမီးတပ်သားတွေကို လူနာတင်လေယာဉ်တွေနဲ့  ဗြိတိန်ကို ပြန်လည်ပို့ ဆောင်ဖို့ အမိန့် ပေးခဲ့တယ်လို့ သိရှိရပါတယ်။

အမျိုးသမီးတပ်သားတွေဟာ စစ်တပ်ထဲဝင်ရောက်ရာမှာ ကိုယ်ဝန်ရှိကြောင်း ဆေးစစ်မှုတွေ မခံယူခဲ့ရဘူးလို့  ဆိုပါတယ်။ ဗြိတိန်စစ်တပ်မှာ ၀င်ရောက်ထမ်းဆောင်မယ့် အမျိုးသမီးတပ်သားတွေကို သူတို့ ရဲ့ အရှက်သိက္ခာကြောင့် အတင်းအဓမ္မ စစ်ဆေးခွင့်မရှိပါဘူး။

ဒါပေမယ့်လည်း ကာကွယ်ရေးဝန်ကြီးဌာနဟာ ဒီဥပေဒေကို ပြင်ဆင်သွားဖို့ ရှိပြီး အမျိုးသမီးတပ်သားတွေဟာ နောင်မှာ မဖြစ်မနေခံယူရမယ့် စစ်ဆေးမှုတွေ ရှိလာမယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ စစ်မြေပြင် မှာ တာဝန်ကျနေတဲ့ တခြားအရာရှိတပ်သားတွေဟာ အန္တရာယ်အခြေအနေမှာ ရှိနေချိန်မှာ ကိုယ်ဝန်ရှိနေတဲ့ တပ်သားတွေကတော့ ဘေးလွတ်ရာကို ရွှေ့ ပြောင်းနေ နေရတဲ့အတွက် ဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ တရားဝင်သတင်းအချက်အလက်တွေအရ ၂၀၀၆ ခုနှစ်အာဖဂန်စစ်မြေပြင် နဲ့ ၂၀၀၃-၂၀၀၉ အီရတ်စစ်မြေပြင်ကနေ ကိုယ်ဝန်ရှိတပ်သား စုစုပေါင်း ၂၀၁ ယောက်ကို ရွှေ့ ပြောင်းပေးခဲ့ရပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီအရေအတွက်ဟာ စစ်တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးတပ်သား အရေအတွက်နဲ့ ယှဉ်မယ်ဆိုရင် တစ်ရာခိုင်နှုန်းတောင် မရှိပါဘူးလို့ သိရပါတယ်။

အမျိုးသမီးတပ်သားအများစုဟာ ကိုယ်ဝန်ကို ဗြိတိန်နိုင်ငံက မထွက်ခွာခင်ကတည်းက ရရှိခဲ့တာဖြစ်ပြီး၊ အနည်းစုကတော့ ရှေ့ တန်းမှာတာဝန်ထမ်းဆောင်နေချိန်မှာ ရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ တာဝန်ထမ်းဆောင်နေချိန်မှာ ကာမဆက်ဆံနေကြောင်း တွေ့ ရှိရင် ရာထူးအဆင့်အတန်းအလိုက် ထိရောက်စွာ အပြစ်ပေးမှုတွေ ရှိပါတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Ref: Dailymail
Trend Myanmar 

https://www.facebook.com/kokomyanmarpyitharlay

RangonNewsDaily: February . 17 .2014
စစ်မြေပြင်မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဗြိတိန် အမျိုးသမီးတပ်သား ၂၀၀ ကျော်ဟာ ကိုယ်ဝန်ရှိနေကြောင်း စစ်ဆေးတွေ့ ရှိရတာကြောင့် ဗြိတိန်သို့ ပြန်ပို့ ခြင်းခံခဲ့ရပါတယ်။

ဘရာဇီးလ် ဘောလုံးအသင်းအတွက် ကမ္ဘာ့ဖလား ကိုယ်စားပြု အလှမယ်ပြိုင်ပွဲ

Photo: ဘရာဇီးလ် ဘောလုံးအသင်းအတွက် ကမ္ဘာ့ဖလား ကိုယ်စားပြု အလှမယ်ပြိုင်ပွဲ

ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၁၄ 

Miss Butt Brazil အမည်ရှိ အလှမယ် ရွေးချယ်ပွဲကို လတ်တလောတွင် ကျင်းပနေဆဲဖြစ်ပြီး ဆန်ခါတင် (၁၁)ဦးအဆင့်ထိ ရောက်ရှိလာပြီဟု သိရသည်။

ဘရာဇီးလ်နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးတွင် အိမ်ရှင်အသင်းကို အားပေးသည့် အနေဖြင့် အလှမယ် ရွေးချယ်ပွဲတစ်ခု ပြုလုပ်နေကြောင်း သိရသည်။ ဘရာဇီးလ်အသင်း ဆဋ္ဌမအကြိမ်မြောက် ကမ္ဘာ့ဖလား ချန်ပီယံဆု ဆွတ်ခူးရေးသည် သန်းပေါင်း(၂၀၀)မျှရှိသည့် ဘရာဇီးလ် ပြည်သူများအတွက် အိပ်မက်တစ်ခု ဖြစ်သော်လည်း အမျိုးသမီး တစ်ဦးကမူ ကိုယ်တိုင်ကိုယ်ကျ ထဲထဲဝင်ဝင် ပါဝင်အားပေးခွင့် ရမည်ဖြစ်သည်။ Miss Butt Brazil အမည်ရှိ အလှမယ် ရွေးချယ်ပွဲကို လတ်တလောတွင် ကျင်းပနေဆဲဖြစ်ပြီး ဆန်ခါတင် (၁၁)ဦးအဆင့်ထိ ရောက်ရှိလာပြီဟု သိရသည်။

ယင်းတို့အနက် နောက်ဆုံး တစ်ဦးကို မတ်လ(၅)ရက်နေ့တွင် အမည်ထုတ်ပြန် ကြေညာသွားမည် ဖြစ်သည်။ ရွေးချယ်ခံရသော အလှမယ်သည် ဘရာဇီးလ် အသင်း၏ ကိုယ်စားပြု အလှမယ်အဖြစ် ပြိုင်ပွဲကာလတွင် ပရိသတ်ရှေ့ ထွက်ပေါ်လာခွင့် ရရှိမည်ဟု ဆိုသည်။ နေမာ၊ သီယာဂိုဆေးလ်ဗား အစရှိသည့် ကမ္ဘာကျော် ဘောလုံးသမားများ စုစည်းထားသည့် ဘရာဇီးလ် အသင်းအနက် ဆွဲဆောင်မှု အရှိဆုံးနှင့် ဆွဲဆောင်မှု အနည်းဆုံး ကစားသမား တစ်ဦးစီကို အဆိုပါ မိန်းကလေးများက မဲပေးခွင့် ရရှိခဲ့ပြီး ဆွဲဆောင်မှု အရှိဆုံးအဖြစ် နေမာက ရပ်တည်နေသည်။

ဆွဲဆောင်မှု အနည်းဆုံးမှာမူ တိုက်စစ်မှူးဟော့ခ် ဖြစ်နေကြောင်း သိရသည်။ သို့သော်လည်း မိန်းကလေး အများစု တစ်ပြေးညီ ယူဆထားသည့် ဘရာဇီးလ်ရောက် ဘောလုံးသမား အားလုံးအနက် ဆွဲဆောင်မှု အရှိဆုံး ကစားသမားမှာမူ ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒို ဖြစ်နေသည်။ အိမ်ရှင်ဘရာဇီးလ် အသင်းသည် ပြိုင်ပွဲ၏ အုပ်စု(A)တွင် ပါဝင်နေပြီး ခရိုအေးရှား၊ မက္ကစီကို၊ ကင်မရွန်းတို့နှင့်အတူ ကျရောက်နေကြောင်း သိရှိရသည်။

Planet Myanmar Network 

https://www.facebook.com/kokomyanmarpyitharlay

RangonNewsDaily: February . 17 .2014
Miss Butt Brazil အမည်ရှိ အလှမယ် ရွေးချယ်ပွဲကို လတ်တလောတွင် ကျင်းပနေဆဲဖြစ်ပြီး ဆန်ခါတင် (၁၁)ဦးအဆင့်ထိ ရောက်ရှိလာပြီဟု သိရသည်။

နီပေါတွင် လူ ၁၈ ဦးပါ ခရီးသည်တင် လေယာဉ် တစ်စီး ထွက်ခွာပြီး ၁၅ မိနစ် အကြာတွင် ပျောက်ဆုံး

Photo: နီပေါတွင် လူ ၁၈ ဦးပါ ခရီးသည်တင် လေယာဉ် တစ်စီး ထွက်ခွာပြီး ၁၅ မိနစ် အကြာတွင် ပျောက်ဆုံး

ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၁၄ 

ခရီးသည် ၁၅ ဦးနှင့် လေယာဉ် ဝန်ထမ်း သုံးဦးကို တင်ဆောင်သွားသော နီပေါ လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ် တစ်စီးသည် တနင်္ဂနွေနေ့ ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် လေဆိပ်မှ ထွက်ခွာ သွားပြီးနောက် ၁၅ မိနစ်ခန့် အကြာတွင် ပျောက်ဆုံး သွားခဲ့သည်ဟု CNA သတင်း ဌာနတွင် ဖော်ပြထားသည်။

အဆိုပါ ခရီးသည်တင် လေယာဉ်သည် ပုပ်ခ်ဟာရာ လေဆိပ်မှ ထွက်ခွာ သွားပြီးနောက် ပျောက်ဆုံး သွားခဲ့ခြင်း ဖြစ်ပြီး လေယာဉ်ပေါ်တွင် အရွယ်ရောက်ပြီး ခရီးသည် ၁၄ ဦး၊ နို့စို့ ကလေးအရွယ် ခရီးသည် တစ်ဦးနှင့် လေယာဉ် ဝန်ထမ်း သုံးဦး လိုက်ပါသွားကြောင်း နီပေါ လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက ပြောကြားသည်။

ပုပ်ခ်ဟာရာ ဒေသသည် ကမ္ဘာလှည့် ခရီးသည် အများစု လာရောက် လည်ပတ်လေ့ရှိသော ဒေသတစ်ခု ဖြစ်ပြီး မြို့တော် ခတ္တမဒူမှ အနောက်ဘက် ကီလိုမီတာ ၂၀၀ ခန့် အကွာတွင် တည်ရှိသည်။

“ခရီးသည်တွေထဲက တစ်ယောက်က ဒိန်းမတ်ကပါ။ ဒါပေမဲ့ ကျန်တဲ့ ခရီးသည်တွေ အားလုံးကတော့ နီပေါက ခရီးသည်တွေ ချည်းပါပဲ” ဟု နီပေါ လေကြောင်းလိုင်း၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ရမ်ဟာရီ ရှာမာက ပြောကြားသည်။

လေကြောင်းလိုင်းမှ တာဝန်ရှိသူများက လေယာဉ်၏ တည်နေရာကို ရှာဖွေရန်နှင့် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ကြိုတင် ပြင်ဆင်ထားရန် ရဲတပ်ဖွဲ့ကို အကြောင်း ကြားထားသည်ဟုလည်း မစ္စတာ ရှာမာက ပြောကြားသည်။

ယခု ပျောက်ဆုံးလျက် ရှိသော နီပေါ လေကြောင်းလိုင်းပိုင် လေယာဉ်သည် ပုပ်ခ်ဟာရာမှ ဂျမ်မလာမြို့သို့ ပျံသန်းစဉ် ပျောက်ဆုံး သွားခဲ့ခြင်း ဖြစ်သည်။

စီးပွားရေးအတွက် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းမှ ရရှိသော ဝင်ငွေကို အဓိက ထားနေရသော နီပေါနိုင်ငံတွင် မကြာသေးမီ နှစ်များအတွင်း လေယာဉ် ပျက်ကျမှု အကြိမ်ရေ မနည်း ဖြစ်ပွားခဲ့ပြီး အများစုမှာ လေယာဉ်မှူးများ၏ အတွေ့အကြုံ နည်းပါးမှု၊ လေယာဉ် ပြုပြင် ထိန်းသိမ်းမှုနှင့် စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းတို့ကြောင့် ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။

ပြီးခဲ့သောနှစ် အောက်တိုဘာလ အတွင်းကလည်း ပုပ်ခ်ဟာရာ မြို့အနီးတွင် အပေါ့စား လေယာဉ်ငယ် တစ်စီး ပျက်ကျခဲ့ပြီး ဒေသခံ လေယာဉ်မှူး တစ်ဦးနှင့် တရုတ် ခရီးသွား တစ်ဦးတို့ သေဆုံးခဲ့သည်။

ဥရောပသမဂ္ဂသည် ပြီးခဲ့သောနှစ် ဒီဇင်ဘာလ အတွင်းက ကမ္ဘာ တစ်ဝန်းရှိ နိုင်ငံပိုင် လေကြောင်းလိုင်းများကို ဘေးကင်း လုံခြုံမှုအတွက် စိတ်ချရခြင်း မရှိဟုဆိုကာ အမည်ပျက် စာရင်း သွင်းခဲ့ပြီး ထိုလေကြောင်း လိုင်းများ ဥရောပသို့ ပျံသန်းခြင်းကိုလည်း တားမြစ်ခဲ့သည်။

Myawady News 
https://www.facebook.com/kokomyanmarpyitharlay

RangonNewsDaily: February . 17 .2014
ခရီးသည် ၁၅ ဦးနှင့် လေယာဉ် ဝန်ထမ်း သုံးဦးကို တင်ဆောင်သွားသော နီပေါ လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ် တစ်စီးသည် တနင်္ဂနွေနေ့ ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် လေဆိပ်မှ ထွက်ခွာ သွားပြီးနောက် ၁၅ မိနစ်ခန့် အကြာတွင် ပျောက်ဆုံး သွားခဲ့သည်ဟု CNA သတင်း ဌာနတွင် ဖော်ပြထားသည်။

MAI လေကြောင်းလိုင်း ဂျပန်- မြန်မာ တိုက်ရိုက်ပြေးဆွဲရန် ဂျပန်တွင် ရုံးဖွင့်မည်

Photo: MAI လေကြောင်းလိုင်း ဂျပန်- မြန်မာ တိုက်ရိုက်ပြေးဆွဲရန် ဂျပန်တွင် ရုံးဖွင့်မည်

ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၁၄ 

ရန်ကုန်၊ မဇ္ဈိမ။ ။ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း MAI အနေဖြင့် ဂျပန်နိုင်ငံ HAMA INC နှင့်ပူးပေါင်းကာ Myanmar Airways International Japan Co., Ltd အဖြစ် ဂျပန်နိုင်ငံတွင် ရုံးဖွင့်ပြီး ဂျပန်-မြန်မာခရီးစဉ်များကို ဇွန်လမှစတင် တိုးချဲ့ပျံသန်းသွားမည်ဟု MAI မှ ဈေးကွက်နှင့် လူထုဆက်ဆံရေးမန်နေဂျာ ဒေါ်အေးမရသာက ဖေဖော်ဝါရီ ၁၇ ရက်တွင် မဇ္ဈိမကိုပြောသည်။

“အဓိကကတော့ ဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် လုပ်တာပါ။ ဒါက MAIလကြောင်းလိုင်း အနေနဲ့ ပထမဦးဆုံး ဂျပန်နိုင်ငံနဲ့ M0U ရေးထိုးတာဖြစ်သလို ဂျပန်နိုင်ငံမှာ ရုံးခန်းဖွင့်တဲ့ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းတွေထဲမှာ MAI က ပထမဦးဆုံးလည်း ဖြစ်တယ်။ ဂျပန်မှာ ရုံးခန်းကို တစ်လအတွင်း ဖွင့်နိုင်ဖို့ မှန်းထားတယ်။ လာမယ့် ဇွန်လလောက်မှာ ဂျပန်- မြန်မာ တိုက်ရိုက်ပုံမှန်ခရီးစဉ် စပြီးပြေးဆွဲမယ်” ဟု ဒေါ်အေးမရသာက ပြောသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) နှင့် ဂျပန်နိုင်ငံ HAMA INC တို့ MOU ရေးထိုးမှုကို ဖေဖော်ဝါရီလ ၁၄ ရက်တွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း ရုံးချုပ်တွင်ပြုလုပ်ခဲ့သည်။ ၎င်း MOU အရ MAI မှ Joint Venture ကုမ္ပဏီအဖြစ် ဂျပန်နိုင်ငံတွင် HAMA INC နှင့် ပူးပေါင်းကာ ရုံးဖွင့်လှစ်မည်ဖြစ်ပြီး ဂျပန်- မြန်မာ လေယာဉ်ခရီးစဉ်များကို စင်းလုံးငှားခရီးစဉ်များအပြင် နေ့စဉ်ပုံမှန်ခရီးစဉ်များကိုပါ အမြန်ဆုံးတိုးချဲ့ပျံသန်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

ထို့ပြင် MAI က ရန်ကုန်မှ တိုက်ရိုက်ပုံမှန်ခရီးစဉ်အဖြစ် ပျံသန်းနေသော ကမ္ဘောဒီးယားနိုင်ငံ စီရမ်ရိနှင့် ဖနွမ်းပင်မြို့များကိုပါ မြန်မာနိုင်ငံသို့ လာရောက်မည့် ဂျပန်ခရီးသည်များ သွားရောက်လည်ပတ်လိုပါက လည်ပတ်နိုင်ရန်လည်း ဆောင်ရွက်ထားသည်ဟု သိရသည်။

MAI လေကြောင်းလိုင်းအနေဖြင့် ရန်ကုန်မှ ဘန်ကောက်၊ စင်္ကာပူ၊ ကွာလာလမ်ပူ၊ ကွမ်ကျိုး၊ ဂါယာ၊ ဖနွမ်းပင် နှင့် စီရမ်ရိမြို့များသို့ ပုံမှန်ပြေးဆွဲလျက်ရှိသည်။

Mizzima - News in Burmese 
https://www.facebook.com/kokomyanmarpyitharlay

RangonNewsDaily: February . 17 .2014
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း MAI အနေဖြင့် ဂျပန်နိုင်ငံ HAMA INC နှင့်ပူးပေါင်းကာ Myanmar Airways International Japan Co., Ltd အဖြစ် ဂျပန်နိုင်ငံတွင် ရုံးဖွင့်ပြီး ဂျပန်-မြန်မာခရီးစဉ်များကို ဇွန်လမှစတင် တိုးချဲ့ပျံသန်းသွားမည်ဟု MAI မှ ဈေးကွက်နှင့် လူထုဆက်ဆံရေးမန်နေဂျာ ဒေါ်အေးမရသာက ဖေဖော်ဝါရီ ၁၇ ရက်တွင် မဇ္ဈိမကိုပြောသည်။

ကားအရောင်ပြခန်းဖွင့်လှစ်ရန်ခက်ခဲမှုကြောင့် ဆိပ်ကမ်းကို အရောင်းပြခန်းသဖွယ်အသုံးပြု၍ရောင်းချလာ

RangonNewsDaily: February . 17 .2014
ပြည်ပမှတင်သွင်းသည့်ကားများကို အချို့ကားတင်သွင်းသူများက အရောင်းပြခန်းဖွင့်ရန်အခက်အခဲကြောင့်
ဆိပ်ကမ်းကိုသာအရောင်းပြခန်းသဖွယ်အသုံးပြု၍ရောင်းချလာကြကြောင်း သတင်းရရှိသည်။အဆိုပါ ပြည်ပမှတင်သွင်းသည့် ကားများကို ဆိပ်ကမ်းတွင် ရက်ပေါင်း ၆၀ အထိအခမဲ့ထားခွင့်ရှိသည့်အတွက် ကားတင်သွင်းသူအချို့ ဆိပ်ကမ်းတွင်သာအရောင်းအဝယ်လုပ်ကြကြောင်း၊ ထိုသို့ အချိန်ကြာလာသည်နှင့်
အမျှ ဆိပ်ကမ်းတန်ဆာခများတက်လာပြီး အရှုံးများသည့်အတွက် အချို့မှာကားများကို ထုတ်ယူခြင်းမရှိတော့ဘဲ ပစ်ထားခဲ့ကြကြောင်း ကားတင်သွင်းသူ ကိုအောင်ကပြောကြားသည်။

မြန်မာပြည်ကိုချစ်တယ်

RangonNewsDaily: February . 17 .2014
မြန်မာပြည်ကိုချစ်တယ်
မြန်မာအ၀တ်အစားကိုလည်းအရမ်းသဘောကျတယ် 

သြစတြေးလျနဲ့ အမေရိကန်တို့ ပေါင်းပြီး အင်ဒိုနီးရှား ဖုန်းဒေတာတွေ ကို ထောက်လှမ်းနေတဲ့ အကြောင်း ဖော်ထုတ်လိုက်တဲ့ Snowden

Photo: သြစတြေးလျနဲ့ အမေရိကန်တို့ ပေါင်းပြီး အင်ဒိုနီးရှား ဖုန်းဒေတာတွေ ကို ထောက်လှမ်းနေတဲ့ အကြောင်း ဖော်ထုတ်လိုက်တဲ့ Snowden

ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၁၄

အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) ဖော်ကောင်၊ အမေရိကန် စစ်ဘက်နဲ့နိုင်ငံရေး အတွင်းသတင်းတွေကို စုဆောင်းသူဟောင်း Edward Snowden ဟာ တရားဝင်သတင်းအချက်အလက် အသစ်စက်စက်တွေကို ဖော်ထုတ်လိုက်ပါပြီ။

အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ (NSA) နဲ့ သြစတြေးလျ အစိုးရ သတင်းစုဆောင်းရေး အေဂျင်စီ (ASD) တို့ ပူးပေါင်းပြီး အင်ဒိုနီးရှား တယ်လ်လီဖုန်းလိုင်း အချက်အလက်တွေကို ၀င်ရောက်ထောက်လှမ်းနေတဲ့အကြောင်း အသေးစိတ် ကို ဖော်ပြထားပါတယ်။

ထိပ်တန်းလျှို့ဝှက် တွေကတော့ သြစတြေးလျ ASD ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ဆက်သွယ်ရေးစနစ်တွေကို ထောက်လှမ်း ရယူဖို့ ကြိုးစားနေတယ်ဆိုတဲ့ အချက်အလက်တွေ ပါပဲ။

၂၀၁၂ခုနှစ် NSAရဲ့ ဖိုင်တွဲတွေအရ သြစတြေးလျ ASD ဟာ Indosat (အင်ဒိုနီးရှားပိုင် ဂြိုလ်တု) ရဲ့အဝေးဆက်သွယ်မှု တစ်ပြုံကြီး ကို ထောက်လှမ်းနေကြောင်း ပါဝင်ပါတယ်။ အစိုးရ ၀န်ကြီးရုံးတွေရဲ့ ဆက်သွယ်မှုတွေက အစပေါ့။

၂၀၁၃ခုနှစ် ဖော်ထုတ်လိုက်တဲ့ နောက်ထပ်ဖိုင်တွဲတစ်ခုမှာတော့ သြစတြေးလျ ASD ဟာ အင်ဒိုတယ်လီဖုန်းကွန်ယက်(Telkomsel) က အတွင်းရေးဆက်သွယ်မှုတွေကို အုပ်ထားတဲ့ ၁ ဒဿမ ၈ သန်းသော မာစတာကီးတွေကို ဖြည်ထုတ်ထားတဲ့ အကြောင်း ပါလာပါတယ်။

Ref: Trend Myanmar 

https://www.facebook.com/kokomyanmarpyitharlay

RangonNewsDaily: February . 17 .2014
အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) ဖော်ကောင်၊ အမေရိကန် စစ်ဘက်နဲ့နိုင်ငံရေး အတွင်းသတင်းတွေကို စုဆောင်းသူဟောင်း Edward Snowden ဟာ တရားဝင်သတင်းအချက်အလက် အသစ်စက်စက်တွေကို ဖော်ထုတ်လိုက်ပါပြီ။

" ဘီလူးဇာတ်ကားကို ရုပ်ရှင်မရိုက်ခင်ကတည်းက ဇာတ်လမ်းတွဲရိုက်ကူးဖို့ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း အကြည်တော်ပြော "

Photo: " ဘီလူးဇာတ်ကားကို ရုပ်ရှင်မရိုက်ခင်ကတည်းက ဇာတ်လမ်းတွဲရိုက်ကူးဖို့ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း အကြည်တော်ပြော "

ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၁၄

ဝတ္ထုအဖြစ်လည်း အောင်မြင်သလို ရုပ်ရှင်အဖြစ်ရိုက်ကူး ရာမှာလည်း ပရိသတ် တစ်ခဲ နက်လက်ခံအားပေးမှုရရှိခဲ့ သည့် "ဘီလူး" ကို ဇာတ်လမ်းတွဲ အဖြစ် ပုံဖော်ရိုက်ကူးမည့် အကြောင်း ဇာတ်လမ်း၊ ဇာတ်ညွှန်း အကြည်တော်က ပြောသည်။ ဘီလူး ကို ဇာတ်လမ်းတွဲအဖြစ် ပုံဖော်ရိုက်ကူးဖြစ်ရသည့်အကြောင်းနှင့်ပတ်သက် ပြီး

ဇာတ်လမ်း၊ ဇာတ်ညွှန်းဖန် တီးရှင်အကြည်တော်က " ဒီဘီလူးကို ရုပ်ရှင်မရိုက်ခင်ကတည်းက ဇာတ်လမ်းတွဲရိုက်ကူးဖို့ စီစဉ်ထားရှိခဲ့တာ။
အကြောင်းကြောင်းကြောင့်ပေါ့။ အဲဒီခေတ်က ဇာတ်လမ်းတွဲ ထုတ်လွှင့်ဖို့ မြန်မာ့အသံနဲ့ မြဝတီရုပ်သံပဲရှိတာကိုး။ အဲဒီ တော့ အဲဒီမှာလည်း အဆင်မပြေဘူး။

လွတ်လွတ်လပ်လပ် မဖြစ်တဲ့အခါကျတော့ ရုပ်ရှင် ဖြစ်သွားခဲ့တာ။ ဒီဟာကို ဇာတ် လမ်းတွဲအနေနဲ့ ပြန်ရိုက်ကူးဖို့ စဉ်းစားကြတဲ့ အခါ ကျန်တဲ့ ဇာတ်လမ်းတွဲ တွေကိုလည်း ကြည့်နေရတာ ပေါ့နော်။ မြန်မာပြည် က ဇာတ်လမ်းတွဲတွေ။ သိရတာက ပရိသတ်စိတ်ဝင်စားမှု အားနည်း နေတယ်။ ဇာတ်လမ်းတွဲတွေကို သိပ်မကြည့်ကြဘူး။ မကြည့်ကြ တဲ့အကြောင်း ပြောလို့ရှိရင် အကြောင်း အချက်တွေတော့ အများကြီးပေါ့။ ဇာတ်လမ်းတွဲ တွေကို လူစိတ်ဝင်စားအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အချက်က အရေးကြီးတယ်။

လူ စိတ် ဝင်စားမှုရဖို့ပဲ။ စဉ်းစားလိုက်တော့ ဘီလူးက ရုပ်ရှင်တစ်ဖြစ်လဲ အောင်မြင်ပြီးသားလေ။ ဒီ ဟာကို ရိုက်လိုက်လို့ရှိရင် အဆင်ပြေနိုင်တယ်။ နောက် ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ရ မယ်ထင်ပြီးတော့ ဇာတ်လမ်းတွဲ ရိုက်ဖို့ ဖြစ်လာခဲ့တာ" ဟု ပြောသည်။

ဘီလူးကို ဇာတ်လမ်တွဲ အဖြစ် ပုံဖော်ရိုက်ကူးသည့်အခါ ဝတ္ထုအဖြစ်သော်လည်းကောင်း၊ ရုပ်ရှင်အဖြစ်သော်လည်းကောင်း နှစ်ဖက်စလုံး၌ အောင်မြင်မှုရ ရှိထားသော
ဇာတ်လမ်းရုပ်ရှင်ကားဖြစ်သောကြောင့် အောင်မြင်မှုအရှိန် မှေးမှိန်လျော့ကျမသွား အောင်ပြင်ဆင်ထားရှိပုံကိုလည်း" ကျွန်တော်က ဝတ္ထုနဲ့ ဇာတ်ညွှန်းကိုပဲအဓိကပြင်ဆင် ထားတာပေါ့နော်။ ရုပ်ရှင်ကြည့် တဲ့အချိန် ပရိသတ်ကြိုက်အောင် ဖန်တီးထားသလိုမျိုး ဇာတ်လမ်းတွဲကိုလည်း အပိုင်းတိုင်း၊ အပိုင်းတိုင်းကို ပရိသတ်စိတ်ဝင်စားအောင် လုပ်ထားတယ်။ ဝတ္ထုထဲမှာမပါတဲ့ တချို့အပိုင်းတွေကို ဇာတ်လမ်းတွဲမှာ ထည့်ထားတယ်။ ရုပ်ရှင်မှာမပါခဲ့တဲ့ အရာတွေများတယ်။ နှစ်နာရီစာပဲဆိုတော့ ဝတ္ထုထဲက အနည်း အကျဉ်းကိုပဲ ရုပ်ရှင်ရိုက်လိုက် တာကိုး။ ကျန်တဲ့အပိုင်းတွေ အများကြီးကျန်သေးတယ်။ အဲဒီ အပိုင်းတွေကို အဓိက ဦးစားပေးပြီးတော့ ပြန်ထည့်ထားတာပေါ့နော်။ ဒါကို
မတ်လလောက် ထုတ်လွှင့်နိုင် ဖို့ မျှော်လင့်ရတာပဲ" ဟု အကြည်တော်က ပြောသည်။

ယခုဆိုလျှင် ဇာတ်လမ်းတွဲများ ကို ယခင်ကထက် ပရိသတ် စိတ်ဝင်စားမှု ပိုလာသော ကြောင့် ရုပ်သံများကလည်း အဆက်မပြတ် ရိုက်ကူးထုတ်လွှင့်လာခဲ့သည်။

ရုပ်သံဇာတ်လမ်းတွဲများစွာထဲက တစ်မူထူးခြားအောင် "ဘီလူး" ကို တင်ဆက်မည့်ပုံစံနှင့်ပတ်သက်ပြီးလည်း" ဒီဇာတ်လမ်းတွဲမှာ ရုပ်ရှင်ကားတုန်းကလိုမျိုး အဓိက ဟာသကို ဦးစားပေးထားတယ်။ ဒီအတွက်ပရိသတ်အနေနဲ့ ကြည့်ရင် ဘာဖြစ်မယ်၊ ညာဖြစ် မယ်ဆိုပြီး မပြောချင်ဘူး။ စိတ်ရွှင်ရမယ်၊ ရယ်ရမယ်။ အဓိက ဆွဲဆောင်မှုကတော့
ဟာသပဲဖြစ်လိမ့်မယ်။ အခု ဇာတ်လမ်းတွဲတွေ ရိုက်ကူးမှု ပိုရှိလာတယ်လို့ ပြောရမှာပေါ့ နော်။ ဒါက ကောင်းပါတယ်။ ရုပ်ရှင်ဆိုရင် ပိုက်ဆံပေးပြီး ရုပ်ရှင်ရုံမှာ သွားကြည့်ရမယ်။ ဇာတ်လမ်းတွဲကျတော့ တီဗီပေါ် မှာ၊ ကိုယ့်အိမ်မှာ တီဗီရှိရုံနဲ့ လွယ်လင့်တကူကြည့်လို့ရတာ ပေါ့နော်။ အင်တာတိန်းမန့်က လည်း ခေတ်ပြောင်းလာပြီ အရင်လိုမဟုတ်တော့ဘူး။ ရုပ်ရှင်ကို တကူးတက သွား ကြည့်တဲ့ သူကနည်းတယ်။ ဒီအတွက် ဒီတီဗီမှာ Free ပြတဲ့ ဟာကိုပဲ ကြည့်ကြတဲ့ သဘော ဖြစ်လာတယ်။

ဘာပဲပြောပြော ခေတ်ရေစီးကြောင်း အရတော့ ဒါကို လုပ်သင့်တယ်လို့ ထင်တာပဲ" ဟု အကြည်တော်က ပြောသည်။ ရုပ်သံဇာတ်လမ်း တွဲအနေဖြင့် မြန်မာ့ရုပ်ရှင်အနုပညာရေစီးကြောင်းထဲ တွင် တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်အထောက်အကူ ပြုကြောင်းလည်း
ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီးလည်း " မြန်မာပြည်မှာက ဇာတ် လမ်းတွဲရိုက်ကြသလို အောင် မြင်လို့ရှိရင် တစ်ကားတည်း လည်း ရိုက်ကြတာပေါ့နော်။ အခုလို အောင်မြင်ပြီးသား
ဘီလူးကို ဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးတယ်ဆိုတော့ တစ်ဖက် နဲ့တစ်ဖက်တော့ အထောက် အကူဖြစ်နေမှာပဲ။ နောက်ပြီး တော့ ဇာတ်လမ်းထဲမှာ ထူး ချွန်တဲ့သူပေါ်ထွက်လာ လို့ရှိရင် လည်း ရုပ်ရှင်ဘက်ကို ကူး ပြောင်းနိုင်တာပဲလေ။

နောက် တစ်ခါ အခမဲ့ပြသတဲ့အရာဖြစ် တဲ့အတွက် နိုင်ငံခြားသားတွေ ကလည်း ဘာသာစကား နား မလည်ခဲ့ရင်တောင် လာလည် လို့ အိပ်ခန်းထဲမှာ တီဗီကြည့်ရင် ဒါလေးကို စိတ်ဝင်တစားနဲ့ ခဏလေးဖြစ်ဖြစ် ကြည့်ခဲ့ရင် ကျွန်တော်တို့အတွက် အများ ကြီး အကျိုးရှိနိုင်တယ်။ ဒီဟာ လေးကိုကြည့်ပြီး ရုပ်ရှင်ဆိုတာ ဘာလဲဆိုတာမျိုး စိတ်ဝင်တစား စုံစမ်းမေးမြန်းလာခဲ့ရင် ပို ကောင်းတာပေါ့နော်။ ကျွန်တော် မြင်တာက ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်က တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်အကျိုးပြုနေကြ မှာပဲ" ဟုလည်း အကြည်တော် က ပြောသည်။

ဆက်လက်ပြီး အကြည်တော်က ရုပ်ရှင်ဇာတ်ကားနှင့် ဇာတ်လမ်းတွဲက ကြီးကြီးမားမားကွာခြားချက်များစွာ ရှိကြောင်းလည်း" ရုပ်ရှင်၊ ဗီဒီယိုဆိုတာက တစ်ကားစာပဲရေးရ တယ်။ ဇာတ်လမ်းတွဲမှာ အပိုင်း ၄ဝ ဆိုရင်ရုပ်ရှင် ကား ၂ဝ စာ ရှိနေပြီလေ။ အဲဒီ ၂ဝ စာကို ဇာတ်လမ်းတစ်ပုဒ်တည်းရေးရ တာ။ အခက်အခဲအများကြီးရှိ တယ်။

မယဉ်ပါးသေးဘူး။ ဒီဟာကို ဘယ်လိုဖြတ်တောက်ရ မလဲ၊ ဘယ်ဟာကို ဘယ်လိုချုံ့ ရမလဲဆိုတာတွေက အကြီးမား ဆုံး ကွာဟချက်ပဲ။ ရုပ်ရှင်မှာကျ
တော့ဇာတ်လေးတစ်ခုကိုတည် ပြီး အကောင်းဆုံးပြင်ဆင် လိုက်ရင် ၂ နာရီစာတော့ ဘယ် သူမဆို ဖြစ်နိုင်တယ်။ ဒီလို ဇာတ်ကား ၂ဝ စာကျတော့ အင်မတန်မှ ခက်တယ်လေ။ အဲဒီ ကား ၂ဝ စာကို ထိထိမိမိလုပ် ဖို့ဆိုတာ တော်တော် လေးကို ကြိုးစားရမယ့်အပိုင်းပါ" ဟု ပြောပြခဲ့သည်။

M ဘွယ်
Popular Journal 

https://www.facebook.com/kokomyanmarpyitharlay

RangonNewsDaily: February . 17 .2014
ဝတ္ထုအဖြစ်လည်း အောင်မြင်သလို ရုပ်ရှင်အဖြစ်ရိုက်ကူး ရာမှာလည်း ပရိသတ် တစ်ခဲ နက်လက်ခံအားပေးမှုရရှိခဲ့ သည့် "ဘီလူး" ကို ဇာတ်လမ်းတွဲ အဖြစ် ပုံဖော်ရိုက်ကူးမည့် အကြောင်း ဇာတ်လမ်း၊ ဇာတ်ညွှန်း အကြည်တော်က ပြောသည်။ ဘီလူး ကို ဇာတ်လမ်းတွဲအဖြစ် ပုံဖော်ရိုက်ကူးဖြစ်ရသည့်အကြောင်းနှင့်ပတ်သက် ပြီး

ကမ္ဘာ့ပထမဆုံး ဖန်တက် ကီးဘုတ်

Photo: ကမ္ဘာ့ပထမဆုံး ဖန်တက် ကီးဘုတ်

ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၁၄

လက်ရှိ သုံးနေတဲ့ ကီးဘုတ်မျိုး မဟုတ်ပါဘူး။ ၎င်းဖန် တက်ကီးဘုတ်ဟာ ခလုပ်ကလေးတွေ ကို အလင်းရောင် တောက်ပအောင် ပြုလုပ်ပေးထား ပါတယ်။

သို့မှသာ စာရိုက်ရာတွင် ခလုပ်လေးတွေကို အလွယ်တကူ မြင်ရမှာ ဖြစ်တယ်လို့ဆိုပါတယ်။ ကမ္ဘာ့ပထမဆုံး ဖန်တက် ကီးဘုတ်ကို Luminae လို့ခေါ်ပါတယ်။

ယနေ့ သုံးစွဲနေသော touch screen ဖုန်းတွေနဲ့ အလားသဏ္ဍန်တူ ပါတယ်။ထို့ပြင် ၎င်းကီးဘုတ် ကို အညစ်အကြေးတွေ မကပ်အောင် သန့်ရှင်းစေသောနည်းများဖြင့် ပြုလုပ်ပေးထားတယ်လို့ ဆိုပါတယ်။

ကင်မရာ၊ Bluetooth စသော အရာတွေကိုလည်း ထည့်ပေးထားတယ်လို့ ဆိုပါတယ်။ဈေးနှုန်း ကတော့ ဒေါ်လာ 499 ဖြစ်တယ်လို့ သိရပါတယ်။ ထို့ကြောင့် ကမ္ဘာ့ပထမဆုံး ဖန်တက် ကီးဘုတ်ကို သုံးဆွဲသူတို့ ကြိုက်နှစ်သက်မှု ရစေလိမ့်မယ်လို့ ဆိုပါတယ်။

Today Myanmar

https://www.facebook.com/kokomyanmarpyitharlay

RangonNewsDaily: February . 17 .2014
လက်ရှိ သုံးနေတဲ့ ကီးဘုတ်မျိုး မဟုတ်ပါဘူး။ ၎င်းဖန် တက်ကီးဘုတ်ဟာ ခလုပ်ကလေးတွေ ကို အလင်းရောင် တောက်ပအောင် ပြုလုပ်ပေးထား ပါတယ်။

အသက် ၆ဝ အရွယ်တွင် ဖြစ်သည့် အမျိုး အစား (၂) ဆီးချို ရောဂါ လူလတ် ပိုင်းတွင် တွေ့ရှိလာ

Photo: အသက် ၆ဝ အရွယ်တွင် ဖြစ်သည့် အမျိုး အစား (၂) ဆီးချို ရောဂါ လူလတ် ပိုင်းတွင် တွေ့ရှိလာ

ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၁၄

အသက် ၆ဝ အရွယ်တွင် ဖြစ်တတ်သည့် အမျိုးအ စား(၂) ဆီးချို ရောဂါကို လူလတ်ပိုင်း အသက် ၃ဝ အရွယ် တွင်ပင် တွေ့ရှိလာ ရကြောင်း ဆီးချို ရောဂါ တိုက်ဖျက်ရေး(ဗဟို)မှ သိရသည်။ စိတ်ဖိစီး မှုများခြင်း၊ စိုးရိမ်သော ကများခြင်းနှင့် ရုတ်တရက် ကြုံတွေ့ရသည့် ဝမ်းနည်း ကြောက်မက် ဖွယ်ရာ ကိစ္စများ ကြောင့် ဆီးချို ရောဂါ ဖြစ်လာ နိုင်ကြောင်း မြန်မာနိုင်ငံ ဆရာဝန်အ သင်းမှ ဒေါက်တာ မီမီကိုက ပြောကြားခဲ့ သည်။ ''ဆီးချို ရောဂါက များသော အားဖြင့် အစားအသောက် မဆင် ခြင်တာ၊ မျိုးရိုး လိုက်တာ တွေကြောင့် ဖြစ်တတ်ပေမဲ့ ရုန်းကန် လုပ်ရှားရတဲ့ လူတွေ အတွက် စိတ်ဖိစီးမှု တွေကလဲ ဆီးချို ရောဂါ ဖြစ်စေ နိုင်တယ်''ဟု ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။ စိတ်ဖိစီး မှုများခြင်း၊ အိပ်မ ပျော်ခြင်း၊ ချစ်ခင် ရင်းးနှီးသူ တစ်ဦးဦးနှင့် သေကွဲ သို့မဟုတ် ရှင်ကွဲ ခွဲခွာ ရခြင်းနှင့် တန်ဖိုးထားရ သည့် အရာများ ပျက်စီး ဆုံးရှုံးခြင်း စသော ဆုံးရှုံး မှုများ ကြုံကြိုက် ချိန်တွင် ယခင်က ဆီးချိုရောဂါ မရှိခဲ့ဖူး သော်လည်း ရုတ်တရက် ဆီးချိုရောဂါ ရနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ သည်။

စိတ်ဖိစီး မှုနှင့် ဆီးချို ရောဂါ ဆက်စပ်ပုံကို ဆေးရုံ တက်ရသည့် လူနာများ၊ ခွဲစိတ်ခန်း ဝင်ရမည့် လူနာ များတွင် အများဆုံး တွေ့ရ တတ်သည်။ ထိုသူ များသည် ယခင်က ဆီးချိုရောဂါ မရှိခဲ့ဘူး သော်လည်း ရုတ်တရက် ရင်ဆိုင်ရ သည့် စိုးရိမ်စရာ အဖြစ်အ ပျက်ကြောင့် ဆီးချို တက်လာခြင်း ဖြစ်သည့် အတွက် ဆီးချိုရောဂါ မဖြစ်စေရန် အစားအ စာကို သာမကဘဲ စိတ်ဖိစီးမှု ကင်းဝေးအောင် နေထိုင်သင့်ကာ တစ်နေ့ တာတွင် လမ်းလျှောက်ခြင်း ကဲ့သို့ ကိုယ်ခန္ဓာ လှုပ်ရှားမှုများ ပြုလုပ်ပေး သင့်ကြောင်း ဆီးချိုရောဂါ တိုက်ဖျက်ရေး စီမံချက် ဆရာဝန် တစ်ဦးက ပြောကြား ခဲ့သည်။ ၂ဝ၁၃ ခုနှစ် တွက်ချက်မှု များအရ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဆီးချို ရောဂါ ဖြစ်ပွားမှုနှုန်း ၄ဝ ရာခိုင်နှုန်း ကျော် ရှိကြောင်း ဆီးချို ရောဂါ တိုက်ဖျက်ရေး (ဗဟို)မှ သိရသည်။

Today Myanmar 

https://www.facebook.com/kokomyanmarpyitharlay

RangonNewsDaily: February . 17 .2014
အသက် ၆ဝ အရွယ်တွင် ဖြစ်တတ်သည့် အမျိုးအ စား(၂) ဆီးချို ရောဂါကို လူလတ်ပိုင်း အသက် ၃ဝ အရွယ် တွင်ပင် တွေ့ရှိလာ ရကြောင်း ဆီးချို ရောဂါ တိုက်ဖျက်ရေး(ဗဟို)မှ သိရသည်။ စိတ်ဖိစီး မှုများခြင်း၊ စိုးရိမ်သော ကများခြင်းနှင့် ရုတ်တရက် ကြုံတွေ့ရသည့် ဝမ်းနည်း ကြောက်မက် ဖွယ်ရာ ကိစ္စများ ကြောင့် ဆီးချို ရောဂါ ဖြစ်လာ နိုင်ကြောင်း မြန်မာနိုင်ငံ ဆရာဝန်အ သင်းမှ ဒေါက်တာ မီမီကိုက ပြောကြားခဲ့ သည်။

ဒီမိုကရေစီနိုင်ငံတွင် တစ်ယောက်တစ်ပေါက်လုပ်နေပါက ထိရောက်မှုမရှိနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

Photo: ဒီမိုကရေစီနိုင်ငံတွင် တစ်ယောက်တစ်ပေါက်လုပ်နေပါက ထိရောက်မှုမရှိနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၁၄

ဒီမိုကရေ စီနိုင်ငံတစ်ခုတွင် တစ်ယောက်တစ်ပေါက် လုပ်နေမည်ဆိုပါက ထိရောက်မှု မရှိနိုင်ဟု ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ သည်။ နိုင်ငံတကာ ဝတ်လုံတော်ရရှေ့ နေများအဖွဲ့၏ လူ့အခွင့်အရေးအဖွဲ့အစည်း နှင့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုး ရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ တို့ ပူးတွဲစီစဉ်သည့် ''ဝတ်လုံတော်ရရှေ့နေ အသင်းများ၏ ထိပ်တန်းကျင့်ထုံးများ၊ နိုင်ငံ တကာနှင့် ဒေသဆိုင်ရာကိုင်တွယ်ဖြေရှင်း နည်း''ခေါင်းစဉ်ဖြင့် နေပြည်တော်ရှိ ရွိုင် ရယ်ကုမုဒြာဟိုတယ်၌ ပြုလုပ်သော နှီးနှော ဖလှယ်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ထည့်သွင်းပြောကြားသွားခြင်းဖြစ် သည်။

''တကယ့် ဒီမိုကရေစီနိုင်ငံတစ်ခု မှာဆိုရင် အဖွဲ့အစည်းအမျိုးမျိုးက မိမိတို့ သန်ရာကို လုပ်ပိုင်ခွင့် ရှိရမည်ဖြစ်သော် လည်း တစ်ယောက်တစ်ပေါက် လုပ်နေမယ် ဆိုလို့ရှိရင် အဲဒီဟာက ထိရောက်ချင်မှ ထိ ရောက်မှာ။ ကျွန်မတို့ တစ်ယောက်နဲ့တစ် ယောက်ဆက်သွယ်ပြီး ဘယ်လိုအတူလုပ် ကြမလဲဆိုတာ စဉ်းစားဖို့ပါပဲ။ အားလုံးက တစ်နေရာတည်းကို ကိုင်ထားလို့ မဖြစ်ပါ ဘူး။ တရားဥပဒေစိုးမိုးရေးသည် ဥပဒေ ပညာရှင်များနှင့်တင်မက ရှေ့နေများ၊ တရား သူကြီးများ၊ တရားရေးဌာနဝန်ထမ်းများ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရှေ့နေချုပ်ရုံး၊ အစိုးရနဲ့လဲ သက်ဆိုင်တယ်''ဟု ဒေါ်အောင် ဆန်းစုကြည်က ရှင်းလင်းပြောကြားသည်။

နိုင်ငံတွင်း တရားဥပဒေစိုးမိုးရေး နှင့်ပတ်သက်၍ ''ရှေ့နေအသင်းတွေဟာ အ ထက်က အစိုးရရဲ့ ချုပ်ကိုင်မှုမပါသင့်၊ မရှိ သင့်ပါဘူး။ တရားဥပဒေစိုးမိုးရေးအကြောင်း တော့ မေးမနေနဲ့ မရှိလို့ တရားဥပဒေစိုးမိုး ရေးကော်မတီဥက္ကဋ္ဌ ဖြစ်နေတာ''ဟုလည်း ယင်းက ထပ်မံပြောကြားသည်။ ရှေ့နေကောင်စီ အဖွဲ့အစည်း များတွင် အစိုးရအုပ်ချုပ်ရေးဆိုင်ရာများ ဝင်ရောက်နေရာယူထားခြင်းများအား လုံးဝ မသင့်လျော်ဘဲ ဥပဒေပညာရှင်များ၊ ရှေ့နေ ကြီးများအနေနှင့်လည်း ယင်းတို့ကို တွန်း လှန်ကြပါဟုလည်း ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းပြောကြားသွားသည်။

''အခုဆိုရင် တရားဥပဒေစိုးမိုး ရေးအတွက် စင်တာတွေဖွင့်ဖို့ ကြိုးစားနေ ပါတယ်။ အဲဒီစင်တာတွေမှာ အစိုးရက အုပ် စီးမှုမလိုလားဘူးဆိုတာ ကျွန်မတို့ ပြော ထားပါတယ်''ဟု အစိုးရ၏နေရာယူမှုများ နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် က ယင်းကဲ့သို့ ပြောကြားသွားသည်။

Yangon Media Group 

https://www.facebook.com/kokomyanmarpyitharlay

RangonNewsDaily: February . 17 .2014
ဒီမိုကရေ စီနိုင်ငံတစ်ခုတွင် တစ်ယောက်တစ်ပေါက် လုပ်နေမည်ဆိုပါက ထိရောက်မှု မရှိနိုင်ဟု ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး နှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ သည်။

မန်စီးတီး ကြွေးဆပ်ခွင့် ရနိုင်သည့် FAဖလား ကွာတားဖိုင်နယ် ပွဲစဉ်စာရင်း ထွက်ပေါ်လာ

Photo: မန်စီးတီး ကြွေးဆပ်ခွင့် ရနိုင်သည့် FAဖလား ကွာတားဖိုင်နယ် ပွဲစဉ်စာရင်း ထွက်ပေါ်လာ

ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၁၄

FAဖလား ကွာတားဖိုင်နယ် အဆင့် ပွဲစဉ်များ ထွက်ပေါ်လာသည့်နောက် မန်ချက်စတာ စီးတီး အနေဖြင့် ယမန်နှစ် ဗိုလ်လုပွဲ အတွက် ကြွေးဆပ်ရန် အခွင့်အရေး ရလာပြီ ဖြစ်သည်။

ပြီးခဲ့သည့်နှစ် FAဖလား ဗိုလ်လုပွဲတွင် ဝီဂန်အသင်းက မန်စီးတီးကို (၁-၀)ဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ပြီး ယခုနှစ် ကွာတားဖိုင်နယ်တွင် ထိုနှစ်သင်း ပြန်ဆုံကြပြီ ဖြစ်သည်။ ချယ်လ်ဆီးကို (၂-၀)ဖြင့် အနိုင်ရပြီး နောက်တစ်ဆင့် တက်လာသော မန်စီးတီးသည် ပြီးခဲ့သည့် ရာသီက ပရီးမီးယားလိဂ်မှ တန်းဆင်း ခဲ့ရသည့် လက်ရှိ FAဖလား ချန်ပီယံ ဝီဂန်ကို အိမ်ကွင်း အစ်တီဟတ်တွင် လက်ခံ ရင်ဆိုင်သွားမည် ဖြစ်သည်။ ဝီဂန်က ပဉ္စမအဆင့်တွင် ကားဒစ်ဖ်စီးတီးကို အနိုင်ရ ဖြတ်ကျော်လာခြင်း ဖြစ်သည်။

အာဆင်နယ် အသင်းက လီဗာပူးလ်ကို (၂-၁)ဖြင့် အနိုင်ရလိုက်သည့်အတွက် FAဖလား ကွာတားဖိုင်နယ်တွင် မာဆေးဆိုက်ဒါဘီပွဲစဉ် လက်တွေ့ဖြစ်မြောက်မည့် အခြေအနေ လွဲချော်သွားသည်။ လီဗာပူးလ်အနေဖြင့် ပဉ္စမအဆင့်တွင် အရေးနိမ့် ထွက်ခွာသွားရသည့်အတွက် အဲဗာတန်နှင့် တွေ့ဆုံခွင့် မရတော့ဘဲ အာဆင်နယ်ကသာ အမ်းမရိတ်စ်တွင် အဲဗာတန်ကို ဧည့်ခံမည် ဖြစ်သည်။ အခြားပွဲစဉ်များတွင် ဘရိုက်တန်နှင့် ဟူးလ်စီးတီးတို့အနက် အနိုင်ရလာသော အသင်းက ဆန်းဒါးလန်းကို အိမ်ကွင်းတွင် လက်ခံကစားခွင့် ရမည်ဟု ဆိုသည်။ ရှက်ဖီးလ်ယူနိုက်တက်မှာမူ ရှက်ဖီးလ်ဝက်နက်စ်ဒေးနှင့် ချာလ်တန်တို့အနက်မှ တစ်သင်းသင်းကို အိမ်ကွင်းတွင် လက်ခံကစားသွားရမည်ဖြစ်ကြောင်း သိရှိရသည်။

Soccer Myanmar 

https://www.facebook.com/kokomyanmarpyitharlay

RangonNewsDaily: February . 17 .2014
FAဖလား ကွာတားဖိုင်နယ် အဆင့် ပွဲစဉ်များ ထွက်ပေါ်လာသည့်နောက် မန်ချက်စတာ စီးတီး အနေဖြင့် ယမန်နှစ် ဗိုလ်လုပွဲ အတွက် ကြွေးဆပ်ရန် အခွင့်အရေး ရလာပြီ ဖြစ်သည်။

ငွေစက္ကူ အတုများ သစ်အရောင်းအဝယ်နှင့် နွားမှောင်ခို ဈေးကွက်မှ တစ်ဆင့် ပြည်တွင်းသို့ စီးဝင်

Photo: ငွေစက္ကူ အတုများ သစ်အရောင်းအဝယ်နှင့် နွားမှောင်ခို ဈေးကွက်မှ တစ်ဆင့် ပြည်တွင်းသို့ စီးဝင်

ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၁၄

တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်မှ သစ်အရောင်း အဝယ်နှင့် နွားမှောင်ခို ဈေးကွက်မှတစ်ဆင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင်းသို့ ငွေစက္ကူ အတုများ ဝင်ရောက်မှု များပြားလျက် ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များထံမှ စုံစမ်း သိရှိရသည်။

တရုတ်နိုင်ငံဘက်သို့ တရားမဝင် ကျွန်းသစ် အရောင်းအဝယ် ပြုလုပ်ရာမှ ငွေအတုများ ရောက်ရှိ လာတတ်ပြီး နွားမှောင်ခို အရောင်းအဝယ် ပြုလုပ်သည့် အခါတွင်လည်း ပေးချေသည့် ငွေများ နွားပွဲဈေးများသို့ ရောက်ရှိ လာကာ ပြည်သူများထံသို့ ရောက်လာတတ်ကြောင်း မန္တလေးမြို့တော် မဟာအောင်မြေမြို့နယ် အမှတ် (၂) နယ်မြေ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ငွေအတုတွေ အများစုက ထိုင်း၊ တရုတ်ဘက်တွေကနေ လာတယ်။ နွားမှောင်ခိုဆိုရင် တရုတ်ပြည် ဘက်ကပဲ။ တရုတ်က ကျွန်းသစ်တွေကိုလည်း တရားမဝင် ဝယ်တယ်။ ငွေပေးချေတော့ ငွေပမာဏက အများကြီးပဲလေ။ အဲဒီတော့ အတုတွေ ပါလာတယ်။ အဲဒီ ငွေတွေနဲ့ နွားပွဲဈေးတွေကို နွားဝယ်တော့ အတုတွေပါ ရောပြီး ပါလာတယ်” ဟု အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။

ငွေစက္ကူ အတုများသည် ငွေစက္ကူ အစစ်ထက် အရောင်မှိန်ခြင်း၊ စက္ကူသား ပျော့ခြင်း၊ လုံခြုံရေးကြိုး သေသပ်မှု မရှိခြင်းတို့ကို စစ်ဆေး တွေ့ရှိခဲ့ကြောင်း မြင်းခြံခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

ရှမ်းပြည်နယ်မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ နွားမှောင်ခို အများဆုံး တင်ပို့ ရောင်းချလျက်ရှိပြီး မန္တလေးတိုင်း ဒေသကြီး အတွင်းတွင် မတ္တရာ၊ သပိတ်ကျင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့မှ အများဆုံး တင်ပို့လေ့ ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့က မြင်းခြံမြို့တွင် နေထိုင်သူ ဦးလှသူသည် ဝမ်းတွင်း နွားပွဲဈေးတွင် နွားအရောင်းအဝယ် ပြုလုပ်သူထံမှ ရလာသည့် ငွေများထဲမှ ၎င်း၏ ငွေစု စာအုပ်အတွက် ကမ္ဘောဇ ဘဏ်သို့ ငွေလာရောက် အပ်နှံခဲ့ရာ ငါးထောင်တန် ၈၄ ရွက်တွင် ၆၅ ရွက်မှာ အတုများ ဖြစ်သည်ကို တွေ့ရကြောင်း မြင်းခြံခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး မောင်ဝင်းက ပြောကြားသည်။

ငွေစက္ကူ အတုများကို ဦးလှသူ၏ ဖခင် ဦးအောင်ဆွေက ဘဏ်သို့ အပ်ခိုင်းခြင်း ဖြစ်ပြီး ယင်းငွေများကို ဝမ်းတွင်းမြို့နယ် ရိုးကန်ရွာနေ ယောက်ဖဖြစ်သူ ဦးကောင်းမြင့်ထံမှ ရရှိခဲ့သည်ဟု စုံစမ်း စစ်ဆေးချက်များအရ သိရကြောင်း၊ ယင်းအမှုကို CID မှုခင်းတပ်ဖွဲ့က ဆက်လက် ဖော်ထုတ်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့ရှိ မှုခင်း အထူးတပ်ဖွဲ့ (CID) မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

“ဦးကောင်းမြင့်က သူ့နွားကို ရောင်းပြီး ဦးအောင်ဆွေဆီက နွားကို ပြန်ဝယ်ရာကနေ ဒီငွေတွေက မြို့ပေါ်ရောက်လာတာ။ ဦးကောင်းမြင့်ဆီက နွားကိုတော့ ကုလား လူမျိုးလို့ ယူဆရတဲ့ မျက်နှာစိမ်း နှစ်ယောက်က ဝယ်သွားပြီး ဒီငွေအတုတွေနဲ့ ပေးချေခဲ့တာ” ဟု ၎င်းက ရှင်းပြသည်။

နွားထိုးကြီးမြို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မြို့နယ် ဘဏ်ခွဲတွင် ဇန်နဝါရီ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်၌ ၂၀၁၃ ခုနှစ် သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေ အရင်းငွေ ကျပ်သုံးသိန်းနှင့် အတိုး ၁၄,၀၀၀ တို့ကို ဘဏ်သို့ လာရောက် ပေးသွင်းရာ ဘဏ်ငွေကိုင်က စစ်ဆေးသည့်အခါ ငွေများ အနက် ၅၀၀၀ ကျပ်တန် ငွေစက္ကူအရွက်၂၀ မှာ အတုများ ဖြစ်နေကြောင်း၊ အဆိုပါ ငွေများကို နွားအရောင်းအဝယ် လုပ်သူထံမှ အဆင့်ဆင့် ရလာခြင်း ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ကလည်း မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံမြိုနယ် အိုးဘိုရွှေကျင် ရပ်ကွက် တာဘောင်ဘေးရှိ ကျူးကျော်တဲတွင် ငါးထောင်တန် ငွေစက္ကူအတု ၆၂ ရွက် နှင့် တစ်ထောင်တန် ငွေစက္ကူအသေး ၅၀၅ ရွက်ကို ရှာဖွေ တွေ့ရှိခဲ့ပြီး ၎င်းတို့ကို နွားပွဲစား၊ ဆိတ်ပွဲစားများက ပြုလုပ်ကြကြောင်း အောင်မြေသာစံ မြို့နယ်ရှိ အမှတ် (၂) ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

“ငွေအတုကတော့ ဒီအတိုင်းဆိုရင် မသိဘူး။ ဘဏ်မှာ သွားပြီး အပ်မှပဲ သိရတယ်” ဟု မတ္တရာ နွားပွဲဈေးမှ ဦးအောင်ကြီးက ဆိုသည်။

ဘဏ်များတွင် ငွေစက္ကူအတု၊ အစစ်ခွဲသည့် စက်များ တပ်ဆင်ထားသောကြောင့် ဘဏ်သို့ လာအပ်ပါက ချက်ချင်း သိရှိနိုင်သော်လည်း သာမန် ပြည်သူများ အနေနှင့် ခွဲခြားနိုင်ရန် ခက်ကြောင်း သမဝါယမဘဏ် အုပ်ချုပ်မှု ဒါရိုက်တာ ဦးဖေမြင့်က ပြောကြားသည်။

ပြည်တွင်းသို့ ငါးထောင်တန် ငွေစက္ကူ အတုများ နည်းမျိုးစုံဖြင့် ဝင်ရောက်နေရာ ၂၀၁၃ ခုနှစ် ဧပြီ တစ်လတည်းတွင် မြစ်ကြီးနား၊ မန္တလေး၊ မြဝတီ၊ မှော်ဘီ၊ အင်းစိန်စသည့် မြို့တို့တွင် ဖမ်းဆီးရမိခဲ့ သည်။

ကျပ် ၅၀၀၀ တန် ငွေစက္ကူများကို ၂၀၀၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့က စတင် ထုတ်ဝေခဲ့ပြီး ယမန်နှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ ထုတ်ဝေထားသော ငွေကြေးမှာ ကျပ် ၂၈၀၀ ဘီလံယံကျော် ရှိကြောင်း ယခင် ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ လင်းအောင်က လွှတ်တော်တွင် ဖြေကြားခဲ့သည်။

Ref: The Voice Weekly 

https://www.facebook.com/kokomyanmarpyitharlay

RangonNewsDaily: February . 17 .2014
တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်မှ သစ်အရောင်း အဝယ်နှင့် နွားမှောင်ခို ဈေးကွက်မှတစ်ဆင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင်းသို့ ငွေစက္ကူ အတုများ ဝင်ရောက်မှု များပြားလျက် ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များထံမှ စုံစမ်း သိရှိရသည်။

နယ်မြေ တောင်းဆိုမှု လျှော့ချရန် တရုတ်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

Photo: နယ်မြေ တောင်းဆိုမှု လျှော့ချရန် တရုတ်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၁၄

တရုတ်ပြည်သူ့ သမ္မတနိုင်ငံက နယ်မြေ တောင်းဆိုမှုများ တင်းတင်းမာမာ လုပ်ဆောင် နေခြင်းကြောင့် ယင်းသို့ လုပ်ဆောင်မှုကို လျှော့ချရန် ဘေဂျင်း မြို့တော်သို့ ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက တောင်းဆိုလိုက်ကြောင်း Sydney Morning Herald သတင်းတွင် ဖော်ပြထားသည်။

သမိုင်းဆိုင်ရာ မြေပုံများကို အခြေခံပြီး အငြင်းပွားဖွယ် နယ်မြေ တောင်းဆိုမှုများ လုပ်ဆောင် နေခြင်းကို ရပ်ဆိုင်းရန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက တရုတ် သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရာတွင် ပြောကြားလိုက်သည်။

ထို့အပြင် သမိုင်း မြေပုံများမှာ အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် ညီညွတ်မှု မရှိကြောင်း အမေရိကန် အရာရှိများက ထောက်ပြသည်။

“မတူညီမှုတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်း၊ ထိပ်တိုက် ရင်မဆိုင်ရေး နည်းလမ်း နဲ့ ဖြေရှင်းဖို့ အရေးကြီးပါတယ်” ဟု ဂျွန်ကယ်ရီက ပြောကြားသည်။

တရုတ်နိုင်ငံက တောင်တရုတ် ပင်လယ်နှင့် အရှေ့တရုတ် ပင်လယ်ပြင်တို့ အတွင်း နယ်မြေ တောင်းဆိုမှုများ လုပ်ဆောင်နေခြင်းကြောင့် ဂျပန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင် စသည့် နိုင်ငံများနှင့် အငြင်းပွားမှုများ ပေါ်ပေါက်နေသည်။

မြေပြင်၊ ရေပြင်နှင့် လေကြောင်းပိုင်နက် တောင်းဆိုမှု လုပ်ဆောင်ရာတွင် အပြည်ပြည်ဆိုင်ရာ ဥပဒေများကို လိုက်နာမည်ဟု တရုတ်အစိုးရ အရာရှိများက ပြောကြား သွားသော်လည်း သမိုင်းဆိုင်ရာနှင့် အချက်အလက်ပိုင်း ဆိုင်ရာ အထောက်အထားများလည်း ရှိကြောင်း နယ်မြေ ထိန်းချုပ်မှု ရရှိရေး တောင်းဆိုရာတွင် ယင်းအချက်များကို အသုံးပြုသွားမည်ဟု ပြောကြားသွားကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားသည်။

ထို့အပြင် အရှေ့တရုတ် ပင်လယ်အတွင်း ရေကြောင်းရန် ကာကွယ်ရေးဇုန် တည်ထောင်ခြင်းကို အမေရိကန် ပြည်ထောင်စုက ဆန့်ကျင်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက တရုတ် ခေါင်းဆောင်များကို ထပ်မံ သတိပေး ပြောကြားလိုက်သည်။

တရုတ်နှင့် နယ်မြေ အငြင်းပွားမှုများ ပေါ်ပေါက်နေသော နိုင်ငံများဘက်တွင် အိုဘားမား အုပ်ချုပ်ရေး အဖွဲ့က ရပ်တည် ပေးနေခြင်းမှာ အန္တရာယ်များသော လုပ်ဆောင်ချက် ဖြစ်ကြောင်း တရုတ်အစိုးရ ထိန်းချုပ်ထားသော မီဒီယာများက သောကြာနေ့တွင် ဖော်ပြထားသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ ရပ်တည်ချက်မှာ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ အန္တရာယ်များသော လုပ်ဆောင်ချက်များကို အတင့် ရဲလာအောင် အတည်ပြု ပေးလိုက်ခြင်း ဖြစ်သည်ဟု China Daily သတင်းစာတွင် ဝေဖန်လိုက်သည်။

စီးပွားရေး ဖွံ့ဖြိုးမှုများ ပေါ်ပေါက်နေပြီး အနာဂတ် မဟာဗျူဟာတွင် အရေးပါလာသော အရှေ့အာရှ နိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့်နိုင်ရန် အမေရိကန် ပြည်ထောင်စုက ကြိုးပမ်း နေသကဲ့သို့ ဒေသတွင်း အင်အားကြီး တရုတ်နိုင်ငံနှင့် ပူးပေါင်းမှု အားကောင်းအောင် တစ်ချိန်တည်းတွင် ဆောင်ရွက်လျက် ရှိသည်။

ကမ္ဘာ့စီးပွားရေး အင်အား အကြီးမားဆုံး နိုင်ငံ နှစ်နိုင်ငံ ဖြစ်သော အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံကြားတွင် သဘောထား ကွဲလွဲမှု များစွာ ရှိသော်လည်း ယင်းကွဲလွဲမှုများကို ခန့်ခွဲနိုင်ရန် နည်းလမ်း ရှာဖွေနေကြောင်း နိုင်ငံခြားရေး ဝန်ကြီး ကယ်ရီက ပြောကြားသည်။

The Voice Weekly 

https://www.facebook.com/kokomyanmarpyitharlay

RangonNewsDaily: February . 17 .2014
တရုတ်ပြည်သူ့ သမ္မတနိုင်ငံက နယ်မြေ တောင်းဆိုမှုများ တင်းတင်းမာမာ လုပ်ဆောင် နေခြင်းကြောင့် ယင်းသို့ လုပ်ဆောင်မှုကို လျှော့ချရန် ဘေဂျင်း မြို့တော်သို့ ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက တောင်းဆိုလိုက်ကြောင်း Sydney Morning Herald သတင်းတွင် ဖော်ပြထားသည်။

ကနေဒါဘဲလေးကချေသည် ဟောင်းချစ်သူကို ၁၅ထပ်မှ ပစ်ချသတ်ဖြတ်ခဲ့သည့် သြစတြေးလျသားထောင်ဒဏ် ၂၆နှစ် ချမှတ်ခံရ

RangonNewsDaily: February . 17 .2014
သြစတြေးလျနိုင်ငံသား တစ်ဦးသည် ရည်းစားဖြစ်သူ နဒါဘဲလေးကချေသည် ဟောင်းကို ဆစ်ဒနီရှိ ၄င်းတို့ ၏အထပ်မြင့်တိုက်ခန်း လေ ဆာင်မှပစ်ချကာ သတ် ဖြတ်မှုဖြင့် အင်္ဂါနေ့က ထောင် ဒဏ် ၂၆ နှစ်ချမှတ်ခံရသည်။ဆိုင်မွန်ဂစ်ဖာနီးသည် ၄င်းနှင့်စေ့စပ်ထားသူ လီဆာ ဟာနမ်က သူမ အားထားခဲ့ရန် စီစဉ်နေသည်ကိုသိရှိရပြီး နောက် ဒေါသမထိန်းနိုင်ဘဲ ၂ဝ၁၁ ခုနှစ် ဇူလိုင်လက ၁၅ လွှာရှိ သူတို့၏နေအိမ်မှ လီဆာ ကိုပစ်ချမှုဖြင့် ပြစ်ဒဏ်စီရင်ခံ ရခြင်းဖြစ်သည်။

တာဝေးပစ်ဒုံးကျည်များ အီရန်စမ်းသပ်ပစ်ခတ်

RangonNewsDaily: February . 17 .2014
အီရန်ကာကွယ်ရေးဝန်ကြီးဌာန သည် တနင်္လာနေ့တွင် အီရန်တပ်မ တော်အနေဖြင့် ပြည်တွင်းဖြစ်တာဝေး ပစ်ဒုံးကျည်နှစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့သည်ဟု ကြေညာ ခဲ့သည်။အဆိုပါဒုံးကျည်နှစ်စင်းမှာ တာဝေးမြေပြင်ပစ်နှင့် ရေဒါစနစ်ပါ လေဆာဝေဟင်ပစ်ဒုံးကျည်တို့ဖြစ် သည်ဟု သိရသည်။ Bina အမည်ပေး ထားသော ¤င်းတာဝေးပစ်ဒုံးကျည်များ မှာ တံတားများ၊ တင့်ကားများနှင့် ရန် သူ၏ဌာနချုပ်စခန်းများကို အဝေးက ပစ်ခွင်းနိုင်မည်ဟုသိရသည်။

အများပိုင် ကုမ္ပဏီများတွင် ကြီးမားစွာ ရင်းနှီးမြှုပ်နှံမှု မလုပ်ရန် ဘဏ္ဍာရေးဒုဝန်ကြီး သတိပေး

Photo: အများပိုင် ကုမ္ပဏီများတွင် ကြီးမားစွာ ရင်းနှီးမြှုပ်နှံမှု မလုပ်ရန် ဘဏ္ဍာရေးဒုဝန်ကြီး သတိပေး

ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၁၄

မြန်မာနိုင်ငံတွင် အစိုးရသစ် တက်လာပြီး နောက်ပိုင်း အများအပြား ပေါ်ပေါက်လာသော အများပိုင် ကုမ္ပဏီများတွင် ပြည်သူများ အနေနှင့် အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု အများအပြား မပြုလုပ်ရန် ပြည်ထောင်စု အစိုးရ အဖွဲ့ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မြစ်ကြီးနား မြို့တော်ခန်းမ၌ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံစဉ် သတိပေး ပြောကြားသည်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သော ၁၀ နှစ် ကျော်အချိန်ခန့်က ပေါ်ပေါက် ခဲ့သည့် ငွေစုငွေချေး အသင်းများပေါ်တွင် ပြည်သူများ ယုံကြည်၍ ငွေကြေး အမြောက်အမြား ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ကြပြီး ဆုံးရှုံးနစ်နာခဲ့ရသည့် သာဓကများ ရှိသည့်အတွက် ယခုနောက်ပိုင်း ပေါ်ပေါက်လာသော အများပိုင် ကုမ္ပဏီများ အပေါ်တွင်လည်း ရင်းနှီးမြှုပ်နှံမှု အများအပြား မပြုလုပ်ရန် သတိပေးခြင်း ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆက်လက် ပြောကြားသည်။
“အများပိုင် ကုမ္ပဏီတွေ ထောင်ထားကြပေမယ့် အချိန်မရွေး ထွက်လို့ရအောင် လေယာဉ်လက်မှတ် ဝယ်ထားပြီး အရေးအကြောင်းဆိုရင် ယိုးဒယား ထွက်ပြေးမယ်။ စင်ကာပူ ထွက်ပြေး လို့ရအောင် လုပ်ထားတဲ့ လူတွေချည်းပဲ။ ငွေတွေထည့်ပြီးမှ သူ့တို့ ကိုတရားစွဲဖို့ မစဉ်းစားနဲ့။ ငွေစုငွေချေး အသင်းတုန်းကလည်း တရားစွဲဖို့ ကြိုးစားတာပဲ။ ဘယ်သူမှ မအောင်မြင်ဘူး။ အမှုနိုင်သွားပေမယ့် ဘာပစ္စည်းမှ မရဘူး။ အခုအဲဒါမျိုးတွေ ပေါနေတယ်။ ဒါကြောင့် စဉ်းစားဆင်ခြင်ပြီးမှ လုပ်ကြပါ” ဟု ဒုဝန်ကြီးက ဆိုသည်။

အဆိုပါ ဖြစ်စဉ်များမှာ မြန်မာနိုင်ငံ၌သာ ဖြစ်ပျက်နေခြင်း မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံကြီး များတွင်လည်း စတော့ရှယ်ယာ ကုမ္ပဏီများ စတင်ပေါ်ပေါက်လာသည့် အချိန်မှစတင်ကာ ယင်းကဲ့သို့သော အဖြစ်အပျက်များ အများအပြား ပေါ်ပေါက်ခဲ့ကြောင်း ၎င်းကဖြည့်စွက် ပြောကြားသည်။

လက်ရှိ အများပိုင် ကုမ္ပဏီများသည် နိုင်ငံတော်၏ ပြောင်းလဲလာသည့် မူဝါဒများအရ နိုင်ငံတော်၏ အားပေးမှုကြောင့် ကုမ္ပဏီများ အက်ဥပဒေဖြင့် စနစ်တကျ တရားဝင် ဖွဲ့စည်းထားရှိသည့် ကုမ္ပဏီများ ဖြစ်ရာ ပြည်ထောင်စု ဒုတိယဝန်ကြီး၏ ပြောဆိုမှုမှာ ပြည်သူများ ပါဝင်နိုင်သည့် အခန်းကဏ္ဍများ ဖော်ဆောင်ပေးရန် ဆိုသည့် အစိုးရ၏ မူဝါဒကို ထိခိုက်သွားနိုင်သည်ဟု မြင်ကြောင်း ပြည်ထောင်စု ဒုဝန်ကြီးနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ကချင်ပြည်နယ် အများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဒေါ်ဂျာဆိုင်းခွန်က ဆိုသည်။

“ဒုဝန်ကြီးပြောတဲ့ ငွေစုငွေချေး လုပ်ငန်းတွေဆိုတာ စနစ်တကျ ဖွဲ့စည်းထားတဲ့ လုပ်ငန်းတွေ မဟုတ်ဘူး။ ပြီးတော့ ဒုဝန်ကြီးက IKBZ အာမခံ ကုမ္ပဏီရုံးချုပ် ဖွင့်ပွဲကို လာတာဆိုတော့ အဲဒီ အာမခံ လုပ်ငန်းအပိုင်းကို အမွှန်းတင်ရင်းနဲ့ ဒီဘက်ကို လက်လွတ်စပယ် ပြောသွား တယ်လို့ မြင်တယ်။ ပြည်ထောင်စုဒုဝန်ကြီး တစ်ဦးအနေနဲ့ ဒီလို မပြောသင့်ပါဘူး” ဟု ကချင်ပြည်နယ် အများပိုင် ကုမ္ပဏီ ဥက္ကဋ္ဌက မှတ်ချက်ပြု ပြောဆိုသည်။

လက်ရှိ ကချင်ပြည်နယ် အများပိုင် ကုမ္ပဏီကို ကချင်ပြည်နယ် ဝန်ကြီးချုပ်က ဦးဆောင်ကာ ကုမ္ပဏီ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွဲ့စည်းထားခြင်း ဖြစ်ပြီး လုပ်ငန်းအချို့ စတင်လည်ပတ်နေပြီ ဖြစ်ကြောင်း ကချင်ပြည်နယ် အများပိုင် ကုမ္ပဏီထံမှ သိရသည်။
အများပိုင် ကုမ္ပဏီများတွင် ကြီးမားစွာ ရင်းနှီးမြှုပ်နှံမှု မလုပ်ရန် ဘဏ္ဍာရေးဒုဝန်ကြီး သတိပေး မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၆ မြန်မာနိုင်ငံတွင် အစိုးရသစ် တက်လာပြီး နောက်ပိုင်း အများအပြား ပေါ်ပေါက်လာသော အများပိုင် ကုမ္ပဏီများတွင် ပြည်သူများ အနေနှင့် အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု အများအပြား မပြုလုပ်ရန် ပြည်ထောင်စု အစိုးရ အဖွဲ့ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မြစ်ကြီးနား မြို့တော်ခန်းမ၌ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံစဉ် သတိပေး ပြောကြားသည်။ မြန်မာနိုင်ငံတွင် လွန်ခဲ့သော ၁၀ နှစ် ကျော်အချိန်ခန့်က ပေါ်ပေါက် ခဲ့သည့် ငွေစုငွေချေး အသင်းများပေါ်တွင် ပြည်သူများ ယုံကြည်၍ ငွေကြေး အမြောက်အမြား ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ကြပြီး ဆုံးရှုံးနစ်နာခဲ့ရသည့် သာဓကများ ရှိသည့်အတွက် ယခုနောက်ပိုင်း ပေါ်ပေါက်လာသော အများပိုင် ကုမ္ပဏီများ အပေါ်တွင်လည်း ရင်းနှီးမြှုပ်နှံမှု အများအပြား မပြုလုပ်ရန် သတိပေးခြင်း ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆက်လက် ပြောကြားသည်။ “အများပိုင် ကုမ္ပဏီတွေ ထောင်ထားကြပေမယ့် အချိန်မရွေး ထွက်လို့ရအောင် လေယာဉ်လက်မှတ် ဝယ်ထားပြီး အရေးအကြောင်းဆိုရင် ယိုးဒယား ထွက်ပြေးမယ်။ စင်ကာပူ ထွက်ပြေး လို့ရအောင် လုပ်ထားတဲ့ လူတွေချည်းပဲ။ ငွေတွေထည့်ပြီးမှ သူ့တို့ ကိုတရားစွဲဖို့ မစဉ်းစားနဲ့။ ငွေစုငွေချေး အသင်းတုန်းကလည်း တရားစွဲဖို့ ကြိုးစားတာပဲ။ ဘယ်သူမှ မအောင်မြင်ဘူး။ အမှုနိုင်သွားပေမယ့် ဘာပစ္စည်းမှ မရဘူး။ အခုအဲဒါမျိုးတွေ ပေါနေတယ်။ ဒါကြောင့် စဉ်းစားဆင်ခြင်ပြီးမှ လုပ်ကြပါ” ဟု ဒုဝန်ကြီးက ဆိုသည်။ အဆိုပါ ဖြစ်စဉ်များမှာ မြန်မာနိုင်ငံ၌သာ ဖြစ်ပျက်နေခြင်း မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံကြီး များတွင်လည်း စတော့ရှယ်ယာ ကုမ္ပဏီများ စတင်ပေါ်ပေါက်လာသည့် အချိန်မှစတင်ကာ ယင်းကဲ့သို့သော အဖြစ်အပျက်များ အများအပြား ပေါ်ပေါက်ခဲ့ကြောင်း ၎င်းကဖြည့်စွက် ပြောကြားသည်။ လက်ရှိ အများပိုင် ကုမ္ပဏီများသည် နိုင်ငံတော်၏ ပြောင်းလဲလာသည့် မူဝါဒများအရ နိုင်ငံတော်၏ အားပေးမှုကြောင့် ကုမ္ပဏီများ အက်ဥပဒေဖြင့် စနစ်တကျ တရားဝင် ဖွဲ့စည်းထားရှိသည့် ကုမ္ပဏီများ ဖြစ်ရာ ပြည်ထောင်စု ဒုတိယဝန်ကြီး၏ ပြောဆိုမှုမှာ ပြည်သူများ ပါဝင်နိုင်သည့် အခန်းကဏ္ဍများ ဖော်ဆောင်ပေးရန် ဆိုသည့် အစိုးရ၏ မူဝါဒကို ထိခိုက်သွားနိုင်သည်ဟု မြင်ကြောင်း ပြည်ထောင်စု ဒုဝန်ကြီးနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ကချင်ပြည်နယ် အများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဒေါ်ဂျာဆိုင်းခွန်က ဆိုသည်။ “ဒုဝန်ကြီးပြောတဲ့ ငွေစုငွေချေး လုပ်ငန်းတွေဆိုတာ စနစ်တကျ ဖွဲ့စည်းထားတဲ့ လုပ်ငန်းတွေ မဟုတ်ဘူး။ ပြီးတော့ ဒုဝန်ကြီးက IKBZ အာမခံ ကုမ္ပဏီရုံးချုပ် ဖွင့်ပွဲကို လာတာဆိုတော့ အဲဒီ အာမခံ လုပ်ငန်းအပိုင်းကို အမွှန်းတင်ရင်းနဲ့ ဒီဘက်ကို လက်လွတ်စပယ် ပြောသွား တယ်လို့ မြင်တယ်။ ပြည်ထောင်စုဒုဝန်ကြီး တစ်ဦးအနေနဲ့ ဒီလို မပြောသင့်ပါဘူး” ဟု ကချင်ပြည်နယ် အများပိုင် ကုမ္ပဏီ ဥက္ကဋ္ဌက မှတ်ချက်ပြု ပြောဆိုသည်။ လက်ရှိ ကချင်ပြည်နယ် အများပိုင် ကုမ္ပဏီကို ကချင်ပြည်နယ် ဝန်ကြီးချုပ်က ဦးဆောင်ကာ ကုမ္ပဏီ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွဲ့စည်းထားခြင်း ဖြစ်ပြီး လုပ်ငန်းအချို့ စတင်လည်ပတ်နေပြီ ဖြစ်ကြောင်း ကချင်ပြည်နယ် အများပိုင် ကုမ္ပဏီထံမှ သိရသည်။

The Voice Weekly

RangonNewsDaily: February . 17 .2014
မြန်မာနိုင်ငံတွင် အစိုးရသစ် တက်လာပြီး နောက်ပိုင်း အများအပြား ပေါ်ပေါက်လာသော အများပိုင် ကုမ္ပဏီများတွင် ပြည်သူများ အနေနှင့် အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု အများအပြား မပြုလုပ်ရန် ပြည်ထောင်စု အစိုးရ အဖွဲ့ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မြစ်ကြီးနား မြို့တော်ခန်းမ၌ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံစဉ် သတိပေး ပြောကြားသည်။

မှော်ဘီ လက်နက်တိုက် ဖောက်ထွင်းမှု သံသယရှိသူကို ဖမ်းမိ

RangonNewsDaily: February . 17 .2014
မှော်ဘီမြို့နယ်၊ အမှတ် (၅၀၁၀) တင့်ကားတပ်ရှိ လက်နက်တိုက် ဖောက်ထွင်းခံရမှုနှင့် ပတ်သက်၍ သံသယရှိသူ အမျိုးသားတစ်ဦးကို ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ဖမ်းမိခဲ့ပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မှော်ဘီမြို့မ ရဲစခန်းသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း မှော်ဘီမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။အဆိုပါ တင့်ကားတပ်တွင်းရှိ ဌာနချုပ် တပ်ခွဲလက်နက်တိုက်တွင် ဇန်နဝါရီလ ၂၁ ရက်နေ့က ဖောက်ထွင်း ခံရမှုကြောင့် MA-13၊ M1 အမျိုးအစား သေနတ်နှစ်လက် (သေနတ်နံပါတ် ဂျီ-၁၃၁၃၉ နှင့် ဂျီ-၀၂၈၅၀)၊ ကျည် ၉ မမ ယမ်းအပြင်း ကျည်တောင့် ၅၀၀ နှင့် MA-13 ကျည်ကတ်ငါးခုတို့ ပျောက်ဆုံးခဲ့ကြောင်း မှော်ဘီမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်မှာ ဆန်ဈေးတွေ ခုန်တက်

Photo: ရန်ကုန်မှာ ဆန်ဈေးတွေ ခုန်တက်

ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၁၄

လူဦးရေ ၆ သန်းလောက် နေထိုင်တဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဆန်ဈေးတွေ ၁၀ ရာ ခိုင်နှုန်း လောက်အထိ တက်သွားပါတယ်။

လာမဲ့ နွေစပါး မပေါ်ခင်ထိ ဈေးတွေ တက်ဖို့ရှိနေတယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။

ရန်ကုန်မှာ ဆန်ဈေးတွေ လက်လီ ဈေးကွက်မှာ တစ်ပြည်ကို ကျပ်၃၀ဝ လောက် တက်သွားကြောင်း ရန်ကုန်က အိမ်ရှင်မ တစ်ယောက်က ပြောပါတယ်။

ဒီရက်ပိုင်းမှာလည်း ရန်ကုန်မြို့ကို ဆန်အဝင် နည်းနေပြီး ရန်ကုန်မြို့ကို ဆန်အဓိက ပို့နေတဲ့ ဘုရင့်နောင် ပွဲရုံဘက်က သတင်းတွေအရ ဆိုရင် ရန်ကုန်ကို ဆန်ဟောင်း အဝင် နည်းနေပြီးတော့ ဆန်သစ် မပေါ်ခင်မှာ လက်ကျန် ပြတ်နေကြတယ်လို့လဲ ကုန်သည်တွေက ပြောပါတယ်။

ပြည်တွင်းက ဆန်ကို အခုရက်ပိုင်းမှာ တရုတ်ဘက် ကလည်း နယ်စပ် ကနေ တစ်ဆင့် ဝယ်နေပြီးတော့ အညာဒေသဘက်က ဆန်အထွက်နည်းလို့ ဈေးတက် လာတာ ဖြစ်ပါတယ်။

ဒီအတိုင်းဆိုရင် မြန်မာလူထုရဲ့ အခြေခံ စားကုန်ဖြစ်တဲ့ ဆန်ဟာဟာ ဆန်သစ် ဈေးကွတ်ထဲဝင် မလာခင်အချိန်ထိ တက်ဖို့ ရှိနေတယ်လို့ အကဲခပ်တွေက ပြောပါတယ်။

စိုက်ဧကပေါင်း သန်း၂၀ ရှိတဲ့ မြန်မာနိုင်ငံဟာ နှစ်စဉ် ဆန်စပါး တင်းပေါင်း သန်း၁၅၀ဝ လောက် ထွက်ပြီးတော့ ပြည်တွင်းစားသုံးမှုဟာ တင်းသန်းတစ်ထောင် ရှိတယ်လို့ တရားဝင်စာရင်းတွေအရ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

RangonNewsDaily: February . 17 .2014
လူဦးရေ ၆ သန်းလောက် နေထိုင်တဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဆန်ဈေးတွေ ၁၀ ရာ ခိုင်နှုန်း လောက်အထိ တက်သွားပါတယ်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ထူးကုမ္ပဏီသို့ ငှားရမ်းလုပ်ကိုင်ခွင့်ပေးထားသည့် နှုန်းထားမှာ တစ်နှစ်လျှင် ကျပ်သိန်း ၇၀၀ သာရှိ၍ ဈေးနှုန်းတိုးမြှင့်ရန်စီစဉ်

Photo: ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ထူးကုမ္ပဏီသို့ ငှားရမ်းလုပ်ကိုင်ခွင့်ပေးထားသည့် နှုန်းထားမှာ တစ်နှစ်လျှင် ကျပ်သိန်း ၇၀၀ သာရှိ၍ ဈေးနှုန်းတိုးမြှင့်ရန်စီစဉ်

ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၁၄
Written by: ကျော်ထင်

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ထူးကုမ္ပဏီသို့ ငှားရမ်းလုပ်ကိုင်ခွင့်ပေးထားသည့် နှုန်းထားမှာ တစ်နှစ်လျှင် ကျပ်သိန်း ၇၀၀ သာရှိခြင်းကြောင့် နည်းပါးနေပြီး ယင်းဈေးနှုန်းအား တိုးမြှင့်နိုင်ရန်အတွက် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာကုမ္ပဏီတို့ ပြန်လည်ညှိနှိုင်းရန် စီစဉ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြန်လည်ဖြေကြားချက်အရ သိရသည်။

၂၀၁၃ ခုနှစ်အတွင်းက ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သတ္တမပုံမှန် အစည်းအဝေးတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ‘ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အား ထူးကုမ္ပဏီသို့ ငှားရမ်းထားသည့် ဈေးနှုန်းမှာ နည်းပါးနေခြင်းကြောင့် ခေတ်ကာလပေါက်ဈေး ပြန်လည်ရရှိရန်အတွက် ငှားရမ်းခြင်းစာချုပ်ကို ပြန်လည်ပြင်ဆင်ရန် ချုပ်ဆိုရန်’ အဆိုတင်သွင်းခဲ့ရာ ယင်းအဆိုအပေါ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဒေါက်တာညိုညိုသင်းထံသို့ ဖေဖော်ဝါရီလဆန်းက စာဖြင့်ပြန်လည်ဖြေကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အား ထူးကုမ္ပဏီများ အုပ်စုသို့ ၂၀၁၁ ခုနှစ် ဧပြီ ၁ ရက်မှစတင်၍ ငှားရမ်းခဲ့ကြောင်း၊ ငှားရမ်းခအဖြစ် တစ်နှစ်လျှင် ကျပ်သိန်း ၇၀၀ ကို နှစ်စဉ်သွင်းစေပြီး ငှားရမ်းကာလ ၁၀ နှစ်ဖြစ်ကာ နှစ်ဦးနှစ်ဖက် ညှိနှိုင်း၍ နောက်ထပ်ငါးနှစ်နှင့်နှစ်ကြိမ် သက်တမ်းတိုးဆောင်ရွက်ခွင့်ရှိကြောင်း၊ ငှားရမ်းခွင့်စာချုပ်အား နှစ်နှစ်လျှင်တစ်ကြိမ် ချုပ်ဆိုမည်ဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားချက်တွင် ပါရှိသည်။

“တိရစ္ဆာန်ဥယျာဉ်ဟာ ၀င်ကြေးတစ်ယောက်ကို ၁၀၀၀ ကျပ် ကောက်နေတာဖြစ်ပါတယ်။ မြေဧကလည်း ကျယ်ဝန်းတယ်။ ငှားရမ်းထားတဲ့နှုန်းက တစ်နှစ်သိန်း ၇၀၀၊ ကန်တော်ကြီးက ငါးပြတိုက်ကလေးကို ငှားရမ်းတာတောင် တစ်နှစ်သန်း ၁၂၀ ရတယ်ဆိုတော့ ကြီးမားတဲ့ကွာဟချက်ကြီး ဖြစ်နေပါတယ်။ ဒီလောက်နဲ့ ငှားရမ်းထားတာဆိုတော့ ကုမ္ပဏီက အခွင့်ထူးခံလိုမျိုး ဖြစ်နေတာပေါ့။ ဒါကြောင့် သင့်တင့်မျှတတဲ့ ခေတ်ကာလပေါက်ဈေးနဲ့ ပြန်ရဖို့အတွက် ပြည်ထောင်စုအစိုးရရဲ့ မူလစာချုပ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက ပြန်လည်စိစစ်သုံးသပ်ရေး စာချုပ်အသစ်ချုပ်ဆိုဖို့ အဆိုတင်သွင်းခဲ့တာ ဖြစ်ပါတယ်” ဟု ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

လက်ရှိငှားရမ်းထားသည့် ကျပ်သိန်း ၇၀၀ မှာနိုင်ငံတော်အတွက် သင့်လျော်သော ဈေးနှုန်းဖြစ်ကြောင်း၊ သို့သော် နှစ်နှစ်တစ်ကြိမ် စာချုပ်ချုပ်ဆိုမှုအရ ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၅ မတ် ၃၁ ရက်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်၍ ဈေးနှုန်းတိုးမြှင့်လိုပါက နောက်ထပ်စာချုပ်သစ် ချုပ်ဆိုမှသာ ကာလဒေသပေါက်ဈေးနှင့် နှစ်ဖက်ညှိနှိုင်း၍ လက်ရှိစာချုပ်ပါ ငှားရမ်းခ၏ ၁၀ ရာခိုင်နှုန်းထက်မပိုသော နှုန်းထားဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတည်ပြုချက်ရယူ၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အခွန်ဘဏ္ဍာငွေ တိုးမြှင့်ရရှိရေးအတွက် နှစ်နှစ်တစ်ကြိမ် စာချုပ်ချုပ်ဆိုရာတွင် ဖြစ်သင့်သည့်နှုန်းထားအား သက်ဆိုင်ရာကုမ္ပဏီနှင့် အစိုးရအဖွဲ့တို့ ပြန်လည်ညှိနှိုင်း၍ စာချုပ်ပါစည်းကမ်းများနှင့်အညီ စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြန်လည်ဖြေကြားချက်တွင် ပါရှိသည်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အတွင်းတစ်နေရာအား တွေ့ရစဉ်

Credit To : Eleven Media Group
ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အတွင်းတစ်နေရာအား တွေ့ရစဉ်
RangonNewsDaily: February . 17 .2014
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ထူးကုမ္ပဏီသို့ ငှားရမ်းလုပ်ကိုင်ခွင့်ပေးထားသည့် နှုန်းထားမှာ တစ်နှစ်လျှင် ကျပ်သိန်း ၇၀၀ သာရှိခြင်းကြောင့် နည်းပါးနေပြီး ယင်းဈေးနှုန်းအား တိုးမြှင့်နိုင်ရန်အတွက် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာကုမ္ပဏီတို့ ပြန်လည်ညှိနှိုင်းရန် စီစဉ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြန်လည်ဖြေကြားချက်အရ သိရသည်။

မင်းအတွက်ငါ (ကဗျာ)

RangonNewsDaily: February . 17 .2014
မင်းအတွက်ငါ

ချစ်သူပင်ပန်းဆင်ဲးစရာတွေ
ကြုံလာတိုင်းမငိုပါနဲ့
နင့်အပြုံးလေး ငါမမေ့သလို
နင့်မျက်ရည်က ငါ့ဘဝပါဟာ

Zapya v2.1 APK (Latest Version)


Cover art

RangonNewsDaily: February . 17 .2014
Zapya ကတော့ Android User တိုင်းသိထားပြီးသား Data Share တဲ့ Application လေးဖြစ်ပါတယ်ဗျာ။ အခု Version အသစ်ထွက်လာလို့ အသစ်သုံးချင်သောဘော်ဒါများအတွက် တင်ပေးလိုက်ပါတယ်ဗျာ။

Animation Photo တွေပါပို့လို့ရလာတဲ့ Viber Version အသစ် - Viber v4.2.1.1.apk (Feb-14)

http://180016988.r.cdn77.net/wp-content/uploads/2013/06/viber.png


RangonNewsDaily: February . 17 .2014
Viber ကတော့ လူတိုင်းသိပြီးသားမို့ ပြောပြစရာမလိုတော့ပါဘူး။ အခု Version အသစ် ကို Feb-14 ရက်မှာ ထွက်လို့ Version အသစ်သုံးချင်သူများအတွက်တင်ပေးလိုက်ပါတယ်ဗျာ။